PIT&GO - Myanmar Car Service

PIT&GO - Myanmar Car Service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PIT&GO - Myanmar Car Service, Automotive repair centre, Thanthumar Road, Thingangyun Township, Yangon.

23/07/2022

အလုပ်ကိစ္စအရေးတစ်ကြီးဖြစ်နေမယ် ၊ ချိန်းထားတာတွေလဲအချိန်ကပ်နေပီ ၊ အလောတကြီးနဲ့ ကားပေါ်တက် စက်နှိုးတော့ စက်နှိုးလို့မရတဲ့ ပြသနာများ ကားမောင်းသူအတော်များ ကြုံဖူးကြပါလိမ့်မယ် ။ အဲခါကျရင် ငါ့ကားဘာဖြစ်သွားလဲဆိုပြီး စိုးရိမ်သွားတက်ကြပါတယ် ။ PIT&GO ကနေ ကားရပ်ထားရင်း (သို့မဟုတ်) ကားစက်ရက်ပြီး ပြန်နှိုးမရခဲ့ရင် ဘာတွေစစ်ဆေးသင့်သလဲဆိုတာကို မျှေ၀ပေးသွားပါမယ်။ အချက်အလက်တစ်ချို့ သိထားမယ်ဆိုရင်တော့ စိုးရိမ်စရာမလိုဘဲ လိုအပ်တာလေးတွေ ပြင်ဆင်ထားလို့ရပါတယ် ။

ကားစက်ရပ်ပြီး ပြန်နှိုးမရရင် ဘာတွေစစ်ဆေးသင့်လဲ ?

(၁) ဘက်ထရီအားကုန်ခြင်း (ဝပ်ခြင်း)
ကားဘက်ထရီဆိုတာ အင်ဂျင်နှိုးဖို့နဲ့ ကားရဲ့ လျှပ်စစ်ပစ္စည်းများကို လျှပ်စစ်ဓါတ်အားပေးဖို့ ပါဝါသိုလှောင်ပေးထားတဲ့ ပစ္စည်းဖြစ်ပါတယ်။ ကားကိုအသုံးပြုပြီး သော့မပိတ်မိတာ၊ ဆိုင်းလင့်မီးဖွင့်ထားခဲ့မိတာ အစရှိသဖြင့် ဘက်ထရီအားကုန်စေတဲ့ ကိစ္စတွေအပြင် ဘက်ထရီသက်တမ်းကုန်နေခြင်း၊ ဒိုင်နမို ( Alternator) အားမသွင်းခြင်း၊ ဘက်ထရီငုတ်ချောင်ခြင်းတို့ကြောင့် ကားစက်သပ်ပြီး ပြန်နှိုးတဲ့အချိန် ဘက်ထရီဝပ်ပြီး စက်နှိုးမရခြင်းဖြစ်နိုင်ပါတယ်။ ဘက်ထရီဝပ်နေတာလားဆိုတာကိုသိဖို့အတွက် ကားဟွန်းတီးကြည့်ခြင်း၊ ဝိုက်ဘာအသုံးပြုခြင်း၊ ရှေ့မီးကြီးဖွင့်ကြည့်ခြင်းဖြင့် သိရှိနိုင်ပါတယ်။ ဒါကြောင့် ကားဘက်ထရီကိုလည်း စစ်ဆေးသင့်ပါတယ်။

(၂) ဆီပန့် နှင့် EFI ရီလေး
ဆီပန့်က တိုင်ကီထဲက ဓါတ်ဆီတွေကို ဆီပိုက်လိုင်းတွေကတဆင့် အင်ဂျက်တာတွေဆီကို ဖိအားနဲ့ ပို့ပေးတာဖြစ်ပါတယ်။ ဓါတ်ဆီတိုင်ကီထဲက ဆီပန့်တွေကလည်း အချိန်ကာလတခုကြာသွားတဲ့အခါ ပျက်စီးတတ်ပါတယ်။ ဆီတိုင်ကီထဲက ဆီပန့်ပျက်ရင်လည်း အင်ဂျင်နှိုးမရသလို ကားအင်ဂျင်ခန်း ရီလေးဘောက်ထဲက EFI ရီလေး မကောင်းတာ၊ ရီလေးကပ်နေတာဆိုရင်လည်း စက်နှိုးလို့ရမှာမဟုတ်ပါဘူး။

(၃) စတတ်တာမော်တာ (Starter Motor) မကောင်းခြင်း
ကားအင်ဂျင်ကို နှိုးဖို့အတွက် စတတ်တာမော်တာ လိုအပ်ပါတယ်။ စတတ်တာမော်တာရဲ့ ဆိုလိုနှိုက်မကောင်းခြင်း၊ ကာဗွန်တိုခြင်း၊ မော်တာလောင်ခြင်း စတဲ့ ပြစ်ချက်များက စတတ်တာမော်တာ မလည်စေတဲ့အတွက် အင်ဂျင်နှိုးရမှာ မဟုတ်ပါဘူး။ တကယ်လို့ စတတ်တာမော်တာသံမကြားရဘူးဆိုရင် မော်တာကို သံချောင်းအမာတခုဖြင့် နည်းနည်းခေါက်ပြီး နှိုးကြည့်နိူင်ပါတယ်။

