Suzuki Pmpg Motor

Suzuki Pmpg Motor We’re one of Suzuki Motor Dealership in Yangon, Myanmar. (PMPG Suzuki Car Sale Showroom)

17/02/2026

SUZUKI ကားတွေအတွက် စစ်မှန်တဲ့ ရွေးချယ်မှု

ကားတစ်စီးကို ပြုပြင်ထိန်းသိမ်းတဲ့အခါ အရည်အသွေး စိတ်ချရမှုမရှိတဲ့ Spare Parts တွေကို အသုံးပြုတာက လူကြီးမင်းတို့ရဲ့ ကားအတွက် အကောင်းဆုံး စွမ်းဆောင်ရည်တွေရရှိနိုင်ဖို့ အာမခံချက်ပေးနိုင်မှာ မဟုတ်သလို စိတ်ချရမှာလည်း မဟုတ်ပါဘူး။

ဘာကြောင့်လဲဆိုတော့ Genuine Parts မဟုတ်တဲ့ Spare Parts ပစ္စည်းတွေက အပြင်ပန်းကြည့်ရင် ဆင်တူတယ်လို့ ထင်ရပေမယ့် အရည်အသွေးနဲ့ မူလအတိုင်း တိကျမှု ရှိခြင်းမှာတော့ ကွာခြားချက်တွေ များစွာ ရှိနေပါတယ်။

SUZUKI Genuine Parts တွေက
✔ SUZUKI ကား မော်ဒယ်တစ်ခုချင်းစီအလိုက် အတိအကျ ကိုက်ညီမှုရှိခြင်း၊

✔ တိကျတဲ့ အရည်အသွေး စစ်ဆေးမှုများပြုလုပ်ထားသည့်အတွက် ရေရှည်အသုံးခံပြီး စိတ်ချရခြင်း၊
✔ မူလအစိတ်အပိုင်းအတိုင်း တိတိကျကျ တစ်သားတည်းဖြစ်ခြင်းကြောင့် ကားရဲ့ စွမ်းဆောင်ရည်ကို အသစ်ကဲ့သို့ အကောင်းဆုံးဖြစ်စေခြင်း၊

ဒါ့အပြင် Suzuki Genuine Parts တွေက ဘေးကင်းလုံခြုံမှုကို ပေးစွမ်းနိုင်ပြီး ရေရှည်မှာ မလိုအပ်ဘဲ မကြာခဏ လဲလှယ်ရလို့ ကျသင့်မယ့် ကုန်ကျစရိတ်တွေကိုလည်း သိသိသာသာ သက်သာစေမှာ ဖြစ်ပါတယ်။

“ SUZUKI အတွက် စစ်မှန်တဲ့ Spare Parts တွေကို ရွေးချယ်ပြီး စိတ်ချမ်းသာမှုကို ခံစားလိုက်ပါ”

SUZUKI Genuine Parts တွေနှင့် ပတ်သက်ပြီး SUZUKI Myanmar Website ထဲမှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://suzukimyanmar.com/suzuki/sparepart




10/02/2026

အရှိန်လျှော့လိုက်တိုင်း စွမ်းအင်ပြန်ရနေမယ့် Ertiga Smart Hybrid

သာမန်အားဖြင့် အရှိန်လျှော့လိုက်တဲ့အခါ စွမ်းအင်တွေဆုံးရှုံးသွားတတ်ပေမယ့် SHVS နည်းပညာကို အသုံးပြုထားတဲ့ Ertiga Smart Hybrid ကားမှာတော့ အရှိန်လျှော့လိုက်တဲ့ အချိန်တိုင်းမှာ စွမ်းအင်တွေက အလဟဿ ဖြစ်မသွားဘဲ ဘက်ထရီထဲကို အလိုအလျှောက် အားပြန်ဝင်နေတာပါ။

Battery အားပြန်ဝင်ဖို့အတွက် ဘယ်လိုမောင်းနှင်မှုမျိုးတွေက အထောက်အကူဖြစ်စေတာလဲဆိုရင်တော့

၁။ အရှိန်လျှော့ဖို့ လိုအပ်လာတဲ့အခါ လီဗာကို ဖြေးဖြေးချင်း လွှတ်ပြီး ကားကို ပုံမှန်အတိုင်း အရှိန်လျော့အောင် လုပ်တာမျိုးက ISG (Integrated Starter Generator) က ထွက်ပေါ်လာတဲ့ Kinetic Energy တွေကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးပြီး Lithium-ion Battery ထဲကို အားပြန်ဝင်နေမှာ ဖြစ်ပါတယ်။

