John Deere - Capital Automotive Ltd, Myanmar

John Deere - Capital Automotive Ltd, Myanmar Authorized John Deere Dealer in Myanmar.

🧑‍🌾🌾တောင်သူမိတ်‌ဆွေများအနေနဲ့ သီးနှံတစ်မျိုးတည်း မဟုတ်ဘဲ ရာသီအလိုက် သီးထပ်သီးညှပ် စိုက်ပျိုးတာ၊ လယ်မြေအပြင် ကုန်းမြေနဲ့ ...
27/08/2026

🧑‍🌾🌾တောင်သူမိတ်‌ဆွေများအနေနဲ့ သီးနှံတစ်မျိုးတည်း မဟုတ်ဘဲ ရာသီအလိုက် သီးထပ်သီးညှပ် စိုက်ပျိုးတာ၊ လယ်မြေအပြင် ကုန်းမြေနဲ့ တောင်ယာစိုက်ခင်းတွေမှာပါ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လာကြတဲ့အခါ အလုပ်တိုင်းကို ရုန်းအားကောင်း အကြမ်းခံ ဆောင်ရွက်ပေးနိုင်မယ့် စွမ်းအားမြင့် ထွန်စက်တွေကို ပိုမိုလိုအပ်လာမှာပါ...

🚜မြင်းကောင်ရေ ၇၅ကောင် စွမ်းအား အပြည့်ပါဝင်တဲ့ ဂျွန်ဒီးယား 5075E ထွန်စက်ဟာဆိုရင် ဘယ်လို မြေမျက်နှာသွင်ပြင်မျိုး၊ ဘယ်လို စိုက်ပျိုးရေး ရာသီမှာမဆို လယ်ယာလုပ်ငန်းခွင်အရှိန်မပျက် စွမ်းအားပြည့် မောင်းနှင်ပေးနိုင်ရခြင်း အကြောင်းရင်းများကတော့...

⭐ အင်ဂျင်ရုန်းအား မြင့်မားစွာ ပါဝင်သောကြောင့် လယ်ယာပြင်ဆင်ချိန်၊ ရိုးပြတ်ထွန်ယက်ချိန်များသာမက ကုန်းမြေ၊ တောင်ယာနှင့် သိုင်းမြေမာများတွင်ပါ အလုပ်တွင်ကျယ်စွာ မောင်းနှင်ခိုင်းစေနိုင်ခြင်း

⭐ စပါး၊ ပြောင်း၊ ကြံ၊ ပဲ အစရှိတဲ့ သီးနှံမျိုးစုံ စိုက်ပျိုးရေးအတွက် ရိုတာရီ၊ ထွန်စက်တွဲယာဉ်များနှင့် နောက်တွဲကိရိယာ အမျိုးမျိုးကို သက်တောင့်သက်သာ တပ်ဆင်အသုံးပြုနိုင်ခြင်း

⭐ လေးလံသော စိုက်ပျိုးရေးကိရိယာများကို အလွယ်တကူ မြှောက်တင်နိုင်ပြီး ဘရိတ်နှင့် ဂီယာစနစ်များ ကြံ့ခိုင်မှုကြောင့် စက်ရပ်နားချိန်မလိုဘဲ တစ်နေကုန် အားစိုက်မောင်းနှင်နိုင်ခြင်း

ဒါကြောင့် ရာသီမရွေး၊ သီးနှံမရွေး စိုက်ပျိုးရေး လုပ်ငန်းခွင်အမျိုးမျိုးမှာ စွမ်းအားပြည့် အလုပ်လုပ်ပေးနိုင်မယ့် ဂျွန်ဒီးယား 5075E ထွန်စက်နဲ့အတူ လူကြီးမင်းတို့ရဲ့ စိုက်ပျိုးရေးလုပ်ငန်းများကို တိုးချဲ့မောင်းနှင်ချင်တယ်ဆိုရင်တော့ နီးစပ်ရာ ဂျွန်ဒီးယား အရောင်းပြခန်းကြီးများမှာ လာရောက်လေ့လာဖို့ ဖိတ်ခေါ်လိုက်ပါရစေနော်...

