AYH Mechanic

AYH Mechanic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AYH Mechanic, Car wash, shwepaukkan, Yangon.

best friend for mechanic🖤🖤❤
22/07/2024

best friend for mechanic🖤🖤❤

📣အင်ဂျင်ဝိုင်လဲခြင်း အနုပညာ😘    မင်္ဂလာပါ ခင်ဗျာ ခေတ်ကာလ အနေအထားအရ ရင်ထဲမာ ပန်းတွေပွင့်မနေပေမဲ့ သူငယ်ချင်းတို့ရဲ့ ကား/ ဆို...
21/03/2024

📣အင်ဂျင်ဝိုင်လဲခြင်း အနုပညာ😘
မင်္ဂလာပါ ခင်ဗျာ ခေတ်ကာလ အနေအထားအရ ရင်ထဲမာ ပန်းတွေပွင့်မနေပေမဲ့ သူငယ်ချင်းတို့ရဲ့ ကား/ ဆိုင်ကယ် လေးတွေရဲ့ အင်ဂျင်ဝိုင် ပုံမှန် လဲ လှယ် ပေးခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုးလေးတွေကို ကျနော် ဥာဏ်မှီသလောက် မျှဝေ ပေးချင်ပါတယ်🤗
👉 ကျနော်တို့ အသုံးပြုနေကြတဲ့ ကား / ဆိုင်ကယ်တွေဟာ အင်ဂျင် ရဲ့ လည်ပတ်နှုန်းကို စွမ်းအင် တစ်ခုအဖြစ်အသုံးချပြီး လိုရာကို ပို့ဆောင်ပေးနေတာပဲဖြစ်ပါတယ် အဲ့တော့ အင်ဂျင်တစ်ခု ကောင်းမွန်စွာ လည်ပတ် အလုပ်လုပ်နေနိုင်ဖို့ အင်ဂျင်ဝိုင် ဟာ မရှိမဖြစ်ချောဆီ တစ်ခုပါပဲ တစ်နည်းအားဖြင့် အင်ဂျင်ရဲ့ သွေး ဆိုရင်လည်း မမှားပါဘူး ဒါပေမဲ့ အင်ဂျင်ဟာ သတ်မဲ့ ပစ္စည်း တစ်ခုဖြစ်တဲ့ အတွက် အင်ဂျင်ဝိုင်ကို သတ်မှတ် kilo /အချိန် ရောက်ရင် မဖြစ်မနေလဲလှယ်ပေးရပါတယ်
👉အင်ဂျင်ဝိုင်လဲတာဟာ ဘာမှ မခက်ခဲပါဘူး နောက်မှကျနော် videos လေးတွေ တင်ပေးပါ့မယ် သူငယ်ချင်း တို့အနေနဲ့ သိထားရမာပါ မိမိ ကား/ဆိုင်ကယ် တွေအတွက် အင်ဂျင် ဝိုင် ကို ဝယ်တဲ့အခါမှာ အင်ဂျင်ဝိုင်ဖြစ်ရင်ပြီးရော ဆိုတဲ့ စိတ်နဲ့ ဝယ်လို့မရပါဘူး မိမိရဲ့ ကား/ဆိုင်ကယ် တွေရဲ့ အင်ဂျင်နဲ့ ကိုက်ညီမှုရှိတဲ့ အင်ဂျင်ဝိုင် အမျိုးအစားကို သေချာ လေ့လာပြီး ထည့်ရမဲ့ ပမာဏကို ဝယ်ရပါမယ် ပြီးတော့ အမျိုးအစားကောင်းကောင်း ကို ဝယ်လဲနိုင်လေ ကြာရှည်ခံပြီး အင်ဂျင်အတွက်ပိုကောင်းလေပါပဲ
👉အင်ဂျင်ဝိုင်လဲရာမာ ဆိုင်ကယ် တွေဆိုရင် kilo 3000 ဒါမှမဟုတ် ကိုယ်စီးတဲ့အပေါ် မူတည်ပြီး ၂ လ တစ်ခါလောက် လဲပေးသင့်ပါတယ်
👉ကား တွေဆိုရင်တော့ kilo 5000 ဒါမှမဟုတ် မောင်းနှင်မှုနဲ့ မိမိ အသုံးပြုထားတဲ့ အင်ဂျင်ဝိုင် အရည်အသွေး ပေါ် မူတည်ပြီး လဲသင့်ပြီ ထင်ရင် လဲပေးပါ အင်ဂျင်ဝိုင်ဟာ လဲပေးနိုင်လေ ကောင်းလေပါပဲ ( အမျိုးအစား မမှားဖို့တော့ သတိပြုရမာပေါ့)
👉 အင်ဂျင် ဝိုင် ပုံမှန် လဲပေးခြင်း ဟာ မိတ်ဆွေတို့အတွက် ကောင်းကျိုး တွေကြီး ပါပဲ ဆိုးကျိုးမရှိသလောက်ပါပဲ 🤗
အခုလို ခေတ်စနစ်ဆိုးကြီးက အမြန်လွတ်မြောက်နိုင်ကြပါစေ လို့ ကျနော် AYH မှ ဆုတောင်းနေပါတယ် ✊✊✊

