POINT Motorcycle Service & Trainning - Hmawbi

POINT Motorcycle Service & Trainning - Hmawbi Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from POINT Motorcycle Service & Trainning - Hmawbi, Motorcycle repair centre, နတ်စင်လမ်း, Hmawbi, Yangon.

12/03/2026
Triumph Street Scrambler Spoke Wheels Change To (OUTEX CLEAR TUBELESS KIT)BMW,Harley,Triumph...Spoke wheels မျိုးစုံမှTu...
12/01/2021

Triumph Street Scrambler Spoke Wheels Change To (OUTEX CLEAR TUBELESS KIT)
BMW,Harley,Triumph...Spoke wheels မျိုးစုံမှTubeless ပြောင်းချင်တဲ့ ဆိုင်ကယ်ချစ်သူ ညီကိုများအတွက် အကောင်းဆုံး လက်ရာ​သေသပ်စွာ ဝန်ဆောင်မှုပေးနေပါတယ်ခမျာ...
Tube Type နဲ့ ခရီးဝေးသွားရတာ စိတ်မချတဲ့ ချစ်ညီကိုတွေ Tubelessပြောင်းပြီး စိတ်ချနိုင်ပါပြီ...
ပွိုင့် ဆိုင်ကယ်ဝပ်ရှော့ မှော်ဘီ...
ကိုအောင်စိုးမိုး
09798389296

Aung Thu Hein ညီလေးရေ...အကို့နာမည်အကို့ဆိုင်နဲ့ အကို့Page ကို ကြေငြာပေးတာ ကျေးဇူးအထူးတင်ပါတယ်.. Error တွေကောင်းသွားပြီဆိ...
24/09/2020

