BYD EV Power Myanmar

Call Directions Website Contact the business

BYD EV Power Myanmar EV Power Co., Ltd. is an official dealer of BYD. Experience reliable quality and excellent after-sales support when you buy your BYD vehicle with EV Power.

17/09/2026

BYD EV Power Showroom ကို ဘယ်လိုလာရမလဲ? 🚗📍
ဒီ Video လေးနဲ့ လမ်းညွှန်ပေးထားပါတယ်နော်။

📍 အမှတ် ၇၈၊ အင်းလျားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်
📞 09 782 858585

Display ပေါ်က Range နဲ့ လက်တွေ့မောင်းတဲ့ Range ဘာကြောင့် မတူနိုင်တာလဲ?EV မောင်းနေရင်း Dashboard ပေါ်မှာ “300 km လောက်မော...
15/09/2026

Display ပေါ်က Range နဲ့ လက်တွေ့မောင်းတဲ့ Range ဘာကြောင့် မတူနိုင်တာလဲ?

EV မောင်းနေရင်း Dashboard ပေါ်မှာ “300 km လောက်မောင်းလို့ရမယ်” လို့ ပြနေပေမဲ့ တကယ်မောင်းတဲ့အခါ အဲဒီလောက်မမောင်းလိုက်ရတာမျိုး ကြုံဖူးကြလား။

ဒါက Range Display မှားနေလို့ မဟုတ်ပါဘူး။ EV ရဲ့ လက်တွေ့ Range ကို မောင်းနှင်ပုံနဲ့ လမ်းအခြေအနေတွေက တိုက်ရိုက်သက်ရောက်စေနိုင်လို့ပါ။

ဉပမာ ပြောရရင် မြို့တွင်းမှာ အရှိန်အနည်းငယ်နဲ့ သွားလာတာနဲ့ အဝေးပြေးလမ်းမှာ အရှိန်မြင့်မြင့်မောင်းတာက စွမ်းအင်သုံးစွဲမှုမတူပါဘူး။ Air-conditioning ကို အဆက်မပြတ်အသုံးပြုတာ၊ ခရီးသည်နဲ့ ပစ္စည်းတွေ ပိုတင်ထားတာ၊ Tyre Pressure မမှန်တာ၊ တောင်တက်လမ်း၊ အပူချိန်နဲ့ ရာသီဥတုအခြေအနေတွေကလည်း Range ကို ပြောင်းလဲစေနိုင်ပါတယ်။

မောင်းနှင်ပုံကလည်း အရေးကြီးပါတယ်။ အရှိန်ကို ရုတ်တရက်တင်၊ မြန်မြန်မောင်းပြီး မကြာခဏ Brake ဖိတာတွေက စွမ်းအင်ကိုပိုသုံးစေတတ်ပါတယ်။ အရှိန်ကို တည်ငြိမ်အောင်ထိန်းပြီး လမ်းအခြေအနေနဲ့လိုက်ဖက်အောင် မောင်းနိုင်ရင် စွမ်းအင်သုံးစွဲမှုကို ပိုပြီးတည်ငြိမ်စေပါတယ်။

ဒါကြောင့် Dashboard ပေါ်က Range ကို အတိအကျရမယ့် အကွာအဝေးတစ်ခု လို့မမြင်ဘဲ လက်ရှိ Battery အား၊ စွမ်းအင်သုံးစွဲမှုနဲ့ မောင်းနှင်မှုအခြေအနေတွေကို အခြေခံပြီး ခန့်မှန်းပြထားတဲ့ အချက်အလက်တစ်ခုအဖြစ် နားလည်ထားတာ ပိုကောင်းပါတယ်။

EV အသုံးပြုသူတွေအနေနဲ့လည်း ကိုယ့်ကားရဲ့ Range ကို အများဆုံး ဘာတွေက သက်ရောက်စေတယ်လို့ သတိထားမိပါသလဲ?

အရှိန်? Air-con? Traffic? ဒါမှမဟုတ် ကိုယ့်ရဲ့ Driving Style လား?

