KING LONG Bus & Coach Myanmar

KING LONG Bus & Coach Myanmar သယ်ယူပို့ဆောင်ရေး ကဏ္ဍအတွက် စွမ်းအားပြည့်ဝန်ဆောင်မှု

🇲🇲အမျိုးသားနေ့အောင်ပွဲ 🇲🇲✊ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင် အမျိုးသားနေ့ကို နှစ်စဉ် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရ...
09/12/2020

🇲🇲အမျိုးသားနေ့အောင်ပွဲ

🇲🇲✊ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင် အမျိုးသားနေ့ကို နှစ်စဉ် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်လေ့ရှိသည်။ နယ်ချဲ့ဆန့်ကျင်ရေးနှင့်အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှုအဖြစ် မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက် (၁၉၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ၅ရက်) နေ့တွင်ရန်ကုန်တက္ကသိုလ်အက်ဥပဒေ ကို ရန်ကုန်တက္ကသိုလ်ကျောင်းသားကြီးများက ဦးဆောင် သပိတ်မှောက် ဆန့်ကျင်ခဲ့ကြသည်။ ထို့ပြင် အမျိုးသားကျောင်းများတည်ထောင်ဖွင့်လှစ်ကာ မြန်မာတိုင်းရင်းသား လူငယ်များအား ပညာ သင်ကြားပေးခဲ့ကြသည်။ ထို့နောက် ၁၉၂၁ ခုနှစ် ဩဂုတ်လတွင် ရန်ကုန်မြို့ ဗဟန်းရပ်၊ ရွှေကျင်ကျောင်းတိုက်ကြီးတွင် အမျိုး သားကောလိပ်ကို ဖွင့်လှစ်လိုက်ကြသည်။ အမျိုးသား ပညာရေး ကောင်စီဟုလည်း ပေါ်ပေါက်လာကာ မြန်မာနိုင်ငံ တစ်ဝန်းလုံး ၌ အမျိုးသားကျောင်းများ အများအပြား ပေါ်ထွက်လာခဲ့သည်။

🇲🇲✊ ၁၉၂ဝ ပြည့်နှစ် သပိတ်ကြောင့် ယင်းသို့ ပညာရေးအမြတ်များ ထွက်ပေါ်လာခဲ့ရုံမက ပြည်သူလူထုတွင်လည်း နယ်ချဲ့ဆန့်ကျင် ရေး အမျိုးသားစိတ်ဓာတ်များ အပြင်းအထန် ပေါ်ပေါက်လာခဲ့ လေသည်။ ယင်းသည်ပင် မြန်မာတို့၏ စိတ်ဓာတ်တော်လှန်ရေး အောင်ပွဲကြီးဟု ခေါ်ရမည် ဖြစ်လေသည်။

🇲🇲✊ ၁၉၂၁ ခုနှစ် ၊ ဒီဇင်ဘာလအတွင်း မန္တလေး မြို့၌ ကျင်းပသော ဂျီစီဘီအေ ပြည်လုံးကျွတ် ညီလာခံကြီး၌ အမျိုးသားနေ့ သတ်မှတ်ကျင်းပရန် စဉ်းစားကြသောအခါ ထိုညီလာခံတွင် အချို့က သီပေါဘုရင် ပါတော်မူသော တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့ကို အကြံပေး၍ အချို့က ဦးဥတ္တမ အဖမ်းခံရသောနေ့ကို အကြံပေးကြသည်။ ၁၉၂ဝ ပြည့်နှစ် သပိတ် ၁၁ ဦးကော်မတီတွင် ပါဝင်ခဲ့သော ဦးမြင့်က ဂျီစီဘီအေ ကွန်ဖရင့်သို့ ကျောင်းသားကိုယ်စားလှယ်အဖြစ် တက်ရောက်ပြီးလျှင် နန်းကျသောနေ့နှင့် အဖမ်းခံရသောနေ့များ သည် မင်္ဂလာမရှိ၊ နယ်ချဲ့ဗြိတိသျှကို ပထမဆုံး ထိထိရောက်ရောက် တော်လှန်သောနေ့ ဖြစ်သည့် ကျောင်းသားများ သပိတ် မှောက်သော တန်ဆောင်မုန်းလဆုတ် ၁ဝ ရက်နေ့ကို အမျိုး သားနေ့ သတ်မှတ်သင့်ကြောင်း အကြံပေးလေသည်။ ထို ဂျီစီဘီအေ မန္တလေးကွန်ဖရင့်ကြီးမှ အမျိုးသားနေ့ကို တန်ဆောင်မုန်း လဆုတ် ၁ဝ ရက်နေ့တွင် ကျင်းပရန် ဆုံးဖြတ်ချက်ချခဲ့ရာ အမျိုးသားနေ့ဟူ၍ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတွင် ယနေ့အထိ နှစ်စဉ် ကျင်းပ ခဲ့ကြလေသည်။

