𝐘𝐚𝐧𝐊𝐢𝐧 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 𝐒𝐞𝐫𝐯𝐢𝐜𝐞

  • Home
  • Myanmar
  • Yangon
  • 𝐘𝐚𝐧𝐊𝐢𝐧 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 𝐒𝐞𝐫𝐯𝐢𝐜𝐞

𝐘𝐚𝐧𝐊𝐢𝐧 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 𝐒𝐞𝐫𝐯𝐢𝐜𝐞 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝐘𝐚𝐧𝐊𝐢𝐧 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 𝐒𝐞𝐫𝐯𝐢𝐜𝐞, Automotive Shipping Service, Yangon.

ကျွန်တော်တို့   လေးကို 👮👮‍♀️👮လက်တလောအခြေနေများကြောင့် စိတ်မကောင်းစွာဖြင့် စနေနေ့✅ 17.2.2024 မှစ၍ ယာယီ အကန့်သတ်မရှိပိတ်ထာ...
14/02/2024

ကျွန်တော်တို့
လေးကို

👮👮‍♀️👮
လက်တလောအခြေနေများကြောင့် စိတ်မကောင်းစွာဖြင့်

စနေနေ့✅ 17.2.2024 မှစ၍ ယာယီ အကန့်သတ်မရှိပိတ်ထားပါမည်

အတူလက်တွဲခဲ့သော🙇🙇🙇 ထမင်းရှင် OS/ Customers များကို အထူးပင်ကျေးဇူးတင်ရှိတယ်တယ်ခင်ဗျာ 🙏🙏🙏

💵💵💵ရောင်းပန်းသာလို့ ဝယ်လမ်းများ ပွင့်လန်းကြပါစေခင်ဗျာ 🙆‍♂️🙆‍♂️🙆‍♂️

အကယ်၍ Service ပြန်လည်ဖွင့်မည်ဆိုပါက
Page မှာအကြောင်းကြာပေးပါမည်ခင်ဗျာ 🙇

31/01/2024

🙇🙇🙇

29/01/2024

1.2.2024 ရက်နေ့ကို
ကျွန်တော်တို့ Yankin Delivery Service တစ်ရက်ပိတ်ပါမည် ဖြစ်ကြောင်း ချစ်သောကာကာများကို အသိပေးအပ်ပါသည်ခင်ဗျာ 🙏🙏

29/11/2023

1.12.2023 ရက်နေ့ကို
ကျွန်တော်တို့ Yankin Delivery Service တစ်ရက်ပိတ်ပါမည် ဖြစ်ကြောင်း ချစ်သောကာကာများကို အသိပေးအပ်ပါသည်ခင်ဗျာ 🙏🙏🙏

မလိုချင်ဘဲ ကောက်မိတာပါ😐😐
27/11/2023

မလိုချင်ဘဲ ကောက်မိတာပါ😐😐

ကျမ ဒီနေ့ နေ့ခင်း မြောက်ဥက္ကလာကနေ လှည်းတန်းသွားတော့ တက္ကစီငှားစီးသွားတယ်။ကျမက ဖေ့စဖုတ် ကြည့်နေကျလူဆိုတော့ တက္ကစီကို သေချ...
26/11/2023

ကျမ ဒီနေ့ နေ့ခင်း မြောက်ဥက္ကလာကနေ လှည်းတန်းသွားတော့ တက္ကစီငှားစီးသွားတယ်။

ကျမက ဖေ့စဖုတ် ကြည့်နေကျလူဆိုတော့ တက္ကစီကို သေချာရွေးပြီးငှားရတယ်။
ကားထဲမှာလူပိုပါသလား။ အဲကွန်းဖွင့်ထားသလားကြည့်ရတယ်။ ဆေးခပ်မှာကြောက်လို့။