အတွေ့အကြုံတွေကို Comment မှာ မျှဝေပေးပါဦး။

Your Range Isn’t Just a Number.

𝐀𝐂 𝐂𝐡𝐚𝐫𝐠𝐢𝐧𝐠 နဲ့ 𝐃𝐂 𝐅𝐚𝐬𝐭 𝐂𝐡𝐚𝐫𝐠𝐢𝐧𝐠 —  ဘယ်နည်းလမ်းကို ပိုသုံးဖြစ်လဲ?ကားကို အိမ်မှာညအိပ်ချိန် နဲ့ အချိန်ကြာကြာရပ်ထားနိုင်တဲ့...
12/09/2026

𝐀𝐂 𝐂𝐡𝐚𝐫𝐠𝐢𝐧𝐠 နဲ့ 𝐃𝐂 𝐅𝐚𝐬𝐭 𝐂𝐡𝐚𝐫𝐠𝐢𝐧𝐠 — ဘယ်နည်းလမ်းကို ပိုသုံးဖြစ်လဲ?

ကားကို အိမ်မှာညအိပ်ချိန် နဲ့ အချိန်ကြာကြာရပ်ထားနိုင်တဲ့အခါမျိုးတွေမှာ AC Charging က အဆင်ပြေတတ်ပေမဲ့ ခရီးများတဲ့နေ့နဲ့ အချိန်မလောက်တဲ့ အခါတွေမှာတော့ DC Fast Charging က ပိုပြီး အဆင်ပြေလေ့ရှိပါတယ်။

ဘယ်နည်းလမ်းက ပိုကောင်းတယ်ဆိုတာထက် ကိုယ့်ရဲ့နေ့စဉ်အသုံးပြုပုံနဲ့ ဘယ်နည်းလမ်းပိုကိုက်ညီသလဲ ဆိုတာက ပိုအရေးကြီးပါတယ်။

အခုလက်ရှိ BYD အသုံးပြုသူတွေအနေနဲ့ရော

အများဆုံး ဘယ်နည်းလမ်းနဲ့ အားသွင်းဖြစ်ပါသလဲ?
AC Charging ကို ပုံမှန်သုံးဖြစ်လား၊ DC Fast Charging ကို ပိုအားကိုးဖြစ်လား?
ကိုယ့်အတွေ့အကြုံအရ ဘယ်နည်းလမ်းက နေ့စဉ်ဘဝအတွက် ပိုအဆင်ပြေပါသလဲ?

ကိုယ့်ရဲ့ Charging Routine နဲ့ အတွေ့အကြုံကို Comment မှာ မျှဝေပေးပါဦးနော်။

AC or DC? What works best for your daily drive?

𝐖𝐨𝐫𝐥𝐝 𝐄𝐕 𝐃𝐚𝐲 — 𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫 𝟗EV ရဲ့အနာဂတ်ဟာ လျှပ်စစ်နဲ့မောင်းနှင်နိုင်ရုံထက် ပိုပြီး Smart, Integrated and Efficient ဖြစ်လာ...
09/09/2026

𝐖𝐨𝐫𝐥𝐝 𝐄𝐕 𝐃𝐚𝐲 — 𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫 𝟗

EV ရဲ့အနာဂတ်ဟာ လျှပ်စစ်နဲ့မောင်းနှင်နိုင်ရုံထက် ပိုပြီး Smart, Integrated and Efficient ဖြစ်လာဖို့ ဆက်လက်ရွေ့လျားနေပါတယ်။

လေကောင်းလေသန့်ရှိတဲ့ မြို့တစ်မြို့အတွက် ရွေးချယ်မှုတိုင်းက အရေးပါပါတယ်။
07/09/2026

လေကောင်းလေသန့်ရှိတဲ့ မြို့တစ်မြို့အတွက် ရွေးချယ်မှုတိုင်းက အရေးပါပါတယ်။

05/09/2026

BYD e6 — နေ့စဉ်လုပ်ငန်းခရီးတွေအတွက် Practical EV တစ်စီး။

📞 Hotline — 09 782 858585
📍 Showroom — အမှတ် ၇၈၊ အင်းလျားလမ်း၊ စိန့်အော်ဂတ်စတင်း ကက်သလစ်ဘုရားကျောင်းနှင့် အင်းလျားလမ်းမီးပွိုင့်ကြား၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။

