21/10/2021
4WD တို့ရဲ့ဘုရင် Toyota Land Cruiser Series အကြောင်း
*******************************
ကမ္ဘာကျော်တိုယိုတာရဲ့ကမ္ဘာမှာရော မြန်မာပြည်မှာပါ လူကြိုက်များတဲ့ Toyota Land Cruiser Series အကြောင်းပဲဖြစ်ပါတယ်။ ဂျပန်အမည် Toyota Rando Kuruza လို့ အမည်ရတဲ့ ကမ္ဘာကျော်လန်ခရူဆာကားတွေကို ၁၉၅၁ခုနှစ်က စတင်ထုတ်လုပ်ခဲ့ပြီး တိုယိုတာရဲ့မျိုးဆက်အများဆုံး၊ သက်တမ်းအရှည်ကြာ ဆုံး ကားတစ်စီးဖြစ်ပြီး ယခုအခါ မျိုးဆက် ရှစ်ဆက်အထိတိုင်ခဲ့ပါပြီ။
၁၉၄၁ခုနှစ် ဖိလစ်ပိုင်ပြည်သိမ်းစစ်မှာ ဂျပန်နိုင်ငံ ထုတ် Bantam MKII Jeep ကား တွေဟာ နာမည်ကျော်ခဲ့ပြီး အဲဒီကားကိုအခြေခံပြီး ဂျပန်အစိုးရက တိုယိုတာကို ခိုင်ခံ့ပြီး ရုန်းအားကောင်းတဲ့ကားတွေ ထုတ်လုပ်စေခဲ့ တာဟာ လန်ခရူဆာရဲ့သမိုင်းအစလို့ဆိုရမှာဖြစ်ပြီး တိုယိုတာရဲ့ဂျစ်ကား BJ ဟာ ပထမမျိုးဆက်ဖြစ်ခဲ့ပါ တယ်။ ၁၉၅ဝ ကိုရီးယားစစ်မှာတော့ အမေရိကန်က တိုယိုတာကို ကမ္ဘာကျော် Willys ဂျစ် ၁ဝဝ စတင်အပ်နှံခဲ့ပါတယ်။ ၁၉၅၁ထုတ် BJ ဟာ အမေရိကန်ဂျစ်ကားထက်ပိုမိုစွမ်းဆောင်နိုင်ခဲ့ရုံမျှမက ဖူဂျီတောင်ကြီးရဲ့အထက်ကိုတက်နိုင်တဲ့ပထမဆုံးမှတ်တမ်းဝင်ကားပဲဖြစ်ပါတယ်။
အဲဒီ BJ မှာတော့ 3.4L Six cylinder OHV Gasoline Engine တပ်ဆင်ထားပြီး မြင်းကောင်ရေ 84HP(63KW) 3600 rpm, ရုန်းအား 1600rpm ရှိခဲ့ပါတယ်။ Part time 4WD်ဖြစ်ပြီး Jeep စနစ်ကိုအခြေခံခဲ့တာကတော့ လန်ခရူဆာရဲ့ ပထမမျိုးဆက်ပဲဖြစ်ပါ တယ်။ ၁၉၅၄မှာတော့ မြင်းကောင်ရေ 125HP(.93KW)
Type F 3.9L အင်ဂျင်ကိုဖြည့်စွက်တပ်ဆင်ပြီး BJT (Touring) BJ-R(Radio) BJ-J-/BJF မျိုးကွဲများစွာထုတ်လုပ်ခဲ့ပါတယ်။
ဒုတိယမျိုးဆက် J 20, J 30 (1955-1960)
------------------------------------------------------------------------------
လန်ခရူဆာရဲ့ ဒုတိယမျိုးဆက် J20 ကိုတော့ ၁၉၈၈မှာ မိတ်ဆက်ခဲ့ပြီး မြင်းကောင်ရေ 135HP(99kw) ရှိ 3.9L six Cylinder Type F အင်ဂျင်သုံး ဂီယာ သုံးချက်ကားကို ထုတ်လုပ်ခဲ့ပါတယ်။ ၁၉၅၇မှာတော့ တံခါးလေးပေါက် Station Wagon FJ35V ကို ထုတ် လုပ်ပြီး သြစတြေးလျစျေးကွက်ကို စတင်တင်ပို့ခဲ့ပါ တယ်။ ၁၉၅၈မှာတော့ FJ25 ကို ဘရာဇီးမှာ စတင် ထုတ်လုပ်ခဲ့ပြီး တိုယိုတာရဲ့နိုင်ငံပြင်ပ ပထမဆုံးစက်ရုံ ဖြစ်လာခဲ့ပါတယ်။