၂။ မီးပွိုင့်တွေမှာ အနီးနားရောက်မှ ရုတ်တရက် ဘရိတ်အုပ်ပြီး ရပ်လိုက်တာမျိုးထက်စာရင် မရောက်ခင်မှာကတည်းက ကြိုတင်ပြီး ဖြည်းဖြည်းချင်း အရှိန်လျှော့တာက Battery အားဝင်ဖို့ (Regeneration time) ကို ပိုရစေပါတယ်။

၃။ မကြာခဏ ရပ်လိုက်၊ သွားလိုက်လုပ်နေရတဲ့ မြို့တွင်းလမ်းတွေမှာ ကားကို ဖြည်းဖြည်းချင်း အရှိန်လျှော့ပေးတာမျိုးကလည်း ဘက်ထရီကို အားပြန်ဝင်ဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။

၄။ ရုတ်တရက် ဘရိတ်အုပ်တာမျိုးတွေက စွမ်းအင်တွေကို အလဟဿ ဖြစ်စေတာကြောင့် ပုံမှန် အရှိန်နဲ့ မောင်းနှင်ခြင်းကသာ ဆီစားနှုန်းကို သက်သာစေသလို ဘက်ထရီ အားပြန်ဝင်မှုနှုန်းကိုလည်း ကောင်းမွန်စေမှာပါ။

ဒီလိုနည်းနဲ့ ရရှိလာတဲ့ စွမ်းအင်တွေကို (Lithium-ion) ဘက်ထရီထဲမှာ အလိုအလျောက် သိမ်းဆည်းပေးတာဖြစ်လို့ စွမ်းအင်ဆုံးရှုံးမှုတွေ မဖြစ်တော့ပါဘူး။ Lithium-ion battery ထဲမှာ သိုလှောင် ထားတဲ့ လျှပ်စစ်စွမ်းအင်တွေကိုတော့ ကားစက်နှိုးတဲ့ အချိန်နဲ့ ကားကို အရှိန်မြှင့်တင်တဲ့အချိန်တွေမှာ ပြန်လည်အသုံးပြုတာ ဖြစ်ပါတယ်။

ဒါကြောင့် လောင်စာဆီအသုံးပြုမှုကိုလျော့ကျစေပြီး သဘာဝ ပတ်ဝန်းကျင်ကိုလည်း အကျိုးပြုစေမှာ ဖြစ်တဲ့အပြင် စမတ်ကျတဲ့ မောင်းနှင်မှုမျိုးကိုလည်း ရရှိစေမှာဖြစ်ပါတယ်။

အရှိန်လျှော့နေစဉ်အတွင်း ISG စနစ်ဖြင့် Lithium-ion Battery ကို အားသွင်းပေးခြင်းက လောင်စာဆီချွေတာမှုကို အထောက်အကူပြုပေမယ့် ISG တစ်ခုတည်းဖြင့် အရှိန်လျှော့ခြင်းက ဘေးကင်းသော ရပ်တန့်အကွာအဝေး ရရှိရန်အတွက် လုံလောက်မှုမရှိတဲ့ အခြေအနေတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် ဘေးကင်းစွာ မောင်းနှင်နိုင်ဖို့ အတွက် ဘရိတ်ကို လိုအပ်သလို စနစ်တကျ အသုံးပြုဖို့အတွက်လည်း လိုအပ်ပါတယ်။

လူကြီးမင်းတို့အနေနဲ့ Suzuki ကားတွေရဲ့ အကြောင်းအရာအချက်အလက်နဲ့ ဝန်ဆောင်မှုတွေကို သိချင်ရင် အောက်ပါ Website Link လေးမှ တစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://suzukimyanmar.com/





10/02/2026

ဝန်အလေးချိန်နဲ့ ကိုက်ညီမှုရှိတဲ့ လေပေါင်ချိန်ဖြစ်ရဲ့လား

SUZUKI Carry Pro က လူကြီးမင်းတို့ရဲ့ လုပ်ငန်းခွင်မှာ ဘက်စုံအသုံးပြုနိုင်ရုံသာမက ဝန်တင်တဲ့နေရာကလည်း ကျယ်ကျယ်ဝန်းဝန်း ရှိတဲ့အပြင် လိုက်ပါစီးနင်းသူ အပါအဝင် 950 Kg အထိ ဝန်တွေကို တင်ဆောင်နိုင်ပါတယ်။