မိုးရာသီမှာ EV မောင်းမယ်ဆိုရင်....မိုးတွင်းမှာ ကားမောင်းတဲ့ အခါ မိုးရေကြောင့် မြင်ကွင်းမရှင်းတာ၊ လမ်းတွေက စိုစွတ် နေတတ်တ...
01/09/2026

မိုးရာသီမှာ EV မောင်းမယ်ဆိုရင်....

မိုးတွင်းမှာ ကားမောင်းတဲ့ အခါ မိုးရေကြောင့် မြင်ကွင်းမရှင်းတာ၊ လမ်းတွေက စိုစွတ် နေတတ်တာနဲ့ တခါတရံ ရေကြီးရေလျှံတာတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ ကားကို ပုံမှန်စစ်ဆေးတာ လမ်းအခြေအနေကို ဂရုစိုက်ပြီးတော့ အရှိန်ကို စနစ်တကျထိန်းပြီးမောင်းဖို့ဆိုတာ နေ့စဉ်လမ်းခရီးမှာ သတိပြုရမဲ့အကြောင်းအရာတွေလို့ပဲပြောရမှာပါ။

ခြောက်သွေ့နေတဲ့ လမ်းမပေါ်မှာမောင်းရတာနဲ့ စိုစွတ်နေတဲ့လမ်းမပေါ်မှာမောင်းရတာ တို့မှာ လမ်းနဲ့ ကိုယ့်ရဲ့ ကားတာယာတို့အကြား ပွတ်တိုက်ထိတွေ့မှုပုံစံမတူတာကြောင့် ကိုယ့်ကားရဲ့ Tyre Pressure မှန်မမှန်၊ Tread တွေ အလွန်စားနေပြီလားဆိုတာတွေကို စစ်ဆေးသင့်ပါတယ်။

နောက်ပြီး မိုးသည်းလာတဲ့အခါ မြင်ကွင်းက ပုံမှန်ထက် ပိုပြီးဝေဝါးတတ်တာကြောင့် Wiper ကကောင်းကောင်းအလုပ်လုပ်ရဲ့လား ဆိုတာကလည်းအရေးကြီးပါတယ်။ ကိုယ်မောင်းနှင်နေတဲ့ လမ်းကို ရှင်းရှင်းလင်းလင်းမြင်နိုင်တာကလည်း ကိုယ့်ရဲ့ လုံခြံမှုအတွက် အရေးကြီးတဲ့ အချက်တွေထဲကတခုပါပဲ။

မိုးရေတွေစိုနေတဲ့ လမ်းမှာ Braking Distance ပိုရှည်နိုင်တာကြောင့် အရှိန်မြင့်မောင်းခြင်းနဲ့ ရုတ်တရက် Brake ဖိခြင်းကို ရှောင်နိုင်သမျှရှောင်သင့်ပြီး ရှေ့ကားနဲ့ အကွာအဝေးကို ပုံမှန်ထက် ပိုထားခြင်းကလည်း ရုတ်တရက်ရပ်တန့်ရမယ့်အခြေအနေမှာ တုံ့ပြန်ဖို့ အချိန်ပိုရစေပါတယ်။

အရေးကြီးတဲ့ နောက်ထပ်တခုကတော့ ရေကြီးနေတဲ့လမ်း ဖြစ်ပါတယ်။

BYD EV တွေရဲ့ Battery နဲ့ High-voltage System တွေမှာ လိုအပ်တဲ့ insulation နဲ့ protection systems တွေ ပါရှိပါတယ်။ ဒါပေမယ့် ဒီကာကွယ်မှုတွေရှိတာကြောင့် ရေကြီးနေတဲ့လမ်းကို အန္တရာယ်မရှိဘဲ ဖြတ်မောင်းနိုင်တယ်လို့ မယူဆသင့်ပါဘူး။ ရေအနက်မသေချာတဲ့လမ်းကို ရှောင်သင့်ပြီး ကိုယ်အသုံးပြုနေတဲ့ကား Model ရဲ့ Owner’s Manual မှာ ဖော်ပြထားတဲ့ wading guidance ကို လိုက်နာသင့်ပါတယ်။

