Mechanic Auto Parts

Mechanic Auto Parts မဂ်လာပါခင်ဗျာ🙏

ရေတိုင်ကီအဖုံး၏ အကျိုးအပြစ်များရေတိုင်ကီအဖုံးဆိုတာ အင်ဂျင်အအေးခံစနစ်မှာ ပါတဲ့ ယာဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး အအေးပေး...
27/07/2026

ရေတိုင်ကီအဖုံး၏ အကျိုးအပြစ်များ

ရေတိုင်ကီအဖုံးဆိုတာ အင်ဂျင်အအေးခံစနစ်မှာ ပါတဲ့ ယာဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး အအေးပေးစနစ်က သတ်မှတ် ဖိအားအောက်တွင်သာ ရှိနေစေရန် ထိမ်းသိမ်းဖို့ အသုံးပြုပါတယ်။

အကောင်းဆုံး အအေးပေးစနစ်ဖိအားက 13မှ 16 PSI ဝန်းကျင်ရှိသင့်ပါတယ်။

ရေတိုင်ကီအဖုံးကို ဒီဖိအားမှာ အမြဲရှိနေ‌စေဖို့ ပုံစံထုတ်ထားပါတယ်။

Coolant ဖိအား အတက်အကျကြောင့် Coolant အရည် ယိုစိမ့်ခြင်း၊ အဖြူရောင်အစင်းများ ပေါ်လာခြင်းနှင့် ရေပိုက်ကွဲခြင်း စသဖြင့် ရေတိုင်ကီအဖုံး မကောင်းရင် ဖြစ်တတ်တဲ့ လက္ခဏာများစွာ ရှိပါတယ်။

ဖိအားလွန်ကဲခြင်းကြောင့်

အအေးပေးစနစ်အစိတ်အပိုင်း ချို့ယွင်းမှုကို ဖြစ်စေပြီး

ဖိအားနည်းမယ်ဆို coolant အရည်များ ဆူပွက်ခြင်း ဖြစ်စေနိုင်ပါတယ်။

အအေးခံစနစ်ချို့ယွင်းရင် အင်ဂျင် အပူလွန်ကဲခြင်း ဖြစ်နိုင်ပါတယ်။

ရေတိုင်ကီအဖုံး ချွတ်ယွင်းမှု‌ကြောင့် အင်ဂျင်လည်ပတ်နေစဉ် အပူအလွန်အကျွံ တက်လာနိုင်ပြီး နောက်ဆုံးအင်ဂျင် ချို့ယွင်းမှုကိုဖြစ်စေနိုင်တဲ့ မြောက်မြားစွာသော နောက်ဆက်တွဲ ပြသနာတွေ ကြုံတွေ့လာနိုင်ပါတယ်။

မကောင်းတဲ့ အင်ဂျင်အပူထိန်းသိမ်းစနစ်၊ ရေတိုင်ကီအဖုံး head gasket စတာတွေရဲ့ အဖြစ်များ တွေ့ကြုံနိုင်တဲ့ လက္ခဏာအချို့ကို သေသေချာချာ လေ့လာကြည့်ပါ။

🔸🔸ရေတိုင်ကီအဖုံးမကောင်းလျှင် ဖြစ်တတ်သော လက္ခဏာများ

---------------------------------------------------------

ထုတ်လုပ်သူ‌တွေက

သတ်မှတ်ဖိအားအတိုင်းအတာတစ်ခု ပါ၀င်တဲ့ အအေးခံစနစ်အတွက် အဖုံးကို ဖန်တီးထာတာပါ။

ရည်ရွယ်ထုတ်လုပ်တဲ့ သတ်မှတ်ဖိအား ပမာဏထက် ပိုများသော ရေတိုင်ကီအဖုံးကို အသုံးပြုခြင်းက coolant ပိုက် ပျက်စေခြင်း

coolant ယိုစိမ့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

အအေးခံစနစ်မှာ လက်ရှိ အအေးခံစနစ်အတွက် အကောင်းဆုံးဖိအားကို ရောက်ရှိပြီးနောက်

ရေတိုင်ကီအဖုံးက ပိုပေးတဲ့ ဖိအားဒဏ်ကို ခံနိုင်ရည်မရှိတဲ့ အစိတ်အပိုင်းတွေက ယိုစိမ့်မှု၊ ပွင့်ထွက်မှု ၊

ဖိအားလွန်ကဲမှုကြောင့် coolant ပိုက်များ၊ ရေတိုင်ကီ၊ gasket သို့မဟုတ်ရေပန့် စတဲ့ စနစ်ရဲ့ အားနည်းတဲ့ နေရာတွေမှ coolant ယိုစိမ့်မှု ဖြစ်ပါလိမ့်မယ်။

ဒါ့ကြောင့် ရေတိုင်ကီအဖုံး မကောင်းလို့ လဲလှယ်မယ်ဆိုရင် သတ်မှတ်ဖိအား ပမာဏ နဲ့ တူညီတဲ့ အဖုံးကိုသာ အသုံးပြုသင့်ပါတယ်။

coolant ပိုက် အင်ဂျင် ကိုယ်ထည် စတာတွေမှာ ယိုစိမ့် Coolant အ ရောင်အစွန်းအထင်း တွေရှိမရှိ ကြည့်ပြီး ယိုစိမ့်မှု ရှိမရှိကို အမြင်နဲ့ ဆုံးဖြတ်နိုင်ပါတယ်။

🔸🔸အင်ဂျင်အပူလွန်ကဲခြင်း

----------------------

ဖိအားကို မခံနိုင်တဲ့ ရေတိုင်ကီ အဖုံးက အအေးခံရည် ဆူပွက်အမှတ်(Boiling Point)ကို လျော့ကျစေပြီး ယာဉ်အင်ဂျင်ကိုယ်ထည်မှ အပူစုပ်ယူနိုင်စွမ်းကိုလည်း လျော့ကျ စေနိုင်ပါတယ်။

ရေတိုင်ကီအဖုံး လုပ်‌ ဆောင်ချက်က ထိရောက်မှု မရှိတာကြောင့်

coolant မှာ လေခိုမှု ဖြစ်ရင်လည်း ပိတ်မိနေတဲ့ အအေးခံရည်ထဲက လေကအပူချိန် တက်မှု ဖြစ်လာပြီး အင်ဂျင်အပူလွန်ကဲမှု ဖြစ်စေနိုင်ပါတယ်။

gauge မှာပြတဲ့အပူချိန် သိသိသာသာ မြင့်တက်လာခြင်းက ရေဒီယေတာအဖုံး မကောင်းခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အပူလွန်ကဲတဲ့ အင်ဂျင်က ယာဉ်ကိုအလွန်အကျွံ ပျက်စီးစေနိုင်သော ကွဲပြားခြားနားတဲ့ အစိတ်အပိုင်းများကိုလည်း နောက်ဆက်တွဲ အနေနဲ့ ပျက်စီးစေနိုင်ပါတယ်။

အင်ဂျင် အပူလွန်ကဲလာတယ်ဆိုတာ သတိပြုမိတာနဲ့ အင်ဂျင်လည်ပတ်နေတာကိုရပ်တန့်ပစ်ဖို့ အရေးကြီးပါတယ်။

အပူလွန်ကဲတဲ့ အင်ဂျင်ကြောင့် ထိခိုက်ဒဏ်ရာရခြင်းမဖြစ်‌စေဖို့ စစ်ဆေးခြင်းမပြုခင် အင်ဂျင်အေးအောင် အရင် ထားပါ။

🔸🔸ရေနွေးအငွေ့များ ထွက်နေသော အင်ဂျင်

--------------------------------------

ဆိုးရွားတဲ့ ရေတိုင်ကီအဖုံးရဲ့ နောက်ထပ်လက္ခဏာတစ်ခုက ယာဉ်မှ အခိုးငွေ့များ ထွက်နေခြင်း ဖြစ်ပါတယ်။

ရေနွေးငွေ့တွေ ထွက်‌ေနခြင်းက အအေးခံရည် ဆူပွက်နေခြင်းဖြစ်ပြီး အအေးခံရည်က မကောင်းတဲ့ Seal၊ရေတိုင်ကီအဖုံး စတာတွေက တဆင့် အငွေ့ပုံစံနဲ့ ထွက်လာခြင်း ဖြစ်ပါတယ်။

ရေနွေးငွေ့တွေ ထွက်နေတဲ့ ယာဉ်ဟာ အင်ဂျင် အပူလွန်ကဲနေတယ်ဆိုတာ အတွက် အနီရောင်အဆင့် သတိပေးချက် ဖြစ်ပါတယ်။

အငွေ့ပျံထွက်‌နေခြင်းက များသောအားဖြင့် အင်ဂျင် အအေးခံရည် အလွန်အကျွံ ပူနေတာ ဖြစ်တာကြောင့် ပြုပြင်သူအနေနဲ အင်ဂျင်ပြသနာတွေကို စစ်ဆေးဖို့ အဖုံးကိုမဖွင့်ခင် အရင်အအေးခံ ထားသင့်ပါတယ်။

ရေငွေ့ပျံခြင်း‌ကြောင့် ပုံမှန်ရှိသင့်တဲ့ coolant ပမာဏထက် coolant ပိုမို လျော့နည်း ဆုံးရှုံးခြင်း ဖြစ်စေပြီး အင်ဂျင်မှ ထုတ်နေတဲ့ အပူကိုဖယ်ရှားဖို့ လုံလောက်တဲ့ အအေးခံရည် ပမာဏ မရှိတော့တာမျိုး ဖြစ်လာနိုင်ပြီး အင်ဂျင်အပူက ပိုမို ဆိုးရွားစွာ မြင့်တက်လာစေနိုင်ပါတယ်။

ဒါကြောင့် ရေနွေးငွေ့တွေ ထွက်နေရင် အင်ဂျင်ကို အမြန်ဆုံး ရပ်တန့်ပစ်နိုင်ဖို့ လိုပါတယ်။