တတိယမျိုးဆက် J40 (1960-1984)
-------------------------------------------------------------------
တိုယိုတာလန်ခရူဆာရယ်လို့ စတင်ခေါ်ခဲ့တဲ့ J40 ကိုတော့ ၁၉၆ဝကနေ ၁၉၈၄ခုနှစ်အထိ တံခါးနှစ် ပေါက်၊ တံခါးလေးပေါက်တို့နဲ့ ထုတ်လုပ်ခဲ့ပြီး အင်ဂျင် မှာတော့ 3.9L F16, 4.2L, 3.0LB Diesel, 3.2L2B Diesel, 3.4L3B Diesel, 3.6LH Diesel, 4.0L 2H Diesel အင်ဂျင်များကို 3/4 Speed manual ဂီယာများ နဲ့ တွဲစပ်ထုတ်လုပ်ခဲ့ရာ ၁၉၇၃မှာ ကမ္ဘာတစ်ဝန်းအစီးရေ သုံးသိန်းကျော်ရောင်းချနိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့ပါ တယ်။
J-70 (1954-Present)
-----------------------------------------
၁၉၈၄ခုနှစ်မှာတော့ ယနေ့တိုင်နာ မည်ကျော် ဆဲလန်ခရူဆာ J70 series တွေ ကို တိုယိုတာက 2-door, 4-door အဖြစ်စတင်ထုတ်လုပ်ခဲ့ပြီး အင်ဂျင်မှာတော့ 2.4L, 22R14, 4.0L3F16, 4.5L lFZ-FE16, 2.4L-2L diesel, 3.4L PZ Diesel, 4.0 2H Diesel, 4.21H Diesel, 2.4L 2L Turbo Diesel, 3.0L 1KZ-T Turbo Diesel, 3.4L, 13B-T Turbo Diesel, 4.0L, 4.2L, 4.5L 1VD-FTV turbodiesel V8 အင်ဂျင်များနဲ့ ထုတ်လုပ်ခဲ့ပါတယ်။ လက်ရှိ ၂ဝ၁၄-၂ဝ၁၅ Toyota 30th Anniversary Series တွေကို ဂျပန်မှာ တံခါးလေး ပေါက် Wagon၊ ပစ်ကပ်ကားများအဖြစ် 1GR FE Vs ဓာတ်ဆီအင်ဂျင် ဂီယာငါးချက်စနစ်တဲ့ ရောင်းချခဲ့ပါ သေးတယ်။
J 60 (၁၉၈ဝ-၁၉၉ဝ)
-------------------------------------
လက်ရှိလန်ခရူဆာနဲ့ဆင်တဲ့ J-60 Series တွေမှာ တော့ အင်ဂျင်ပါဝါ 3.4L 24 Diesel, 40L.2H Diesel နဲ့ 4.0L 12H turbo diesel လက်ထိုးဂီယာလေးချက်၊ ငါးချက်ထိုးအပြင် အော်တိုဂီယာလေးချက် A440F Automatic ဂီယာစနစ်တွေနဲ့ပါ ထုတ်လုပ်ခဲ့ပြီး စျေးကွက်မှာ နာမည်ရခဲ့ပါတယ်။ ထင်ရှားတဲ့ မော်ဒယ်များက တော့ Toyota Landcruiser Post Facelift(US) FJ60(Australia) နဲ့ FJ62RG Australia တို့ပဲ ဖြစ်ပါတယ်။
J80 (1990-1997)
------------------------------------