Aung Thu Hein ညီလေးရေ...အကို့နာမည်အကို့ဆိုင်နဲ့ အကို့Page ကို ကြေငြာပေးတာ ကျေးဇူးအထူးတင်ပါတယ်..
Error တွေကောင်းသွားပြီဆိုတာလည်း ဝမ်းသာပါတယ်ညီ
အမှန်က အကို့တစ်ယောက်ထဲအားနဲ့ ဖြေရှင်းခဲ့ရတာမဟုတ်ပါဘူး
လွယ်လွယ်နဲ့လည်းပြီးမယ့်ကိစ္စ မဟုတ်ဘူးထင်တော့ တွံတေးမြို့က ဆရာကိုဇေနိုင်ဆီအကူအညီတောင်းပြီး နှစ်ယောက်ပေါင်းပြင်ပေးခဲ့ရတာပါ ...
ကိုဗစ် လမ်းခရီးတွေပိတ်နေတဲ့ကြားထဲက စွန့်စွန့်စားစားသွားခဲ့ရတာ အမှတ်တရပါညီလေး ညီ့ဘီးက ကိုဇေနိုင့်ဆီ ရောက်ရောက်ခြင်း စက်ထိုးစစ်တော့ 9လပိုင်း 1ရက်နေ့ထဲက service လုပ်ပြီးသားလို့ စစချင်း သိလိုက်ရကတည်းက Errorကိုမှန်းဆမိလိုက်ပါတယ် ...ကိုဗစ်ကာလမှာ အရင်အကိုသုံးနေကျစက်ကလည်း ရက်ပိုင်းလေးကမှ ကွယ်လွန်သွားတဲ့ အကို့အကိုတစ်ယောက်က မိုးကုတ်ကို ပို့ပေးလိုက်တော့ဂွပုံပေါ်နေတာရယ် စက်ကမရှိ သမီးလေးကျန်းမာရေးကိစ္စနဲ့ ဆေးရုံကိစ္စ ဗျာများနေရတော့ ညီ့ဘီးကို Oil service လုပ်ပေးရမယ်ပဲထင်ပြီး ဘီးလာအပ်ထားတဲ့နှစ်ရက်လုံး လုံးဝ မစစ်ကြည့်မိခဲ့တာပါ...သမီးကိစ္စဆေးရုံကပြန်ပြန်လာခြင်း ဘီးကိုထုတ် တွံတေးက မြို့ခံအမျိုးတွေ ညီတွေညီမတွေ
မလာပါနဲ့ တားနေတဲ့ကြားထဲက လမ်းခရီး ဘယ်မှမနားပဲ အရောက်သွားပြီး စက်ထိုးစစ်ခဲ့ပါတယ်...ဘီးတွေနဲ့ပတ်သတ်လာရင် ကိုဗစ်လည်းတားမရနိုင်ပါ...ကိုယ်၌ကလည်း ကျန်းမာရေးအထူးဂရုစိုက်နေတာ Covidမရှိဘူးဆိုတာ ယုံကြည်မိလို့ တွံတေးကိုလမ်းခရီး ဘယ်မှမနားပဲ အရောက်သွားခဲ့ပါတယ်...ကျေးဇူးအထူးကြီးစွာဖြင့် ဟိုးအရင်ထဲက ဘီးပေါင်းများစွာ အခက်အခဲ ကူညီဖြေရှင်းပေးခဲ့တဲ့ ဆရာကိုဇေနိုင်က နွေးထွေးစွာကြိုဆိုပြီး ကူညီပေးခဲ့တာပါ...အဲ့တာနဲ့ ရောက်ရောက်ခြင်းစက်ထိုးစစ်ကြပါလေရော အဲ့အချိန်မှာ ညီ့ကို Vcall ခေါ်ပြပေးခဲ့တာ ဆရာကိုဇေနိုင်ပါ နောက်တစ်ချက်က... ညီ့ဆီဘီးမရောက်ခင်
ညီမသိလိုက်လို့ဖြစ်မယ်...oil service 16000တောင်ပေးထားပြီးသားပါ လုပ်ပြီးသားကို ဘာလို့ချက်မီး ဂွပုံ TC တွေ ABS မီးတွေ လင်းနေရတာလဲပေါ့...အဖြေကရှင်းပါတယ် Error ကို စက်ကဖျက်မရတာ...
ပြတ်တောက်နေတဲ့ ဝါယာ ဆင်ဆာစနစ်တစ်ခုခု ရှိနေလို့စက်ထိုးဖျောက်လည်းမပျောက်နိုင်တာပါပဲ မှော်ဘီပြန်ရောက်တဲ့အထိ ဘီးကထစ်နေတာ လီဗာစနစ် Sensorထောက်နေသလို စိတ်ထဲမတင်မကျနဲ့ ဘီးက လိုအပ်နေတုန်းပဲ...
ABS TC ဒါတွေနဲ့ချိတ်ဆက်နေတော့ Error ကို စိတ်ရှည်စွာ လူ့ဦးနှောက်သုံးပြီး လိုက်ရှာပြီး ပြုပြင်မှ ပြည့်စုံတဲ့ Repair service ဖြစ်တာပါ...အကြံဥာဏ်ပေါင်းစုံပေးကူညီပေးခဲ့ပါသောကို Zay Naing တွံတေး ဆရာအား ကျေးဇူးအထူးတင်ပါကြောင်း...
စက်ထိုးပြီး ချက်မီး Absမီး ဂွပုံ TC မီးလင်းနေတာက ဘီးရဲ့ ဝါယာရင်းစနစ် ပြတ်တောက်နေခဲ့တာပါ ပြန်ဆက်ပေးလိုက်ပြီး မီးအားလုံး ငြိမ်းသွားတာပါပဲ
ပြောချင်တာက Triumph တွေ ဂွပုံ Service မြင်တိုင်း မကြောက်ကြပါနဲ့ ဘီးအတွက် အင်ဂျင်ဝိုင်လဲပေး Service လုပ်ပေးပြီ Oil service လုပ်ပေးရုံနဲ့တင် ကိစ္စအေးပါတယ် ဂွပုံပေါ်နေလည်း စီးနေကြတာတွေအများကြီးပါ...
ဘီးတွေကကောင်းနေရဲ့သားနဲ့ ချက်မီး ဂွပုံပေါ်နေလို့ဆိုပြီး မဝယ်ရဲရတာနဲ့ စျေးနှိမ်ကြရတာနဲ့ သိုင်းလောက ကလည်း အတော်ရှုပ်တာပဲ...
ဘာမဟုတ်တဲ့ ပြသနာလေးတွေကို အပေါက်ချဲ့ပြီးကြောက်နေကြတယ်...ဘီးတွေကြည့်တော့ သိန်းတစ်ရာကျော်တွေ...
ဝါယာဆော့ကဒ်လွတ်တာပဲဖြစ်ဖြစ် ဝါယာပြတ်နေတာပဲဖြစ်ဖြစ် ဘာစက်ထိုးထိုး Error မပျောက်ဘူးဆိုတာသိစေချင်တယ် ညီ့ဘီးက ဝါယာဆော့ကဒ် ပါဝါလွတ်နေရုံလေးပါ အရင်အုံနာတွေဘယ်သူဆိုတာအကိုစိတ်မဝင်စားဘူး သူတို့လည်းလုပ်ကြည့်ကြိုးစားကြည့်ပေးထားကြပါတယ် Service date မြင်နေရတယ် 1.9.2020 ညာမရဘူး Errorဖျောက်မရတော့ လည်း ဒို့မှော်ဘီသား မှော်ဘီပွိုင့်ဝပ်ရှော့မှာ ဖြေရှင်းပေးလိုက်နိုင်တာပဲ ညီလေးရယ် ဂုဏ်ယူလိုက်ပါ
ညီ့ဘီးက အော်မူအားလုံးကျန်ပါသေးတယ် အမတန်ကောင်းတဲ့ဘီးပါ ဘီးပြင်ပေးရတာ ချွေးတောင်မထွက်လိုက်ရပါ မိုးမိပြီး ကိုဇေနိုင်ကြီးအိမ်မှာဂိနေလို့😁 စကားမစပ် BMW GS Boxer Engine,K series, S 1000 RR series မော်ဒယ်ဘယ်လောက်မြင့်မြင့် နိမ့်နိမ့် သုံးလို့အရမ်းကောင်းတဲ့ MOTOREX( Oil of Switzerland)အင်ဂျင်ဝိုင်တွေ တစ်လီတာ( ၄သောင်း)ကျပ်ဝန်းကျင်ဖြင့် တွံတေးမြို့ ဆရာကိုဇေနိုင်ဆီမှာ မှာယူအသုံးပြုနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးပါရစေခင်ဗျား...ထိုင်းကမှာယူသုံးတာထက်စျေးသက်သာပါတယ် ကျနော် ၄ဗူး အားပေးခဲ့ပြီး စိတ်တိုင်းကြ အထူးကောင်းမွန်ပါကြောင်းနှင့်...
ချက်မီးလင်းလို့ စိတ်ပူနေတဲ့ ညီကိုများလည်း အေးငြိမ်းစေချင်ပါကြောင်း
ပွိုင့် ဆိုင်ကယ်ဝပ်ရှော့ မှော်ဘီ

BMW R 1200GS, R 9T,R 1150,R1100 RS,R 1100RT,k1 -100-1100 i R850-1100..boxer engineမျိုးစုံမှာပါတဲ့ တစ်ချပ်ထဲသော ကလပ်ပြား...
24/08/2020

