Computer International Trading Company Limited

Call Directions Contact the business

Computer International Trading Company Limited We import and distribute top of the lines tires in different prices ranges from oversea and from loc

21/02/2021

၂၂-၂-၂၀၂၁ ရက်​နေ့တွင် ဆိုင်ပိတ်မည်ဖြစ်ပါ​ကြောင်း အသိ​ပေးအပ်ပါသည်။
စည်းလုံးချင်းသည် အင်အား

18/02/2021

ကားတွေ ပျက်နေကြတယ်လို့ကြားတယ်။ အခုကာလအတွက် ကားတာယာနဲ့ပတ်သက်လို့ တာယာဘီးပေါက်တာ တွေကို
ဖရီး ပြင်ပေးနေပါတယ်။ လေလာချိန်ချင်လည်း ရကြပါတယ်။

အိမ်စီးကားတာယာများကို ဖြုတ်တပ်ရာတွင် ယခင်က လက်လုပ် သံချောင်းများ၊ ဂွများဖြင့် ဖြတ်တပ်ခြင်းများကိုဆောင်ရွက်ကြပါတယ်။ အဲ့ဒါ...
05/02/2021

အိမ်စီးကားတာယာများကို ဖြုတ်တပ်ရာတွင် ယခင်က လက်လုပ် သံချောင်းများ၊ ဂွများဖြင့် ဖြတ်တပ်ခြင်းများကိုဆောင်ရွက်ကြပါတယ်။ အဲ့ဒါတွေကတော့ တာယာကို အနာဖြစ်ပေါ်စေပါတယ်။ အန္တရယ်လည်းများပါတယ်။ ယခုအခါမှာတော့ အဆင့်မြင့် Auto-machine များဖြင့် ဆောင်ရွက်ကြပါတယ်။

အိမ်စီးကားတာယာများကို ဖြတ်တပ်လုပ်မည်ဆိုပါက ခေတ်မှီ ဖြတ်တပ်စက်များနှင့် စနစ်တကျတပ်ဆင်ပါမှ တာယာ၏ နှုတ်ခမ်းသားနာခြင်း၊ တာယာလေခိုခြင်း စသည့် အန္တရယ်များမှ ကင်းဝေးမှာဖြစ်ပါတယ်။
အိမ်စီးကားလေပေါင်ချိန်သည် ပုံမှန်အားဖြင့် 30 PSI ထားရှိရပါတယ်။ Overweight တင်မှသာ ရှေ့ဘီးကို 30 နှင့် အနောက်ဘီးကို 35 အထိထားရှိသင့်ပါတယ်။ သို့မဟုတ် 35 PSI ကို ပတ်လည်ထားကြပါတယ်။ ကားချိုင့်ထောက်ရာတွင် အထူးဂရုပြုရပါတယ်။ ဂျိုင့်ထောက်သည့်နေရာလွဲသွားပါက ကားဘော်ဒီကျွန်ခြင်းများဖြစ်ပေါ်နိုင်ပါတယ်။ ကားအမျိုးအစားပေါ်မူတည်၍ ဂျိုင့်ထောက်သည့် နေရာများမတူညီကြပါ။

ကားအလတ်စားများကို ဖြုတ်တပ်ရာတွင် ၎င်းအမျိုးအစားများဟာ သာမန်အိမ်စီးကားတာယာများထက်မာကျောပါတယ်။ ထိုအတွက် ကုန်ကားအလတ်စားကားတွေရဲ့တာယာတွေကို စက်ပစ္စည်းများဖြင့် ပို၍ ဖြုတ်တပ်ဆောင်ရွက်သင့်ပါတယ်။