၁၉၈၉အောက်တိုဘာမှာ စတင်ထုတ်လုပ်ခဲ့ပြီး 4.0L3FE ဓာတ်ဆီအင်ဂျင်၊ 4.5L 1F2-FE, 4.2L1HZ ဒီဇယ်အင်ဂျင်နဲ့ 4.2C 1HD Turbodiesel အင်ဂျင် များနဲ့ ထုတ်လုပ်ခဲ့ပါတယ်။ ဂီယာစနစ်မှာတော့ 4Speed Automatic နဲ့ 6 Speed Automatic စနစ်များ တပ်ဆင်ပေးထားပါတယ်။ လေးဘီးယက်စနစ်ဖြစ်ပြီး Anti-lock Brake စနစ်နဲ့ Non Slipping axle စနစ်တွေကိုသုံးပြီးထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ဆက်စပ်တဲ့ J80 ရဲ့ မော်ဒယ်ကွဲကတော့LEXUS LX 450 ဖြစ်ပါတယ်။
J 100 Series (1998-2007)
----------------------------------------------------
ကမ္ဘာကျော်TOYOTALANDCRUISER
အကြောင်းသိသလောက်လေးရေးထားတာပါ
Toyota Landcruiser ဆိုတာနဲ့
ကားလောကထဲက လူတွေကော ကားလောကထဲက မဟုတ်တဲ့ သူတွေပါ
ကြားဖူးကြမယ်လို့ထင်ပါတယ် သူ့ရဲ့အရှိန်အဝါ
ကလည်းနည်းမှ မနည်းတာကို
တစ်ကမ္ဘာလုံး သိတဲ့ ကမ္ဘာကျော်
SUV လောကရဲ့ ဘုရင်လို့ တင်စားခေါ်ရလောက်တဲ့
TOYOTA LANDCRUISERအကြောင်းပါ
Landcruiser ကို 1951 ခုနှစ်မှာ
ဂျပန်နိုင်ငံက TOYOTA Company မှာစတင်ထုတ်လုပ်ခဲ့ပါတယ် အဲတုန်းကတော့
ကမ္ဘာတစ်လွှားမှာ ကားစီးနှိင်တဲ့ လူဦးရေကလဲ
နည်းသေးတော့ အရမ်းကြီးတော့ နံမည်မရသေးဘူး ထင်ပါတယ် ကားရဲ့ ဒီဇိုင်းပိုင်း
ကလဲ ပြောသလောက်ဆွဲဆောင်မှု့မရှိသေးပါဘူး
သူ့ရဲ့ထူးခြားချက်က 4 နှစ်ကိုတစ်ကြိမ်
ပြုပြင်ပြောင်းလဲမှု့တွေပြုလုပ်ပြီး
ကားချစ်သူတွေကို ဖမ်းစားနှိုင်ခဲ့ပါတယ် နောက်ထပ်ထူးခြားမှု့ကတော့
သူ့ရဲ့သက်တန်း ဆယ်နှစ်ပြည့်တိုင်း
1961 th . 1971 th.1981th .1991th
2001 th. 2011th တွေမှာ anniversary
အဖြစ်အထူးထုတ်ဆိုပြီး မွေးနေ့သက်မှတ်ထုတ်လုပ် ပေးထားတာပါ သူ့ရဲ့သက်တန်း ကတော့ 1951 ကနေ 2018
အထိထုတ်လာတာ သက်တန်း 67 နှစ်ရှိခဲ့ပါပြီ
ယခုအချိန်ထိ ခေတ်နောက်မကျသေးတဲ့ မျိုးဆတ်ကတော့ တစ်ကမ္ဘာလုံးရဲ့ အသဲစွဲ
အကြမ်းအခံဆုံးလို့တင်စားရတယ့်
Toyota Landcruiser 1977 Model
24 Valve HZJ . FZJ 80 ပါ ဆီစားလဲသက်သာ
အဆွဲအရုန်းလည်းကောင်း အပိုပစ္စည်းလဲပေါ်တဲ့
24 Valve ဟာ ကားလောကမှာတော့
ဆရာကြီး တစ်ပါးပါပဲ . . .