☎️ အသေးစိတ်ဆက်သွယ်ရန်

📌 ရန်ကုန်ရုံးချုပ်
အမှတ် ၉၉၊ မင်းကြီးမဟာမင်းခေါင်လမ်း၊ ရွှေသံလွင်စက်မှုဇုံ၊ ရန်ကုန်-ပုသိမ်လမ်းမကြီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။
📞 09 949217693, 09 949217690

📌 မန္တလေးရုံးခွဲ
အမှတ် (G1-B2)၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ စံပြလမ်းနှင့် သခင်ဖိုးလှကြီးလမ်းကြား၊ စက်မှုဇုန်(၁)၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
📞09949217695

📌 ဟဲဟိုး (ရှမ်းတောင်)
📞 09-949217694

#တောင်သူဝင့်ကြွား_ဂျွန်ဒီးယား

🚜ထွန်စက်တစ်စီး ဝယ်ယူတဲ့အခါ ရင်းနှီးမြှုပ်နှံမှုများတာမို့လို့ စိုက်ပျိုးရေးလုပ်ကိုင်သူ တောင်သူဦးကြီးတို့အနေနဲ့ ထွန်စက်ကြ...
24/08/2026

🚜ထွန်စက်တစ်စီး ဝယ်ယူတဲ့အခါ ရင်းနှီးမြှုပ်နှံမှုများတာမို့လို့ စိုက်ပျိုးရေးလုပ်ကိုင်သူ တောင်သူဦးကြီးတို့အနေနဲ့ ထွန်စက်ကြီးတွေကို စွမ်းအားအပြည့်နဲ့ ရေရှည်သုံးနိုင်မယ့် ထိန်းသိမ်းနည်းတွေကို သိထားဖို့ အရမ်းအရေးကြီးပါတယ်နော်...

စက်က ပုံမှန်လည်ပတ်နေပေမဲ့ အတွင်းထဲမှာ စက်ဆီခမ်းတာ၊ သံချေးတက်တာနဲ့ ဖုန်ပိတ်တာတွေက တဖြည်းဖြည်း ဖြစ်နေတတ်ပါတယ်။ "မပျက်မချင်း မပြင်ဘူး" ဆိုပြီး ဒီအတိုင်း သုံးနေမယ်ဆိုရင် စပါးပေါ်ချိန်၊ ထွန်ယက်ချိန်ကျမှ စက်က ကောက်ခါငင်ကာ ရပ်သွားပြီး ရာသီအမီ လယ်မထွန်နိုင်ဘဲ ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်ပါတယ်...

ဒါကြောင့်မို့လို့ စက်မနှိုးခင် ပုံမှန် စစ်ဆေးပေးရမယ့် ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းလေးတွေကို တောင်သူတို့ အကျိုးရှိစေဖို့ မျှဝေပေးလိုက်ပါတယ်...
✅ စက်မနှိုးခင် အင်ဂျင်ဝိုင် အမှတ်အသားကို ဆွဲကြည့်ပြီး ဆီလျော့နေသလား၊ မည်းညစ်နေသလားဆိုတာ ပုံမှန် စစ်ပေးပါ။
✅ ရေတိုင်ကီထဲမှာ ရေ (Coolant) အလုံအလောက် ရှိ၊ မရှိ စစ်ဆေးပါ။
✅ လေစစ် (Air Filter) ထဲ ဖုန်တွေ ပိတ်နေပါက ခါပေးပါ။ စိုက်ပျိုးရေးကွင်းထဲက ဖုန်အရမ်းထူတာမို့လို့ အင်ဂျင်သက်တမ်းအပြည့်သုံးနိုင်ဖို့အတွက်ဆိုရင် ဒါက အရေးကြီးပါတယ်။
✅ ဘီးတွေရဲ့ လေဖိအား မှန်ရဲ့လား၊ တာယာတွေ စုတ်ပြဲနေသလားနဲ့ ဘရိတ်၊ ကလပ် (Clutch) အလုပ်လုပ်ပုံ ကောင်း၊ မကောင်း စမ်းသပ်ပါ။
✅ သတ်မှတ်ထားတဲ့ မောင်းနှင်နာရီ ရောက်ပြီဆိုတာနဲ့ Maintenance Schedule မှာ ပါရှိတဲ့အတိုင်း John Deere ရဲ့ မူရင်းအပိုပစ္စည်းများကို ပုံမှန် လဲလှယ်အသုံးပြုပေးပါ။

#တောင်သူဝင့်ကြွား_ဂျွန်ဒီးယား

👨‍🌾တောင်သူဦးကြီးများအနေနဲ့ ထွန်စက်တစ်စီး ဝယ်ယူတော့မယ်ဆိုရင် မြင်းကောင်ရေ (HP) ကိုသာမက တကယ့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းခ...
22/08/2026