🔸🔸ကန်ထွက် (သို့) ပြုတ်ထွက်နေသောရေတိုင်ကီပိုက်

------------------------------------------------

ရေတိုင်ကီအဖုံး မကောင်းခြင်းကြောင့် ရေပိုက်အတွင်း ဖိအား အတက်အကျမမှန်ခြင်း ဖြစ်စေနိုင်ပြီး ရေပိုက်များ ကွဲထွက် ပြုတ်ထွက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

ဖိအားနိမ့်ခြင်းက ရေပိုက်တွေအတွင်း လေဟာနယ်များ ဖြစ်ပေါ်စေနိုင်ပြီး တစ်ချိန်တည်းမှာ ဖိအားပိုများခြင်းက ပိုက်များကို ပေါက်ပြဲခြင်း အက်ကွဲခြင်း ပွင့်ထွက်ခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။

ရေပိုက်ပေါက်ခြင်းက အင်ဂျင်အပူလျော့ချပေးနိုင်တဲ့ coolant ပမာဏကို လျှော့ကျ‌စေပါတယ်။

ပိုများတဲ့ ဖိအားက ပိုက်ကို လုံးဝပျက်စီး‌အောင် မဖျက်နိုင်‌ေတာင် အပေါက်ငယ်လေးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

ယာဉ်ရပ်ထားပြီး ရေပိုက်အတွင်း ဖိအား လျော့ကျနေစဉ် ဒီအပေါက်‌တွေကို မြင်ချင်မှမြင်ရမှာပါ။

ရေပိုက်အတွင်း ဖိအားတက်လာချိန်မှာ ရေယိုစိမ့်မှု ဖြစ်နိုင်ပါတယ်။

ဒီလို သေးငယ်တဲ့ အပေါက်လေးတွေ ရှိမရှိ ဆပ်ပြာရည်အသုံးပြုပြီး စစ်ဆေးနိုင်ပါတယ်။

🔸🔸အဆက်မပြတ် ပြည့်လျှံထွက်‌နေသောရေလှောင်ကန်ငယ်

------------------------------------------------------

သတ်မှတ်ထားတဲ့ ဖိအားပမာဏထက် ကျော်လွန်တဲ့အခါ ဖိအားကိုထိန်းညှိပေးဖို့ overflow reservoir ထဲ coolant ကို စီးဝင်စေပါတယ်။

ဒါပေမယ့် ရေတိုင်ကီအဖုံးမကောင်းတဲ့အခါ အင်ဂျင်က coolant ကို ပိုလျှံတဲ့ ဖိအား‌ကြောင့် မဟုတ်ဘဲ ရေလှောင်ကန်ဆီ ‌စီးဆင်းစေခြင်း ဖြစ်စေပါတယ်။

ဒါက ရေတိုင်ကီအတွင်း ဖိအားဆုံးရှုံးမှုဖြစ်စေပြီး ဖိအားအနည်းငယ် သို့မဟုတ်လုံးဝမရှိတာမျိုး ဖြစ်စေနိုင်ပါတယ်။

ဖိအားနည်းခြင်းက စနစ်အတွင်း ထွက်ပေါက် တစ်ခုရှိနေခြင်း၊ မကောင်းတဲ့ Radiator အဖုံး ဒါမှမဟုတ် မကောင်းတဲ့ coolant reservoir cap ရဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။

စောစောကပြောခဲ့သလိုဘဲ

ဖိအားနိမ့်တာကြောင့်ရေတိုင်ကီ အအေးခံရည်က အပူလွန်ကဲပြီးအင်ဂျင် ချို့ယွင်းတာကိုဖြစ်စေနိုင်ပါတယ်။

ဒါ့ကြောင့်၊ မကောင်းတဲ့ရေတိုင်ကီအဖုံး‌ေကြာင့် ပြည့်လျှံတဲ့ လက္ခဏာကိုသတိပြုမိရင် ရေတိုင်ကီအဖုံးကို စစ်‌ေဆးပြီး လိုအပ်ရင် အစားထိုး လဲလှယ်ဖို့ လိုအပ်ပါတယ် ။

🔸🔸Cooling System ထဲသို့ လေများ ဝင်ရောက်ခြင်း

-----------------------------------------------

ရေတိုင်ကီအဖုံး ချို့ယွင်းမှုရဲ့နောက်ထပ်လက္ခဏာတစ်ခုက အအေးခံစနစ်ထဲကို လေများ ဝင်‌ ရောက်လာခြင်း ဖြစ်ပါတယ်။

ပိုက်များစတင် မအက်ကွဲမီ စနစ်အတွင်း လေဝင်ရောက်နေတာကို သတိပြုမိချင်မှ ပြုမိပါလိမ့်မယ်။

အအေးပေးစနစ်အတွင်း ဝင်ရောက်တဲ့ လေကြောင့် ပိုက်လိုင်း အတွင်း ဖိအား‌လျော့နည်းခြင်း လေဟာနယ် နေရာများမှာ အပူချိန်မြင့်တင်ပြီး ကွဲအက်ခြင်းများဖြစ်စေနိုင်ပါတယ်။

ဖိအားနည်းခြင်းက ရေပိုက်‌တွေကို အက်ကွဲစေပြီး ယိုစိမ့်မှုကို ဖြစ်စေပါတယ်။

🔸🔸Coolant Level နိမ့်ခြင်း

----------------------

အထက် ဖော်ပြပါ အချက်‌တွေအားလုံးက တစ်နည်းမဟုတ်တစ်နည်းနဲ့ ရေတိုင်ကီအတွင်းက coolant level ကို နိမ့်စေနိုင်ပါတယ်။

ပြစ်ချက်တိုင်းက ရေတိုင်ကီဖုံးနဲ့ ပတ်သတ်နိုင်ပါတယ်။

ပေါက်နေတဲ့ ရေပိုက်က ဖိအား လျော့နည်းမှု ယိုစိမ့်မှုကိုဖြစ်စေနိုင်သလို ရေတိုင်ကီအဖုံးကလည်း ဖိအား လျော့နည်းမှုနဲ့ coolant level ကို သိသိသာသာကျဆင်းစေနိုင်ပါတယ်။

ကောင်းကောင်းမွန်မွန် မဖုံးထားတဲ့ ရေတိုင်ကီ အဖုံးကလည်း ဖိအားအတက်အကျ ဖြစ်ပေါ်စေနိုင်ပြီး ရေလှောင်ကန်ငယ် ပြည့်လျှံလာစေနိုင်ပါတယ်။

Coolant အဆင့်နိမ့်ခြင်း ပုံမှန်ထက် အ‌အေးခံရည် ဆုံးရှုံးမှု ပိုမြန်ခြင်းက သတိထားသင့်တဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။

🔹🔹🔹ရေတိုင်ကီအဖုံး ကောင်းမကောင်း ဘယ်လိုစမ်းသပ် စစ်ဆေးရမလဲ?

----------------------------------------------------------------

ရေတိုင်ကီ အဖုံးကို အစားထိုးဖို့အချိန်ရောက်ပြီလား ဆိုတာ သိဖို့ ရေတိုင်ကီအဖုံး ကောင်းမကောင်း စစ်ဆေးနိုင်ဖို့ လိုပါတယ်။

အင်ဂျင်ကို စက် ၁၀ မိနစ်ခန့် နှိုးထားပါ။ နှိုးထားစဉ် အဖုံးနှင့်ပိုက်များမှ အအေးခံရည် ယိုစိမ့်မှုသို့မဟုတ်ပူဖောင်းများ ဖြစ်ပေါ်ခြင်း ရှိမရှိ စစ်ဆေးပါ။

ယိုစိမ့်မှု လက္ခဏာ တစ်စုံတစ်ရာ မတွေ့ပါက အဝတ်ထူထူ ဒါမှမဟုတ် အပူဒဏ်ခံ လက်အိတ် ဝတ်ပြီးရေတိုင်ကီအဖုံးကို ဖြည်းဖြည်းချင်း လှည့်ပါ။ အဖုံးကိုမဖြုတ်ပါနဲ့။

အနည်းငယ် လျော့ထားသော ရေတိုင်ကီအဖုံးမှ ရေနွေးငွေ့ အနည်းငယ်နဲ့ ရေပူဖောင်းအနည်းငယ် ထွက်လာတယ်ဆိုရင် coolant က သတ်မှတ်ထားတဲ့ ဖိအားအောက်မှာ သာ ရှိနေတယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

ရေနွေးငွေ့လုံးဝ မထွက်လာဘူး ဆိုရင် ဖိအားယိုစိမ့်မှုရှိတယ် ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

ရေတိုင်ကီအဖုံးက ဖိအားချို့ယွင်းချက်နဲ့ယိုစိမ့်မှု ဟုတ်မဟုတ် စစ်ဆေးဖို့ Radiator and Cap Test Kit ကို အသုံးပြု စစ်ဆေးနိုင်ပါတယ်။

ဒီ ကိရိယာကို မသုံးခင် စက်သတ်ပါ။

ရေတိုင်ကီအဖုံးကို မဖယ်ရှားခင်အနည်းဆုံး မိနစ် ၃၀ စောင့်ပါ။

ဖိအား gauge ကို cap adapter နဲ့ ကောင်းကောင်းမွန်မွန် ချိတ်ဆက်ပါ။

Tester က လေစုပ်ပန့် သုံးပြီး ဖိအား ဖြည့်ပါ။

သက်ဆိုင်ရာ ပြုပြင်နည်း လက်စွဲစာအုပ်မှာ အကြံပြုထားသော PSI ပမာဏနဲ့ tester gauge မှ ဖတ်ယူရရှိမှုကို တိုက်ဆိုင် စစ်ဆေးပါ။

ရေတိုင်ကီ အဖုံးလဲသင့် မလဲသင့် ဆုံးဖြတ်နိုင်ပါလိမ့်မယ်။

ဖိအားက အကြံပြုထားတဲ့ ဖိအားအထိ တက်မလာနိုင်ရင်

တစ်ဖြည်းဖြည်း ပြန်ကျသွားရင် ရေပိုက် ပိုက်ဆက် ရေတိုင်ကီ စတဲ့ စနစ် ရေလည်ပတ်လမ်း တစ်နေရာရာမှ ယိုစိမ့်မှု ဖြစ်နေတာ ဖြစ်ပြီး

တက်လာတယ်ဆိုရင် ရေတိုင်ကီ အဖုံး ချို့ယွင်းပြီး ယိုစိမ့်မှု ဖြစ်နေတာ ဖြစ်ပါတယ်။

🔹🔹🔹ရေတိုင်ကီအဖုံး မကောင်းဘဲနဲ့ အင်ဂျင်ကို လည်ပတ် မောင်းနှင်ရင် ဘာဖြစ်မလဲ?