Toyota Landcruiser ရဲ့ နောက်ထပ် အထူးခြားဆုံး ပြောင်းလဲမှု့ဖြစ်တဲ့
ကမ္ဘာကျော်တဲ့ မျိုးဆတ်ကတော့
Toyota Landcruiser
Toyota Landcruiser Cygynus
1988 Model ရုပ်ပြောင်းတွေကို
HDJ Diesel 4200 Cc ဒီဇယ်
UZJ Petrol 4700 Cc ဓာတ်ဆီ
Lexus Lx 470 . 4700 Cc ဘယ်မောင်းဆိုပြီး အထူးခြားဆုံးအသွင်အပြင်နဲ့ ပွဲထုတ်ခဲ့
ပါတယ်
ဘာတွေအဓိကထားပြောင်းလဲသွားလဲဆိုတော့
ကားတစ်စီးလုံးရဲ့ ဘော်ဒီ ဒီဇိုင်း . ရှေ့ရုပ်ဖြစ်တဲ့ မီးလုံးမီးခွက် နောက်မီးလုံးမီးခွက် အင်္ဂျင် . ဂီယာဘောက် 5 Speed ဖြစ်သွားပြီး
အတွင်းခန်း . အောက်ပိုင်း အကုန်လုံးနီးပါး
ပြောင်းလဲပြစ်ပါတယ် . နောက်ကားရဲ့ အဓိကအစိတ်အပိုင်း ဖြစ်တဲ့ အင်္ဂျင်ကို Conputer Box နဲ့ထိန်းချုပ်မောင်းနှင်စေတာပါပဲ
အတွင်းခန်း Funtionဆိုရင် အဲယားကွန်းကို
Tv ထဲမှာ အလုပ်လုပ်စေတဲ့ Touth Srceen Tv ကို အံ့အားသင့်လောက်အောင် ထုတ်လုပ်တပ်ဆင်ပေးလိုက်ပါတယ် နောက်ထပ်ထူးခြားမှု့ကတော့ ပြိုင်ဖတ်ကားကုမဏ္ပီတွေတောင်အံ့အား
သင့်စေတဲ့ TENS ခေါ် လျှော့ဘားအနိမ့် အမြင့်ဆိုတာကို တပ်ဆင်ပေးလိုက်ပါတယ်
အဲဒီဟာကဘယ်နေရာမှာ အသုံးဝင်လည်း
ဆိုတော့ လုံးဝမညီညာတဲ့လမ်း ရွံ့ဗွတ်ထူတဲ့လမ်း 2 ပေ 3 ပေလောက် ရေကျော်နေတဲ့ လမ်းတွေမှာဆိုရင် ခလပ်နှိပ်လိုက်တာနဲ့ ပုံမှန်အနေအထားထက် 6 လက်မလောက် ကားဘော်ဒီကြီးကို
မြှင့်တင်ပေးလိုက်တာပါပဲ နောက်တစ်ခုက တစ်ချို့ မလွတ်မလပ်ဖြစ်နေတဲ့ အခြေအနေတွေမှာ ကားဘ်ာဒီကြီးတစ်ခုလုံးကို
အောက်ကို 6 လက်မလောက်နှိုမ့်ပေးလိုက်တာပါ
ဒါပေမယ့် အဲဒီအခြေအနေအတိုင်းကြီးပုံသေ
မောင်းလို့မရပါဘူး ဥာဏ်ကောင်းလွန်းတဲ့
ဂျပန်ပညာရှင်တွေက ကားကို ပုံမှန်အနေအထားမဟုတ်တဲ့ အချိန်မှာ အန္ဒာရယ်
မဖြစ်အောင် kilo 60 ကျော်ရင် Auto Normal
ကိုပြန်ထားပေးတဲ့စနစ်ကို Conputer Boxကနေ
ထိန်းချုပ်စေခဲ့ပါတယ် ဒါပေမယ့် ဒါတွေက
ကားတိုင်းမပါပါဘူး လုံးဝအကြမ်းပတမ်းသုံး
မယ်ဆိုရင်တော့ အဆင်မပြေဘူး ရေရှည်စိတ်မချရတာကြောင့် အဲဒိအနိမ့်အမြင့်တို့ Sunroof တို့ Tv တို့ကို
တစ်ချို့ကားတွေမှာ တပ်မပေးထားပါဘူး
ဒီကအခေါ်အဝေါ်ကတော့ ကတုံးပေါ့
ကားရဲ့ ဘော်ဒီ ဒီဇိုင်းဟာလည်း ယနေ့အချိန်ထိ
လူကြိုက်များပြီး ဘယ်သွားသွား ပွဲတိုးတဲ့ဒီဇိုင်းပေါ့ အထူးခြားဆုံးကတော့
Landcruiser Cygynus ရဲ့ဒီဇိုင်းပါပဲ