အဲဒါနဲ့ ကားငှားတာ တော်တော်ကြာသွားတယ်။

နောက်ဆုံး တက္ကစီတစ်စီးကျတော့မှ ကားသမားပုံစံကလည်း ရိုးသားတဲ့ပုံပေါ်တယ်။ အဲကွန်းလည်းဖွင့်မထားဘူး။ လူပိုလည်းမပါဘူး။ ပိုစိတ်ချရအောင် ထပ်မေးလိုက်သေးတယ်။ လူထပ်တင်မှာလား။ လမ်းမှာ အဲကွန်းဖွင့်မှာလား ဆိုတော့ လူထပ်မတင်ပါဘူး တဲ့။
အဲကွန်းကလည်း ပျက်နေတာ တဲ့။ ဖွင့်ချင်ရင်တောင်ဖွင့်လို့မရဘူးတဲ့။
အဲဒီ့အချိန်မှာပဲ သတိရလို့ ထပ်မေးကြည့်လိုက်တယ်။
ကားမောင်းနေတုန်း ဖုန်းမကိုင်ရဘူး။( ဘာညာဗီဒီယိုကားတွေ ဖုန်းနဲ့ဖွင့်ပြတာ ဖေ့စဖုတ်ထဲဖတ်ဖူးတယ်လေ) တစ်ထောင်ပိုပေးမယ် ဆိုတော့ သူက ထူးဆန်းသလိုတစ်ချက်ကြည့်ပြီး ဘာလို့လဲတဲ့။ ကျမက ဘာမှပြန်မပြောတော့ သူက ကောင်းပြီလေ တဲ့။

အဲဒါနဲ့ ကားနောက်ခန်းထဲ ဝင်ထိုင်လိုက်တယ်။ ဒီလိုနဲ့ ကားစထွက်လာရော။

လမ်းမှာ ကားသမားက ရေသန့်ဘူးကို ကောက်ကိုင်လိုက်တယ်။ အထဲမှာ အရည်မဲမဲတွေ တစ်ဝက်လောက်ရှိတယ်။ ဒါပေမယ့်ကျမက သိပြီးသား။ ကျမက ဖေ့စဖုတ် ကြည့်တယ်လေ။ အဲဒီ့ အရည်မဲမဲတွေက ကွမ်းတံတွေးတွေမှန်း သိပြီးသား။ အေးဆေးပဲ။ မလန့်ဘူး။
ဒီကားသမား အပြင်ကို ကွမ်းတံတွေးမထွေးဘူး။ စည်းကမ်းရှိသားပဲလို့တောင် သူ့ကိုအမှတ်ပေးလိုက်သေးတယ်။

ကျမစိတ်ထဲကလည်း ဖေ့စဖုတ်ထဲမှာ ဖတ်ရတဲ့ တက္ကစီသမားပြဿနာတွေကို ကြိတ်ရယ်မိတယ်။
ငါ့လို မိန်းကလေးတိုင်းပါးနပ်ရင်ကောင်းမှာပဲ ဆိုပြီးတော့ပေါ့။
ကျမက ကားသေသေချာချာရွေးငှားတော့ အေးဆေးပဲလေ။

ဒီလိုနဲ့ ကားက ရှစ်မိုင်လမ်းဆုံရောက်လာတော့ လှည်းတန်းသွားဖို့ ပြည်လမ်းပေါ်တက်လိုက်ရော။
အဲဒီ့အချိန်ကစပြီး ကားသမားက နောက်ကြည့်မှန်ထဲကနေ ခဏ ခဏ ကျမကိုကြည့်တာသတိထားမိတယ်။
ကျမလည်း နည်းနည်းမသင်္ကာ ဖြစ်လာတာနဲ့ နောက်ကြည့်မှန်ထဲကပဲ သူ့ကို သေသေချာချာ ပြန်အကဲခတ်နေရတယ်။ ကျမ နည်းနည်းတော့ ကြောက်လာပြီ။

ကားသမားမျက်နှာက ပိုပိုပျက်လာတယ်။ ခဏ ခဏလည်း ကျမကို မှန်ထဲကနေကြည့်တယ်။ ကျမကလည်း မှန်ထဲကိုပဲ မျက်နှာထားခပ်တင်းတင်းနဲ့စိုက်ကြည့်နေလိုက်တယ်။ သူ နည်းနည်းများရှိန်မလားလို့။ စိတ်ထဲကတော့ အတော်လန့်လာပြီ။

အဲဒီအချိန်မှာပဲ ကားသမားက ဟွန်းကို အရှည်ကြီး ဆွဲတီးလိုက်တယ်။ ကားရှေ့မှာလည်း ဘာမှ ဟွန်းတီးစရာ အခြေအနေမရှိဘူး။
ဟွန်းသံနဲ့ မရှေးမနှောင်းမှာပဲ အနံ့ကြီးတစ်ခု တော်တော်ဆိုးဆိုးရွားရွား ကျမ ရှူလိုက်ရတယ်။ ချက်ချင်းပဲ ကျမ ခေါင်းတွေမူးနောက်လာတယ်။ ဒါတောင် ကားမှန်တွေအကုန်ဖွင့်ထားတာနော်။