-----------------------------------------------------------------------

အင်ဂျင်က မကောင်းတဲ့ ဒါမှမဟုတ် မှားယွင်းတဲ့ ရေတိုင်ကီအဖုံး အသုံးပြု လည်ပတ်မယ်ဆို အင်ဂျင် အပူလွန်ကဲပါလိမ့်မယ်။

ရေတိုင်ကီဖိအား အလွန်နည်းမယ်ဆို အင်ဂျင်မှထုတ်တဲ့ အပူအားလုံးကို ဖယ်ထုတ်နိုင်မှာ မဟုတ်ပါဘူး။

အပူရှိန်လွန်ကဲခြင်းက အင်ဂျင်အစိတ်အပိုင်းများအတွက် ပိုဆိုးသော ပြသနာများ ဖြစ်စေနိုင်တဲ့ ဂတ်စ်ကတ် ပျက်စီးခြင်းလည်း ဖြစ်စေနိုင်ပါတယ်။

🔹🔹🔹မကောင်းသောရေတိုင်ကီအဖုံးကြောင့် လေပူဖောင်းတွေ ဖြစ်စေနိုင်သလား?

------------------------------------------------------------------------

မ‌ေကာင်းတဲ့ မှားယွင်းတဲ့ ရေတိုင်ကီအဖုံးက အအေးပေးစနစ်အတွင်းသို့လေ၀င်ရောက်ခြင်းဖြစ်‌စေပြီး ရေလှောင်ကန်မှာ လေပူဖောင်းတွေ ထွက်တာမျိုး ဖြစ်‌စေနိုင်ပါတယ်။



ရေတိုင်ကီအဖုံးက ရေတိုင်ကီထဲက coolant စနစ်အတွင်း လည်ပတ်မှုကို တည်ငြိမ်‌စေပါတယ်။

ရေတိုင်ကီအဖုံး မကောင်းလျှင် စုပ်စက်၊ အင်ဂျင်ဘလောက်နဲ့ ရေတိုင်ကီ အတွင်း coolant ချောချော‌မွေ့မွေ့ စီးဆင်းနိုင်မှာ မဟုတ်ပါဘူး။

မကောင်းတဲ့ ရေဒီယေတာကလည်း coolant အရည်ကို ရေနွေးငွေ့ပူဖောင်း /လေသံ အနေနဲ့ ထုတ်လွှတ်နိုင်ပါတယ်။

Coolant ယိုစိမ့်မှုက အပူလွန်ကဲခြင်းနဲ့ gasket ပျက်စီးချို့ယွင်းခြင်းကိုဖြစ်စေနိုင်တာကြောင့် အင်ဂျင်ပိုမိုပျက်စီးစေခြင်းမှ ကာကွယ်ရန် ယိုစိမ့်မှုကို တတ်နိုင်သမျှ အမြန်ဆုံးပြုပြင်သင့်ပါတယ်။

ရေတိုင်ကီအဖုံးအစားထိုးလဲလှယ်မယ်ဆိုထုတ်လုပ်သူ သတ်မှတ်ရေတိုင်ကီအဖုံး သတ်မှတ်ချက်နဲ့ ကိုက်ညီမှု ရှိမရှိ တိုက်ဆိုင်စစ်ဆေးပါ။

ယာဉ်အတွက် လိုအပ်သော ဖိအား ထိန်းချုပ်မှု မရှိတဲ့ တွေ့ရာ ရေတိုင်ကီ အဖုံး ၀ယ်ယူ တပ်ဆင်ခြင်းကို ရှောင်ကြဉ်ပါ။

ရေတိုင်ကီအဖုံးကအကန့်အသတ်မရှိကြာရှည် ခံပါတယ်။

ဒါပေမဲ့ အခြေအနေ အပေါ်မူတည်ပြီး အချိန်မတိုင်မီ ရေတိုင်ကီအဖုံးပျက်စီးတာမျိုး ဖြစ်နိုင်ပါတယ်။

ကမ်းရိုးတန်းဒေသ တွေမှာ စိုထိုင်းဆ အငန်ဓာတ်စတဲ့ အခြေအနေ‌ေတွက ယာဉ်အစိတ်အပိုင်း‌ေတွ သံချေးတက် လွယ်ကူပါတယ်။

အေးတဲ့ဒေသ နှင်းကျတဲ့ဒေသ ယာဉ် ထားသိုမှု ပုံစံ တွေအပေါ် မူတည်ပြီး သံချေးတက်ခြင်းက ပိုမြန်မြန်ဆန်ဆန် ဟောင်းနွမ်းပျက်စီးစေနိုင်ပါတယ်။

Crd; Photo

မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်

စာဖတ်သူများကျန်းမာချမ်းသာဘေးကင်းကွာကြပါစေခင်ဗျာ🙏🙏🙏

ချစ်ကိုကြီးတို့အားလပ်ချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ်ကြီး (၆) အုပ်၀ယ်ဖတ်လို့ရပါတယ်🙏
ပေးရတဲ့ငွေကြေးတန်းဖိုးထက်10ဆမကတန်ဖိုးရှိသောလက်တွေ့အသုံး၀င်တဲ့ကားပြင်စာအုပ်တွေဖြစ်ကြောင်းအာမခံပါတယ်ခင်ဗျာ

#ကားစက်ပြင်အခြေခံစာအုပ်ကြီး
♦️19000ကျပ်♦️
https://m.facebook.com/story.php?story_fbid=766847602150418&id=100064755550366&mibextid=Nif5oz

#အော်တိုဂီယာဗားဘော်ဒီစာအုပ်ကြီး
♦️20000ကျပ်♦️
https://m.facebook.com/story.php?story_fbid=1013562349431096&id=127119418075398

#ကားWiring&ECUစာအုပ်ကြီး
♦️20000ကျပ်♦️
https://www.facebook.com/127119418075398/posts/1109230133197650/

#စက်ပြင်ဆရာလက်စွဲဓာတ်ဆီအင်ဂျင်စာအုပ်ကြီး
♦️18000ကျပ်♦️
https://www.facebook.com/127119418075398/posts/1074605609993436/

#ဒီဇယ်အင်ဂျင်နှင့်ကွန်မွန်းရေးစာအုပ်ကြီး
♦️20000ကျပ်♦️
https://m.facebook.com/story.php?story_fbid=667128985455614&id=100064755550366&mibextid=Nif5oz

EFi & Sensorကား၀ပ်ရှော့နည်းပညာများစာအုပ်ကြီး
♦️19000ကျပ်♦️
https://www.facebook.com/100064755550366/posts/551421737026340/

မြန်မာလိုကားစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်📞09796756476 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ

🙏စာအုပ်တွေအားပေးတဲ့ထမင်းရှင်ချစ်ကိုကြီးများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏

အင်ဂျင် အအေးခံရည် (Coolant)🍀🍀🍀🍀🍀⃣ အင်ဂျင် အအေးခံရည် (coolant) တွင် • ရေ (water)၊• ရေအလွယ်တကူမခဲစေရန် သုံးသည့် ဓါတု ဆေးရည...
21/07/2026

အင်ဂျင် အအေးခံရည် (Coolant)
🍀🍀🍀🍀🍀

⃣ အင်ဂျင် အအေးခံရည် (coolant) တွင်
• ရေ (water)၊
• ရေအလွယ်တကူမခဲစေရန် သုံးသည့် ဓါတု ဆေးရည် (antifreeze) နှင့်
• SCA (Supplemental Cooling Additives) ဟုခေါ်သော သံချေးတက်ခြင်း၊ သံချေးစားခြင်းမှ ကာကွယ်ပေး နိုင်ရန်အသုံးပြုသော additives များနှင့် cooling system အတွက် လိုအပ်သော အခြား additives များ ရောနှောပါဝင်သည်။

⃣ Coolant ၏ အဓိကတာဝန်မှာ
✔(၁) အင်ဂျင်မှ ထွက်ရှိလာသော အပူကို သယ်ဆောင်လာပြီး ရေတိုင်ကီ၌ ပြင်ပလေဖြင့် အအေးခံရန်
✔(၂) အင်ဂျင်နှင့် အအေးခံစနစ် (cooling system) ကို သံချေးတက်ခြင်းနှင့် သံချေးစားခြင်းမှ ကာကွယ်ပေးနိုင် ရန်နှင့်
✔(၃) အေးသောရာသီဥတု အခြေအနေများတွင် coolant အေးခဲသွားခြင်းမှ ကာကွယ်ပေးနိုင်ရန် တို့ဖြစ်သည်။

⃣ ရေသည် အခြားသောအရည်များထက် အပူကိုပို၍ စုပ်ယူနိုင်သော်လည်း ပင်လယ်ရေမျက်နှာပြင် အခြေအနေ၌
• ၁ဝဝ ဒီဂရီစင်တီဂရိတ်တွင် ရေဆူပြီး
• ဝ ဒီဂရီ စင်တီဂရိတ်တွင် ရေခဲသည်။ ရေသည်ခဲသွားလျင် မူလရှိသော ထုထည်ထက်
၉ ရာခိုင်နှုန်းခန့် တိုးလာလေ့ရှိသည်။
🚨 ထို့ကြောင့် အင်ဂျင်အတွင်း ရေခဲလျင် အင်ဂျင်ဘလောက်တုံး၊ စလင်ဒါဟက်နှင့် ရေတိုင်ကီတို့ အလွယ်တကူ ကွဲအက်စေနိုင်သည်။

