Bo Bo Car Auto Rental Service

Bo Bo Car Auto Rental Service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Bo Bo Car Auto Rental Service, Automotive, aircraft & boat, 15, Zingama Street, Tharketa Township, Yangon.

ဒီတစ်ပတ်အတွက်တော့ ကားမောင်းသင်နေတဲ့သူတွေ၊ ကားမောင်းဖို့ လိုက်လံလေ့လာနေတဲ့ သူတွေအတွက် အများစုမောင်းနှင်နေတဲ့ အော်တိုဂီယာက...
25/06/2020

ဒီတစ်ပတ်အတွက်တော့ ကားမောင်းသင်နေတဲ့သူတွေ၊ ကားမောင်းဖို့ လိုက်လံလေ့လာနေတဲ့ သူတွေအတွက် အများစုမောင်းနှင်နေတဲ့ အော်တိုဂီယာကို ဘယ်လို မောင်းမလဲဆိုတဲ့ အကြောင်းလေးကို ပြောပြပေးပါမယ်။

မန်နူရယ်မောင်းတဲ့သူတွေအတွက် အော်တိုဂီယာဘက်ပြောင်းမယ်ဆိုရင် ဘာတွေလုပ်ရမလဲဆိုတာတွေကိုပါ ပြောပြပေးပါမယ်။ အော်တိုဂီယာကားကို မောင်းနှင်သူများအတွက် အခုပြောပြပေးမယ့် အကြောင်းအရာတွေကို ကျိန်းသေသိထားသင့်ပါတယ်။

အရင်ဆုံးအော်တိုဂီယာရဲ့ အင်္ဂလိပ်လိုအတို ကောက်လေးတွေကိုကြည့်လိုက်ရအောင်။ အဲဒါလေးတွေကို အော်တိုဂီယာကားတွေပေါ် တက်လိုက်တာနဲ့ အရင်ဆုံးတွေ့ရမှာပါ။ P က Park ၊ N က Neutral သို့မဟုတ် No Gear ၊ D က Drive ၊ R က Reverse ၊ L က Low ဆိုပြီး တွေ့ရမှာပါ။ ဒါတွေ ဘယ်လိုသုံးကြမလဲ။

P (Park)

P ရဲ့ လုပ်ငန်းစဉ်ကို စပြောရမယ်ဆိုရင် အလွယ်ဆုံးနဲ့ အတိုဆုံးပြောရမယ်ဆိုရင်တော့ P ကားရပ်ထားချိန် ကားမရွေ့သွားစေဖို့ အသုံးပြုတာပါ။ P Position မှာ ဂီယာမောင်းတံထားရင် ကားရွေ့မရတာက ဘာလို့လဲလို့ သိချင်ကြမှာပါ။ ဘာလို့လဲဆိုတော့ အော်တိုဂီယာဘောက်ထဲမှာ ဂီယာမိန်းရှပ် (Output Shaft) ကို Lock လုပ်ထားတဲ့ ပင်နယံ (Pinion) နဲ့ Lock Switch တွေကြောင့်ဖြစ်ပါတယ်။ Lock Switch က ဂီယာမောင်းတံကို P မှ ရွှေ့လိုက်တာနဲ့ Lock အထိန်းဖြုတ်ပေးပါတယ်။ ပြီးရင် P ကို ပြန်ရောက်တာနဲ့ စပရိန်အားကြောင့် အလိုအလျောက် Lock Switch အလုပ်လုပ်ပြီး ရပ်ထားချိန် ကားနေရာမရွေ့အောင် ထိန်းပေးပါတယ်။ ဒါပေမဲ့ အတက်အဆင်းတွေမှာ ကားရပ်ထားရင် လက်ဆွဲဘရိတ် (Parking Brake သို့မဟုတ် Hand Brake) ပါသုံးပါ။ တချို့ကားတွေမှာ Parking Brake ဟာ ခြေနင်းအသေးလေးနဲ့ ဘယ်ဘက်မှာပါတတ်ပါတယ်။ ဂီယာမောင်းတံကို P မှာထားမှ သော့ဖြုတ်လို့ရတဲ့ ကားတွေလည်း ရှိပါတယ်။

N (Neutral သို့မဟုတ် No Gear)

P မှာထားမှ သော့ဖြုတ်လို့ရသလို တချို့ကားတွေကလည်း N ဂီယာမှာထားမှ သော့ဖြုတ်နိုင်တဲ့ ကားတွေလည်း အော်တိုဂီယာကားတွေမှာ ရှိတတ်ပါတယ်။ N ကို နိုင်ငံအလိုက် ဖရီးဂီယာ (No Gear) လို့ သုံးကြပါတယ်။ ဘယ်ဂီယာမှ မဝင်တဲ့အတွက်ကြောင့်ပါ။

Reverse (R)

R ဂီယာကို မြန်မာနိုင်ငံမှာ ဘက် (Back) ဂီယာလို့ ခေါ်ကြပါတယ်။ Reverse ဂီယာလို့ မခေါ်ကြပါဘူး။ ဒီဂီယာကို ကားနောက်ဆုတ်ဖို့အတွက် သုံးပါတယ်။

D (Drive)

D ဂီယာတွေကိုတော့ အသုံးများတယ်လို့ ဆိုရမှာပါ။ ဘာလို့ဆို D ဂီယာတွေကို ရှေ့ကိုမောင်းဖို့အတွက် သုံးကြလို့ပါ။

