Mobil Myanmar

Mobil Myanmar Welcome to Mobil Myanmar Official page. We are the official distributor of Mobil lubricants for Myanmar.Feel free to ask questions to our site.

Our office is opened from 8:00 AM to 4:30 PM.

မိုးရာသီ ရေကြီးရေလျှံတဲ့လမ်းတွေမှာ မောင်းနှင်ရတဲ့အခါ ဒါမှမဟုတ် ဆိုင်ကယ်ဆေးတဲ့အခါမျိုးမှာ အိပ်ဇောထဲ ရေဝင်သွားပြီလို့ သံသယ...
15/08/2026

မိုးရာသီ ရေကြီးရေလျှံတဲ့လမ်းတွေမှာ မောင်းနှင်ရတဲ့အခါ ဒါမှမဟုတ် ဆိုင်ကယ်ဆေးတဲ့အခါမျိုးမှာ အိပ်ဇောထဲ ရေဝင်သွားပြီလို့ သံသယရှိရင် ဘာလုပ်ကြမလဲ??
အိပ်ဇောထဲမှာ ရေဝင်သွားတယ်ဆိုရင်တော့ အင်ဂျင်ကို ချက်ချင်း စက်မနှိုးပဲနဲ့
အောက်ပါအချက်တွေကို လုပ်ဆောင်ပေးနိုင်ပါတယ်ခင်ဗျာ။
၁။ ဆိုင်ကယ်ကို ရေမရှိတဲ့နေရာသို့ ရွှေ့ပါ
ဆိုင်ကယ်ကို ရေလွတ်တဲ့ ကုန်းမြင့် (သို့) အလယ်ဒေါက် ထောက်လို့ရမယ့် နေရာကို ရွှေ့ထားပြီးတော့ အိပ်ဇောပိုက်ထဲ ရောက်နေတဲ့ ရေတွေ အပြင်ကို ပြန်စီးထွက်လာအောင် ဆိုင်ကယ်ရဲ့ ရှေ့ဘီးကို အပေါ်ကို မြှောက်ထားလိုက်ပါ။
၂။ မီးပလပ် (Spark Plug) ကို ဖြုတ်ပြီး ရေထုတ်ပါ
အိပ်ဇောထဲ ရေဝင်ရင် အင်ဂျင်ရဲ့ မီးရှို့ခန်း (Combustion Chamber) ထဲအထိ ရေရောက်သွားနိုင်ခြေ အလွန်များတာကြောင့် မီးပလပ်ကို ဖြုတ်လိုက်ပါ။ ပြီးရင် အင်ဂျင်ထဲ ရောက်နေတဲ့ ရေတွေ မီးပလပ်ပေါက်ကနေ ပန်းထွက်လာအောင် Kick Starter ကို အချက် ၂၀ ခန့် ဆက်တိုက် နင်းပေး/နှိုးပေးပါ။
၃။ အင်ဂျင်ဝိုင် အရောင်ကို စစ်ဆေးပါ
အင်ဂျင်ဝိုင် တိုင်းတဲ့ဂိတ်တံကို ထုတ်ကြည့်တဲ့အခါ အင်ဂျင်ဝိုင်ရဲ့ အရောင်ဟာ "နို့နှစ်ရောင် (သို့) နို့ကော်ဖီရောင်" ပြောင်းနေပြီဆိုရင် အင်ဂျင်ထဲ ရေရောသွားပြီ ဖြစ်ပါတယ်။ ဒါဆိုရင် စက်လုံးဝမနှိုးဘဲ ရှိသမျှ အင်ဂျင်ဝိုင်အဟောင်းတွေကို အကုန်ဖောက်ချပြီး အင်ဂျင်ဝိုင်အသစ် ချက်ချင်း လဲလှယ်ပေးဖို့လိုပါတယ်။
၄။နီးစပ်ရာ Workshop ကို ချက်ချင်းပို့ပါ
နောက်တစ်ချက်အနေနဲ့ကတော့ စစ်ဆေးကြည့်လိုက်တဲ့အခါ အင်ဂျင်ထဲ ရေဝင်သွားတယ်လို့ သံသယရှိရင် နီးစပ်ရာWorkshop ကို အမြန်ဆုံးပို့ဖို့လိုအပ်ပါတယ်။
🛠️မိတ်ဆွေတွေလည်း ရေကြီးတဲ့လမ်းတွေကို ဖြတ်မောင်းတဲ့အခါ သတိထားပြီး မောင်းနှင်ကြပြီးတော့ အင်ဂျင်ပျက်စီးခြင်းမှလည်း ကာကွယ်နိုင်ကြပါစေကြောင်း မေတ္တာဖြင့် ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။


#တာရှည်ခံတဲ့အင်ဂျင်နဲ့ကြာရှည်တဲ့ခရီးမိုင်များဆီ

မိုးစရွာချိန်နဲ့ မိုးသည်းထန်စွာ ရွာသွန်းချိန်တွေမှာ ဆိုင်ကယ်မောင်းတဲ့အခါ သတိမမူမိဘဲ ပြုလုပ်မိတတ်တဲ့ အောက်ပါ အမှား (၃) ချ...
12/08/2026