Dyner/Canter/ Nissan တာယာများကို ဖြုတ်တပ်ပြုလုပ်မည်ဆိုပါက ဖြုတ်တပ်ပြုလုပ်သည့် အချိန်တွင် အထူးဂရုစိုက်ရပါတယ်။ တာယာဘေးနှုတ်ခမ်းသားများသည် အလွန်တောင့်တင်းလွန်းသည့်အတွက် နှုတ်ခမ်းမနာအောင် ခေတ်မှီဖြတ်/တပ်စက်များဖြင့် ဆောင်ရွက်ခြင်းကသာ သင့်လျှော်ပါသည်။ ယင်းတာယာများသည် လေပေါင်ချိန် အထူးဂရုစိုက်ရပါသည်။ လေပေါင်ချိန်နဲလျှင် ဘေးပါးချမ်းများကို ငုတ်အချွန်၊ ကျောက်စောင်းများဖြင့် အလွယ်တကူထိုးခွဲတတ်ပါသည်။ ၎င်းတာယာများကို ပုံမှန်အားဖြင့် လေပေါင်ချိန် 80 PSI ထိုးကြပါသည်။ Overweight တင်မည်ဆိုပါက 90/95 PSI ထိုးကြပါသည်။ ဘီးနတ်ခေါင်းများသည် အပြင်နတ် 38 (သို့) 41 အတွင်း နတ်ခေါင်းများသည် 19 (သို့) 20 (သို့) 21 ဖြစ်ပါသည်။ ကားဘီးဂျိုင့်ထောက်တောမည်ဆိုလျှင် ဂျမ်းတုံးများကို ဉီးစွာသေချာခုထားရန် လိုအပ်ပါတယ်။ ၁၀ တန် နှင့် ၁၅ တန် ဂျိုင့်များဖြင့်ထောက်ကြပါတယ်။ Overweight တင်ထားတဲ့ကားတွေ့ကိုတော့ ၂၀ တန်နဲ့ ၂၅ တန် ဂျိုင့်များကိုအသုံးပြုရပါတယ်။ လိုအပ်လျှင် ဂျိုင့် ၂ လုံးပူးပြီး အသုံးပြုရပါတယ်။ Tube (ကျွတ်) တာယာများဖြစ်ပါက ပထမဉီးစွာ တာယာဝမ်းဗိုက်ထဲမှာရှိတဲ့အရာတွေကို ဖယ်ရှားရမည်ဖြစ်ပါတယ်။ ပြီးလျှင် ကျွတ်/လိုင်နာများကို ပေါင်ဒါ သေချာစွာသုပ်ပြီးမှ ထည့်ရပါမယ်။ ကျွတ်/လိုင်နာမခေါက်အောင်ကိုလည်း ဂရုစိုက်ရမည်ဖြစ်ပါတယ်။ လေထိုးချိန်တွင် ကလစ်ကွင်းအပေါ် ကန်ထွက်မလာအောင်ကိုလည်း ဂရုစိုက်ရပါမယ်။ Tube Tire များသည် နိုင်လွန်ဖြစ်သည့်အတွက် လေပေါင်ချိန်သည် ၇၀ ဝန်းကျင်သာထိုးရမည်ဖြစ်ပါတယ်။

(မိမိတို့ဆိုင်တွင်လည်း အဆင့်မြင့်စက်များဖြင့် ကားတာယာများကို ဖြုတ်တပ်ဆောင်ရွက်ပေးနေပါတယ်။)

နောက်တခေါက်တွင် တာယာဘီးပေါက်တာကိုဖာခြင်းနှင့် ပတ်သက်၍ တင်ပြပေးသွားပါမယ်။

ယခုတခါမှာတော့ တာယာကို မည်သို့ ပြောင်းလဲအသုံးပြုရမယ်ဆိုတာကိုဖော်ပြလိုက်ပါတယ်။ တာယာကို ဘာလို့ ယခုလိုပြောင်းလဲအသုံးပြုရလဲဆိ...
04/02/2021

ယခုတခါမှာတော့ တာယာကို မည်သို့ ပြောင်းလဲအသုံးပြုရမယ်ဆိုတာကိုဖော်ပြလိုက်ပါတယ်။ တာယာကို ဘာလို့ ယခုလိုပြောင်းလဲအသုံးပြုရလဲဆိုရင် လမ်းအနေအထားတွေကတစ်ခုနှင့် တစ်ခုမတူညီတာနဲ့ ကားရဲ့ အလေးချိန်ပေါ်မှာမူတည်ပြီး တာယာနဲ့လမ်းရဲ့ ထိတွေ့မှုတွေကမတူညီတာကြောင့် ပိုပါးနေတာတို့ ပို၍ထိတွေ့မှုများလို့ တာယာစားတာတို့ကြောင့် ထိုသို့ လှည့်သုံးပေးခြင်းဖြင့် တာရှည်စွာပို၍ အသုံးခံပါတယ်။ တာယာကို ပုံပါအတိုင်းပြောင်းလဲတာရှိသိလို Crossing ပုံစံနဲ့ပြောင်းလဲတာလည်းရှိပါတယ်။ (ယခု FB အသုံးပြုမှုအခက်အခဲရှိတာကြောင့် နောင်များတွင်မှ ပို၍ တင်ပြပေးသွားပါမယ်။)

We import and distribute top of the lines tires in different prices ranges from oversea and from local. We have been in ...
04/02/2021

We import and distribute top of the lines tires in different prices ranges from oversea and from local. We have been in tire business for over 40 years and we have been recognized as one of the most trusted distributers and retailers in Myanmar.

