OSM Auto

OSM Auto Brand New and Used Car Trading...
ကားကောင်းကားသန့်များကိုသာ အရောင်း၀ယ်လုပ်ပါသည်။ ကားကြောင့် မိတ်ဆွေတိုးရခြင်းသာဖစ်ရပါစေ။

 Model   -  2009 (Nov)Colour  -   Pearl White (624P)Engine  -   1.3  /  2WGrade   -   G SmartSmart Key / IPad TV / ခေါင်...
20/10/2025



Model - 2009 (Nov)

Colour - Pearl White (624P)

Engine - 1.3 / 2W

Grade - G Smart

Smart Key / IPad TV / ခေါင်းမှီ ၃လုံး

ရှဲပြောင်း /ထိုင်ခုံအမဲ/ ဆိုက်ကာဗာအမဲ

Engine oil/Honda Auto oil/ Coolent အသစ်
အောက်ပိုင်းလက်တင် ခရီးဝေးတန်းထွက်နိုင်

လိုင်စင်အသစ် / ၅၀၀၀ ချလန်ယာဥ်စစ်ပီး
ဝယ်ယူသူမှစိတ်တိုင်းကျစစ်ဆေးနိုင်ပါသည်။

ိုင်စင်_2I

Price - ***သိန်း (ညှိနိုင်း)

Phone - 095176609

Location - Yangon.

မိမိအကောင့်ထဲ ရှဲထားပါ တချိန်အသုံးဝင်လာပါလိမ့်မည်။ - ဂရံ - - ပုံစံ ၁၀၅- ပုံစံ ၁၀၆- - စလစ်မြေ- ပုံစံ ၇ ( လယ်ယာမြေ)-ပါမစ်မ...
24/09/2025

မိမိအကောင့်ထဲ ရှဲထားပါ
တချိန်အသုံးဝင်လာပါလိမ့်မည်။

- ဂရံ
- - ပုံစံ ၁၀၅
- ပုံစံ ၁၀၆
- - စလစ်မြေ
- ပုံစံ ၇ ( လယ်ယာမြေ)
-ပါမစ်မြေ နမူနာပုံတွေပါ
Credit photo

"မြေဧက ဖွဲ့နည်း - တွက်နည်းများ".................................................
* တစ်ဧက = ၄၃၅၆၀ စတုရန်းပေ
* လေးနားညီ စတုရန်း=
* အလျား ၂၀၈.၇၁ ပေ x အနံ ၂၀၈.၇၁ ပေ။
* နှစ်နားညီ စတုဂံ = လျားxနံ 43560
* နှစ်နားပြိုင် တြာဗီဇီယံ =
* ပြိုင်နား နှစ်ခုပေါင်း ၂ x နံ 43560
* တြိဂံ = ၀.၅xအခြေxအမြင့် 43560
* ထောင့်မှန် တြိဂံ -
* အခြေxအမြင့် = ရလာဒ် ၂ 43560
* စက်ဝိုင်း -
* အချင်းဝက်x အချင်းဝက်x 3.1416 43560
* (သို့)
* စက်ဝိုင်း -
* အချင်းxအချင်းx .၇၈၅၄ 43560
* ပုံသေ မြှောက်ကိန်း ၀.၇၈၅၄
* ၀.၇၈၅၄ သည် ပိုင်ကိန်း၃.၁၄၁၆ကို(အနားလေးဖက်) ၄နှင့်စားပြီးစတုရန်းကွက်ဖေါ်သည်။
အနားငါးမျက်နှာ၆မျက်နှာနှင့်အနားများစွာ=စတုဂံစတုရန်းတြိဂံစသည်အကွက်စိပ်ပြီးတွက်ရလာဒ်အားလုံးကိုပေါင်း၍ ၄၃၅၆၀ ဖြင့်စား။

"ခြံမြေကွက်အကျယ်အဝန်းအရ စိုက်ပင် တွက်နည်း"
============================
( ဒေါက်တာချစ် စိုက်ပျိုးရေး စာအုပ်မှ. )

* (၁) လျား x နံ ရှိ စိုက်ပင် အရေအတွက်ကိုမြှောက်။
* (၂) ခြံကွက်၏ လျား x နံ မြှောက်ကိန်း
* ပင်ခြား ကွာဝေးမြှောက်ကိန်း
မြေကွက် လျား ၃၀၀ x နံ၂၀၀ = ၆၀၀၀၀စတုရန်းပေ
သစ်ပင် ၁၂ ပေခြား စိုက်လျှင် ၁၂ x ၁၂ = ၁၄၄
၆၀၀၀၀ ၁၄၄ = ၄၁၆ ပင်

ဖိုခနောက်ဆိုင်စိုက်လျှင် ၁၅% အပိုထွက်မည်
၄၁၆ x .၁၅ = ၆၂
၄၁၆ + ၆၂= ၄၇၈ ပင်

* (၃) ဧကပြည့် ( ၁ ဧက ) တွက်လျှင်
စိုက်ပင်အကွာအဝေး နှစ်ခုမြှောက်ကိန်း နှင့် ၄၃၅၆၀ ကိုစား။စိုက်ပင်ကွာဝေး ၁၉ x ၁၉ = ၃၆၁
၄၃၅၆၀ ၃၆၁ = ၁၂၀

ဖိုခနောက်ဆိုင်စိုက်လျှင်
၁၂၀ x .၁၅ = ၁၈ ပင်ပိုထွက်
၁၂၀ + ၁၈ = ၁၃၈ ပင်

(ဝင်းမြင့် တွက်နည်း - ၁၀၀ စာအုပ်မှ ...)