(၄) ပလပ်မကောင်းခြင်း
အင်ဂျင်မီးပေးစနစ် (Ignition System) မှာ အင်ဂျင်မီးလောင်ခန်းကို မီးပေးနေတဲ့ ပလပ်များ (Spark Plug) မကောင်းရင်လည်း အင်ဂျင်နှိုးဖို့အတွက် ခက်ခဲမှာဖြစ်ပါတယ်။ ပလပ်တွေက အချိန်ကာလကြာလာတာနှင့်အမျှ ပလပ်ငုတ်များတိုခြင်း၊ ကာဗွန်ဂျိုးကပ်ခြင်း၊ မီးကျွမ်းခြင်း စတဲ့ ပြစ်ချက်များကြောင့် မီးကူးအားကျကာ စက်နှိုးမရတဲ့ ပြဿာနာ ကြုံတွေ့နိူင်ပါတယ်။

(၅) ဆင်ဆာများမကောင်းခြင်း
မော်ဒယ်မြင့်ကားတွေမှာ အင်ဂျင်ရဲ့လုပ်ဆောင်ချက်များကို သိရှိအာရုံခံဖို့ ဆင်ဆာများစွာကို တပ်ဆင်အသုံးထားပါတယ်။ အဲ့ဒီဆင်ဆာတွေရဲ့ အာရုံခံမှုစနစ် ပျက်စီးခြင်း၊ ဆင်ဆာဝါယာရိန်းလိုင်းများ ပျက်စီးခြင်းကြောင့် အင်ဂျင်နှိုးမရတဲ့ ပြဿာနာ ဖြစ်ပွားနိုင်ပါတယ်။ ဥပမာ ကရိုင်းရှပ်ဆင်ဆာ (Crankshaft Position Sensor)၊ ကမ်မရှပ်ဆင်ဆာ (Camshaft Position Sensor)၊ ဆီဖိအားဆင်ဆာ (Fuel Pressure Sensor) စတဲ့ ဆင်ဆာတွေမှာ ပြစ်ချက်ရှိရင် စက်နှိုးလို့ရမှာ မဟုတ်ပါဘူး။

အထက်ပါဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကတော့ ကားရပ်ထားပြီး စက်နှိုးမရတဲ့အခါ အဖြစ်အများဆုံး အခြေခံအကြောင်းအရာတွေဘဲဖြစ်ပါတယ်။ တခါတလေ သတိမထားမိဘဲ အော်တိုဂီယာကားတွေမှာ စက်နှိုးတဲ့အခါ ဂီယာကို P (သို့) N မှာ မဟုတ်ဘဲ တခြားဂီယာတွေဖြစ်တဲ့ R, D, L, S, B, 2, 1 စသည်တို့မှာ ထားမိရင် စက်နှိုးရမှာ မဟုတ်ပါဘူး။လူကြီးမင်းတို့လဲ ကားစက်နှိုးလို့မရရင် အထက်ပါအတိုင်းစစ်ဆေးကြည့်ဖို့ အကြံပြုချင်ပါတယ် ။

အကယ်လို့များ လုပ်ဆောင်လို့မရရင် PIT&GO ရဲ့ Roadside Assistance Service ကလည်း လူကြီးမင်းတို့၏ ကားရှိရာနေရာ အရောက်လာရောက်၀န်ဆောင်မှုပေးနိုင်ပါသည်။

PIT&GO ရဲ့ Roadside Assistant Service ကို နီးစပ်ရာ အောက်ပါ Service Center များကို ဆက်သွယ်ပြီး ၀န်ဆောင်မှုကိုရရှိနိုင်ပါတယ် ခင်ဗျာ ။

PIT&GO CAR SERVICE NETWORK IN MYANMAR

PIT&GO Emerald Crown (Thuwunna) Car Service Center ( Yangon )
အမှတ်( ဘီ - ၁ ) ၊ ပဒုမ္မာလမ်း၊ (၂၄) ရပ်ကွက်၊ စုပေါင်းမှတ်တိုင်းအနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။ Ph : 09 – 444 112 664, 09 – 443 138 787

PIT&GO Lan Thit Auto Car Service Center ( Yangon )
အမှတ်(၆၁)၊ လမ်းသစ်လမ်း၊ အင်းစိန်ပန်းခြံ နှင့် မြဝတီဘဏ်အနီး၊ နံသာကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။ Ph : 09 – 421 062 920, 09 – 457 755 262

