11/09/2026
လူကြီးမင်းတို့ရဲ့ လုပ်ငန်းခွင်အတွက် အကောင်းဆုံးလက်တွဲဖော်ဖြစ်လာမယ့် HINO Japan 300 Series 14ft Dry Box 3-units ကားသစ်ကြီးများကို စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။
ဂျပန်နည်းပညာစစ်စစ်နဲ့ ထုတ်လုပ်ထားတဲ့ HINO 300 Series တွေဟာ ကြံ့ခိုင်မှုပိုင်းမှာတင်မကဘဲ ဆီစားသက်သာမှုနဲ့ ရေရှည်အသုံးခံမှုတို့ကြောင့် လုပ်ငန်းရှင်တိုင်း ယုံကြည်အားထားရတဲ့ ကားကောင်းတွေပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ထံမှ တင်သွင်းရောင်းချသော HINO ကားများကို ဝယ်ယူအားပေးတဲ့အတွက် After-sales service (ရောင်းချပြီးနောက်ပိုင်း ဝန်ဆောင်မှု) ကိုလည်း အပြည့်အဝ ရရှိသွားမှာ ဖြစ်ပါတယ်။
ယခုဝယ်ယူလိုက်တဲ့ ကားကောင်းကြီးတွေနဲ့အတူ လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းများလည်း အရှိန်အဟုန်မပြတ် တိုးတက်အောင်မြင်ပါစေကြောင်းနှင့် ခရီးလမ်းတိုင်း ဘေးအန္တရာယ်ကင်းရှင်းပါစေကြောင်း HINO Myanmar မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။ 🙏✨