Honda Fit Shuttle မှာ C grade နဲ့ G grade က အများကြီးကွာပါတယ့် Cgrade မှာ မပါဝင်တယ့် accessories တော်တော်များများ က G Gr...
25/06/2025

Honda Fit Shuttle မှာ C grade နဲ့ G grade က အများကြီးကွာပါတယ့် Cgrade မှာ မပါဝင်တယ့် accessories တော်တော်များများ က G Grade မှာ ပါဝင်ပါတယ့်

ဥပမာ-Cruise control -Cgrade မှာ လုံးဝလုံးဝမပါဘူး ပါရင်လဲ သုံးလိုမရပါဘူး (Cruise ပါလို့ Cruise ကို သွားနှိပ်ရင် ဒိုင်ခွက် မှာ Cruise မပေါ်ဘူး

/ဒီထက်ပိုကောင်းတယ့် နည်းနဲ့ စစ်ချင်ရင် ကားရဲ့ ဘယ်ဘယ့် တံခါးဘောင်နားမှာ ပါတယ့် Chessi code ကို သွားကြည့်ပါ chessi နံပါတ်အောက်မှာ နံပါတ် 7AO လို့ပါရင် သူ့ဆီမှာ smart key ပါနေရင်လဲ့ အဲ့ကားက C gradeပါ Grade ချိန်းထားတယ့် ကားပါ /

7B1-7B3 လို့ပါရင် အဲ့ကားက Hybrid grade ပါ မြန်မာ မှာ တချို့ တော်တော်များများ G Gradeလို့ ခေါ်တယ့်/ဂျပန် Option မှာHybrid Grade လို့ခေါ်ပါတယ့်

အဲ့ Grade ကလဲ သော့ နဲ့ပဲလာတယ့်/စမတ် ပါရင် စမတ် ပြန်ထည့်ထားတာပါ-သူ့ကို စစ်လို့ရတယ့် နည်း က ဘယ့်ဘယ် အရှေ့ထိုင်ခုံ Passenger ဘေးဘောင်နား မှာ Namplate ပါတယ့် အဲ့ မှာ 7B လို့ပါရင် အဲ့တာ သော့ဂရိတ်ပဲ
အောက်မှာ နမူနာပုံ ပါမယ့်

/7C/7D/7E/7F တို့ပါမှာ ဂျပန်က အော်ပါလာတယ့် စမတ်ကီး အမှန်ပါ -အကြမ်းမှတ်ချင်ရင် English အက်ခရာ ABCDEFနဲ့ ခွဲပါ/နောက်ထပ် C grade နဲ့ G grade ကွာခြားချက်-

C grade မှာ ပါးခြမ်း မီး ပါမယ့်/ဘေး စကပ် နှစ်ဖက်မပါ/cillint လက်ကိုင် လေးကွင်းမှာ သုံးကွင်းမပါ/Half လည်သာ မဖြစ်/HID မီးဖြူမပါ/ရှေ့မှန် ကြီး sunshade မပါ/အဲယားကွန်း နီကယ်ကွင်းမပါ/ဘက်မှန်မီးချောက်မပါ

Hybrid grade နဲ့ စမတ် ကီး နဲ့မတူပါ - G grade မှာ စမတ်မပါ/မှန် sunshadeမပါ/HID မီးဖြူ မဖြစ် / ဒီနေရာ မှာ ကျွန်တော် တခု ပြောချင်တယ့်

အဖြူ နဲ့ ပါးဝိူက် လုံးဝမတူပါ အဖြူ က ကာလာကုဒ် NH 578 ပါ /ပါးဝိူက် က ကာလာကုဒ် NH624P ပါ)/NH578 က စမတ်ပါလာရင် အဲ့တာပြန်ဆင်ဂရိတ်ပါ/

နောက်တချက် သတိထားရမှာ NH624 P က 7C/7D/7E/7F ဆိုရင် စမတ် အမှန် NH624 P ပါးဝှိုက် က 7B နဲ့လာရင် အဲ့တာ Hybrid Grade ကို စမတ်ထည့်ထားတာပါ...

အဓိက လွယ်လွယ် လေးမှတ်ရမှာ-

ဘယ့်ဘက် ရှေ့ဘောင်နား မှာ Nameplate ရှိမယ့် အဲ့ nameple ကိုကြည့်ရမယ့်

7A -NH578 -အဖြူရောင် C grade…
ပစ္စည်း အစုံပါနေလဲ C grade- Grade Change ကားပါ…

7B-NH624 P -Hybrid G သော့ဂရိတ် -ပါးဝိူက်-အဲ့ကားမှာ ရှေ့မှန်ကြီး လဲထားနိုင်တယ့်
G Hybrid မှာ ရှေ့မှန်ကြီး Sunshade မပါ
စမတ်ကီး မပါ -HiD မီးဖြူ မပါ -ကျန်တာ စမတ် အတိုင်း အကုန်ပါ

7C-NH624 P ပါးဝိူက် စမတ် အမှန်

အဲ့ဒါ အားလုံး C-G-Smart ပါးဝိူက် နဲ့ အဖြူ ကို ရှင်းပြပေးထားတာပါ

NH700 M-Silver
NH731P-Black

7A-NH700M-C grade Silver
7B-NH 700M-G Hybrid Silver

7A-NH 731P-C grade Black
7B-NH 731P-G Hybrid Black

စမတ်ကီး အမှန် ကားတွေက
7C/7D/7E/7F

7C-စမတ် အမှန်

7D-2012 late ကော်ဖီခွက် မီးအပြာ ဘေး Hybrid တံဆိပ်ပါ

7E-ပရီမီယံ

7F ဆို Panorama Grade ခေါင်းမိုး မှာ မှန်ပါ

Shuttle မှာ Fine line Grade ဆိုပြီး ရှိတယ့် ရှေ့ထိုင်ခုံ အပူပေး Seat 💺 Heater ပါမယ့် နောက် ထိုင်ခုံ လက်တင် အကြီးပါမယ့်

2013 Late ဖြစ်ရင် ပုံပြောင်းမယ့် ဖန်ရှဲ အစား နီကယ်ရှဲ ဖြစ်မယ့် /နောက်မီးခွက်ပြောင်မယ့် /ရှေ့ ဘန်ဘာ နောက်ဘန်ဘာ ပြောင်းမယ့် /Paddle Shift ပါမယ့် /အတွင်းထိုင်ခုံ /side cover အရောင် ပြောင်းမယ့် /ထိုင်ခုံ Heater နောက်လက်တင်ကြီး မှန်ဒီပရိုဇာ ပါမယ့်

ကိုသိသလောက် တက်နိုင်သလောက် ရှင်းပြပေးပြီး ကိုယ့် ညံ့ရင် ကိုယ့်ခံပေါ့

ကျေးဇူးပါ...

