On Way Car Dealership

On Way Car Dealership I'm nothing without my lovely customers ❤️

All New KIA Carnival 2025 တဲ့ ရုပ်ထွက် ရှယ်ပဲ 😍😍😍
24/10/2024

All New KIA Carnival 2025 တဲ့ ရုပ်ထွက် ရှယ်ပဲ 😍😍😍

စက်သုံးဆီ ဝယ်ယူခွင့်ကတ်ကို မြို့ကြီးများမှာ စမ်းသပ်အသုံးပြုရန် စီစဉ်နေ၊ ပြည်တွင်း သုံးစွဲမှု ပမာဏကို အတိအကျသိရန် ရည်ရွယ်...
05/10/2024

စက်သုံးဆီ ဝယ်ယူခွင့်ကတ်ကို မြို့ကြီးများမှာ စမ်းသပ်အသုံးပြုရန် စီစဉ်နေ၊ ပြည်တွင်း သုံးစွဲမှု ပမာဏကို အတိအကျသိရန် ရည်ရွယ်ဟုဆို

စက်သုံးဆီ ဝယ်ယူခွင့်ကတ်ပြား (စမတ်ကတ်)ဖြင့် စက်သုံးဆီဝယ်ယူရန် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများ၌ ဦးစွာစမ်းသပ်အသုံးပြုရန် စီစဉ်နေကြောင်း စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA)ထံမှ သိရသည်။

ယင်းစက်သုံးဆီ ဝယ်ယူခွင့်ကတ်ပြားသည် ဆီဝယ်ယူချိန်၌ ကားနံပါတ်၊ ယာဉ်အမျိုးစားနှင့် ဝယ်ယူသည့် ဆီအမျိုးအစားများကို အချက်အလက်ကောက်ယူနိုင်မည့် ကတ်အမျိုးအစားလည်း ဖြစ်သည်။

သို့သော် စက်သုံးဆီဝယ်ယူခွင့်ကို စမတ်ကတ်စနစ်ဖြင့်ဆောင်ရွက်ခြင်းသည် တစ်ရက်လျှင် တစ်ကြိမ်သာ အကန့်အသတ်ဖြင့် ဆီဝယ်ယူရန် ဆောင်ရွက်ခြင်းမျိုးမဟုတ်ကြောင်း MPTA တာဝန်ရှိသူတစ်ဦးက ပြည်တွင်းသတင်းဌာနတစ်ခုကို ပြောကြားထားချက်အရ သိရသည်။

ယင်းကတ်သည် ပြည်တွင်း၌ သုံးစွဲနေသည့် စက်သုံးဆီပမာဏ အတိအကျကို သိရှိပြီး မည်မျှတင်သွင်းရမည်ကို သိရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းလည်း ဖြစ်သည်ဟု သိရသည်။

ထို့နည်းတူ စက်သုံးဆီ ဝယ်ယူခွင့်ကတ်ပြား (စမတ်ကတ်) ၌ပါရှိသည့် ယာဉ်အမှတ်ဖြင့်သာ စက်သုံးဆီ ဝယ်ယူခွင့်ရှိမည်ဟုလည်း သိရသည်။

Credit

လမ်းဘေးကားထိုးရပ်သူများအတွက်ကားပစ္စည်း(ဥပမာ ဘက်မှန်) သူခိုးဘေးကင်းဖို့အထောက်အပံ့ဖြစ်စေသတည်း 😄😄😄Credit
04/10/2024

လမ်းဘေးကားထိုးရပ်သူများအတွက်
ကားပစ္စည်း(ဥပမာ ဘက်မှန်) သူခိုးဘေးကင်းဖို့အထောက်အပံ့ဖြစ်စေသတည်း 😄😄😄

Credit

♦️ # # #ကျွန်တော်လည်းခံထားရဘူးပါတယ်။တစ်ချို့သန်လျှင်က လူတွေ အရောင်းအဝယ် ကတိမတည်ကြပါ။ လူတိုင်းတော့မဟုတ်ပါ။ # # #အရောင်းအဝ...
15/09/2024

♦️ # # #ကျွန်တော်လည်းခံထားရဘူးပါတယ်။တစ်ချို့သန်လျှင်က လူတွေ အရောင်းအဝယ် ကတိမတည်ကြပါ။ လူတိုင်းတော့မဟုတ်ပါ။