နံပါတ်အလိုက် ဂီယာတွေ

No.1 ဂီယာ

နံပါတ် ၁ ဂီယာကစပြီး အရှိန်အများဆုံးဂီယာအထိ အလိုအလျောက် ကားအရှိန်ကိုလိုက်ပြီး KD (Kick Down Switch)၊ Engine Control Unit(ECU)၊ TPS (Throttle position sensor)၊ Speed Meter Sensor၊ TCU (Transmission Control Unit Box) တွေက Solenoid တွေကို အလုပ်လုပ်စေပြီး ဂီယာချိန်း (Change) ပေး၊ ဒေါင်း (Down) ပေးပါတယ်။ ဂီယာတစ်ခုမဝင်ဘဲ မောင်းနေဆဲ ဂီယာမချိန်း၊ မဒေါင်းပေးပါဘူး။ ဂီယာထည့်ကာ မောင်းနှင်နေချိန် ဖရီး ဖြစ်သွားတယ်မရှိပါဘူး။

Third (3)

ဂီယာနံပါတ် ၁ ကနေ ၃ အထိ ကားအရှိန်လိုက်ပြီး ဂီယာအတင်အချပြုလုပ်ကာ ချိန်းပေး၊ ဒေါင်းပေးပါတယ်။ သိပ်မမြင့်တဲ့တောင်တက်၊ တောင်ဆင်းတွေ၊ Off-Road တွေနဲ့ Sport ကားတွေမှာလည်း သုံးကြပါတယ်။ Sport မောင်းရင် (၃) ဂီယာနဲ့ လီဘာ (Accelerator Pedal) ကို နင်းပြီး ကိုယ်လိုချင်တဲ့ အရှိန်ရောက်မှ (D) ကို ပြောင်းထည့်ပါ။ ECT Power Switch ပါတဲ့ ကားတွေမှာ Sport မောင်းတဲ့အခါ Power မှာထားပြီး မောင်းကြပါတယ်။

Second (2)

ဂီယာနံပါတ် ၁ ကနေ ၂ အထိ ကားအရှိန်လိုက်ပြီး ဂီယာပြောင်းပေးပါတယ်။ မြင့်မားတဲ့တောင်တွေ၊ ကုန်းတွေမှာ အတက်အဆင်းလုပ်တဲ့အချိန်မှာ သုံးပါတယ်။ ပြီးတော့ နှင်းအရမ်းကျတဲ့ နိုင်ငံတွေမှာဆိုရင် နှင်းထဲမှာ မောင်းဖို့အတွက် သုံးကြပါတယ်။

L (Low)

L (Low) ဂီယာတွေကို ရွှံ့ထဲရုန်းတဲ့အခါတွေ၊ အလွန်မြင့်မားတဲ့တောင်တွေကို ဝန်အလေးနဲ့ အတက်အဆင်းလုပ်တဲ့အခါတွေမှာ သုံးပါတယ်။ နံပါတ် ၁ ဂီယာတစ်ချက်တည်းဖြစ်ပြီး ဂီယာမချိန်းတော့ပါဘူး။

အချို့အော်တိုဂီယာတွေမှာ Manual စနစ်နဲ့ မောင်းနှင်နိုင်ဖို့အတွက် ဂီယာမောင်းတံ ဘေးဘယ်ညာမှာ အပေါင်း၊ အနုတ်နဲ့ အကွက်လေးတွေ ပါပါတယ်။ Manual မှာ ထားမောင်းရင် ဂီယာ ၁၊ ၂၊ ၃၊ ၄၊ ၅ သို့ပြောင်းရာမှာ အပေါင်းဘက်ကို တစ်ချက်ချင်းတွန်းပြီး ဂီယာချိန်းပေးရတယ်။ အလိုအလျောက် မချိန်းပါဘူး။ သတ်မှတ်အရှိန်မရှိသေးရင် ၂၊ ၃၊ ၄၊ ၅ မဝင်ပါဘူး။ သူ့သတ်မှတ်အရှိန်ရောက်မှ ဂီယာဝင်တာပါ။ အနုတ်ဘက်ကို တစ်ချက်တွန်းရင် ဂီယာ ၅၊ ၄၊ ၃၊ ၂၊ ၁ ကို တစ်ချက်ချင်း ဒေါင်းပေးပါတယ်။ ဘရိတ်နင်းရင်လည်း သတ်မှတ်အရှိန်အတိုင်း အလိုအလျောက် ဒေါင်းပေးပါတယ်။ Manual နဲ့ မောင်းနိုင်ရင် ဆီစားအနည်းငယ်သက်သာပါတယ်။


ECT Power Switch

ECT ဆိုတာက Electronically Control Transmission ပါ။ ECT Power Switch ရဲ့ အလုပ်လုပ်ပုံက Switch Power On လုပ်ထားရင် Auto Transmission ကို Full Hydraulically ဖြစ်အောင် ဂီယာဘောက်မှာရှိတဲ့ ှSpeed Sensor နဲ့ Throttle Position Sensor၊ ECU၊ ECT တို့ရဲ့ ထိန်းချုပ်မှုနဲ့ Throttle Idle Plate Valve ကို ပုံမှန်ထက် ၁၀ ရာခိုင်နှုန်းကျော်ဖွင့်ပေးပြီး Engine Power နဲ့ Auto Transmission Power ကို အပြည့်အဝဖြစ်အောင် အသုံးချတာပါ။ ဂီယာ ၁၊ ၂ မှာ အလုပ်မလုပ်သေးဘဲ ၃၊ ၄ နဲ့ ၅ (ပါတဲ့ကား) ဂီယာတွေမှသာ အလုပ်လုပ်တာပါ။ အင်ဂျင်စွမ်းရည် အမြင့်ဆုံးနဲ့ ဂီယာစွမ်းရည် အမြန်ဆုံးရအောင် သုံးတာပါ။ ှSport တွေနဲ့ တောင်တက်မှာ သုံးတာပါ။ ဒီဂီယာက ဆီအနည်းငယ် ပိုစားပါတယ်။

