KTK STAR

KTK STAR Good Prices and Good Services.

26/12/2021

ကောင်းဖို့ဖြစ်လာတာပါ
~~~~~~~~~~~~~~

ဟိုးရှေးရှေးတုန်းက ဘုရင်တစ်ပါးရဲ့အတိုင်ပင်ခံ အမတ်ကြီးတစ်ပါးဟာ အင်မတန်မှ အကောင်းမြင် တတ်တယ်။

ဘုရင်ကြီးက တစ်ခုခုတိုင်ပင်လိုက်တိုင်း အကောင်းမြင်တဲ့ဘက်ကနေပဲ ဆွေးနွေးတယ်။ အကောင်းမြင်အပြုသဘော ဆွေးနွေးတော့ တော်ရုံ အပြစ်တွေတောင် အပြုသဘောဆောင်ပြီး တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနဲ့ ပြဿနာတွေကို ပျော်ရွှင်စွာ ဖြေရှင်းနိုင်ခဲ့တာ ချည်းပဲ...

တစ်နေ့မှာတော့ ဘုရင်ကြီးရဲ့လက်မမှာ ပြည်တည်နာကြီး ပေါက်လာတယ်။ အတိုင်ပင်ခံကြီးကို ခေါ်တိုင်ပင်တော့ အရှင်ဘုရားစိတ်မပူပါနဲ့ ဆေးလိမ်းဆေးသောက်ရင် ပျောက်သွားမှာပါ ကောင်းဖို့ဖြစ်လာတာပါဘုရားလို့ လျှောက်တင်တယ်...

ဒီလိုနဲ့ဘုရင်ကြီးရဲ့လက်ဟာမသက်သာပဲ ဖြတ်လိုက်ရတော့တယ်။ အဲဒီလိုနဲ့ အင်္ဂါမစုံတဲ့ဘုရင်ကြီး ဖြစ်သွားတာပေါ့။

အဲဒီတော့ ဘုရင်ကြီးလည်း စိတ်မသက်မသာဖြစ်ပြီး
အတိုင်ပင်ခံကြီးနဲ့ စိတ်ပြေလက်ပျောက်စကားပြောဖို့ ခေါ်လိုက်တာပေါ့။ ဒီတော့ အတိုင်ပင်ခံကြီးက ကောင်းဖို့ဖြစ်လာတာပါဘုရားလို့ ထပ်ပြီး ဖြေသိမ့်ပြန်တော့ ဘုရင်ကြီးကစိတ်ဆိုးပြီး အတိုင်ပင်ခံကြီးကို

"ဒီလောက်တောင်ကောင်းဖို့ဖြစ်လာရင်
ဆရာကြီးခဏလောက် အကျဉ်းတိုက်ထဲသွားနေချည်လို့"
ဆိုပြီး အကျဉ်းချထားလိုက်ပါတယ်။

တစ်ရက်မှာတော့ ဘုရင်ကြီးဟာ စိတ်အပန်းပြေစေဖို့အတွက် တောကစားထွက်ခဲ့တယ်။ စိတ်နဲ့လူနဲ့ သိပ်မကပ်တဲ့ဘုရင်ကြီးဟာ ကိုယ်ရံတော်တွေနဲ့ကွဲသွားပြီး ယစ်ပူဇော်တဲ့ဓလေ့ရှိတဲ့ လူမျိုးစုတွေရဲ့ ဖမ်းဆီးခြင်းကိုခံရပြီး သူတို့က ဘုရင်ကြီးကို ယစ်ပူဇော်ဖို့လုပ်ကြသတဲ့။ ဘုရင်ကြီးလည်း ပြည်တည်နာပေါက်ကတည်းက ဂြိုလ်ဆိုးဝင်ခဲ့တာ ခုဆိုသေရမယ့် အဆင့်ထိတောင် ရောက်လာပါလားလို့ တွေးရင်းစိတ်ဆင်းရဲနေတာပေါ့။

ယစ်ပူဇော်ဖို့ ဘုရင်ကြီးကိုရေချိုးပေး အမွှေးနံသာလိမ်းပေးချိန်မှာ ဘုရင်ကြီးရဲ့လက်မ ပြတ်နေတာကို တွေ့သွားတာပေါ့....