ကျမ လိပ်ပြာလွင့်မတတ်ကြောက်သွားတယ်။
အသံကုန်အော်တယ်။ ကားရပ်ခိုင်းတယ်။ အဲဒီ့လူက ချက်ချင်းရပ်မပေးဘူး။
ကျမ အာခေါင်ခြစ်ပြီး ထပ်အော်တယ်။
အခါခါအော်တော့မှရပ်ပေးတယ်။
ကားရပ်ပြီးပြီးချင်း ကျမ အမြန်ပြေးဆင်းတာပဲ။ ဖိနပ်တောင် ကားပေါ်ကျန်ခဲ့တယ်။
အောက်ရောက်တာနဲ့ အဲဒီ့ကားလည်းချက်ချင်းမောင်းပြေးတာပဲ။
ကျမလည်း ကားနံပါတ်မှတ်ဖို့တောင်သတိမရဘူး။
ကျမစိတ်ထဲမှာ လူထူတဲ့နေရာကိုအမြန်သွားဖို့ပဲ သိတော့တယ်။

ကားဟွန်းတီးလိုက်တာနဲ့ မူးမေ့စေတတ်တဲ့ဆေးငွေ့လွှတ်ပေးတဲ့ နည်းပညာမျိုးကို တက္ကစီသမားတွေသုံးကုန်ပါပြီ။
ကားမှန်တွေဖွင့်ထားလည်း စိတ်မချရတော့ပါဘူး။
လူများများသိအောင် ရှယ်ပေးကြပါ။
မြန်မာ မိန်းကလေးတွေရဲ့ဘဝဟာ နေ့ခင်းကြောင်တောင်မှာတောင် လုံခြုံမှုမရှိတော့ပါဘူး။
:( :( :(

************
************
************
************

ကျနော်က တက္ကစီမောင်းပါတယ်။
ဒီနေ့ကြုံခဲ့တာလေး ရေးပြချင်လို့ပါ။

ကျနော်အိမ်မှာ နေ့လည်စာ ထမင်းစားပြီးပြန်ထွက်လာတော့
ကျနော့်ကားကို မြောက်ဥက္ကလာကနေ လှည်းတန်းသွားဖို့တဲ့ ... မိန်းကလေးတစ်ယောက် ငှားတယ်။

ခရီးသည်တော်တော်များများကတော့ အဲကွန်းဖွင့်တာကြိုက်တယ်။
သူကတော့ အဲကွန်းမဖွင့်တာပိုကြိုက်တယ်တဲ့။
ကျနော်ကတော့ အဲကွန်းမဖွင့်လေ ဆီကုန်တာပိုသက်သာလေဆိုတော့ အဲကွန်းပျက်နေတယ်ပါ ပြောလိုက်တယ်။ အေးရော။ သူ့ကြည့်ရတာ ချမ်းတတ်လို့နဲ့တူပါတယ်။ လူပိုလည်းထပ်မတင်နဲ့တဲ့။
ကျနော်ကလည်းမတင်ပါဘူးပြောလိုက်တာပေါ့။
ထူးဆန်းတာက ကားမောင်းရင်း ဖုန်းမသုံးနဲ့ဆိုတာပဲ။ တစ်ထောင်ပိုပေးမယ်တဲ့။ ဘာလို့လဲမေးတော့လည်းပြန်မဖြေဘူး။
ကဲ .... တစ်ထောင်ပိုရလည်း မနည်းဘူးဆိုပြီး ဖုန်းမသုံးပါဘူးပြောလိုက်ရတယ်။

