Daung Minn Baydar Auto Service Center

Call Directions Contact the business

Daung Minn Baydar Auto Service Center 5D Alignment, Suspension, Car Body Polish and Paint, Car Spa and more auto services

🔴🟢ကားရေအေးဆီဖြစ်ရင်ပြီးရောဆိုပြီး🔴🟢အရောင်တွေ ရောထည့်နေတုန်းလား..ကားရေအေးဆီဖြစ်ရင်ပြီးရော အရောင်မတူလည်း ကိစ္စမရှိဘူးဆိုပြ...
14/09/2026

🔴🟢ကားရေအေးဆီဖြစ်ရင်ပြီးရောဆိုပြီး
🔴🟢အရောင်တွေ ရောထည့်နေတုန်းလား..

ကားရေအေးဆီဖြစ်ရင်ပြီးရော အရောင်မတူလည်း ကိစ္စမရှိဘူးဆိုပြီးထည့်တာတွေကြုံဖူးကြပါလိမ့်မယ်။
♻️Coolant ဆိုတာက အရောင်တင်ကွာတာမဟုပါဘူး။ ဓါတုဗေဒစနစ်ထုတ်လုပ်မှုလည်း ကွာဟချက်ရှိပါတယ်။
🟢အစိမ်းရောင်က Inorganic Acid ဖြစ်ပြီး
🔴အနီရောင်က Organic Acid ဆိုတဲ့ Technology တွေနဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။

ဒါကြောင့်မတူညီတဲ့ အရောင်တွေရောသုံးလိုက်မယ်ဆိုရင် ဓာတုဗေဒဓာတ်ပြုပြီး ပျစ်ချွဲချွဲ ဂျယ်လီလိုအနည်ပုံစံဖြစ်စေပါတယ်။
ဒီအနည်တွေက ရေတိုင်ကီကနေတဆင့် အင်ဂျင်ရဲ့ ရေလိုင်းတွေကိုပိတ်ဆို့စေလို့ အင်ဂျင်အေးမြမှုကို အလုံအလောက်မပေးနိုင်တော့ပါဘူး။
💢ဒါကြောင့် Coolant အရောင်တွေလုံးဝရောပြီးမသုံးသင့်ပါဘူး။
မဖြစ်မနေရောထည့်မိပြီဆိုရင် နီးစပ်ရာ workshop မှာ ရေတိုင်ကီဆေးချပြီး Coolant အသစ်လဲလှယ်ပေးခြင်းက အင်ဂျင်ကို ထိခိုက်မှုကိုကာကွယ်ပေးစေပါတယ်။

💢ကားအရုန်းအဆွဲ ရုတ်တရက်ကျသွားပြီလား..🍃ကားတစီးရဲ့လည်ပတ်မှုက ဆီ၊ ရေ၊ လေ ဝိုင်အချိုးကျပေါင်းစပ်မှုကနေဆင့် ပေါက်ကွဲအားဖြင့်လ...
06/09/2026

💢ကားအရုန်းအဆွဲ ရုတ်တရက်ကျသွားပြီလား..

🍃ကားတစီးရဲ့လည်ပတ်မှုက ဆီ၊ ရေ၊ လေ ဝိုင်အချိုးကျပေါင်းစပ်မှုကနေဆင့် ပေါက်ကွဲအားဖြင့်လည်ပတ်သောစနစ်တခုဖြစ်ပါတယ်။

♻️လေနဲ့ပတ်သတ်လို့ ချို့ယွင်းသွားရင်လည်း အသက်ရှူလမ်းကြောင်းပိတ်သလိုမျိုး တုံ့ဆိုင်းမှုကိုဖြစ်စေပါတယ်။

🍃ပြင်ပကလေတွေကို အဖွင့်အပိတ်လုပ်ပေးနေတဲ့ လေတံခါး‌ ဟာလည်း ဆီဂျိုးနဲ့ ပြင်ပဂျီးတွေပိတ်တတ်တာကြောင့် ကားရဲ့ အင်ဂျင်လည်ပတ်မှုကို နှောက်နှေးစေလို တုန်ခါမှုလည်းဖြစ်ပေါ်စေပါတယ်။