ဒီတော့ အင်္ဂါမစုံတဲ့သူနဲ့ယစ်ပူဇော်လို့မရတာကြောင့် ဘုရင်ကြီးကိုပြန်လွှတ်ပေးလိုက်ကြတယ်။

ဒီတော့မှဘုရင်ကြီးဟာ ဝိုး. . . ကောင်းဖို့ဖြစ်လာတာ. . ကောင်းဖို့ဖြစ်လာတာဆိုပြီး. . . ပျော်ရွှင်စွာနဲ့ နန်းတော်ကိုပြန်လာခဲ့တယ်။

နန်းတော်ကိုရောက်ရောက်ချင်းပဲ ဆရာကြီးကို အကျဉ်းတိုက်က လွှတ်စေပြီး ခစားခိုင်းသတဲ့။

ဆရာကြီး ခင်ဗျားပြောတာမှန်တယ်ဗျာ။ ကျနော့်အတွက်ကောင်းဖို့ ဖြစ်လာတာဗျ။ ဒါပေမဲ့ ခင်ဗျားအတွက်တော့ အကျဉ်းကျပြီး အနေဆင်းရဲအစားဆင်းရဲ ဖြစ်သွားတယ်ဗျာ။ အဲဒီအတွက်တော့ စိတ်မကောင်းပါဘူး" ဆရာကြီးလို့ပြောလိုက်တယ်။

ဆရာကြီးကပြုံးပြုံးကြီးနဲ့ ကျနော်မျိုးအတွက်လဲ ကောင်းဖို့ဖြစ်ခဲ့တာပါဘုရားတဲ့။ တကယ်လို့ ကျနော်မျိုးသာ အကျဉ်းမကျရင် မင်းကြီးနဲ့တူတူလိုက်ရမှာမို့ အဖမ်းခံရတဲ့အခါ ဘုရင်နဲ့ကျနော် နှစ်ဦးဖမ်းခံရမှာပါ။

ဒီအချိန်မှာ အင်္ဂါစုံသူကျနော်ဟာ ကိုယ်စားယစ်ပူဇော်ခံရပြီး အသက်နဲ့ကိုယ် အိုးစားကွဲမှာပါဘုရား အခုတော့အကျဉ်းတိုက်ထဲမှာ အနားရလို့ ကောင်းဖို့ဖြစ်လာတာပါဘုရားတဲ့။ ဘုရင်ကြီးကလည်း ကောင်းပါလေ့ဆရာကြီးရယ်လို့ပြောပြီးတဟားဟားနဲ့အားရပါးရ ရီကြတာပေါ့.

ကျနော်တို့ ဘဝမှာလည်း တစ်ခါတရံ အခက်အခဲလေးတွေ အတိုက်အခိုက်လေးတွေ ကြုံတွေ့လာရတဲ့အခါ လူတော်တော်များများက စိတ်ပျက်ညီးညူတတ်ကြတယ်။

အမှန်တော့ အဲဒီအခက်အခဲတွေအတိုက်အခိုက်တွေဆိုတာ နောင်တစ်ချိန် အရာရာအတွက် ကောင်းဖို့ဖြစ်လာတာပါ။

ဒါကြောင့် မိတ်ဆွေတို့ဘဝမှာ ဘယ်လိုအခက်အခဲပဲကြုံကြုံ ဘယ်လိုအတိုက်အခိုက်ပဲကြုံကြုံ ကောင်းဖို့ဖြစ်လာတာလို့ စိတ်ထဲမှာမှတ်ပါ။

ခုလည်းပဲ ဒီစာကိုဖတ်ဖြစ်သွားတာဟာ မိတ်ဆွေအတွက် ကောင်းဖို့ဖြစ်လာတာပါ.....။

credit

#အရာရာဟာကောင်းဖို့ဖြစ်လာတာပါ

(Funny cool )💛

18/12/2021

ဆရာအောင်သင်း ပြောသလိုပဲ
ကိုယ့်နိုင်ငံမို့လို့သာ ချစ်နေရတာ
အတော်စိတ်ပျက်ဖို့ ကောင်းတဲ့နိုင်ငံ....

ဘာသာမဲ့ မာဖီးယားလို လူဆိုးဂိုဏ်းတောင်
အရက်နဲ့ စီးကရက်ကို မှောင်ခိုပဲသွင်းတယ်၊
အတု မလုပ်ဘူး။
ဘာသာရှိတဲ့ ကောင်တွေက ဆေးတောင်
အတုလုပ်တယ်။

အင်မတန် စာနာစိတ်မရှိတဲ့ကောင်တွေဆီမှာ
ဥပဒေရဲ့ကျေးဇူးကို ဖာသည်တောင် ခံစားရချိန်
မေတ္တာသုတ်ရွတ်နေတဲ့ ကောင်တွေက
ဖာသည်ဆီက လိုင်းကြေးတောင်းတယ်၊
ဖရီးကစ်တယ်၊ပါးတောင်၂ချက် ရိုက်သွားသေး.

