25/02/2024
Swift အကြောင်း
-----------------------
မြန်မာပြည်ရဲ့ လမ်းတွေပေါ်မှာ တစ်စစ နေရာယူလာတဲ့ ကားတွေထဲမှာ Suzuki ရဲ့ Swift အမျိုးအစားလေးကလည်း လူကြိုက်များ တဲ့ အမျိုးအစား အုဖစ်ရပ်တည်နေပါတယ်။
ဂျပန် အခေါ် kei car လို့ခေါ်တဲ့ အင်ဂျင်ပါဝါသေးသေး ကားသေးသေး တွေထဲမှာ Swift ဟာ ရွေးချယ်စရာ
အမှတ်စဉ် ထိပ်ပိုင်းမှာပါလေ့ရှိပါတယ်။ Suzuki ရဲ့ swift
မျိုးဆက်ဟာ ၂၀၀၀ ပြည့်နှစ်မှာ စတင်တယ်လို့
သတ်မှတ်ကြပေမယ့် သူဟာ မွေးစားခံရတဲ့ မျိုးဆက်ပါ။
သူရဲ့ ဘိုးအေတွေကတော့ Cultus နဲ့ Geo Metro
တို့ပဲ ဖြစ်ပါတယ်။ ဘာကြောင့် နာမည် အမျိုးမျိုး နဲ့ ဒီ
mini-compact ကားလေးကို ထုတ်နေကြသလဲဆိုတော့ GM, Suzuki , Chevrolet, Hyundai တို့ဟာ ဆက်နွယ်မှု ရှိနေတဲ့အတွက် ပုံစံတူ နာမည် အမျိုးမျိုး နဲ့ ထုတ်ပြီး မတူညီတဲ့ စျေးကွက်တွေမှာ ရောင်းချကြလို့ဖြစ်ပါတယ်။
ဟုတ်ပါပြီ အများစု သတ်မှတ်ကြတဲ့ အနေအထားမှာတော့ မျိုးဆက် ၃ ဆက် အတိအကျ Suzuki Swift
အဖြစ်ရပ်တည်ပါတယ်။
First Generation HT (2000-2004)
ဒီပထမဆုံး မျိုးဆက်မှာတော့ မချိုမချဉ် ရုပ်ထွက်နဲ့
ထွက်လာခဲ့ပြီး နာမည်ခွဲ ၂ ခုကနေ ထုတ်ပါတယ်။
Suzuki နဲ့ Chevrolet တို့ကနေ တပြိုင်တည်း
ထုတ်ပေမယ့် အတွင်းဂရိတ် ကွာခြားပါတယ်။
ပုံစံကွဲ ၂ မျိုး ထိထုတ်ပေမယ့် တံခါး ၃ ပေါက်
မော်ဒယ်ဟာ ဂျပန်မှာ ရောင်းချခြင်းမရှိပါဘူး။
အင်ဂျင် အနေနဲ့ Suzuki M family အမျိုးအစား တွေဖြစ်တဲ့ 1.3L M13A I4 နဲ့ 1.5L M15A I4 တို့ကို အသုံးပြုပါတယ်။ ဂီယာ အနေနဲ့တော့ 5Speed Manual , 4 speed Auto ဆိုပြီး ရွေးချယ်နိုင်သလို ရှေ့ယက် သို့မဟုတ်
4WD လည်း ရနိုင်ပါတယ်။
VVT စနစ်သုံး Swift M13A အင်ဂျင်ဟာ 91.2 hp ရှိပြီး , M15A ကတော့ 99.9 hp ရှိပါတယ်။
ဂရိတ်အနေနဲ့ SX, SG , SE , RS ဆိုပြီး ရှိသလို
Chassis ကတော့ GH-HT51S နဲ့ ထွက်ပြီး RS
ဂရိတ်မှာတော့ LA-HT51S ထွက်ပါတယ်။
Second Generation ZA,ZC,ZD(2004-2010)
ဒုတိယ မျိုးဆက်မှာတော့ လုံးဝန်သွားတဲ့ အသွင်နဲ့
ဆန်းသစ်ထားတဲ့ dynamic aero shape နဲ့ ထွက်ပေါ်
လာခဲ့ပြီး လူကြိုက်များ အရောင်းသွက်ခဲ့တဲ့ အမျိုးအစားပါ။
Sporty Swift လို့တောင် nickname ရခဲ့တဲ့ မျိုးဆက်ဖြစ်
ပါတယ်။ အင်ဂျင်အနေနဲ့တော့ ထူးခြားစွာ ပြောင်းလဲခြင်း မရှိပေမယ့် , ဂီယာဘောက်မှာတော့ အပြေ ာင်း အလဲရှိခဲ့ပါတယ်။ CVT ဂီယာဘောက် ကို 2006 မော်ဒယ် အထက်မှာ ထည့်သွင်းခဲ့သလို အတွင်းဂရိတ် တွေရဲ့ စျေးနှုန်းတွေကို လျော့ချခဲ့တဲ့အတွက် ထူးထူးခြားခြား ရောင်းအား