♻️ဒါကြောင့် လေတံခါးမှာပိတ်နေတဲ့ ဂျိုးများ ဂျီးများကို ဆေးရည်ဖြင့်ဆေးကြောခြင်း၊ ဆင်ဆာများကိုဆေးကြောပေးခြင်းဖြင့် အင်ဂျင်တုန်ခါမှုမရှိတော့သလို ကားအရုန်းအဆွဲပိုမိုကာင်းမွန်လာပြီး ဆီစားနှုန်းကိုလည်း ပုံမှန်ဖြစ်စေပါတယ်။

📌ဒီလိုအချက်အလက်တွေကို ဒေါင်းမင်းဗေဒါမှာ ကျွမ်းကျင်ဝန်ထမ်းများက စနစ်တကျစစ်ဆေးပြီး အဆင့်မြင့်ဆေးရည်များဖြင့် ဆေးကြောခြင်း၊ ပြုပြင်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

💧ကားရေတိုင်ကီထဲကို🌿ရိုးရိုးရေတွေထည့်တုန်းလား။♻️💧ကားရေတိုင်ကီထဲကို ရိုးရိုးရေထည့်သုံးခြင်းက အင်ဂျင်ရဲ့အပူချိန်ကိုထိန်းပေး...
02/09/2026

💧ကားရေတိုင်ကီထဲကို🌿
ရိုးရိုးရေတွေထည့်တုန်းလား။♻️

💧ကားရေတိုင်ကီထဲကို ရိုးရိုးရေထည့်သုံးခြင်းက အင်ဂျင်ရဲ့အပူချိန်ကိုထိန်းပေးနိုင်ခြင်းမရှိတာကြောင့် ရေကိုအမြန်ပူစေပြီး ရေတိုင်ကီအတွင်းသံချေးများကို အမြန်ဖြစ်ပေါ်စေပါတယ်။

သတ္တုဓာတ်နဲ့ ကလိုရင်းတွေပါသောကြောင့် ရေဂျိုးတွေကိုဖြစ်ပေါ်စေပြီး ရေလမ်းကြောင်းများကိုပိတ်ဆို့စေပါတယ်။

ရေလမ်းကြောင်းပိတ်တာနဲ့ အင်ဂျင်က အပူချိန်မြင့်လာပြီး အင်ဂျင် ဂတ်စ်ကဒ်တွေပျက်ဆီးပြီး အင်ဂျင်ရဲ့လည်ပတ်မှုကို ထိခိုက်စေပါတယ်။

ဒါကြောင့် ရိုးရိုးရေအစား အရည်အသွေးမြင့် ရေအေးဆီများကို ထည့်သုံးသင့်ပါတယ်။

ရေအေးဆီက မိမိကားရဲ့‌ ရေတိုင်ကီ
သံချေးတက်ခြင်းကိုကာကွယ်ပေးရုံသာမက၊ အင်ဂျင်လည်ပတ်မှုရဲ့ အပူချိန်ကို ကောင်းစွာ
ထိန်းညှိပေးနိုင်ပါတယ်။

ကားနဲ့ပတ်သတ်ပြီး ဘာဘဲလိုလို
🦚ဒေါင်းမင်းဗေဒါကို သတိရလိုက်ပါ။🦚

🏵️၁၃၈၈ ခု၊ ဝါခေါင်လပြည့်နေ့၊ မေတ္တာအခါတော်နေ့🙏🌿ဝါခေါင်လပြည့် ဥပုသ်နေ့လေးမှာ မေတ္တာပွား၊ သီလဆောက်တည်၊ ကုသိုလ်ပြုရင်း စိတ်...
28/08/2026

🏵️၁၃၈၈ ခု၊ ဝါခေါင်လပြည့်နေ့၊ မေတ္တာအခါတော်နေ့🙏🌿

ဝါခေါင်လပြည့် ဥပုသ်နေ့လေးမှာ မေတ္တာပွား၊ သီလဆောက်တည်၊ ကုသိုလ်ပြုရင်း စိတ်နှလုံးအေးချမ်းကြပါစေ။

မိမိချစ်ခင်သူများသာမက မိမိနှင့် မသင့်မြတ်သူများအပေါ်ပါ မေတ္တာစိတ်ထားနိုင်ကြပါစေ။♥️

🙏ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာ၍ ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေ။

🙏🙏🙏
#ဝါခေါင်လပြည့်နေ့
#မေတ္တာအခါတော်နေ့
#ဥပုသ်နေ့
#ကုသိုလ်

ဆီစားများပြီး အရုန်းအဆွဲကျနေပြီလား…? 🚗💨ကားမောင်းနေရင်း အင်ဂျင်တုန်တာ၊ လီဗာနင်းရင် လေးလံနေတာနဲ့ ဆီစားသိသိသာသာ များလာတာတွေ...
20/08/2026

