26/01/2016
ရန်ကုန်၊ဇန်န၀ါရီလ
ကားတစ်စီးကို မိမိလက်ထဲမှာစတင်အသုံးပြုချိန်ကစပြီး အချိန်ဇယားအလိုက်ထိန်သိမ်းပြုပြင်သင့်တာတွေကို 7Day Cars ပရိတ်သတ်အတွက်ဖော်ပြပေးလိုက်ပါတယ်။
အမြဲတမ်းစစ်ဆေးနေသင့်တာ
ကားတစ်စီးရဲ့ ဒိုင်ခွက်နဲ့ Dashboard တွေမှာ ရှိတဲ့သတိပေးမီး၊ အချက်ပြမီးတွေကို အရေးကြီးအဆင့်အလိုက် အရောင်တွေဖြင့်ခွဲခြားဖော်ပြပါတယ်။ မဖြစ်မနေစစ်ဆေးပြုပြင်ဖို့လိုအပ်ရင် အနီရောင်သတိပေးမီး၊ စစ်ဆေးဖို့လိုအပ်နေပြီဆိုတဲ့အဆင့်လောက်ဆိုရင် အ၀ါရောင်အချက်ပြမီး၊ အလုပ်စတင်လုပ်ဆောင်နေတဲ့ စနစ်တွေကို အစိမ်းရောင်အခ်ျကပြမီး တွေနဲ့ဖော်ပြကြပါတယ်။
အဲသည်မီးတွေကိုကြည့်ပြီးပြုပြင်ဖို့လိုအပ်တာတွေကိုပြုပြင်ပေးသင့်ပါတယ်။ အဲဒါကြောင့် ကားပေါ်မှာရှိနေတဲ့ အချိန်တိုင်းမျာ အမြဲတမ်းစစ်ဆေးပေးသင့်တာတွေကတော့ Dashboard သတိပေးမီးတွေဖြစ်ပါတယ်။
၃ လမှာတစ်ခါစစ်ဆေးပါ
ကားအသုံပြုသက်တမ်း ၃လ အကြာမှာတော့ စစ်ဆေးပေးသင့်တာတွေက အော်တိုဂီယာဆီ၊ ဘက်ထရီနဲ့ ဘက်ထရီကေဘယ်ကြိုး၊ မော်တာ Belt ကြိုး၊ အင်ဂျင်လေစစ်၊ အိပ်ဇော၊ ပါဝါစတီယာရင်ဆီ တို့ကို စစ်ဆေးပေးသင့်ပါတယ်။
တချို့အစိတ်အပိုင်းတွေကကိုယ်တိုင်စစ်ဆေးလို့ရနိုင်ပေမယ့် ၃ လတစ်ခါစစ်ဆေးဖို့အတွက် ကျွမ်းကျင်သူတွေ နဲ့ သာစစ်ဆေးသင့်ပါတယ်။
၆ လမှတစ်ခါစစ်ဆေးပါ
ကားအသုံးပြုသက်တမ်း ၆ လကြာရင်တော့ အင်ဂျင်ဝိုင်၊ ကားမှန်ဝိုက်ဘာနဲ့ ၀ိုက်ဘာဘလိတ် တွေကို စစ်ဆေးပေးရမှာဖြစ်ပါတယ်။ လိုအပ်ပါက လဲလှယ်ပြုပြင်သင့်တာတွေကို ကျွမ်းကျင်သူနဲ့တိုင်ပင်ပြီး လဲလှယ်ပေး သင့်ပါတယ်။
၉ လမှာတစ်ခါစစ်ဆေးပါ
ကားအသုံးပြုသက်တမ်း ၉ လအကြာမှာတော့ သက်တမ်း ၃ လပြည့်စဉ်တုန်းကအတိုင်း စစ်ဆေးသင့်တာ တွေကို သာပြန်ပြီးစစ်ဆေးပေးရမှာဖြစ်ပါတယ်။
၁၂ လတစ်ခါစစ်ဆေးပါ
ကားအသုံးပြုသက်တမ်း ၁၂ လအကြာမှာတော့ ကားတစ်စီးရဲ့ ဘရိတ်၊ လေစစ်၊ အဲကွန်းလေစစ်၊ အင်ဂျင် အအေးခံရည်နဲ့ အအေးခံစနစ်၊ စတီယာရင်နဲ့ ကားအောက်ပိုင်းစနစ်၊ ကားဘီးနဲ့ ကားအလိုင်းမင်း တွေကို စစ်ဆေးပေးရမှာဖြစ်ပါတယ်။
ကားတစ်စီးလုံးရဲ့ အစိတ်အပိုင်းတိုင်းကို စစ်ဆေးမယ်ဆိုရင် ကိုယ်တိုင်ပြုပြင်တာထက် ပိုပြီးတိတိကျကျ သိနိုင်မယ့် ကွန်ပြူတာစနစ်နဲ့စစ်ဆေးတာ ကျွမ်းကျင်သူတွေနဲ့စစ်ဆေးတာတွေကသာစိတ်ချရမှာဖြစ်ပါတယ်။
အောင်ဖြိုးမွန်
- See more at: http://www.7daycars.com/story/114 .BxNQMpeV.dpuf