👨‍🌾တောင်သူဦးကြီးများအနေနဲ့ ထွန်စက်တစ်စီး ဝယ်ယူတော့မယ်ဆိုရင် မြင်းကောင်ရေ (HP) ကိုသာမက တကယ့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းခွင်မှာ အရေးကြီးဆုံးဖြစ်တဲ့ စက်ရုန်းအားနဲ့ အင်ဂျင်အအေးခံစနစ် (Cooling System) အလုပ်လုပ်ပုံတို့ကိုလည်း တစ်ခါတည်း လေ့လာရမှာပါ…

ဂျွန်ဒီးယား 5045D က သာမန်ထွန်စက်တွေထက် ပိုမိုထူးခြားပြီး ရုန်းအားကောင်းနေရခြင်းအကြောင်းရင်များကတော့...
⭐️ High Engine Back-up Torque ပါဝင်လို့ လယ်ကွင်းထဲမှာ ရွှံ့နွံနက်တာ ဒါမှမဟုတ် မြေမာတာနဲ့ ကြုံရတဲ့အခါ ဂီယာ ခဏခဏ ချစရာမလိုဘဲ အင်ဂျင်လည်ပတ်နှုန်း (RPM) နည်းနည်းနဲ့တင် အားစိုက် ရုန်းကန်နိုင်တာကြောင့် စက်မောင်းရတာ ပိုမိုသက်တောင့်သက်သာ ရှိခြင်း
⭐️ Piston Cooling Jet ကြောင့် နေပူပူအောက်မှာ တစ်နေကုန် ထွန်ယက်လည်း အင်ဂျင်အပူချိန်ကို အမြဲတမ်း မျှတအောင် ထိန်းပေးထားတဲ့အတွက် အင်ဂျင်အစိတ်အပိုင်းများ သက်တမ်း ပိုမိုကြာရှည်ခြင်း
⭐️ Oil Immersed Disc Brakes & Planetary Gear က ရွှံ့ကွင်း၊ ရေကွင်းထဲ မောင်းရင်တောင် ဘရိတ်ပေါက်တာမျိုး မဖြစ်ဘဲ အသာအယာလေး ဘရိတ်အုပ်နိုင်ပြီး ဝန်ပိုရုန်းရတဲ့အခါမှာလည်း ဘီးသွားတွေ ပဲ့ထွက်တာမျိုးမရှိတာကြောင့် လယ်ယာလုပ်ငန်းခွင် အရှိန်မပျက်လည်ပတ်နိုင်ဖို့၊ လယ်ယာလုပ်ငန်းခွင်တွေ တိုးချဲ့ဖို့ စွမ်းအားပြည့် မောင်းနှင်ပေးနိုင်မယ့် ထွန်စက်ကို ရှာနေတယ်ဆိုရင်တော့ ဂျွန်ဒီးယားရဲ့ 5045D က လူကြီးမင်းတို့အတွက် အသင့်တော်ဆုံး ထွန်စက်ပါပဲနော်…

☎️ အသေးစိတ်ဆက်သွယ်ရန်
📌 ရန်ကုန်ရုံးချုပ် အမှတ် ၉၉၊ မင်းကြီးမဟာမင်းခေါင်လမ်း၊ ရွှေသံလွင်စက်မှုဇုံ၊ ရန်ကုန်-ပုသိမ်လမ်းမကြီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။ 📞 09 949217693, 09 949217690
📌 မန္တလေးရုံးခွဲ အမှတ် (G1-B2)၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ စံပြလမ်းနှင့် သခင်ဖိုးလှကြီးလမ်းကြား၊ စက်မှုဇုန်(၁)၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။ 📞 09949217695
📌 ဟဲဟိုး (ရှမ်းတောင်) 📞 09-949217694

#တောင်သူဝင့်ကြွား_ဂျွန်ဒီးယား

👨‍🌾တောင်သူဦးကြီးများအနေနဲ့ စိုက်ပျိုးရေးရာသီအတွင်း လယ်ထွန်စက်များ ရေရှည်စိတ်ချစွာ မောင်းနှင်နိုင်ဖို့နဲ့ ထိန်းသိမ်းပြုပြ...
13/08/2026

👨‍🌾တောင်သူဦးကြီးများအနေနဲ့ စိုက်ပျိုးရေးရာသီအတွင်း လယ်ထွန်စက်များ ရေရှည်စိတ်ချစွာ မောင်းနှင်နိုင်ဖို့နဲ့ ထိန်းသိမ်းပြုပြင်ရတာ ပိုမိုထိရောက်စေဖို့အတွက် ဂျွန်ဒီးယားရဲ့ "Filter စုံတွဲလိုက်ဝယ်ပြီး ကုန်ကျစရိတ် ချွေတာနိုင်မယ့် အထူးပရိုမိုးရှင်းအစီအစဉ် (Smart Filter Saver Promotion)" လေး လာပါပြီနော်💁‍♂️…

