23/12/2022
ဖြစ်လေ့ဖြစ်ထရှိတဲ့ ဘရိတ်ပြသနာများ။
1. ဘရိတ်နင်းရတာပျော့နေတာ( ပျော့လျှော)
ဘရိတ်စနစ်ထဲလေကျန်နေတာကြောင့်ဖြစ်နိုင်ပါတယ်၊ လေအရင်ချူကြည့်သင့်ပါတယ်။
2. ဘရိတ်နင်းရတာမာနေတာ ( မာလျှော )
ဆာဗိုအိုးမကောင်းတာကြောင့်ဖြစ်နိုင်ပါတယ်၊ ဒီဇယ်ကားတွေမှာဆိုရင် Vacuum Pump ကိုပါစစ်ကြည့်သင့်တယ်။
3. ဘရိတ်နင်းရတာဝေးနေတာ
Hub Drum နဲ့လာတဲ့ကားတွေမှာ ရှူး Adjust ဝေးနေရင်ဖြစ်တတ်ပါတယ်။ မာစတာပန့်ထိုးတံ တအားလျှော့ထားရင်လဲ ဖြစ်တတ်ပါတယ်။
4. ဘရိတ်မှေးထားတဲ့အချိန် ခြေနင်းမှာ ခုန်နေတာ
Disc drum တွေ လိမ်နေတဲ့အခါမျိုးမှာဖြစ်တတ်ပါတယ်။
5. ဘရိတ်နင်းတိုင်း တကျွီကျွီ မြည်နေတာ
ဘရိတ်ရှူးအမျိုးအစားညံ့တာ၊ Disc Rotor ရဲ့မျက်နှာပြင် မညီတာ စတာတွေကြောင့်ဖြစ်ပါတယ်။
6. ဘရိတ်နင်းတိုင်းတတောက်တောက်မြည်နေတာကြတော့ ရှုးထိန်းကလစ်တွေချောင်နေတာ ဘရိတ်ပင်ချောင်နေတာတွေကြောင့်ပါပဲ။
7. ဘရိတ်ကတအားပူနေတာ
ပစ်စတင်ကျပ်နေတာ ဘရိတ်ပင်တွေကျပ်နေတာ၊ Master Pump ထိုးတံ Adjust ကိုအများကြီးတင်ထားတာ စတာတွေကြောင့်ဖြစ်ပါတယ်။
8. တခြားပုံမှန်မဟုတ်တဲ့ပြသနာတွေကြောင့် ဥပမာ ABS Module ကြောင့်ဘရိတ်ပျော့နေတာ၊ Bleeding Techniques တွေမမှန်လို့ ဘရိတ်အဆင်မပြေတာ၊ Proportional Valve တွေကြောင့်ဘရိတ် မမိတာ၊ Brake Booster Motor Unit ကြောင့် ဘရိတ်နင်းရတာ အဆင်မပြေတာ၊ ဒါတွေကတော့ ဝပ်ရှော့ဆရာတွေကိုပဲခေါင်းစားခိုင်းလိုက်ပါဗျာ 😁
𝙺𝚘 𝙷𝚝𝚎𝚝 𝙰𝚞𝚗𝚐.
------------------------
Brake/Clutch ဘာဖစ်လဲ?
ဖြစ်တဲ့နေရာကနေသာဖုန်းလေးသာဆက်လိုက်
Phone – 09 5100772 , 09 444 333 443