သိထားသင့်တဲ့အရာတွေ

အော်တိုဂီယာကို မောင်းမယ်ဆိုရင် ဘယ်ဘက်ခြေထောက်ကို လုံးဝမေ့ထားသင့်ပါတယ်။ ညာဘက် ခြေထောက်တစ်ဖက်တည်းနဲ့ပဲ လီဘာ (Acce- lerator Pedal) နဲ့ ဘရိတ် (Brake Pedal) ကို အသုံးပြုသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လီဘာမှာ KD (Kick Down Switch) လို့ခေါ်တဲ့ ဂီယာအချိန်းအပြောင်းကို အင်ဂျင်အပတ်ရေ (RPM) နဲ့ ထိန်းချုပ်ထားပြီး ဘရိတ်မှာတော့ STP (Stop Light Switch) ရှိနေပါတယ်။ KD မီးကြိုးရော၊ STP မီးကြိုးရော၊ ECU(Engine Control Unit)၊ ECM (Engine Control Module) Box လို့ခေါ်တဲ့ အင်ဂျင်ကွန်ထရိုးဘောက်ထဲကို ဝင်ပါတယ်။

KD မီးရဲ့အလုပ်လုပ်ပုံက လီဘာနင်းချိန် အင်ဂျင်အပတ်ရေပြည့်ရင် မိုင်နှုန်းပြမီတာ (Speed Meter) ရဲ့ထိန်းချုပ်မှု၊ အင်းလက်လေထိန်းတံခါး ဆင်ဆာ (Throttle Position Sensor) တွေရဲ့ ထိန်းချုပ်မှုနဲ့ လိုသလို ဂီယာအချိန်းအပြောင်းလုပ်ပေးပါတယ်။ STP ကတော့ ဘရိတ်နည်းနည်း နင်းလိုက်လို့ ECU ထဲကို မီးဝင်သွားတာနဲ့ အင်ဂျင်အပတ်ရေ တစ်ထောင်အောက်အထိ ဆီဖြတ်ပစ်ပါတယ်။ ထပ်နင်းလိုက်ရင် Speed Meter ရဲ့ တွက်ချက်မှုအရ ဂီယာကို ဒေါင်းပေးပါတယ်။ နောက်ထပ် လုပ်ဆောင်ချက်တစ်ခုက Automatic Transmission Lock Up Torque Converter လုပ်ပြီး ကားရဲ့ မောင်းနှင်နေတဲ့ အော်တိုဂီယာစနစ်ကို အမြန်ဆုံး ရပ်ပစ်တာပါ။ အရှိန်ကိုလိုက်ပြီး ဂီယာကို လိုရင်လို သလို တစ်ချက်ချင်းဒေါင်းပေးပြီး အမြန်လိုအပ်ရင် နံပါတ် ၁ ဂီယာအထိ အမြန်တစ်ခါတည်း ဒေါင်းပေး ပါတယ်။ အခုခေတ်မော်ဒယ်မြင့်ကားတွေမှာတော့ Two Step Break Switch တွေကို သုံးပါတယ်။

ဒါကြောင့် ဘယ်ဘက်က ဘရိတ်ပေါ်ခြေထောက်တင်ထားပြီး ညာဘက်က လီဘာနင်းနေရင် ကားရဲ့ အင်ဂျင်ထိန်းချုပ်မှုစနစ် အော်တိုဂီယာထိန်းချုပ်မှု စနစ်တွေ ရှုပ်ထွေးကုန်ပြီး ဂီယာရော အင်ဂျင်ပါနာပြီး ပျက်တတ်ပါတယ်။ အော်တိုဂီယာကားတိုင်းလိုလို ဘယ်ဘက်ခြေထောက်တင်ဖို့ကို ဘရိတ်ဘယ်ဘက် အစွန်မှာထားပေးတတ်ပါတယ်။ ဒါကြောင့် အော်တိုဂီယာကားကို မောင်းနှင်ရင် ညာဘက်ခြေထောက် တစ်ချောင်းထဲနဲ့ပဲ မောင်းနှင်ရမယ်လို့ ကားကုမ္ပဏီတွေက အတိအကျညွှန်ကြားထားပါတယ်။ ဒါကြောင့် အော်တိုဂီယာမောင်းမဲ့သူတွေအနေနဲ့ ဘယ်ခြေထောက်ကို မေ့ထားလိုက်ပါ။

