Excellent Gas-သဃ်န်းကျွန်း

Excellent Gas-သဃ်န်းကျွန်း LPG supplies and services(ဂက်စ်မီးဖို၊ဂက်စ်အိုး နှင?

ပစ္စည်းဝယ်မရတော့လည်း ရှေးဦးသူနာပြုနည်းလေးပဲသုံးရတာပေါ့၊အကွက်တွေမြင်ကြလား😜
07/10/2025

ပစ္စည်းဝယ်မရတော့လည်း ရှေးဦးသူနာပြုနည်းလေးပဲသုံးရတာပေါ့၊အကွက်တွေမြင်ကြလား😜

23/06/2025

Net Weight & Cylinder Weight တူသလား?

LPG အသုံးပြုသူများ နဲ့ ရောင်းဝယ်သူကြားမှာဖြေရှင်းရဆုံးကိစ္စတခုအကြောင်းသိသလောက်၊နားလည်သလောက်လေးရှင်းပြခွင့်ပြုပါခင်ဗျာ။

ဝေါဟာရအဓိပ္ပါယ်
Cylinder Weight = ဒုလုံးရှည်အိုးခွံ အလေးချိန်
Net Weight = အသားတင်ဝင်ဆန့်သည့်အလေးချိန်

Cylinder Weight
ဂက်စ်အိုးရယ်လို့ဖြစ်လာဖို့အတွက်ကိုသံရေကြိုလောင်းမှိုထုတ်လိုအပ်သလိုဖြတ်ဖောက်ဆက်ဗားတပ်ပြီးအိုးခွံချိန်ထားတဲ့ အလေးချိန်ဖြစ်ပါတယ်။အိုးတွေပေါ်မှာရေးထားတတ်သလို အိုးကိုင်း သို့ အိုးကိုယ်ထည်မှာလည်းရေးထားတတ်ပါတယ်။T.W သို့ C.W လို့ရေးထားတတ်သလို တချို့အိုးခွံတွေမှာ အိုးအလေးချိန် နဲ့ valve အလေးချိန် ခွဲရေးထားတာမျိုးလည်းရှိပါတယ်။အိုးခွံတွေပေါ်ရေးထားတတ်တဲ့အလေးချိန်သည်အိုးခွံ၏အလေးချိန်သာဖြစ်ပြီး ဝင်ဆန့်သည့်အသားတင်ပမာဏ လုံးဝမဟုတ်ပါ။အိုးခွံအလေးချိန်တမျိုးတည်းကိုကြည့်ပြီး ဝင်ဆန့်သည့်ပမာဏတွက်ချက်လို့လုံးဝမရပါ။ဥပမာအနေနဲ့ပြရရင်
5/6 kg လောက်အလေးချိန်ရှိတတ်တဲ့ အိုးတွေဟာ အရည် 4kg ပဲဆန့်တာတွေရှိသလို
တချို့ 20kg အရည်ဝင်ဆန့်တဲ့အိုးအလေးချိန်ဟာ 18/19kg ဝန်းကျင်သာရှိနေတာမျိုးလည်းရှိတတ်ပါတယ်။
48kg အရည်ဝင်တဲ့အိုးကြီးတချို့ရဲ့ အလေးချိန်ဟာလည်းလည်း 36/37/38/40kg ဝန်းကျင်သာရှိနေတတ်တာလည်းရှိတတ်ပါတယ်။