BMW R 1200GS, R 9T,R 1150,R1100 RS,R 1100RT,k1 -100-1100 i R850-1100..boxer engineမျိုးစုံမှာပါတဲ့ တစ်ချပ်ထဲသော ကလပ်ပြားများဟာ အုပ်စုကွဲ အထူအပါးကွဲကြတာလေးကို သတိပြုစေချင်လို့ပါ...လတ်တလော မြန်မာပြည်ထဲ စျေးနှုန်းချိုသာစွာဖြင့် နယ်ပေါင်းစုံအသီသီးရောက်ရှိနေကြသော BMW မော်ဒယ်အနိမ့်များစွာရဲ့ ဘီးအုံနာနဲ့ စက်ဆရာတို့ရေ... ကလပ်ပြားတစ်ချပ်အတွက်နဲ့ သောကမများစေချင်ဘူးဗျ...အခုရိုက်သုံးတဲ့ R1100RS ရဲ့ ကလပ်ပြား Blade thickness အထူက 5.5 မီလီမီတာ ကျော်ပါတယ် ကျောက်ပြင်ပြန်သရလို့ပါ ကျောက်ပြင်ကောင်းရင် 5.5mm
တချို့ဘီးတွေဆို ကလပ်ပြားတောင်မရှိတော့ဘူး အမှုန့်ဖြစ်နေပြီ...
ကလပ်ပြားဖြစ်ပြီးရော အဝိုင်းဖြစ်ပြီးရောပြန် ​​တပ်မရပါဘူး...ဘီးရဲ့ မူလကလပ်ပြား Blade thickness အတိုင်းကို ပြန်ထည့်ပေးရပါမယ်...အော်ကလပ်ပြားစျေး တစ်ချပ်ရဲ့တန်ဖိုးက သိန်းချီပါတယ် ​အော်ဒါမှာရင်တောင် တစ်လကျော်စောင့်ပြီး အခုလို Covid ကာလမှာဆို မလွယ်ကူပါ...BMW boxer engine ကလပ်ပြားတိုင်းနီးပါးဟာ မော်ဒယ်မြင့်မှလွဲ၍ ဖြုတ်ဖို့တောင် အဆင့်ဆင့် သေချာစွာ ဖြုတ်တပ် အချိန်ပေးရတာဆရာတို့အသိပါ...ကိုယ်ထည်ကို နှစ်ပိုင်းပိုင်းလိုက်ရတာ...
အခန့်မသင့်လို့ ပြန်တပ်ပြီး အဆင်မပြေတာဖြစ်ခဲ့ရင် နှစ်ဆပိုပင်ပန်းပါတယ်...
ဒီအကြောင်းကို ပြောချင်နေတာကြာပြီဗျ..GS main crank oilseal နှစ်ထပ်ကွင်း
ပေါက်ပြီး ဆီတလဟော ဆင်းနေတာကို လာပြင်ခိုင်းတယ်...Oilseal genuine parts ကို ဝယ်လဲမှရမယ်ဆိုတာကို ငွေမတက်နိုင်လို့ပါ ဆရာရယ် ပြန်ရောင်းမှာ လက်ပူတိုက်ပေးပါ... ဘုရင့်နောင်ကားဝင်းထဲက ၁၅၀၀ကျပ်ဝန်းကျင်ခန့် ဝိုင်းဆီလ်းတွေသူ့ဟာသူ ဝယ်ပေးပြီး တပ်ခိုင်းတယ် လုံပါလိမ့်မယ် ဖုန် သဲ ရေ
ဆီမလုံပါ တန်ဖိုးနဲ့ အလုပ်လုပ်ဆောင်ပုံကွာတယ်ဗျ...လက်ပူတိုက်ခိုင်းတာကအရေးမကြီးဘူး
နှစ်ခါပြန်လုပ်ရတာ အရမ်းပင်ပန်းပါတယ် ကြာကြာမခံပဲ ပြန်ပေါက်မှာ သိသိကြီးနဲ့ ထပ်ခါထပ်ခါ မကောင်းမခြင်း လုပ်ပေးနေရအောင် မင်း..😎🎳🎳.မှမဟုတ်တာ...လက်ခကြတော့ အကြွေး...😁
မကောင်းတော့ အပြစ်တင်ဝေဖန်ခံရတယ် BMW GS ဂီယာမိန်းရှပ်ချောင်လို့ ဖို့သ လုပ်ပြီးတပ် လက်ပူတိုက်ကြတယ် သံသားမတူပါ ကြာကြာမခံပါ ကလပ်ဆွဲအသံပျောက် ကလပ်လွှတ် ဒုက္ခရောက်ကြတာပါပဲ...ကြာတော့စက်ဆရာနာမည်ပျက်တယ် ခများတို့ အော်ပစ္စည်းကြတော့ ဝယ်မထည့်ပဲ စက်ဆရာတွေရဲ့နာမည်ကို လိုက်ဖျက်နေတာ ဝဋ်တွေလည်ဦးမှာ...
စီးကြပါ BMW ဆိုပြီးရော မော်ဒယ်နိမ့် စျေးပေါပေါများ
ပျက်ခဲတယ်နော် ပျက်ရင်လည်း မချောင်ဘူး...မပျက်သေးရင်လည်း စီးကောင်းလိုက်တာဆိုတာ...ဘီးပေါ်ကကိုမဆင်းချင် ကြတဲ့ ချစ်ညီကိုများ...ဒီလောက်ဆို သဘောပေါက်သင့်ပြီ
BMW စျေးတန်တန်နဲ့ ရမယ် ဆို သေချာနားလည်တဲ့ လူနဲ့ တိုင်ပင်ပြီးမှ ဝယ်ပါ...ဝယ်ပြီးရောင်းတဲ့ မိတ်ဆွေကြီးတွေရော... ဝယ်စီးမယ့် ချစ်ညီကိုတွေရော...အားလုံး ဘီးကောင်း ဘီးသန့်များ ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျား...ရောင်းသူအပြစ်မဟုတ်...နားမလည်ပဲဝယ် အတဲ့လူခံ
BMW ကလပ်ပြားပြန်ရိုက်ချင်ရင် ရန်ကုန် ကြည့်မြင်တိုင် စလင်းကွင်းရှေ့က အောင်ကျော် ကလပ်ပြားဆိုင်မှာ အဆင်ပြေပါတယ်...
ပွိုင့်ဆိုင်ကယ် ဝပ်ရှော့ (မှော်ဘီ)
ကိုအောင်စိုးမိုး
09798389296

