Suzuki Myint Myat Maung

Call Directions

Suzuki Myint Myat Maung SUZUKI ကားအသစ်များကို ယုံကြည်စိတ်ချစွာဝယ်ယူရရှိနိုင်ပါတယ်ရှင့်

26/09/2026

၁၉၉၉ ခုနှစ်မှာ Suzuki Myanmar အနေနဲ့ ပထမဆုံးထုတ်လုပ်ခဲ့တဲ့ ကားက ဘာကားလဲဆိုတာ သိပါသလား?

လူကြီးမင်းတို့ ပထမဆုံး စစီးဖူးခဲ့တဲ့ SUZUKI ကားလေးနဲ့ အမှတ်တရတွေရှိရင် Comment မှာ မျှဝေခဲ့ကြပါဦး။

SUZUKI နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Link ထဲမှာ လေ့လာလို့ရပါတယ်။
https://suzukimyanmar.com/suzuki/aboutus




23/09/2026

ပစ္စည်းတူတိုင်း အရည်အသွေးတူနိုင်လား ?

ကားအပိုပစ္စည်းရွေးချယ်တဲ့အခါ အပြင်ပန်းပုံစံတူရုံနဲ့ ကောင်းမွန်စွာ အသုံးပြုနိုင်မယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် အပိုပစ္စည်းရဲ့ အရည်အသွေး၊ တိကျစွာကိုက်ညီမှုနဲ့ ရေရှည်အသုံးခံမှုတွေက ကားရဲ့ စွမ်းဆောင်ရည်နဲ့ ဘေးကင်းလုံခြုံမှုကိုသာမက ရေရှည်ပြုပြင်ထိန်းသိမ်းမှုကုန်ကျစရိတ်အပေါ်မှာပါ တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။

ကားရဲ့ Part တစ်ခုကို လဲလှယ်တဲ့အခါ အရည်အသွေးနဲ့ အရင်းမြစ်မသေချာတဲ့ ပုံစံတူ အပိုပစ္စည်းတွေကို ရွေးချယ်တာထက် အရည်အသွေး၊ ကြာရှည်ခံမှုနဲ့ ကားရဲ့ ဘေးကင်း လုံခြုံရေးအပေါ် သက်ရောက်မှုတွေကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။

Suzuki Genuine Parts များရဲ့ အားသာချက်များ
🔹SUZUKI ရဲ့ မူလ အရည်အသွေးစံနှုန်းတွေနဲ့အညီ ထုတ်လုပ်ထားခြင်း၊
🔹သက်ဆိုင်ရာကားမော်ဒယ်အလိုက် တိကျစွာ ကိုက်ညီမှုရှိအောင် သီးသန့်ထုတ်လုပ်ထားခြင်း၊
🔹သတ်မှတ်ထားတဲ့ အရည်အသွေးနဲ့ စမ်းသပ်စစ်ဆေးမှုတွေအတိုင်း ထုတ်လုပ်ထားတာကြောင့် ရေရှည်အသုံးပြုနိုင်ခြင်း၊
🔹မူလစွမ်းဆောင်ရည်အတိုင်း အတိအကျ ရရှိနိုင်ခြင်း၊
🔹ဘေးကင်းလုံခြုံမှုအတွက် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ခြင်း၊
🔹 ဆက်စပ် စက်ပစ္စည်းအစိတ်အပိုင်းများပျက်စီမှုမှ ကာကွယ်ပေးခြင်းတို့ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

အရည်အသွေးနဲ့ အရင်းမြစ်မသေချာတဲ့ Non-Genuine Parts တွေမှာတော့
🔸 အရည်အသွေး မတူညီနိုင်ခြင်း၊
🔸 အရွယ်အစားနဲ့ ပုံသဏ္ဌာန် တိကျစွာမကိုက်ညီနိုင်ခြင်း၊
🔸 သက်တမ်းတိုပြီး စောစီးစွာ ပျက်စီးနိုင်ခြင်း၊
🔸 ကားရဲ့ စွမ်းဆောင်ရည်နဲ့ လည်ပတ်မှုကို ထိခိုက်စေနိုင်ခြင်း၊
🔸 ဘေးကင်းလုံခြုံမှုဆိုင်ရာ စမ်းသပ်ချက်နဲ့ အာမခံချက် မသေချာနိုင်ခြင်း၊
🔸 အခြားဆက်စပ်အစိတ်အပိုင်းတွေကို ထိခိုက်စေပြီး ပြုပြင်စရိတ် ပိုမိုကုန်ကျနိုင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ဝယ်ယူချိန်မှာ အပြင်ပိုင်း ပစ္စည်းပုံစံတူနေရုံနဲ့ မဆုံးဖြတ်ဘဲ Genuine Parts ဖြစ်ခြင်း၊ ကားမော်ဒယ်နဲ့တိတိကျကျကိုက်ညီခြင်း၊အရည်အသွေးအာမခံချက်နဲ့ ရေရှည်အသုံးပြုစရိတ် တို့ကိုပါ ထည့်သွင်းစဉ်းစားသင့်ပါတယ်။

