Marvel Racing

Marvel Racing Since 2019

Nissan Skyline R34 GTT,GTR MaxpeedingRods Coilovers Kit Advanced Series Top mounts: standard rubber top mount front and ...
23/05/2026

Nissan Skyline R34 GTT,GTR
MaxpeedingRods Coilovers Kit
Advanced Series

Top mounts: standard rubber top mount front and rear
Damping: 24 levels rebound damping adjustable
Spring rate Front: 12 kg/mm (672lbs/in)
Spring rate Rear: 10 kg/mm (560 lbs/in)
Spring length Front: 190mm
Spring length Rear: 230mm
Adjustable height: lowering 1-3inch
Coilover overall length Front: 400mm-450mm
Coilover overall length Rear: 580mm-740mm
Shock type: Twin tube
Spring preload: 7-10 mm


MaxpeedingRods T04E TurboCharger A/R .57 For 1.5L-2.5L 4cyl,6cyl Bearing: Floating BearingExhaust (Turbo Manifold) Fl**g...
23/05/2026

MaxpeedingRods T04E TurboCharger
A/R .57 For 1.5L-2.5L 4cyl,6cyl

Bearing: Floating Bearing
Exhaust (Turbo Manifold) Fl**ge: T3 T4 4 bolt Fl**ge Patterns
Exhaust (Downpipe) Fl**ge: Standard T3 5 bolt downpipe fl**ge pattern
Cooling Type: Oil Cooled
Internal Wastegate: No
Compressor Trim: 48.1
Compressor A/R: 0.5
Compressor Inducer: 52.7mm
Compressor Exducer: 76mm
Turbine Trim: 74.2
Turbine A/R: 0.57
Turbine Inducer: 64.8mm
Turbine Exducer: 55.8mm
Turbine exhaust inlet:45mm/87mm
Compressor outlet:42mm(inside diameter)、52mm(outer diameter)
Compressor inlet:68 mm(inside diameter)、77mm(outer diameter)
Hosepower: Up to 400+HP


အကောင်သေးသေးအဆိပ်ပြင်းပြင်း
စျေးသက်သက်သာသာ တမုန်းနင်းလို့ရမယ့်Turbo

23/05/2026
Toyota Altezza,Lexus IS200,300MarkII Jzx110,Blitz MaxpeedingRods Coilovers Kit Used တွေသုံးနေမယ့်အစား ၁၅သိန်း ဝန်းကျင်နဲ...
23/05/2026

Toyota Altezza,Lexus IS200,300
MarkII Jzx110,Blitz
MaxpeedingRods Coilovers Kit
Used တွေသုံးနေမယ့်အစား ၁၅သိန်း ဝန်းကျင်နဲ့
အသစ်သုံးလို့ရနေပြီ နော် Quality ကလဲ သုံးဖူးသူတိုင်းကြိုက် price to performance တကယ်ကောင်းတဲ့ Brand ဒီရက်ပိုင်း MaxpeedingRods က discount တွေရှိတဲ့ အပြင် ကျွန်တော့်ကိုလဲ သီးသန့် discount တွေလဲ ပေးထားလို့ coilovers kit လဲဖို့ စဉ်းစားထားတယ်ဆိုရင် အမြန်သာ လာမှာ လိုက်တော့ဗျာ ခုချိန်က အတန်ဆုံးပဲ ကားတော်တော်များများအတွက်ရှိတာမို့ တခြားကားတွေ အတွက်လဲ CB မှာ မေးလို့ရတယ်နော်

Specification

Top mounts: rubber top mounts
Damping: 24 levels rebound damping adjustable
Spring rate: front 12kg/mm
Spring rate: rear 10kg/mm
Adjustable height: Yes lowering 1'' to 3''
Shock type: Twin tube
Spring preload: 7-10 mm
Color: gold



