31/10/2023
Amazing Tuesday လေးပါ
ကားချစ်တယ့်ညီအစ်ကိုများ မဂ်လာရှိသော်မနက်ခင်းလေးပါ ခင်ဗျာ
ကျွန်တော်တို့စီသို့ လာအပ်သော် sino truck
D 12.42 HP 420 engine လေးအကြောင်း sharing လုပ်ပေးချင်ပါတယ်ခင်ဗျာ။
Mechanic and driver.........
ကားဆရာ ပြောကြားချက်အရ အင်ဂျင်ဝိုင်ကလဲစားတယ် ပြီးတော့နှာပိုက်ကလဲအောက်ချထားတယ်
အဆွဲအရုံးလဲကျနေတယ် ဆိုတော့ ကျွန်တော်တို့ ဇက်လှန်ပြီးစစ်ဆေးကြည့်ရမှာ ကားဆရာပြောသလိုအပြင် gasket ကအင်ဂျင်ဝိုင်ယိုတာပါတွေ့ရပါတယ် ပြီးတော့ nozzle ဆီပြန်ပိုက်တွေမာပြီး ဒီဇယ်တွေယိုနေတာလဲတွေ့ရပါတယ်။အင်ဂျင်တစ်ခုလုံး ဆိုရွှဲ နေတာပေါ့။leverဆွဲကြည့်တယ့်အခါမှာလဲ မီးခိုးမှောင်နေအောင်ထွက်ပြီး governor ပါကျနေပါတယ်။
ကားဆရာကလဲ သူလုပ်ပေးရမှာဖြစ်သော်ကြောင့် သက်သာအောင်လုပ်ပေးဖို့တောင်းဆိုတယ့်အပြင် ကုန် ထုတ်အမှီလုပ်ပေးဖို့ပါတောင်းဆိုလာပါတယ်။ကျွန်တော်တို့စက်ဆရာတွေဆိုတာလဲနှလုံးသားအင်မတန်ကြီးမားသူတွေပါ။ ထို့ကြောင့် ကျွန်တော်ဘက်ကနေ အင်ဂျင်မချနဲ့တော့ အပေါ်ဖွင့်အောက်ဖွင့်လုပ်လိုက် အချိန် ကျွန်တော်ကို 7ရက်ပေး ကျွန်တော် warranty 1year ပေးမယ် အင်ဂျင်ဝိုင်သာပုံမှန်လဲဆိုပြီး ပြောလိုက်ပါဝောာ့တယ်။
Operation...........
ကျွန်တော်တို့ စပြီး parts တွေကို uninstall လုပ်တယ်။ intake magnifold, exhaust magnifold, turbo charger, nozzle pipe စသောအရာတွေကိုဖြုတ်တယ်ပေါ့နော် valve cover တစ်လုံးခြင်းစီလှပ်ပြီး nozzle တွေဖြုတ် rocker arm တွေဖြုတ်ပြီး
Headတွေစလှပ်ပါတယ်
Sino D12.42 engine ရယ့်ထူးခြားတာက cylinder တစ်လုံးအတွက် headတစ်လုံး အသုံးပြုထားပါတယ်cylinder sleeveေတွကလဲအရှင် တွေပါ။ထို့ကြောင့်ကျွန်တော်တို့ head 6လုံးလုံးကိုလှပ်ရပါတယ်။head လှပ်ပြီးနောက် piston သီးတွေချောင်နေသလို sleeve မှာလဲ ဒစ်ကြီး အကြီးတွေ့ရပါတယ်။pistonသီးတွေထုတ်ပြီး connecting bearing တွေ စစ်ကြည့်ရမှာတော့ ကောင်းပါတယ်။sleeveေတွကလဲဖြုတ်လဲလို့ရတာေကြာင့် sleeve တွေပါ ဖြုတ်ထုတ်လိုက်ပါတယ်။head က valveတွေကတော့ ကွင်းတွေကျနေပြီး တော်တော်နိမ့်ဆင်းနေတာကိုလဲတွေ့ရပါတယ်။ရေတိုင်ကီလဲဖြုတ်ေဆး။intercoolerလဲဖြုတ်ဆေး
အားလုံးဖြုတ်ချပြီးတော့အပ်စရာရှိတာအပ်၀ယ်စရာရှိတာ၀ယ် ပြီးနောက်ဆေးကြောတယ့် ကိစ္စ လုပ်ဆောင်ရပါတယ်။
Installation............