ရှေ့မီးခွက်လေးခွက် လေးခွက်နဲ့ ထုတ်လုပ်ပေး
လိုက်တာ အရမ်းကိုစွဲမတ်စရာကောင်းပါတယ်
Cygynus ကိုတော့ ဓာတ်ဆီ အင်္ဂျင်တစ်မျိုးထဲ
နဲ့ထုတ်လုပ်ပေးထားပြီ Landcruiser ရိုးရိုးကို
တော့ ဓာတ်ဆီ ဒီဇယ် နှစ်မျိုးနဲ့ထုတ်လုပ်ပေး
ထားပါတယ် ဒါပေမယ့် နှစ်မျိုးစလုံး ကမ္ဘာ့ရောင်းအား အကောင်းဆုံး နေရာကိုရောက်ရှိခဲ့ပါတယ်
Toyota Conpany ကဒီလောက်နဲတင်ပဲလား
ဆိုတော့ မဟုတ်သေးဘူး အာရှစျေးကွက်ကို
ကြီးစိုးရုံတင်မဟုတ်ပဲ ဥရောပစျေးကွက်ကို
သိမ်းပိုက်ဖို့ Lexus Lx 470 ဆိုတဲ့ Cygynus
ဘယ်မောင်းကို Lexus တံဆိပ်နဲ့ ဘယ်မောင်း
သီးသန့် ထုတ်လုပ်ပေးခဲ့ပါတယ် Lexus lx 470
ဟာဆိုရင်လည်း ပြောင်းလဲမှု့တော့ ထူးထူးခြားခြား မရှိပါဘူး Lexus lx 470 ဆိုရင်
ဘယ်မောင်း Landcruiser . Cygynus ဆိုရင်
ညာမောင်းအဖြစ်တပ်ဆင် ထုတ်လုပ်ပေးထားပါတယ်
Toyota Landcruiser ရိုးရိုးတွေမှာ 1988ကနေ
2003 model တွေကို အနတ်ရောင် Colour Code 202 နဲ့လုံးဝထုတ်လုပ်မပေးထားပါဘူး . အဖြူ . မိတ်ကပ် . အစိမ်း
မီးခိုး . ကြက်သွေးရောင်တို့ကိုသာထုတ်လုပ်ပေး
ထားပြီး Landcruiser Cygynus မှာသာ
အနတ်ရောင် အပါအဝင်အရောင်မျိုးစုံနဲ့
ထုတ်လုပ်ပေးထားပါတယ် Landcruiser
ရိုးရိုးတွေကို 1988 ကနေ 2002 အထိအနတ်
ရောင်ဆိုရင် အကုန်နောက်ဆေးတွေကြည့်ပါ
Landcruiser ရိုးရိုးကို Grade အနည်းငယ်
နှိုမ့်ပေးထားပြီး Cygynus မှာတော့ Full Grade
အဖြစ်တပ်ဆင်ပေးခဲ့ပါတယ် Cygunus မှာ
ဆိုရင် လည်သာထိုင်ခုံသုံးတန်း မျက်နှာကျက်
အဲယားကွန်း စီယာတိုင်မော်တာ ရေခဲသေတ္တာ နောက်တံခါးရဲ့နောက်ကဘော်ဒီအသေထိုင်မှန်အဖွင့်အပိတ်ပါးဟက်ခေါ် Rear Vent
ဆိုတဲ့ခလုပ်လေးကိုစီယာတိုင်ရဲ့ ညာဖက် အောက်နားမှာ ဘယ်ညာ
နှစ်ခုတပ်ဆင်ပေးထားပါတယ်
Landcruiser မှာတော့ ဒီဇယ်ဆိုရင် ရှန်မဝိုင်း ထိုင်ခုံနှစ်တန်းနဲ့ မျက်နှာကျက်အဲယားကွန်း စီယာတိုင်မော်တာ ပါးဟတ်ခေါ် Rear Vant တို့ကို တပ်ဆင်မပေးထားပါဘူး Landcruiser
ဓာတ်ဆီမှာကျတော့ ရှန်မဝိုင်း ထိုင်ခုံသုံးတန်းနဲ့
မျက်နှာကျက် အဲယားကွန်းတို့ကို ပြန်လည်ထည့်
သွင်းပေးထားပါတယ် Landcruiser ကိုမှ
Grade အပြည့်နဲ့ စီးချင်တယ်ဆိုရင်တော့
G Selstion ဆိုပြီး လည်သာထိုင်ခုံ ရေခဲသေတ္တာစီယာတိုင်မော်တာတွေနဲ့ ရွှေးရှယ်ဝယ်ယူလို့ရအောင်