မိုးစရွာချိန်နဲ့ မိုးသည်းထန်စွာ ရွာသွန်းချိန်တွေမှာ ဆိုင်ကယ်မောင်းတဲ့အခါ သတိမမူမိဘဲ ပြုလုပ်မိတတ်တဲ့ အောက်ပါ အမှား (၃) ချက်ကြောင့် မတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်—
၁။ ရုတ်တရက် ဘရိတ်ကို ဆောင့်အုပ်ခြင်း
မိုးစရွာခါစအချိန်မှာ လမ်းမပေါ်က ဆီကွက်တွေနဲ့ ဖုန်မှုန့်တွေ ပေါင်းစပ်ပြီး လမ်းကြောင်းတစ်ခုလုံး ပိုမိုချောမွေ့/ချောကျိနေတတ်တာကြောင့် ရုတ်တရက် အရှေ့ဘရိတ် သို့မဟုတ် အနောက်ဘရိတ်ကို ဆောင့်အုပ်လိုက်ပါက ဘီးပွတ်တိုက်အား လျှော့နည်းသွားပြီး ဆိုင်ကယ် ခေါင်းရမ်းကာ လဲကျသွားနိုင်ပါတယ်။

၂။ ရေအိုင်ကြီးများကို မဆင်မခြင် ဖြတ်မောင်းခြင်း
လမ်းမပေါ်မှာ ရေအိုင်ကြီးတွေကို တွေ့တဲ့အခါ ရေစင်တာကို သဘောကျလို့ ဖြစ်စေ၊ စိတ်မရှည်လို့ ဖြစ်စေ အရှိန်မလျှော့ဘဲ ဖြတ်မောင်းမိတတ်ကြပါတယ်။ရေအိုင်အောက်မှာ ဘယ်လောက်နက်တဲ့ ကျင်း၊ ချိုင့် သို့မဟုတ် အန္တရာယ်ရှိတဲ့ ပစ္စည်းတွေ ရှိနေမှန်း မမြင်နိုင်ပါဘူး။ ဒါ့အပြင် အင်ဂျင်ထဲ သို့မဟုတ် လေစစ်ထဲ ရေဝင်သွားပါက စက်ရပ်သွားခြင်း၊ လျှပ်စစ်ဝါယာပိုင်း ထိခိုက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

၃။ စည်းကမ်းမကျသည့် မိုးကာအင်္ကျီများ ဝတ်ဆင်ခြင်း
အနားကျယ်လွန်းသော သို့မဟုတ် ပွယောင်းလွန်းသော မိုးကာအင်္ကျီများကို ဝတ်ဆင်ပြီး ဆိုင်ကယ်မောင်းနှင်ခြင်းဟာ လေတိုက်သည့်အခါ မိုးကာအစတွေက နောက်ဘီး (သို့) အခြားယာဥ်များနှင့် ငြိပါသွားပြီး ရုတ်တရက် လဲကျနိုင်ပါတယ်။ ဒါ့အပြင် ခေါင်းစွပ်ကြောင့် ဘေးဘက်ကြည့်ရခက်ခြင်းနှင့် ရောင်ပြန်မပါ၍ အခြားယာဉ်များက သတိမထားမိခြင်းတို့ ဖြစ်နိုင်တာကြောင့် ‌ခန္ဓာကိုယ်နှင့် ကောင်းစွာဖိကပ်သည့် အင်္ကျီ/ဘောင်းဘီ ခွဲဝတ်ရသော Two-piece မိုးကာများနှင့် ရောင်ပြန်စတေကာ ပါဝင်သည့် မိုးကာများကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

မိတ်ဆွေတွေလည်း မိမိရဲ့ ဆိုင်ကယ်လေးနဲ့အတူ ဘေးကင်းတဲ့ ခရီးစဥ်ကို ပိုင်ဆိုင်နိုင်ပါစေကြောင်း 𝐌𝐨𝐛𝐢𝐥 ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

™️(ကမ္ဘာ့ထိပ်တန်း အရည်အသွေးအကောင်းဆုံး Mobil အင်ဂျင်ဝိုင်များကို 𝐀𝐊𝐓 𝐇𝐨𝐥𝐝𝐢𝐧𝐠𝐬 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞𝐝 မှ မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် ဂုဏ်ယူစွာဖြင့် တင်သွင်းဖြန့်ဖြူးရောင်းချပါသည်။)
🔹 Viber - https://rb.gy/joeat7
🔹 TikTok - https://www.tiktok.com/
🔹 YouTube - https://youtube.com/-mobildistribut3979
🔹 Telegram - https://t.me/mobildistributormyanmar



#တာရှည်ခံတဲ့အင်ဂျင်နဲ့ကြာရှည်တဲ့ခရီးမိုင်များဆီ
#မိုင်တွေလွန်ရင်းစီးမျောရှင်သန်စို့
#ယုံကြည်စိတ်အချရဆုံးမိုဘေးလ်

💨⚠️ဒီဇယ်ကားတွေမှာ အိတ်ဇောကနေ မီးခိုးမည်း အလွန်အကျွံ ထွက်လာတာဟာ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေရုံတင်မကဘဲ အင်ဂျင်အတွင်း လောင်ကျွ...
10/08/2026

💨⚠️ဒီဇယ်ကားတွေမှာ အိတ်ဇောကနေ မီးခိုးမည်း အလွန်အကျွံ ထွက်လာတာဟာ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေရုံတင်မကဘဲ အင်ဂျင်အတွင်း လောင်ကျွမ်းမှု မပြည့်စုံခြင်း (Incomplete Combustion) ရဲ့ လက္ခဏာဖြစ်ပြီး ကားရဲ့ စွမ်းဆောင်ရည်နဲ့ ဆီစားနှုန်းကို ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် ဒီနေ့မှာတော့ ဘယ်လိုအကြောင်းရင်းတွေကြောင့် ဒီလိုဖြစ်ရတာလဲဆိုတာ ကားဆရာတို့အတွက် ဗဟုသုတအဖြစ် ဝေမျှပေးချင်ပါတယ်ခင်ဗျာ။