ကိုးကား/ အင်တာနက်စွယ်စုံကျမ်း

ကျွန်တော်များ KING LONG Bus & Truck Myanmar မှ မြန်မာ့ရိုးရာ သီတင်းကျွတ်အခါသမ မှာ မြန်မာနိုင်ငံသူ/နိုင်ငံသား အပေါင်း သူတ...
31/10/2020

ကျွန်တော်များ KING LONG Bus & Truck Myanmar မှ မြန်မာ့ရိုးရာ သီတင်းကျွတ်အခါသမ မှာ မြန်မာနိုင်ငံသူ/နိုင်ငံသား အပေါင်း သူတော်ကောင်းတရားများနှင့်အတူ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံစေပြီး စီးပွါးဥစ္စာလဘ်လာဘ ပေါများပါစေ ကြောင်း ဆုတောင်းပတ္ထနာပြုလိုက်ပါသည်။
❤🎇🎆🌕🎁❤🎇🎆🌕🎁❤🎇🎆🌕🎁❤🎇🎆🌕🎁❤🎇🎆🌕🎁

04/09/2020

ကိုဗစ်၁၉ ရောဂါသွင်ပြင်လက္ခဏာများ
ဆောင်ရန်/ ရှောင်ရန်များကို မျှဝေ ပေးလိုက်ပါတယ် ခင်ဗျာ

ဝါဆိုလပြည့် အဘိဓမ္မာအခါတော်နေ့မှာ ခုနှစ်ရက်သားသမီးအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး သူတော်ကောင်းတရားများ ပွါးမ...
02/08/2020

ဝါဆိုလပြည့် အဘိဓမ္မာအခါတော်နေ့မှာ ခုနှစ်ရက်သားသမီးအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး သူတော်ကောင်းတရားများ ပွါးများအားထုတ်နိုင်ကြပါစေ သောဝ်

🙏🌕🎆🎇🙏🌕🎆🎇🙏🌕🎆🎇🌕🙏🎆🎇🙏🌕🎆

ဝါဆိုလပြည့်နေ့ ၏ ထူးခြားချက်များ

*************************************

မြန်မာ့ရိုးရာ ၁၂ လ ရှိသည့်အနက်

ဝါဆို လပြည့်နေ့သည် အောက်ပါ ဗုဒ္ဓဆိုင်ရာ အချက်များဖြစ်သော

၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေနေသောေ န့ဖြစ်၍ ထူးခြားခြင်း၊

၂။ ဂေါတမဘုရားလောင်း၊ တောထွက်တော် မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊

၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊

၄။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကိုြ ပတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊

၅။ ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊

၆။ တရားရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊

၇။ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊

၈။ “ဧဟိ ဘိက္ခု”ဟူသောစကားကိုစတင်ကြားရသောနေ့ဖြစ်၍ထူးခြားခြင်း ဟူ၍ဖြစ်ပါသည်။

#ဝါဆိုလပြည့်🙏 🌕🎆🎇

#ဓမ္မစကြာအခါတော်နေ့🙏🌕🎆🎇

မင်္ဂလာပါမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၉.၇.၂၀၂၀) ရက်နေ့ နံနက်(၀၆:၃၀)နာရီအချိန်တွင် တိုင်းတာရရှိသော မြစ်ရေအ...
29/07/2020