Ko Tun Tun

  ထဲမှရောင်းကားမရှိလောက်အောင်ရှားတဲ့ Vertiga ရုပ်အမှန်    ကိုမှ   Full gade  ကားလေးနဲ့မိတ်ဆက်ပေးပရစေ။Model  - 2007  (Nov...
23/04/2025

ထဲမှရောင်းကားမရှိလောက်အောင်ရှားတဲ့ Vertiga ရုပ်အမှန်

ကိုမှ
Full gade
ကားလေးနဲ့မိတ်ဆက်ပေးပရစေ။

Model - 2007 (Nov)
Color - 075 (Platinum Pearl White)
Engine - 3.0 cc (2 wheel)
Grade - Premium S Leather
Gear - 6 Speed +/- Auto Manual
Smart Key / Push Start
သော့ပေါက်ပျောက် / သော့တုံးပြောင်း
Original Mark X HDD Navigation TV
Original Back Cam မျဉ်းကွေး
Original Bluetooth System
CD Changer & Hard Disk
SRS Curtain Airbags
Auto Parking System
Sport / Comfort Mode
TRC On / Off
Steering Controls
Steering ကြိုးချုပ်
2 Seat Motors
2 Seat Heaters
Clean Ionizer
Rain Sansor
HID Headlights
အတွင်းခန်း Design အပြောင်း
Original Mark X Premium Alloys
3M မှန် Sticker ပတ်လည်ကပ်ထား

& မှာ Engine Oil / Auto Oil Service Record အဆင့်ဆင့်နဲ့ Fully Maintenance လုပ်ထားပီး/Original Kilo အမှန် မဖြို မသုံးထားသော အတွင်းခန်းအပြောင်း လတ်ဆက်မူအပြည့်နဲ့ ဆီစားအလွန်သက်သာသော ကားရှယ်လေး​ပါ။

☑️Kilo - 15**** km အမှန်
☑️Licence - YGN (4D-9***)
☑️ရန်ကုန်ကားကြည့်ရပါမည်။

တရား၀င်ချလန်ထွက်မှန်စတေကာလဲယာဥ်စစ်ထားပီး / ၀ယ်ယူသူမှစိတ်တိုင်းကျထပ်မံစစ်ဆေးနိုင်ပါသည်။

Price - 9××Lakhs

Phone - 095176609

Honda Fit Shuttle အကြောင်းHonda Fit ရဲ့ နောက်ဆက််တွဲ မော်ဒယ်ဖြစ်ပြီး Airwaveရဲ့ ထုတ်လုပ်မှု ရပ်နားလိုက်ပြီး နောက်ပိုင်း ...
13/04/2025

Honda Fit Shuttle အကြောင်း

Honda Fit ရဲ့ နောက်ဆက််တွဲ မော်ဒယ်ဖြစ်ပြီး Airwaveရဲ့ ထုတ်လုပ်မှု ရပ်နားလိုက်ပြီး နောက်ပိုင်း အာရှ စျေးကွက် အတွင်းမှာ Toyota Wishကို စျေးကွက် ပြိုင်နိုင်အောင် ရည်ရွယ်ထုတ်လုပ်ထားတဲ့ မော်ဒယ်ပါ။ ပုံမှန် မြင်နေကျ Fit မော်ဒယ်တွေထက် ခရီးဝေး မောင်းနှင်မှုအပိုင်းမှာ ပိုပြီး အား ကောင်း လာသလို မိသားစုသုံး မော်ဒယ် စစ်စစ် ဖြစ်လာပါတယ်။

ဒါပေမယ့် အမြဲတမ်း ခရီးဝေး သွားလာတတ်သူတွေ အတွက်တော့ အဆင်မပြေချင်ပါဘူး။ ဒါကလည်း မော်ဒယ် ကို ဆီစားနှုန်း သက်သာအောင် အင်ဂျင် အရွယ်သေးငယ်တာပဲ ထည့်ထားလို့ ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်ကနေမှ စတင် ထုတ်လုပ်လာခဲ့တာ ဖြစ်ပြီး ၂၀၁၃-၁၄ မှာမော်ဒယ်ရဲ့ ဒုတိယ မျိုးဆက်ကို အဆင့်မြှင့်တင် ထုတ်လုပ်ထား တာလည်း တွေ့ရပါတယ်။
ဒီလို မျိုးဆက် ပြောင်းရတဲ့ အကြောင်းကတော့ ပထမ မျိုးဆက်မှာ Fitလိုပဲ ၁ ဒမသ ၃လီတာသုံး အင်ဂျင်တွေပဲ ထည့်ထားတာကြောင့်ပါ။ လက်ရှိ နောက်ဆုံး ထုတ် မော်ဒယ်တွေကတော့ ၁ ဒသမ ၅လီတာသုံး အင်ဂျင်တွေ ဖြစ်လာ ပါတယ်။ ဒါပေမယ့် ပြည်တွင်း စျေးကွက်မှာ ရနိုင်နေတဲ့ မော်ဒယ်တွေကတော့ ဂျပန်နိုင်ငံ Yorii စက်ရုံမှာ တပ်ဆင်ထုတ်လုပ်ထားတဲ့ ၂၀၁၁ ခု-၁၂ခုနှစ် ၀န်းကျင်ထုတ် မော်ဒယ်တွေပါ။

Honda Fit Shuttle ကို ဝယ်မည့်သူများ အတွက်အထောက်အကူဖြစ်စေရန် Model Year ၊ Grade ခွဲနည်းများအကြောင်းကို တင်ပေးလိုက်ပါတယ်-

Honda Fit Shuttle မှာ 1.3 Hybrid(GP2) နဲ့ 1.5 Petrol Only(GG7) တို့ဖြင့်လာပြီ ဒီမှာအသုံးများတဲ့ Fit Shuttle Hybrid(GP2) အကြောင်းပဲပြောပါမယ်၊

Model Year
-
Fit Shuttle ကို 2011/6 လပိုင်းတွင်စတင်ထုတ်ပြီ 2013/8 လပိုင်းမှာ အတွင်းအပြင်ရုပ်အနည်းငယ်ပြောင်းလဲသွားပါတယ်၊ Grade တွေကလဲ Model ပေါ်မှုတည်ပြီ ကွဲပြားသွားပါတယ်၊

Grade ခွဲများ
-
2011/6 ~ 2012/6 လပိုင်းထိ C grade , Hybrid grade , Smart Selection grade , Navi Premium Selection grade တွေလာပါတယ်၊ ဒီမှာ မှတ်သားစရာတစ်ခုက 2012/6 လ နောက်ပိုင်းမှာ ကျွန်တော်တို့မြန်မာတွေကြိုက်ကြပြီ Premium ဂရိတ်မှာပါတဲ့ ပ စောက်တီဗွီကိုမထုတ်တော့ပါဘူး၊ နောက်ပိုင်းမော်ဒယ်မြင့်တွေမှာ Honda ရဲ့ genuine audio access ဖြစ်တဲ့ Gathers TV တွေနဲ့ပဲလာပါတော့တယ်၊ ဒါကြောင့်မို့လို့ 2012/6 နောက်ပိုင်းမှာ ပ စောက်တီဗွီပါတဲ့ Premium ဂရိတ်လဲမရှိတော့ပါဘူး၊