1. Air Filter ပိတ်နေခြင်း
Air Filter ညစ်ပတ်နေတာ(သို့)ပိတ်နေတဲ့အခါ အင်ဂျင်ထဲကို လေဝင်ရောက်မှု လုံလောက်မှုမရှိတော့ဘဲ ဆီ နဲ့ လေ အချိုးအစား မညီမျှတဲ့အတွက် မီးခိုးမည်း ထွက်လာနိုင်ပါတယ်။

2. Fuel Injector ညစ်ပတ်ခြင်း (သို့) ချို့ယွင်းခြင်း
Injector က ဒီဇယ်ဆီကို အမှုန်အမွှား (Spray) ပုံစံ ဖြန်းမပေးနိုင်ဘဲ ဆီစက်ကြီးတွေအတိုင်း စီးကျနေတဲ့အခါ၊ ဒါမှမဟုတ် ဆီအလွန်အကျွံ ဖြန်းမိတဲ့အခါ ဆီက မလောင်ကျွမ်းနိုင်ဘဲ Carbon အဖြစ် ကျန်ရှိပြီး မီးခိုးမည်းထွက်လာနိုင်ပါတယ်။

3. Turbocharger ချို့ယွင်းခြင်း
ခေတ်ပေါ်ဒီဇယ်ကားတွေမှာ လေဖိအားအပြည့်ပေးဖို့ တာဘို ပါဝင်ပါတယ်။ တာဘိုက ကောင်းကောင်း အလုပ်မလုပ်တော့ရင် အင်ဂျင်ထဲကို လေပို့နှုန်း ကျဆင်းသွားပြီး ဆီနဲ့လေ အချိုးအစား မမှန်တော့ဘဲ မီးခိုးလုံးကြီးတွေ ထွက်လာတတ်ပါတယ်။

4. Engine Maintenance မမှန်ခြင်း
အင်ဂျင်ဝိုင်ကို သတ်မှတ်ထားသော ကီလိုမီတာအတိုင်း မလဲဘဲ ကြာမြင့်စွာ အသုံးပြုပါက အင်ဂျင်အတွင်း Carbon Deposit၊ Sludge နှင့် အနယ်အနှစ်များ စုပုံလာနိုင်ပါသည်။ ယင်းအနယ်အနှစ်များကြောင့် အင်ဂျင်၏ စွမ်းဆောင်ရည် ကျဆင်းလာပြီး အခြား Maintenance ပြဿနာများနှင့် ပေါင်းစပ်သောအခါ လောင်စာဆီ မပြည့်စုံစွာ လောင်ကျွမ်းသဖြင့် မီးခိုးမည်း (Black Smoke) ထွက်လာနိုင်ပါသည်။

ဒီလို မီးခိုးမည်းထွက်တဲ့ ပြဿနာ ကင်းဝေးဖို့ဆိုရင် လေစစ် နဲ့ နော်ဇယ် (Nozzle)တွေကို ပုံမှန်စစ်ဆေးပေးရမယ့်အပြင် အင်ဂျင်အတွင်းပိုင်း လောင်ကျွမ်းမှုကို သန့်စင်ပေးနိုင်တဲ့ 𝐌𝐨𝐛𝐢𝐥 𝐃𝐞𝐥𝐯𝐚𝐜 လိုမျိုး အဆင့်မြင့် အင်ဂျင်ဝိုင်မျိုးကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။

မိတ်ဆွေတွေလည်း အင်ဂျင်နဲ့ပတ်သက်ပြီး ဘယ်လို ပြဿနာတွေ ကြုံနေရလဲဆိုတာ Comment မှာ ဝင်ရောက်ဆွေးနွေးပေးသွားပါအုန်း ခင်ဗျာ။ ✨🚗


#ယုံကြည်စိတ်ချရဆုံးမိုဘေး

#ခိုင်းချင်သလောက်ခိုင်းအကြမ်းခံတဲ့မိုဘေး

အခုလို မိုးရာသီမှာ စိုစွတ် ချောကျိနေတဲ့ လမ်းမတွေနဲ့ မြင်ကွင်းမသဲကွဲတာတွေကြောင့် ယာဉ်အန္တရာယ် ပိုမိုများပြားတတ်တဲ့အတွက် မ...
09/08/2026

အခုလို မိုးရာသီမှာ စိုစွတ် ချောကျိနေတဲ့ လမ်းမတွေနဲ့ မြင်ကွင်းမသဲကွဲတာတွေကြောင့် ယာဉ်အန္တရာယ် ပိုမိုများပြားတတ်တဲ့အတွက် မိုးတွင်းခရီးမထွက်မှီ မိတ်ဆွေရဲ့ ကားကို အောက်ပါအချက်တွေ သေချာစစ်ဆေးသွားဖို့ Mobil ကနေ ဝေမျှပေးချင်ပါတယ်ခင်ဗျာ။

1. 𝐖𝐢𝐩𝐞𝐫
မိုးသည်းထန်စွာ ရွာသွန်းတဲ့အခါ Wiperများ ပျက်စီးနေပါက မြင်ကွင်း ဝါးသွားနိုင်တာကြောင့် သန့်ရှင်းရန် (သို့) လိုအပ်ပါက အသစ်လဲသင့်ပါတယ်။