မင်္ဂလာပါ

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၉.၇.၂၀၂၀) ရက်နေ့ နံနက်(၀၆:၃၀)နာရီအချိန်တွင် တိုင်းတာရရှိသော မြစ်ရေအခြေအနေများကို သိရှိနိုင်ပါရန် ဖော်ပြလိုက်ပါတယ်။

🚎ကိုဗစ်၁၉ ဖြစ်တာလဲ ဖြစ်တာပေါ့ကိုယ်လုပ်စရာ ရှိတဲ့ အလုပ်တွေ လုပ်ရမှာကလည်း ကိုယ့်တာဝန်ပေါ့။🤝 😊အဓိက အချက် က တော့ဝယ်ယူအားပေးသ...
28/07/2020

🚎ကိုဗစ်၁၉ ဖြစ်တာလဲ ဖြစ်တာပေါ့

ကိုယ်လုပ်စရာ ရှိတဲ့ အလုပ်တွေ လုပ်ရမှာကလည်း ကိုယ့်တာဝန်ပေါ့။

🤝 😊အဓိက အချက် က တော့ဝယ်ယူအားပေးသူ ကာစတန်မာများ စိတ်ကျေနပ်မှု ရရှိရေးပါပဲ။ မဝယ်ခင်က ကတိတွေလှိုင်လှိုင်ပေးပြီး ဝယ်ပြီးမှ ပစ်ထားမယ်ဆိုရင် ကိုယ်လည်း တာဝန်မကျေ ရာ ကျမယ်၊ စားသုံးသူယုံကြည်မှုလည်း ကျမယ်။ ဒီလိုမျိုးတော့ အဖြစ်မခံနိုင်ဘူး။

❤️❤️ ဒါကြောင့် King Long Mini Van ဝယ်ယူသူ မိတ်ဆွေ ကာစတန်မာများ စိတ်ကျေနပ်မှု နဲ့ ယုံကြည်မှု တည်ဆောက်ခြင်းအတွက် After Sales Services ဝန်ဆောင်မှု လုပ်ငန်းတွေကို ရန်ကုန်၊ မန္တလေး မြို့များအပါအဝင် နေပြည်တော်၊ မကွေး၊ နေပြည်တော်၊ မုံရွာ၊ တောင်ကြီးမြို့များ မှ ပြုလုပ်ပေးခဲ့ပါတယ်။

👍👍ကာစတန်မာ စိတ်ကျေနပ်မှု ရရှိစေရေးနဲ့ ယုံကြည်မှုတည်ဆောက်ရေး ဟာ ကျွန်တော်တို့အတွက်နှစ်ဦးနှစ်ဖက် အကျိုးရှိအဆင်ပြေ ရေး အန္တိမ ရည်မှန်းချက်ပဲဖြစ်ပါတယ်။

❤️❤️မိတ်ဆွေ ကာစတန်မာများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး စီးပွါးဥစ္စာ ဒီရေအလားတိုးတက်ပါစေ ကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ ။

After_Sales_Services

 #ငြိမ်ညောင်းလုံခြုံ_KING_LONG🚐 စီးပွားရေးအရ တွက်ခြေကိုက်ပြီး အရင်းကျေ ငွေပေါ် မြန်တဲ့ KING LONG ၁၅ ယောက်စီး အန်စာတုံး က...
16/07/2020

#ငြိမ်ညောင်းလုံခြုံ_KING_LONG

🚐 စီးပွားရေးအရ တွက်ခြေကိုက်ပြီး အရင်းကျေ ငွေပေါ် မြန်တဲ့ KING LONG ၁၅ ယောက်စီး အန်စာတုံး ကားများကို လက်ငင်းစနစ်/ အရစ်ကျ စနစ်များနဲ့ ဝယ်ယူရရှိနိုင်ပါပြီ။