ထွန်စက်ကို အသုံးပြုမောင်းနှင်တဲ့အခါ အကြမ်းခံပြီး အင်ဂျင်သက်တမ်း ရှည်ကြာစေဖို့အတွက် ဂျွန်ဒီးယား မူရင်း Filter များကို တစ်ခုချင်းစီ ဝယ်ယူမယ့်အစား မော်ဒယ်အလိုက် (5045D, 5055E, 5065E, 5075E) သတ်မှတ်ထားတဲ့ ၂၅၀ နာရီ (၂) ကြိမ်စာ Filter Package စုံတွဲအတိုင်း ဝယ်ယူတာနဲ့ ကျပ် ၂၀ဝ,၀ဝ၀ တိတိ သက်သာခွင့် ခံစားရရှိမှာပါ။

Filter Package စုံတွဲလိုက် ဝယ်ယူမယ်ဆိုရင်...
🌟 တစ်ခုချင်း ခွဲဝယ်တာထက် ၂၅၀ နာရီ (၂) ကြိမ် Package အတိုင်း ဝယ်ယူလိုက်ရင် ကျပ် ၂၀ဝ,၀ဝ၀ တိတိ ပိုမိုသက်သာစေခြင်း
🌟 စက်မောင်းနှင်ချိန် ၂၅၀ နာရီ ပုံမှန် ထိန်းသိမ်းပြုပြင်ချိန် (၂) ကြိမ်စာအတွက် လိုအပ်တဲ့ Engine Oil Filter, Air Cleaner, Fuel Filter နဲ့ Hydraulic Filter များကို တပြိုင်နက်တည်း အစုံအလင် အဆင်သင့် ဆောင်ထားနိုင်လို့ စက်စွမ်းဆောင်ရည်ကို အပြည့်အဝ ထိန်းသိမ်းပေးနိုင်ခြင်း
🌟 ဂျွန်ဒီးယား မူရင်း Filter စစ်စစ်များဖြစ်လို့ အင်ဂျင်အတွင်း အညစ်အကြေးဝင်ရောက်မှုကို အပြည့်အဝ တားဆီးပေးပြီး စက်ရဲ့ ရေရှည်ယုံကြည်စိတ်ချရမှုကို အာမခံနိုင်ခြင်း အစရှိတဲ့ အားသာချက်တွေကြောင့် ထွန်စက်ကိုလည်း စွမ်းအားပြည့် ရေရှည်အသုံးပြုနိုင်၊ ကုန်ကျစရိတ်လည်း အများကြီး သက်သာစေမယ့် ဒီ အထူးခွင့်အရေးလေးကို အမိအရယူပြီး အခုပဲ နီးစပ်ရာ ဂျွန်ဒီးယား အရောင်းပြခန်းတွေမှာ သွားရောက်ဝယ်ယူလိုက်ပါနော်…

📋 ပရိုမိုးရှင်း စည်းကမ်းချက်များ

• ပရိုမိုးရှင်းကာလ: ဩဂုတ်လ (၁၅) ရက်နေ့မှ စက်တင်ဘာလ (၁၅) ရက်နေ့အထိ
• ဝယ်ယူရရှိနိုင်မည့် ဂျွန်ဒီးယား ထွန်စက်မော်ဒယ်များ (5045D, 5055E, 5065E, 5075E) ၏ ၂၅၀ နာရီ (၂) ကြိမ်စာ Filter Package များအတွက်သာ အကျုံးဝင်ပါသည်။

☎️ အသေးစိတ်ဆက်သွယ်ရန်

📌 ရန်ကုန်ရုံးချုပ်
အမှတ် ၉၉၊ မင်းကြီးမဟာမင်းခေါင်လမ်း၊ ရွှေသံလွင်စက်မှုဇုံ၊ ရန်ကုန်-ပုသိမ်လမ်းမကြီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။
📞 09 949217670, 09 949217673

📌 မန္တလေးရုံးခွဲ
အမှတ် (G1-B2)၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ စံပြလမ်းနှင့် သခင်ဖိုးလှကြီးလမ်းကြား၊ စက်မှုဇုန်(၁)၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
📞 09 949217674, 09 949217675

📌 ဟဲဟိုး (ရှမ်းတောင်)
📞 09-949217694

#တောင်သူဝင့်ကြွား_ဂျွန်ဒီးယား

🚜💚 တောင်ကြီးမြို့၊ ရှမ်းပြည်နယ်တွင် ကျင်းပပြုလုပ်ခဲ့သော တောင်သူလယ်သမားတွေ့ဆုံပွဲတွင် ဂျွန်ဒီးယားမြန်မာမှ ပူးပေါင်းပါဝင်✨...
11/08/2026