2. တာယာပန်း နှင့် လေဖိအား
တာယာပန်း တွေဟာ တာယာတစ်ခုရဲ့ အရေးအကြီးဆုံးအရာတွေဖြစ်ပြီး ဘီးယက်အားကောင်းစေရန်၊လျင်မြန်စွာရပ်တန့်နိုင်ရန် နဲ့ စလစ်မဖြစ်စေရေးအတွက် အဓိက လုပ်ဆောင်ပေးတာဖြစ်ပါတယ်။ ဒါ့ကြောင့် မိုးတွင်းလမ်းများတွင် မောင်းနှင်တော့မယ်ဆိုပါက တာယာပန်းပွင့် အနက်အနည်းဆုံး 1.6 mm ရှိရပါမည်။ဒါ့အပြင် လေပေါင်ချိန် လျော့နည်းနေပါက လည်း ချောထွက်နိုင်တာကြောင့် သတ်မှတ် လေပေါင်ချိန် အတိုင်း ဖြည့်ထားဖို့လည်း လိုအပ်ပါတယ်။

3. ဘရိတ်စနစ် (𝐁𝐫𝐚𝐤𝐞 𝐒𝐲𝐬𝐭𝐞𝐦)
ဒါကတော့ ကားမောင်းသူတိုင်း စစ်ဆေးသင့်တဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းဖြစ်ပါတယ်။ ခရီးမထွက်ခင် ဘရိတ်ရှူး (Brake Pads)၊ ဘရိတ်ဒစ် (Brake Disc) နှင့် ဘရိတ်ဆီ (Brake Fluid) ပမာဏ လုံလောက်မှု ရှိမရှိ မဖြစ်မနေ စစ်ဆေးသင့်ပါတယ်။

4. မီးသီး၊ မီးလုံးများ
မိုးသည်းထန်စွာ ရွာသွန်းချိန်တွင် အခြားယာဉ်များမှ မိမိကားကို မြင်တွေ့နိုင်ရန် ရှေ့မီး၊ နောက်မီး၊ ဘရိတ်မီး၊ အချက်ပြမီး (Signal) နှင့် မီးခိုးမြူမီး (Fog Lights) များ ပုံမှန်အလုပ်လုပ်မလုပ် ကိုလည်း စစ်ဆေးထား သင့်ပါတယ်။

5. အင်ဂျင်ဝိုင်
ခရီးဝေးမောင်းနှင်တဲ့အခါ အင်ဂျင်ဝိုင် ကချောမွေ့ကောင်းမွန်မှုရှိမှသာ အင်ဂျင်အပူချိန် ပုံမှန်ရှိပြီး စိတ်ချလက်ချ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။မိတ်ဆွေတို့အတွက် အရည်အသွေးကောင်းမွန်တဲ့ အင်ဂျင်ဝိုင်တွေလိုအပ်လာရင်လည်း အကောင်းတကာ့ အကောင်းဆုံး Mobil အင်ဂျင်ဝိုင်တွေ ရှိပါတယ်ခင်ဗျာ။

💡 အခုဖော်ပြပေးခဲ့တဲ့ အချက်တွေကို သေချာစစ်ဆေးပြီး မိုးရာသီမှာ ခရီးစဉ်တိုင်း ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် လိုရာခရီးသို့ ချောမွေ့စွာ ရောက်ရှိကြပါစေကြောင်း 𝐌𝐨𝐛𝐢𝐥 မှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။ 🚗🌧️✨



#ယုံကြည်စိတ်အချရဆုံးမိုဘေးလ်

Biker တစ်ယောက်အတွက် လမ်းမထက်မှာ အားအကိုးရဆုံး သူငယ်ချင်းက ဘာဖြစ်မလဲ? 🤔ပြေးလမ်းတိုင်းမှာ အရှိန်အဟုန်ကို အစွမ်းကုန်မြှင့်ပ...
08/08/2026

Biker တစ်ယောက်အတွက် လမ်းမထက်မှာ အားအကိုးရဆုံး သူငယ်ချင်းက ဘာဖြစ်မ
လဲ? 🤔

ပြေးလမ်းတိုင်းမှာ အရှိန်အဟုန်ကို အစွမ်းကုန်မြှင့်ပြီး အကွေ့ အလှည့် အပြောင်းတိုင်းမှာ အင်ဂျင်ကို အကောင်းဆုံး ထိန်းချုပ်ပေးနိုင်ဖို့ဆိုရင် ဘော်ဒါတို့ရဲ့ ဆိုင်ကယ်မှာ 𝐌𝐨𝐛𝐢𝐥 1 𝐑𝐚𝐜𝐢𝐧𝐠 4𝐓 10𝐖-40 ရှိနေဖို့ လိုအပ်ပါတယ်။

𝐌𝐨𝐛𝐢𝐥 1 𝐑𝐚𝐜𝐢𝐧𝐠 4𝐓 10𝐖-40 ဆိုတာကတော့ ပြိုင်ပွဲဝင် နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ အကောင်းတကာ့အကောင်းဆုံး 𝐀𝐝𝐯𝐚𝐧𝐜𝐞 𝐅𝐮𝐥𝐥 𝐒𝐲𝐧𝐭𝐡𝐞𝐭𝐢𝐜 ဖြစ်လို့ သာမာန်အခြေခံဆီတွေမရနိုင်တဲ့ စွမ်းဆောင်ရည်နဲ့ ခံစားမှု့ကိုအပြည့်အဝ‌ ပေးစွမ်းနိုင်မယ့် Four -Stoke မော်တော်ဆိုင်ကယ် အင်ဂျင်ဝိုင် ဖြစ်ပါတယ်။