2012/7 ~ 2013/7 လပိုင်းမှာ C grade , Hybrid grade , Smart Selection grade , Hybrid Fine Line , Hybrid Smart Selection Fine Line ဆိုတဲ့ Limited ဂရိတ်တွေထပ်ထွက်လာပါတယ်၊

ရုပ်ပြောင်းဖြစ်တဲ့ New Facelift တွင် 2013/8 ~ 2013/11 လပိုင်းမှာ C grade , Hybrid grade , Smart Selection grade ထုတ်ပြီ 2013/12 ~ 2014/4 လပိုင်းမှာ Hybrid Cool Edition , Hybrid Smart Cool Edition ဆိုတဲ့ Limited ဂရိတ်တွေအဖြစ်ထုတ်ခဲ့ပါတယ်၊

ဂရိတ်ခွဲတွေရဲ့အကြောင်းကို အကြမ်းဖျဉ်းပဲပြောပြပါ့မယ်၊ ဘာလို့လဲဆိုရင် ဂျပန် first ower က သူ့စိတ်ကြိုက်ဆင်ပြီစီးထားတဲ့ကားဆိုရင် မှန်းရခက်ပါတယ်၊ ဒါပေမယ့် ဘယ်ဂရိတ်မှာ ဘာဟာတော့ပါရမယ်ဆိုတာကိုပြောပါမယ်၊

C grade က အနိမ့်ဆုံးဂရိတ်ပါ၊ ဘက်မှန်မီးချောက်မပါ ပါးခြမ်းမီးနဲ့၊ ရိုးရိုးထိုင်ခုံ၊ Curise Control မပါ၊ A/C ဒိုင်ခွက် နဲ့ ဂီယာအထိုင်နီကယ်ကွပ် မပါ၊ Side Skirt မပါ၊ လက်ကိုင်ကွင်းတစ်ခုသာပါ ပါသည်၊

Hybrid grade တွင်အတော်စုံလင်လာပါတယ်၊ ဘက်မှန်မီးချောက် ပါးခြမ်းမီးမပါဝင်တော့၊ half leather seats၊ curise control၊ A/C ဒိုင်ခွက် နဲ့ ဂီယာအထိုင်နီကယ်ကွပ်၊ Side Skirt ပါ၊ လက်ကိုင်ကွင်းလေးကွင်းတွေပါသွားပြီဖြစ်ပါတယ်၊

Smart Selection grade မှာ smart key system၊ HID headlight၊ စတီယာရင်ကြိုးချုပ်၊ ရှေ့လေကာမှန် ဆန်းရှိတ်ဖြစ်ပြီ ကျန်တာအားလုံး Hybrid grade အတိုင်းဖြစ်ပါတယ်၊

Navi Premium Selection grade ကအစုံဆုံးဂရျိတျဖွဈပွီ ပ စောက်တီဗွီ၊ Cool Box၊ စီယာရင်ကြိုးချုပ်၊ ဘက်မှန် ရှေ့လေကာမှန် အပူပေးစနစ်၊ foglight၊ နောက်ယင်လိပ်၊ alloy wheels တို့ပါဝင်ပြီ ကျန်တာအားလုံး Hybrid grade အတိုင်းဖြစ်ပါတယ်၊

Hybrid Fine Line ကို 2012 နှစ်လယ်လောက်မှာစထုတ်တဲ့ limited ဂရိတ်ဖြစ်ပါတယ်၊ ပါးခြမ်းနှစ်ဖက်တွင် hybrid တံဆိပ်၊ အအေးဗူးထည့်ခွက်အတွင် မီး၊ စတီယာရင်ကြိုးချုပ် တို့ဖြစ်သွားပါတယ်၊ ကျန်တာ Hybrid ဂရိတ်အတိုင်းပဲဖြစ်ပါတယ်၊

Hybrid Smart Fine Line က smart key system၊ HID headlight၊ ကျန်တာ Hybrid Fine Line အတိုင်းဖြစ်ပါတယ်၊

2013 Smart Selection grade ရုပ်ပြောင်းမှာတော့ paddle shift၊ smart key system၊ အဲကွန်း ion လေသန့်စနစ်၊ ထိုင်ခုံအပူပေးစနစ်၊ နောက်ထိုင်ခုံလက်တင်၊ ကျန်တာ Navi Premium ဂရိတ်အတိုင်းဖြစ်ပါတယ်၊

Hybrid Cool Edition ကို 2013late နဲ့ 2014 မှာသာတွေ့ရပါတယ်၊ ထိုင်ခုံအသား နဲ့ ကြိုးချုပ်အရောင်ပြောင်းသွားပြီ ကျန်တာ Hybrid Fine Line အတိုင်းဖြစ်ပါတယ်၊

Hybrid Smart Cool Edition က smart key system၊ ထိုင်ခုံအသား နဲ့ ကြိုးချုပ်အရောင်ပြောင်းသွားပြီ ကျန်တာ 2013 Smart Selection grade အတိုင်းဘဲဖြစ်ပါတယ်။

Crd

Toyota mark X အကြောင်း ကားအကြောင်းမသိသေးသူများသိရှိစေရန် ဖော်ပြပေးလိုက်ပါတယ်။Mid-size luxuryကားအဖြစ်ဂျပန်ကားထုတ်လုပ်ရေးc...
22/03/2025

Toyota mark X အကြောင်း

ကားအကြောင်းမသိသေးသူများသိရှိစေရန် ဖော်ပြပေးလိုက်ပါတယ်။
Mid-size luxuryကားအဖြစ်ဂျပန်ကားထုတ်လုပ်ရေးcompany Toyotaက၂၀၀၄ခုနှစ်မှာစတင်ရောင်းချခဲ့ပါတယ်။ဂျပန်နဲ့တရုတ်၂နိုင်ငံမှာသာရောင်းချပြီး တရုတ်နိုင်ငံမှာတော့ Toyota Reizအဖြစ်လူသိများပါတယ်။ Mark Xဟာ1968မှာစတင်ထုတ်လုပ်ခဲ့တဲ့Mark llကိုတစ်ဆင့်မြှင့်ပြီးပြန်ထုတ်ထားတာဖြစ်ပါတယ်။ Mark X ဟာအရင်Mark ll တွေနဲ့ညီအကိုတွေဖြစ်သလို အာရှမှာနာမည်ကြီးခဲ့တဲ့ Toyota Chaserနဲ့Luxury carမျိုးဖြစ်တဲ့ Toyota Crestaတို့နှစ်စီးကို ပေါင်းပြီးထုတ်လုပ်ထားတာဖြစ်ပါတယ်။ Mark Xကိုဂျပန်မှာCamryရဲ့ကားsizeနဲ့နောက်ယက်ရော 4WDပါသုံးလို့ရအောင် customersတွေရဲ့တောင်းဆိုမှုအရ ထုတ်လုပ်ထားတဲ့ကားတစ်စီးလည်းဖြစ်ပါတယ်။

