11/06/2024
ကားကြီးတွေမှာ တာယာအတုံးပန်းတွေကို ရှေ့ဘီး (Steering Wheel) မှာတပ်လို့ရလား???
အဖြေကတော့ …….. ဟုတ်ကဲ့ တပ်လို့တော့ရပါတယ်။ ဒါပေမယ့် ပုံမှန်လမ်းတွေမှာ သုံးတဲ့ကားတွေအနေနဲ့ကတော့ မတပ်သင့်ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့
• အတုံးပန်းတာယာတွေဟာ Rolling Resistance နည်းတဲ့အတွက် ပုံမှန်ထက်အသွားအလာနှေးတာ၊ စက်သုံးဆီပိုကုန်တာတွေကြုံရပါလိမ့်မယ်။
• ပြီးတော့ စတီယာရင်ထိန်းရတာလည်း လိုင်းပန်းတွေလို မချော့မွေ့တော့ အခက်အခဲဖြစ်နိုင်ပါတယ်။
ဒါပေမယ့် ကားဝန်းတွေကိုဆင်းကြည့်ရင် တချို့ကားတွေမှာ တပ်ထားတာကိုတွေ့ရပါတယ်။ ကိုယ်ပိုင်အကြောင်းပြချက်တွေ ရှိကြမှာပေါ့။
ဒါဆို အတုံးပန်းတွေကို ရှေ့ဘီးမှာ မတပ်သင့်ဘူးလား???
အဲ့လိုလည်းမဟုတ်ပါဘူး တောလမ်းသုံးတဲ့ကားတွေနဲ့၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ၊ မိုင်းတွင်းလုပ်ငန်းနေရာမျိုးမှာသုံးတဲ့ကားတွေမှာတော့ ရှေ့ဘီးမှာ အတုံးပန်းတွေ တပ်ပြီးသုံးကြပါတယ်။
အဲ့ဒီနေရာတွေမှာရောဘာလို့သုံးလဲ???
• တောလမ်းနဲ့ လမ်းကြမ်းတွေမှာ ရုန်းအားကောင်းရန်အတွက်သုံးပါတယ်။
• ပြီးတော့ အတုံးပန်းတွေဟာ ကုတ်အားကောင်းတဲ့အတွက် ဘရိတ်ဖမ်းတဲ့အခါမှာ အထောက်အကူပြုပါတယ်။
• ပန်းသားထူတဲ့အတွက် ခဲထိုး၊ ကျောက်ထိုးခံပါတယ်။
အဲ့ဒါကြောင့် အတုံးပန်းကို ရှေ့ဘီးမှာသုံးမယ်ဆိုရင်တော့ မိမိအသုံးပြုမယ့် ကားနဲ့လမ်းပေါ်မူတည်ပြီး အသုံးပြုသင့်ပါတယ်။ ကိုယ့်တွေ့ အကျိုးကျေးဇူးလေးတွေရှိခဲ့မယ်ဆိုရင်လည်း ကွန့်မန့်မှာ မန့်ခဲ့ပါဦးဗျ။
အားလုံးပဲ လုံခြုံဘေးကင်းကြပါစေ။
#ကမ္ဘာ့အဆင့်မီအရည်အသွေးမြင့်ဖော်ကျွန်းတာယာ