🔺𝐌𝐨𝐛𝐢𝐥 1 𝐑𝐚𝐜𝐢𝐧𝐠 4𝐓 10𝐖-40 ကိုတော့ European Water Cooled ဘီးကြီးတွေနဲ့ Japan ဘီးကြီးတွေမှာ အသုံးပြုနိုင်ပြီး အမျိုးမျိုးသော ရာသီဥတုအခြေအနေများနှင့် ပြင်းပြင်းထန်ထန်လည်ပတ်ချိန်များ၌ပင် မိတ်ဆွေရဲ့ဆိုင်ကယ်အင်ဂျင်ကို အကောင်းဆုံးကာကွယ်ပေးကာ အမြင့်မားဆုံးမောင်းနှင်အားကို ပေးစွမ်းနေမှာပဲ ဖြစ်ပါတယ်။

🏆အရည်အသွေးကတော့ 𝐌𝐨𝐛𝐢𝐥 ရဲ့နာမည်နဲ့တင် ပြောစရာမလိုတော့တာကြောင့် ပြေးလမ်းအတိုင်း အတူရှိနေဖို့ အတွက်ဆိုရင် 𝐉𝐀𝐒𝐎 𝐌𝐀2/𝐌𝐀2/𝐀𝐏𝐈 𝐒𝐍/𝐒𝐌 𝐀𝐩𝐩𝐫𝐨𝐯𝐞𝐝 ရထားတဲ့ 𝐌𝐨𝐛𝐢𝐥 1 𝐑𝐚𝐜𝐢𝐧𝐠 4𝐓 10𝐖-40 ကိုသာ အသုံးပြုကြည့်လိုက်ပါခင်ဗျာ။



#တာရှည်ခံတဲ့အင်ဂျင်နဲ့ကြာရှည်တဲ့ခရီးမိုင်များဆီ
#မိုင်တွေလွန်ရင်းစီးမျောရှင်သန်ဖို့
#ဆိုင်ကယ်အင်ဂျင်ဝိုင်

𝐇𝐞𝐥𝐥𝐨 𝐀𝐮𝐠𝐮𝐬𝐭
01/08/2026

𝐇𝐞𝐥𝐥𝐨 𝐀𝐮𝐠𝐮𝐬𝐭



🌕ဝါဆိုလပြည့်🌕ဝါဆိုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့အတွက် အထွတ်အမြတ်ထားရာနေ့တစ်နေ့ ဖြစ်ပါတယ်။ဝါဆိုလပြည့်နေ့အခါသမယတွင် မြတ်စွာဘ...
29/07/2026

🌕ဝါဆိုလပြည့်🌕

ဝါဆိုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့အတွက် အထွတ်အမြတ်ထားရာနေ့တစ်နေ့ ဖြစ်ပါတယ်။

ဝါဆိုလပြည့်နေ့အခါသမယတွင် မြတ်စွာဘုရားရှင်က ဗာရာဏသီပြည်၊ မိဂဒါဝုန်တောမှာ ပဉ္စဝဂ္ဂီငါးဦးကို ပထမဆုံးဓမ္မစကြာဒေသနာတော် ဟောကြားခဲ့ပြီး သစ္စာလေးပါးတရားကို သိမြင်ခြင်းဖြင့် ဒုက္ခမှ လွတ်မြောက်နိုင်ကြောင်း တရားထူးတရားမြတ်ကိုလည်း ဟောကြားတော်မူခဲ့ပါတယ်။

ဒါ့အပြင် ရဟန်းသံဃာတော်များ သီတင်းသုံးလပတ်လုံး ဒါန၊သီလ၊ဘာဝနာ စတဲ့
တရားတော်မြတ်တွေကို ‌ငြိမ်သက်စွာ အားထုတ်နိုင်ဖို့အတွက် လူအပေါင်းက ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းနဲ့ လှူဖွယ်အစုစုကိုလည်း ဒီကနေ့ ဝါဆိုလပြည့်နေ့မှာ ကပ်လှူပူဇော်ကြပါတယ်။

ဒါကြောင့်…မင်္ဂလာရှိတဲ့ ဝါဆိုလပြည့် အခါသမယမှာ
မြတ်ဗုဒ္ဓရဲ့ တရားဒေသနာတော်ကို အာရုံပြုကာ
ကြည်လင်ချမ်းမြေ့ အေးချမ်းတဲ့နေ့ရက်လေးကို ပိုင်ဆိုင်ကြပါစေလို့ 𝐌𝐨𝐛𝐢𝐥 𝐌𝐲𝐚𝐧𝐦𝐚𝐫 မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်။


#ယုံကြည်စိတ်အချရဆုံးမိုဘေးလ်

#ဝါဆိုလပြည့်နေ့

မိုင်ပေါင်းထောင်ချီတဲ့ ခရီးဝေးလမ်းမတွေ၊ ဝန်အကြီးဆုံး သယ်ဆောင်ရတဲ့ လမ်းခရီးကြမ်းတွေနဲ့ နေ့ညမနား မောင်းနှင်နေရတဲ့ လုပ်ငန်း...
28/07/2026

