26/07/2026
ကမ္ဘာ့အရုပ်ဆိုးဆုံးကားလို့ သတ်မှတ်ခံခဲ့ရတဲ့ Fiat Multipla
👹 ၁၉၉၈ ထုတ် Fiat Multipla ဆိုတဲ့ကားကို မြင်လိုက်တာနဲ့ "ရုပ်ဆိုးလိုက်တာ" လို့ ပြောကြပြီး ကမ္ဘာ့အရုပ်ဆိုးဆုံးကားလို့တောင် လှောင်ပြောင်ခဲ့ကြပါတယ်> 😅
🐸 သူ့ပုံစံက - ရှေ့မှန်အောက်မှာ မီးလုံးကြီး ၂ လုံး သီးသန့် ပါနေလို့ ဖားကြီးတစ်ကောင် ပြုံးနေသလို ဖြစ်နေတာပါ။
📦 ကားအောက်ပိုင်းအပေါ်မှာ တခြားကားတစ်စီး ထပ်တင်ထားသလိုမျိုး မတ်မတ်ကြီး ဆက်ထားသလို ဖြစ်နေပါသေးတယ်။
💡 ရုပ်ဆိုးပေမဲ့ အသုံးဝင်မှုကတော့ လျှော့တွက်လို့ မရပါဘူး။
👨👩👧👦ရှေ့ခန်းမှာတင် လူ ၃ ယောက် ထိုင်လို့ရပါတယ်။ အရှေ့ ၃ ယောက်၊ အနောက် ၃ ယောက် စုစုပေါင်း လူ ၆ ယောက် အပြည့် သက်တောင့်သက်သာ စီးလို့ရပါတယ် ။
🧘 ကားအတွင်းပိုင်းက အကျယ်ကြီးမို့ ကားထဲမှာ စီးရတာ လွတ်လပ်ပြီး လေဝင်လေထွက် အရမ်းကောင်းပါတယ် ။
🌟 ရုပ်ဆိုးပေမယ့် သုံးရတာတော့ အဆင်အရမ်းပြေတဲ့ ထူးထူးခြားခြား ကားတစ်စီး လို့ ပြောရမှာပါဗျာ။
⚠️ ESTY မှ post များကို လွတ်လပ်စွာ Share နိုင်ပါသည်။ တိုက်ရိုက်ကူးယူပြီး ပြန်တင်ခြင်း ခွင့်မပြုပါ ⚠️