CARRY BOY ပါဆယ်ပို့ဝန်ဆောင်မှု

  • Home
  • Myanmar
  • Yangon
  • CARRY BOY ပါဆယ်ပို့ဝန်ဆောင်မှု

CARRY BOY ပါဆယ်ပို့ဝန်ဆောင်မှု ပါဆယ်များကို အောင်မဂ်လာအဝေးပြေး ဂိ? လူကြီးမင်းများရဲ့ ပါဆယ်တွေကို လူကြီးမင်း တို့ ပေးပို့လိုသောမြို့ များသို့ Carry Man မှ ကူညီပေးနေပါပြီ

အသေးအဖွဲပေမယ့်ဂရုပြုစေချင်ပါတယ်။           ( လူထုဒေါ်အမာ)အင်္ဂလိပ်တွေက ထမင်းစားတာ တို့လူမျိုးတွေက လက်နဲ့ စားကြသလားဆိုပြီ...
13/10/2020

အသေးအဖွဲပေမယ့်ဂရုပြုစေချင်ပါတယ်။
( လူထုဒေါ်အမာ)

အင်္ဂလိပ်တွေက ထမင်းစားတာ တို့လူမျိုးတွေက လက်နဲ့ စားကြသလားဆိုပြီး အထင်သေးစကား ပြော ချင်တယ်။

သူတို့ကမှ သန့်ရှင်းတာ၊ ဇွန်းနဲ့ ခက်ရင်းနဲ့ စားတာ စားရာမှာ Table Manners ဆိုတာတွေ ရှိတယ်ပေါ့။
အမေတို့ လူကြီးတွေက တို့က လက်နဲ့ တော့စားတာပဲ။ ယဉ်ကျေးမှုခြင်းမှမတူတာ ကွာခြား တာပေါ့တဲ့။

တို့က ထမင်းခူးခပ်ပြီး ထမင်းဝိုင်းဝင်ကြရင် စားပွဲ ပေါ် ခပ်တင်ထားတဲ့ ဟင်းခွက်ကို ကိုယ်ခပ်ချင်သလို ခပ်လို့မရဘူး။

ထမင်းဝိုင်းထဲက အသက်ကြီးဆုံး လူ ကို ဦးချပြီးမှ ကိုယ့်အတွက် ခပ်ရတယ်။ ဦးချတယ် ဆိုတာ လက်နှစ်ဖက်နဲ့ ရှိခိုးလိုက်တာ မဟုတ်ဘူး။

ပန်းကန်ထဲက ဟင်းကလေးကို ဦးဦးဖျားဖျား ခပ်ယူ ပြီး အကြီးဆုံးလူရဲ့ ပန်းကန်ထဲကို လေးလေးစားစား ထည့်ပေးလိုက်တာကို ပြောတာပါ။

ထမင်းပွဲမှာ ဟင်းခပ်ရင် ညာလက်နဲ့ မခပ်နဲ့၊ ဘယ် လက်နဲ့ ခပ်၊ ကိုယ့်ညာလက်က ဟင်းပေနေတာတဲ့။
ပြီးတော့ ထမင်းထဲ ဟင်းရည်ဆမ်းပြီး နယ်ဖတ်စား ချင်ရင်လည်း နယ်ပါ ဖတ်ပါ။

ဒါပေမဲ့ လက်ချောင်း တွေမှာ ဟင်းလူးထားတဲ့ ထမင်းလုံးတွေ ကပ်နေရဲ့နဲ့ ထမင်းမစာနဲ့။
အဲဒီလက်က ထမင်းလုံး ကိုယ့်လက် ချောင်းတွေနဲ့ ဖယ်ရှားပြီးမှ စားတဲ့။

ဟင်းရည်သောက် ရင်လည်း ရှူးရှူးနဲ့ မသောက်ရဘူး၊
ဟင်းရည်သောက် တာ အသံမမြည်စေနဲ့၊
အသုံမြည်ရင် ရိုင်းတယ်တဲ့။

ပြီးတော့ ထမင်းစားတဲ့အခါမှာလည်း ပြပ်ပြပ် နဲ့ မမြည်စေနဲ့။ ခွေးစားတာသောက်တာကမှ တပြပ်ပြပ် မြည်တာ၊
လူစားတာက အသံမမြည်အောင်စား၊
အသံ မြည်ရင် ရိုင်းတယ်တဲ့။