လူကြီးမင်းရဲ့ SUZUKI ကားအတွက် မှန်ကန်ကိုက်ညီတဲ့ Part တွေရရှိနိုင်ဖို့အတွက် နီးစပ်ရာ SUZUKI Authorized Service Centerကို အောက်ပါ link မှ ဝင်ရောက် ရှာဖွေ ဆက်သွယ်စစ်ဆေးပြီး SUZUKI Genuine Parts ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

https://suzukimyanmar.com/suzuki/dealer

ကားအပိုပစ္စည်းရွေးချယ်တဲ့အခါ လူကြီးမင်းတို့အနေနဲ့ဘယ်အချက်ကို အဓိကထားပါသလဲ? Comment မှာ မျှဝေပေးခဲ့ပါဦး။



20/09/2026

Suzuki Genius parts များကို Myint Myat Maung မှာ ဝယ်ယူရရှိနိုင်ပါတယ်ရှင့်

19/09/2026

လူကြီးမင်းကား အအေးပေးစက်၏ အဓိက အစိန်အပိုင်း AC Belt Rope

 # Suzuki Carry,Carry pro clutch & Cover Genuine Parts များကို Myint Myat Maung မှာ ဝယ်ယူရရှိနိုင်ပါတယ်ရှင့်   Service
16/09/2026

# Suzuki Carry,Carry pro clutch & Cover Genuine Parts များကို Myint Myat Maung မှာ ဝယ်ယူရရှိနိုင်ပါတယ်ရှင့်

Service

15/09/2026

Air Con မအေးတော့တာ Air Con Gas ကြောင့်ပဲလား?

ကား Air Con ရဲ့ အေးမြမှုလျော့နည်းလာတာဟာ Air Con Gas တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ Air Con Filter မှာ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေ စုပုံပိတ်ဆို့နေခြင်းကြောင့် လေထွက်အားနည်းလာတာကြောင့် လုံလောက်တဲ့ အေးမြမှုမရတာလည်း ဖြစ်နိုင်ပါတယ်။

Air Con Filter အသုံးပြုချိန်ကြာလာလို့ Filter ပိတ်ဆို့နေမယ်ဆိုရင်...

🔹 Air Con မအေးတော့ခြင်း
🔹 Fan Speed ကို မြှင့်ထားပေမယ့် လေထွက်အားလျော့ကျနေခြင်း
🔹 Air Con ဖွင့်တဲ့အခါ အနံ့အသက်မကောင်းခြင်း
တို့ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဒါကြောင့် Air Con မအေးတော့တဲ့အခါ Air Con Filter ရဲ့အခြေအနေကလည်း စစ်ဆေးရမယ့် အချက် တစ်ချက်ဖြစ်ပါတယ်။

မိမိကားမော်ဒယ်နဲ့ ကိုက်ညီတဲ့ Suzuki Genuine Air Conditioner Filter ကို စစ်ဆေးလဲလှယ်ဖို့ နီးစပ်ရာ Suzuki Authorized Service Center ကို ဆက်သွယ်နိုင်ပါတယ်။
https://suzukimyanmar.com/suzuki/dealer

လူကြီးမင်းတို့ အနေနဲ့ရော Air Con Filter ကြောင့် Aircon မအေးတော့တာမျိုး ကြုံဖူးတယ်ဆိုရင် comment မှာ မျှဝေပေးခဲ့ပါဦး။




13/09/2026

Carry Pro မှာ ကြိုးချိတ် (Rope Hooks) ဘယ်နှစ်ခုပါလဲ?