🚜💚 တောင်ကြီးမြို့၊ ရှမ်းပြည်နယ်တွင် ကျင်းပပြုလုပ်ခဲ့သော တောင်သူလယ်သမားတွေ့ဆုံပွဲတွင် ဂျွန်ဒီးယားမြန်မာမှ ပူးပေါင်းပါဝင်✨

ပါရမီဖွံ့ဖြိုးရေးကွန်ယက် (PDN) မှ ဦးဆောင်အကောင်အထည်ဖော် ကျင်းပပြုလုပ်တဲ့ တောင်သူလယ်သမားတွေ့ဆုံပွဲကို ဇူလှိုင်လ (၃၁)ရက်နေ့ ၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး ဒဲဥ်သီးဗွေကွင်းခန်းမ၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၌ ကျင်းပပြုလုပ်ခဲ့ရာ ကျွန်ုပ်တို့ဂျွန်ဒီးယားမြန်မာမှလည်း ဝမ်းမြောက်စွာဖြင့် ပူးပေါင်းပါဝင်ခဲ့ပါတယ်...

ပွဲတက်ရောက်လာပြီး ဂျွန်ဒီးယားထွန်စက်နဲ့ အပိုပစ္စည်းများအကြောင်းကို စိတ်ဝင်တစား လေ့လာမေးမြန်းပေးကြသော တောင်သူဦးကြီးများ၊ ဒေသခံမိတ်ဆွေများနှင့် ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန် ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ကြသူများအားလုံးကို ကျွန်ုပ်တို့ ဂျွန်ဒီးယားမြန်မာမှ အထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ... 💚

#တောင်သူဝင့်ကြွား_ဂျွန်ဒီးယား

We are Hiring!1. Sales Manager (Upper Myanmar)2. Sales Consultant (Magway)1. Sales Manager (Upper Myanmar) - 1 PostSalar...
09/08/2026

We are Hiring!

1. Sales Manager (Upper Myanmar)
2. Sales Consultant (Magway)

1. Sales Manager (Upper Myanmar) - 1 Post
Salary – Attractive Package
အလုပ်ချိန် _ မနက် ၈:၃၀နာရီ မှ ညနေ ၅:၀၀နာရီ။
Location _ Upper Myanmar
Off Day _ Sat,Sun
email _ [email protected]
သို့ cv ဖောင် များ ပေးပို့လျှောက်ထားနိုင်ပါသည်။

Key Responsibilities
• Develop and implement sales strategies to achieve business targets.
• Set sales goals and drive channel sales development across Upper Myanmar.
• Develop and execute sales agent network expansion plans.
• Plan and implement B2B and B2G sales projects.
• Collaborate with the Marketing team to execute brand activation campaigns.
• Lead, coach, and manage the Sales Consultant and Regional Sales & Marketing teams.
• Monitor sales performance, analyze market trends, and prepare sales reports.
• Conduct regular sales meetings and provide guidance to improve team performance.

Job Requirements
• Bachelor's degree in Business Administration, Marketing, or a related field.
• 10+ years of sales experience, including leadership experience as a Sales Manager or higher (automotive industry preferred).
• Strong leadership and team management skills.
• Excellent communication, presentation, and interpersonal skills.
• Strong analytical, reporting, and data management abilities.
Proven negotiation and problem-solving skills.

2. Sales Consultant (Magway) – 1 Post
Salary – Attractive Package
အလုပ်ချိန် _ မနက် ၈:၃၀နာရီ မှ ညနေ ၅:၀၀နာရီ။
Location _ မကွေးမြို့။
Off Day _ Sat,Sun
email _ [email protected]
သို့ cv ဖောင် များ ပေးပို့လျှောက်ထားနိုင်ပါသည်။

Job Description
• Be knowledgeable about the Agricultural product.
• Setting sales goals and developing sales strategies.
• Researching prospects and generating leads.
• Contacting potential and existing customers on the phone, by email, and in person.
• Handling customer questions, inquiries, and complaints.
• Meeting daily, weekly, and monthly sales targets.
• Participating in sales team meetings.
• Collect and analyze information and prepare data and sales reports.

Job Requirements
• 3+ years of sales experience.
• Excellent customer service and sales skills.
• Strong verbal and written communicator.
• Excellent phone and presentation skills.
• Good negotiation and problem-solving skills.