ဆီစားများပြီး
အရုန်းအဆွဲကျနေပြီလား…? 🚗💨

ကားမောင်းနေရင်း အင်ဂျင်တုန်တာ၊ လီဗာနင်းရင် လေးလံနေတာနဲ့ ဆီစားသိသိသာသာ များလာတာတွေဟာ အင်ဂျက်တာ (Fuel Injector) မှာ ဂျီးနဲ့ ကာဗွန်တွေ ပိတ်ဆို့နေလို့ ဖြစ်တတ်ပါတယ်။

Fuel Injector Cleaning လုပ်ပေးခြင်းဖြင့်
ကားဆီစားသက်သာစေခြင်း
ဆီပေးစနစ်ကို သန့်စင်ပေးပြီး ဆီဖြန်းနှုန်း ပုံမှန်အတိုင်း ပြန်လည်မှန်ကန်စေတာကြောင့် မလိုအပ်ဘဲ ကုန်ကျမည့် ဆီစားနှုန်းများကို လျှော့ချပေးပါတယ်။

အဆွဲအရုန်း သိသိသာသာ ကောင်းမွန်လာခြင်း
အင်ဂျင်ဆီဖြန်းပေါက်တွေ သန့်စင်သွားတဲ့အတွက် လီဗာနင်းရတာ ပေါ့ပါးပြီး အဆွဲအရုန်း ပြန်လည်ကောင်းမွန်လာစေပါတယ်။

အင်ဂျင်စက်သံငြိမ်သွားခြင်း
မနက်ပိုင်း ကားစက်နှိုးရ ခက်တာ၊ ကားရပ်ထားစဉ် အင်ဂျင်တုန်တာနဲ့ အသံကြမ်းတာတွေကို ပျောက်ကင်းစေပါတယ်။

အင်ဂျင်သက်တမ်း ပိုမိုရှည်ကြာခြင်း
ကာဗွန်ဂျိုး ပိတ်ဆို့မှုကို သန့်စင်ပေးတာကြောင့် အင်ဂျင်အစိတ်အပိုင်းများ ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။

☎️Call us 09 740 861 072/ 09 454 555 168/
09 255 554 092 -3-4-5

Address : 97 B Aung Zeya Road, (Opposite Million Mart) Kyauk Kone, Yankin, Yangon

🛢️အင်ဂျင်ဝိုင်နံပါတ်အလိုက်ဘယ်လိုရွေချယ်မလဲ♻️အင်ဂျင်တလုံးရဲ့အသက်ဟာ အင်ဂျင်ဝိုင်ဖြစ်ပါတယ်။ မိမိအင်ဂျင်နဲ့ ကိုက်ညီတဲ့ အင်ဂျ...
13/08/2026

🛢️အင်ဂျင်ဝိုင်နံပါတ်အလိုက်ဘယ်လိုရွေချယ်မလဲ

♻️အင်ဂျင်တလုံးရဲ့အသက်ဟာ အင်ဂျင်ဝိုင်ဖြစ်ပါတယ်။ မိမိအင်ဂျင်နဲ့ ကိုက်ညီတဲ့ အင်ဂျင်ဝိုင်နံပါတ်တွေကို ရွေးချယ်နိုင်ဖို့အတွက် လေ့လာထားသင့်ပါတယ်။

💢0W20
ခေတ်ပေါ်ကားအင်ဂျင်အသစ်များအတွက်
ဆီစားသက်သာခြင်း၊ အေးစိမ့်သောရာသီဥတုမှာ စက်နှိုးရလွယ်ခြင်း

💢5W30
နေ့စဉ်သုံးကားများအတွက် အင်ဂျင်ကာကွယ်ပေးမှု
နှင့် စွမ်းဆောင်ရည်မျှတခြင်း၊ (အပေါ့စား‌ဓာတ်ဆီ အင်ဂျင်နှင့် ဒီဇယ်အင်ဂျင်များအတွက်)

💢10W40
မိုင်နှုန်း/ကီလိုမီတာများသော အင်ဂျင်အဟောင်းများအတွက် အင်ဂျင်အတွင်းပိုမိုလည်ပတ်မှုကောင်းစေခြင်း၊ အပူချိန်ကိုလည်း အလယ်အလတ် ထိန်းညှိပေးနိုင်ပါသည်။