တစ်လမ်းလုံး ယာဉ်ကြောပိတ်တာကလွဲပြီး ဘာပြဿနာမှမတက်ဘူး။
ရှစ်မိုင်မီးပွိုင့်လည်းရောက်ရော ပြဿနာတက်ရောခင်ဗျ။
အိမ်က ကျနော်စားလာတဲ့ဟင်းက ချဉ်ပေါင်ရွက်ချဉ်ရည်ရယ် ဆူးပုတ်ရွက်နဲ့ပဲကြီးဟင်းရယ် ဒညင်းသီးနဲ့ ငါးပိရည်ရယ်။
အဲဒီ့မှာ ဒုက္ခစတော့တာပဲ။
ရှစ်မိုင်လမ်းဆုံရောက်တော့ လေလည်ချင်လာရော။
ကျနော် အောင့်ထားတယ်။ စားထားတဲ့အစာကိုကြည့်လိုက်တာနဲ့ အနံ့က ပြင်းမှာ ကျိန်းသေသိနေတာကိုး။
နှစ်ယောက်တည်းပါတဲ့ကားပေါ်မှာ ကျနော့်လက်ချက်မှန်း သူကျိန်းသေသိမှာကိုးဗျ။
အဲဒါနဲ့ ကျနော်အောင့်ထားတယ်။ ဘက်မှန်ထဲကနေသူ့ကို ကြည့်လိုက်တော့ ကျနော်ကို မျက်မှောင်ကြီးကျုံ့ပြီးစိုက်ကြည့်နေသဗျ။ အဲဒါနဲ့ ကျနော်လည်း သူသတိမထားမိတဲ့အချိန် အသံမမြည်အောင် ကြိတ်လွှတ်လိုက်မယ်ဆိုပြီး ဘက်မှန်ထဲကနေကြည့်တာ သူကလည်း ကျနော့်ကို မကျေနပ်တဲ့ မျက်နှာပေးကြီးနဲ့ တောက်လျှောက်စိုက်ကြည့်နေသဗျ။

အဲဒါနဲ့ ....

နောက်ဆုံး မအောင့်ထားနိုင်တော့တဲ့အဆုံး
(အောင့်ထားတော့ အီးငွေ့ပမာဏကလည်းပိုပိုများလာပြီ)
ပေါက်ရတော့မယ်။
အောင့်ပြီးမှပေါက်ရတာဆိုတော့ အသံအကျယ်ကြီး မြည်မှာလည်း ကိုယ့်ဖာသာသိနေတယ်။
အဲဒါနဲ့ ရုတ်တရက် အကြံပေါ်လာတဲ့အတိုင်း ကားဟွန်းကို အရှည်ကြီးတီးပြီး အီးပေါက်ထည့်လိုက်တယ်။
အီးသံကိုဟွန်းသံဖုံးသွားတာပေါ့လေ။ ပိုင်တယ်ကွာဆိုပြီး ကိုယ့်ကိုယ်ကိုကိုယ် ကျေနပ်နေတာ။

ဒါပေမယ့် ....
ပဲကြီးဟင်းရယ်
ဆူးပုတ်ရွက်ရယ်
ချဉ်ပေါင်ဟင်းရယ်
ဒညင်းသီးရယ်
ငါးပိရည်ရယ်
အားလုံးပေါင်းပြီးထွက်လာတဲ့ ရနံ့က
အီးပေါက်လိုက်တဲ့ ကာယကံရှင် ကျနော်တောင် ရှူမိတော့မူးသွားတယ်ဗျာ။ ဒီလောက်အနံ့ဆိုးတဲ့အီးမျိုး တစ်ခါမှ မရှူဖူးဘူး။

သွားပါပြီ ...... ဆိုပြီး တွေးနေတုန်း
နောက်က ကောင်မလေးက ရုတ်တရက် " အား " ဆိုပြီး အကျယ်ကြီးထအော်တယ်။
ကားရပ်ပေးဆိုပြီးတော့လည်း ထအော်တယ်။
ကျနော်လည်း ရုတ်တရက်ဆိုတော့ ကြောင်နေတာနဲ့ ကားမရပ်ပေးမိဘူး။
ကောင်မလေးက အခါခါ အာခေါင်ခြစ်အော်တော့မှ ကျနော်ကားထိုးရပ်လိုက်ရတယ်။

ရပ်လိုက်တာနဲ့ ကောင်မလေးက အော်ပြီး ဝုန်းခနဲ ဆင်းပြေးတယ်။
ကျနော်လည်း ရှက်လွန်းတာနဲ့ သူဆင်းပြီးပြီးချင်း ကားကို အမြန်မောင်းထွက်ခဲ့တယ်။

ရှက်လိုက်တာဗျာ။

ကိုယ့်အီးနံ့ကြောင့် ခရီးသည်တစ်ယောက် အော်ပြီး ဆင်းပြေးရတယ်ဆိုတာ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှကြားတောင်မကြားဖူးပါဘူး။

ရှက်လိုက်တာ ......