ထိုင်းလို ဖာသည်ကို လိုင်စင်ပေးထားတဲ့ နေရာမှာ
လေဘေး ရေဘေး ငလျင်ဘေးကြုံရပြီဆို
နောက်တနေ့ အခြေခံစားကုန်တွေ ဖြစ်တဲ့
ဆန် ဆီ ဆား ငြုတ် ကြက်သွန်ကို စျေးထဲသွားဝယ်ရင်
တဝက်နှုံးနဲ့ လျှော့ရောင်းပေးတယ်။

ဒီမှာ နာဂစ်အလှူသွားကြတဲ့လူတွေကို
ကျေးဇူးတင်ပါတယ်ဆိုပြီး
ဒေသခံစက်လှေတွေက ၂ဆတောင်းတယ်။

လူမသေတဲ့ မြို့ကြီးတွေပေါ်မှာတော့
လိုအပ်ချက်ကိုသိပြီး အခြေခံစားကုန်တွေကို
စျေးအဆမတန် တင်ပလိုက်ကြတယ်။
ဆိုင်တွေကို ပိတ်လိုက်တယ်
ဒီတော့ အလုခံရတယ်
ကားခတွေ တထောင်လမ်းကို တသောင်းနဲ့ဆွဲတယ်။

စင်္ကာပူလိုနိုင်ငံမှာ မိုးတွင်းလိုအချိန် အများပြည်သူ
ထီး မိုးကာ လိုအပ်ချက် များလာလိမ့်မယ်ဆိုတာ
သိတော့ discount ချရောင်းတယ်
ဒီမှာက မိုးတွင်းမှ စျေးတင်တယ်။

ဘာမှ မကိုးကွယ်တဲ့ ကွန်မြူနစ် အရိုင်းကောင်တွေဆီမှာ
``ထမင်းစားနေတဲ့လူကို မိုးကြိုးမပစ်ဘူးဆိုတဲ့စကား
ပြောလေ့ရှိကြတယ်။
အပြစ်ရှိလို့ အရေးယူရမဲ့ မိုးကြိုးတောင်
ထမင်းစားနေတုန်း မပစ်သေးဘူး၊ ရှောင်ပေးတယ်
လူလူချင်း ဘာလို့မရှောင်ရမလဲလို့ ပြောချင်တာ..

မင်္ဂလသုတ် အာဂုံဆောင်ထားတဲ့ လူတွေက
သားသမီး ထမင်းစားနေတဲ့ အချိန်ကို
ချောင်းမှာ ရေလာသောက်တဲ့နွား စောင့်ဖမ်းသလို
ထိုင်စောင့်ပြီး ဆူတယ် ရိုက်တယ်။

သိပ်ရိုင်းတဲ့ ဘာသာမဲ့မိဘတွေက
သူတို့သားသမီးကိုမရိုက္ဘုး
စာသင်ကျောင်းတွေမှာလဲ မရိုက်ဘူး၊
ကိုးကွယ်မှု စုံစီနဖာစေ့နေတဲ့ ကောင်တွေဆီမှာ
ဘုရားက ရိုက်မယ်လို့ပြောတယ်
ကလေးကို မကျည်းပင်မှာ ဇောက်ထိုးဆွဲထားတယ်။

``ဘာမှမမြဲဘူး ကိုယ့်ကိုယ်ကိုယ်တောင် မပိုင်ဘူး
ဆိုတဲ့ တရားကို ၄၁ ကြိမ်မြောက် နာထားတဲ့
အဖွားကြီးဟာ သူ မပိုင်တဲ့ အိမ်ရှေ့မြေကွက်လပ်မှာ
စည်ပင်ပိုင်မှန်းလဲ သိပါရက်နဲ့ ကားခနရပ်ဖို့
သေဘာ မတူဘူး၊
မကြိုက်ဘူး လာမရပ်နဲ့...တဲ့
ပုတီးကို စလွယ်သိုင်းပြီး ပြောလိုက်တယ်၊

ဒါနဲ့ပဲ
ကမ္ဘာမှာ ဘယ်လိုတရားမဲ့တဲ့ နေရာမှာမှ
မဖြစ်ဖူးတဲ့ ကားရပ်တဲ့ နေရာအတွက်
လူသတ်မှုတွေ လုပ်ကြတယ်။

တရားအရိပ်အာဝါသ အောက်မှာရှိပြီး
ဘာသာတရားသာ ထွန်းကားတယ် ကြွေးကြော်ပြီး
လူမျိုးတမျိုးကို စစ်တပ်တစ်တပ် စီရှိတယ်၊
ပြီးတော့ သတ်ကြဖြတ်ကြတယ်။

အဲဒီယဉ်ကျေးမှုမျိုးနဲ့
လူလူချင်း အားရအောင်ယုတ်မာ ကုန်းတိုက်
ဆဲဆိုလို့ ဝပြီဆိုတော့မှ ဘုရားရှေ့သွားပြီး
ပွစိပွစိနဲ့ ဘာမှန်းမသိတဲ့ စကားတွေကို
အကြာကြီးပြောတော့တာပဲ..