မြန်မာပြည်ရဲ့ Harley-Davidson Fatboy(2012) ကို နေ့တိုင်းနီးပါး တစ်နှစ်တာအတွင်းကီလို ၄သောင်းနီးပါး​ တာယာ ၃ လုံးကုန်သည်အထိ...
14/08/2020

မြန်မာပြည်ရဲ့ Harley-Davidson Fatboy(2012) ကို နေ့တိုင်းနီးပါး တစ်နှစ်တာအတွင်းကီလို ၄သောင်းနီးပါး​ တာယာ ၃ လုံးကုန်သည်အထိ စွဲမက်စွာကီလိုအများဆုံးစီးသူ ကျနော်ရဲ့ ချစ်ကိုကြီး သိကြားမင်း ဦးဇော်...ကမ္ဘာ့ HD ချစ်သူတွေ ဒီစံချိန်ရှိပါ့မလားလို့တောင် တွေးမိပါတယ် HD Groupမှာ ကီလို တစ်ထောင်စီးပေးရင် အဝိုင်းတစ်ဝိုင်း ရတယ်ဆိုတော့ ဦးဇော်ဆို ကီလိုအသိအမှတ်ပြု အဝိုင်း ၄၀လောက် ရနေပြီထင်😂...ဒီနေ့လဲပေးလိုက်တဲ့ Avon cobra
အင်ဂလန်မိတ်ရှေ့နောက် ၉သိန်း၇သောင်း (NW NW.မြဝတီ) Aircleanner ၁သိန်း၅သောင်းအပါအဝင် ပြင်ဆင်စရိတ်အပါ ၁၀သိန်း နှင့် ၁၅သိန်းကြားကို
အပြုံးမပျက်သူ...HD အချိန်ပြည့် Crazy ကျကျ စီးနင်းသူအဖြစ် ကျနော်တို့ ပွိုင့်ဆိုင်ကယ်ဝပ်ရှော့ မှော်ဘီမှHD ကီလိုတစ်ထောင်အဝိုင်းမပေးနိုင်ပေမယ့် လေးစားမိပါကြောင်း...ယုံကြည်မှူအပြည့်ဖြင့် ကျနော့ဆိုင်မှာ အမြဲ Service လာဝင်ပေးနေခြင်းကိုလည်း ကျေးဇူးအထူးတင်ရပါကြောင်း...
စက်ဆရာ ညီကိုများနဲ့ HD စီးနင်းသူ ချစ်ညီကိုများကို ဒီနေ့ပေးချင်တဲ့ Message ကတော့
HD တွေ ဘယ်လောက် လှလှ စျေးကြီးကြီး Engine oil,Engine oil filter,Air Filter တွေကို ဘီးကောင်း ဘီးလှဆိုပြီးကိုယ့်ဘီးကိုယ်မယုံကြပါနဲ့ ...သက်သာနေတဲ့ အနာဟောင်းတွေ အနာဆွေးသလို မိမိတိုရဲ့ အင်ဂျင်တွေကို တဖြည်းဖြည်း လှိုက်စားနေကြပါတယ်ဆိုတာပါ...စစ်ပါ ယုံကြည်စိတ်ချရတဲ့ စက်ဆရာဖြင့် သို့ မိမိကိုယ်တိုင် ဖြုတ်စစ်ပေးပါ ...HD Air Filter တွေ ပိတ်နေလို့ အသစ်ဝယ်လဲရတော့မယ်ဆို MDY HD Showroom, YGN HD Showroom တို့ကိုဆက်သွယ်မှာ ယူတော့မယ်ဆိုပါက ပထမဦးစွာ မိမိစီးနင်းနေတဲ့ ဘီးရဲ့ Vin Number( ဖရိမ်ချက်စီ,)ကိုတောင်းပါလိမ့်မယ် ဒါဟာ ပစ္စည်းအမှားအယွင်းပေးမိမှာစိုးလို့ HD Showroom က တိကျအောင်တောင်းတာပါ ကျနော် Usedဝယ်တုန်းက လွဲဖူးတယ် အတူတူပဲထင်တာ အထိုင်ပေါက်တွေလွဲတော့ တပ်မရခဲ့ဘူးဗျ
မရမက လိုက်ရှာတော့ O mile က John ကျေးဇူးနဲ့ အဆင်ပြေသည်အထိ ကူညီလဲပေးလို့ အဆင်ပြေခဲ့ပါသေးတယ် ဆိုလိုတာက HD parts တွေမှာ Vin Numberတွေကအရေးကြီးတယ်ဆိုတာပါပဲ ပုံစံတူပေမယ့် အထိုင်မတူတာ ကွဲလွဲတာတွေ ရှိကြပါတယ် 1HD ,5 HD, 932, MEG... စသည်ဖြင့် နိုင်ငံခွဲရောင်းချတဲ့ HD မျိုးစုံမှာ Parts Qualityတွေ Vin numberအရ ပစ္စည်းပုံစံတွေ ကွဲလွဲနေကြတာကိုတွေ့ရပါတယ် သတိထားမိဖို့ပါ
HD Vin number ...
ရှိသေးတယ် HD စီးတဲ့ ဘောစိချစ်ကိုတွေ ကိုယ့်ဘီးကို မော်ဒယ် ဘယ်လောက်မှန်း မကြည့်တက်ဘူး မသိသေးဘူး မလေ့လာဖြစ်ဘူး... ကျနော်အကြံပေးချင်တာက အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး မိတ်ဆွေတို့ HD တွေ မော်ဒယ် ဘယ်နခုနှစ်ထုတ် ဘီးလဲ သိချင်ရင် Google Play store မှာ Vin Code Decoder သို့မဟုတ် Auto Vib Decoder app ကို ဒေါင်းပါ
ပြီးလျှင် မိမိရဲ့ HD Vin Number,ဗမာ အခေါ် ဖရိမ်ချက်စီ ကိုရိုက်ထည့်လိုက်တာနဲ့ ခုနှစ်ထုတ်လုပ်သည့်နိုင်ငံ ထွက်ပေါ်လာမှာပဲဖြစ်ပါတယ် ...ဒါအလွယ်ကူဆုံး Appတွေပါ တခြား မူရင်း Appတွေများစွာရှိပါတယ်...မိတ်ဆွေဘီးက မော်ဒယ်ဘယ်လောက်လည်း လို့ မေးရင် သိန်းရာကျော်ပေးပြီး ဒါလေးတောင်မသိဘူးလားလို့ မဖြစ်စေချင်ဘူးဗျ...