မိုးရာသီနဲ့ပတ်သက်ပြီး နားလည်မှုလွဲတတ်တဲ့ နောက်တစ်ခုက EV Charging ဖြစ်ပါတယ်။

အားမသွင်းခင် Charging Connector၊ Port နဲ့ Cable တွေမှာ ရေစိုနေတာ၊ အညစ်အကြေး ဒါမှမဟုတ် ပျက်စီးမှုရှိမရှိတို့ကို စစ်ဆေးဖို့ လိုပါတယ်။ အားသွင်းပေါက်နဲ့ အားသွင်းခေါင်းတွေကို သန့်သန့်ရှင်းရှင်းထားဖို့ အရေးကြီးပါတယ်။

အနှစ်ချုပ်ပြောရရင် မိုးရာသီမှာ EV အသုံးပြုခြင်းအတွက် အထူးအဆန်းလုပ်ဆောင်ချက်တွေ အများကြီးမလိုပါဘူး။ Tyre နဲ့ Visibility ကိုစစ်ထားခြင်း၊ လမ်းစိုချိန်မှာ အရှိန်လျှော့ပြီး အကွာအဝေးပိုထားမောင်းခြင်း၊ ရေအနက်မသေချာတဲ့လမ်းကို မဖြတ်ခြင်းနဲ့ Charging Equipment ကို မှန်ကန်စွာအသုံးပြုခြင်း တို့က အရေးကြီးဆုံးအချက်တွေ ဖြစ်ပါတယ်။

နည်းပညာက ကားကို ပိုလုံခြုံအောင် ကူညီပေးနိုင်ပေမယ့် လမ်းအခြေအနေကို မှန်ကန်စွာအကဲဖြတ်ပြီး သတိထားမောင်းနှင်ခြင်းကတော့ ယာဉ်မောင်းသူရဲ့ တာဝန်ပဲ ဖြစ်နေဆဲပါ။

BYD EV Models နဲ့ EV အသုံးပြုမှုဆိုင်ရာ အချက်အလက်များကို BYD EV Power Showroom မှာ လာရောက်လေ့လာမေးမြန်းနိုင်ပါတယ်။

📞 Hotline — 09 782 858585
📍 Showroom — အမှတ် ၇၈၊ အင်းလျားလမ်း၊ စိန့်အော်ဂတ်စတင်း ကက်သလစ်ဘုရားကျောင်းနှင့် အင်းလျားလမ်းမီးပွိုင့်ကြား၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။

EV ဖြစ်ရုံနဲ့ Smart Mobility ဖြစ်သွားတာလား?EV ဆိုတာ လျှပ်စစ်စွမ်းအင်သုံးကားကို ဆိုလိုတာပါ။ ဒါပေမယ့် Smart Mobility ဆိုတာ...
29/08/2026

EV ဖြစ်ရုံနဲ့ Smart Mobility ဖြစ်သွားတာလား?

EV ဆိုတာ လျှပ်စစ်စွမ်းအင်သုံးကားကို ဆိုလိုတာပါ။ ဒါပေမယ့် Smart Mobility ဆိုတာကတော့ လောင်စာအမျိုးအစားတစ်ခု ပြောင်းသွားတာထက် ပိုကျယ်ပါတယ်။

ကားတစ်စီးရဲ့ Battery၊ Motor၊ Software၊ Digital Interface နဲ့ မောင်းနှင်သူအသုံးပြုတဲ့ Experience တွေကို တစ်ခုနဲ့တစ်ခု ဘယ်လောက်ကောင်းကောင်း ချိတ်ဆက်ထားနိုင်သလဲဆိုတာက Smart ဖြစ်မှုကို ပိုပြီးဆုံးဖြတ်လာပါတယ်။