ဒီနေရာမှာ ပြဿနာရှိတာက မန်နျူရယ်ဂီယာ မောင်းနေရာကနေ အော်တိုဂီယာပြောင်းမောင်းတဲ့ သူတွေအတွက်ပါ။ မန်နျူရယ်မောင်းတဲ့ သူတွေအနေနဲ့ ဘယ်ခြေထောက်ကို မဖြစ်မနေအသုံးပြုရ (ဘယ်ဘက်က ကလပ်နင်းရ) တဲ့အတွက် အော်တိုဂီယာ မောင်းရင်လည်း ဘယ်ဘက်ကိုသုံးတဲ့အကျင့် ဆွဲကပ်နေတတ်ပါတယ်။ ဒီလိုဆိုရင် ဘယ်ဘက်ကို တတ်နိုင်သမျှ မေ့ထားဖို့လိုပါတယ်။ ညာမောင်းကနေ ဘယ်မောင်းပြောင်းမောင်းရင် တွေ့တတ်တဲ့ အခက်အခဲလိုမျိုးပါပဲ။ ဒီပြဿနာဟာလည်း အော်တိုဂီယာအမောင်းကြာသွားလို့ မေ့မေ့ဖျောက်ဖျောက်နဲ့ ဘယ်ခြေထောက် မသုံးမိတော့ရင် ပျောက်သွားမယ့် အကျင့်တစ်ခုပါပဲ။

အော်တိုဂီယာတွေ အလုပ်လုပ်ပုံ

နောက်တစ်ခုက အော်တိုဂီယာတွေ ဘယ်လို အလုပ်လုပ်လဲကြည့်ရအောင်။ အော်တိုဂီယာတွေက Hydraulically လို့ခေါ်တဲ့ ဆီဖိအားစနစ်နဲ့ကားကို ရွေ့လျားစေတာပါ။ အော်တိုဂီယာဆီပန့် (Oil Pump) မှာ ဖရုံသီး (Converter) အဝင် ဂီယာရဲ့ Input Shaft မှာ ထိုင်ထားပါတယ်။ ဆီမရှိရင် ကလပ်ပလိပ်ပြားတွေကို ဆီနဲ့ ဖိအားမပေးနိုင်လို့ ကားမသွားပါဘူး။ ဆီနည်းနေရင်လည်း ပုံမှန်လောက်ကားမဆွဲပါဘူး။ ဆီများပြန်ရင်လည်း အော်တိုဆီအရမ်းပူပြီး ဂီယာ ကလပ်ပြားလေးတွေ ပျက်တတ်ပါတယ်။ ဂီယာအချိန်း အပြောင်းလုပ်တာကတော့ အပေါ်ကပြောတဲ့အတိုင်း KD မီးရဲ့ ကြိုးက လီဘာနင်းချိန် အင်ဂျင်အပတ်ရေ ပြည့်ရင် မိုင်နှုန်းပြမီတာ (Speed Meter) ရဲ့ထိန်းချုပ်မှု အင်းလက်လေထိန်းတံခါးဆင်ဆာ (Throttle Position Sensor) တွေရဲ့ ထိန်းချုပ်မှုနဲ့ လိုသလို ဂီယာအချိန်းအပြောင်း လုပ်ပေးဖို့ကို ECU Box ကနေ TCU(Transmission Control Unit) ကို D1၊ D2၊ D3၊ D4၊ D5 ဆိုပြီး အမြင့်ဆုံးပါတဲ့ ဂီယာအထိ မီးကြိုးတွေနဲ့ ထိန်းချုပ်အလုပ်လုပ်ပါတယ်။ တချို့မော်ဒယ်မြင့်ကားတွေမှာ CU Control Box နဲ့ အော်တိုဂီယာထိန်းချုပ်မှုစနစ် ပါပါတယ်။ အော်တိုဂီယာတွေမှာ ဆီမကောင်းရင် ဂီယာပျက်တတ်သလို ATF နဲ့ CVT မှားရင်လည်း ဂီယာပျက်တတ်ပါတယ်။ အော်တိုဂီယာနဲ့ CVT(Continuously Variable Transmission) ကို ကျွမ်းကျင်သူတွေဆို ဂီယာအပြင်ပိုင်းနဲ့ ဂီယာမောင်းတံ (Shift Lever) ကို ကြည့်ပြီး ခွဲနိုင်သလို ဆီတိုင်းတံမှာ အော်တိုဆီဆိုရင် ATF လို့ ရေးထားပြီး CVT Gear ဆိုရင် CVT လို့ ခွဲခြားရေးထားပေးပါတယ်။