⃣ Antifreeze ၏ အရည်ခဲမှတ်မှာ
၁၈ ဒီဂရီစင်တီဂရိတ် ဖြစ်သည်။
✔Antifreeze ၅ဝ ရာခိုင်နှုန်း နှင့် ရေ ၅ဝ ရာခိုင်နှုန်း ရောထားသော coolant ၏
• အရည်ခဲမှတ်မှာ ၃၇ ဒီဂရီစင်တီဂရိတ် ဖြစ်ပြီး
• အရည်ဆူမှတ်မှာ ၁ဝ၃ ဒီဂရီစင်တီဂရိတ် ဖြစ်သည်။
✔Antifreeze ၇ဝ ရာခိုင်နှုန်း နှင့် ရေ ၃ဝ ရာခိုင်နှုန်း ရောထားသော coolant ၏
• အရည်ခဲမှတ်မှာ ၆၄ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး
• အရည်ဆူမှတ်မှာ ၁ဝ၇ ဒီဂရီစင်တီဂရိတ် ဖြစ်သည်။

⃣ Coolant တွင် antifreeze ပါဝင်မှု အချိုးအစား များလေလေ အရည်ဆူမှတ် မြင့်လာလေလေ ဖြစ်သည်။
🚨သို့သော် Coolant တွင် antifreeze ပါဝင်မှု အချိုးအစား ၇ဝ ရာခိုင်နှုန်း အထိသာ အရည်ခဲမှတ် ပို၍နိမ့်ကျစေနိုင်ပြီး ၇ဝ ရာခိုင်နှုန်း ကျော်သွားပါက အရည်ခဲမှတ် ပြန်၍မြင့်တက် လာစေသည်။ Antifreeze ပါဝင်မှုများလျင် coolant ၏ အပူစုပ်ယူမှု ကျဆင်းပြီး အအေးခံနိုင်မှု စွမ်းဆောင်ရည် ကျဆင်းလာ နိုင်သည်။

⃣ ထို့ကြောင့် အင်ဂျင်ထုတ်လုပ်သူ အများစုသည် coolant ကို ရေချည်းသက်သက် အသုံးပြုခြင်းကို recommend လုပ်လေ့မရှိဘဲ antifreeze ၅ဝ ရာခိုင်နှုန်း နှင့် ရေ ၅ဝ ရာခိုင်နှုန်း ရောထားသော coolant ကိုသုံးရန် recommend လုပ်ကြသည်။
✔ ၎င်း antifreeze ၅ဝ ရာခိုင်နှုန်းနှင့် ရေ ၅ဝ ရာခိုင်နှုန်း ရောထားသော coolant သည် cooling system ၏ လိုအပ်သော အပူကူးပြောင်းမှုနှင့် အေးခဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သော အင်ဂျင် အစိတ်အပိုင်းများ ပျက်စီးခြင်း တို့နှစ်ခုကြားတွင် သင့်တော်မျှတသော အရောနှော အချိုးဖြစ်သည်။
🚨 ထို့ကြောင့် အသင့် ရောစပ်ပီးထုတ်လုပ် ထားသော coolant အရည်များ ကို ရေထပ် မရောသင့်တော့ပါ။
🚘🚘🚘🚘🚘

စာဖတ်သူများကျန်းမာချမ်းသာဘေးကင်းကွာကြပါစေခင်ဗျာ🙏🙏🙏

ချစ်ကိုကြီးတို့အားလပ်ချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ်ကြီး (၆) အုပ်၀ယ်ဖတ်လို့ရပါတယ်🙏
ပေးရတဲ့ငွေကြေးတန်းဖိုးထက်10ဆမကတန်ဖိုးရှိသောလက်တွေ့အသုံး၀င်တဲ့ကားပြင်စာအုပ်တွေဖြစ်ကြောင်းအာမခံပါတယ်ခင်ဗျာ

#ကားစက်ပြင်အခြေခံစာအုပ်ကြီး
♦️19000ကျပ်♦️
https://m.facebook.com/story.php?story_fbid=766847602150418&id=100064755550366&mibextid=Nif5oz

#အော်တိုဂီယာဗားဘော်ဒီစာအုပ်ကြီး
♦️20000ကျပ်♦️
https://m.facebook.com/story.php?story_fbid=1013562349431096&id=127119418075398

#ကားWiring&ECUစာအုပ်ကြီး
♦️20000ကျပ်♦️
https://www.facebook.com/127119418075398/posts/1109230133197650/

#စက်ပြင်ဆရာလက်စွဲဓာတ်ဆီအင်ဂျင်စာအုပ်ကြီး
♦️18000ကျပ်♦️
https://www.facebook.com/127119418075398/posts/1074605609993436/

#ဒီဇယ်အင်ဂျင်နှင့်ကွန်မွန်းရေးစာအုပ်ကြီး
♦️20000ကျပ်♦️
https://m.facebook.com/story.php?story_fbid=667128985455614&id=100064755550366&mibextid=Nif5oz

EFi & Sensorကား၀ပ်ရှော့နည်းပညာများစာအုပ်ကြီး
♦️19000ကျပ်♦️
https://www.facebook.com/100064755550366/posts/551421737026340/

မြန်မာလိုကားစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်📞09796756476 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ

🙏စာအုပ်တွေအားပေးတဲ့ထမင်းရှင်ချစ်ကိုကြီးများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏

📛 ကားနဲ့ပတ်သတ်ပြီးဆောင်ရန် ၊ရှောင်ရန်များ 📛၁။ ကားစက် စနှိုးမယ် ဆိုရင် (၃)ခါထက်ပိုပြီး   မရမခြင်း တကျိကျိနဲ့ မနှိုးပါနဲ့ ...
20/07/2026

📛 ကားနဲ့ပတ်သတ်ပြီးဆောင်ရန် ၊ရှောင်ရန်များ 📛
၁။ ကားစက် စနှိုးမယ် ဆိုရင် (၃)ခါထက်ပိုပြီး
မရမခြင်း တကျိကျိနဲ့ မနှိုးပါနဲ့ ဘက်ထရီ ကြောင့်လား ? starter motor ကြောင့်လား ဆီကုန်နေတာလား?
သိတဲ့လူနဲ့ တိုင်ပင်ပါ။
အလွယ်နည်းလုပ်ကြတာတော့ ဟွန်းတီးကြည့်လို့
အသံကျယ်တယ်ဆိုရင် battery ကောင်းတယ်ပေါ့။
(ဟွန်းတော့ကောင်းရမယ်)
၂။ ကားစက်နှိုးပြီးတာနဲ့ ချက်ချင်း ဂီယာထိုးပြီး
တန်းမထွက်ပါနဲ့ 10~15 sec (၁၀ မှ ၁၅ စက်ကန့်)
လောက်စောင့်ပြီးမှ ဂီယာထိုး ထွက်ပါ။
အကြောင်းရင်း ကတော့ အင်ဂျင်ဝိုင်တွေ
အင်ဂျင်အထက်ထိ တက်အောင်စောင့်ခိုင်းတာပါ။
ပြီးရင်လည်း လီဗာ(accelerator) ကို တန်းပြီး
တရှိန်ထိုးမနင်းပါနဲ့ ဂီယာကို တစ်ဆင့်ခြင်း ပြောင်းသွား
အောင် နင်းလိုက် လျှော့လိုက်နဲ့ အရှိန်တင်သွားပါ။
၃။ ဆီ ထည့်တဲ့ နေရာမှာလည်း ကိုယ့်ကားနဲ့
ကိုက်ညီတဲ့ octane number ကိုသုံးရပါမယ်။
ဒါပေမယ့် မြန်မာပြည်မှာတော့ ကားတစ်စီးဝယ်ပြီးရင်
ထိုးမရပ်မခြင်းစီးတော့တာပါပဲ။
owner manual / service manual စတဲ့
စာအုပ်လေးတွေ ကားမှာ ပါရင်ပါ မပါရင်
online ကနေရှာ ဖတ်လို့ရပါတယ်။
ဒီမှာက ကိုက်ညီတဲ့ octane number
သိတောင်မှ ရှိတဲ့ ဆီဆိုင်ကနေ ဟုတ်ဟုတ် မဟုတ်ဟုတ်
92 နဲ့ 95 ပဲထည့်ရတာပါပဲ။ octane နဲ့ပတ်သတ်ပြီး
ကျွန်တော် ရေးပြီးသားပါ။
ဆီနဲ့ ပတ်သတ်ပြီးတော့ကံဆိုး/ ကံကောင်းပေါ့။
၄။ အင်ဂျင်ဝိုင် လဲဖို့ကတော့ ယေဘူယျ အားဖြင့်
5000 kmတစ်ခါလဲပါ။ အင်ဂျင်ဝိုင် အမျိုးအစား
ကောင်းရင် ကောင်း သလို 10000 km ထိရတာလည်း
ရှိပါတယ်။ အဓိက ကတော့ သတ်မှတ် level
(lower limit နဲ့ upper limit) ကြားမှာရှိပြီး upper level
အမှတ် အနား ကပ် ရပါမယ်။ workshop တော်တော်
များများက customer အကြိုက် အင်ဂျင်ဝိုင်ပုံး
အကုန်လောင်း ထည့်ပေးတတ်ပါတယ်။ အင်ဂျင်ဝိုင်
များခြင်းဟာ နည်းခြင်းနဲ့ ဆိုကျိုးအတူတူပါပဲ။
အင်ဂျင်ဝိုင်ထဲမှာ bubble တွေဖြစ်ပြီး ပန့်ပျက်တတ်ပါ
တယ်။
၅။ ဂီယာဝိုင် (auto ဆီ) လည်းအတူတူပါပဲ။
over ဖြစ်လို့ ကျွန်တော် အမြဲ ပြန်စုပ်ထုတ်ရပါတယ်။
ကိုယ့်ဟာကို ဆီလျှော့ချင်ရင် ပိုက်သေးလေးနဲ့
dip stick ထုတ်ပြီး အဲ့အပေါက်ကနေ ပိုက်ထိုးပြီး
(ဆိုက်ဖွန်) နည်းနဲ့ပဲ ထုတ်လို့ရပါတယ်။
အရေးကြီးတာ ကတော့ ATF နဲ့ CVTF မမှားဖို့ပါပဲ။
Theory အရ ATF ကို CVT မှားထည့်တာထက်
CVT ကို ATF ထည့်မိတာ ပိုဆိုးပါတယ်။
ကိုယ့်ကား ဂီယာဘောက်စ်ကို လေ့လာဖို့ လိုပါတယ်။
ဒီမှာ လေ့လာကြည့်ပါ
၆။ ကိုယ့် plug ကအကောင်းစားဖြစ်ပြီး အခြေအနေ
ကောင်းသေးရင် ဆေးပြီးသုံးသင့်ပါတယ်။
ဒါပေမယ့် engine oil တွေ ပုံးအကုန်လောင်းထည့်ပေး
သလိုပါပဲ plug ဆေးတာမှာလည်း plug ကို ဓားနဲ့
အသားကုန်ခြစ်ခြင်းဟာ မှားပါတယ်။
plug ဆေးတဲ့ဆေးရည်သုံးပြီး သွားပွတ်တံ
လေးနဲ့ပဲ ဆေးရမှာပါ။
ဒီကဆီတွေနဲ့က တော့ plug လဲလိုက်တာအကောင်းဆုံး
၇။ တစ်ပတ်တစ်ခါတော့ ကားစက်မနှိုးခင်လေး
ကားရေတိုင်ကီ (radiator) လေးကို အဖုံးဖွင့်ကြည့်ပါ။
(ကားစက်နှိုးပြီး / မောင်းပြီးကာစ လုံးဝ မဖွင်ပါနှင့်)
အမြဲ ပြည့်နေရပါမယ်။ မပြည့်ရင် သတ်မှတ်ရေလေး
ဖြည့်ကြည့်ပါ။ မောင်းပြီး အင်ဂျင်အေးရင်
ပြန်ဖွင့်ကြည့်ပါ။လျော့နေရင် leakage ဖြစ်နေတာပါ။
တစ်ပတ်တစ်ခါ ပြည့်နေရင်တော့မလိုပါ။
ရေပြန်ဘူးက စစ်တာ အကောင်းဆုံးပါ။
ရေတိုင်ကီ အဖုံးကို ဖွင့်စစ်ပါများရင် ရေမလုံ
တတ်ပါတယ်။ ဂရုစိုက်ပါ။
၈။ တာယာလေပေါင်ကို driver door နောက်မှာ
ကပ်ထားတဲ့ အတိုင်းဖြည့်ပါ။ ဖြစ်နိုင်ရင် ဘီးလေစစ်
တဲ့ ကိရိယာလေးဝယ်ထားပါ(ဘတ် 100 )တချို့ဆီဆိုင်
တွေက လေပေါင်တော်တော်များပါတယ်။
အကြောင်းက
လေဆိုင်မှာ သုံးတဲ့ လေဖိအားချိန် ကိရိယာက
အသုံးများတော့ ဂျီးကပ်ပြီး ဖိအား မတက်တာပါ။
သတိထားပါ။ တာယာတွေကတော့ Theory မှာ
၆ နှစ်ခံပါတယ်။ အသုံးပြုမှုအပေါ် မူတည်ပြီး
၄ နှစ်လောက်ထိ သက်တမ်းကျနှိုင်ပါတယ်။
တာယာတွေရဲ့ သက်တမ်းဟာ ဝယ်ပြီးသိမ်းထားလည်း (၆) နှစ်ပဲဆိုတာ သတိထားပါ။
၉။ ကားကို ခရီးဝေးသွားတော့မယ်ဆို
အောက်ပိုင်းစစ်ပြီး alignment ချိန်ပါ။
၁၀။ မီးစုံလင်းဖို့နဲ့ ဟွန်းကောင်းဖို့ ကတော့ ပြောဖို့
လိုမည် မထင်ပါ။ ကျန်တာတွေရှိပါသေးတယ်။
ဒီ ၁၀ ချက်ကတော့ ကားဝယ်စီးပြီး ဘောနပ်ဖုံး
တစ်ခါမှ လှန်မကြည့်ဘူးတဲ့ သူများအတွက်ပါ။
တစ်ဆက်ထဲ အခေါ်အဝေါ် အမှားလေးတွေပါ ရေးပါ
ရစေ။