ဒီရက်ပိုင်းအတွင်းကျနော့ဆီမှာ Service လာလုပ်တဲ့ HD Glide, HD Heritage Softail Classic,HD 883,48.HD Fatboy...အားလုံးမှာ Airfiter လုံးဝ ပိတ်နေကြတာပါပဲ လူတစ်ယောက်ရဲ့ နှာခေါင်းပိတ်နေသလို အသက်ရှူမဝတဲ့အခါ ပါးစပ်နဲ့ရှူလို့မဖြစ်တဲ့ Intake Air Pressure ကြောင့် ဆီမွှန် ဟိတက်တဲ့ရောဂါတွေကို မသိမသာခံစားနေကြရတယ်...တချို့ဘီးချစ်သူတွေမသိကြဘူး သူတို့အလုပ်မှမဟုတ်တာ...ပြင်ပေးရမယ့် သူတွေအလုပ်...စက်ပြင်ထက် ပိုစေ့စပ်တဲ့ ဘီးအုံနာတွေလည်း များစွာရှိကြပါတယ်...အဓိကအုံနာတွေကတော့ စာတက်တာ စာဖက်များပြီး ဗဟုသုတအထွေထွေကို ပါရမီပါသူတွေ...
နီးစပ်ရာထည့်တဲ့ အင်ဂျင်ဝိုင် အင်ဂျင်ဝိုင်ဖစ်တာ အမှားရွေးချယ်မှူတွေကြောင့် အင်ဂျင်ပွန်းစားမှူတွေ အချိန်နဲ့အမျှ တွေ့မြင်နေရပါတယ်
ဒါတွေကို သတိပြုစေချင်တာပါ တန်ဖိုးမြင့် ဘီးလည်း ပျက်တာပဲ တန်ဖိုးနည်း တရုတ်ဘီးလေးလည်း ပျက်တာပဲ ဆိုင်ကယ်ဟာ ဆိုင်ကယ်ပါပဲ...တန်ဖိုးကြီးတဲ့ဘီးစီးလို့ အားလုံးကောင်းနေမယ်လို့ မထင်စေချင်ပါ...အရာအားလုံးဟာ ဖြစ်ပျက်ပဲ.. ဆိုင်ကယ်ချစ်သူများ အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာရွှင်လန်းကြပါစေခင်ဗျား...
ပွိုင့်ဆိုင်ကယ် ဝပ်ရှော့ မှော်ဘီ

မနက်ကမှ BMW အကြောင်း လာထပ်မေးလို့ သတိရတာနဲ့ ယခင်ပိုစ့်အဟောင်းကို Page လည်းအသက်သွင်းရင်း ...CB 400EFi ...Yamaha Kawasaki ...
12/08/2020

မနက်ကမှ BMW အကြောင်း လာထပ်မေးလို့ သတိရတာနဲ့ ယခင်ပိုစ့်အဟောင်းကို Page လည်းအသက်သွင်းရင်း ...
CB 400EFi ...Yamaha Kawasaki Suzuki မှစ၍ Harley...BMW R1200GS ,R 1150GS အဆုံး အသုံးပြုနိုင်သော Fuel pumpများ
ကျနော် ဆိုင်ကယ် ပညာနဲ့ပတ်သတ်လို့ မျှဝေချင်တယ်...
မသိသေးတဲ့ ညီငယ်တွေ သိစေချင်တယ် ပစ္စည်းလိုလို့ အချိန်အကြာကြီး စိတ်သောက မရောက်စေချင်ဘူး ပစ္စည်းတန်ဖိုးတွေ စျေးကြီးလို့ ဝယ်မရလို့ အစားထိုးဘာထည့်ရမှန်း မသိသေးကြတဲ့ ဆိုင်ကယ် စက်ပြင် ညီကိုတွေ နဲ့ ဘီးအုံနာတွေရေ
BMW ချာချင်ကွိုင် (stator original part)တစ်ခုကို မြန်မာငွေ သိန်း ၂၀ကျော်ထိစျေးရှိပါတယ် ပန့်စျေးတွေလည်း အော်ဆိုစျေး ကြီးမှကြီး...ပညာပိုင်းနဲ့ ကုစားလို့ရပါတယ် အဲ့လောက်မကုန်ပါဘူး
အထူးသဖြင့် EFI ဘီးကြီး တွေရဲ့ Fuel pump( ဆီပန့်)တွေ အကြောင်းလေး
ပန့်တွေက ဆီဒဏ်ကို ခံနိုင်ကြပေမယ့် တိုင်ကီထဲ ချွေးငွေ့ကြောင့် ရေ ကျန်တာ တိုင်ကီထဲ ရေဝင်တာ တိုင်ကီသံဂျေး( Rust )များပြီး Fuel pump filterတွေ ဆွေးမြေ့ကုန်တာ Filterမလုံတာတွေရဲ့နောက်ကွယ်မှာ Pump pressure ကျပြီး လိုသလို တွန်းအားမပေးတော့တာနဲ့ ရေဝင်များပြီး ပန့်သေသွားတာမျိုးတွေမှာ ကားမှာသုံးတဲ့ 1.3 ပန့်တွေကို မြန်မာငွေစျေး ၁သောင်းကျော် ၂သောင်းကျော်နဲ့ အမျိုးမျိုး အစားထိုးပြီး ပြုပြင်နိုင်ပါကြောင်း မျှဝေချင်ပါတယ်
ကျနော်ကတော့ အစားထိုးလာတာ ကြာပါပြီ
မသိသေးတဲ့ ညီကိုစက်ဆရာတွေ နဲ့ ဘီးချစ်သူ အုံနာတွေ အတွက် မျှဝေပေးလိုက်ရကြောင်းပါ
ကျုပ်ကတော့ ဖော်ကောင် ဘညွန့်ပေါ့ဗျာ
အမှန်တရား ခါးသီးရင်လည်း ဆေးဘက်ဝင်ပါစေ...
ပွိုင့် ဆိုင်ကယ်ဝပ်ရှော့( မှော်ဘီ)