လှပနေမှုကြီး ကွာ 😍 photo crd
31/12/2023

လှပနေမှုကြီး ကွာ 😍 photo crd

Toyota vitz လေးပေါ်မာ scan tool စကိုင်တဲ့နေ့ ထမင်းငတ်😂
29/11/2023

Toyota vitz လေးပေါ်မာ scan tool စကိုင်တဲ့နေ့ ထမင်းငတ်😂

မင်းကျောင်းပြီးလို့ ဘွဲ့ရပြီး ဘာလုပ်နေလဲ မေးရင် ငါ ရွာပြန်ပြီး လယ်ထွန်စက်မောင်းနေလို့ ပြောရမာ ငါမရှတ်ပါဘူး ငါ့ ရဲ့အိပ်မက...
26/11/2023

မင်းကျောင်းပြီးလို့ ဘွဲ့ရပြီး ဘာလုပ်နေလဲ မေးရင် ငါ ရွာပြန်ပြီး လယ်ထွန်စက်မောင်းနေလို့ ပြောရမာ ငါမရှတ်ပါဘူး ငါ့ ရဲ့အိပ်မက်တွေဖြစ်ဖို့ နှောင့်နှေးတယ်ဆိုလို့ မဆိုသာ ပေမဲ့ ငါဟာ ငါရောက်တဲ့ နေရာတိုင်းမာ အချို့သော ရပ်ဝန်းတွေအတွက် အားကိုး စရာဖြစ်လို့ ငါ့ဘဝငါ ကျေနပ်တယ် ငါ ဟာ တစ်ကိုယ်ကောင်းဆန်လွန်းတဲ့ အတ္တ သမား မဟုတ်ဘူး

ကားမောင်းနေစဉ် စက်ထိုးသေခြင်း ပြစ်ချက်များ မင်္ဂလာပါ ခင်ဗျာ  ကားမောင်းနေစဉ် ကားစက် ထိုးသေ သွားတဲ့ ပြစ်ချက်ဟာ အတော် လေး အ...
03/10/2023