#တောင်သူဝင့်ကြွား_ဂျွန်ဒီးယား

🚜💚ဆီဆိုင်မြို့နယ်၊ ရှမ်းပြည်နယ်တွင် ကျင်းပပြုလုပ်ခဲ့သော ဂျွန်ဒီးယားထွန်စက် သရုပ်ပြမောင်းနှင်ပွဲမှ အမှတ်တရပုံရိပ်များ 📸 ဂ...
06/08/2026

🚜💚ဆီဆိုင်မြို့နယ်၊ ရှမ်းပြည်နယ်တွင် ကျင်းပပြုလုပ်ခဲ့သော ဂျွန်ဒီးယားထွန်စက် သရုပ်ပြမောင်းနှင်ပွဲမှ အမှတ်တရပုံရိပ်များ 📸

ဂျွန်ဒီးယားထွန်စက် သရုပ်ပြမောင်းနှင်ပွဲကို ဇူလှိုင်လ (၂၉) ရက်နေ့တွင် နမ့်စေမြဲကျေးရွာ၊ ဆီဆိုင်မြို့နယ်၊ ရှမ်းပြည်နယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်...အဆိုပါသရုပ်ပြပွဲမှာ 5045D နှင့် 5075E ထွန်စက်များရဲ့ စွမ်းဆောင်ရည်၊ အရည်အသွေးနှင့် လက်တွေ့အသုံးချနိုင်မှုများကို တောင်သူမိတ်ဆွေများနှင့်အတူ လက်တွေ့မောင်းနှင်ပြသခဲ့ပါတယ်...📸

ပွဲတက်ရောက်လာပြီး စိတ်ဝင်တစား လေ့လာမေးမြန်းပေးကြသော တောင်သူဦးကြီးများ၊ ဒေသခံမိတ်ဆွေများနှင့် ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန် ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ကြသူများအားလုံးကို ကျွနု်ပ်တို့ ဂျွန်ဒီးယားမြန်မာမှ အထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...💚

#တောင်သူဝင့်ကြွား_ဂျွန်ဒီးယား

🚜🌾 တောင်သူမိတ်ဆွေတို့ရဲ့ လယ်ယာလုပ်ငန်း မရပ်တန့်စေဖို့... ကျွန်ုပ်တို့ ဂျွန်ဒီးယားမြန်မာ Service Team မှ အမြဲပံ့ပိုးပေးဖိ...
03/08/2026

🚜🌾 တောင်သူမိတ်ဆွေတို့ရဲ့ လယ်ယာလုပ်ငန်း မရပ်တန့်စေဖို့... ကျွန်ုပ်တို့ ဂျွန်ဒီးယားမြန်မာ Service Team မှ အမြဲပံ့ပိုးပေးဖို့ ဆောင်ရွက်ပေးလျက်ရှိပါတယ်...

🌧️မိုးဖြိုင်ဖြိုင်ရွာသွန်းတဲ့ ဇူလှိုင်လမှာ ကျွန်ုပ်တို့ရဲ့ ကျွမ်းကျင် Service Technician များက ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းမှာရှိတဲ့ ဂျွန်ဒီးယားရဲ့ တောင်သူမိတ်ဆွေများထံသို့ ကိုယ်တိုင်သွားရောက်ကာ ထွန်စက်များကို စစ်ဆေးပေးခြင်း၊ ပြုပြင်ထိန်းသိမ်းပေးခြင်းနှင့် လိုအပ်သော ဝန်ဆောင်မှုများကို အချိန်မီ သွားရောက်ဆောင်ရွက်ပေးခဲ့တဲ့ ပုံရိပ်တွေကို ပြန်လည်မျှဝေလိုက်ပါတယ်...

🛠️စက်ပြင်ဝန်ဆောင်မှုနှင့်ပတ်သက်ပြီး မေးမြန်းလိုပါက chat box သို့ လာရောက်မေးမြန်းနိုင်ပြီး ဖုန်းနံပါတ် ၀၉-၉၄၉၂၁၇၆၆၈၊ ၀၉-၉၄၉၂၁၇၆၇၉ သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်....

#တောင်သူဝင့်ကြွား_ဂျွန်ဒီးယား

တောင်သူဦးကြီးတို့ရဲ့ နေ့စဉ် ထွန်ယက်စိုက်ပျိုးရတဲ့ လယ်ယာလုပ်ငန်းခွင်ထဲမှာ ရေနက်ကွင်းတွေ၊ ဗွက်ထူတဲ့ လယ်ကွက်တွေထဲ ကွင်းဆင်း...
31/07/2026

တောင်သူဦးကြီးတို့ရဲ့ နေ့စဉ် ထွန်ယက်စိုက်ပျိုးရတဲ့ လယ်ယာလုပ်ငန်းခွင်ထဲမှာ ရေနက်ကွင်းတွေ၊ ဗွက်ထူတဲ့ လယ်ကွက်တွေထဲ ကွင်းဆင်းရတဲ့အခါ စက်ကျွံမှာ စိုးရိမ်ရတာ၊ ရုန်းအားမနိုင်ဘဲ စက်အင်ဂျင် ထိုးရပ်သွားမှာမျိုးတွေ ကြုံဖူးကြမယ်ထင်ပါတယ်...