ပြန်လည်ထုတ်လုပ်ပေးထားပါတယ်
Landcruiser ရဲ့ နောက်ထပ်မျိုးဆတ်ဖြစ်တဲ့
2003 Model မှာတော့ ကားရဲ့ဘော်ဒီ ဒီဇိုင်းကို
တော့ ထူးထူခြားခြားမပြောင်းလဲပဲ အတွင်းခန်း
ကိုတော့ အဆင့်မြင့်နည်းပညာဖြစ်တဲ့
Gear Zit z ဂီယာဇစ်ဇက် အဖြစ်ပြောင်းလဲ
ပြစ်လိုက်တာ ပါပဲအဲဒါတင်ပဲလားဆိုတော့
မဟုတ်သေးဘူး ဒက်စ်စဖို့ ပြောင်းသွားတယ်
စီယာတိုင်ပြောင်းသွားတယ် Tv ပြောင်းသွားတယ်
စီယာတိုင်မှာ Volume အသံအတိုးအချဲ့ ခလုပ်
တစ်ဖက်ပါလာမယ်မိုင်းလစ်ခွက်
ပြောင်းသွားတယ်ရှေ့မှန်ကြီးနဲ့ ရှေ့တံခါး မှန်
ကာလာတွေကတော့ အရင် Model တွေအတိုင်း
ဇီးယောင်ပဲရှိသေးတာပါ ရှေ့မီးကြီးကလဲ နှစ်ခြမ်းဆတ်ပဲရှိသေးတာပါ
2004 model မှာကျတော့ စီယာတိုင် Volume
နှစ်ဘက်ဖြစ်သွားမယ် ရှေ့လေကာမှန်ကြီးနဲ့
ရှေ့တံခါးမှန်နှစ်ဘက် အစိမ်းရောင် Green ဖြစ်
သွားမယ် Tv ထဲမှာ G book ဆိုတဲ့ Bluetooth
ချိတ်တဲ့စနစ်ပါတယ် Back Camera ကားနောက်ကြည့် ကင်မရာ အော်လဂျင်နယ်
ဖြစ်သွားတယ် ကျွန်းကွက် အရောင်းပြောင်းသွားမယ်
2005.2006.2007 Modelတွေမှာတော့
ရှေ့ရုပ်ဖြစ်တဲ့ မီးလုံးကြီး နှစ်ခြမ်းဆတ်မဟုတ်ပဲ
တစ်လုံးထဲနဲ့ ခန့်ခန့်ညားညား ပြောင်းလဲလိုက်ပါတယ် ရှေ့ရှဲလ်ကြီးကိုလဲ
ထင်ထင်ရှားရှားဖြစ်အောင် ပြောင်းပြစ်လိုက်တယ် နောက်မီးလုံးကို ဖရဲသီး
LED မီးလုံးတွေအဖြစ် တပ်ဆင်ပေးလိုက်တယ်
အတွင်းခန်းကတော့ သိပ်ထူးထူခြားခြားမပြောင်း
လဲဘူး ထိုင်ခုံ ချုပ်ရိုးပြောင်းပြန်ဖြစ်သွားတာနဲ
ကျွန်းကွပ် အရောင်လေးပြောင်းသွားတာပါပဲ
ဟုတ်ကဲ့ ဒါကတော့ Landcruiser ရိုးရိုးနဲ့
Landcruiser Cygynus ရဲ့အကြောင်းလေး
သိထားသလောက်လေးပါ နှစ်မျိုးစလုံးကတော့
2007 ခုနှစ်5 လပိုင်းမှာ သူရဲ့မျိုးဆတ်ကို ဇာတ်သိမ်းလိုက်ပြီး 2007 ခုနှစ် 9 လပိုင်းမှာ
နောက်ထပ်မျိုးဆတ် တစ်ခုဖြစ်တဲ့ အကုန်လုံးကိုတစ်ခုမကျန်ပြောင်းလဲပစ်လိုက်တဲ့
Landcruiser AX နဲ့ AXG . Lexus Lx 570 ဆိုတဲ့ မျက်ပြူးကို မွေးဖွားလိုက်တာပါပဲ Lexus lx 570 နဲ့AX နဲ့ AXG အကြောင်း
ကိုတော့ နောက်များအလျင်းသင့်လျှင်ထပ်မံ
ဖော်ပြပေးသွားပါဦးမယ်
ယခုလိုရေးသားခြင်းသည် သိလွန်း တက်လွန်း
တော်လွန်း ဆရာကြီးလုပ်ချင်၍ ရေးသားချင်း
မဟုတ်ပဲ သိသလောက်လေးကို မသိသေးတဲ့
သူများသိစေရရန် စေတနာအပြည့်ဖြင့် လက်