Mark Xမှာ253 horse power(189kW) 3.0Lနဲ့212 horse power(158kW)ဆိုပြီးလာပါတယ်
Chassisတွေအနေနဲ့ကတော့
GRX120-2500cc,2WD
GRX125-2500cc,4WD
GRX121-3000cc,2WD ဆိုပြီးပထမမျိုးဆက်မှာလာပါတယ်။
GRX120နဲ့121ခေါ်နောက်ယက်ကားတွေမှာတော့ အော်တိုဂီယာ၆ချက်နဲ့လာပြီး GRX125ဖြစ်တဲ့4WDကားတွေကတော့အော်တိုဂီယာ၅ချက်နဲ့သာရရှိနိုင်ပါတယ်။

ပထမမျိုးဆက်မှာဘဲ 3GR-FSE engineပါပြီးအရေအတွက်အကန့်အသတ်နဲ့ထုတ်ထားတဲ့Mark X supercharged versionလည်းရှိပါတယ်။
သူက 3.0ccဖြစ်ပြီး horse power 316(236kW)ဖြစ်ပြီးတော့six speed auto transmissionဖြစ်ပြီး original 50th Anniversary shellsဖြစ်တဲ့Vertiga bodykitsပါတပါးတည်းပါလာမှာဖြစ်ပါတယ်။ သူကတော့ကျနော်တို့မြန်မာနိုင်ငံထဲမှာမရှိသလောက်ရှားပါတယ်။အခုထိတော့Mark X supercharged ကိုရိုးရိုးပုံစံအနေနဲ့သာတွေ့ဖူးသေးပါတယ်။ ကျနော်ကြည့်မိသလောက် Supercharged engineနဲ့50th Anniversary shells(Vertiga Bodykits)ပါတဲ့ကားကတစီးတည်းရှိအုန်းမှာဖြစ်သလို အဲ့တစီးကလည်းအခုထိဒီနိုင်ငံထဲကိုမရောက်သေးပါဘူး။

ဒီဇိုင်းပိုင်းအရလည်းMark Xဟာ အရှေ့ရှဲလ်'X'ပုံနဲ့အများအားဖြင့်လာသလို လူငယ်အကြိုက် modellista kits,Wald bodykitsတို့Vertiga bodykitsတို့နဲ့လည်းလာပါတယ်
Modellista body kitsနဲ့ဆိုရှဲလ်သုံးတန်းဖြစ်ပြီး အရှေ့မှာXတံဆိပ်မပါဝင်တော့ပါဘူး။Wald skirtsကတော့ရိုးရိုးစကဒ်ပတ်လည်းဖြစ်ပြီးVertigaကတော့လုံးဝရုပ်ပြောင်းရှဲလ်ဖြစ်ပြီး စကာပေါက်နဲ့လာတာဖြစ်ပါတယ်။

Mark Xရဲ့အတွင်းခန်းကတော့ Gradeပေါ်မူတည်ပြီးအမျိုးမျိုးကွဲပြားသွားမှာဖြစ်ပါတယ်။
Gကတော့ Mark Xတိုင်းရဲ့Base Gradeဖြစ်ပြီး
F package
L package
S packageဆိုပြီး၃မျိုးကွဲပါသေးတယ်။GRX121ခေါ် 3.0CCမှာလည်းPremiumနဲ့Premium S packageဆိုပြီးထပ်ကွဲပြားပါသေးတယ်

PackageတွေထဲမှာF packageကအနိမ့်ဆုံးဖြစ်ပြီးတော့သူကအများအားဖြင့် Original TVမဖြစ်သလို,ရိုးရိုးkeyနဲ့လာပြီးထိုင်ခုံတွေကမော်တာမပါပါဘူး။သံဂွေ ဘီးဖုံးနဲ့လာသလို အများအားဖြင့်ဘတ်မှန်မှာမီးတန်း မပါပါဘူး

L packageကတော့အများအားဖြင့်original TVဖြစ်သလိုရိုးရိုးkeyရောsmart key(push start) နဲ့ပါလာပါတယ်။ 16" alloyတွေဖြစ်သလို ထိုင်ခုံတွေကမော်တာတွေနဲ့ဖြစ်ပြီး ကျွန်းကွက်အဝါနဲ့အနီဆိုပြီးရရှိနိုင်ပါတယ်

S packageကတော့ sport packageဖြစ်ပြီးသူက18" alloy Original TV,Smart keyတွေနဲ့ထိုင်ခုံကမော်တာတွေနဲ့ဖြစ်ပြီးအတွင်းခန်းခုံတွေကတော့sportဆန်ဆန်အနက်ရောင်တွေဖြစ်ပြီးoptionအရ လေသန့်စင်စနစ်,auto parking systemပါဝင်လာပေမဲ့ထိုကဲ့သို့ကားကလေလံမှာရှားပါးလှပါတယ်။

3.0Premiumကတော့Gradeရောပစ္စည်းပါစုံပြီးလို့ပြောလို့ရပါတယ်။18" alloyနဲ့လာသလိုOriginal TV,smart key,ထိုင်ခုံမော်တာဖြစ်ပြီးလေသန့်စင်စနစ် Autoပါကင်တို့ကတပါးတည်းပါဝင်လာမှာဖြစ်ပါတယ်။

3.0Premium S packageကတော့Mark Xထဲမှာအပြီးပြည့်စုံဆုံးလို့ပြောလို့ရပါတယ်။သူက18" alloy,Original TV,ထိုင်ခုံတွေကမော်တာပါဝင်လာပြီး Cruise controlပါဝင်လာမှာဖြစ်သလိုခြေကျော်မီး,spoiler,နောက်wiperတွေလည်းပါဝင်လာမှာဖြစ်ပါတယ်။ အတွင်းခန်းကအနက်ရောင်(သို့) leather seatတွေနဲ့လည်းလာပါတယ်။ (Leather seatတွေက အရှေ့ကဖော်ပြထားတဲ့ကားတွေမှာလည်း optionအနေနဲ့ပါတတ်ပါတယ်)