မိုင်ပေါင်းထောင်ချီတဲ့ ခရီးဝေးလမ်းမတွေ၊ ဝန်အကြီးဆုံး သယ်ဆောင်ရတဲ့ လမ်းခရီးကြမ်းတွေနဲ့ နေ့ညမနား မောင်းနှင်နေရတဲ့ လုပ်ငန်းခွင်တွေမှာ မိတ်ဆွေရဲ့ Heavy-duty အင်ဂျင်တွေကို စိတ်ချရဖို့ ဘယ် အင်ဂျင်ဝိုင်ကို သုံးမလဲ?
အလုပ်ကြမ်းသမျှကို ကြံ့ကြံ့ခံပြီး အင်ဂျင်ကို သံမဏိလို ကာကွယ်ပေးနိုင်ဖို့ဆိုရင် 𝐌𝐨𝐛𝐢𝐥 𝐃𝐞𝐥𝐯𝐚𝐜 𝐋𝐞𝐠𝐞𝐧𝐝 𝐂𝐇-4 15𝐖-40 𝐇𝐞𝐚𝐯𝐲 𝐃𝐮𝐭𝐲 ရှိပါတယ်။
နှစ်ပေါင်း (၁၀၀)ကျော်တိုင်အောင် ကမ္ဘာတစ်ဝှမ်းက လုပ်ငန်းရှင်တွေ ယုံကြည်အားကိုးလာခဲ့တဲ့ Mobil Delvac ကတော့ Legend ဆိုတဲ့ အဆင့်အတန်းအတိုင်း...မိတ်ဆွေတို့ရဲ့ ဒီဇယ်အင်ဂျင်သုံး ကားကြီး၊ကားသေး၊စက်ယန္တရားကြီးတွေအပြင် ကုန်တင်ယာဉ်များ၊သတ္တုတူးဖော်ခြင်း၊ဆောက်လုပ်ရေး လုပ်ငန်းများ၊ကျောက်မိုင်းလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းတွေပါမကျန် ဘယ်လိုစက်ယန္တရားမျိုးမှာမဆို ခိုင်းချင်တိုင်းခိုင်း ကြမ်းချင်တိုင်ကြမ်းနိုင်ပါတယ်။
𝐀𝐏𝐈 𝐂𝐇-4,𝐂𝐅-4, 𝐂𝐅 ရရှိထားတဲ့အပြင် စွမ်းဆောင်ရည်မြင့်ဒီဇယ်အင်ဂျင်ဝိုင်( 𝐇𝐢𝐠𝐡 𝐏𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞 𝐃𝐢𝐞𝐬𝐞𝐥 𝐄𝐧𝐠𝐢𝐧𝐞 𝐎𝐢𝐥)ဖြစ်‌တာကြောင့်
- ပြင်းထန်တဲ့အပူဒဏ်နဲ့ ဝန်အောက်မှာ အင်ဂျင်အစိတ်အပိုင်းတွေရဲ့ ပွန်းပဲ့မှု့ကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပြီး အင်ဂျင်စွမ်းအားကို အပြည့်ပေးစွမ်းနိုင်ခြင်း
- အင်ဂျင်ကို အမြဲသန့်စင်နေစေပြီး ကာဗွန် ဂျိုးတက်ခြင်းကနေ ကာကွယ်ပေးနိုင်ခြင်း
- သံချေးတက်ခြင်းကိုပါ ကင်းဝေးစေပြီး အင်ဂျင်သက်တမ်းကိုလည်း ကြာရှည်စေတဲ့အတွက် မိတ်ဆွေတို့ရဲ့ " အကြီးစားအင်ဂျင်တွေအတွက် အကြမ်းစား ကာကွယ်မှု့ " ကိုရှာဖွေနေတယ်ဆိုရင် 𝐌𝐨𝐛𝐢𝐥 𝐃𝐞𝐥𝐯𝐚𝐜 𝐋𝐞𝐠𝐞𝐧𝐝 𝐂𝐇-4 15𝐖-40 𝐇𝐞𝐚𝐯𝐲 𝐃𝐮𝐭𝐲 ကိုသာ ယုံကြည်စိတ်ချစွာ သုံးကြည့်ပါခင်ဗျာ။
#ခိုင်းချင်သလောက်ခိုင်းအကြမ်းခံတဲ့မိုဘေး
#ယုံကြည်စိတ်ချရဆုံးမိုဘေး


မိုးသည်းထန်စွာ ရွာသွန်းပြီး လမ်းတွေ ရေကြီး၊ ရေလျှံဖြစ်တဲ့အခါ ကားသမားတွေအတွက် အစိုးရိမ်ရဆုံးကတော့ ကားအိတ်ဇောပိုက် ရေမြုပ်...
24/07/2026