😭

Crd to owner

ရထားလိုတော့မထွက်ဘူး သန့်စင်ခန်းမပါလို့😆😆
19/11/2023

ရထားလိုတော့မထွက်ဘူး သန့်စင်ခန်းမပါလို့😆😆

Ybs များလည်းဆင်ခြင်မောင်းကြပါcusများလည်း မလောကြပါနဲ့ridersတွေလည်း ဂရုစိုက်ကြပါခင်ဗျာ
03/11/2023

Ybs များလည်းဆင်ခြင်မောင်းကြပါ
cusများလည်း မလောကြပါနဲ့
ridersတွေလည်း ဂရုစိုက်ကြပါခင်ဗျာ

11/10/2023

မန္တလေးက သူတွေကမှ ရန်ကုန်က delivery riders တွေကိုစာနာကြသေးတယ်......
ရန်ကုန်ကသူတွေကတော့ ကိုပေါ်ဦးပြောတဲ့အတိုင်းပါပဲ😅

02/10/2023

🚨🚨🚨
ကျွန်တော်တို့အား နေ့စဥ် ordersများ အပ်နှံပေးလျက်ရှိသော Online shop & Online business များခင်ဗျာ မိမိတို့၏ Cus များအားမှာယူထားသော အသုံးဆောင်ပစ္စည်းများကို တိုက်အောက်ဆင်းယူပေးခြင်း (or)အပေါ်မှကြိုးဖြင့် ဆွဲယူခြင်းများဖြင့် ကျွန်တော်တို့ကူညီပေးကြရန် ပြောကြားပေးကြပါခင်ဗျာ။

ယခုအချိန်ခါမှာ ခိုးဆိုးလုနိုက်များ ပိုမိုများပြာလာ၍ ကျွန်တော်တို့ delivery သမားများအား terget ထားလာကြပြီး အမြဲလိုလိုပေါ်တင် လုယှက် ခိုးယူနေကြပါတယ်။

တိုက်ပေါ်သို့တက်ပေးသည့်အခါ ပုံးထဲကပစ္စည်းများ ခိုးယူခြင်း ၊ စက်ဘီးနှင့်ပုံးများခိုးယူခြင်းများ ခဏခဏကြုံတွေ့နေရပါတယ်ခင်ဗျာ ။ ဒီလိုခိုးယူမှုတွေကို သိမြင်ကြသော်လည်း အများစုကမသိသလိုနေကြပါတယ်။ (အခြေနေကိုလည်းနားလည်ပါတယ်ခင်ဗျာ)
ဒါကြောင့်လည်း ခဏတိုင်းစိုက်လျှော်ပေးနေရပါတယ်ခင်ဗျာ။ ကိုယ့်ပစ္စည်းကိုယ့်ရှေ့မှာရှိတာအလုံခြုံဆုံးဖြစ်တာမလို့ တိုက်ပေါ်သို့ တက်ပေးခြင်းများရပ်နားလိုက်ပါပြီခင်ဗျာ။

ယခုချိန်မှစ၍ အိမ်ရောက်၀င်ဆောင်မှုသာပေးမည်ဖြစ်၍ အပေါ်တက်၀န်ဆောင်မှုကို ရပ်နားလိုက်ပါပြီခင်ဗျာ။

ကျွန်တော်တို့ YanKin Delivery Service အားယုံကြည်စွာအပ်နှံကြသော Osတစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။🙏🙏🙏

တက်လိုက်တဲ့ဈေးတွေRoyal-D တောင် ၉၀၀ဖြစ်နေပြီမတက်သေးတာဆိုလို့ deli ခပဲရှိတယ်😪
29/08/2023

တက်လိုက်တဲ့ဈေးတွေ
Royal-D တောင် ၉၀၀ဖြစ်နေပြီ
မတက်သေးတာဆိုလို့ deli ခပဲရှိတယ်😪

ဟူးးးးး😌
22/08/2023

ဟူးးးးး😌

Address

Yangon

Telephone

+959977314121

Website

Alerts

Be the first to know and let us send you an email when 𝐘𝐚𝐧𝐊𝐢𝐧 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 𝐒𝐞𝐫𝐯𝐢𝐜𝐞 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share