Crd---

ကားပဲဖြစ်ဖြစ်အိမ်ခြံမြေပဲဖြစ်ဖြစ်ကြည့်ပြီးကြိုက်ရင် ၊ တခါတည်း စျေးစကားပြော၊One feel တခါတည်းဖိုက်၊အောက်စျေးခွါပေးချင်လည်း...
17/03/2025

ကားပဲဖြစ်ဖြစ်
အိမ်ခြံမြေပဲဖြစ်ဖြစ်
ကြည့်ပြီးကြိုက်ရင် ၊ တခါတည်း စျေးစကားပြော၊
One feel တခါတည်းဖိုက်၊

အောက်စျေးခွါပေးချင်လည်းရတယ်၊
အရိုက်မခံရအောင်၊
စကားတော့ ခံထားပေါ့၊
အကိုရေ၊ အမရေ စိတ်မဆိုးရင် နိုင်တဲ့ စျေးလေးပေးကြည့်မယ်၊ ရလား ပေါ့၊

မရရင် တဖြည်းဖြည်းတိုးပေးပေါ့၊
အရောင်းဘက်က မရောင်းနိုင်သေးရင်
ကိုယ်လည်း စျေးမနိုင်သေးရင်
ကျနော်တိုင်ပင်ပြီး ph ပြန်ဆက်ပါမယ် ခင်ဗျာ ဆိုပြီး ပြန်လာခဲ့ပေါ့၊
( တိုင်ပင်တာက အိမ်က ခွေးကလေး၊ ကြောင်ကလေးလဲ ဖြစ်နိုင်တာပဲ 😁)
အဲ့ဒါ မရိုင်းဘူးနော်၊

ရိုင်းတာက
မနက်ပိုင်း၊ နေ့ခင်းပိုင်း ကား၊ အိမ် လာကြည့် offer မပေးဘဲ၊
ညနေလောက်ကျမှ ph ဆက်ပြီး
အနည်းဆုံး ဘယ်လောက်ထားပေးမလဲဆိုတာက ရိုင်းတာ၊
ကိုယ်ဆို အဲ့လို အဝယ်ကို
ညီလေး၊ ညီမလေး offer မထွက်ဘဲ
အနည်းဆုံး စျေး မမေးနဲ့ လို့ ပိတ်ပြောတာပဲ၊
ဒီကောင် တနေကုန်ပတ်ကြည့်နေပြီး
ငါ့ပစ္စည်း စျေးတန်လို့ လာနှိုက်နေတယ်လို့ ထင်မိတာပဲ၊

နောက်ဆုံး စိတ်ပေါက်ရင် ငွေဘယ်လောက်လိုလို မင်းကို မရောင်းဘူးလို့ ဆော်ထည့်လိုက်တာပဲ၊ မှတ်ကရော၊

အဲ့ဒီတော့
ကား၊ အိမ်ခြံမြေ ကြိုက်ရင် offer အရင်ပေး၊

စာရွက်စာတမ်းကြည့်တာတို့၊
ကားစမ်းမောင်းတာတို့ စျေးမတည့်ဘဲ အဆင့်မကျော်ကြနဲ့၊

စျေးတည့်ပြီးမှ စာရွက်စာတမ်း error ရှိရင် ပြန်ခွါပေါ့၊

အရောင်းမှာလည်း အရောင်း ethic ရှိသလို၊
အဝယ်တွေမှာလည်း အဝယ် ethic ရှိရတယ်နော်၊

Credit: Bro AL ( 17-3-25)

  2004 မှ 2006  wheel tax ရုပ်ပေါက် 3.0 G full grade အမှန်ကိုမှ Leather Seat, Round Aircon, 4 Seat Motors, Coolbox, နှင်...
12/03/2025

2004 မှ 2006 wheel tax ရုပ်ပေါက် 3.0 G full grade အမှန်ကိုမှ Leather Seat, Round Aircon, 4 Seat Motors, Coolbox, နှင့် Mark Levinson Premium Sound System ပါသောကားအသန့်လေးရောင်းချင်ပါသည်။

Model- 2004 (2006 ရုပ်ပေါက်)
Grade- G (AETUH)
Displacement - 3.0 2WD
Transmission - 6 AT/MT
Color - White
License - 3J - နံပါတ်လှ (YGN)

Specifications:

- All Auto Power Window
- Push Start
- Digital Mileage
- Original TV
- Back camera (မျဥ်းကွေး)
- Mark Levinson Sound System
- 5.1 Digital Sound System
- Digital AC
- Aircon Swing
- Round air-con (ceiling vent)
- Ionizer
- 4 seat motors
- Seat Memory
- Steering motor
- Full steering control
- Smart key
- Cool box
- AFS system
- Rear auto sunshade
- Side curtain
- Cruise control
- 8 SRS airbags
- Round Sonar
- ထိုင်ခုံအပူအအေး
- ဘက်မှန်မီးခြောက်

မှတ်ချက် ။ ။
- Factory G grade အမှန်ဖြစ်ပါသည်။
- Wheel Tax 2006 ရုပ်ပေါက်ပါသည်။
- Engine oil / Auto oil / Coolent အသစ်
- Fortune တာယာလေးလုံးအသစ်
- အောက်ပိုင်းလက်တင်
- နတ်လှည့် ဖြုတ်တက် ရာမရှိ။
- 5000 ချလန်ထွက်ယာဥ်စစ်ထားပါသည်။
- ရန်ကုန်ကားကြည့်ရပါမယ်။

Price - 13××Lakhs (nego)
Phone - 095176609

ကား Model  မှန် ( မမှန် ) ကို Online တွင် အခမဲ့ အလွယ်တကူ စစ်နည်းများ✅ ဂျပန်ကား Brand များအတွက် ✅http://jpcenter.ru/month...
05/03/2025

ကား Model မှန် ( မမှန် ) ကို
Online တွင် အခမဲ့ အလွယ်တကူ စစ်နည်းများ

✅ ဂျပန်ကား Brand များအတွက် ✅

http://jpcenter.ru/month ( အသုံးများ)

http://www.japan-partner.com/check-manufacture-year.php

http://www.toyodiy.com/parts/q?vin=

http://oliac.com/autos/i/

http://ice-jp.com/pages/mfr_date_check.html

http://beforward.aleado.com/cabinet

http://www.alainauction.com/
-

✅ ယူရို / အမေရိက / ကိုရီယား စသည့်ကား
Brand များ အတွက်✅

http://www.vindecoderz.com

https://www.vehiclehistory.com/vindecoder/vindecode-land.php

https://www.autodna.com

http://www.mycarhelpline.com/index.php?option=com_easyblog&view=entry&id=38&Itemid=91

http://www.autoblog.com/2016/04/15/determine-car-model-year-vin/

CRD ပြန်လည်မျှဝေပါသည်
https://www.facebook.com/profile.php?id=100067669310008

    ထဲကမှကားကောင်းကောင်း Pearl White Colour မှစီးချင်သူများအတွက်☑️Model   -   2005 November ☑️Engine  -   2.5 cc , 2WD ,...
02/03/2025