Net Weight
ဒီစာလုံးကတော့ ဂက်စ်အိုးရယ်မဟုတ်ပဲကုန်ပစ္စည်းထုတ်ပိုးမှု့၊အခြားအခြင်အတွယ် နှင့် ကဏ္ဌအတော်များများမှာအသုံးပြုလေ့ရှိတဲ့ အသားတင်အလေးချိန် သို့မဟုတ် အသားတင်ဝင်ဆန့်သည့်ပမာဏ ဖြစ်ပါတယ်။
LPG Cylinder ဂက်စ်အိုးတစ်အိုးရယ်လို့ထုတ်လုပ်ပြီးရင် Pressure test ဘာညာသရကာ စမ်းပြီးVapour pressure ပျံနှံ့မှု့နှုံးတွက်ချက်ပီး စံသတ်မှတ်ပေးလိုက်တဲ့ ဝင်ဆန့်တဲ့ပမာဏဖြစ်ပါတယ်။အိုးသားအထူအပါးပေါ်မူတည်ပြီး တစ်အိုးနဲ့တစ်အိုး အိုးအလေးချိန် နဲ့ ဝင်ဆန့်သည့်ပမာဏ ကွဲပြားနိုင်ပါတယ်။တချို့အိုးဗားValve ရဲ့ Pressure ခံနိုင်ရည်ပေါ်မူတည်ပြီး Butane ဘယ်လောက်၊Propane ဘယ်လောက်ဆိုပြီးခွဲရေးထားတာမျိုးလည်းရှိပါတယ်။
ပြောချင်တာကအခုမှစပါမယ်။မြန်မာနိုင်ငံမှာစံခြင်တွယ်စနစ်ကပိဿာ(viss)သုံးတာများပါတယ်။အိုးခွံတွေမှာ KG နဲ့ ရေးထားတဲ့အတွက် ကျောင်းသားဘဝအမြင်ကပ်ဆုံးနဲ့လက်တွေ့လူ့ဘဝမှာအသုံးရဆုံး သင်္ချာစတွက်ရပါတော့တယ်။အတိအကျဆိုရရင်
1ပိဿာ(viss)=1.63293kg
1kg=0.612ပိဿာ=61.2ကျပ်သား
ဒီမှာအသုံးများတာက ဂျပန်usedအိုးရယ်၊ယိုးဒယားစက်ရုံထုတ် or usedအိုးရယ်၊ဗီယက်နမ်စက်ရုံ သို့ တရုတ်စက်ရုံထုတ်အိုး။ဂျပန် ကတော့ 20/10/8/5 ဆိုတော့ မြန်မာလိုပီဿာပြန်ဖလှယ်ရင် သိပ်အငြင်းပွားစရာမရှိ။20အိုးကို 12ပိဿာ၊10 ကို 6ပိဿာ၊8 ကို 5ပိဿာ၊5 ကို 3ပိဿာ။အတိအကျမဟုတ်ပေမယ့်လွယ်ကူတယ်၊နီးစပ်တယ်။
ဒီနေရာမှာဂွအကျဆုံးက ယိုးဒယားအိုးတွေပဲ။4/7/12/15 အများအားဖြင့်လာတတ်တယ်။
4kgအိုး
2ပိဿာအိုးလို့လူသိများတဲ့အိုးခွံအလေးချိန် 5kg ကျော်ကျော်ရှိတတ်တဲ့ ဒီအိုးလေးတွေက2ပိဿာခွဲဆန့်ပါတယ်။5.2/5.3လောက်ကနေ 6.00 ထိလောက်ရှိတတ်တယ်၊တချို့လက်ဟောင်းအိုးတွေဆို 6.8/7kg လောက်ထိရှိတာမျိုးလည်းရှိ‌ပါတယ်။အိုးခွံချိန်ဘယ်လောက်ပဲဖြစ်ပါစေ၊သူ့ရဲအသားတင်အလေးချိန်သည် 4kg ဖြစ်တဲ့အတွက် 2ပိဿာခွဲပိုဖြည့်ရန်မသင့်တော်ပါ။အတိအကျပြောရရင် 2ပိဿာ45ကျပ်သား။5ကျပ်သားလောက်ကမသိသာတဲ့အတွက်ဒီမှာတော့ ဖြည့်ကြပါတယ်။
7kg
စကားအပြောရဆုံးအိုးဆိုဒ်ပါ။အိုးခွံအလေးချိန်က 9kg ဝန်းကျင်ကနေ 10kgလောက်ထိလာတတ်တယ်။သို့သော် အရည်ဝင်ဆန့်သည့်ပမာဏသည် 7kg သာစံသတ်မှတ်ထားတဲ့အတွက် 4ပိဿာ28ကျပ်သားခန့်ဖြစ်ပါတယ်။ဒီမှာတော့ 4ပိဿာခွဲထိရဲရဲဖြည့်လို့ရပါတယ်။လက်ရှိပြည်တွင်းသုံး Mixed LPG က Vapour pressure အရမ်းကြီးမများတဲ့အတွက် 5ပိဿာအထိလည်းဖြည့်ကြတာတွေ့ရပါတယ်။ဝင်ဆန့်သလားဆိုတော့ဆန့်ပါတယ်။ရေခဲအေးအေးနဲ့ ဖြည့်တုန်းတော့ 5ပိဿာမက 6ပိဿာလည်းဝင်ပါတယ်။Temperature နဲ့ Pressure သည်တိုက်ရိုက်အချိုးကျပါတယ်။အေးတုန်းတော့ဆန့်သလိုလိုရှိပေမယ့် LPG ကဆီတို့ရေတို့လို စံချိန်ခွက်နဲ့ခပ်ထည့်သလောက်ပဲရှိနေတာမဟုတ်တဲ့အတွက် အအေးအားကျလေ(Temperature တိုးလေ) Vapour pressure တိုးလာတဲ့အတွက် ထုထည်လည်းပွလာတတ်ပါတယ်။valve စနစ်ကောင်းရင်တော့ safety valve လေးအရင်ပွင့်ပြီး pressure စစ်ထုတ်ပါလိမ့်မယ်။
12kg
7ပိဿာ34ကျပ်သား‌ေကျာ်ခန့်ဆန့်ပေးမယ့် 7ပိဿာတာဖြည့်ကြတာများတယ်၊အိုးခွံကလည်း 12/13kg ဝန်းကျင်လာတာများလို့သိပ်အငြင်းပွားစရာမရှိပါ။
15kg
8ပိဿာအိုးလို့လူသိများတဲ့ ဒီဆိုဒ်ကအသုံးအများဆုံးဆိုဒ်လည်းဖြစ်ပါတယ်။တကယ်တော့ 15kg net ဖြစ်တဲ့အတွက် 9.18ကျပ်သားခန့် ဆန့်ပါတယ်။ဒီမှာတော့ 10ပိဿာထိဖြည့်ကြတာလည်းရှိပါတယ်။ဆန့်လားဆို‌ေတာ့သူရဲ့ Vapour pressure အတွက်ချန်ထားတဲ့နေရာရဲ့ယှဉ်ရင် 80သားလောက်ပိုဖြည့်တာကသိပ်မသိသာပါဘူး။ဖြည့်ပီးအရံအိုးထားတာတို့ ကြာမှသုံးတာ အိုးသက်တမ်းကြာနေတာတို့ဆိုရင် 9ပိဿာထက်ပို့မဖြည့်တာကအသင့်တော်ဆုံးလို့သာအကြံပေးပါရစေ။
စာကြွင်းအနေနဲ့တော့ထုံးစံအတိုင်းဆရာ့ဆရာကြီးများရဲ့ဝေဖန်အကြံပြုချက်များကိုကြိုဆိုရင်း နဲ့ အမှားပါသွားရင်‌ပြုပြင်ဆုံးမပေးရန်တောင်းဆိုပါတယ်။တဦးတယောက်အပေါ်ထိခိုက်ခဲ့ရင်ခွင့်လွတ်ဥပေက္ခာပြုပေးပါရန်ပန်ကြားရင်းနိဂုံးချုပ်အပ်ပါတယ်။