လုပ်ငန်းသုံးကားဖြစ်တဲ့ Carry Pro မှာ ကုန်ပစ္စည်းတွေကို ကြိုးနဲ့ ခိုင်မာစွာချည်နှောင်ပြီး တင်ဆောင်နိုင်ဖို့ အတွက် Cargo Bed ပတ်လည်မှာ ကြိုးချိတ် (Rope Hook) တွေ ထည့်သွင်းပေးထားပါတယ်။

ဒီ ကြိုးချိတ် (Rope Hook) တွေ ဘယ်နှစ်ခုပါဝင်တယ်လို့ ထင်ပါသလဲ?

အဖြေမှန်ကို ခန့်မှန်းပြီးရွေးကြည့်ပါဦး...

A. ၁၂ ခု
B. ၁၈ ခု
C. ၂၂ ခု

အဖြေရဲ့ သဲလွန်စကို သိချင်ရင်တော့ အောက်ပါ link လေးထဲမှာ ဝင်ရောက်ကြည့်ရှု့သွားလို့ရပါတယ်။
https://suzukimyanmar.com/suzuki/carrypro





10/09/2026

# Suzuki Carry,Carry pro,Ertiga,Ciaz,Swfit Genuine Parts များကို Myint Myat Maung မှာ ဝယ်ယူရရှိနိုင်ပါတယ်ရှင့်

Service

09/09/2026

Periodic Maintenance ပြုလုပ်တိုင်း Parts တွေ လဲရမှာလား?

Periodic Maintenance ပြုလုပ်တဲ့အခါတိုင်းမှာ ကားရဲ့ Parts တွေကို မဖြစ်မနေ လဲလှယ်ရတာ မဟုတ်ပါဘူး။

ကားမော်ဒယ်အမျိုးအစား၊ မောင်းနှင်ထားတဲ့ ကီလိုမီတာ၊ အသုံးပြုထားတဲ့ကာလနဲ့ Parts တစ်ခုချင်းစီရဲ့ အခြေအနေပေါ်မူတည်ပြီး လုပ်ဆောင်ရမယ့် အချက်တွေ မတူညီနိုင်တာကြောင့်၊ Maintenance Schedule အရ သတ်မှတ်ထားတဲ့ မောင်းနှင်မှုအကွာအဝေး သို့မဟုတ် အချိန်ကာလအလိုက်

🔹 စစ်ဆေးပေးရမယ့် အစိတ်အပိုင်းများ၊
🔹 သန့်ရှင်းပေးရမယ့် အစိတ်အပိုင်းများ၊
🔹 ချိန်ညှိပေးရမယ့် အစိတ်အပိုင်းများ၊
🔹 လဲလှယ်ရမယ့် အစိတ်အပိုင်းများ ဆိုပြီး ကွဲပြားပါတယ်။

လူကြီးမင်းရဲ့ ကားကို ဘယ်အချိန်၊ ဘယ်ကီလိုမီတာ ရောက်ရင် ဘယ် Parts တွေ စစ်ဆေး၊ သန့်ရှင်း၊ ချိန်ညှိ၊ လဲလှယ်သင့်သလဲ သိရှိနိုင်ဖို့ ကားအမျိုးအလိုက် Periodic Maintenance Schedule ကို Suzuki Myanmar Website Link ကနေ Download ရယူပြီး လေ့လာကြည့်ရှုနိုင်ပါတယ်။

https://suzukimyanmar.com/suzuki/service

Schedule ကို ကြိုတင်လေ့လာထားခြင်းဖြင့် လုပ်ဆောင်ပေးသင့်တဲ့ Maintenance အစီအစဉ်ကို ပိုမိုနားလည်နိုင်မှာဖြစ်ပြီး၊ ကားစစ်ဆေးပြုပြင်ခြင်းနဲ့ လိုအပ်တဲ့ Parts တွေလဲလှယ်ဖို့ နီးစပ်ရာ Suzuki Authorized Service Center ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

လူကြီးမင်းတို့ဆီမှာရော Periodic Maintenance Schedule ရှိနေပြီလား? ဒီ Schedule ကို ကြည့်ဖြစ်ကြလားဆိုတာ Comment မှာ ပြောပြပေးသွားပါဦး။




Oil filter လဲဖို့ဆိုရင် Myint Myat Maung သာ သတိရလိုက်ပါ 🧑‍🔧👨‍🔧
07/09/2026

Oil filter လဲဖို့ဆိုရင် Myint Myat Maung သာ သတိရလိုက်ပါ 🧑‍🔧👨‍🔧

Address

No. (15+16), Yangon-Bago Road, Hlegu Township
Yangon
130104

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959695145313

Website

Alerts

Be the first to know and let us send you an email when Suzuki Myint Myat Maung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share