ထမင်းဖြစ်ဖြစ် ဟင်းဖြစ်ဖြစ် ထည့်ရင် ကုန်နိုင်ရုံပဲထည့်၊ ထမင်းပန်းကန်ထဲက ထမင်း ဟာများနေတယ်၊
ငါ ကုန်မှာမဟုတ်ဘူးလို့ ထင်ရင် ထမင်းဇလုံထဲ ပြန်ကဲ့ထည့်၊ စားတဲ့အခါမှာလည်း ပန်းကန်ထဲ ဟင်းကျန် ထမင်းကျန်တွေနဲ့ အပြီးမသတ် နဲ့။

ကိုယ့် ပန်းကန်ထဲရှိတာ ကုန်အောင်စားသွား။ ဒါမှ သိမ်းဆည်းရတဲ့ လူက စိတ်ချမ်းသာတယ်၊ ကိုယ်ပဲ ဆေးရ ကြောရမှာ ဖြစ်ရင်လည်း အကုန်စားထားတဲ့ ပန်းကန်ကို ဆေးရတာ ကောင်းတယ်တဲ့။

ထမင်းစားပြီး ရေသောက်ရင်လည်း အသံမမြည် စေနဲ့၊ တချို့က တဂွပ်ဂွပ်နဲ့ သောက်တတ်တယ်တဲ့။
လူကြီးတွေက ဒီလို စောင့်ပြောနေတာ နားထောင်တော့ ကိုယ်လည်း စားရာ သောက်ရာမှာ သပ်သပ်ရပ်ရပ် စားတတ် သောက်တတ်သွားတာပေါ့တဲ့။

အဲဒါတွေက တို့ Table Manners တွေပါပဲတဲ့။
အမေတို့ ဒီလိုပြောတော့ ဇွန်းနဲ့ခက်ရင်းသမားမှာ
အကြီးဆုံးလူကို ဦးချတဲ့ Manner မျိုးတော့ ရှိမယ် မထင်ပါဘူးလို့ စိတ်ထဲက အောက်မေ့ပြီး အမေတို့က ကိုယ့်ယဉ်ကျေးမှုကို လေးစားမိတာပေါ့။

♦️
ကနေ့လူငယ်တွေ တော်တော်များများကတော့
အမေတို့ ငယ်တုန်းကလို ထမင်းဝိုင်းကြီးနဲ့လည်း
မစား ကြရရှာတော့ဘူး ထင်ပါရဲ့။

ထမင်းချိုင့်ကလေးနဲ့ ထည့်လာကြပြီးတော့ အချင်းချင်းဆုံစားကြ၊ တစ်ဦး နဲ့ တစ်ဦး ဝေမျှစားလောက်အောင်လည်း အိမ်ကထည့် မပေးလိုက်နိုင်တော့ ကိုယ့်ချိုင့်ကလေးကိုပဲ နှိုက်စားရ သူတွေက တော်တော်များနေပြီထင်ပါရဲ့။

နောက် အမေတို့ ငယ်ငယ်က လူကြီးတွေက သွားရင် လာရင် လက်ကို သိပ်လွှဲ သိပ်ရမ်းပြီး မသွားနဲ့။

ထဘီ ကို တအားဖြန့်ပြီး မဝတ်နဲ့၊ လူကြီးတွေရှေ့မှာ ခါးလေး ကုန်းပြီးသွား၊ ရဟန် သံဃာနဲ့တွေ့ရင် လမ်းဖယ်ပေးလို့ မှာသေး သင်သေးတယ်။

ခုခေတ်မှာ မိန်းကလေးတွေ ထဘီကို တအားဖြန့်ဝတ်တာ လူတိုင်းလိုလိုပဲ၊ အမေတို့.အဆုံးအမခံခဲ့ရတာနဲ့ ခြားနားလိုက်တာ။

ပြီးတော့ စကားပြောတဲ့အခါမှာလည်း လူကြီးက ပြောရင် ခေါင်းမညိတ်နဲ့၊ အင်း မလိုက်နဲ့တဲ့၊ ဟုတ်ကဲ့ လို့ ပြောရင်တောင် သံပြတ်ကြီးမပြောနဲ့၊ ဟုတ်ကဲ့ရှင့် လို့ပြောတဲ့၊ သားလုပ်တဲ့လူက သူ့အမေကို "ခင်ဗျားက လည်းဗျာ" လို့ ပြောရင် အမေကို ခင်ဗျားလုံးကြီးရိုက် မပြောပါနဲ့တဲ့လေ။
အဲဒါ ရိုင်းသတဲ့။

ခုခေတ်လူငယ်လေးတွေက လူကြီးကို လမ်းမှာ အရို အသေပေးတယ်လို့ မရှိကြဘူး၊ ရင်ဘောင်တန်း သွား ချင်သွား၊ ပခုံးချင်းတိုက်ပြီး ကျော်တက်ချင်တက်မယ်။