John Deere ရဲ့ မြင်းကောင်ရေ ၄၅ကောင် ရုန်းအားရှိတဲ့ 5045D ထွန်စက်ကတော့ ရုန်းရခက်ပြီး ကြမ်းတမ်းတဲ့ မြေပြင်တွေသာမက ရေနက်ကွင်းတွေမှာပါ အဆင်ပြေပြေ အသုံးပြုမောင်းနှင်လို့ရအောင် အထူးထုတ်လုပ်ထားတာမို့ 'ရေဘုရင်' ဆိုပြီး အထူးနာမည်ကျော်ကြားလှတဲ့ ထွန်စက်ပဲဖြစ်ပါတယ်...

John Deere ရဲ့ 5045D ထွန်စက်ဟာဆိုရင်
• ရွှံ့ဗွက်ထူပြီး ရေနက်တဲ့ လယ်ကွက်မျိုးတွေထဲမှာပါ စက်ကျွံခြင်းမရှိဘဲ လွယ်ကူချောမွေ့စွာ ဖြတ်သန်းမောင်းနှင်နိုင်အောင် စက်ရဲ့အမြင့်၊ တည်ဆောက်ပုံကို အထူးမွမ်းမံ တည်ဆောက်ထားခြင်း
• ခေတ်မီ 3-Cylinder အင်ဂျင်စနစ်ကြောင့် ဘယ်လို ခက်ခဲကြမ်းတမ်းတဲ့ မြေပြင်အနေအထားမျိုးမှာမဆို ရုန်းအားအပြည့်နဲ့ ရုန်းကန်နိုင်သလို၊ လောင်စာဆီ သုံးစွဲမှုကိုပါ အထိရောက်ဆုံး လျှော့ချပေးနိုင်ခြင်း
• ကွင်းပြင်ထဲမှာ အလှည့်အပြောင်း ပြုလုပ်တဲ့အခါ ဂီယာပြောင်းရတာ ချောမွေ့လို့ အချိန်ကုန်သက်သာစေပြီး မောင်းနှင်သူကိုပါ သက်တောင့်သက်သာဖြစ်စေခြင်း
• Capital Automotive Limited မှ တရားဝင် တင်သွင်းဖြန့်ချိတာဖြစ်တာကြောင့် မူရင်းအပိုပစ္စည်းများကို လွယ်ကူစွာ ဝယ်ယူရရှိနိုင်ပြီး၊ စိတ်ချရတဲ့ After-sales ဝန်ဆောင်မှုတွေကြောင့် ရေရှည်အတွက် စိတ်အေးရခြင်း အစရှိတဲ့ ဝန်ဆောင်မှုတွေကြောင့် ဘယ်လို ရေနက်ကွင်းမျိုးမှာမဆို ခေါင်းအေးအေးနဲ့ စွမ်းအားအပြည့် မောင်းနှင်နိုင်မယ့် "ရေဘုရင်" John Deere 5045D ထွန်စက်ကို အခုပဲ ဝယ်ယူပြီး ဦးကြီးတို့ရဲ့ လယ်ယာလုပ်ငန်းခွင်ကို အမြန်ဆုံး တိုးချဲ့လိုက်ပါတော့နော်။

📞 ဆက်သွယ်ရန်
🗺️ရန်ကုန်- အမှတ် ၉၉၊ မင်းကြီးမဟာမင်းခေါင်လမ်း၊ ရွှေသံလွင်စက်မှုဇုံ၊ ရန်ကုန်-ပုသိမ်လမ်းမကြီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။
📌 ရန်ကုန်ရုံး- 09949217693, 09949217690, 09949217692
🗺️မန္တလေး-အမှတ် (G1-B2)၊ရန်ကုန်-မန္တလေး အမြန်လမ်း၊စံပြလမ်းနှင့် သခင်ဖိုးလှကြီးလမ်းကြား၊ စက်မှုဇုန်(၁)၊ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
📌 မန္တလေးရုံး- 09949217695, 09949217665
📌 ဟဲဟိုး (ရှမ်းတောင်) - 09949217694