💢15W40
ဒီဇယ်အင်ဂျင်များအတွက်ဖြစ်ပြီး လုပ်ငန်းသုံးကားများအတွက်သင့်တော်ခြင်း၊ အပူဒဏ်ခံနိုင်ပြီး ဆီစားနှုန်းကျစ်လစ်စေသည်။

💢20W50
အင်ဂျင်သက်တမ်းရင့်ပြီး၊ အင်ဂျင်နာနေသောကားများအတွက်သင့်လျော်ပြီး ကားအဟောင်းများ ရာသီဥတုပူပြင်းသောနေရာတွေအတွက် သင့်လျော်သည်။

💢ကားအောက်ပိုင်းမြည်သံ (၁၁)ချက်၁။ ကားစတီယာရင်ကွေ့တိုင်အသံမြည်နေရင်တော့ဒူးဆစ်ဘောများစစ်ဆေးရပါမယ်။၂။ ကီလို ၄၀/၅၀မှာ တဝီဝီနဲ...
09/08/2026

💢ကားအောက်ပိုင်းမြည်သံ (၁၁)ချက်

၁။ ကားစတီယာရင်ကွေ့တိုင်အသံမြည်နေရင်တော့
ဒူးဆစ်ဘောများစစ်ဆေးရပါမယ်။

၂။ ကီလို ၄၀/၅၀မှာ တဝီဝီနဲ့ အသံထွက်နေရင်တော့
ဟက်ဘောစားနေတဲ့အသံဖြစ်ပါတယ်။

၃။ ဘရိတ်နင်းလိုက်တိုင်း တောက်တောက် မြည်နေရင်တော့ ဘရိတ်ရှူးချောင်နေတာပါ။ ရှူးထိန်းကလစ်
တွေစားနေတာပါ။

၄။ ဘရိတ်မှေးပြီး စထွက်ထွက်ချင်း တကျီကျီမြည်နေရင်တော့ ဒရမ်နဲ့ရှူးပွတ်တိုက်နေတာပါ။

၅။ ကားဘယ်/ညာယိမ်းတိုင်း အသံမြည်ခြင်းဟာ
လင့် နဲ့ ခွဲတန်းဘွတ်ချောင်နေလို့ပါ။

၆။ ကားအောက်ပိုင်းက ကလုပ်ကလုပ်အသံထွက်ပြီး ဘရိတ်မှေးရင်အသံပျောက်သွားတာဟာ ဘရိတ်ပင်တွေချောင်နေတာပါ။

၇။ ကားအရှိန်များနေချိန်တုန်ခါနေခြင်းဟာ အတွင်းဒူးဆစ်ခွက်တွေစားနေခြင်းပါ။

၈။ စတီယာရင် ဂန်းဘွတ်တွေစားနေရင် ဂန်းရှက်ရိုက်သံထွက်တတ်ပါတယ်။

၉။ ဂျိုင့်တွေကျတိုင်း ဒုန်းဒုန်းနဲ့ ဆောင့်နေပီဆိုရင် ရှော့ဘားနဲ့ ရှော့ဘားအထိုင်တွေမကောင်းတာပါ။

၁၀။ စတီယာရင်လှည့်တိုင်းအသံထွက်နေတာဟာ ပါဝါပန့်ကြောင့်ဖြစ်ပါတယ်။

၁၁။ တိုက်ရော့၊ ဘောဂျိုင်း၊ မိန်းလုံးတွေမကောင်းတာတွေကတော့ ဘီးဖြုတ်စစ်ခြင်းက ပိုပြီးထိရောက်စေပါတယ်။

♻️အထက်ပါကား‌အောက်ပိုင်းအချက်အလက်အစုံအလင်ကို ဒေါင်းမင်း‌ဗေဒါမှာ ကားအောက်ပိုင်းကျွမ်းကျင်ဝန်ထမ်းများက စနစ်တကျစစ်ဆေးပြုပြင်ပေးနေပါပြီ။

ကားအောက်ပိုင်းအသံမြည်နေပြီဆိုရင်
🦚ဒေါင်းမင်း‌ဗေဒါကိုသတိရလိုက်ပါ။

☎️Call us 09 740 861 072/ 09 454 555 168/
09 255 554 092 -3-4-5

Address : 97 B Aung Zeya Road, (Opposite Million Mart) Kyauk Kone, Yankin, Yangon

♻️ကားအင်ဂျင်ဝိုင်လဲမယ်ဆိုရင်...💢♻️ဒါတွေကိုသတိပြပါ။ကားအင်ဂျင်ဝိုင်လဲမယ်ဆိုရင် သတိပြုရမည့်အချက်တွေကတော့...မိမိအင်ဂျင်နှင့်...
04/08/2026

♻️ကားအင်ဂျင်ဝိုင်လဲမယ်ဆိုရင်...💢
♻️ဒါတွေကိုသတိပြပါ။
ကားအင်ဂျင်ဝိုင်လဲမယ်ဆိုရင် သတိပြုရမည့်
အချက်တွေကတော့...