ထဲကမှကားကောင်းကောင်း Pearl White Colour မှစီးချင်သူများအတွက်

☑️Model - 2005 November
☑️Engine - 2.5 cc , 2WD , 6 Speed.
☑️Grade - G Package
☑️Colour - 062 (Pearl White)
☑️Push Start / Smart Key
☑️OriginalHDDTV/Back Cam မျဥ်းကွေး
☑️Auto / Manual transmission +/-
☑️ 2 Seat Motors
☑️Steering Audio Controls
☑️Passenger Volume Controls
☑️Rain Sensor
☑️TRC on / off Button
☑️Clean Ionizer
☑️Original Alloy Wheels

☑️ New coolent /New Mobil Engine oil

☑️New Battery / တာယာလေးလုံးအသစ်

☑️ Well Maintained လက်တင်စီး

☑️လိုင်စင်အသစ် 2027

မှတ်ချက် ။ ။ ၀ယ်ယူသူမှစိတ်တိုင်းကျထပ်မံယာဥ်စစ်ဆေး နိုင်ပါသည်။

Price -- 9××သိန်း (nego)
Ph - 095176609

တာယာအသစ်ဝယ်တာပဲဖြစ်ဖြစ် / မိမိကားရဲ့တာယာကို လေ့လာချင်ရင်တောင် အလွယ်တကူမှတ်သားစရာလေး Sharing လုပ်ပေးလိုက်ပါမယ် ခင်ဗျာ ။တာ...
26/02/2025

တာယာအသစ်ဝယ်တာပဲဖြစ်ဖြစ် / မိမိကားရဲ့တာယာကို လေ့လာချင်ရင်တောင် အလွယ်တကူမှတ်သားစရာလေး Sharing လုပ်ပေးလိုက်ပါမယ် ခင်ဗျာ ။

တာယာ ပေါ်က စာတွေက ဘာအဓိပ္ပါယ်လဲ?

~~~~~~~~~~~~~~~~~~~~~~~~

တာယာတစ်ခု၀ယ်တော့မယ်ဆိုရင် သူ့အပေါ်မှာရေးထိုးထားတဲ့ သင်္ကေတရဲ့ အဓိပ္ပာယ်တွေကို သိထားဖို့ လိုအပ်တာမို့ ပုံနှင့်တကွ ဖော်ပေးလိုက်ပါတယ်။

📌A. အများဆုံးလေပေါင်ချိန်

📌B. တာယာ၏ ဗွကျ

📌C. တာယာဖြက်နှင့် အချိုး၊ ဘေးနံရံအမြင့်

📌D. တာယာတည်ဆောက်ပုံ အမျိုးအစား (ရေဒီယယ်အမျိုးအစား)

📌E. တာယာ၏ အတွင်းဘက်အချင်း

📌F. သယ်ဆောင်နိုင်သော အလေးချိန်ညွှန်ကိန်း

📌G. အမြန်နှုန်း ညွှန်ကိန်း

📌H. ထုတ်လုပ်သည့်ရက်စွဲ [ ၂၀၁၂၊ ၁၂ ပတ်မြောက် ( 31 ရက် 3 လ ပေါ့) ]

တာယာဘေးနံရံမှာ ထုတ်လုပ်တဲ့ရက်စွဲပါရှိပြီး

DOT နှင့်စပါတယ်။

• နောက်ဆုံးဂဏန်း လေးလုံးမှာ ထုတ်လုပ်သည့်နှစ်နှင့် ရက်သတ္တပတ်ကို ဖော်ပြပါတယ်။

• ဥပမာ -
DOT 1212 ဟုပါလျှင်
၂၀၁၂ ခုနှစ်၊
၁၂ ပတ်မြောက် ( 31.3.2012 ) မှာ ထုတ်လုပ်တယ်ဟု ဆိုလိုပါတယ် …

📌I. အပူချိန်သင်္ကေတ (အပူချိန်နှင့် ဆားငန်ရေကို ခံနိုင်၊မခံနိုင် ပြသည်)

Crd; ကားချစ်သူ
မူရင်းရေးသားသူအားလေးစားစွာဖြင့် credit ပေးပါသည်။

ကျောက်ဇကာက သဘာဝပတ်ဝန်းကျင်အတွက်ဘယ်လောက်ထိ အရေးပါသလဲ~~~~~~~~~~~~~~~~~~~ကျောက်ဇကာ (ကတလက်တစ် ကွန်ဗက်တာ)ဆိုတာယာဥ်တစ်စီးကနေထွ...
26/02/2025

ကျောက်ဇကာက သဘာဝပတ်ဝန်းကျင်အတွက်
ဘယ်လောက်ထိ အရေးပါသလဲ

~~~~~~~~~~~~~~~~~~~

ကျောက်ဇကာ (ကတလက်တစ် ကွန်ဗက်တာ)ဆိုတာယာဥ်တစ်စီးကနေထွက်လာတဲ့ အန္တရာယ်များတဲ့ဓာတ်ငွေ့တွေကို အန္တရာယ်နည်းတဲ့ ဓာတ်ငွေ့တွေအဖြစ်ပြောင်းလဲဖို့ တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။

ကျောက်ဇကာကို တချို့က ကျောက်အိုး(သေး)လို့လဲ
ခေါ်ကြပါတယ်။

ကျောက်ဇကာက အိတ်ဇောစနစ်မှာပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အင်ဂျင်နဲ့မက်ဖလာ (အသံလုံအိုး) ကြားမှာ
တပ်ဆင်ထားတာဖြစ်ပါတယ်။
မက်ဖလာကိုကျောက်အိုး(ကြီး)လို့လဲခေါ်ကြပါတယ်။

ကျောက်ဇကာရဲ့ အဓိကတာ၀န်ကကားကထွက်လာတဲ့ အန္တရာယ်များတဲ့ဓာတ်ငွေ့တွေကို အန္တရာယ်နည်းတဲ့
ဓာတ်ငွေ့တွေအဖြစ် ပြောင်းလဲပေးဖို့ဓာတ်ပြုတဲ့ဖြစ်စဥ်ကို လုပ်ဆောင်ပေးတာပါ။