အမေတို့ ငယ်ငယ်က အဲဒါမျိုးမလုပ်ရဘူး။

ခုခေတ်မှာ "ဘုန်းကြီးနဲ့ စကားမပြောတတ်ပါဘူး" ဆိုတာကို လူငယ်တွေက ခပ်တင်းတင်းပဲ ဂုဏ်ယူနေ ကြပြီလေ။

အမေတို့တုန်းကတော့ အဲလိုများပြောရင် အငေါက်ခံလိုက်ရမယ့်ဖြစ်ခြင်း။ ဟဲ့ လာခဲ့၊ ဆရာတော် ကို ဦးချလို့ ရှေ့တွင်ခေါ်ပြီး ကန်တော့ခိုင်း၊ စကားပြော ခိုင်းမှာပဲ။

နင်က တပည့်တော်တို့ တင်ပါ့တို့ မပြောတတ် ရအောင် ဘယ်ကလာတဲ့ ဘာလူမျိုးမို့လဲလို့ မေးမှာပဲ။

အမေ ရေးပြတာတွေကို ကိုယ့်ဆီမှာမရှိရင် စဉ်းစားကြ။ ကောင်းတယ်ထင်ရင် လက်ခံကျင့်သုံးကြကွယ်။

လူထုဒေါ်အမာ
ကလျာမဂ္ဂဇင်း မတ်လ ၂၀၀၃ ခုနှစ်

----------- -------- ----------💙 .L
Credit.Post
Aung Myint Myat
👇👇👇
https://www.facebook.com/groups/313197689709463/?ref=share

💯  #ကိုဗစ်ကာလမှာ  #ကုန်ပစ္စည်းနဲ့အရေးကြီးစာတွေအချိန်နဲ့အမျှအမြန်ဆုံးပေးပို့နိုင်ဖို့  #မန္တလာမင်းကို သတိရပါ 💯 #ကုန်၊တန်ဆ...
12/09/2020

💯 #ကိုဗစ်ကာလမှာ #ကုန်ပစ္စည်းနဲ့အရေးကြီးစာတွေအချိန်နဲ့အမျှအမြန်ဆုံးပေးပို့နိုင်ဖို့ #မန္တလာမင်းကို သတိရပါ 💯

#ကုန်၊တန်ဆာပစ္စည်းများအား အောက်ပါမြို့များသို့ #ပေးပို့နိုင်ပါပြီခင်ဗျာ ....
ရန်ကုန် - နေပြည်တော်
ရန်ကုန် - မိတ္ထီလာ
ရန်ကုန် - မန္တလေး
ရန်ကုန် - ပြင်ဦးလွင်
ရန်ကုန် - မော်လမြိုင်
ရန်ကုန် - မုဒုံ
ရန်ကုန် - သံဖြူဇရပ် မြို့နယ်များသို့တန်ဆာများပေးပို့နိုင်ပါပြီ။

အသေးစိတ်သိလိုပါက သက်ဆိုင်ရာမြို့ ဖုန်းအမှတ်များသို့ တိုက်ရိုက်စုံစမ်းပေးပါရန် သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ...

www.mandalarminn.com.mm

📞 #ရန်ကုန်​
- က-၃၊ပ​စောက်​ကွ​င်း၊ အောင်မင်္ဂလာအ‌ဝေးပြေးဝန်း၊ ဝင်ပေါက် (၁)အနီး၊၊
ဖုန်း Ph:095020181, 09259354411 ,09253379954​/64
(ကုန်/တန်ဆာဌာန-09450066418​/09798582000)

📞 #အောင်ဆန်းကွင်းတောင်ဘက်
-Ph:09796782000, 09251251330
ကုန်ရွေး /တန်ဆာဌာန
📞 တိုက်(၅၅)၊အခန်း​(၆)၊ #ဖဆပလတိုက်တန်း၊ #အထက်ပန်းဆိုးတန်းလမ်းမ၊ 09954900940,09251251331
📞 #တာမွေ #ကိုမြတ်ဂိတ်၊ဦးချစ်မောင်အိမ်ရာအနီး၊ -09450596162,09977118491

📞 (Bawga Thiri )
#ဘောဂသီရိအဝေးပြေးဝန်း။
Ph: 09-954924511, 09-251251277 067-26020

#မြို့မဈေး။
Ph: 09-977225974, 09-954924522, 09-251251266, 067-421939

#သပြေကုန်းဈေး။
Ph: 09-420754443, 09977225975

📞 Meikhtila မိတ္ထီလာမြို့။
Ph: 09-43291000, 09977225979

📞 (ChanMyaShwepyi)
#ချမ်းမြရွှေပြည်အဝေးပြေးဝန်း၊ #မန္တလေးမြို့။
Ph:09-43062159, 09-402651991, 02-78991
မန္တလေးတန်ဆာဌာန
၇၃ လမ်းနှင့် သာယာဝတီမင်းကြီးလမ်းနှင့် ကျန်စစ်သားမင်းကြီးလမ်းကြား ဖုန်း 09977225980 ,0943100846
83th Street #၈၃လမ်း #မြို့တွင်းဂိတ်
Ph: 09-91007993