PIT&GO Emerald Crown (Lay Daunt Kan) Car Service Center ( Yangon )
အမှတ်(၂၉ /က ), လေးထောင့်ကန်လမ်းမကြီး၊ ဘဝမြင့်မှတ်တိုင်အနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
Ph : 09 – 266 662 290, 09 – 266 662 291, 09 – 266 662 292

PIT&GO Emerald Crown Kyauk Tan Car Service Center ( Yangon )
အမှတ်(၇၆၅/ခ)၊ သန်လျင် - ကျောက်တန်းလမ်းမကြီး ဆင်ကန်ရပ်ကွက်၊ ကျောက်တန်းမြို့နယ်၊ ရန်ကုန်မြို့။
Ph : 09 – 407 786 224, 09 – 407 786 225, 09 – 407 786 226

PIT&GO Mudon Maung Maung ( Baw Ga Thiri ) Car Service Center ( Naypyitaw )
အမှတ်(၉/၂၀)၊ အဆင့်မြင့်ယာဉ်ပြင်အလုပ်ရုံ၊ ဘောဂသီရိကားဝင်းအနီး၊ ပျဉ်းမနားမြို့နယ်၊ နေပြည်တော်။
Ph : Service; 09 – 401 227 700, 09 – 401 227 711, Body&Paint; 09-401227722, HL; 09 – 444 008 862

PIT&GO Mudon Maung Maung ( Shwe Kyar Pin ) Car Service Center ( Naypyitaw )
အမှတ်(Z - 01)၊ တော်ဝင်ရတနာလမ်း နှင့် ပဒုမ္မာ (၂) လမ်းထောင့်၊ ရွှေကြာပင်ရပ်ကွက်၊ ၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်။
Ph :09 – 693 402 821, 09693402822, 09 – 940 005 024, HL; 09 – 444 008 862

PIT&GO PIT&GO Mudon Maung Maung Car Service Center ( Bago )
အမှတ်(၆၅၈)၊ ရန်ကုန် - မန္တလေးအမြန်လမ်း (လမ်းဟောင်း)၊ ကလိတပ်ကလေးကျေးရွာအုပ်စု၊ ပြည်တော်အေးရွာအနီး၊ ဘုရားကြီး နှင့် ပဲခူးမြို့ကြား၊ ပဲခူးမြို့။
Ph :09 – 409 708 507, 09 – 409 708 508, HL;09 – 254 570 240

PIT&GO United Auto Car Service Center ( Mandalay )
အမှတ်( ၁၅၅ )၊ ၈၆ လမ်း၊ ၁၀ လမ်း နှင့် ၁၁ လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။
Ph : 09 – 256 487 766, 09 – 797 487 558

PIT&GO United Auto Car Service Center ( Taunggyi )
အမှတ်( ၂၀/၉ )၊ နေလလမ်း၊ ရေအေးကွင်းရပ်ကွက်၊ တောင်ကြီးမြို့။
Ph : 09 – 426 666 778, 09 – 426 666 779

PIT&GO S.K.K.L Car Service Center ( Tachileik )
အမှတ်( ၁/၄၃ )၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီး၊ ပါဆတ်ရပ်ကွက်၊ တာချီလိတ်မြို့၊ ရှမ်းပြည်နယ် အရှေ့ပိုင်း။
Ph : 09 – 515 5557, 09 – 730 555 57, 061 – 296 6957

PIT&GO Emerald Crown Car Service Center ( Dawei )
အမှတ်( ၁၈၂ )၊ ၁ လမ်း၊ တိုးချဲ့မြို့သစ်ရပ်ကွက်၊ ဝဲကျွန်း၊ ထားဝယ်မြို့။
Ph : 09 – 253 445 908, 09 – 788 242 082

PIT&GO Emerald Crown Car Service Center ( Myeik )
အမှတ်( ၅၀/၁ )၊ စပါးရွှေဝါလမ်း၊ အထက်ရေပုံးရပ်ကွက်၊ မြိတ်မြို့။
Ph : 09 – 770 750 891, 09 – 770 750 899

PIT&GO Emerald Crown Car Service Center ( Meiktila )
ဝင်းတော်ပြည့် ဘုရားအနီး၊ ရန်ကုန် - မန္တလေးလမ်းမကြီး၊ ကြည်ဇော်ကုန်းရပ်ကွက်၊ မိတ္ထီလာမြို့။
Ph : 09 – 400 695 993, 09 – 400 695 994

31/07/2020
PIT&GO High-Tech  Japan Standard Car Service Center
30/07/2020

PIT&GO High-Tech Japan Standard Car Service Center

Address

Thanthumar Road, Thingangyun Township
Yangon
11072

Telephone

+959444112664

Website

Alerts

Be the first to know and let us send you an email when PIT&GO - Myanmar Car Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to PIT&GO - Myanmar Car Service:

Share