ကျောက်ဇကာထဲမှာဓာတ်ကူပစ္စည်းတွေပါဝင်ပါတယ်။
ဓာတ်ကူပစ္စည်းတွေကို
ပလက်တီနမ် (ရွှေဖြူ)၊ ပလေဒီယမ် (သို့)ရိုဒီယမ်တွေနဲ့ လုပ်ထားပါတယ်။

ဘာလို့ ဒီလိုတန်ဖိုးကြီး ဒြပ်ပစ္စည်းတွေသုံးရတာလဲဆိုရင် အဖြေကရှင်းပါတယ်။
သူတို့တွေက ဓာတ်ပြုမှုတွေကို အကောင်းဆုံးလုပ်ဆောင်ပေးနိုင်တဲ့ ဓာတ်ကူပစ္စည်းတွေ
ဖြစ်နေလို့ပါ။

(ကျောက်ဇကာအတွင်း ဓာတ်ပြုခြင်းများ)

📌ကာဗွန်မိုနောက်ဆိုဒ်ဓာတ်တိုးခြင်း📌
ကာဗွန်မိုနောက်ဆိုဒ်ဆိုတာ အပြည့်အဝမလောင်ကျွမ်းရသေးတဲ့ဆီတွေကြောင့်
ထွက်ပေါ်လာတဲ့ အဆိပ်ဓာတ်ငွေ့တစ်မျိုး
ဖြစ်ပြီး လေထုမှာ ပါဝင်မှုများရင် များသလောက်
လူကို ဒုက္ခပေးနိုင်တဲ့ ဓာတ်ငွေ့တစ်မျိုးပါ။

ဒီဓာတ်ငွေ့ကို ကျောက်ဇကာအတွင်းမှာပဲလူကို ဒုက္ခပေးမှုနည်းတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်
အဖြစ် ဓာတ်တိုးပြောင်းလဲပေးပါတယ်။

📌နိုက်ထရိုဂျင်အောက်ဆိုဒ်ဓာတ်လျှော့ခြင်း📌
နိုက်ထရိုဂျင်အောက်ဆိုဒ် ဓာတ်ငွေ့ကလည်းတော်တော်ဆိုးတဲ့ထဲ ပါပါတယ်။
မီးခိုးမြူတွေအက်ဆစ်မိုးတွေ ရွာတဲ့အထိ သက်ရောက်မှုကြီးပါတယ်။
ဒီဓာတ်ငွေ့တွေ အိတ်ဇောကနေ ထွက်မလာအောင်ကျောက်အိုးထဲမှာ ဓာတ်လျှော့ခြင်း လုပ်ဆောင်ပါတယ်။
နိုက်ထရိုဂျင်အောက်ဆိုဒ်ကို ဓာတ်လျှော့ပြီး နိုက်ထရိုဂျင်နဲ့
အောက်ဆီဂျင်အဖြစ် ခွဲထုတ်ပေးလိုက်တာပါ။

📌ဟိုက်ဒရိုကာဗွန်ဓာတ်တိုးခြင်း📌
ဟိုက်ဒရိုကာဗွန်ဆိုတာ မလောင်ကျွမ်းသေးတဲ့လောင်စာဆီတွေပဲဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကိုအလွန်ထိခိုက်စေတဲ့ ဓာတ်ငွေ့တွေပဲ ဖြစ်ပါတယ်။
အဲ့လို အန္တရာယ်များတဲ့ ဓာတ်ငွေ့တွေကိုကျောက်ဇကာထဲမှာပဲ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့
ရေအဖြစ်ခွဲထုတ်ပြီး အန္တရာယ်နည်းသွားအောင်လုပ်ပေးတာဖြစ်ပါတယ်။

(ကျောက်ဇကာ၏ အကျိုးကျေးဇူးများ)
✅✅✅
🚩အဆိပ်ငွေ့တွေလျှော့ချပေးတယ်
အပေါ်မှာ ဖော်ပြခဲ့သလို ကျောက်ဇကာကအဆိပ်ငွေ့တွေကို လျှော့ချပေးပြီး
လူ့ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်ကိုအထောက်အကူ ပြုပေးနိုင်ပါတယ်။

🚩ဆီစားသက်သာစေတယ်
ကျောက်ဇကာက ဆီသုံးစွဲမှု
(ဆီစားနှုန်းကို) ၁၀ ရာခိုင်နှုန်းထိ
သက်သာစေနိုင်ပါတယ်။

🚩အင်ဂျင်သက်တမ်းရှည်စေတယ်
အင်ဂျင်မှာ ကာဗွန်ဂျိုးတည်စေမယ့်အညစ်အကြေးတွေကို လျှော့ချပေးနိုင်တဲ့အတွက် အင်ဂျင်သက်တမ်းကိုလည်း
ပိုမိုရှည်ကြာအောင် ကျောက်ဇကာက ကူညီပေးနိုင်ပါတယ်။

🛑ကျောက်ဇကာ မကောင်းဘူးဆိုရင်
📢အင်ဂျင်ချက်မီးလင်းမယ်
📢အင်ဂျင် အရုန်းအဆွဲကျမယ်
📢အိတ်ဇောသံ ကျယ်လာမယ်
📢မီးခိုးမဲလိုက်မယ်

💯ကျောက်ဇကာကို ဘယ်လိုထိန်းသိမ်းရမလဲ 👇
✅အင်ဂျင်ဝိုင် ပုံမှန်လဲပေးပါ။
✅အင်ဂျင်ချက်မီးလင်းနေရင် ပေကပ်ပြီး အကြားကြီးမမောင်းပါနဲ့။
✅အင်ဂျင်မပူသေးဘဲ တန်းမောင်းထွက်တာမျိုး မလုပ်ပါနဲ့။
✅ကားတန်းတိုးချိန်မှာ စောင့်ရပ်/စောင့်ထွက်တာမျိုး မလုပ်ပါနဲ့။
ပုံမှန်အရှိန်လေးနဲ့ မှေးပြီးတိုးပါ။
✅အပိုပစ္စည်းလဲမယ်ဆို စိတ်ချရတဲ့ ဆိုင်/တံဆိပ်ကိုရွေးဝယ်ပါ။

Credit - King River Pale Car service & Spart Part
မူရင်းရေးသားသူအားလေးစားစွာဖြင့် credit ပေးပါသည်။

Address

အမှတ် ၁၇၁၊သုမိတ္တာ ၆လမ်း၊၁ ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်
Yangon

Telephone

+9595176609

Website

Alerts

Be the first to know and let us send you an email when OSM Auto posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category