Swift, Vitz,
Fit, Ractis,
Demio, C**t, Passo စတဲ့ တံခါး ၅ ပေါက်ပါတဲ့
ကားတွေက Hatchback အမျိုးအစားပါ။
Axio, Belta,
Premio, Allion, Latio စတဲ့ တံခါး ၄ ပေါက်ပါတဲ့
ကားတွေက Saloon (Sedan) ကားတွေပါ။
AD van, Mark II Blit တို့လိုက
Station wagon (van) တွေပါ။
တံခါး ၅ပေါက်မှာမှ suzuki R + လို
နောက်တံခါးက အဖြောင့်ဆိုရင် Wagon ပါ။
Wish တို့ Ipsum တို့ က
MPV (Multipurpose vehicle) ပါ။
စကွိုင်လာ မဟုတ်ပါဘူး စပွိုင်လာ (spoiler) ပါ။
ဖောက်ကလပ်မီး မဟုတ်ပါ ဖောက်လိုက် (Fog light)ပါ။ Demio 2009 modelကစပြီး rpm ခွက်ပါတာပါ။
2 rpm မဟုတ်ပါ။
Swift 2006 ထိ 1.3 များပြီး နောက်ပိုင်း
model တွေက 1.2 များပါတယ်။
March, Latio, Note ပုံပြောင်းလေးတွေက
1.2 ပါ 1.3 မဟုတ်ပါ။
ကားစ မောင်းထွက်တဲ့အချိန် exhaust line ရဲ့
အအေးကြောင့် စထွက်တဲ့ exhaust gas ထဲက
ရေငွေ့ ဟာ ငွေ့ရည်ဖွဲ့ (condensation) ဖြစ်ပြီး
exhaust ကနေ ကားတိုင်း ရေထွက်ပါတယ်။
Thermostat ကို မထုတ်ကြပါနဲ့။
Catalyst convertor ကို မဖြတ်ထုတ်ပါနဲ့။
Octane 95 ဟာ 92 ထက်ပိုထူပါတယ်။
ကဲ ဘာရှိသေးလဲဗျာ ???
ကားနဲ့ပတ်သတ်သူများ ကားကြောင့်
စိတ်မညစ်ရပါစေနဲ့လို့ဆုတောင်းရင်း။
++++++++++++++++++++++++
မူရင်းရေးသားသူအားလေးစားစွာဖြင့်
creditပေးပါသည်။🙏🙏🙏🙏🙏

စာဖတ်သူများကျန်းမာချမ်းသာဘေးကင်းကွာကြပါစေခင်ဗျာ🙏🙏🙏

ချစ်ကိုကြီးတို့အားလပ်ချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ်ကြီး (၆) အုပ်၀ယ်ဖတ်လို့ရပါတယ်🙏
ပေးရတဲ့ငွေကြေးတန်းဖိုးထက်10ဆမကတန်ဖိုးရှိသောလက်တွေ့အသုံး၀င်တဲ့ကားပြင်စာအုပ်တွေဖြစ်ကြောင်းအာမခံပါတယ်ခင်ဗျာ

#ကားစက်ပြင်အခြေခံစာအုပ်ကြီး
♦️19000ကျပ်♦️
https://m.facebook.com/story.php?story_fbid=766847602150418&id=100064755550366&mibextid=Nif5oz

#အော်တိုဂီယာဗားဘော်ဒီစာအုပ်ကြီး
♦️20000ကျပ်♦️
https://m.facebook.com/story.php?story_fbid=1013562349431096&id=127119418075398

#ကားWiring&ECUစာအုပ်ကြီး
♦️20000ကျပ်♦️
https://www.facebook.com/127119418075398/posts/1109230133197650/

#စက်ပြင်ဆရာလက်စွဲဓာတ်ဆီအင်ဂျင်စာအုပ်ကြီး
♦️18000ကျပ်♦️
https://www.facebook.com/127119418075398/posts/1074605609993436/

#ဒီဇယ်အင်ဂျင်နှင့်ကွန်မွန်းရေးစာအုပ်ကြီး
♦️20000ကျပ်♦️
https://m.facebook.com/story.php?story_fbid=667128985455614&id=100064755550366&mibextid=Nif5oz

EFi & Sensorကား၀ပ်ရှော့နည်းပညာများစာအုပ်ကြီး
♦️19000ကျပ်♦️
https://www.facebook.com/100064755550366/posts/551421737026340/

မြန်မာလိုကားစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်📞09796756476 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ

🙏စာအုပ်တွေအားပေးတဲ့ထမင်းရှင်ချစ်ကိုကြီးများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏

‎မာဇတာဒယ်မီယိုစက်မနိုးတဲ့ပြဿနာ‎Mazda Demio No Crank (စက်မနိုး ) တဲ့ Errorဒီနေရာမှာ အဓိက ပြောချင်တာက ဘာဖြစ်လို့ မနိုးတာလည...
19/07/2026

‎မာဇတာဒယ်မီယိုစက်မနိုးတဲ့ပြဿနာ

‎Mazda Demio No Crank (စက်မနိုး ) တဲ့ Errorဒီနေရာမှာ အဓိက ပြောချင်တာက ဘာဖြစ်လို့ မနိုးတာလည်း ဆိုတဲ့ အကြောင်း ကိုမဟုက်ပါဖူး။ ဘာ Errorကြောင့်ဆိုတာ တန်းပြောလိုက်လည်း ပြီးပါတယ် ။ ဒါပေမယ့် ပုံသေ မှတ်ထားတာမျိုး မဟုက်ပဲ နဲ့ တဆင့်
‎ချင်း ဆီ စဉ်းစား ပုံကို အဓိက မြင်စေချင်တာပါ ။ ဒါမှ သာလျှင် ဘယ်ကား ကိုဘယ်လို Error နဲ့ပဲလာလာ ၊ကိုယ်က ဆင်ဆာတွေ ရဲ့ Wiring ပိုင်းတွေ ၊ ဆင်ဆာတွေရဲ့ အလုပ်လုပ်ပုံတွေ ၊ EFI နဲ့ပက်သက်တဲ့ အပိုင်းတွေကို သိထားရင် ဖြေရှင်းနိုင်ပါလိမ့်မယ် ။ဒါကြောင့် ဒီ Post မှာ ပြစ်ချက်ရှာဖွေမယ်ဆိုရင် ဘယ်ဟာတွေက အရေးကြီးလည်း ။ ဘယ်လို တွေးခေါ်ရမလဲဆိုတာတွေကို ကျွန်တော် ရေးသား ဖော်ပြမှာဖြစ်ပါ
‎တယ်။