ဂီယာမောင်းတံ (Shift Lever) ဘယ်လိုသုံးလဲ

အော်တိုဂီယာတွေမှာ OD Button ပါတဲ့ ကားတွေရှိသလို လုံးဝမပါတဲ့ ကားတွေလည်းရှိပါတယ်။ တချို့ကားတွေက ဂီယာမောင်းတံ (Shift Lever) မှာ OD လုံးဝမပါတဲ့ကားတွေပါ။ Shift Lock Button ပါတဲ့ ကားတွေရှိသလို Shift Lock Button လုံးဝမပါတဲ့ကား Shift Lock ကို ကားသော့ထည့်ပြီး သုံးရတဲ့ကားတွေလည်းရှိပါတယ်။ တန်ဖိုးကြီးကားတချို့မှာတော့ လုံးဝမထည့်ထားပါဘူး။ ကားလုံခြုံရေးအတွက် သော့ဖွင့်ပြီး ဘရိတ်နင်းမှ ဂီယာထည့်လို့ရအောင် လုပ်ထားပေးပါတယ်။ ဂီယာမောင်းတံရွှေ့ရာတွင် Release Button လို့ ခေါ်တဲ့ ဂီယာမောင်းတံဘေးကခလုတ်ကို နှိပ်မှ ရွှေ့ပြောင်း ဂီယာထည့်ရတဲ့ ကားတွေရှိသလို Release Button ခလုတ်မပါဘဲ ရွှေ့ပြီးရတဲ့ ဂီယာမောင်းတံတွေလည်း ရှိပါတယ်။ Shift Lock ဆိုတာ အော်တိုဂီယာကားတွေမှာ ဂီယာမောင်းတံကို P Position ကနေ စက်နှိုးပြီး ဘရိတ်မနင်းဘဲ ကျန်တဲ့ ဂီယာတွေကို ထည့်မရအောင် အထိန်းသဘောမျိုး ထည့်ထားပေးခြင်းဖြစ်ပါတယ်။ ဘရိတ်နင်းလိုက်ချိန်မှာ ဘရိတ် (Brake Pedal) နင်းတံအတွင်းဘက်မှာ တပ်ဆင်ထားတဲ့ ဘရိတ်မီးခလုတ် (Brake Pedal Switch) ကတစ်ဆင့် Relay သို့ မီးပေးကာ shift Lock Solenoid ခလုတ်ကို ဖွင့်ပေးပါတယ်။ ဒါကြောင့် ဘရိတ်နင်းမှ ဂီယာမောင်းတံ ပြောင်းလို့ရတာပါ။ ဘရိတ်နင်းပေမယ့် ဂီယာတံ နေရာပြောင်းမရခြင်းဟာ ဘရိတ်မီးအဝင် Fuse ပြတ်တာ၊ Brake Pedal Switch မကောင်းတာ၊ Shift Lock Solenoid အလုပ်မလုပ်တာတွေကြောင့် ဖြစ်ပါတယ်။ ဒါတွေကတော့ အော်တိုဂီယာတွေအကြောင်းနဲ့ပတ်သက်ပြီး သိကောင်းစရာလေးတွေကို စုစည်းဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။

Creidt; Original Writer

Happy birthday 🎂🎊🎈 အမေစု
18/06/2020

Happy birthday 🎂🎊🎈 အမေစု

  rent
16/06/2020

rent

17/04/2020
10/03/2020

တာထွက်ချိန်ချင်းမတူကြပါ

အိုဘားမားက

အသက်၅၅နှစ်မှာ အနားယူတယ်။

ဒေါ်နယ်ထရမ့်ပ်က

အသက်၇၀မှာ စတင်တာဝန်ထမ်းဆောင်တယ်။

ဘန်ကောက်က

စင်ကာပူထက် တစ်နာရီပိုစောတယ်။

ဒါပေမယ့်

⏩ဘန်ကောက်တစ်နေ့တာနဲ့

⏩စင်ကာပူတစ်နေ့တာဟာ

ကြာချိန်ချင်းတော့ အတူတူပါပဲ။

ဘန်ကောက်က

ပို..........မမြန်သလို

စင်ကာပူက

ပို..........မနှေးပါဘူး။

တချို့က

အသက်၂၂နှစ်မှာ ဘွဲ့ရကြတယ်။

ဒါပေမယ့်

ဘဝအာမခံချက်ရှိတဲ့အလုပ်မျိုးရဖို့

၅နှစ်လောက် အချိန်ယူနေရတယ်။

တချို့က

အသက်၂၅နှစ်လောက်နဲ့ CEOဖြစ်လာတယ်။

အသက်၅၀လောက်ကျတော့ အနိစ္စရောက်ရော။

တချို့ကျတော့

အသက်၅၀ကျမှ CEOနေရာရောက်တယ်။

ပြီးတော့

အသက်၉၀လောက်ထိ နေသွားရတယ်။

တကယ်တော့

ကမ္ဘာပေါ်ကလူတစ်ဦးချင်းစီဟာ

သူတို့ရဲ့ ကိုယ်ပိုင်Time Zoneကိုအခြေခံပြီး

အလုပ်လုပ်နေကြတာပါ။

ဥပမာ-

ကျွန်တော်အခု

ဒီစာကိုရေးနေတဲ့အချိန်က

ကြာတပတေးနေ့ နေ့လယ်၁၁နာရီဝန်းကျင်။

ပုဂံမှာဘုရာဖူးရောက်နေတယ်

ဒါပေမယ့်

လော့စ်အိန်ဂျလိစ်က

ရုံးဝန်ထမ်းတစ်ယောက်အတွက်တော့

ဗုဒ္စဟူးနေ့ည၁၀နာရီဝန်းကျင်။

သူဘီယာသောက်ရင်သောက်နေမှာပေါ့။

ကျွန်တော်တို့အနေနဲ့

ကိုယ့်ပတ်ဝန်းကျင်ကိုတစ်ချက်ပြန်ကြည့်ရင်

လူတချို့က

ကျွန်တော်တို့ထက် ရှေ့ရောက်နေတယ်။

တချို့ကတော့

ကျွန်တော်တို့နောက်မှာကျန်ခဲ့တယ်ဆိုတာမျိုး

ခံစားရပါလိမ့်မယ်။

ဒါပေမယ့်

တကယ်တမ်းတော့ တစ်ယောက်ချင်းစီဟာ

သူတို့ရဲ့ကိုယ်ပိုင်ပြေးလမ်းအတိုင်း

ပြေးနေကြတာပါ။

#တစ်ယောက်နဲ့တစ်ယောက်ပြေးလမ်းချင်းမတူကြဘူး။

ပိုအရေးကြီး တာက

တာထွက် ချိန်. ချင်း မ တူ ကြ တာ ပဲ

တစ်စုံတစ်ယောက်ဟာ အမြင်အားဖြင့်

⏩ကျွန်တော်တို့ရှေ့ကိုရောက်နေသည်ပဲဖြစ်စေ

⏩နောက်မှာကျန်ခဲ့သည်ပဲဖြစ်စေ

မနာလိုစရာ / ဝမ်းနည်းစရာ မလိုအပ်ပါဘူး ။

သူ.......