ထိုးတက်ခဲ့ပြီး ကားတော်တော်များများမှာ
ဂရိတ်ပြည့်တာကို တွေ့ရှိရပါတယ်။
ဒီမျိုးဆက်ဟာ လက်ရှိ မြန်မာပြည်ရဲ့ လမ်းပေါ်မှာ
အတွေ့ရများတဲ့အတွက် ပိုပိုသာသာလေးပြောပါရစေ။
ဂရိတ်အနေနဲ့တော့ ၄ မျိုးလောက် ထိ တွေ့ရလေ့ရှိပြီး
ဂရိတ်နိမ့်ကား ရှားပါးပါတယ်။ ဂရိတ် အမျိုးအစားတွေ ကတော့ XE, XG , XS , Style ဆိုပြီး ရှိကြပါတယ်။
XE က ဂရိတ် အနိမ့်ဆုံးလို့ သတ်မှတ်နိုင်ပြီး Style ကတော့ အမြင့်ဆုံး လို့ သတ်မှတ်နိုင်ပြီး XS ကတော့ 1.5 အနေနဲ့သာ ထုတ်တဲ့ Sport grade ပါ။
Chassis အနေနဲ့ကတော့ အားလုံး DBA-Z နဲ့ စပြီး
2WD ဆိုရင် ZC11S, 4WD ဆိုရင် ZD11S နဲ့
Sport type (RS) ဆိုရင်တော့ ZC31S နဲ့ထွက်ပါတယ်။
2007 model ကနေ 2010 ထိ Chassis အနည်းငယ်
အပြောင်းအလဲရှိပါတယ်, ဘာကြောင့်လဲဆိုတော့
အင်ဂျင်မတူတဲ့အတွက်ပါ။ အင်ဂျင်ပါဝါ 1.2L , 1.3L နဲ့ 1.5L တွေ ဖြစ်သွားပြီး CVT ဂီယာနဲ့ တွဲထွက်ပါတယ်။
1.2L XE/XG CVT ဆိုရင် ZC71S ( ရှေ့က DBA မပြောင်းပါ), 1.3L တပ် ကားတွေကတော့ Chassis အတူတူပါပဲ။
ထူးခြားချက်အနေနဲ့ XE ဂရိတ်မှာသာ air con လက်လှည့် ဖြစ်ပြီး ကျန်ဂရိတ်များအားလုံးမှာ Digital Aircon တွေ တပ်ဆင်ပါတယ်။ဒီဇယ် ဗားရှင်း 1.3L Multijet I4
ရှိပေမယ့် ဂျပန်မှာတော့ မရောင်းပါဘူး။
ဒီမျိုးဆက်ရဲ့ 1.2L K12B I4 (DOHC) အင်ဂျင်ဟာ 90 kW ထုတ်ပေးနိုင်ပြီး ယခင် အင်ဂျင်တွေထက် ပိုများတဲ့ 6000 rpm ထိ လည်ပတ်ပေးနိုင်ပါတယ်။
Third Generation (2010-Present)
လက်ရှိ မြင်တွေ့နေရတဲ့ တတိယမျိုးဆက်မှာတော့ ပိုမိုကြွ
တက်လာတဲ့ ရုပ်ထွက်, မီးခွက် အဆင်အယင်တွေအပြင်
ထူးခြားစွာ အင်ဂျင်အမျိူးအစား အဆင့်မြှင့်တင်မှုတွေ
ကိုတွေ့ရပါတယ်။ 1.2L ဟာ Standard လို့ ပြော
ရလောက်အောင် အများစုဟာ 1.2L အင်ဂျင်ကိုသာ
နှစ်သက်ကြပါတယ်။
ဂရိတ်အနေနဲ့ XG, XL, XS , RS ဆိုပြီး ရှိပါတယ်။
ဂရိတ်အားလုံးနီးပါး ဟာ ပါဝင်ပစ္စည်း ထူးထူးခြားခြား
အပြောင်းအလဲမများပါဘူး။
အဓိက ကွာသွားတာကတော့ Push start, back mirror signal light, alloy , aircon လောက်သာ ရှိပါတယ်။
RS က အမြင့်ဆုံး ဂရိတ်လို့ သတ်မှတ်နိုင်ပါတယ်။
Chassis ကတော့ DBA-ZC72S နဲ့ 4WD ဆိုရင်တော့ DBA-ZD72S ဖြစ်သွားပါ့မယ်။
2013 မော်ဒယ် မှာတော့ ရှေ့ဘန်ဘာ နဲ့ ရှဲလ် အနည်းငယ် ပြောင်းပါတယ်။
ဒီလောက်ဆိုရင်တော့ လူငယ်အကြိုက် Suzuki Swift
အကြောင်းလေး အနည်းငယ်သိရှိပြီဟု ယူဆပါရစေ။
ကြိုက်နှစ်သက်တယ်ဆိုရင်
like & shareလေးလုပ်ခဲ့
ပေးကြပါအုန်းခင်ဗျာ🙏
Credit: original writer