ကျွန်တော်အခုတစ်ခေါက်ထပ်ပြီးပြောပြချင်တာကတော့ ကားတစ်စီးရဲ့ ⚡️Differential ⚡️အကြောင်းပါ။ကားကိုဝါသနာပါတဲ့လူငယ်တော်တော်များမ...
08/11/2024

ကျွန်တော်အခုတစ်ခေါက်ထပ်ပြီးပြောပြချင်တာကတော့ ကားတစ်စီးရဲ့ ⚡️Differential ⚡️အကြောင်းပါ။ကားကိုဝါသနာပါတဲ့လူငယ်တော်တော်များများကတော့ Drift ကို ရူးသွပ်ကြမှာပါ။Drift မောင်းဖို့အတွက် အဓိက ကျတဲ့နေရာမှာပါရှိတာကတော့ Differential ပါ။Limited Slip Differential (L*D)တွေပေါ့။Drift မောင်းဖို့ အတွက်ဆိုရင်ကားရဲ့ Rear Wheel 2ခုလုံးက တစ်ပြိုင်ထဲအလုပ်လုပ်ဖို့ လိုအပ်ပါတယ်။အဲ့လိုတစ်ပြိုင်ထဲအလုပ်လုပ်ဖို့ဆိုရင် wheel တွေဆီကိုသွားတဲ့ Axle တွေက တစ်ပြိုင်ထဲ အလုပ်လုပ်နေမှ ဖြစ်မှာပါ။အဲ့ Axle တွေ တစ်ပြိုင်ထဲ အလုပ်လုပ်ဖို့အတွက် တာဝန်ယူပေးနေတာကတော့ Limited Slip Differential (L*D)တွေပါပဲ။ကျွန်တော်လောလောဆယ် L*D တွေအကြောင်းမပြောပဲ ရိုးရိုး Differential တွေအကြောင်းအရင်ပြောပါမယ်။အောက်ကပုံတွေမှာ Differential တစ်လုံးမှာ ပါတဲ့ အစိတ်အပိုင်းတွေကို အသေးစိတ်တွေ့ရမှာပါ။အဲ့လိုဆို ကျွန်တော်တို့ ဒီမှာလွယ်ကူစျေးသက်သာပြီး အသုံးများတဲ့ Welding Differential အကြောင်းဆက်ပြောပါမယ်။ Welding differential ဆိုတာကတော့ ကျွန်တော်တို့ differential side gear နဲ့ differential carrier pinion တွေကို Welding လုပ်လိုက်တဲ့ အခါမှာ တစ်ဖက်တစ်ချက် ဆီမှာရှိတဲ့ Axle တွေက တစ်ပြိုင်ထဲ အလုပ်လုပ်သွားပါတယ်။ပြောရမယ်ဆိုရင် L*D အတိုင်းဖြစ်သွားတယ်ပေါ့။L*D နဲ့ မတူပဲမကောင်းတဲ့ အချက်ကတော့အချိန်ပြည့် တစ်ပြိုင်ထဲ အလုပ်လုပ်နေတာပါ။ကျွန်တော်ဒီတစ်ခေါက်အဓိကပြောပြချင်တာကတော့ Differential Ratio အကြောင်းပါ။Drift မောင်းနေတဲ့ ညီအစ်ကို သူငယ်ချင်း ဆရာများကတော့ ဒီ Ratio အကြောင်းကို ကောင်းကောင်းနောကြေနေပါပြီ။ဘာဖြစ်လို့လဲဆိုတော့ Ratio မှားတဲ့ အခါမှာ တော်တော်လေးကို