BMW R 1100 RS ,H E S (Hall Effect Sensor) ရေဆေးကြမ်းမိတာမျိုး ရေထဲဆင်းမောင်းမိတာမျိုး မိုးအရမ်းများတဲ့အချိန်မှာ မောင်းမိ...
09/08/2020

BMW R 1100 RS ,H E S (Hall Effect Sensor)
ရေဆေးကြမ်းမိတာမျိုး ရေထဲဆင်းမောင်းမိတာမျိုး မိုးအရမ်းများတဲ့အချိန်မှာ မောင်းမိတာမျိုးတွေအပေါ် တန်ပြန်သက်ရောက်မှူကနေ ပလပ်တွေကိုမီးမရောက်နိုင်တော့တာပါ
BMW Boxer Engine တွေမှာ ဖြစ်လေ့ရှိကြတဲ့ Error တစ်မျိုးပါပဲ...အဖြစ်များတာကတော့ HESရဲ့ ပါဝင်သော ကြိုး ၅ ချောင်းမှာ ၄ ချောင်းက ဆွေးပြီးပေါက်တာများတယ် ကြိုးတွေထဲရေဝင်ရာကနေ မီးပျောက်စေတာပါ ကြိုးတွေကိုသေချာမှတ်ပြီး အစအဆုံး ပြန်​လည် အစားထိုး ​ပေးပါ ...Engine ရဲ့ OT ကို ထားပြီး Lock L Size သံချောင်းဖြင့် Crank lock ချပါ...
ဒိုင်နမို ပူလီ ကြိုးဖြုတ်၍ HES ကို စနစ်တကျ ဖြုတ်ဖို့လိုပါတယ်...အပူခံ Resistant insulation cover အောက်ကကြိုးတွေဟာ စက်ရုံကထုတ်ပြီး များမကြာမှီကာလအတွင်းမှာပဲ Weak points ဖြစ်နေတက်ပါတယ်...သက်တမ်းကြာနေပြီဖြစ်သော BMW ဘီးစီးတဲ့ ညီကိုများနဲ့ပြုပြင်ပေးနေသော စက်ဆရာများ အထောက်အပံ့ ဗဟုသုတ အနေနဲ့သာတင်ပြခြင်း...ဒီဘီးကို တစ်ဆင့်လာအပ်ပေးတာကလည်း စက်ဆရာတစ်ယောက်ပါပဲ...
သူလည်းမသိသေးလို့ မလုပ်ရဲလို့ဆိုပြီး စိတ်ရင်းအမှန်နဲ့ ထပ်ဆင့်အပ်တာပါ... စာများများဖတ်စေချင်ပါတယ် များများ လေ့လာစေချင်ပါတယ် Google,Youtube တို့မှာ BMW နဲ့ပတ်သတ်တဲ့အခက်အခဲများစွာကို Free လေ့လာနိုင်ပါတယ်...ဘယ်နိုင်ငံက ဘာဘီးပဲထုတ်ထုတ် စီးသူထက် စက်ဆရာတွေက ပိုလေ့လာဖြစ်စေချင်တာပါ...

စေတနာသည် တူသောအကျိူးပေး၏
By the way...
HESကို
ပြန်လည်ပြုပြင်လို့ မရတော့ဘူးဆိုရင်တော့ Us S250 (Deli မပါ)ကုန်ကျမှာဖြစ်ပါတယ်...မြန်မာပြည်မှ ဝယ်ယူဖို့
စျေးကြီးပြီး ရှားပါးတဲ့ BMW HES ကို မိတ်ဆွေညီကိုတို့ထံလာအပ်တဲ့ ဘီးတွေပလပ်မီးမရောက်ဘူးဆိုရင်တော့ ဝပ်ရှော့ဆရာအချင်းချင်း ကူညီသောအားဖြင့် ပညာဒါန မျှပေးလိုက်ရပါကြောင်း လိုအပ်ချက် တိုက်ဆိုင်မည့် ညီကိုများအတွက်သာ...ယခု Page မှ ကူညီရှင်းပြပေးသွားပါမည်...
ပွိုင့် ဆိုင်ကယ်ဝပ်ရှော့ မှော်ဘီ

POINT MOTORCYCLE SERVICE & TRAINNINGMT 09 အင်ဂျင်ထဲ က အသံမြည်တယ်ဆိုလို့ ဘယ်ရင် ပြန်ခွေ ပြန်လုံး အင်ဂျင်ပြန်တင်ရတယ် ဒီနေ့...
26/07/2020

POINT MOTORCYCLE SERVICE & TRAINNING

MT 09 အင်ဂျင်ထဲ က အသံမြည်တယ်ဆိုလို့ ဘယ်ရင် ပြန်ခွေ ပြန်လုံး အင်ဂျင်ပြန်တင်ရတယ် ဒီနေ့...
အင်ဂျင်က အရမ်းပူနေတယ်ဆိုလို့လဲ လိုက်စစ်တော့ သွားကျိုးနေတဲ့ အဖိုးကြီးလို ဒလက်တွေ ဗားမားလက်ရာ မပူပဲ နေမလား ရေမှမလည်နိုင်တာ...တွင်ခုံပြေးရပြန် အဆင်မပြေ တွင်ဆရာဆြာရဲလေး မီးပြတ်လို့ အလုပ်ပိ တွင်ပြောင်းအပ်