BYD မှာတော့ ဒီအချက်ကို Technology တစ်ခုချင်းစီသီးခြားမထားဘဲ ကားတစ်စီးလုံးကို Integrated System တစ်ခုအဖြစ် ဖန်တီးထားတာ ကိုတွေ့ရမှာပါ။

BYD ရဲ့ Blade Battery Technology ဟာ EV ရဲ့ အခြေခံဖြစ်တဲ့ Battery ကို Safety၊ Packaging Efficiency နဲ့ Vehicle Integration ဘက်တွေမှာ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုအဖြစ် တည်ဆောက်ထားတာပါ။ ဒါကြောင့် Battery က စွမ်းအင်သိုလှောင်ရုံတင်မဟုတ်ပါဘူးနော်။
Battery၊ Motor နဲ့ Electronic Control System တွေကို တစ်ခုနဲ့တစ်ခု ပိုကောင်းကောင်းအလုပ်လုပ်နိုင်အောင် ပေါင်းစပ်ထားခြင်းကလည်း EV တစ်စီးရဲ့ Energy Efficiency နဲ့ Driving Experience ကို သက်ရောက်စေပါတယ်။

BYD ရဲ့ Digital Cockpit System တွေက Battery Level၊ Driving Range၊ Energy Consumption၊ Navigation နဲ့ Vehicle Settings လိုမျိုး နေ့စဉ်လိုအပ်တဲ့အချက်အလက်တွေကို Driver ဆီ တစ်နေရာတည်းကနေ ရောက်ရှိစေပါတယ်။

Model နဲ့ Market အလိုက် Feature ကွာခြားနိုင်ပေမယ့် အဓိကအယူအဆကတော့ ကားကို မောင်းရုံတင်မဟုတ်ဘဲ ကားရဲ့အခြေအနေကို ပိုနားလည်ပြီး အသုံးပြုနိုင်စေခြင်း ပါ။

ဒါတွေအပြင် Software ကလည်း ကားတစ်စီးရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်လာပါတယ်။
အရင်က ကားတစ်စီးကို Engine၊ Gearbox၊ Suspension လို Mechanical Parts တွေနဲ့ပဲ အဓိကတိုင်းတာခဲ့ကြပါတယ်။

ဒီနေ့ခေတ်မှာတော့ Infotainment၊ Connectivity၊ Driving Assistance နဲ့ Vehicle Control Functions တွေကြောင့် Software နဲ့ Electronics ကလည်း ကားရဲ့ Experience ကို တိုက်ရိုက်ဆုံးဖြတ်လာကြတာကြောင့် Smart Mobility ဆိုတာ Screen ကြီးတစ်ခုပါတာ၊ Feature များတာကိုပဲ မဆိုလိုပါဘူး။

နည်းပညာတွေက မောင်းနှင်သူအတွက် အမှန်တကယ် အသုံးဝင်ပြီး အချင်းချင်းချိတ်ဆက်အလုပ်လုပ်နိုင်တာကသာ Smart Mobility ရဲ့ အဓိကအဓိပ္ပာယ်ဖြစ်ပါတယ်။

📞 Hotline — 09 782 858585
�📍 Showroom — အမှတ် ၇၈၊ အင်းလျားလမ်း၊ စိန့်အော်ဂတ်စတင်း ကက်သလစ်ဘုရားကျောင်းနှင့် အင်းလျားလမ်းမီးပွိုင့်ကြား၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။

ယနေ့ကျရောက်သော ဝါခေါင်လပြည့်နေ့ (မေတ္တာအခါတော်နေ့) မှစ၍ ဘေးရန်အပေါင်းကင်းဝေးကာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး စိတ်၏...
28/08/2026

ယနေ့ကျရောက်သော ဝါခေါင်လပြည့်နေ့ (မေတ္တာအခါတော်နေ့) မှစ၍ ဘေးရန်အပေါင်းကင်းဝေးကာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း BYD EV Power Myanmar မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏✨

#ဝါခေါင်လပြည့်နေ့ #မေတ္တာအခါတော်နေ့

EV ကားတစ်စီးကို ရွေးချယ်ဖို့ စဉ်းစားနေပြီဆိုရင် ဒီမေးခွန်းတွေကို ကြားဖူးပြီးသားဖြစ်နိုင်ပါတယ်။“EV က ခရီးဝေးသွားလို့မရဘူး...
26/08/2026

EV ကားတစ်စီးကို ရွေးချယ်ဖို့ စဉ်းစားနေပြီဆိုရင် ဒီမေးခွန်းတွေကို ကြားဖူးပြီးသားဖြစ်နိုင်ပါတယ်။

“EV က ခရီးဝေးသွားလို့မရဘူးလား?”
“Battery က နှစ်နည်းနည်းကြာရင် ပျက်သွားမှာလား?”
“မိုးရွာရင် အန္တရာယ်ရှိလား?”
“Maintenance မလိုတော့ဘူးဆိုတာ တကယ်လား?”
“အားသွင်းတာ အချိန်အရမ်းကြာမလား?”

EV ကို မစီးဖူးသေးသူတစ်ယောက်အတွက် ဒီလိုမေးခွန်းတွေရှိတာ သဘာဝကျပါတယ်။ အကြောင်းကလည်း EV ကားတွေဟာ ရိုးရိုးဆီကားနဲ့ အသုံးပြုပုံ၊ အားဖြည့်ပုံနဲ့ နည်းပညာပိုင်းမှာ မတူတာတွေရှိလို့ပါ။

ဒါပေမယ့် EV နဲ့ပတ်သက်ပြီး ကြားရတဲ့အချက်အလက်တချို့က လက်ရှိနည်းပညာအခြေအနေထက် အရင်ကအမြင်တွေပေါ် အခြေခံထားတာမျိုးလည်း ရှိပါတယ်။

EV က ခရီးဝေးမသွားနိုင်ဘူးဆိုတာကတော့ တစ်ဝက်ပဲမှန်ပါတယ်။

ကားတစ်စီးချင်းစီရဲ့ Battery Capacity နဲ့ Driving Range က မတူပါဘူး။ နေ့စဉ် မြို့တွင်းသွားလာဖို့အတွက် လုံလောက်တဲ့ Range ရှိတဲ့ Model ရှိသလို ခရီးပိုရှည်သွားနိုင်တဲ့ Model တွေလည်းရှိပါတယ်။

ဒါကြောင့် “EV က ခရီးဝေးရလား” ဆိုတာထက် ကိုယ်နေ့စဉ် ဘယ်လောက်မောင်းသလဲ၊ ဘယ်လိုခရီးတွေသွားလေ့ရှိသလဲ၊ ဘယ်နေရာမှာအားသွင်းမလဲ ဆိုတာကို အရင်စဉ်းစားပြီး Model ရွေးတာက ပိုလက်တွေ့ကျပါတယ်။

Battery ကလည်း ဖုန်း Battery တစ်လုံးလို သဘောထားလို့မရပါဘူး။

EV Battery System မှာ Battery Management System (BMS) က Charging၊ Temperature နဲ့ Battery အခြေအနေကို စောင့်ကြည့်ထိန်းချုပ်ပေးပါတယ်။ အသုံးပြုတဲ့ Battery Chemistry၊ Charging Habit၊ ရာသီဥတုနဲ့ အသုံးပြုပုံတွေက Battery ရဲ့ ရေရှည်အခြေအနေပေါ် သက်ရောက်နိုင်ပါတယ်။

BYD ကားတွေမှာလည်း LFP Chemistry ကို အသုံးပြုထားတဲ့ Blade Battery Technology ကို တွေ့ရပါတယ်။ ဒါပေမယ့် Battery က ဘယ်လောက်ကြာမယ်ဆိုတာကို “နှစ်ဘယ်လောက်” လို့ တစ်ချက်တည်းပြောတာထက် မှန်ကန်တဲ့အသုံးပြုပုံနဲ့ ပုံမှန်စစ်ဆေးထိန်းသိမ်းမှု က ပိုအရေးကြီးပါတယ်။

