MAHAR ကားမောင်းသင်တန်း

MAHAR ကားမောင်းသင်တန်း safe and confident drive

မိမိပတ်ဝန်းကျင်မှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကိုဗဟုသုတရရှိပြီး လိုက်နာစေရန် ယဉ်အန္တရာယ်ကင်းဝေးစေရန်Photo မူရင်းတင်သူအားလေ...
18/11/2023

မိမိပတ်ဝန်းကျင်မှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို
ဗဟုသုတရရှိပြီး လိုက်နာစေရန် ယဉ်အန္တရာယ်ကင်းဝေးစေရန်
Photo မူရင်းတင်သူအားလေးစားပါသည်။

02/07/2023
4WD မှာပါတဲ့ L ၊ H နဲ့ C ဆိုတဲ့ အက္ခရာတွေက ဘာတွေကိုကိုယ်စားပြုတာလဲ2H ၊ 4H ၊ 4HLC ၊ 4LLC ဆိုပြီးတော့ပါတဲ့ 4WD ကားတွေမှာဆိ...
04/06/2023

4WD မှာပါတဲ့ L ၊ H နဲ့ C ဆိုတဲ့ အက္ခရာတွေက ဘာတွေကိုကိုယ်စားပြုတာလဲ

2H ၊ 4H ၊ 4HLC ၊ 4LLC ဆိုပြီးတော့ပါတဲ့ 4WD ကားတွေမှာဆိုရင်

2H ဆိုတာ နောက်ဘီးနှစ်ဘီးယက်စနစ်ဖြစ်ပါတယ်။ သူက ပုံမှန်လမ်းတွေမှာ ပုံမှန် သွားစေပါတယ်။

4 H ဆိုတာကတော့ ရှေ့ဘီး နောက်ဘီး နှစ်မျိုးလုံး စက်အားဖြင့် တွန်းစေတာပါ။ ရာသီဥတုဆိုးဝါးချိန်မှာ ဆွဲအားညီမျှစေဖို့သုံးတာဖြစ်ပါတယ်။

4HLC ဆိုတာကတော့ center differential ကို lock လုပ်လိုက်တာပါ။ပြောရရင် ရှေ့နောက်ဘီးတွေရဲ့
လိမ်အားကို ၅၀% စီမျှတအောင် လုပ်ဆောင်စေတာ
ဖြစ်ပါတယ်။

အထူးသတိပေးချင်တာက ကားရပ်ပြီးမှ ဒီMode ကို ချိန်းပေးရတာပါ။ ရွှံ့နွံ လမ်းကြမ်းတွေမှာသုံးတာပါ။

4LLC ကတော့ Low range Gear lock center ဖြစ်စေတာပါ။ သူ့ကိုသုံးရင်လဲ ကားရပ်ပြီးမှာ Gear modeကို ချိန်းပေးရမှာပါ။တောတွေ တောင်ကုန်းငယ်တွေ
တက်တဲ့အခါမှာ သုံးနိုင်ပါတယ်။

နောက် ပုံမှန်ဂီယာမှာ
P ဆိုတာ Parking (ပါကင်)ရပ်ထားတာပါ။
R ဆိုတာ Reverse နောက်ဆုတ်ခြင်းပါ။
N ဆိုတာ NEUTRAL ဂီယာပါ။
D ဆိုတာ DRIVE ရှေ့သို့မောင်းနှင်ခြင်းပါ။
+/- (သို့) M +/- ဆိုတာ အော်တိုမှ မန်နြူရယ် ချိန်းပြီး ကိုယ်တိုင် ဂီယာ (အတိုး/အလျော့) လုပ်တာပါ။

ဗဟုသုတရရှိစေရန် ပြန်လည်မျှဝေခြင်းသာ
ဖြစ်ပါတယ်ခင်ဗျာ။

ဘရိတ်ရှူးနှင့် ဘရိတ်ဒရမ်ပြစ်ချက်များကားရဲ့ဘရိတ်စနစ်မှာ ဒစ်ဘရိတ် (Disc Brake) နှင့် ဒရမ်ဘရိတ် (Drum Brake) တို့ကို အသုံးပ...
19/04/2023

ဘရိတ်ရှူးနှင့် ဘရိတ်ဒရမ်ပြစ်ချက်များ

ကားရဲ့ဘရိတ်စနစ်မှာ ဒစ်ဘရိတ် (Disc Brake) နှင့် ဒရမ်ဘရိတ် (Drum Brake) တို့ကို အသုံးပြုကြပါတယ်။ ဒရမ်ဘရိတ်ကို ကားနောက်ဘရိတ်အတွက် အဓိက အသုံးကြပါတယ်။ ဒရမ်ဘရိတ်မှာ ပါကင်ဘရိတ်စနစ်ကိုလည်း ထည့်သွင်းတပ်ဆင်ထားပါတယ်။ ဒရမ်ဘရိတ်စနစ်မှာ ဘရိတ်ရှူးကို အသုံးပြုကြပါတယ်။ ဒီဆောင်းပါးမှာ ဘရိတ်ရှူးနှင့် ဒရမ်ဘရိတ်ပြစ်ချက်ရှိနေတဲ့အခါ သိနိုင်တဲ့ အချက်များနှင့်ပါတ်သက်ပြီး ဗဟုသုတအဖြစ် မျှဝေပေးချင်ပါတယ်။