မိုးသည်းထန်စွာ ရွာသွန်းပြီး လမ်းတွေ ရေကြီး၊ ရေလျှံဖြစ်တဲ့အခါ ကားသမားတွေအတွက် အစိုးရိမ်ရဆုံးကတော့ ကားအိတ်ဇောပိုက် ရေမြုပ်တဲ့အထိ မောင်းမိတဲ့ အခြေအနေပဲဖြစ်ပါတယ်။
ဒါကြောင့် အိတ်ဇောပိုက် ရေမြုပ်သွားရင် ကားအတွက် ဘာတွေဖြစ်လာနိုင်လဲဆိုတာ သိထားရအောင် Mobil မှ မျှဝေပေးချင်ပါတယ်ခင်ဗျာ.....
၁။ အင်ဂျင်အတွင်း ရေဝင်ပြီး Hydro-lock ဖြစ်ခြင်း
အိတ်ဇောပိုက် ရေမြုပ်နေတဲ့အချိန်မှာ လီဗာကို လွှတ်လိုက်ရင် (သို့)အရှိန်လျှော့လိုက်ရင် အိတ်ဇောကနေ လေအပြင်ကို မတွန်းထုတ်နိုင်တော့ပါဘူး။ အဲဒီအခါ အပြင်ကရေတွေဟာ အိတ်ဇောပိုက်ကတစ်ဆင့် အင်ဂျင်ထဲကို နောက်ပြန်စုပ်ယူသလို ဝင်သွားတတ်ပါတယ်။
အင်ဂျင်ဆလင်ဒါထဲကို လေအစား ရေတွေဝင်သွားရင် Hydro-lock ဖြစ်တတ်ပြီး Piston တွေ ကွေးတာ Engine Block ကွဲတာမျိုးအထိ ဖြစ်တတ်ပါတယ်။
၂။ ကားစက် ရုတ်တရက် သေသွားခြင်း
အိတ်ဇောပိုက် ရေထဲမြုပ်နေတဲ့အခါ ရေရဲ့ဖိအားကြောင့် အင်ဂျင်က ထွက်လာတဲ့ Exhaust Gas တွေက အပြင်ကို မထွက်နိုင်တော့ပါဘူး။ အင်ဂျင်အတွင်းက လေတွေကို အပြင်မထုတ်နိုင်ရင် အလုပ်ဆက်မလုပ်နိုင်တော့ဘဲ ကားစက် ရုတ်တရက် ရပ်သွားတတ်ပါတယ်။
၃။ ကားအောက်ပိုင်း အာရုံခံဆင်ဆာများ ပျက်စီးခြင်း
ကားမောင်းနေချိန်မှာ ကားရဲ့ အိတ်ဇောပိုက်လိုင်းနဲ့ Catalytic Converter တွေဟာ အလွန် မြင့်မားတဲ့ အပူချိန်ရှိနေပါတယ်။ အဲဒီလို ပူပြင်းနေတဲ့ အစိတ်အပိုင်းတွေဆီကို အေးစက်နေတဲ့ ရေတွေ ချက်ချင်းဝင်ရောက် ရိုက်ခတ်မိတဲ့အခါ Thermal Shock ကြောင့် အိတ်ဇောဆင်ဆာ တွေ ပျက်စီးသွားတတ်ပါတယ်။
အကယ်၍ ရေဝင်သွားခဲ့ရင်တော့ ကားကို "လုံးဝ (လုံးဝ) စက်ပြန်မနှိုးသင့်ပါဘူး" ခင်ဗျာ။ကားက ရေထဲမှာ စက်သေသွားပြီဆိုရင် အင်ဂျင်ထဲကို ရေဝင်သွားတာ သေချာသလောက် ရှိနေတာမို့ အဲဒီအချိန်မှာ စက်ပြန်နှိုးဖို့ ကြိုးစားလိုက်ရင် အင်ဂျင်ကို ကိုယ်တိုင်ဖျက်ဆီးလိုက်သလို ဖြစ်သွားပါလိမ့်မယ်။ဒါကြောင့် ကားကို ဒီအတိုင်းပဲ ထားပြီး လူအင်အားနဲ့ တွန်းထုတ်တာ သို့မဟုတ် ကရိန်းကားနဲ့ ဆွဲထုတ်တာမျိုးပဲ လုပ်သင့်ပါတယ်။
ဒါကြောင့် မိုးရာသီမှာ ရေကြီးတဲ့လမ်းတွေကို သတိထား မောင်းနှင်ကြပြီးတော့ မိမိတို့ရဲ့ တန်ဖိုးကြီး ကားလေးတွေ အင်ဂျင်ရေဝင် ပျက်စီးခြင်းမှ ကင်းဝေးပါစေကြောင်း စေတနာမွန်ဖြင့် မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ 🌧️🚗


#ယုံကြည်စိတ်အချရဆုံးမိုဘေးလ်

“ဒီစတီယာရင်နောက်ကွယ်မှာ... ကျွန်တော့်မိသားစုရဲ့ အိပ်မက်တွေ ရှိတယ်"ကျွန်တော် မြို့ထဲသွားရင် လမ်းမှာငှားလိုက်တဲ့Taxi ဆရာကြ...
21/07/2026