မိုးရွာရင် EV မောင်းလို့မရဘူးဆိုတာလည်း မှားယွင်းတဲ့အမြင်တစ်ခုပါ။

EV တွေရဲ့ Battery နဲ့ High-voltage Components တွေကို ရာသီဥတုအခြေအနေမျိုးစုံမှာ အသုံးပြုနိုင်အောင် Protection Systems တွေနဲ့ တည်ဆောက်ထားပါတယ်။

ဒီလိုပြောလို့ “EV က ရေထဲမောင်းလို့ရတယ်” လို့ ဆိုလိုချင်တာတော့မဟုတ်ပါဘူးနော်၊ EV ဖြစ်ဖြစ်၊ ဆီကားဖြစ်ဖြစ် ရေကြီးနေတဲ့လမ်းကို မသေချာဘဲ ဖြတ်မောင်းတာက အန္တရာယ်ရှိပါတယ်။

EV က Maintenance လုံးဝမလိုတော့ဘူးဆိုတာလည်း မမှန်ပါဘူး။

Engine Oil Change၊ Spark Plug စတဲ့ ICE Vehicle မှာရှိတဲ့ Maintenance အချို့ မလိုတော့တာမှန်ပေမယ့် Tires၊ Brakes၊ Suspension၊ Air-conditioning System၊ Fluids၊ Battery System နဲ့ Electronic Components တွေကိုတော့ ပုံမှန်စစ်ဆေးဖို့ လိုပါတယ်။

ပြောရရင် EV ရဲ့ Maintenance က “မလိုတော့တာ” မဟုတ်ဘဲ Maintenance လုပ်ရတဲ့အရာတွေ ပြောင်းသွားတာ လို့ နားလည်တာ ပိုမှန်ပါတယ်။

နောက်တစ်ခုကတော့ Charging Time ပါ။

EV တစ်စီးကို အားသွင်းဖို့အချိန်က Charger Type တစ်ခုတည်းပေါ် မူတည်တာမဟုတ်ပါဘူး။ Charger Power၊ ကားလက်ခံနိုင်တဲ့ Charging Rate၊ Battery ရဲ့ State of Charge နဲ့ အခြေအနေတွေကလည်း သက်ရောက်ပါတယ်။

ဒါကြောင့် EV တစ်စီးဝယ်မယ်ဆိုရင် ကားရဲ့ Range ကိုပဲမကြည့်ဘဲ ဘယ်လိုအားသွင်းမလဲ၊ နေ့စဉ်အသုံးပြုပုံနဲ့ ကိုက်ညီမလား၊ လိုအပ်တဲ့ Service Support ရှိမရှိ ကိုပါ တွဲပြီးကြည့်တာ ပိုကောင်းပါတယ်။

နောက်ဆုံးမှာ EV ရွေးချယ်တာက “EV ကောင်းလား၊ ဆီကားကောင်းလား” ဆိုတဲ့ မေးခွန်းတစ်ခုတည်းနဲ့ မဆုံးဖြတ်သင့်ပါဘူး။

ကိုယ့်ရဲ့ အသုံးပြုပုံနဲ့ ဘယ်နည်းပညာက ပိုကိုက်ညီသလဲဆိုတာကို သိပြီး ရွေးချယ်တာက ပိုအရေးကြီးပါတယ်။

BYD EV Models၊ Battery Technology နဲ့ EV အသုံးပြုမှုဆိုင်ရာ အချက်အလက်များကို BYD EV Power မှာ လာရောက်လေ့လာမေးမြန်းနိုင်ပါတယ်။

📞 Hotline: 09 782 858585
🏢 Showroom: အမှတ် ၇၈၊ အင်းလျားလမ်း၊ စိန့်အော်ဂတ်စတင်း ကက်သလစ်ဘုရားကျောင်းနှင့် အင်းလျားလမ်းမီးပွိုင့်ကြား၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။

Address

No. 78, InyaRoad, Kamayut Township
Yangon
11041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959782858585

Alerts

Be the first to know and let us send you an email when BYD EV Power Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BYD EV Power Myanmar:

Shortcuts

Share

Category