ညောင်းခံမျက်စိအညောင်းခံပြီးရေးသားရခြင်းဖြစ်ပါသည် ရေးထားသည့်အထဲမှာလိုအပ်ချက်
များလည်းရှိနှိုင်ပါတယ် ရေးထားတဲ့စာထဲမှာ
လိုအပ်ချပ်များရှိပါက ဝေဖန်ထောက်ပြနှိုင်ပါသည်
ကားလောကသားအားလုံးကို အစဉ်လေးစားလျှက် Wai Lin
၁၉၉၈မှာတော့ land cruiser J100 Series ကို Grand Cruiser အဖြစ် 32nd Toyota motor show မှာပြသခဲ့ပါတယ်။ J 100 SeriesrSm 100 နဲ့ 105 ဆိုပြီး မျိုးကွဲနှစ်မျိုးရှိပြီး lexus LX470လို့လည်း ခေါ်ပါတယ်။ တံခါးလေးပေါက် Wagon type ဖြစ်ပြီး အင်ဂျင်တွေကတော့ 4.5L1 FE, FE16, 47L, 24Z-FE V8, 4.2L 1HZ Diesel အင်ဂျင်၊ 4.2L 1HD J Turbo diesel နဲ့ 4.2L 1HDFTE 16 Turbo diesel အင်ဂျင်များပဲဖြစ်ပါတယ်။ ဂီယာစနစ်မှာတော့ 4/5 Speed Automatic နဲ့ 5 Speed manual စနစ်များပဲဖြစ်ပါတယ်။ ၁၉၉၈မှာတော့ J 100 က ကမ္ဘာ့ပထမဆုံး ဆိုင်းထိန်း (Suspension) စနစ် Active Highes Control 4HC နဲ SKYhork Toyota Electronic Modulated Suspension စနစ် (TEMS)ကို စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ ၂ဝဝ၂ခုနှစ်မှာတော့ လန်ခရူဆာအတွက် ကမ္ဘာ့
ပထမဆုံး Automotive Night Version System ကို Cygnus လို့ မြန်မာမှာလူသိများတဲ့ Lexus LX470 မှာတပ်ဆင်ခဲ့ပါတယ်။ အဲဒီမျိုးဆက်မှာပဲ ပထမဆုံး Rollover sensor နဲ့ Control logic, Independent Front Suspension LFS, Rack and pinion Steering စနစ်တွေကို အဆင့်မြှင့်တင်တပ်ဆင်ခဲ့ပါတယ်။
J 200 (2007-2021)
-------------------------------------------------------
တိုယိုတာဟာ J 100 Series တွေကို အဆင့်မြှင့် တင်ပြီး စျေးကွက်မှာ အောင်မြင်မှုရဖို့ ငါးနှစ်တာ သုတေသနပြုလုပ်ခဲ့ပြီး ၂ဝဝ၇နှစ်ကုန်ပိုင်းမှာတော့ J 200 သို့ မဟုတ် LX 570 Series ကို ယနေ့အထိ ထုတ်လုပ်ခဲ့ပါတယ်။ ဒီကားတွေဟာ ၂၁ရာစုမှာ ကမ္ဘာ့စစ်အင်အားကြီး NATO ရဲ့အရွေး ချယ်ခံရတဲ့ branded ကားဖြစ်ခဲ့ရပြီး လမ်းကြမ်းသုံး အဆင့်မြင့်ဇိမ်ခံကားစာရင်းဝင်ခဲ့ပါ တယ်။ တံခါးငါးပေါက် SUV ကားဖြစ်ပြီး ရှေ့အင်ဂျင်၊ လေးဘီးယက်စနစ်ဖြစ်ပါတယ်။ အင်ဂျင်များကတော့4.0L 1GK FEV6, 4.6L lVR-FEV8, 4.7L-2VZ-FE V8, 5.7L 3VR-FE V8- 4.5L 1VD-FTV V8 Turbo diesel အင်ဂျင်များဖြစ်ပြီး 5 Speed, 6 Speed Automatic ဂီယာစနစ်အပြင် 5 Speed manual ဂီယာစနစ်များပါ ရရှိနိုင်ပါတယ်။