“ဒီစတီယာရင်နောက်ကွယ်မှာ... ကျွန်တော့်မိသားစုရဲ့ အိပ်မက်တွေ ရှိတယ်"
ကျွန်တော် မြို့ထဲသွားရင် လမ်းမှာငှားလိုက်တဲ့Taxi ဆရာကြီးရဲ့ အပြောကြောင့် အနည်းငယ် ခေါင်းစားသွားပါတယ်...
ပြီးတော့ သူကဆက်ပြောတယ်..”မနက်လင်းလို့ မျက်စိနှစ်လုံးပွင့်တာနဲ့ ဒီစတီယာရင်ကို ကိုင်၊ ဒီလမ်းမတွေပေါ်မှာ ရုန်းကန်ခဲ့တာ နှစ်တွေလည်း မနည်းတော့ဘူးဗျာ။ ကျွန်တော့်သားသမီးတွေ ကျောင်းတက်နိုင်ဖို့၊ အိမ်ကမိန်းမ ဈေးဖိုးမပူရဖို့ဆိုတာ ဒီကားလေး ကောင်းကောင်းမောင်းနိုင်မှ ဖြစ်တာလေ။”
“တက္ကစီဆရာဆိုတာ ကားနားရင် ဝင်ငွေနားတာဗျ။ လမ်းမလယ်မှာ အင်ဂျင်ပူလို့ ရပ်ရတာမျိုး၊ အင်ဂျင်က ထိုးရပ်သွားတာမျိုး ဖြစ်ပြီဆိုရင် အဲဒီနေ့က ကျွန်တော့်မိသားစုအတွက်တင်မကဘဲ ကျွန်တော့်အတွက်ပါ စိတ်ဓာတ်ကျစရာပဲဗျာ။ ဒါကြောင့်လည်း ကျွန်တော်က ကိုယ့်ထမင်းအိုးကို ကိုယ်တိုင် အမြဲတမ်း အကောင်းဆုံး ဂရုစိုက်တယ်။”
လူတွေက ပြောကြတယ်... 'Taxi ပဲဗျာ၊ အင်ဂျင်ဝိုင်ကတော့ ဘာထည့်ထည့် ရတာပဲ' တဲ့။ အဲ့ဒါ လုံးဝအမှားဗျ။ ကားက အိုပေမယ့် အင်ဂျင်ဝိုင်ကိုကျတော့ အကောင်းဆုံးသုံးဖို့တော့ လိုတာပေါ့ဗျ။ အဲဒါကြောင့် ကျွန်တော်ကတော့ ဒီ 𝐌𝐨𝐛𝐢𝐥 𝐒𝐮𝐩𝐞𝐫 𝐅𝐫𝐢𝐜𝐭𝐢𝐨𝐧 𝐅𝐢𝐠𝐡𝐭𝐞𝐫 15𝐖-40 ကိုပဲ သုံးဖြစ်တယ်။

“သူက 𝐒𝐲𝐧𝐭𝐡𝐞𝐭𝐢𝐜 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲 ဖြစ်ပြီး ပွတ်တိုက်မှုကို ကာကွယ်ပေးတယ်ဆိုတော့ တစ်နေကုန် ကားပိတ်တဲ့လမ်းတွေမှာ မောင်းနေလည်း အင်ဂျင်က အေးအေးဆေးဆေးပဲ။ စက်သံငြိမ်တော့ ခရီးသည်လည်း စိတ်ချမ်းသာတယ်၊ ကိုယ်တိုင်လည်း အမောသက်သာတာပေါ့ဗျာ”
အင်ဂျင်ဝိုင်ကောင်းကောင်းကျွေးထားရင် ကားက ကျွန်တော့်ကို ဘယ်တော့မှ လမ်းမှာ ပစ်မထားဘူးဗျ။
ကိုယ့်ထမင်းအိုးလေး သက်တမ်းရှည်ရှည်နဲ့ ကိုယ့်ကို ပြန်ရှာကျွေးနိုင်ဖို့ဆိုရင်တော့ 𝐀𝐏𝐈 𝐒𝐍 𝐏𝐥𝐮𝐬 ရထားတဲ့ 𝐌𝐨𝐛𝐢𝐥 𝐒𝐮𝐩𝐞𝐫 𝐅𝐫𝐢𝐜𝐭𝐢𝐨𝐧 𝐅𝐢𝐠𝐡𝐭𝐞𝐫 15𝐖-40 ကိုပဲ ကျွန်တော်ကတော့ အမြဲအားကိုးဖြစ်တယ်။" လို့ ပြုံးရွှင်ရယ်မောပြီး ကားကိုလမ်းမပေါ်မှာ ဂရုတစိုက် မောင်းနှင်နေလေရဲ့ ...
ဒီ Taxi ဆရာကြီးလိုမျိုး စိတ်အေးချမ်းသာစွာနဲ့ လမ်းမပေါ် ယုံကြည်မှုအပြည့်နဲ့ မောင်းနှင်နိုင်ဖို့ဆိုရင်တော့𝐌𝐨𝐛𝐢𝐥 𝐒𝐮𝐩𝐞𝐫 𝐅𝐫𝐢𝐜𝐭𝐢𝐨𝐧 𝐅𝐢𝐠𝐡𝐭𝐞𝐫 15𝐖-40 ကို နီးစပ်ရာ အရောင်းဆိုင်ကြီးတွေမှာ အလွယ်တကူ ဝယ်ယူနိုင်ပါပြီခင်ဗျာ။
(ကမ္ဘာ့ထိပ်တန်း အရည်အသွေးအကောင်းဆုံး Mobil အင်ဂျင်ဝိုင်များကို 𝐀𝐊𝐓 𝐇𝐨𝐥𝐝𝐢𝐧𝐠𝐬 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞𝐝 မှ မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် ဂုဏ်ယူစွာဖြင့် တင်သွင်းဖြန့်ဖြူးရောင်းချပါသည်။)
🔹 Viber - https://rb.gy/joeat7
🔹 TikTok - https://www.tiktok.com/
🔹 YouTube - https://youtube.com/-mobildistribut3979
🔹 Telegram - https://t.me/mobildistributormyanmar
#အကောင်းတကာ့အကောင်းဆုံးအင်ဂျင်ဝိုင်



Address

NO 4-A, May Kha Road, Mayangone Township
Yangon
11061

Opening Hours

Monday 08:00 - 16:30
Tuesday 08:00 - 16:30
Wednesday 08:00 - 16:30
Thursday 08:00 - 16:30
Friday 08:00 - 16:30
Saturday 08:00 - 12:00

Telephone

+959799799805

Alerts

Be the first to know and let us send you an email when Mobil Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mobil Myanmar:

Shortcuts

Share