စစဦးဆုံးအင်ဂျင် ကိုပြန်လုံးမယ်ဆိုလျင် သန့်ရှင်းစင်ကြယ်မှုက အင်မတန်မှကိုအရေးကြီးပါတယ်။
ပြီးနောက် loading အရမ်းကောင်းတယ့်အင်ဂျင်ဖြစ်တာကြောင့် သေချာ လုံးဖို့ လိုအပ်ပါတယ်။ Head ပိုင်းကိုလဲ ကွင်းတွေဂိုက် တွေ အသစ်လဲပြီးေသချာပြုပြင်စစ်ဆေးပြီးမှတပ်ဆင်ပါတယ်။
Sleeveတွေမှာquality အမျိုးမျိုးလာတာရှိပါတယ်။
ကားဆရာ သုံးတယ့်budgetအခြေနေပေါ်ကြည့်ပြီးဈေးလဲသက်သာ အမျိုးစားလဲကောင်းတယ့် sleeve တွေကို ၀ယ်ယူတပ်ဆင်ပါတယ်။ piston ဆိုသည်လဲထိုနည်းလည်းကောင်း။ inline pump နဲ့ nozzelပိုင်းကိုလဲ သေချာအောင်ပြုပြင်ပါတယ်။turbo charger ကိုလဲသေချာ စစ်ဆေး ပြီးမှတပ်ဆင်ပါတယ်။engine oil filter diesel fuel filter စသောအရာတွေကိုအသစ်လဲ engine oil ကိုလဲကောင်းကောင်းသုံးပါတယ်။
Piston Ringကိုလဲကောင်းကောင်းသုံးတယ်။ rocker arm တွေပြန်တတ်ပြီး တိုက်ပစ်ချိန်တယ် ပြီးတော့ ကျွန်တော်တို့ hand pump ရိုက်ဆီချူပြီးနှိုးလိုက်တယ့်အခါမှာတော့ smooth အရမ်းဖြစ်တယ့် စက်သံကိုကျွန်တော်တို့ ကြားရပါတယ်။ ကားဆရာလဲအချိန်မှီ အင်ဂျင်လဲကောင်း အားလုံးအဆင်ပြေ။
အင်ဂျင်ကိုကျွန်တော်တို့ 24hoursအချိန်ယူပြီးကျင့်ပါတယ် မောင်းစမ်းပါတယ်အားလုံးစိတ်ချရပြီဆိုတော့မှ ကားဆရာ အားပြန်အပ်ပါတယ်ခင်ဗျာ။
Recommendation........
ကားကြီးအင်ဂျင် အမျိုးမျိုး
Back hoe heavy duty Cu**in engine အမျိုးမျိုး
ကားလေးကားလတ် အင်ဂျင်အမျိုးမျိုး
Overhaul ကို warranty နဲ့ ပြုပြင်ဆောင်ရွက်ပေးနေပါတယ်ခင်ဗျာ။
Engine overhaul လုပ်ရာမှာ ဈေးအနညး်များကွာဟမှု ရှိတယ်ဆိုတာကလဲ ကျွန်တော်တို့စက်ဆရာတွေရယ့်လက်ခမဟုတ်ပါဘူး။ကျွန်တော်တို့စက်ဆရာတွေက ပုံမှန်မပြောင်းလဲပါဘူး။
ပြောင်းလဲတာက သုံးရတယ့် spare parts တွေပါ။
ကားပစ္စည်းက ေစျးကွက်ထဲမှာ အမျိုးအစားသုံးမျိုးလောက် လာပါတယ် ။ ထို့ကြောင့် ကားဆရာသုံးတယ့်budgetအခြေနေပေါ်မူတည်ပြီး ဈေးသက်သာqualityကောင်းကောင်းကိုရှာ၀ယ်ရပါတယ်ခင်ဗျာ။ ဈေးကြီးပေးတိုင်းလိုက် ပစ္စည်းကောင်းမရပါဘူးခင်ဗျာ။ထို့ကြောင့် စက်ဆရာနဲ့တိုင်ပင်ပြီး ပစ္စည်း၀ယ်ဖို့အကြံပြုချင်ပါတယ်ဗျ။
ကားချစ်တယ့်ညီအစ်ကိုများကို ကျွန်တော်တို့
Zwe Nyi Naung Car Auto Service Center မိသားစုမှ နွေးထွေးစွာကြိုဆိုလျက်ရှိပါကြောင်အသိပေးအပ်ပါတယ်ခင်ဗျာ။
လူကြီးမင်းတို့၏ တန်ဖိုးရှိသော် ကားများအားကြံ့ခိုင်မှုအတွက် အထူးစိတ်ချရအောင် ကျွန်တော်တို့service center မှ တာ၀န်ယူဆောင်ရွက်ပေးနိုင်ပါတယ်ခင်ဗျာ။
Contact number
09881422741(ကိုသူရကျော်လွင်)အား
ဆက်သွယ်၍မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျာ။
ကားပစ္စည်းအရောင်းဆိုင်နှင့်ကား၀ပ်လျော့ 81ကားမှတ်တိုင်အနီး ပုလဲလမ်းမနှင့်ရတနာသီရိလမ်းထောင့် ရွှေပြည်သာမြို့နယ် ရန်ကုန်မြို့။