မိမိအင်ဂျင်နှင့်ကိုက်ညီသော အင်ဂျင်ဝိုင် အမျိုးအစားကိုရွေးချယ်ပါ။

အင်ဂျင်ဝိုင်ဆီ အထူ/အပါး မှန်ကန်ဖို့လိုပါတယ်။
ဥပမာ (10W40, 5W30,15W40)

သတ်မှတ်ထားသော အင်ဂျင်ဝိုင်ဂိတ်တံထက်ပိုထည့်ခြင်းက ကားအရုန်းအဆွဲကျခြင်း၊ မီးခိုးဖြူလိုက်ခြင်းများကိုဖြစ်ပေါ်စေပါတယ်။

အင်ဂျင်ဝိုင်ဖစ်တာအဝိုင်းစည်းမှ ဆီယိုစိမ့်မှုရှိမရှိသေချာစေဖို့လိုအပ်ပါတယ်။

အင်ဂျင်ဝိုင်ဖစ်တာအသစ်မလဲခင် အဝိုင်းစည်းနှုတ်ခမ်းများကို ဆီအနည်းငယ်ပွတ်၍ တပ်ဆင်ခြင်းက အဝိုင်းစည်းတွန့်ခြင်းတို့ကိုကာကွယ်ပါတယ်။

အင်ဂျင်လည်ပတ်မှုတိုင်းမှာအရေးပါတဲ့ ချောဆီကိုဂရုစိုက်ခြင်းက အင်ဂျင်တစ်လုံးရဲ့ သက်တမ်းကို ရေရှည်ကောင်းမွန်စေပါတယ်။

အင်ဂျင်ဝိုင်လဲမယ်ဆိုပါက ‌ဒေါင်းမင်းဗေဒါမှာ
ဆီအဟောင်းများကုန်သည်အထိ လေဂန်းများဖြင့် စနစ်တကျသန့်စင်ခြင်း၊ ဆီယိုစိမ့်မှုမရှိစေရန်ဂရုစိုက်ခြင်း၊ အင်ဂျင်ဝိုင်နဲ့ပတ်သက်သော၊ ကိုက်ညီသော အမျိုးအစားများကို ရွေးချယ်ပေးခြင်းတို့ကို ဂရုတစိုက်ဆောင်ရွက်ပေးလျက်ရှိပါသည်။

 #ဝါဆိုလပြည့်နေ့ 🌕📿(ဓမ္မစင်္ကြာအခါတော်နေ့) မှာဥပုပ်သီတင်းသီလစောင့်တည်ကာကုသိုလ်ပွားများနိုင်ကြပါစေ...🙏🙏🙏တနေ့တာကာလမှာ ဒါန၊...
29/07/2026

#ဝါဆိုလပြည့်နေ့ 🌕📿
(ဓမ္မစင်္ကြာအခါတော်နေ့) မှာ
ဥပုပ်သီတင်းသီလစောင့်တည်ကာ
ကုသိုလ်ပွားများနိုင်ကြပါစေ...🙏🙏🙏

တနေ့တာကာလမှာ ဒါန၊ သီလ၊ ဘာဝနာ
ပွားများပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ
ရှိကြပါစေ...🙏🙏🙏

 Daung Minn Baydar Tiktok Account ကိုFollow လုပ်ထားရုံဖြင့် Service လက်ခ 10%Discountရယူလိုက်ပါ။
19/07/2026


Daung Minn Baydar Tiktok Account ကို
Follow လုပ်ထားရုံဖြင့် Service လက်ခ 10%Discount
ရယူလိုက်ပါ။

Address

97B Aung Zeya Road
Yangon

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Telephone

+959740861072

Website

Alerts

Be the first to know and let us send you an email when Daung Minn Baydar Auto Service Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Daung Minn Baydar Auto Service Center:

Shortcuts

Share