🚌 2019 မော်ဒယ် ၊ အင်ဂျင်ပါဝါ 2.5 L ဖြစ်ပြီး တိုယိုတာ နည်းပညာ အခြေခံ ထုတ်လုပ်ထားပါတယ်။

🚎 Seating position က ရှေ့ (၃ ယောက် ) ၊ အလယ် (၃ x ၄ ) = (၁၂) ယောက် ဖြစ်ပြီး ထိုင်ခုံနေရာ ကျယ်ဝန်းလို့ သက်သောင့်သက်သာ စီးနင်းနိုင်ပါတယ်။ ပတ်လည်စနစ် အဲယားကွန်း ပါဝင်ပါတယ်။ Back mirror single light ပါဝင်ပါတယ်။

🎁 လောလောဆယ် ပရိုမိုးရှင်း အနေနဲ့ Hyundai Pressure Pump တစ်လုံး အပို လက်ဆောင်ပေးနေပါတယ် ခင်ဗျ။

🎯စိတ်ဝင်စားရင်တော့ အောက်ပါမှာတဲ့ ဖုန်းနံပတ်များထဲ က အဆင်ပြေရာ နံပါတ်ကိုသာ ဆက်သွယ်လိုက်ပါခင်ဗျာ။

☎️ဖုန်း 09 444555124 ၊☎️ 09 699 833 464

နေ့စဉ်မိုးလေဝသသတင်း(၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၃)ရက်နေ့ ​နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ...
13/07/2020

နေ့စဉ်မိုးလေဝသသတင်း

(၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၃)ရက်နေ့ ​နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်ရှိနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်​လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၈)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မုတ်သုံလေ အားနည်းနေမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။
နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

ကိုးကား/ မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန

သင် သတိမပြုမိပါက အန္တရာယ်ပေးနိုင်သော ကားအောက်ပိုင်းရောဂါ လက္ခဏာများ #မိုးတွင်းကာလဆိုတော့ပိုအရေးကြီးနေပါပီ။ #အသေးမွှားလေး...
06/07/2020

သင် သတိမပြုမိပါက အန္တရာယ်ပေးနိုင်သော ကားအောက်ပိုင်းရောဂါ လက္ခဏာများ

#မိုးတွင်းကာလဆိုတော့ပိုအရေးကြီးနေပါပီ။
#အသေးမွှားလေးကအစဂရုစိုက်ပြု ပြင်မယ်ဆိုရင်အကုန်အကြသက်သာပါမယ်။
#အဓိကကတော့အဖြစ်အများဆုံးသဲကာပေါက်တာကအစအလေးမထားမိပဲဆက်ပီးမောင်းနေမယ်ဆိုရင်နောက်ပိုင်းရောက်ရင်ဂန်းလဲရတာတိူ့
ဒူးစစ်လဲရတာတို့lဘောထဲသဲဝင်ပီးဘောပြက်စီးမယ်lလူ့အသက်အန္တာရာယ်ပါချိန်းခြောက်လာနိုင်ပါတယ်။

ကားရဲ.အကြီးမားဆုံးပြဿနာရယ်လို့ ဆိုလိုက်ရင် တော်တော်များများ က အင်ဂျင်ပိုင်းဆိုင်ရာ ဂီယာပိုင်းဆိုင်ရာ ပြဿနာတွေကို ပြေးမြင် တတ်ကြပါတယ်၊ တကယ်တော့ အင်ဂျင်ရောဂါပိုင်းဆိုင်ရာ တွေကဖြေရှင်းရခက်ခဲပြီးငွေကုန်ကြေးကျများတဲ့ ရောဂါတွေဖြစ်ပေမယ့့်၊ သင့်ကားနဲ့ သင်ရဲ့ အသက် အန္တရာယ်အထိ အကြီးမားဆုံး ဒုက္ခပေးနိုင် တာကတော့ Suspension ပိုင်းလို့ခေါ်တဲ့ သင့်ကား အောက်ပိုင်း ရောဂါတွေပါ။