#တောင်သူဝင့်ကြွား_ဂျွန်ဒီးယား

🧑‍🌾တောင်သူမိတ်ဆွေတို့အတွက် ထွန်စက်တစ်စီးကို ကောင်းကောင်းမွန်မွန်နဲ့ ရေရှည်မောင်းနှင်နိုင်ဖို့ လိုအပ်တဲ့ အပိုပစ္စည်းတွေကိ...
28/07/2026

🧑‍🌾တောင်သူမိတ်ဆွေတို့အတွက် ထွန်စက်တစ်စီးကို ကောင်းကောင်းမွန်မွန်နဲ့ ရေရှည်မောင်းနှင်နိုင်ဖို့ လိုအပ်တဲ့ အပိုပစ္စည်းတွေကို လဲလှယ်တဲ့အခါ စျေးနှုန်းသက်သာမှုကိုပဲ ကြည့်ပြီး တရားဝင်မဟုတ်တဲ့ ပြင်ပဆိုင်ကနေ ဝယ်ယူမိတတ်ကြပါတယ်။

မြန်မာနိုင်ငံမှာ ဂျွန်ဒီးယား မူရင်းအပိုပစ္စည်းစစ်စစ်များကို တရားဝင်ဖြန့်ဖြုးရောင်းချပေးနေသော Capital Automotive Limited မှ တိုက်ရိုက်မဝယ်ယူဘဲ ပြင်ပဆိုင်တွေကရောင်းတဲ့ အရည်အသွေးမမီတဲ့ အပိုပစ္စည်းအတုတွေကို ဝယ်ယူမယ်ဆိုရင် စျေးနှုန်းအနည်းငယ် သက်သာနိုင်ပေမယ့် ရေရှည်မှာတော့ တောင်သူတို့ရဲ့ ထွန်စက်တွေကို ပိုမိုကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်စေနိုင်ပါတယ်နော်။

ဂျွန်ဒီးယားမြန်မာရဲ့ တရားဝင်ကိုယ်စားလှယ် မဟုတ်တဲ့ ပြင်ပဆိုင်တွေကနေ ဝယ်ယူအသုံးပြုမယ်ဆိုရင်..
⚠️ အရည်အသွေးနိမ့် အပိုပစ္စည်းအတုတွေကြောင့် ထွန်စက်ရဲ့ အင်ဂျင်ပိုင်း နှင့် ဂီယာပိုင်းတို့ကို ပြင်းထန်စွာ ပျက်စီးနိုင်ခြင်း
⚠️ ပြင်ပဆိုင်ပစ္စည်းများ သုံးစွဲထားပါက ကုမ္ပဏီရဲ့ တရားဝင် အာမခံချက်နှင့် လိုအပ်သောကူညီမှုများ မရရှနိုင်ခြင်း
⚠️ မကြာခဏ ပြန်လည်လဲလှယ် ပြုပြင်နေရခြင်းကြောင့် ရေရှည်မှာ ပြုပြင်စရိတ် ပိုမိုကုန်ကျပြီး တွက်ခြေမကိုက်ဖြစ်စေခြင်း အစရှိတဲ့ ဆိုးကျိုးများ ဖြစ်လာနိုင်တာမို့ စိုက်ပျိုးရေးလုပ်ငန်းခွင်အတွင်း အချိန်မပုပ်၊ ကုန်ကျစရိတ်မများဘဲ ခေါင်းအေးအေးနဲ့ အလုပ်ဖြစ်စေချင်တယ်ဆိုရင် ကာလရှည် အာမခံချက် (၁၀၀%) အပြည့်အဝရှိတဲ့ ဂျွန်ဒီးယား မူရင်းအပိုပစ္စည်း (Genuine Parts) များကိုသာ ယုံကြည်စိတ်ချစွာ ရွေးချယ်အသုံးပြုဖို့ တိုက်တွန်းလိုက်ပါရစေနော်။

ဆက်သွယ်ရန်
📞ရန်ကုန်ရုံးချုပ်: 09 949217670, 09 949217673
📞မန္တလေးရုံးခွဲ: 09 949217674, 09 949217675
📞ဟဲဟိုး (ရှမ်းတောင်): 09-949217694

#တောင်သူဝင့်ကြွား_ဂျွန်ဒီးယား

Address

No. 99, Min Gyi Mahar Min Gaung St. Yangon-Pathein Road, Hlaingtharyar
Yangon
11401

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00

Telephone

+959958229697

Alerts

Be the first to know and let us send you an email when John Deere - Capital Automotive Ltd, Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to John Deere - Capital Automotive Ltd, Myanmar:

Shortcuts

Share