‎ဒီကား ရဲ့ History ကို အရင် မေးကြည့်တဲ့အခါ အပြင်ကပြန်လာပြီး အိမ်ရှေ့မှာ ပါကင် ထိုးနေရင်း စက်ထိုးရပ်သွားတယ်။ ပြန်နှိုးတော့ မနိုးတော့ဖူး ။ ကျွန်တော်စီ ကို ဆွဲ ပြီး ရောက်လာတယ် ။ ကျွန်တော် စ ပြီး စစ်ကြည့်တော့ ကားက Start ရတယ်။ Battery ဝပ်တဲ့ ပုံစံ
‎မဟုက်ဖူး။ နှိုးသံကို မပါတဲ့ ပုံစံ ။ ဒါနဲ့ ကျွန်တော် ရှေ့ကနေ ဆီပိုက်ဖျက်ပြီး Start ဆွဲကြည့်တော့ သော့ဖွင့်တဲ့ချိန် ၅ စက္ကန့်လောက်ပဲ ဆီ ထွက်ပြီး (ဒါက EFI ကားတော်တော်များများမှာ ဒီပုံစံပါပဲ ) Start ဆွဲ တဲ့ချိန် ဆီ
‎မထွက်တော့ဖူး ။ အိုကေ ဒါဆို ဆီပျောက်လို့ မနိုးတာပေါ့ ။ ဆီပျောက်တယ်ဆို ကျွန်တော်တို့ အရင်စစ်ရမှာဆီပန့် ပါ ။ ဆီပန့်ကို မီးရောက်မရောက်ရယ် ၊ ဆီပန့်ကောင်းမကောင်းရယ် ကျွန်တော်တို့ စစ်ရမယ် ။
‎ ဒါက စပြီးစစ် တဲ့ချိန် အလွယ်တကူ ဖြုက်လို့ရတဲ့ ဆီပိုက်ကိုကျွန်တော်အရင် စစ်လိုက်တဲ့သဘောပါ ။ အကယ်၍ မီးလိုင်းဘက်ကို အရင်စစ် ချင်လည်း စစ်လို့ရပါတယ်။ ဒီနေရာမှာ တခု သတိထားစေချင်တာက ဆီပျောက်လို့ဆိုပြီး ဆီလိုင်း ကို အရင်မစစ်ပဲ ၊ မီးပါ ရောက်မရောက်
‎ကို ပါ တစ်ခါတည်း စစ်စေချင်ပါတယ်။ ဒါမှမဟုက်မီးလိုင်း အရင်စစ်ပြီးလို့ မီးမရောက်လည်း ဆီလိုင်းကိုတစ်ခါတည်းစစ်စေချင်ပါတယ်။ ဘာလို့လည်း ဆိုရင် အချိန်ကုန်ပြီး မှားမှာ ဆိုးလို့ပါ ။ အကြောင်းရင်းကိုဆက်ဖက် ရင် သဘောပေါက်ပါလိမ့်မယ်။ ဘာကြောင့်နှစ်ခုလုံးစစ်ခိုင်းတယ်ဆိုတာ ။ ဒီကားမှာ ကျွန်တော်စစ်လိုက်တာ ဆီရော မီးရော ပျောက်ပါတယ်။ နှစ်ခုလုံးပျောက် နေတယ်ဆိုတာ သေချာရင် ကျွန်တော်တို့
‎စဉ်းစားရမှာ နှစ်ခု လုံးရဲ့ အဓိက ထိန်းချုပ်တဲ့ နေရာကိုပါ ။ ဒါဆို ဆီရော မီးရော အဓိက
‎ထိန်းချူပ်တဲ့နေရာက Camshaft OrCrankshaft ပါ ။ ဒါက ကျွန်တော့်အတွေးပါ ။ Customer ကိုပြောဖို့တွက် ကျွန်တော်တို့
‎ဘက်က အတိကျဆုံးမဟုက်ရင်တောင် ဖြစ်နိုင်ချေအရှိဆုံးကို ပြောနိုင်မှ ရပါမယ် ။ ဒါ့ကြောင့် ပိုသေချာအောင်ကျွန်တော် Scan Tool ယူပြီး Code ရှိမရှိ ကြည့်ပါတယ်။ No Fault code ( ပြစ်ချက် ကုဒ် မရှိပါဖူး ) ။ဒါနဲ့ ကျွန်တော် Live data ထဲဝင်ပြီး Fuel pump relay
‎နဲ့ Engine RPM ကို ကြည့်ပါတယ် ၊ Start ဆွဲကြည့်လိုက်တဲ့ခါ Fuel pump relay ရော RPM
‎ရော မတက်ပါဖူး ။ ဒါဆို ကျွန်တော် ပထမ တွေးထားတဲ့ အဖြေက98%လောက် သေချာနေပါပြီ ။ ဒါဆို ကျွန်တော်တို့ဆက်စဉ်းစားရမှာ Sensor ပိုင်းလား ၊ Wiring ပိုင်းလား၊ ECU ပိုင်း လားဆိုတာ ပါပဲ ။ Sensor ကို ကြည့်လိုက်တော့ သုံးကြိုးပါ ။ ဒါဆို Power ၊ Ground and Signal
‎ဆိုပြီး ဖြစ်ပါတယ်။ Power နဲ့ Ground တိုင်းကြည့်တော့အိုကေပါတယ်။ Signal ကတော့ Led ချိတ်ပီး Startဆွဲ ကြည့်တော့မလာပါဖူး ။ ဒါနဲ့ Signal ကို ကြိုးပျက် မပျက်တိုင်းတော့ မပျက်ပါဖူး ။ ဒါဆို Wiring ပိုင်း အိုပြီ ။ Sensor နဲ့ ECU ပဲ ကျန်တော့တယ် ။ ဖြစ်နိုင်ချေ အများဆုံးက Sensor ပါပဲ ။ ECU ပိုင်းကတော့ ဖြစ်
‎နိုင်ချေ တော်တော်နည်းပါတယ်။ တကယ် က Signal မထွက်လာဖူး ဆိုထဲက ECU ပိုင်း ကို ကျွန်တော်တို့ ထည့်တွေးစရာကို မလိုတာပါ ။ Crankshaft sensor ဆိုတာ
‎က Input signal ပါ ။ In မရှိပဲ Out မရှိပါဖူး ။ဆိုလိုရင်းက အဝင်မရှိပဲ ပြန်မထွက်ပါဖူး ။ ဒါဆို အဖြေCrankshaft position sensor (ကရိုင်းဆင်ဆာ ) ပဲ ဖြစ်ပါတယ် ။ တချို့ ကားတွေမှာ Camshaft ကနေ signalယူတဲ့ ကားအမျိုးစားတွေလည်း ရှိပါတယ် ၊ကဒါက လေ့လာနေစ ညီကိုတွေ တွက် အတွေးတခုရအောင် ကျွန်တော် ရေးပြထားပေးတာပါ ။



‎ဆီမလာ မီးမလာတာကို ဆီပန့်မှာ power ရောက်မရောက် ၊ ပလပ်ကွိုင်မှာ Power ရောက်မရောက်တောင် ကျွန်တော် မစစ် ခဲ့ပါဖူး ။ ဘာလို့လည်း ဆိုရင် ဆီရော ၊ မီးရော ပျောက်နေတာ ဖြစ်တဲ့တွက် ရယ်၊ ကားပေါ်တက်ထဲက ဒိုင်ခွက်မှာ မီးအစုံလင်း နေတာကြောင့်ရယ် ၊ သော့မီးကလည်း ပုံမှန်တိုင်းပဲ ဖြစ်နေတာကြောင့် ကျွန်တော် ကျန်တဲ့အပိုင်းတွေကို မစဉ်းစားပဲ
‎Crankshaft (ကရိုင်း ဆင်ဆာ ) ကြောင့်ဆိုပြီး ပဲ ဆုံးဖြက်ချက် ချခဲ့တာပါ ။ ဒီနေရာမှာ ဆီတခု ထဲမလာတာပဲဖြစ်ဖြစ် ၊ မီးတခုထဲ မထွက်တာပဲ ဖြစ်ဖြစ်ဆို ကျွန်တော်Wiring ပိုင်းတွေကို အရင် ဦးစားပေး စစ်မှာပါ ။
စာဖတ်သူများကျန်းမာချမ်းသာဘေးကင်းကွာကြပါစေခင်ဗျာ🙏🙏🙏

ချစ်ကိုကြီးတို့အားလပ်ချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ်ကြီး (၆) အုပ်၀ယ်ဖတ်လို့ရပါတယ်🙏
ပေးရတဲ့ငွေကြေးတန်းဖိုးထက်10ဆမကတန်ဖိုးရှိသောလက်တွေ့အသုံး၀င်တဲ့ကားပြင်စာအုပ်တွေဖြစ်ကြောင်းအာမခံပါတယ်ခင်ဗျာ

#ကားစက်ပြင်အခြေခံစာအုပ်ကြီး
♦️19000ကျပ်♦️
https://m.facebook.com/story.php?story_fbid=766847602150418&id=100064755550366&mibextid=Nif5oz

#အော်တိုဂီယာဗားဘော်ဒီစာအုပ်ကြီး
♦️20000ကျပ်♦️
https://m.facebook.com/story.php?story_fbid=1013562349431096&id=127119418075398

#ကားWiring&ECUစာအုပ်ကြီး
♦️20000ကျပ်♦️
https://www.facebook.com/127119418075398/posts/1109230133197650/

#စက်ပြင်ဆရာလက်စွဲဓာတ်ဆီအင်ဂျင်စာအုပ်ကြီး
♦️18000ကျပ်♦️
https://www.facebook.com/127119418075398/posts/1074605609993436/

#ဒီဇယ်အင်ဂျင်နှင့်ကွန်မွန်းရေးစာအုပ်ကြီး
♦️20000ကျပ်♦️
https://m.facebook.com/story.php?story_fbid=667128985455614&id=100064755550366&mibextid=Nif5oz