# # #အရောင်းအဝယ်တစ်ခုမှာ.....

ရောင်းသူဘက်က ဒီအိမ်ကိုဒီစျေးနဲ့ရောင်းမယ် လို့ ကမ်းလှမ်းတယ်။

ဝယ်ယူသူဘက်ကလည်း ဒီစျေး (အဖိုးစားနား)အတိုင်း ဝယ်မယ်လို့ လက်ခံတယ်။

နှစ်ဘက်သဘောတူလက်ခံပြီးနောက်မှာ ဝယ်ယူသူဘက်က စရံငွေတစ်စိတ်တစ်ဒေသကိုချတယ်။

နောက်ဆုံးကျန်ငွေ မချေခင် စပ်ကြားကာလ မှာ
ရောင်းသူဘက်မှ သူ့အိမ်ကို ပိုက်ဆံပိုပေးတဲ့သူရှိလာတဲ့အခါမှာ ပထမဝယ်သူကို နောက်ဝယ်သူမှ ပိုပေးလို့ရောင်းလိုက်တော့မည်ဖြစ်ကြောင်း အကြောင်းကြားပြောဆိုပါတယ်။

ရောင်းသူမှ ပထမဝယ်သူ ပေးထားတဲ့ စရံငွေရဲ့ ၂ဆ ကိုပေးလျော်ပြီး အရောင်းအဝယ်ကို အလွယ်တကူဖျက်လိုက်တယ်။
အရပ်စကားနဲ့ဆိုရင် ပွဲလှန်လိုက်တယ်ပေါ့။

ရောင်းသူတွေဟာ နောက်ဝယ်သူမှပိုက်ဆံပိုပေးပြီးဝယ်တဲ့အခါ (သို့မဟုတ် )အခြားအကြောင်းအရာတွေကြောင့် မရောင်းလိုတော့သည့်အခါ ဝယ်ယူသူပေးထားတဲ့ စရံငွေရဲ့ ၂ဆ ကိုပေးလျော်လိုက်ရင်ရပြီ။ ပွဲပျက်ပြီဟု သာ မှတ်ယူနေကြပါတယ်။

ဒီအရောင်းအဝယ်ကို ဆက်လုပ်ခြင်းမလုပ်ခြင်းကို #ရောင်းသူမှဆုံးဖြတ်ပိုင်ခွင့်မရှိပါ။
ဝယ်ယူသူကသာ ဆုံးဖြတ်ရမည်သာဖြစ်ပါတယ်။

( နှစ်ဦးနှစ်ဘက် အပြန်အလှန် သဘောတူအရောင်းအဝယ်ဖျက်သိမ်းခြင်းကို မဆိုလိုပါ။)

ဝယ်ယူသူဘက်မှ အဆိုပါအရောင်းအဝယ်ကို
ဆက်မလုပ်လိုပါက ရောင်းသူမှပေးလျော်သည့် စရံငွေ ၂ဆ ကိုလက်ခံနိုင်သလို ရောင်းသူအား ***** ပဋိညာဥ် အတိုင်းဆက်လက်ဆောင်ရွက်ပေးစေလိုမှု**** ဆိုပြီး ရောင်းသူကို အရောင်းအဝယ်ဆက်လုပ်ရန် တရားစွဲဆိုပိုင်ခွင့်ရှိပါတယ်။

ဒါနဲ့ပတ်သတ်ပြီး ဆုံးဖြတ်ထားတဲ့ စီရင်ထုံးကိုပူးတွဲလေ့လာနိုင်အောင် တင်ပေးလိုက်ရပါတယ်။

*****ပဋိညာဥ်အတိုင်းဆောင်ရွက်ဖို့နဲ့ ပျက်ကွက်ရင်ငွေပမာဏ ဘယ်လောက်ပေးရမယ်ဆိုတဲ့ ပဋိညာဥ်မှာ ပဋိညာဥ်ပျက်ကွက်သူ(ရောင်းသူ)က ဘယ်သဘောတူညီချက်အတိုင်း ဆောင်ရွက်လိုတယ်လို့ ရွေးချယ်ပိုင်ခွင့်မရှိဘဲ ပဋိညာဥ်အတိုင်းဆောင်ရွက်လိုတဲ့ တရားလို(ဝယ်သူ) က သာ ရွေးချယ်ပိုင်ခွင့်ရှိတယ်လို့ တရားရုံးချုပ်က အဆုံးအဖြတ်ပြုပါတယ်
ဦးအဘတ်(စ်) နှင့် ဦးအောင်သိုက် ၁၉၉၆၊ မ-တ-စ၊ စာ- ၆၈ စီရင်ထုံးဖြစ်ပါတယ်******