⏩ဘယ်နေရာကစပြီးတာထွက်တယ်

⏩ဘယ်နေရာမှာပန်းဝင်မယ်ဆိုတာ

ကျွန်တော်တို့သိနိုင်ကြလို့လား။

သူတို့က

သူတို့Time Zoneကိုအခြေခံပြီး

အလုပ်လုပ်တယ်။

ကျွန်တော်တို့က

ကျွန်တော်တို့Time Zoneကိုအခြေခံပြီး

အလုပ်လုပ်တယ်။

အရေးကြီးတာက

# ကိုယ့်အတိုင်းအဆနဲ့ကိုယ်ပုံမှန်ကြိုးစားနေဖို့ပါပဲ။

အချိန်တန်ရင် ပန်းတိုင်ရောက်ပါလိမ့်မယ်။

အဲဒါကြောင့်

စိတ်အေးအေးထားပါ။

ကျွန်တော်တို့ ကြိုရောက်မနေပါဘူး။

ဒီလိုပဲ

ကျွန်တော်တို့ နောက်ကျမနေပါဘူး။

" ရပ် မ နေ ဖို့ ပဲ လို အပ် ပါ တယ်။ "

Credit :....

14/02/2020

ကိုယ်ပိုင်ကားစီးကြရာဝယ်

အချို့က size ကိုစီးတယ်
"သိန်း ၄၀၀ နဲ့ ဒီထက်ကြီးတာရဦးမလား?"

အချို့က ဂိုက်ကိုစီးတယ်
"သိန်း ၈၀၀ နဲ့ အိုဘားမား စီးတဲ့ ကားမျိုးရတာနဲလား လူရှိန်တာပေါ့"

အချို့က မိသားစုလိုက်စီးတာ
"၇ ယောက်စီးကို extra အလယ်ခုံထိုးပေးလို့ရဦးမလား"

အချို့ကဘရမ်းကိုစီးတယ်
"ကွီးယားကားက သိန်း ၇၀၀ ဟုတ်လား တော်ပြီ မာစိစိ အဟောင်းပဲစီးမယ်"

အချို့က ထူးထူးခြားခြားစီးတယ်
"ကမ္ဘာမှာ ၄ စီးပဲရှိပြီး မြန်မာပြည်မှာ ၁ စီးပဲရှိတယ် အဲ့ဒါငါ့ကား"

အချို့ကလှလို့စီးတာ
"တရုတ်ကားဆိုပေမဲ့ BMW နဲ့နင်လားငါလားပဲ "

အချို့က နံပါတ်ပြားစီးတယ်
"ဘရမ်းနယူးဆိုပေမဲ့ MDY ပဲရမှာ YGN ရွှေငါးပဲစီးမယ်"

အချို့က ပိုက်ဆံကိုစီးတယ်
"BMW တစ်စီးဆို ဆူဇူးကီး ၄ စီးတောင်ရမှာ သီလဝါပဲအားပေးမယ်"

အချို့က ပါမစ်စီးတယ်
" "

အချို့က function ကိုစီးတာ
"နာ့ကားမှာ ဒီခလုတ်လေးပါတယ် နင့်ကားမှာပါလဲပါဘူး"

အချို့က ကလိဖို့စီးတာ
"ဒီကားဝယ်တုန်းက အော်တိုပါကင်မထိုးဘူးဗျ အခုကျွန်တော်လုပ်လိုက်တာ စက်ပါမနိုးတော့ဘူး"

အချို့က ဓါတ်ခဲစီးတာ
"နင့်ကားက နာရီစင် ဓါတ်ခဲ ငါ့ကားက Panasonic ၁~၁၀၀ ကို ၁ နာရီနဲ့ရောက်တယ်"

အချို့က ပူပင်သောကကိုစီးတာ
"စီးပြီးရောင်းရင်ရူံးမှာလား ပျက်ရင်ဘယ်လိုလုပ်မလဲ ကားပေါ်ငှက်ချေးပါချရင် ဒုက္ခ ဟဲ့ကလေးတွေ ငါ့ကားခြစ်မိမယ်"

အချို့ကားကလူကိုစီးတယ်
"Plug လဲပါဦး အောက်ပိုင်းပြင်ဦး engine oil လဲရမယ်နော် brake လဲစစ်ဦး ရေလေးပါဆေးပါ check မီးတွေလင်းနေပြီ owner ရဲ့"

အချို့က ပြားမှစီးတာ
"ကားလေးက ပြားပြီးကပ်နေတော့ G တန်ဖိုး သက်ရောက်မူ့နဲတာပေါ့"

အချို့က မြန်မှကိုစီးတာ
"ကန်ဘောင်ပွိုင့်မှာ မီးစိမ်းရုံရှိသေး နာ့ကားကခရေပင်လမ်းခွဲရောက်နေပြီ ဒါတောင် brake နင်းတာမြန်ပေလို့"

အချို့ကျအရောင်ကိုစီးတာ
"နင့်ဟာ အပြာကားကြီး "

အချို့က မကြေနပ်ချက်တွေနဲ့
"အဲ့ ကားက ငါရူရူးပေါက်ချင်နေတုန်း လမ်းလယ်မှာဘီးပေါက်ဖူးတယ် နောက်အဲ့ ဘရမ်းမစီးဘူး"