Credited.

(၁)ဓမ္မနဲ့ အဓမ္မသည် သဘာဝအားဖြင့် ကွဲပြားသလို အကျိုးသက်ရောက်မှုချင်းလည်း မတူကြပါ၊(၂)အဓမ္မက အပြစ်ရှိပြီး ဆင်းရဲတွင်းသို့ ပ...
17/12/2021

(၁)ဓမ္မနဲ့ အဓမ္မသည် သဘာဝအားဖြင့် ကွဲပြားသလို
အကျိုးသက်ရောက်မှုချင်းလည်း မတူကြပါ၊

(၂)အဓမ္မက အပြစ်ရှိပြီး ဆင်းရဲတွင်းသို့ ပို့ဆောင်တတ်သည်။

(၃)ဓမ္မက အပြစ်ကင်းပြီး အခြေအနေကောင်းသို့ ရောက်စေတတ်သည်။

န ဟိ ဓမ္မော အဓမ္မော စ၊ ဥဘော သမဝိပါကိနော။
အဓမ္မော နိရယံ နေတိ၊ ဓမ္မော ပါပေတိ သုဂ္ဂတိံ။

(အယောဃရဇာတက)

ကျေးဇူးတော်ရှင် ပါမောက္ခချုပ် ဆရာတော်ကြီး ၏ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့ အဆုံးအမဩဝါဒကို ဖေါ်ပြအပ်ပါသည်။

02/09/2021

Metro ရပ်သလို ရပ်သွားတဲ့ လုပ်ငန်းတွေ၊ စက်ရုံတွေ၊ နောက် ပိတ်သွားတဲ့ ဆိုင်တွေ၊ စီးပွားရေးလုပ်ငန်းတွေ အာဏာသိမ်းကာလမှာ အများကြီး အများကြီး ရှိတယ်။

အဲဒီအပြင် ကိုယ့် မိတ်ဆွေတွေထဲမှာ ဈေးရောင်းဖို့ ကြိုးစားလာတဲ့သူ အများကြီးရှိလာတယ်။ ကိုယ်တွေကျ ငွေကြေးရဲ့ အရင်းအမြစ်နဲ့ စီးဆင်းမှုကို တွက်လေ့အမြဲရှိတော့ လူတိုင်း ဈေးရောင်းဖို့ ကြိုးစားလာတာကလည်း အဖြေတစ်ခု မဖြစ်နိုင်မှန်း သိတယ်။

Supply နဲ့ Demand ရောင်းလိုအား Vs ဝယ်လိုအား မမျှတတော့တဲ့ ဈေးကွက်တစ်ခုမှာ အသက်မွေး ဝမ်းကျောင်းမှု အနေနဲ့ ဒီ အချိန်မှာ ဖြစ်ဖြစ်မြောက်မြောက် ရောင်းဖို့ ခက်လိမ့်မယ်။ တစ်ဦးချင်း ဝင်ငွေ ကျဆင်းလာတာ၊ ငွေကြေး ဖောင်းပွမှု အရမ်းကြီးတာတွေ၊ မြန်မာငွေ တန်ဖိုးက ကျဆင်း/ မတည်ငြိမ် မှုကြီးလာတာတွေဟာ စီးပွားရေး အဆောက်အအုံ ပြိုလဲ သွားပြီဆိုတဲ့ သဘောပဲ။

နိုင်ငံတစ်နိုင်ငံမှာ လုပ်ငန်းတွေကို အကြမ်းမျဥ်း နှစ်မျိုးခွဲလို့ ရတယ်။

1. Service ဝန်ဆောင်မှုနဲ့

2. Production ကုန်ထုတ်လုပ်ငန်း ပေါ့၊

တကယ်တမ်း မြန်မာပြည်မှာက service ဝန်ဆောင်မှု sector ပဲ သိသိသာသာ တိုးတက်လာသေးတာ။ ကုန်ထုတ်လုပ်ငန်း တိုးတက်ဖို့က ၂၀၂၁ ကနေ နောင်ငါးနှစ် လောက်မှာမှ သိသိသာသာ တက်လာမှာ။

Service Sector တက်လာတာတောင် ပညာရေး တက်လာတယ်၊ နောက် အလုပ်အကိုင် အခွင့်အလမ်း တက်လာတယ်။ ဝင်ငွေ၊ လစာ မြင့်လာတယ်။ ပြောမယ်ဆို ၂၀၁၀-၂၀၂၀ ဆယ်နှစ်မှာ လူလတ်တန်းစား နေနိုင်၊ စားနိုင်၊ သုံးနိုင် အလွှာ တော်တော်ကို များလာတယ်။

ကုန်ထုတ်လုပ်ငန်း က အမျိုးမျိုးရှိမယ် ...