အဲ့တော့ ရောင်းသူတွေအနေနဲ့ အရောင်းအဝယ်ကို စရံငွေ ၂ဆ ပေးလျော်ရုံဖြင့် အရောင်းအဝယ်
မပျက်သွားနိုင်သေးဘူးဆိုတာ သတိကြီးစွာထား
စေလိုပါတယ်..


လေးစားစွာဖြင့်...

တစ်ချိန်က ကားဈေးနူန်းနဲ့ ကားလေးများ
15/09/2024

တစ်ချိန်က ကားဈေးနူန်းနဲ့ ကားလေးများ

15/09/2024

ရန်ကုန်-မန္တလေး ခရီးသည်တင်ယာဉ်များပုံမှန်အတိုင်းပြေးဆွဲနေ

ရန်ကုန်-မန္တလေးခရီးစဉ်များကို ရပ်နားထားခြင်းမရှိဘဲ ပုံမှန်အတိုင်းပြေးဆွဲပေးနေကြောင်း ယာဉ်လိုင်းများထံမှ စုံစမ်းသိရှိရသည်။

ယမန်နေ့ စက်တက်ဘာ ၁၃ ရက်တွင်ရန်ကုန်-မန္တလေး အမြန်လမ်းရှိတံတားဦးမြို့နယ်အပိုင် မိုင်တိုင်အမှတ် ၃၅၆ မှ ၃၆၀ အထိ ရေများ ဝင်ရောက်လာသည့်အတွက် ကားအသွားအလာများယာယီရပ်နားထားခဲ့ရသည်။

သို့သော် နာရီပိုင်းသာကားများကိုရပ်နားထားရပြီး ပုံမှန်အတိုင်းပြန်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

" ခဏပဲယာယီရပ်ထားရတာပေါ့။ ၃၊ ၄ နာရီလောက်တော့ကားရပ်ခဲ့ရတယ်။ ရန်ကုန်ကိုတော့အဝင်နောက်ကျတာပေါ့။ ပုံမှန် ၆ နာရီဝင်ရမယ့်ကားက ၈ နာရီလောက်မှ ရောက်တယ်။ ဖြေးဖြေးချင်းသွားရတယ်။ တစ်စီးချင်းဆီ။ အဆင်ပြေပါတယ်"ဟု ခရီးသည်တစ်ဦးကပေါ်ပြူလာနယူးစ်သို့ ပြောသည်။

လက်ရှိတွင် တိုင်ဖွန်းမုန်တိုင်း ယာဂီအရှိန်ဖြင့် နေရာအနှံ့အပြား မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မြန်မာနိုင်ငံအထက်ပိုင်းဒေသများ၊ ရှမ်းပြည်နယ် အစရှိသည့်ဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွါးနေကာ အကူအညီများလိုအပ်လျက်ရှိကြောင်း သိရသည်။

Credit

Laos 🇱🇦 ကားနံပါတ်နဲ့ Bangkok မြို့ထဲထိဝင်လာလို့ရတယ်  Myanmar 🇲🇲 လိုင်စင်နဲ့ရော ဝင်လို့ရင်ရောCredit
08/09/2024

Laos 🇱🇦 ကားနံပါတ်နဲ့ Bangkok မြို့ထဲထိ
ဝင်လာလို့ရတယ် Myanmar 🇲🇲 လိုင်စင်နဲ့ရော ဝင်လို့ရင်ရော

Credit

01/09/2024

Type of the car 🚗 😍

EV ကားပြုပြင်စရိတ်က ICE ကားထက်ပိုများကြောင်း Mitchell စစ်တမ်းမှာ ထုတ်ပြန်Enlyte Group ရဲ့ လက်အောက်ခံ Mitchell Research မ...
01/09/2024