ဒါပေမယ့် လူကြီးမင်းတို့အနေနဲ့ ကုန်ပစ္စည်းတွေ မတင်ခင်မှာတော့ ဝန်အလေးချိန်ပေါ်မူတည်ပြီး တာယာလေပေါင်ချိန်ကို မှန်ကန်စွာ ချိန်ညှိထားရှိဖို့တော့ လိုအပ်ပါတယ်။

Carry Pro မှာ ထားရှိရမယ့် တာယာလေပေါင်ချိန်တွေကတော့

ဝန်အလေးချိန် 300kg အထိ တင်ဆောင်မယ်ဆိုရင်
ရှေ့ဘီး 32 psi
နောက်ဘီး 32 psi ထားရှိရမှာဖြစ်ပြီး

ဝန်အလေးချိန် 300kg နဲ့ အထက် တင်ဆောင်မယ်ဆိုရင်တော့
ရှေ့ဘီး 41 psi
‌နောက်ဘီး 65 psi ထားရှိရမှာပဲ ဖြစ်ပါတယ်။

တာယာလေပေါင်ချိန်ကို မှန်ကန်စွာ ထားရှိခြင်းက တာယာကို သက်တမ်းစေ့ အသုံးပြုနိုင်ရုံသာမက ယာဉ်အန္တရာယ်ကင်းရှင်းရေးနဲ့ ဆီစားနှုန်းကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့် တင်ဆောင်မယ့် ဝန်အလေးချိန်နဲ့ ကိုက်ညီမှုရှိအောင် တာယာလေပေါင်ချိန်ကို စစ်ဆေးဖို့ မမေ့ပါနဲ့နော်။

လူကြီးမင်းတို့အနေနဲ့ Suzuki ကားတွေရဲ့ အကြောင်းအရာအချက်အလက်နဲ့ ဝန်ဆောင်မှုတွေကို သိချင်ရင် အောက်ပါ Website Link လေးမှ တစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://suzukimyanmar.com/




ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်သော သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့လေးမှာ မိမိတို့ရဲ့ မိခင်၊ ဖခင် ကျေးဇူးရှ...
06/10/2025

ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်သော သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့လေးမှာ မိမိတို့ရဲ့ မိခင်၊ ဖခင် ကျေးဇူးရှင်များ၊ သက်ကြီးဝါကြီး ညီအစ်ကို မောင်နှများ၊ ကျေးဇူးပြုရှိသူတို့ကို ကာယကံ၊ ဝဇီကံ၊ မနောကံ စတဲ့ကံသုံးပါးနဲ့ ပြစ်မှားမိခဲ့သည်ရှိသော် ထိုအပြစ်တို့ကို ခွင့်လွှတ်ကျေအေးပေးပါရန် လက်ဆယ်ဖြာထိပ်မှာမိုး၍ ရှစ်ခိုးကန့်တော့ရသော ဗုဒ္ဓဘာသာဝင်တို့ရဲ့ ချစ်စရာနေ့မြတ်လေးပဲဖြစ်ပါတယ်...🙏🙏

ဒီလိုနေ့ထူးနေ့မြတ်လေးမှာ လူကြီးမိဘများကို ဂါ၀ရပြု ကန်တော့ကြရင်း လိုအင်ဆန္ဒများအားလုံးပြည့်စုံ၍ မြန်မာပြည်သူပြည်သားအားလုံး ကပ်ရောဂါဆိုးကြီးမှ ကင်းဝေးပြီး ကျန်းမာချမ်းသာကြပါစေကြောင်း SUZUKI PMPG SHOWROOM FAMILY မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🙏

11/01/2025

ကျယ်ကျယ်ဝန်းဝန်းနဲ့ မိသားစုစီးဖို့အတွက်လား? အကြမ်းခံပြီး လုပ်ငန်းသုံးအတွက်ပဲအသုံးပြုချင်တာလား?