ကားမောင်းနေစဉ် စက်ထိုးသေခြင်း ပြစ်ချက်များ
မင်္ဂလာပါ ခင်ဗျာ ကားမောင်းနေစဉ် ကားစက် ထိုးသေ သွားတဲ့ ပြစ်ချက်ဟာ အတော် လေး အန္တရာယ်များတဲ့ ကိစ္စ ပါ ဘာလို့လဲ ဆိုတော့ ကားတစ်စီးဟာ စက်နိုးနေမှ power steering တွေ ဘရိတ် ဆာဗို တွေ အလုပ်လုပ်မှာပါ ဒါကြောင့် မောင်းနေစဉ် စက်ထိုးသေတာဟာ အန္တရယ် များပါတယ် ဒါကြောင့် ကျနော့် သိသလောက် ဘာကြောင့် စက်ထိုးသေတတ်လဲ ဆိုတာပြောပြပေးပါ့မယ်ခင်မျာ ဆီပန့် နဲ့ ဆီဖစ်တာများ မကောင်းခြင်းcrankshaft sensor မကောင်းခြင်းအင်ဂျင် over heat ဖြစ်ခြင်းအင်ဂျင် ဝါယာရိန်း အက်ကြိုးများ လွတ်နေခြင်း
ဒီပြစ်ချက် တွေဟာ များသောအားဖြင့် မောင်းနေစဉ် စက်ထိုးသေပါတယ် ဘာကြောင့်လဲ ရှင်းပြပေးပါ့မယ်
ဆီပန့် နှင့် ဆီဖစ်တာ များမကောင်းခြင်း
ကားတစ်စီး အင်ဂျင်လည်ပတ်ဖို့ လောင်စာဆီဟာ မရှိမဖြစ်လိုအပ်တာမို့ ဆီပန့် မကောင်းပဲ အင်ဂျက်တာ များစီ ဆီ pressure ကောင်းကောင်းမပေးနိုင်တာ ဆီ filter ဂျီးပိတ် နေတာ ဆိုရင် ကားက လိုအပ်တဲ့ ဆီ ပမာဏကို မရတာကြောင့် စက်ထိုးသေတတ်ပါတယ် crankshaft sensor
efi ကားတွေဟာ အင်ဂျင် ရဲ့ အစိတ်အပိုင်းတွေကို sensor များ နဲ့ အာရုံခံပြီး အင်ဂျင် ecu(ကွန်ပြူတာဘောက်) ကနေ တိုက်ရိုက် ထိန်းချုပ် ပေးနေတာမို့ ကရိုင်းရှပ် ရဲ့ လည်ပတ်နှုန်းကို အာရုံခံတဲ့ ကရိုင်းရှပ်ဆင်ဆာ မကောင်းတာဖြစ်ဖြစ် ဝါယာရိန်း လွတ်နေတာပဲ ဖြစ်ဖြစ် ဖြစ်နေခဲ့ရင် ecu က အင်ဂျင်ကိုပေး မနှိုးပါဘူး ဒါကြောင့် မောင်းနေစဉ် စက်ထိုးသေးတဲ့ ပြစ်ချက်မာ သူလည်းပါပါတယ်အင်ဂျင် heat တက်ခြင်း
ကားတစ်စီး ဟာ မောင်းနေစဉ် ရေတိုင်ကီပေါက်ပြီး အင်ဂျင် ရေခမ်းတာဟက် ဂတ်စကတ်ပေါက်တာ အင်ဂျင်ဝိုင် ခမ်းတာ တို့ ဖြစ်ခဲ့ရင် အင်ဂျင် အပူလွန်ကဲပီး စက်ထိုးသေပါတယ် ဒါကတော့ အခတ်အသင့်ရင် အင်ဂျင်ရမဲ့ ကိစ္စမို့ မိတ်ဆွေတို့ အနေနဲ့ မိမိကားရဲ့ ဆီ ရေ လေ ကို အမြဲစစ်ဆေးပေးသင့်ပါတယ် မောင်းနေစဉ် မိမိကားရဲ့ ဟိ ဂိတ်ကိုလည်း မကြာခဏ ကြည့်ပြီး မောင်းသင့်ပါတယ် အင်ဂျင်ဝါယာရိန်း အက် ကြိုးများလွတ်နေခြင်း
efi ကားတွေ ecu ပါတာကြောင့် ဝါယာရိန်းနဲ့ ဘက်ထရီ ကောင်း ဒိုင်နမိုကောင်းမှ ကားအင်ဂျင် နှိုးလို့ရမာပါ အဓိက အချက်က ကားအင်ဂျင် မာ တပ်ဆင်ထားတဲ့ ဆင်ဆာ များဟာ ecu ရဲ့ အက်(ground) နဲ့ အလုပ်လုပ်တာကြောင့် အင်ဂျင်မာ တပ်ဆင်ထားတဲ့ ဘက်ထရီ အက်ကြိုး
ecu ground ကြိုးများ ဟာ ပြုပြင်ပြီး သေချာ မတတ်မိပဲ ကားရဲ့ တုန်ခါမှုကြောင့်ပဲဖြစ်ဖြစ် အခြားအကြောင်းအမျိုးမျိုးကြောင့် လွတ်နေခဲ့မယ်ဆိုရင်လည်း မောင်းနေစဉ် ရုတ်တရက် စက်ထိုးသေတတ်ကြောင်း မျှဝေလိုက်ရပါတယ်ခင်မျာ။
ကျန်းမာ ရွှင်လန်း ပြီး ဘေးအန္တရာယ် ကင်းကြပါစေ