ဥပမာပြောရရင် အဝေးပြေးလမ်းကြောင်းခရီးသွားဖို့ ရှိတယ်။
ဒါမှမဟုတ် ကားကို မိုင်နှုန်းမြင့် မောင်း တော့မယ်ဆို ကားအောက်ပိုင်းတွေကို အဲ့ဒါကြောင့် အဓိက စစ်ဆေးကြတာပါ။ ဘာကြောင့်လဲဆိုရင် အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်နေတဲ့ကားတစ်စီးဟာ အင်ဂျင်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ရုတ်တရက် စက်ထိုးရပ်သွားရင်၊ သင့်ခရီးလမ်းမှာ စိတ်အနှောက်အယှက်ဖြစ်မယ်၊ ယုတ်စွအဆုံး အင်ဂျင်တစ်လုံး လဲလိုက်ရတာကလွဲလို့ ကျန်တာမဖြစ်နိုင်ပါ ။ ဒါပေမယ့် ကားအောက်ပိုင်း Suspensionပိုင်းက ပစ္စည်းတွေ ပျက်နေတာ သတိမပြုမိလို့ ကားမောင်းနေတုန်း ပြုတ်ထွက်သွားမယ်၊ ကျိုးပဲ့သွား မယ်ဆိုရင် သင့်ကားမှောက်နိုင်ပြီး သင့်အသက်အန္တရာယ်အထိ ထိခိုက်လာနိုင်ဖွယ်တွေ ရှိပါတယ်။

ဒါကြောင့် သင်နဲ့ သင့်ကားရဲ့ လုံခြုံစိတ်ချရမှု Safety အတွက် သင်ကိုယ်တိုင် သတိပြုနိုင်တဲ့့ ကားအောက်ပိုင်းရောဂါလက္ခဏာတွေ ကိုအကျဉ်းချုပ်တင်ပြပေးပါ့မယ်။

ကားအောက်ပိုင်း (Suspension )ကို အဓိကအားဖြင့် အောက်ပါ ပစ္စည်းများဖြင့် ဖွဲ့စည်းထားပါတယ်။

( Tie rod ) တိုင်းရော့
( Tie rod end or Rack End ) မိန်းလုံး
( Ball Joint ) ဘောလ်ဂွိုင့်
( Constant Velocity -CV Joint ) ဒူးဆစ်
(Stabilizer Bar ) နှုတ်ခမ်းမွှေးလိုင်း
(Shock Absorber ) ရှော့ခ်ဘား
(Upper Arm ) အပေါ်လက်ဝါး
(Lower Arm ) အောက်လက်ဝါး
(Coil Spring ) ကွိုင်စပရင်
(Rubber Bushing ) ရာဘာဘွတ်
(Bellows ) သဲကာ
အစရှိတဲ့ အခြေခံပစ္စည်းတွေနဲ့ ဖွဲ.စည်းထားပြီး ကားအမျိုးအစား မော်ဒယ် အမျိုးအစား ထုတ်လုပ်တဲ့ ကုမ္ပဏီပေါ် မူတည်ပြီး အောက်ပိုင်းပစ္စည်း အစိတ်အပိုင်းတွေ အများကြီး ပါ၀င်ပါသေးတယ် ။ အဲ့ဒီပစ္စည်းတွေနဲ့ အဓိက တွဲဖက် အလုပ်လုပ်နေတာကတော့
Brake System ဘရိတ်အဖွဲ့အစည်းတွေနဲ့ တာယာတွေပါ ။

(၁) တိုင်းရော့ (Tie rod )နဲ့ မိန်းလုံး(Tie rod end or Rack End) မကောင်းရင် ဘယ်လို ရောဂါလက္ခဏာတွေ ပြမလဲ