၁) ပါကင်ဘရိတ် မမိခြင်း – ပါကင်ဘရိတ်စနစ်အတွက် ဒရမ်ဘရိတ်စနစ်ကို အဓိကအသုံးပြုတဲ့အခါ ဘရိတ်ရှူးများ၊ ဘရိတ်ဒရမ်များမကောင်းတဲ့အခါ ပါကင်ဘရိတ်ကောင်းစွာ မိမှာ မဟုတ်ပါဘူး။ ဒါအပြင် ပါကင်ဘရိတ်ဆွဲတဲ့အခါ ပုံမှန် (၆ ချက်မှ – ၉ ချက်ကြား) ထက် ပိုဆွဲရပြီး အချက်အရေတွက် ပိုများပါတယ်။ ဒါဆိုရင်လည်း ဘရိတ်ရှူးနှင့် ဘရိတ်ဒရမ်တွေကို သေချာစစ်ဆေးသင့်ပါတယ်။

၂) ဘရိတ်ဖမ်းအား ကျဆင်းခြင်း – ကားရပ်တန့်အောင် (သို့မဟုတ်) ကားအရှိန်နှေးအောင် ဘရိတ်နင်းလိုက်တဲ့အခါ ဘရိတ်မိဖို့ အချိန်ကြာတဲ့အခါ ဘရိတ်ရှူးနှင့် ဘရိတ်ဒရမ်တွေမှာ ပြစ်ချက်ရှိနေတာ ဖြစ်နိုင်ပါတယ်။ ဘရိတ်ရှူးများ ပါးခြင်း (သို့မဟုတ်) ဘရိတ်ဒရမ်များ စားသွားခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။

၃) ဆူညံသံများထွက်ခြင်း – ဘရိတ်ဖမ်းအား ကျဆင်းခြင်းရဲ့ နောက်ဆက်တွဲအနေဖြင့် ဘရိတ်နင်းစဉ် ဆူညံသံကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ဘရိတ်နင်းလိုက်သောအခါ ဘရိတ်ဒရမ်နှင့် ဘရိတ်ရှူးကြားအကွာဝေးများသွားတဲ့အခါ ဘရိတ်ကိုလည်း ပျော့စေနိုင်သလို ပွတ်တိုက်မှုကြောင့် ဘရိတ်အပူထွက်အားများပြီး ဆူညံသံတွေကိုလည်း ဖန်တီးစေနိုင်ပါတယ်။

၄) ဘရိတ်ခြေနင်း တုန်ခါခြင်း – ဘရိတ်ဒရမ်နှင့် ဘရိတ်ရှူးတွေက အချိန်ကာလတခုအသုံးပြုပြီးသွားတဲ့အခါ ဘရိတ်ရှူးတွေလည်း ပါးကုန်သလို ဘရိတ်ဒရမ်မျက်နှာပြင်လည်း စားသွားနိုင်ပါတယ်။ အဲ့ဒီအခါ ဘရိတ်နင်းလိုက်စဉ် ဘရိတ်ခြေနင်း တုန်ခါခြင်း ပြစ်ချက်ကိုလည်းဖြစ်စေနိုင်ပါတယ်။ ဒါဆိုရင်တော့ ဘရိတ်ဒရမ်နှင့် ဘရိတ်ရှူးကို စစ်ဆေးပြီး လိုအပ်ပါက အသစ်လဲပေးသင့်ပါတယ်။

ဘရိတ်စနစ်ပြစ်ချက်ရှိတဲ့အခါ ကားမောင်းနှင်ဖို့အတွက် အလွန်အန္တရာယ်များလှပါတယ်။ ဒရမ်ဘရိတ်စနစ်မှ မဟုတ်ပါဘူး။ ဒစ်ဘရိတ်စနစ် (အထူးသဖြင့် ရှေ့ဘရိတ်) မှာ ပြစ်ချက်ရှိနေပြီဆိုရင်လည်း ချက်ချင်းစစ်ဆေးပြုပြင်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။ (ကိုးကား – https://oards.com/)

19/04/2023

New 🆕 driving school in Yangon.
Coming soon 🔜
No(29),khai shwe wah bus stop 🚏
baho road, kamaryut,
Yangon.

Address

Khai Shwe Wah Bus Stop � Baho Road � Kamaryut Township
Yangon
11041

Telephone

+95943072382

Website

Alerts

Be the first to know and let us send you an email when MAHAR ကားမောင်းသင်တန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MAHAR ကားမောင်းသင်တန်း:

Share

Category