EFi & Sensorကား၀ပ်ရှော့နည်းပညာများစာအုပ်ကြီး
♦️19000ကျပ်♦️
https://www.facebook.com/100064755550366/posts/551421737026340/

မြန်မာလိုကားစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်📞09796756476 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ

🙏စာအုပ်တွေအားပေးတဲ့ထမင်းရှင်ချစ်ကိုကြီးများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏

ဓာတ်ဆီ ၊ ဒီဇယ် ကားကြီး ကားလေး အားလုံးအတွက် 💥📌💯ECT Sensor (or) Master Sensor                                             ...
18/07/2026

ဓာတ်ဆီ ၊ ဒီဇယ် ကားကြီး ကားလေး အားလုံးအတွက် 💥📌💯
ECT Sensor (or) Master Sensor
ကွန်ပျူတာထိန်းချုပ်မှုနဲ့ လည်ပတ်အလုပ်လုပ် တဲ့ ခေတ်ပေါ်ကားအင်ဂျင်များအတွင်းပိုင်းအပူချိန်အခြေအနေဘယ်လောက်ရှိနေသလဲဆိုတာကိုစောင့်ကြည့်ထောက်လှမ်းပေးနေတဲ့ အာရုံခံကိရိယာကို ECT ဆင်ဆာလို့ ခေါ်ပါတယ်။ Engine CoolantTemperature ကို ECTလို့အတိုကောက်သတ်မှတ်ပါတယ်။အင်ဂျင်အအေးခံစနစ်မှာလည်ပတ်နေတဲ့အအေးခံရည်ရဲ့ အပူချိန် ဘယ်လောက်ရှိနေသလဲဆိုတာကိုကွန်ပျူတာခေါ် PCM (Powertrain Control Module) က သိရှိနေဖို့ အရေးကြီးပါတယ်။ ခေတ်ပေါ်ဓာတ်ဆီအင်ဂျင်တစ်လုံးရဲ့ လည်ပတ်လှုပ်ရှားမှုအားလုံးကို PCM ကွန်ပျူတာကပဲထိန်းချုပ်ပါတယ်။
အင်ဂျင်ဘလောက်ထဲမှာအတွင်းပိုင်းအပူတွေ ကိုစုပ်ယူနိုင်ဖို့ရေလိုင်းးတွေရှိပါတယ်။ အင်ဂျင်ဟတ် (Head)နဲ့ ဆလင်ဒါစလစ်ပတ်လည်မှာအင်ဂျင်မီးလောင်ပေါက်ကွဲရာကနေထွက်လာတဲ့အပူကို Coolant အအေးခံရည်ကစုပ်ယူပြီးသယ်ဆောင်သွားပါတယ်။ ရေတိုင်ကီထဲရောက်မှ ပြင်ပလေအေးတွေနဲ့ ထိတွေ့ပြီး Coolantအအေးခံရည်တွေ အေးနေသလား၊ ပူနေသလား၊ ပုံမှန်လည်ပတ်နေတဲ့ အပူချိန်မှာပဲရှိသလား၊ အပူလွန်ကဲပြီးရေဆူနေသလားစတဲ့အပူချိန်အခြေအနေတွေကိုအာရုံခံပြီးကွန်ပျူတာကိုသတင်းပို့ပေးနေသော ECT Sensor ဖြစ်ပါတယ်။
ECT ဆင်ဆာကရတဲ့ အပူချိန် Data တွေဟာကွန်ပျူတာ PCM အတွက် အလွန်အရေးကြီးပါတယ်။ အင်ဂျင် Management System တစ်ခုလုံးရဲ့ မဟာဗျူ ဟာကျတဲ့ထိန်းချုပ်မှုတွေမှာတစ်ခြားအာရုံခံဆင်ဆာတွေ ထက်ပိုပြီးအရေးပါနေတာကြောင့် ECT Sensor ကိုMasterSensorလို့တောင် ခေါ်ကြပါတယ်။ ECT
(Engine Coolant Temperature)ဆင်ဆာကအင်ဂျင် အအေးခံရည်ရဲ့ အပူချိန်အခြေအနေကိုမှန်ကန်တိကျစွာ
အာရုံခံပြီးကွန်ပျူတာ PCM ကိုသတင်းပို့နိုင်မှသာအင်ဂျင်လည်ပတ်မှုမှန်ကန်ပြီးအင်ဂျင်စွမ်းဆောင် ရည် အမြင့်ဆုံးရရှိနိုင်ပါသည်။
အင်ဂျင်စက် စပြီးလည်တဲ့ အချိန်မှာအင်ဂျင် အေးနေပါတယ်။ အင်ဂျင်အေးနေတဲ့အချိန်နဲ့ အင်ဂျင်ပူနွေးလာပြီးပုံမှန် Operating အပူချိန်မှာအင်ဂျင်လည်ပတ်မှုအခြေအနေတွေ မတူညီနိုင်ပါဘူး။ အင်ဂျင်အေးနေတဲ့ အခြေအနေမှာလောင်စာဆီရောစပ်တဲ့ အချိုးက Rich Fuel Mixture ဖြစ်ဖို့ လိုပါတယ်။ ဒါမှ အင်ဂျင် Idle Speed မှန်မည်။ အင်ဂျင်တုန်ခါမှု ဖြစ်တာကိုတားဆီးနိုင်မယ်။ အင်ဂျင်လည်း မြန်မြန်ပူလာမယ်။ အင်ဂျင်တဖြည်းဖြည်းပူလာပြီးပုံမှန်လည်ပတ်နိုင်တဲ့ အပူချိန်တစ်ခုရောက်သွားရင်လည်းအင်ဂျင်ပူနေပြီဖြစ်ကြောင်းကွန်ပျူတာ PCM က သိဖို့လိုပါတယ်။ ဒါမှလည်းလောင်စာဆီရောစပ်မှုအချိုးကို ပြန်ပြီးချပေးမယ်။ တကယ်လို့ ECT Sensor က မှားယွင်းနေပြီးအပူချိန်အာရုံခံတာကိုမှန်ကန်အောင် သတင်းမပို့နိုင်ခဲ့ ရင် PCM ကွန်ပျူတာကအင်ဂျင်အေးနေသေးတယ်လို့ပဲမှတ်ယူပြီးဆီရောစပ်မှုအချိုးကများနေမယ်။ ဆီစားများမယ်။ အီမစ်ရှင်းတွေ များများထွက်ပြီးလေထုညစ်ညမ်းစေမယ့် အိတ်ဇောဓာတ်ငွေ့တွေ ထွက်မယ်။ ပိုဆိုးတာကရေတိုင်ကီအအေးခံတဲ့ ပန်ကာလည်သင့်တဲ့ အချိန်မှာမလည်သေးဘဲနောက်ကျပြီးလည်တာကြောင့် အင်ဂျင်အပူချိန်မြင့်တက်လွန်းတာများပြီးရေဆူနိုင်တယ်။
အင်ဂျင်အအေးခံစနစ်မှာရေတိုင်ကီကိုအအေးခံတဲ့ ပန်ကာကာ လျှပ်စစ်ပန်ကာဖြစ်ပါတယ်။ ဒီပန်ကာ က အမြဲတမ်းပုံသေမလည်ပါဘူး။ လိုအပ်မှလည်ပါ တယ်။ မလိုသေးရင် နားထားပါတယ်။ ရပ်လိုက်၊ လည် လိုက်၊ ပြန်နားလိုက်၊ ပြန်လည်လိုက်ပုံစံမျိုးဖြစ်ပါတယ်။ အင်ဂျင်စပြီးလည်တဲ့အချိန်မှာအေးနေပါသေးတယ်။ပူနွေးလာပြီးပုံမှန်လည်ပတ်တဲ့ Operatingအပူချိန်ကို
ရောက်မှ ပန်ကာကိုလည်စေပါတယ်။
ရေတိုင်ကီထဲမှာအအေးခံရည် မပူမချင်းပန်ကာမလည်သေးပါဘူး။ ပူလာမှ ပန်ကာကိုလည်စေပါ တယ်။ ရေတိုင်ကီအေးသွားရင် ပန်ကာပြန်ရပ်သွားပါတယ်။ ဒီလိုမျိုး လျှပ်စစ်ပန်ကာကိုကစားနိုင်အောင်ထိန်းချုပ်ပေးနေတာဆင်ဆာကသတင်းပို့တဲ့ Data ကိုအခြေခံပါတယ်။ ဒါကြောင့် အင်ဂျင်အအေးခံစနစ် ပုံမှန်လည် ပတ်နေနိုင်ဖို့ ECT ဆင်ဆာကအရေးကြီးတဲ့နေရာမှာရှိနေပါတယ်။ ဒီဆင်ဆာကောင်းကောင်းအလုပ်မလုပ် တာနဲ့ ပန်ကာလေဆွဲအားလုပ်ဆောင်ချက်တွေ မမှန်ကန်နိုင်တော့ဘဲအင်ဂျင်အပူချိန် မြင့်တက်လာနိုင်ပါ တယ်။
အင်ဂျင် Overheat ဖြစ်ရင်တော့ အင်ဂျင်ရဲ့ လုပ်ဆောင်ချက်တွေ မမှန်တော့ပါဘူး။ အင်ဂျင်အပူလွန် ကဲမှုဖြစ်ပြီးအင်ဂျင်ပျက်စီးသွားစေနိုင်ပါတယ်။ အရမ်းပူလာရင် အင်ဂျင်ကျပ်ပြီးထိုးရပ်သွားမယ်။ ဂတ်စ်ကတ် ပြတ်ထွက်မယ်။ အင်ဂျင်ဟတ် လန့်ပြီးကွဲတတ်တယ်။ အင်ဂျင်အပူလွန်ကဲရာကနေနောက်ဆုံးမီးထပြီးလောင် သွားနိုင်တယ်။
ဒါကြောင့် တချို့ကားတွေမှာ Cooling Fan အတွက် သီးခြား Coolant Sensor ကိုတပ်ဆင်ထားတယ်။ လျှပ်စစ်ပန်ကာအဖွင့်/အပိတ် ပုံမှန်လုပ်နိုင်ဖို့ သီးသန့် Sensor နဲ့ သီးသန့် Fan Circuit ထားပေးတယ်။ Coolant Sensor ဆိုတာကွန်ပျူတာထိန်းချုပ်မှုနဲ့ လည် ပတ်နေတဲ့ အင်ဂျင်တွေအတွက် အရေးကြီးတယ်။ Fuel Injector က ရောစပ်ပေးတဲ့ လောင်စာဆီအချိုးအစား၊ မီးတိုင်မင် (Firing Timing) မီးပေးစောတာ၊ နောက်ကျ တာ၊ အင်ဂျင် Slow လည်ပတ်မှုမှန်ကန်ပြီးတည်ငြိမ် နေဖို့ Emission ထုတ်လွှတ်မှုအနည်းဆုံးဖြစ်ဖို့ ဆီစားသက်သာပြီးအင်ဂျင်စွမ်းဆောင်ရည် အကောင်းဆုံး ဖြစ်ဖို့ အဓိကကျတဲ့ ဆင်ဆာကတော့ အပူချိန်ပြောင်းလဲမှုအခြေအနေကို နှိုင်းယှဉ်မှတ်သားခြင်း ဖြစ်ပါတယ်။
ECT ဆင်ဆာကထောက်လှမ်းသတင်းပို့တဲ့ ဗို့ အားအတက်အကျ Signal ကိုPCM က လက်ခံပြီးအင်ဂျင်လည်ပတ်မှုကိုအကောင်းဆုံးဖြစ်စေဖို့ တွက်ချက်ညွှန်ကြားပါတယ်။ PCM ကွန်ပျူတာရဲ့ ညွှန်ကြားထိန်းကျောင်းမှုတွေဟာ ECT ဆင်ဆာရဲ့ သတင်းပေးပို့ မှု Data တွေအပေါ်မှာအဓိကကျပါတယ်။ ယာဉ်မောင်းသူကအင်ဂျင်ရဲ့ အပူချိန်အခြေအနေကိုဒတ်ခ်ျဘုတ်မှာဖော်ပြထားတဲ့ Temperature Gauge မှာ ကြည့်နိုင်ပါ တယ်။
ECT Sensor ယူနစ်ကိုတချို့ကားတွေမှာအင် ဂျင် Head ထဲမှာတစ်လုံး၊ ရေတိုင်ကီမှာတစ်လုံးတပ်ဆင်လေ့ရှိပါတယ်။ ကွန်ပျူတာထိန်းချုပ်တဲ့ ခေတ်ပေါ် EFI အင်ဂျင်တွေမှာ ECT Sensor က အဓိကကျတဲ့ အာရုံခံဆင်ဆာဖြစ်နေတာကြောင့် Coolan Sensor မူမမှန်ရင်၊ ပျက်စီးချွတ်ယွင်လာရင် အင်ဂျင်လည်ပတ်မှု အင်ဂျင် လုပ်ဆောင်ချက်တွေ မမှန်တော့ဘဲဆုံးရှုံးမှုတွေ များလာပါတယ်။ ဆင်ဆာမကောင်းတဲ့ ရှေ့ပြေးလက္ခ ဏာတွေကတော့-
- အင်ဂျင်ဆီစားများလာမယ်။
- Emission ထုတ်လွှတ်တာများပြီး Emission Test စမ်းသပ်ကြည့်ပါကကျရှုံးတာတွေ့ရပါလိမ့်မယ်။
- Cooling Fan လည်ပတ်မှု မမှန်တာကြောင့် အင်ဂျင် Overheat ဖြစ်မယ်။ ရေတိုင်ကီရေဆူမယ်။
Coolant Sensor တွေမှာအများဆုံးဖြစ်တတ်တဲ့ ပြဿနာတွေကတော့ ဝါယာရိန်းအမှားဖြစ်တာ၊ ဝါယာ ချို့ယွင်းတာပါပဲ။ ဝါယာလွှတ်နေတာမျိုး၊ Connector အဆက်တွေ ချေးတတ်ပြီးတဖြည်းဖြည်းယိုယွင်းပျက်စီးတာမျိုး ဖြစ်တတ်ပါတယ်။ Coolant Sensor ကို OBD II Scan Tool ထိုးပြီးအပြစ်ရှာကြည့်ရင် တွေ့ရမယ်။ Codes နံပါတ်တွေကတော့ -
- P0115
- P0116
- P0117
- P0118
- P0119
Coolant Sensor ကိုဗို့အားတိုင်းပြီးစစ်ဆေး ကြည့်နိုင်ပါသေးတယ်။ ဗို့အားတိုင်းဒီဂျစ်တယ်မီတာတစ် လုံးတော့ လိုပါတယ်။ အင်ဂျင်အေးနေတဲ့အချိန်မှာဗို့မီတာနဲ့ တိုင်းကြည့်ရင် 3 Volt လောက်ပဲ ပြမယ်။ ကားစက်လည်ပြီးအင်ဂျင်တဖြည်းဖြည်းပူလာပါကဗို့အားကျဆင်းလာပြီး 1.2V ကနေ 0.5V အထိငါးမိနစ်အတွင်း ပြလျှင် အင်ဂျင်ရဲ့ အပူချိန်ဟာပုံမှန်စက်လည်ပတ်နေတဲ့ အပူချိန်ပြခြင်းဖြစ်ပါတယ်။ တကယ်လို့ 5Volt နီးပါးဆိုရင်တော့ Coolant Sensor ဟာ Open ဖြစ်နေတယ်။ ဒါမှမဟုတ် Earth လွတ်နေတယ်ဆိုတဲ့ သဘောသက် ရောက်ပါတယ်။ တကယ်လို့ ဗို့အားက လုံး၀မပြဘူးဆို ရင်တော့ ဆင်ဆာထဲမှာ Short ဆားကစ်ဖြစ်နေပါပြီ။ ဆင်ဆာမမှန်ရင် အသစ်တစ်လုံးအစားထိုးလဲပေးဖို့ လိုပါ တယ်။ Coolant ဆင်ဆာလဲပြီးလျှင် အင်ဂျင်အအေးခံစနစ်မှာအအေးခံရည် ထပ်ဖြည့်ပေးဖို့လိုပါတယ်။ သုံးနှစ်၊ လေးနှစ်လောက်ကြာအောင် သုံးထားတဲ့ Coolant ဆိုရင်လည်းအသစ်လဲပေးဖို့ လိုပါတယ်။
ခေတ်ဟောင်းကားအင်ဂျင်မှာ Coolant Sensor ဟာအရေးမကြီးပေမယ့် ခေတ်ပေါ်ကွန်ပျူတာစနစ်ထိန်းအင်ဂျင်တွေမှာတော့ Coolant Sensor က တခြားဆင် ဆာတွေထက် ပိုပြီးအဓိကျပါတယ်။ ဆင်ဆာမကောင်းရင် အင်ဂျင်လည်ပတ်မှု လုပ်ဆောင်ချက်တွေ မမှန်တော့ဘူး။ ဆီစားများနေမယ်။ အင်ဂျင် အပူချိန်မြင့်တက်မယ်။ အင်ဂျင် Slow မှာတုန်ခါနေမယ်။ အီမစ်ရှင်းထုတ်လွှတ်မှုတွေ များလာမယ်။ ရေတိုင်ကိုရေဆူမယ်။ Electrical Fan လည်ပတ်တာနောက်ကျ မယ်။ ဆင်ဆာကောင်းမှ အင်ဂျင် Performance ကောင်းပြီးဆီစားသက်သာမယ်။ အင်ဂျင်စွမ်းရည် Efficiency ပိုကောင်းလာမယ်။