04/02/2021
ကားတာယာတစ်လုံးမှာ ဖော်ပြထားတဲ့ဂဏန်းတွေရဲ့ အဓိပ္ပါယ်ကို ဖော်ပြပေးလိုက်ပါတယ်။ ပုံမှာဖော်ပြတဲ့ 225 ဆိုတာကတော့ တာယာရဲ့ အကျယ်...
04/02/2021

ကားတာယာတစ်လုံးမှာ ဖော်ပြထားတဲ့ဂဏန်းတွေရဲ့ အဓိပ္ပါယ်ကို ဖော်ပြပေးလိုက်ပါတယ်။ ပုံမှာဖော်ပြတဲ့ 225 ဆိုတာကတော့ တာယာရဲ့ အကျယ်ကိုဖော်ပြတာဖြစ်ပါတယ်။ 45 ဆိုတာကတော့ အမြင့်ကို ဖော်ပြတာဖြစ်ပြီး R ဆိုတာကတော့ Radial တည်ဆောက်ပုံ (အထဲတွင်ပါဝင်တဲ့ကြိုးတွေကို ၉၀ ဒီဂရီ) အဖြစ်တည်ဆောက်ထားတယ်လို့ဆိုလိုတာပါ။ 17 ကတော့ တာယာရဲ့ အတွင်းပိုင်းအကျယ်ကို ဖော်ပြတာဖြစ်ပါတယ်။ 91 ကတော့ ဝန်ခံနိုင်အားကိုဖော်ပြပေးတာဖြစ်ပြီး W ဆိုတာကတော့ သူ့ရဲ့ အရှိန်အဆင့်သတ်မှတ်ချက်ကိုဖော်ပြတာဖြစ်ပါတယ်။ (နောက်ပိုင်းများတွင်လည်း တာယာနှင့်ပတ်သက်တဲ့ ဗဟုသုတများကို‌ဖော်ပြသွားပါမယ်။ သိရှိလိုသည်များကိုလည်း မေးမြန်းထားပါက ရှင်းလင်းတင်ပြပေးသွားပါမယ်။)

Computer International Trading မှ အိမ်စီးကားနှင့် လုပ်ငန်းသုံးကားများသာမက သစ်တောနှင့် စိုက်ပျိုးမွေးမြူရေးအပြင် ဆောက်လုပ...
04/02/2021

Computer International Trading မှ အိမ်စီးကားနှင့် လုပ်ငန်းသုံးကားများသာမက သစ်တောနှင့် စိုက်ပျိုးမွေးမြူရေးအပြင် ဆောက်လုပ်ရေးလုပ်ငန်းသုံးကားများတွင်ပါအသုံးပြုသည့် တာယာများကို ရောင်းချပေးလျှက်ရှိပါသည်။ ဈေးနှုန်းသည် ဝယ်ယူသည့်အရေအတွက်နှင့် ထုတ်လုပ်သည့်နိုင်ငံပေါ်မူတည်၍ ပြောင်းလဲမှုရှိပါသောကြောင့် ဖုန်းနံပါတ် +951-680480 သို့ ဆက်သွယ်၍ မေးမြန်းစုံစမ်းနိုင်ပါသည်။ ဆိုင်တည်နေရာသည် ဘုရင့်နောင်ကားပစ္စည်းဈေးကြီးနှင့် မျက်နှာခြင်းဆိုင်တွင်တည်ရှိပြီး ဆိုင်ခန်းနံပါတ် ဈ/၁၀ ဖြစ်ပါသည်။

Address

Computer International Trading Co, Ltd, No, (37/A)Anawratha Road , Hlaingtharyar
Yangon

Opening Hours

Monday 07:00 - 18:00
Tuesday 07:00 - 18:00
Wednesday 07:00 - 18:00
Thursday 07:00 - 18:00
Friday 07:00 - 18:00
Saturday 07:00 - 18:00
Sunday 07:00 - 18:00

Telephone

+959974143335

Website

Alerts

Be the first to know and let us send you an email when Computer International Trading Company Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Computer International Trading Company Limited:

Shortcuts

Share