တိုင်းရောနဲ့ မိန်းလုံးမကောင်းရင်ဖြစ်တတ်တဲ့ ထင်ရှားတဲ့ လက္ခဏာ ကတော့ သင်ကားကို အရှိန်ဖြည်းဖြည်းနဲ့ မောင်းနေတဲ့အခါမျိုး ဒါမှ မဟုတ် ကားကို ရုတ်တရက် ထောင့်ချိုးကွေ့ လိုက်တဲ့အခါမျိုးမှာ အရှေ့ဖက်အစွန်းဆုံးဆီကနေ ဒုတ် ဒုတ် မြည်သံထွက်လာမယ်။ လာထုနှက်တဲ့ အသံမျိုး ထွက်နေမယ်ဆိုရင် သင့်ကားရဲ့ တိုင်းရော့နဲ့ မိန်းလုံးတွေ ချို့ယွင်းနေပါပြီ။ နောက်တစ်ချက် က သင်ကားမောင်းနေ တဲ့အချိန်၊ ကားဘရိတ်အုပ်လိုက်တဲ့ အချိန်မှာ ကားက တဖက်ဖက်ကို ဆွဲနေမယ်။ ဒါ့အပြင် ကားတာယာတွေက အတွင်းဖက်ကိုဖြစ်စေ အပြင်ဖက်ကိုဖြစ်စေ ဘက်မညီမမျှ စားသွားမယ်ဆိုရင်လည်း အဲ့ဒါ တိုင်းရော့နဲ့ မိန်းလုံးမကောင်းတဲ့ရောဂါလက္ခဏာပါ။ တိုင်းရော့နဲ့ မိန်းလုံးဆိုတာကတော့ ကားအောက်ပိုင်းမှာ ပျက်စီးမှု အများဆုံး ပစ္စည်းပါ။ တိုင်းရော့ ကျိုးပိုင်းလို့၊ပြုတ်ထွက်လို့ တောင်တက်တို့ အဝေးပြေးတို့မှာ အသက်အန္တရာယ် ကြုံရတဲ့အထိ ဒုက္ခရောက်ရတဲ့ ကားတွေရှိဖူးပါတယ် ။ ဒီတော့ အခုဖော်ပြထားတဲ့ ရောဂါ လက္ခဏာလေးတွေ တွေ.ရင် မြင်ရင် ကြားရင် ကြီးကြီးမားမား ပျက်စီးမှု မဖြစ်ခင် ၀ပ်ရှော့သွားပြီး တိုင်းရော့နဲ. မိန်းလုံးကို အသစ်လဲတန်လဲ ၊ Press ခုံမှာနင်းပြီး ပြန်သုံးတန်သုံးဖို့ လိုအပ်နေပါပြီ။

(၂) Ball Joint မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ

Ball Joint မကောင်းရင် ဖြစ်တတ်တဲ့ လက္ခဏာတွေက သင့်ကား အောက်ဘက်ထောင့်ဆီကနေ တစ်ချက်တစ်ချက်၊ အသံခပ်မျှဉ်းမျှဉ်း ထုနှက်သံမျိုးတွေ ထွက်တတ်တယ်။ အထူးသဖြင့် လမ်းအတိမ်းအ စောင်း ဖြစ်နေတဲ့နေရာတွေတို့ ချိုင့်ခွက်တွေထဲတို့ မှာ မောင်းလိုက်ရင် အဲဒီအသံက ထွက်လာတယ်ဆိုရင် အဲဒါ Ball Joint မကောင်းတဲ့ လက္ခဏာပါပဲ ။ ပြောရရင် သံကိုတူနဲ့ ထုတဲ့ အသံမျိုးနဲ့ဆင်ပါတယ် ။
Ball Joint က သင့်ကားဘီးရဲ့ ဘယ်ညာအကွေ့အထိန်းတွေမှာ အဓိကထိန်းပေးထားတာမို့၊ Ball Joint မကောင်းဘူးဆိုတာနဲ့ သင့်ကားစတီယာရင် ( Steering ) ကို လာပြီး သက်ရောက်မှုတွေ ရှိလာပါမယ်။ ဖြစ်လာနိုင်တာကသင့်ကားစတီယာရင် မာပြီးလှည့်ရတာ ခက်သွားမယ်၊ ဒါမှမဟုတ် အရမ်းပေါ့ရွှတ်ပြီး ထိန်းရခက်သွားမယ်။ လမ်းအဖြောင့်မောင်းနေရင်းက အနိမ့်ပိုင်းကို ဆင်းလိုက်ရင် သင့်စတီယာရင် လက်ကိုင်ခွေကို လာတိုးတာမျိုးတွေဟာ Ball Joint မကောင်းခြင်းရဲ့ ရောဂါ လက္ခဏာတွေပါ။ အခြားရောဂါလက္ခဏာ ကတော့ တိုင်းရောမိန်းလုံးတို့လိုပဲ တာယာအတွင်းအပြင် မညီမညာစား သွားတာမျိုးပါပဲ ။