Suzuki Myanmar Motor မှာ မိသားစုစီးအတွက် Ertiga Hybrid နဲ့ လုပ်ငန်းသုံးအတွက် Carry Pro ကို လူကြီးမင်းတို့အတွက်ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။

Suzuki Myanmar Motor က မြန်မာပြည်သူတွေအတွက် ကောင်းမွန်တဲ့နည်းပညာ၊ သေသပ်လှပတဲ့ဒီဇိုင်းနဲ့ ပိုမိုအကြမ်းခံပြီး အရည်အသွေးကောင်း ထုတ်ကုန်များကို ထုတ်လုပ်ပေးလျက်ရှိတဲ့အပြင် After Sales ပိုင်းအတွက်လည်း Service, Spare Parts တွေနဲ့ Accessories တွေကို အချိန်နေရာမရွေးဝယ်ယူနိုင်ဖို့ Showroom ပေါင်း (၅၁) ခုကိုလည်း မြန်မာနိုင်ငံအနှံ့မှာ ဖွင့်လှစ်ထားပါတယ်။

အကောင်းဆုံးသော အရည်အသွေးဝန်ဆောင်မှုများနဲ့ ထုတ်ကုန်များကို Suzuki Myanmar Motor မှာ ရွေးချယ်ရင်း နေ့စဥ်ဘဝအတွက် အဆင်ပြေမှုများကို ပိုင်ဆိုင်လိုက်ပါ။


25/12/2024
25/12/2024
25/12/2024
19/12/2023

Suzuki Swift နဲ့ Suzuki Ciaz ကားတွေရဲ့ USB/ AUX Socket တွေကို အခမဲ့အသစ်လဲလှယ်ပေးတဲ့အစီအစဉ်က မတ်လ (၃၁) ရက်နေ့မှာ ကုန်ဆုံးခဲ့ပြီမလို့ စိတ်ဝင်တစားပါဝင်ခဲ့ကြတဲ့ လူကြီးမင်းအားလုံးကို
ကျေးဇူးတင်ရှိပါတယ်နော်။ နောက်ထပ်ပြုလုပ်ပေးသွားမယ့် အစီအစဉ်တွေမှာလည်း အခုလိုပဲ ပါဝင်ကြဖို့ ထပ်မံဖိတ်ခေါ်ချင်ပါတယ်။ ♥🚗

___________________________________

🎉🎉Suzuki Ciaz နဲ့ Swift ပိုင်ရှင် လူကြီးမင်းများအတွက် အထူးသတင်းကောင်း🎉🎉

🚗 Suzuki Swift နဲ့ Ciaz ကားတွေမှာပါဝင်တဲ့ USB/AUX Socket အပေါက်တွေ အလုပ်မလုပ်တော့တာ၊ သက်တမ်းကြာလို့ ပျက်စီးသွားတာတွေအတွက် Suzuki မှ Socket အသစ်များနဲ့ အခမဲ့ လဲလှယ်ပေးသွားတော့မှာ ဖြစ်ပါတယ်။

လဲလှယ်ချင်သူများအနေနဲ့ ဒီနေ့ကစပြီး Suzuki Myanmar Motor Official page ရဲ့ Messenger မှတစ်ဆင့် စုံစမ်းနိုင်သလို နီးစပ်ရာ Suzuki Authorized Showroom များမှတစ်ဆင့်လည်း စုံစမ်းမေးမြန်းနိုင်ပါတယ်။ လဲလှယ်မှုများကိုတော့ ဇန်နဝါရီ (၁)ရက်နေ့မှာ စတင်သွားမှာဖြစ်ပြီး Socket များ လက်ကျန်ရှိတဲ့အထိသာ လုပ်ဆောင်ပေးသွားမှာမို့ ကြိုတင် Appointment ရယူထားဖို့ မမေ့ပါနဲ့နော်။☑️☑️


Suzuki PMPG Motor တွင်ခန့်အပ်ရန် အောက်ပါရာထူးများ အတွက် လျောက်ထားနိုင်ပါတယ်ရှင့်Sale Manager (1)postSale Staff (1) postS...
17/11/2023

Suzuki PMPG Motor တွင်ခန့်အပ်ရန် အောက်ပါရာထူးများ အတွက် လျောက်ထားနိုင်ပါတယ်ရှင့်

Sale Manager (1)post
Sale Staff (1) post
Service Manager (1)post
Service staff (1)post

Car showroom အတွေ့အကြုံ ရှိသူကို ဦးစားပေးပါမည်။

09-977232740( viber တွင် CV form ပို့ပေးပါရှင့်)

Address

No 3 Main Road , Parel Myo Thit , Near Hino Show Room
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 16:00
Sunday 09:00 - 16:00

Telephone

+959454566632

Website

Alerts

Be the first to know and let us send you an email when Suzuki Pmpg Motor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category