Wheelbase 2850 mm(776.in) နဲ့ High 1880mm(74.0in) အသီးသီးရှိကာ ကားအလေးချိန် 2405-2725kg(5302-6000Lb) ရှိပါတယ်။ ကားမှာ တော့ အဆင့်မြင့် Smart Entry Smart start, 4Zone Climate Control System 10 airbass, Cruise control, 4wheel drive Control, Dounbill assist Control, Multi terrain ABS ဘရိတ်စနစ် ၊ Kinefic Dynamrc Suspersion KDSS, စတဲ့အဆင့်မြင့်စနစ် များစွာပါဝင်ပါတယ်။ ခေတ်မီအကြမ်းခံတဲ့ ကားဒီဇိုင်း သစ်၊ ဆဋ္ဌဂံပုံသံပန်းကွန်ရက် Kinefic Dynamrc Suspersion KDSS, ရှေ့မီးကြီး ပုံစံပြောင်းထားတဲ့ ကားနောက်ပိုင်း tail light မီးကြီး ၄ဒသမ ၂လက်မ JFT Info display TV နဲ့အတူ Elertro Multiversion Audio နှင့် စတီယာရင် ဒီဇိုင်း
သစ်၊ ငွေရောင်ချောမွတ်နေတဲ့ Centre Cersole စတာ တွေနဲ့ ပြိုင်ဘက်ဆင်း အဋ္ဌမမျိုးဆက်Landcruiser 4WD တို့ရဲ့ ဘုရင် 200 ကိုတော့ Super white 2, White pearl Crystal Shine Silver Metallic, Erey metallic, Black, Attitude Black Mica, Dark Red mica နဲ့ Beise Mica များအပြင်Copper Brown Mica နဲ့ Dark Blue Mica အရောင်များကိုပါ မြန်မာ ပြည်စျေးကွက်မှာ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက် ရပါတယ်။
LC 300 ( 2021)
အင်ဂျင်ရှေ့တွင် ၂၀၂၂ Land Cruiser LC300 သည် SUV ဟောင်း၏ ၅.၇ လီတာဓာတ်ဆီ V8 ကိုစွန့်ထုတ်လိုက်ပြီး၎င်းတွင် ၃.၅ လီတာသုံး V6 သုံးမြင်းကောင်ရေအား ၄၁၅ နှင့်ရုန်းအား ၆၅၀ Nm နှင့် ၃.၃ လီတာ ဒီဇယ် V6 သည်မြင်းကောင်ရေ ၃၀၉ ကောင်အားနှင့်ရုန်းအား ၇၀၀ Nm ရှိသည်။ ထိုကိန်းဂဏန်းများသည်ထွက်သောအင်ဂျင်များထက်ပိုမြင့်သည်၊ သတင်းကောင်းဖြစ်သည်၊ အင်ဂျင်အသစ်များသည်လည်းလောင်စာဆီပိုသက်သာလိမ့်မည်ဟုစဉ်းစားလျက် Toyota သည် CO2 ထုတ်လွှတ်မှု ၁၀ ရာခိုင်နှုန်းတိုးတက်ရန်ကတိပြုသည်။ All-wheel-drive ကဲ့သို့ 10-speed automatic သည်ဗားရှင်းနှစ်ခုလုံးအတွက်စံဖြစ်သည်။
Land Cruiser အသစ်သည်အဆင့်မြှင့်တင်ထားသော Toyota Safety Sense ပါ ၀ င်သည့်လိုက်လျောညီထွေဖြစ်သော cruise control၊ lane-keep assist၊ adaptive high beam၊ အရေးပေါ်စတီယာရင်နှင့်ယာဉ်တိုက်မှုရှောင်ရှားခြင်းတို့ပါ ၀ င်သည်။