DUCATI ရပ်ထားတာ ကြာလို့ နှိုးပေးရတယ်
ထုံးစံမူအတိုင်း ကျောက်ခွဲစက်အသံ နားဝင်ပီယံရှိလှပေစွ...ဘီးပြီး လာမယူ တဲ့ ဗိုလ်ကြီး

Z 1000 ABS မီးလင်းနေလို့တဲ့ သောကတွေများနေတဲ့သူလေး
အများကြီးမရှာလိုက်ရဘူး ရှေ့ ABS ဆင်ဆာ ကြိုးလေး တစ်ချောင်းအတွင်းပြတ်ဖြစ်နေလို့ ပြန်ဆက်ပေးလိုက်တယ် ဘာစက်မှ မသုံးလိုက်ရပါ
Shadow အင်ဂျင် နောက်တစ်လုံးမနိုးလို့ လှပ်ရပြန်တယ် အင်ဂျင်ဝိုင်က နှာစေးသလို Leaking ဖြစ်နေတာကတစ်ကြောင်း ...

BMW 1150 GS Final drive bearing ကွဲ ကလပ်ဆီပေါက် နဲ့ သော့ က ကျပ်မပြည့်တာလေး(လွတ်တွတ်တွတ်) လည်းလုပ်

ZZR ၁ထောင့်တစ်ည. ချစ်ညီလေးဗိုလ်ဗိုလ် ဘီး မီးလိုင်းကဖောက် ဒေါသတွေကိုယ့်ဘက်ကူးလာမှာစိုးတာကကြောက်ရသေးတော့ လုပ်...ဒီနေ့ပါပဲ

Harley softail လေစစ်ပုံတူပေမယ့် အထိုင်ပေါက်မတူကြဘူးနော် HD Showroom မှာ အော်ဒါမှာရင် ဘာကြောင့် VIN Numberတောင်းတောင်းနေတာလဲ အလကားမဟုတ်ဘူးဆိုတာ ပညာရသွားတယ်

Harley ဒိုင်အုပ်အားဝင်တစ်ချက် မဝင်တစ်ချက်
ဘောစိက အသစ်ဝယ်ထည့်ပေမယ့် ထားခဲ့တဲ့အော်အဟောင်းလေးကိုမရမက ချိပ်ခွာ ခဲကြွတာပြန်ဆော် ပြန်စမ်းကြည့်တော့ ကောင်းသွားပါပြီ လိုသူများပြန်ရောင်းပေးပါမယ် ဆက်သွယ်ပါ

HD electra glide နောက်ဘရိတ်ဖမ်းရင် မာလျှောကြီး Drum ကို တွင်တင် ပြန်သ မျက်နှာပြင်အသစ်ညှိ ဘရိတ်ရှူးမရိုက်ပဲ တစ်သိန်းကျော်တန် ဝယ်ထည့်တဲ့ ဘောစိ ဒီနေ့ နေ့လည်စာ ခေါက်မုန့်စားရင်း ပြန်သွား😁

Harley Roadking မောင်းနေရင်း မရပ်နဲ့ ရပ်ပြီးရင် ပြန်နှိုးမရတာ လဒက ကလပ်ကြိုးနဲ့ ဖရိမ်ကြားမှာ ကွိုင်ကြိုးကလာညပ်နေတာကိုး ဘယ်ဝင်မလဲ ချာချင် ကိုသက်မောင်ဆီ Motobatt လှမ်းမှာရတော့မလို့ ကံကောင်းသွားတယ် အုံနာ...

SUZUKI GSX 750 အင်ဂျင်ချ Head,Sleeve ပြင်ရန်
အုံနာက YBS 37 မောင်းနေတာ စိတ်က ခပ်အေးအေး အဲ့လိုလူတွေ ပိုကြောက်ရတာ ပြုံးပြုံးလေးနဲ့ သူ့ဘီးမလုပ်ပေးလို့ ဒါးနဲ့ ထိုးနိုင်တယ်

Photographer Paing Soe Thuရဲ့ Yamaha Virago အလှလေး ဒီနေ့မနက်အစောပိုင်း နှိုးပြီးပြီဗျို့ နိုးပြီ

YAMAHA R3 ညီလေး လကုန် ရပါပြီ
S4 ချစ်ညီနှစ်ယောက်က အင်ဂျင်အလုံးလိုက်ချိန်း ဆေးဝင် ကျန်တစ်ယောက်က မကောင်းတာ အကုန်လဲ မန်းလေးက ဂန်းစတားဆီ CDI ပါ ဝယ်ထည့်တဲ့ S4 ချစ်ညီနှစ်ယောက် လကုန်ရက်အတွင်းပြီးပါတော့မယ်...

BMW F650 GS ABS သာယာဝတီက ဖိုးခွား ဘီးပြီးပြီအမြန်လာယူပါ ထားစရာမရှိတော့လို့ အပေါင်ဆိုင်ပို့လိုက်မယ်

တင့်တားတပ်က ဗိုလ်ကြီး Yamaha Tricker ကို ပဲနွယ်ကုန်း ဘုန်းကြီး ကြိုက်တယ်ဆိုလို့ လှူလိုက်ပြီဗျို့...

Triumph မော်တာတွေ အားကြီးမွှေတယ်
ဆိုင်ကယ်ဝယ်ပြီးနောက်နေ့ မော်တာကြောင့် ထန်းတပင်ကနေမှော်ဘီ ကားတင် တစ်ခါ...😁
မော်တာကောင်းပြီး နောက်နေ့ တာယာပွင့် တော့ သုံးဘီးပေါ်ထပ်တင် တာယာလာလဲတဲ့ နဲသမိန်သား
ချက်ချင်းအပ် ချက်ချင်းပြန်လိုချင်တာ စိတ်နာတယ်
မပြီးမချင်း ပေကပ်ပြီး ထိုင်စောင့်တာများကွာ အားမနာဘူး😅😅😅

HARABUSA အပ်ထားတဲ့ညီ ကလေးထိန်းကြီး ဆက်သွယ်ပေးပါ မော်တာရပါပြီ

Honda CBR 600 RR အင်ဂျင် သိန်း ၂၀ ကျော်တန်မှာထားတဲ့ အထက်ဘက်က ချစ်ကိုလေး မမေ့ပါ
အင်ဂျင်အဟောင်းကိုပြန်လုံးပေးပြီး အင်ဂျင်ရောက်လာပါက နှစ်ရက်အတွင်းအပြီးတင်ပေးပါမယ်...လေလံဆွဲပေးတဲ့အကို ဆေးရုံတက်နေရလို့ အဆက်အသွယ်ပြတ်နေရတာ Ko AKOခမျ...