Gov က ပြည်သူပိုင် လုပ်တာမျိုး ရှိမယ်၊ နိုင်ငံသားပိုင်ရှိမယ်၊ ဖက်စပ်လုပ်တာ ရှိမယ်၊ နိုင်ငံခြားသားပိုင် ရှိမယ်။

ဘယ်သူပိုင်ပိုင် အဓိက က ...

၁။ အလုပ်အကိုင် အခွင့်အလမ်း ပေးနိုင်ရမယ်၊

၂။ Local Community ဒေသခံ လူမှုပတ်ဝန်းကျင် ကို တိုးတက်စေရမယ်။

ဥပမာ ~ ပြောရရင် Service ဘက်မှာဆို Telenor တို့ Ooredoo တို့ ဝင်လာတယ်၊ Telecom Sector အရမ်းတိုးတက်လာတယ်။ အင်တာနက် ကြောင့် ပညာသင်ယူမှု၊ အလုပ်အကိုင်၊ စီးပွားရေး၊ လူနေမှု စနစ်တိုးတက်လာတယ်။

Product ဘက်မှာဆို Genius ဥာဏ်ကြီးရှင် ကော်ဖီလိုမျိုး ထုတ်ကုန်ထွက်လာတယ်၊ ရွာငံ ဒေသ ဟာ တိုးတက်လာတယ်။

အခု ၇လမှာ တက်မလို့ စိတ်ကူးတဲ့ ထုတ်ကုန်ကဏ္ဍ ရပ်သွားပြီ၊ service ဝန်ဆောင်မှု ကဏ္ဍ လည်း ပြိုလဲနေပြီ။

အဲဒီဟာ ကွင်းဆက် အနေနဲ့ လူတိုင်းဆီ ရိုက်ခတ်လာမှာ သေချာတယ်။

ပြောချင်တာက ၂၀၂၁ မှာ ...

၁။ စားဝတ်နေရေး အတွက် ရပ်တည်လို့ ရရမယ်၊

၂။ လူကျန်းမာ ရမယ်။

အဲဒါဆို တော်တော်ကြီး ကောင်းနေပြီ ပြောရမယ်။

ပြီးရင် တော်လှန်ရေး အတွက် နိုင်သလောက်သာ ကူပေတော့။ ဘာလို့လဲ ဆိုတော့ နိုင်ငံရေးအရ မပြောဘူးနော်။ စီးပွားရေး အရပဲ ပြောမယ်။

တော်လှန်ရေး မအောင်မြင် မချင်း ဘာ အလုပ်မှ လုပ်မရမှာ ကျိန်းသေနေလို့၊

သိပ်မကြာခင် ပြည်သူတစ်ရပ်လုံးရဲ့ လူအား၊ ငွေအား အင်အားမှန်သမျှ လိုအပ်လာတာမျိုး ဖြစ်လာမယ်လို့ မျှော်လင့်တယ်။

ကျွန်တော်တို့အားလုံး လမ်းဆုံလမ်းခွ မှာ ...

၂၀၂၂ ကို သွားကြမလား?

ဖြည်းဖြည်းချင်း ဟိုး ၂၀၀၀ ခုနှစ်လောက် ကာလတွေဆီ ပြန်ရောက်သွားမလား? ရွေးရတော့မယ်။

နိုင်ငံရေး (တော်လှန်ရေး) ဟာ စီးပွားရေး ရဲ့ အကြီးမားဆုံး အသက်ပဲ။

နိုင်ငံရေး ကောင်းမှ စီးပွားရေး ကောင်းမှာ ... ။ အခြားနည်းလမ်း မရှိ။

#လွတ်လပ်စွာကူးတင်နိုင်ပါသည်

ေးရန်မလိုပါ

26/06/2021

အားလုံးအခုလိုကာလမှာ ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ

Address

No-200, Padauk(9)street, North Okkalapa
Yangon
11031

Website

Alerts

Be the first to know and let us send you an email when KTK STAR posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category