ဒုက္ခရောက်ခဲ့ကြလို့ပါ။အဲ့ဒါကြောင့်လဲ Drift ကို ဝါသနာပါပြီး စမောင်းမယ့်သူတွေအတွက်ခုလို့ရေးလိုက်ရတာပါ။L*D ပဲဖြစ်ဖြစ် Welding differential ဖြစ်ဖြစ် Ratio ကအရေးကြီးတာအတူတူပါပဲ။ကျွန်တော်တို့ Ratio ကို ဘယ်လိုတွက်ရမလဲဆိုရင် Ring Gear pinion ကို Drive pinion နဲ့ စားလိုက်မယ်ဆိုရင် ဒဿမ ကိန်းတွေပါတဲ့ ကိန်းဂဏန်းတစ်ခုရလာမှာပါ။3.7,3.9,4.1,4.3,အနောက်မှာ ဒဿမကိန်း၃လုံးလောက်နဲ့ ထွက်လာမှာပါ။ကျွန်တော် အတိုချုပ်ပဲရေးလိုက်တာပါ။အဲ့ဒီratio တွေကို ကိုယ့်ကားမှာ မှန်ကန်စွာ ရွေးချယ်နိုင်ဖို့လိုပါတယ်။အဲ့လိုရွေးချယ်ဖို့ဆိုရင် ကျွန်တော်တို့ အကုန်လိုက်ပြီး တွက်ရတော့မှာပါ။
Angle kit Degree,Gear box Ratio,Rim size,Tire Width,Tire Pressure, Drive Map အကုန်လုံးကိုထည့်တွက်ရတော့မှာပါ။အဲ့လိုမှ မတွက်ဘူးဆိုရင်ကျွန်တော်တို့မောင်းရတာ စိတ်တိုင်းကျနေမှာမဟုတ်ပါဘူး။ကျွန်တော်တို့လိုချင်တဲ့point မရောက်ခင် Gear ကုန်သွားတာမျိုး၊Ratio မမျှတဲ့အတွက်ကားက အီပြီးလေးနေတာမျိုးတွေကြုံရမှာပါ။ကျွန်တော်ကတော့ဒီစာထဲမှာ အချက်အလက်အကုန်လုံးကို အသေးစိတ်ပြောပြနိုင်မှာ မဟုတ်ပါဘူး။ဘာလိုလဲဆိုတော့ ကျွန်တော်လဲတချို့ပစ္စည်းတွေကိုတွဲဖက်မသုံးဘူးတဲ့အတွက် အလုံးစုံတိတိကျကျမမှန်နိုင်လို့ပါ။ယခုDrift မောင်းနေကြတဲ့သူတော်တော်များများမှာလဲ သူတို့ တွက်ချက်နည်း အသုံးပြုနည်းနဲ့ Driving style တွေ ကိုယ်စီရှိကြပါတယ်။Drift ကိုရူးသွပ်တဲ့ လူငယ်တွေလဲအခုလိုအသေးစိတ်ကအစနားလည်အောင်တစ်ခုချင်းလေ့လာလိုက်စားဖို့လိုအပ်ပါတယ်။အဲ့တော့ ခုမှစ မောင်းမှာပဲဖြစ်ဖြစ် မောင်းတတ်ခါစသူတွေပဲဖြစ်ဖြစ် Differential ကိုသေချာလေးရွေးချယ်တပ်ဆင်နိုင်စေဖို့ တင်ပေးလိုက်တာပါ။အသေးစိတ်သိချင်တယ်ဆိုရင်တော့ chat box or Personal acc မှာ လာရောက်ဆွေးနွေးလို့ရပါတယ်။ကျွန်တော် သိတဲ့ knowledge လေးတွေတော့ ပြောပြပေးမှာပါ။