EV ကားပြုပြင်စရိတ်က ICE ကားထက်ပိုများကြောင်း Mitchell စစ်တမ်းမှာ ထုတ်ပြန်

Enlyte Group ရဲ့ လက်အောက်ခံ Mitchell Research မှ စစ်တမ်းတစ်ခုအရ မတော်တဆ ထိခိုက်မိသော ဖြစ်စဉ်များကြောင့် ပျက်စီးသွားသော EV ကားများရဲ့ ပြုပြင်စရိတ်ဟာ ICE ကားများထက်ပိုမို ကုန်ကျတယ်လို့ သိရပါတယ်။ Mitchell Research ဟာ အဆိုပါ လေ့လာဆန်းစစ်ချက်ကို ပြီးခဲ့သော 2024 ဒုတိယ 3 လပတ်မှာ US နဲ့ Canada နိုင်ငံများမှာ ဖြစ်ပွားခဲ့သော ယာဉ် မတော်တဆမှုများရဲ့ အာမခံ လျော်ကြေး စာရင်းမှတ်တမ်းများကို ဆန်းစစ်ပြီး ထုတ်ပြန်တာဖြစ်ပါတယ်။ တွေ့ရှိချက်များအရ US မှာ ဖြစ်ပွားသော EV ယာဉ်မတော်တဆမှုအတွက် ပျမ်းမျှ အာမခံလျော်ကြေးဟာ $5,753 ဝန်းကျင် ရှိပြီး ICE ကားများအတွက် လျှော်ကြေးဟာ $4,806 ဝန်းကျင် ရှိတာကြောင့် ရာခိုင်နှုန်း 20 % ကျော် ပိုများပါတယ်။ ထို့အတူပဲ Canada နိုင်ငံမှာလည်း EV ယာဉ်မတော်တဆမှုအတွက် ပျမ်းမျှ အာမခံလျော်ကြေးဟာ ကနေဒါ ဒေါ်လာ CAD $6,534 ဝန်းကျင် ရှိပြီး ICE ကားများအတွက် လျှော်ကြေးဟာ CAD $4,958. ဝန်းကျင် ရှိတာကြောင့် ရာခိုင်နှုန်း 310% ကျော် ပိုများပါတယ်။ မှတ်တမ်းများအရ ပြင်ဆင်စရိတ်အတွက် အာမခံလျှော်ကြေးတောင်းခံသော ကားအများစုဟာ Tesla model 3 နဲ့ model Y တို့ဖြစ်ကြပြီး အဆိုပါကားများကို အများစု အသုံးပြုကြတဲ့အတွက်ကြောင့် မတော်တဆမှုမှာ ပါဝင်မှု များပြားတာလို့ သိရပါတယ်။ ‌ဒါ့အပြင် Hybrid ကားများ အထူးသဖြင့် Plug-in HEV ကားများရဲ့ ပြုပြင်စရိတ်တွေကလည်း သိသိသာသာ ပိုကုန်ကျတယ်လို့ တွေ့ရှိရပါတယ်။

ကားများတည်ဆောက်ထုတ်လုပ်ရာမှာ လျှပ်စစ်ကားများဟာ ICE ကားများထက် ကိုယ်ထည် အစိတ်အပိုင်းသိသာစွာ နည်းပါးပါသော်လည်း ရှုပ်ထွေးသော နည်းပညာနှင့် ပစ္စည်းများကြောင့် ပြုပြင်ရာမှာ ပိုမိုကုန်ကျရတာ ဖြစ်တယ်လို့ သိရပါကြောင်း။

Credit

ပြောင်းလဲသတ်မှတ်လိုက်တဲ့ လျှပ်စစ်ဓာတ်အား သုံးစွဲသည့်ယူနစ်အလိုက် ကျသင့်ငွေ တွက်ချက်မှုဇယား။ဘယ်လောက်ကွာဟသွားလဲ ကြည့်ကြည့်ပ...
31/08/2024

ပြောင်းလဲသတ်မှတ်လိုက်တဲ့ လျှပ်စစ်ဓာတ်အား သုံးစွဲသည့်ယူနစ်အလိုက် ကျသင့်ငွေ တွက်ချက်မှုဇယား။

ဘယ်လောက်ကွာဟသွားလဲ ကြည့်ကြည့်ပါ

Credit

Address

Thingangyun Tsp
Yangon

Telephone

+959443724549

Website

Alerts

Be the first to know and let us send you an email when On Way Car Dealership posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to On Way Car Dealership:

Shortcuts

Share

Category