(၃) (Constant Velocity -CV Joint ) ဒူးဆစ် မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ

ဒူးဆစ်လက္ခဏာကတော့ သိသာထင်ရှားပါတယ်။ သင့်ကား ဘယ် ကိုဖြစ်ဖြစ် ညာကိုဖြစ်ဖြစ် ကွေ့လိုက်လို့ တစ်ခုနဲ့တစ်ခု ကြိတ်ဝါးနေ သလို * ကလစ်ကလစ် တောက်တောက်တောက် တက်တက်တက် * အသံတွေ ထွက်လာတယ်။ ကွေ.တိုင်း အဲ့ဒီလို အသံတွေထွက်နေ တယ်ဆိုရင် အဲ့ဒါ ဒူးဆစ်မကောင်းတဲ့လက္ခဏာတစ်ရပ်ပါ။ နောက် ဒူးဆစ်ဘောတွေကို ထိန်းထားတဲ့ ကလစ် ပြုတ်ထွက်တာမျိုးဆိုရင်တော့ ကားကဂီယာ ဘယ်လိုထိုးထိုး ဂီယာဖရီးလို ဖြစ်နေတတ်ပါတယ်။
မနေ့ကပဲ ကားတစ်စီ းဒူးဆစ်ဘောကိုထိန်းထားတဲ့ကလစ်ပြုတ်ပြီး ၀ပ်ရှော့ကို ကြိုးနဲ့ ဆွဲလာရပါ သေးတယ်။

(၄) Shock bar , Coil Spring , Struts မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ

ဒီအပိုင်းတွေ မကောင်းရင်ပြတဲ့ လက္ခဏာတွေက သိသာ ထင်ရှား ပါတယ်။ အထူးသဖြင့် လမ်း အနိမ့်အမြင့် မညီမညာဖြစ်တဲ့နေရာတွေ ၊ ဒါမှမဟုတ် ချိုင့်ခွက်တွေထဲ မောင်းတယ်ဆိုရင် ညိမ့်ညော ညင်သာမှု မရှိတော့ဘဲ အောက်ဘက

29/06/2020

မြန်မာနိုင်ငံမှာ အတည်ပြုလူနာအရေအတွက်က အရမ်းမများသေးပေမဲ့ ဒီရောဂါပိုးရဲ့အန္တရာယ်ကတော့ မသေးလှပါဘူး။ ကျန်းမာရေးအတွက်သာမက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နဲ့ လူမှုရေး၊ စီးပွားရေးတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် COVID-19 နဲ့ပတ်သက်ပြီး လက်ရှိသိထားသမျှကို ဝေမျှပေးလိုက်ရပါတယ်။

COVID-19 အကြောင်းပိုသိပြီး အချင်းချင်းကာကွယ်ပေးနိုင်ဖို့အတွက် ဒီ ဗီဒီယိုကို share ပေးပါဦးနော်။

အားလုံးအထူးဂရုစိုက်ကြဦးနော်.. မပေါ့ဆကြပါနဲ့။

# credit

Address

Yangon
11021

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30

Telephone

+959425754191

Website

Alerts

Be the first to know and let us send you an email when KING LONG Bus & Coach Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category