အချို့က တွက်ခြေကိုက်လို့စီးတာ
"1.3 ဆိုတော့ဆီ ၃၅၀၀၀ ဖိုး ဆို မန်းလေးရောက်ပြီ ပိုတာ ကဲလို့ရပြီ ဟိဟိ"

အချို့က မူဆယ်တစ်ဖက်ကမ်းပဲစီးတယ်
"ဒီဖန်ရှင်မျိုး BMW တောင်အစုံမပါဘူး ဒီစျေးနဲ့တန်းဒယ်"

အချို့က ဘုရားတရားနဲ့စီးတယ်
"ဘုရား ဘုရား IMA မလင်းပါစေနဲ့ သြကာသ သြကာသ အုန်းမွှေးလုံး မပျက်ပါစေနဲ့"

အချို့ကား ကို ဖားစီးတယ်
"မိန်းမက Audi စီးနော် ယောက်ကျားက Swift လေးပဲစီးမယ် "

ရုပ်ချောကြီးတွေကတော့ Hiace ပဲစီးတယ်ဗျို့😁😁😁

Crd:::: ... 😜

🚗ကဲ ဘယ်ကားလေးအကြိုက်ဆုံးလဲ 🤩🤩🤩ပုံ
27/01/2020

🚗ကဲ ဘယ်ကားလေးအကြိုက်ဆုံးလဲ 🤩🤩🤩

ပုံ

🚗ဟေး စိတ်ဖိစီးမှု့တွေလျှော့ချဖို့ ခရီးထွက်ကြစို့ 🧳 🚗🚗သန့်ရှင်းသပ်ရပ်သော ကားများ ဖြင့် လူကြီးမင်းတို့  ကိုယ်စိတ်နှစ်ဖြာ ...
27/01/2020

🚗ဟေး စိတ်ဖိစီးမှု့တွေလျှော့ချဖို့ ခရီးထွက်ကြစို့ 🧳 🚗

🚗သန့်ရှင်းသပ်ရပ်သော ကားများ ဖြင့် လူကြီးမင်းတို့
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပျာ်ရွင်သော ခရီးဖြစ်စေရန် အတွေ့အကြုံ ရှိ ယာဉ်မောင်းများက ပို့ဆောင်ပေးနေပါပြီ

🚙၄ယောက်စီး Belta

🚙၄ယောက်စီး Honda Civic

🚙၄ယောက်စီး Fit

🚙၄ယောက်စီး Honda Insight

🚙၆ယောက်စီး Wish

🚙၈ယောက်စီး ALPHARD

🚙၁၅ယောက်စီး အံစာတုံး Hiace များနဲဲ့

မြန်မာနိုင်ငံ အနှံ မြို့တွင်း နယ်ဝေး ဘုရားဖူး အပန်းဖြေခရီး အမျိုးမျိုးကို ပို့ဆောင်ပေးနေပါပီ


#095408483

Merry Christmas to you all ❄️☃️🎉ပျော်ရွှင်အေးချမ်းသော ခရစ်စ်မတ်နေ့လေးကိုပိုင်ဆိုင်န်ုင်ကြပါစေ💞💞💞
25/12/2019

Merry Christmas to you all ❄️☃️🎉

ပျော်ရွှင်အေးချမ်းသော ခရစ်စ်မတ်နေ့လေးကိုပိုင်ဆိုင်န်ုင်ကြပါစေ💞💞💞

အောင်မြင်တဲ့ လူငယ် တစ်ယောက်ဖြစ်ဖို့...................................................၁။ စိတ်ဓါတ်ခိုင်မာခြင်း - ဘယ်အချိန...
30/11/2019

အောင်မြင်တဲ့ လူငယ် တစ်ယောက်ဖြစ်ဖို့...................................................
၁။ စိတ်ဓါတ်ခိုင်မာခြင်း - ဘယ်အချိန်မှာ ဘာလုပ်မယ် ... ဘာဖြစ်ချင်တယ်ဆိုတာကို ကိုယ့်စိတ်ထဲမှာ စွဲနေအောင် နှလုံးသွင်းထားပါ။ ထိုကဲ့သို့ မိမိ၏ စိတ်ကို တိတိကျကျ သေသေချာချာ ခိုင်ခိုင်မာမာ ပြင်ဆင်ထားခြင်းက လုပ်ငန်းဆောင်ရွက်ရာတွင် တည်တည်ငြိမ်ငြိမ်ဖြင့် အာရုံစူးစိုက်မှု အားကောင်းကာင်းဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်မည် ဖြစ်သည့်အပြင် “ငါလုပ်ရင် ဖြစ်ပါ့မလား” ဆိုတဲ့ မယုံမရဲ စိတ်တွေကို ရှောင်ရှားနိုင်ပါလိမ့်မည်။
“ငါလုပ်ရင် ဖြစ်တယ်” ဆိုတဲ့ ခိုင်မာတဲ့ စိတ်ဓါတ်ကို မွေးမြူပါ။

၂။ အချိန်ကို စီမံခန့်ခွဲနိုင်ခြင်း - ငယ်ရွယ်စဉ်ကတည်းက လိုအပ်တဲ့အချိန်ကို ရယူနိုင်ရန်လေ့ကျင့်ထားပါ၊ မလိုလားအပ်သော နေရာများတွင် အကြောင်းမဲ့ အချိန်မဖြုန်းပါနှင့်။