P.S ❗️Limited Slip Differential သည်drift ကားအမျိုးအစားမှာပဲ တပ်ရသော ပစ္စည်းမဟုတ်ပါ။L*D အမျိုးအစားများရှိပါသေးသည်။အဲ့အကြောင်းအရာတွေကိုတော့ နောက်ထပ်post တစ်ခုမှာထပ်တင်ပေးပါမယ်။ အမှားအယွင်းရှိပါကထောက်ပြပြီး သည်းခံခွင့်လွှတ်ပေးကြပါခင်ဗျာ🙏🏻။

💥တစ်လက်စထဲ တစ်ခါတည်းပြောလိုက်ချင်လို့ပါ။Drift cultureနဲ့ အားကစားကို အချိန်ပြည့်အပြစ်တင်ဆဲဆိုနေတဲ့ လူတွေအတွက်ပါ။ကျွန်တော်တို့တွေက ထင်တိုင်းကြဲမူးရူးနေတဲ့လမ်းဘေးကလမ်းသရဲတွေမဟုတ်ပါဘူး။ကျွန်တော်တို့မှာ ဒီအားကစားတတ်မြောက်ဖို့နဲ့မောင်းနှင်နိုင်ဖို့ကို အချိန်တွေငွေတွေဦးနှောက်တွေ အကုန်လုံးရင်းထားရတာပါ။မိတ်ဆွေတို့ထင်သလို မူးရင်ရမ်းပြီးမောင်းချင်တိုင်းမောင်းနေလို့ရနေတာလဲမဟုတ်ပါဘူး။
လူကြီးမင်းတို့မြင်တဲ့ အတိုင်းမောင်းနှင်နိုင်ဖို့ လေ့ကျင့်ရတယ် စာတွေဖတ်ရပါတယ် တစ်ရက်လောက်မောင်းဖို့အတွက် တစ်လမကပြင်ဆင်ရပါတယ်။ငွေကုန်ကြေးကြတွေအများကြီးခံရပါတယ်။လူကြီးမင်းတို့ပြောနေတဲ့ safety အတွက် လူကြီးမင်းတို့ကားတွေထက် ပိုပြီးဂရုစိုက်ရပါတယ်။အဲ့တော့ လူကြီးမင်းတို့ မေတ္တာပို့နေသလိုမျိုး တိုက်တာတွေ ကြေတာတွေ သေတာတွေ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ဘောလုံးအားကစားကိုဝါသနာပါလို့ ဘောလုံးကန်နေတဲ့ ဘောလုံးသမားတစ်ယောက်လိုမျိုး ကျွန်တော်တို့လဲ Drift Racing ကို ဝါသနာပါလို့ Drift မောင်းနေကြတဲ့ လူငယ်တွေပါပဲ။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်🙏🏻။

ကျွန်တော်လိုင်းလေးရတုန်းအချိန်လေးရတာနဲ့ သူငယ်ချင်းတို့ လိုအပ်မယ်ထင်တဲ့ wastegate size အသုံးပြုပုံအကြောင်းလေးတင်ပေးလိုက်ပ...
08/11/2024

ကျွန်တော်လိုင်းလေးရတုန်းအချိန်လေးရတာနဲ့
သူငယ်ချင်းတို့ လိုအပ်မယ်ထင်တဲ့ wastegate size အသုံးပြုပုံအကြောင်းလေးတင်ပေးလိုက်ပါတယ်။ကျွန်တော်တို့ Turbocharger ပြောင်းလဲပြီးတာနဲ့ internal wastegate မပါတဲ့ Turbocharger တွေ အကုန်လုံးအတွက် external wastegate ကလိုအပ်မှာပါ။Turbocharger ပြောင်းလဲအသုံးပြုသူတိုင်း wastegate ရဲ့ အလုပ်လုပ်ပုံကိုသိကြမှာဖြစ်တဲ့အတွက် ကျွန်တော်အဲ့ဒါတော့ ထည့်မရေးတော့ပါဘူး။ အဲ့မှာကျွန်တော်တို့ အရေးကြီးတာက Wastegate size ပါ။Wastegate size ကို မှန်ကန်စွာ အသုံးမပြုခဲ့ဘူးဆိုရင် ကျွန်တော်တို့ လိုချင်တဲ့ power output မရပဲ တိုင်ပတ်နိုင်ပါတယ်။ကျွန်တော်ကိုယ်တိုင်လည်း တိုင်ပတ်ခဲ့ဘူးပါတယ်။အဲ့ဒါကြောင့်သူငယ်ချင်းတို့အတွက် Wastegate size မှန်ကန်စွာ အသုံးပြုပုံလေးကျွန်တော်တင်ပေးလိုက်ပါတယ်။