🙏ဆရာမာစတာ(စက်မှု)🙏
Credit>source

စာဖတ်သူများကျန်းမာချမ်းသာဘေးကင်းကွာကြပါစေခင်ဗျာ🙏🙏🙏

ချစ်ကိုကြီးတို့အားလပ်ချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ်ကြီး (၆) အုပ်၀ယ်ဖတ်လို့ရပါတယ်🙏
ပေးရတဲ့ငွေကြေးတန်းဖိုးထက်10ဆမကတန်ဖိုးရှိသောလက်တွေ့အသုံး၀င်တဲ့ကားပြင်စာအုပ်တွေဖြစ်ကြောင်းအာမခံပါတယ်ခင်ဗျာ

#ကားစက်ပြင်အခြေခံစာအုပ်ကြီး
♦️19000ကျပ်♦️
https://m.facebook.com/story.php?story_fbid=766847602150418&id=100064755550366&mibextid=Nif5oz

#အော်တိုဂီယာဗားဘော်ဒီစာအုပ်ကြီး
♦️20000ကျပ်♦️
https://m.facebook.com/story.php?story_fbid=1013562349431096&id=127119418075398

#ကားWiring&ECUစာအုပ်ကြီး
♦️20000ကျပ်♦️
https://www.facebook.com/127119418075398/posts/1109230133197650/

#စက်ပြင်ဆရာလက်စွဲဓာတ်ဆီအင်ဂျင်စာအုပ်ကြီး
♦️18000ကျပ်♦️
https://www.facebook.com/127119418075398/posts/1074605609993436/

#ဒီဇယ်အင်ဂျင်နှင့်ကွန်မွန်းရေးစာအုပ်ကြီး
♦️20000ကျပ်♦️
https://m.facebook.com/story.php?story_fbid=667128985455614&id=100064755550366&mibextid=Nif5oz

EFi & Sensorကား၀ပ်ရှော့နည်းပညာများစာအုပ်ကြီး
♦️19000ကျပ်♦️
https://www.facebook.com/100064755550366/posts/551421737026340/

မြန်မာလိုကားစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်📞09796756476 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ

🙏စာအုပ်တွေအားပေးတဲ့ထမင်းရှင်ချစ်ကိုကြီးများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏

Address

အမှတ်450 ခေမာသီလမ်းမကြီးပေါ် ညရပ်ကွက် မဥကလာ
Yangon

Telephone

+959890609024

Website

Alerts

Be the first to know and let us send you an email when Mechanic Auto Parts posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mechanic Auto Parts:

Shortcuts

Share