📞 PyinOoLwin (Thiripadaythar)
သီရိပဒေသာအဝေးပြေးဝန်း၊ ပြင်ဦးလွင်မြို့
Ph: 0943133533, 09798969319
YMCA တိုက်တန်းအနီး Ph: 085-2021993, 09-787905895

📞 Mawlamyein
မြေနီကုန်းအဝေးပြေးဝန်း၊ မော်လမြိုင်မြို့။
Ph: 09-263679305, 09-263679306, 09-253536648, 09-253379001

📞 Mudon မုဒုံမြို့။
Ph : 09-425291224, 09-425260880

📞 Than Phyu Za Yat
အဝေးပြေးဝန်း၊သံဖြူဇရပ်မြို့။
Ph: 09-425272527

Mandalar Minn Highway Bus Ticket Express is the very first express car service in Myanmar which created the best routes and services for the passengers. We are very proud to introduce you with the best express bus routes and services to you.

10/09/2020

ခရီးသွား မိဘပြည်သူများအား အထူးပန်ကြားချက် 🙏🙏🙏
Covid 19 ပြန့်ပွားမှု လျော့ချရန်အတွက်

မန္တလေး မှ မြစ်ကြီးနား🚌

ရန်ကုန် မှ မန္တလေး🚌

ရန်ကုန် မှ မိုးကုတ် 🚌


ခရီးစဉ်ကို

(12.9.2020) နေ့မှ စတင်၍

ခေတ္တခဏ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။

ပြန်လည်ပြေးဆွဲမည့် နေ့ရက် ကို ကြေငြာပေးပါမည်။

ခရီးသွား လူကြီးမင်း များ အား အထူးပင် ကျေးဇူးတင်ရှိ ပါသည်

အိမ်မှာပဲနေကြပါ ဖုန်းလေးပဲဆက်လိုက်ပါ
10/09/2020

အိမ်မှာပဲနေကြပါ ဖုန်းလေးပဲဆက်လိုက်ပါ

Online shop လုပ်နေတဲ့ လူကြီးမင်းများ အတွက် Carry boy ရှိပါတယ်..... Covid ကာလမှာ လူကြီးမင်းတို့ အပြင်ထွက်စရာမလို အောင်ကူည...
30/08/2020

Online shop လုပ်နေတဲ့ လူကြီးမင်းများ အတွက် Carry boy ရှိပါတယ်..... Covid ကာလမှာ လူကြီးမင်းတို့ အပြင်ထွက်စရာမလို အောင်ကူညီပေးနေတဲ့ Carry boy........ အိမ်မှနေပီး.. စျေးရောင်းနေပါ...ပါဆယ်ပို့အတွက် စိတ်မပူရအောင်....carry boy က ဝန်ဆောင်မှုပေးနေပါပြီ....
လူကြီးမင်းတို့ အချိန်ကုန်သက်သာစေဖို့.... Carry boy ကိုချိတ်ဆက်နိုင်ပါတယ်....09782097688 ကိုအခုပဲဆက်သွယ်လိုက်ပါ.....

28/08/2020
အမျိုးတွေ ကားဂိတ်တွေ မပိတ်ပါဘူးနော် ၆ ရက်နေ့ပိတ်မယ်ဆိုတဲ့ သတင်းက သတင်းအမှားတွေပါ......
28/08/2020

အမျိုးတွေ ကားဂိတ်တွေ မပိတ်ပါဘူးနော် ၆ ရက်နေ့ပိတ်မယ်ဆိုတဲ့ သတင်းက သတင်းအမှားတွေပါ......

Mask တပ်ကြဖို့ မမေ့ပါနဲ့
28/08/2020

Mask တပ်ကြဖို့ မမေ့ပါနဲ့

လူကြီးမင်းတို့ အိမ်အပြင် ထွက်စရာမလိုအောင် Carry Man လာပီ
28/08/2020

လူကြီးမင်းတို့ အိမ်အပြင် ထွက်စရာမလိုအောင် Carry Man လာပီ

Address

Yangon

Telephone

+959782097688

Website

Alerts

Be the first to know and let us send you an email when CARRY BOY ပါဆယ်ပို့ဝန်ဆောင်မှု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to CARRY BOY ပါဆယ်ပို့ဝန်ဆောင်မှု:

Share