* big turbo/low boost = bigger wastegate
* big turbo/high boost = smaller wastegate
* small turbo/low boost = bigger wastegate
* small turbo/high boost = smaller wastegate

ဒါကတော့ကျွန်တော်တို့ ပုံမှန်အလွယ်တကူ မှတ်ရတဲ့ ပုံစံလေးပါ။ကျွန်တော်တို့ engine power အကြီးအသေးနဲ့ exhaust အသုံးပြုပုံပေါ်မူတည်ပြီး power output အပေါ်သက်ရောက်မှုပြောင်းလဲသွားနိုင်ပါသေးတယ်။အဲ့အတွက်ကျွန်တော်တို့ ထပ်ပြီးရွေးချယ်လို့ရတဲ့ ပုံစံ လေးရှိပါသေးတယ်။

* big turbo/small engine/small power = small wastegate
* big turbo/small engine/big power = big wastegate
* small turbo/small engine/small power = small wastegate
* big turbo/big engine/small power = medium wastegate
* small turbo/big engine/any power level = big wastegate

ကျွန်တော်တို့ဒီမှာတော်တော်များများအသုံးပြုနေကြတဲ့ 1Bar က High Boost အထဲတော့မပါပါဘူး။အဲ့မှာကျွန်တော်တို့ တစ်ခုသတိပြုရမှာက Boost တွေစွတ်တင်တိုင်းလဲ engineရဲ့ Horse Power ကအကြီးအကျယ်ပြောင်းလဲမှာမဟုတ်ပါဘူး။(Hp)တက်လာဖို့အတွက်ကအခြားသောလုပ်ဆောင်ချက်နဲ့ Parts တွေလိုအပ်ပါသေးတယ်။Boost တွေမတအားတင်ရင်ကျွန်တော်တို့ engine နာပြီကွဲယုံသာရှိမှာပါ။ကျွန်တော်တို့ လိုချင်တဲ့ Boost ရဖို့အတွက် Wastegate အထဲက Spring Colour အသုံးပြုပုံကိုတော့နောက်ထပ်တစ်ခုမှာထပ်တင်ပေးပါ့မယ်။ဒီတော့သူငယ်ချင်းတို့လည်းမှန်ကန်စွာ အသုံးပြုနိုင်ပြီး အဆင်ပြေကြပါစေဗျာ။သူငယ်ချင်းတို့ သဘောကျတယ်ဆို နောက်ပိုင်းလည်းစိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာများကိုအချိန်ရရင်ရသလိုတင်ပေးပါဦးမယ်။လေ့လာစရာအကြောင်းအရာများစွာကို လေ့လာနေဆဲလူငယ်တစ်ယောက်ဖြစ်လို့ လိုအပ်ချက်နဲ့ မှားယွင်းမှုများရှိပါက ထောက်ပြပြီး သည်းခံခွင့်လွတ်ပေးကြပါခင်ဗျာ။အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

*Wastegate Photo တွေက Google ကနေ save ထားတာဖြစ်တဲ့အတွက် Crd ပေးပါတယ်ခင်ဗျာ*

03/05/2024

1jz gte non vvti
Engine,Ecu,Harness
Excellent Condition
Location Yangon (Arrived)
📲09 9797 20207

03/05/2024

Parts of the life 🤟🤟🤟

Address

No 16(A), Damayarzar (1)street , Southokkalapa
Yangon
10119

Telephone

+959979720207

Website

Alerts

Be the first to know and let us send you an email when Marvel Racing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Marvel Racing:

Shortcuts

Share