06/10/2025
ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်သော သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့လေးမှာ မိမိတို့ရဲ့ မိခင်၊ ဖခင် ကျေးဇူးရှင်များ၊ သက်ကြီးဝါကြီး ညီအစ်ကို မောင်နှများ၊ ကျေးဇူးပြုရှိသူတို့ကို ကာယကံ၊ ဝဇီကံ၊ မနောကံ စတဲ့ကံသုံးပါးနဲ့ ပြစ်မှားမိခဲ့သည်ရှိသော် ထိုအပြစ်တို့ကို ခွင့်လွှတ်ကျေအေးပေးပါရန် လက်ဆယ်ဖြာထိပ်မှာမိုး၍ ရှစ်ခိုးကန့်တော့ရသော ဗုဒ္ဓဘာသာဝင်တို့ရဲ့ ချစ်စရာနေ့မြတ်လေးပဲဖြစ်ပါတယ်...🙏🙏
ဒီလိုနေ့ထူးနေ့မြတ်လေးမှာ လူကြီးမိဘများကို ဂါ၀ရပြု ကန်တော့ကြရင်း လိုအင်ဆန္ဒများအားလုံးပြည့်စုံ၍ မြန်မာပြည်သူပြည်သားအားလုံး ကပ်ရောဂါဆိုးကြီးမှ ကင်းဝေးပြီး ကျန်းမာချမ်းသာကြပါစေကြောင်း Nissan FUP SHOWROOM FAMILY မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🙏