ဘရိတ်ဆီ😍 လျော့ နေခြင်း ဘရိတ်ရှူးပါးနေခြင်း အကြောင်း🚗🚗မင်္ဂလာပါ ခဗျာ မိတ်ဆွေတို့ကို ကားနဲ့ ပက်သတ် ပြီး သိထားသင့် သတိ ထားသင်...
28/09/2023

ဘရိတ်ဆီ😍 လျော့ နေခြင်း ဘရိတ်ရှူးပါးနေခြင်း အကြောင်း🚗🚗မင်္ဂလာပါ ခဗျာ မိတ်ဆွေတို့ကို ကားနဲ့ ပက်သတ် ပြီး သိထားသင့် သတိ ထားသင့် တဲ့ အကြောင်းအရာတွေကို ကျနော် လက်လှမ်းမီသလောက် ပြောပြချင်ပါတယ်
မိတ်ဆွေ တို့ဟာ မိမိကား ကိုအသုံးပြုခါနီး ဘောနတ်လှန်ပြီး အင်ဂျင်ဝိုင် ရေ auto ဆီ တို့ကို တော့ အမြဲတမ်းမဖြစ်မနေ စစ်ဆေးသင့်ပါတယ် အဲ့ဒါတွေကတော့ ကားတစ်စီး အရမ်းအရေးကြီးတဲ့ အချက်တွေ့မို့ပါ ကျနော် အခုပြောပြချင်တာကတော့ မိတ်ဆွေတို့ဟာ ဘရိတ်ဆီကို စစ်ဆေးဖို့ မေ့ကောင်းမေ့နေနိုင်ပါတယ် ကားတစ်စီး မာ ဘရိတ်ဟာ အဓိက ဖြစ်တာမို့ မေ့မနေကြဖို့ သတိပေးချင်ပါတယ်
မိတ်ဆွေ တို့က ဘရိတ်ဆီကိုစစ်ဆေးတဲ့အခါ max လယ်ပယ်အောက် ကျနေပြီ ဆိုရင် အရင်ဆုံး ဘီးလေးဘီး ရဲ့ အတွင်းပိုင်းတွေကို ငုံကြည့် ပါ ဆီ တွေ ပေနေရင် တော့ ဘရိတ်ပေါက်နေပါပြီ ချက်ချင်းပြုပြင်ရပါမယ် ဘီးတွေမာ ဆီမပေဘူးဆိုရင် စက်နှိုးပြီး ဘရိတ်ကို လေးငါးချက် ပြင်းပြင်းလေး နင်းထားကြည့်ပါ ဘရိတ် ဟာ တဖြေးဖြေး အောက်ကို အိကျနေတယ်ဆိုရင် ဘရိတ်ပိုက်တွေရဲ့ လမ်းကြောင်း တစ်နေရာရာမာ ပေါက်နေလို့ပါ နောက်ဆုံးအချက်တော့ အပေါ်က အချက်တွေ မဖြစ်ဘဲ လျော့နေတယ်ဆိုရင်တော့ ဘရိတ်ရှူးပါး လာလို့ပါ
ဘရိတ်ရှူးတွေဟာ များသောအားဖြင့် အရမ်းပါးလာရင် တော့ အသံပေးတဲ့ ရှိန်းပြား​တွေပါတယ်ဆိုပေမဲ့ အချိန်မှီမလဲရင် ဘရိတ်ဒွမ် ကိုခြစ်စားသွားတာမို့ မိတ်ဆွေတို့ဟာ မိမိကား ရဲ့ ဘရိတ်ဆီ ဟာ max အောက် ယိုစိမ့်မှုမရှိ ဘဲ လျော့နေတယ်ဆိုရင် ဖြည့်ပြီး အရမ်းအကြာကြီး ဆက်မသုံးသင့်တော့ပါဘူး နီးဆက်ရာ ကားဝပ်လျော့ တွေမာ မိမိကားရဲ့ ဘရိတ်ရှူး တွေ စစ်ဆေးလဲလည် ပေးသင့်ပါကြောင်း