SUZUKI GSR စပါယ်ရှယ် ဖိုင်းခိုင်းတုန်းက ဖိုင်းခိုင်း... မိန်းမခိုးပြီးမှ ဘီးပြန်သ အော်အတိုင်းပြန်တပ်ပေးပါ အမြန်ရောင်းမည် ငွေလိုသည်ဆိုတဲ့ ညီမောင်ဇိုးလေး အပါအဝင် ကျနော့ဆိုင်၌အပ်ထားသော ကျန်ရှိဘီးကြီး အစီး ၂၀ ကျော်အားထည့်မရေးနိုင်တော့ပါ...
ဖုန်းဆက်ရင် မကိုင်ဘူးတဲ့ စာရေးမေးတာ စာမပြန်ဘူးတဲ့ ကျုပ်ကိုအပြစ်တွေတင်လိုက်ကြတာ တနေကုန်လာနေတဲ့ နယ်စုံ မိတ်ဆွေတွေရဲ့ ဆိုင်ကယ်ပြသနာအမေးတွေနဲ့ ဒီနေ့ပဲ တောင်ငူ မြဝတီ အင်းစိန် ကြို့ပင်ကောက် ရန်ကုန်ထောက်ကြန့်... ချစ်မိတ်ဆွေတွေရဲ့ဖုန်း စာတို အမေး Caseလေးတွေ ကူညီပေးရင်း...

Kawasaki Estrella 250 ကိုကြို့ပင်ကောက်က ညဘက်မောင်းပြီးလာပြင်တဲ့ ဘီးလေးကိုစောင့်နေရင်း သန်းခေါင်ကျော်လာခဲ့ပြီ မိုးမလင်းခင်ရောက်မှာသေချာတယ် အလုပ်ဆက်ပေးတဲ့ အင်းစိန်မှ ညီလေး Zin Kyaw ကိုကျေးဇူးတင်ပါတယ်...

Harley Fatboyကိုထည့်ဖို့ အင်ဂလန့်မိတ် တစ်စုံ
၁၀သိန်းတန် တာယာရောင်းပေးတဲ့ မြဝတီက ကိုညီကြီးတို့ရေ... ဘယ်မှာလဲ ကျနော့် နားချိန် 😅😅😅
မိသားစုကို တောင်အချိန်မပေးနိုင်ပဲ ခုထိ ဆိုင်ကယ်ချစ်စိတ်နဲ့ သူများအိပ်ချိန် မှာ စာရေးနေတုန်း...
ဒါတောင် တနေ့တနေ့ ဆိုင်လာတဲ့ အတိုအစ အလုပ် လက်မခံလို့ ...အားနာစွာနဲ့ ပြန်လွှတ် ပြန်ချိန်းနေရတာပါ
တနေ့လောက် အားတယ်ဆို ကျနော်တို့ ပွိုင့် ဆိုင်ကယ်ဝပ်ရှော့ မှော်ဘီမှာ လာလေ့လာနိုင်ပါတယ်လို့ ဖိတ်ခေါ်ပါရစေ... နားလည်ပေးပါ ကျနော် လုပ်နေပါတယ် ...တပည့်တွေ စားတဲ့ ထမင်းပေါင်းအိုးလက်ကိုင် ပျောက်သွားလို့ အစားထိုးလုပ်ထားတာကိုက ဆိုင်ကယ်ပစ္စည်းနဲ့ လုပ်ပေးထားတာ
တော်ရုံ ဆိုင်ကယ်ချစ်တဲ့စိတ်တွေနဲ့ ကတော့ 😂
ကျနော့ခေါင်းထဲ စိတ်ထဲမှာအချိန်ပြည့် ဆိုင်ကယ်အကြောင်းပဲ ရှိပါတယ်..
ချစ်ဇနီးနဲ့ သမီးလေးကတော့ နှလုံးသားထဲ ထည့်ထားရတာပေါ့ဗျာ

ကဲ...ဘယ်မှာလဲ ကျနော့ နားချိန်...?
ချစ်မိတ်ဆွေတို့ရော တစ်နေ့တစ်နေ့ကို ဆိုင်ကယ် အစီးရေဘယ်နှစ်စီးအကြောင်းတွေ လေ့လာ လုပ်ကိုင် ပြုပြင် ရောင်းဝယ် ဆက်ဆံနေကြပါသလဲ?
ကျနော့လိုဆိုရင်တော့ အကြံပေးချင်တာ တစ်နေ့ ဆိုင်ကယ် ၄စီး ၅ စီးအကြောင်းလောက်ပဲတွေးကြဗျိုး...ညစာ ဆက်စားလိုက်ဦးမယ်...

ပွိုင့်ဆိုင်ကယ်ဝပ်ရှော့ မှော်ဘီ
09798389296

POINT MOTORCYCLE SERVICEနတ်စင်လမ်း, မှော်ဘီမြို့09 798 389296
23/07/2020

POINT MOTORCYCLE SERVICE
နတ်စင်လမ်း, မှော်ဘီမြို့
09 798 389296

★★★★★ · Motorcycle repair shop · နတ်စင်လမ်း

Address

နတ်စင်လမ်း, Hmawbi
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959798389296

Website

Alerts

Be the first to know and let us send you an email when POINT Motorcycle Service & Trainning - Hmawbi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share