09/02/2024

😍🎶အမြဲတမ်းမင်းအတွက်၊အသင့်သူပါ🎶😍

ဂက်စ်ဈေး 1kg=330 ကျပ်ကျပါတယ်။ရောင်းကောင်း၊ဝယ်ကောင်း၊သုံးသူအဆင်ပြေမယ့်ဈေးတန်းလေး‌ပြန်ရောက်ပီလို့ထင်မိပါတယ်။
01/06/2023

ဂက်စ်ဈေး 1kg=330 ကျပ်ကျပါတယ်။ရောင်းကောင်း၊ဝယ်ကောင်း၊သုံးသူအဆင်ပြေမယ့်ဈေးတန်းလေး‌ပြန်ရောက်ပီလို့ထင်မိပါတယ်။

လာဝယ်လေနော့်😁😁😁
27/05/2023

လာဝယ်လေနော့်😁😁😁

03/05/2023

နာမည်မှာ "ဂက်စ်" ပါတဲ့သူတိုင်း ဂက်စ်တစ်ပိဿာ free ထည့်ပေးမည်😆

04/04/2023

ဂက်စ်ဈေး 1ပိဿာကို 700ကျပ်ခန့်ဈေးကျပါတယ်☺️☺️☺️

ဂက်စ်နဲ့ အပိုပစ္စည်းလေးတွေးဈေးအနည်းပြန်ကျနေပါပြီ။ဂက်စ်ဈေးလေးကတော့များမကြာမှီရောင်းသူ၊ဝယ်သူအဆင်ပြေနိုင်မယ့်ဈေးတန်းလေပြန်ရ...
18/03/2023