မင်္ဂလာပါ ခင်မျာ တိုးတက်လာတဲ့ယနေ့ခေတ်ကြီးထဲမှာလူတိုင်းအတွက် ကားနဲ့ပတ်သတ်တဲ့ အကြောင်းအရာလေးတွေကို ဗဟုသုတအနေနဲ့မျှဝေပေးသွာ...
24/09/2023

မင်္ဂလာပါ ခင်မျာ တိုးတက်လာတဲ့ယနေ့ခေတ်ကြီးထဲမှာလူတိုင်းအတွက် ကားနဲ့ပတ်သတ်တဲ့ အကြောင်းအရာလေးတွေကို ဗဟုသုတအနေနဲ့မျှဝေပေးသွားခြင်ပါတယ်ခင်မျာ
ပထမဆုံးအနေနဲ့ ကားတစ်စီးရဲ့အရေးကြီးဆုံးအပိုင်းမှာပါတဲ့ fuel pump နဲ့ fuel filter အကြောင်းကိုမျှဝေပေးပါ့မယ်
Filter နဲ့Pump ကတော့ ဓာတ်ဆီကားတွေမှာဆိုရင် ဆီတိုင်ကီ ထဲမှာမြုပ်ပီးထည့်​ပေးထားတဲ့အတွက် ပြုပြင်ဖို့အရမ်းမလွယ်ကူပါဘူး။Pumpကတော့12V အပေါင်း အနုတ်ပေးရတဲ့ motorလေးပဲဖစ်ပါတယ်။ Filterကတော့ ဆီထဲက အနဲအနှစ်တွေကို စစ်ထုတ်ပေးတဲ့အရာလေးဖြစ်လို့ အရေးကြီးတဲ့အတွက် မိတ်ဆွေတို့အနေနဲ့ ကား ကိုအသုံးပြုရင်ပြုသလို အနည်းဆုံး ၆လ တစ်ခါလောက်ကို ဆေးကြောပေးသင့်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်ပဲဖြစ်ဖြစ် မသိလို့ပဲဖြစ်ဖြစ် မစစ်ဆေး မဆေးကြောဘဲဆက်မောင်းနေမယ်ဆိုရင်တော့ မိတ်ဆွေတို့အနေနဲ့ မောင်းနေရင်းလမ်းမှာ စက်ထိုးရပ်လို့ workshop ကိုပို့ရတဲ့အဖြစ်မျိုးတွေကြုံတွေ့ရနိူင်ပါတယ်။ ဆီ ပန့် နဲ့ Filter မကောင်းရင် မိတ်ဆွေတို့အနေနဲ့ သိနိုင်တဲ့အရာတွေကတော့ မောင်းနေတုန်း စက်ထိုးရပ်တာ၊ လီဗာ နင်းပေမယ့်ကားက အရုန်းအဆွဲမကောင်းတာမျိုး ကားစက်လုံးဝ နိုးမရတာမျိုးတွေ စတဲ့ပြဿနာလေးတွေ ကြုံတွေ့နိူင်ပါတယ်။ပြစ်ချက် codeလည်းမရှိတာတာကြောင့် မိတ်ဆွေတို့အနေနဲ့ မိမိကားကို သတိထားပြီး ၆လတစ်ခါလောက်တော့စစ်ဆေးပေးသင့်ကြောင်း မျှဝေပေးလိုက်ပါတယ်ခင်မျာ။

AYH Mechanic

တော်ပြီပေါ့ အဲ့လောက်အကိုင်သန့်ရင် 🤓
16/09/2023

တော်ပြီပေါ့ အဲ့လောက်အကိုင်သန့်ရင် 🤓

Address

Shwepaukkan
Yangon

Website

Alerts

Be the first to know and let us send you an email when AYH Mechanic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category