၃။ အလုပ်တွင် အပြည့်အဝအာရုံစိုက်ခြင်း - စတင်လုပ်ဆောင် လိုက်သော ကိစ္စရပ်တစ်ခုကို မည့်သည့် အတွက်ကြောင့်ဖြစ်စေ ကိုယ့်ဖက်က မဖျက်ပါနှင့်၊ မိမိပတ်ဝန်းကျင်က လေးစား ယုံကြည်တန်ဖိုးထား ရသော သူတစ်ယောက်ဖြစ်အောင် မိမိအလုပ်ကို တန်ဖိုးထားလေးစားပါ။

၄။ ပတ်ဝန်းကျင်ကို လေးစားခြင်း - သူငယ်ချင်း၊ အပေါင်းအသင်း၊ မိတ်ဆွေ အားလုံးကို လေးလေးစားစား ဆက်ဆံပါ၊ တစ်ပါးသူ၏ အမြင်၊ သဘောထား၊ ခံစားချက်များကို အလေးထားကာ အတတ်နိုင်ဆုံး နားလည်ပေးပါ။

၅။ ပူးပေါင်းဆောင်ရွက်ခြင်း - အများနှင့်သက်ဆိုင်သော ကိစ္စတစ်ရပ်များကို ဆောင်ရွက်ရာတွင် မိမိဆန္ဒတစ်ခု တည်းကို ဦးစားမပေးပါနှင့်၊ မိမိတစ်ဦးတည်း သဆောဆန္ဒကိုသာ ဇွတ်မလုပ်ပါနှင့်၊ တစ်ပါးသူ၏ အကြံအဉာဏ်များကို အလေးထားဆွေးနွေးကာ ပူးပေါင်းဆောင်ရွက်ပါ။

၆။ နားထောင်တတ်ခြင်း - ထောင်တတ်သောနား ရှိပါ၊ မည်သည့်ကိစ္စတွင်မဆို တစ်ပါးသူ ပြောသည့်အခါ စိတ်ဝင်တစား နားထောင်တတ်ရန် အရေးကြီးပါသည်။ အယူအဆတူသည်ဖြစ်စေ ... မတူသည်ဖြစ်စေ စိတရှည်လကရှည် နားထောင်ပါ။

၇။ ရိုးသားခြင်း - လိမ်ညာဟန်ဆောင်ခြင်းသည် ခဏတာ အထင်ကြီးမှုကို ရကောင်း ရနိုင်သော်လည်း ရေရှည်တွင် ပတ်ဝန်းကျင်၏ ယုံကြည်မှုကို ဆုံးရှုံးနိုင်ပါသည်၊ အမှန်တရားကို ချစ်မြတ်နိုးပါ၊ ရိုးသားမှုကို တန်ဖိုးထားပါ။
လူငယ်တိုင်း အောင်မြင်နိုင်ပါစေ ........

အောင်ကိုကို(အမ်း)
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ယဉ်ကျေးသော လူ့အဖွဲ့အစည်း တစ်ရပ်ဆီသို့

❄️❄️❄️စိတ်တည်ငြိမ်မူမရှိသောအခါ မည်သည့်လုပ်ငန်းကိုမှ မလုပ်ဆောင်သင့်ပါ။မဆုံးဖြတ်သင့်ပါ။စိတ်မတည်ငြိမ်ခြင်း ဘယ်လို စဖြစ်လာနိ...
30/11/2019

❄️❄️❄️စိတ်တည်ငြိမ်မူမရှိသောအခါ မည်သည့်လုပ်ငန်းကိုမှ မလုပ်ဆောင်သင့်ပါ။မဆုံးဖြတ်သင့်ပါ။

စိတ်မတည်ငြိမ်ခြင်း ဘယ်လို စဖြစ်လာနိင်ပါသလဲ?

🌾စိတ်အလိုကျ တခုခု မလုပ်လိုက်ရခြင်း၊
🌾ကိုယ့်ကို တစ်ဦးတစ်ယောက်က မကောင်းပြစ်တင်ပြောခြင်းခံလိုက်ရခြင်း။
🌾စားသောက်မည့်အချိန် ကျော်လွန်နေခဲ့သောအခါ။
🌾တခုခုအလိုမကျဖြစ်ကတည်းမှစ၍ တနေ့တာလုံး အဆင်မပြေ ဖြစ်နေခဲ့ဒါ ဟိုလူ့ကြောင့် သည်လူ့ကြောင့်လို့ ပြစ်တင်ဝေဖန်နေတတ်ခြင်း။

ဤသို့သောအချိန်၌ ခွင့်လွှတ်နားလည်မူမျိုး နှလုံးပိုက်နိင်အောင် သတိပြုပါ။

ကိုယ့်ကိုယ်ကို ပြစ်တင်စိတ် ဝင်မိနေတာလဲ မဖြစ်သင့်ပါ။

စိတ်ကျန်းမာရေး အပြည့်အဝကောင်းမွန်နေမှသာ သင့်အလုပ် လုပ်ရာမှာလဲ ပိုမို တည်ငြိမ်စွာဖြင့် အောင်မြင်လာပါလိမ့်မယ်၊

ကဲ မိတ်ဆွေအပေါင်းသင်းတို့ရော
စိတ်တွေအရမ်းရှုပ်ထွေးရင် အလုပ်လုပ်ရတာ အဆင်ပြေလား

ဘယ်အချိန်မှာရော အလုပ်လုပ်ရာတာ အဆင်မပြေဆုံးလဲ

Cc

Address

15, Zingama Street, Tharketa Township
Yangon
095

Website

Alerts

Be the first to know and let us send you an email when Bo Bo Car Auto Rental Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share