ဂက်စ်နဲ့ အပိုပစ္စည်းလေးတွေးဈေးအနည်းပြန်ကျနေပါပြီ။ဂက်စ်ဈေးလေးကတော့များမကြာမှီရောင်းသူ၊ဝယ်သူအဆင်ပြေနိုင်မယ့်ဈေးတန်းလေပြန်ရောက်လာနိုင်ဖို့မျှော်မှန်းမိပါတယ်။
🆓🆓🆓🆓သင်္ဃန်းကျွန်းမြို့နယ် နှင့်တောင်ဥက္ကလာပမြို့နယ်အတွင်း
👉5ပိဿာနှင့်အထက်အရည်လဲအခမဲ့ဝန်ဆောင်မှု့
👉မီးဖို နှင့် ဆက်စပ်အပိုပစ္စည်းများကိုလည်း အခမဲ့ပို့ဆောင်တပ်ဆင်ပေးနေပါပြီနော်

အလေးချိန်တိကျမှု့၊အရည်အသွေးစစ်မှန်မှု့တို့မှာစိတ်ချရလို့ ဒိုလေးကိုယ်တိုင်‌တောင်မြန်မာပြည်ရောက်ဖြစ်ခဲ့ရင် Excellent မှာတစ...
10/03/2023

အလေးချိန်တိကျမှု့၊အရည်အသွေးစစ်မှန်မှု့တို့မှာစိတ်ချရလို့ ဒိုလေးကိုယ်တိုင်‌တောင်မြန်မာပြည်ရောက်ဖြစ်ခဲ့ရင် Excellent မှာတစ်ကြိမ်တစ်ခါတော့ ဂက်စ်ကိုဖြည့်ဖူးချင်ပါတယ်လို့ အထ်မင် အိပ်နေတုန်းအိပ်မက်မက်ဖူးတာလား၊တကယ်ပဲပြောခဲ့တာလား ဝေခွဲမရတော့သလို၊မှတ်လည်းမမှတ်မိတော့။မှတ်မိတာတစ်ခုကတော့
သင်္ဃန်းကျွန်းအတွက် 09400224424 09952224424
တောင်ဥက္ကလာအတွက် 09776678878
🤙ဖုန်းနံပါတ်တွေကိုဆက်သွယ်မှာယူခဲ့ရင်
👉5ပိဿာနှင့်အထက် အိမ်အရောက်အခမဲ့ပို့ဆောင်ပေးတဲ့အပြင်
🫰ဂက်စ်မီးဖို၊ဂက်စ်အိုး၊အထိန်းခေါင်း၊ပိုက်လိုင်း နှင့် အခြားလုံခြုံရေးဆိုင်ရာလိုအပ်ချက်လေးတွေကိုလည်းတပါတည်းစစ်ဆေးပေးသွားမှာဖြစ်တဲ့အကြောင်း
"ချစ်တဲ့ကာကာအပေါင်းအားအမြဲကျေးဇူးတင်၊ကြိုဆိုလျှက်ရှိပါကြောင်း"😍😍😍

ဂက်စ်တွေရမယ်....ဂက်စ်တွေ၊ဂက်စ်မီးဖို၊ဂက်စ်အိုးအပိုပစ္စည်းမျိုးစုံရမယ်ဗျို့🔈🔉🔊🫰🤙👇သင်္ဃန်းကျွန်းမြို့နယ် အတွက်09400224424 ...
12/02/2023

ဂက်စ်တွေရမယ်....ဂက်စ်တွေ၊ဂက်စ်မီးဖို၊ဂက်စ်အိုးအပိုပစ္စည်းမျိုးစုံရမယ်ဗျို့🔈🔉🔊
🫰🤙👇
သင်္ဃန်းကျွန်းမြို့နယ် အတွက်09400224424 09952224424
တ/ဥ မြို့နယ်အတွက် 09776678878
ကိုဆက်သွယ်မှာယူပေးပါဗျို့

Main Order ဖုန်းနံပါတ်ဖြစ်သော 09400224424 ခေါ်ဆိုရန်အခက်အခဲရှိပါကအောက်ပါဖုန်းနံပါတ်များကိုခေါ်ဆိုနိုင်ပါကြောင်း-09952224...
08/02/2023

Main Order ဖုန်းနံပါတ်ဖြစ်သော 09400224424 ခေါ်ဆိုရန်အခက်အခဲရှိပါကအောက်ပါဖုန်းနံပါတ်များကိုခေါ်ဆိုနိုင်ပါကြောင်း
-09952224424
-09954224424
-09776678878
မိတ်ဟောင်းမိတ်သစ်များကို ကျေးဇူးတင်ကြိုဆိုလျှက်
🔥 Excellent Gas 🔥

Address

Excellent Gas
Yangon
16.823840,96.197228

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959400224424

Website

Alerts

Be the first to know and let us send you an email when Excellent Gas-သဃ်န်းကျွန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Excellent Gas-သဃ်န်းကျွန်း:

Share

Category