Rev-1 Myanmar

Rev-1 Myanmar REV-1 is amongst one of the top brand in lubricants and oil specialties from Singapore.

ကားအောက်ပိုင်းကြံ့ခိုင်မှုအတွက်အမြဲတမ်းသတိပြုသင့်သော အချက်များ======================ကားရဲ.အကြီးမားဆုံးပြဿနာရယ်လို့ ဆိုလိ...
03/02/2023

ကားအောက်ပိုင်းကြံ့ခိုင်မှုအတွက်
အမြဲတမ်းသတိပြုသင့်သော အချက်များ
======================

ကားရဲ.အကြီးမားဆုံးပြဿနာရယ်လို့ ဆိုလိုက်ရင်
တော်တော်များများ က အင်ဂျင်ပိုင်းဆိုင်ရာ
ဂီယာပိုင်းဆိုင်ရာ ပြဿနာတွေကို ပြေးမြင် တတ်ကြပါတယ်၊
တကယ်တော့ အင်ဂျင်ရောဂါပိုင်းဆိုင်ရာ တွေကဖြေရှင်းရခက်ခဲပြီး
ငွေကုန်ကြေးကျများတဲ့ ရောဂါတွေဖြစ်ပေမယ့်၊
သင့်ကားနဲ့ သင်ရဲ့ အသက် အန္တရာယ်အထိ
အကြီးမားဆုံး ဒုက္ခပေးနိုင် တာကတော့ Suspension ပိုင်းလို့ခေါ်တဲ့
သင့်ကား အောက်ပိုင်း ရောဂါတွေပါ။

ဥပမာပြောရရင် အဝေးပြေးလမ်းကြောင်းခရီးသွားဖို့ ရှိတယ်။
ဒါမှမဟုတ် ကားကို မိုင်နှုန်းမြင့် မောင်းတော့မယ်ဆို
ကားအောက်ပိုင်းတွေကို အဲ့ဒါကြောင့် အဓိက စစ်ဆေးကြတာပါ။
ဘာကြောင့်လဲဆိုရင် အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်နေတဲ့ကားတစ်စီးဟာ
အင်ဂျင်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ရုတ်တရက် စက်ထိုးရပ်သွားရင်၊
သင့်ခရီးလမ်းမှာ စိတ်အနှောက်အယှက်ဖြစ်မယ်၊
ယုတ်စွအဆုံး အင်ဂျင်တစ်လုံး လဲလိုက်ရတာကလွဲလို့ ကျန်တာမဖြစ်နိုင်ပါ ။
ဒါပေမယ့် ကားအောက်ပိုင်း Suspensionပိုင်းက ပစ္စည်းတွေ
ပျက်နေတာ သတိမပြုမိလို့ ကားမောင်းနေတုန်း ပြုတ်ထွက်သွားမယ်၊
ကျိုးပဲ့သွား မယ်ဆိုရင် သင့်ကားမှောက်နိုင်ပြီး
သင့်အသက်အန္တရာယ်အထိ ထိခိုက်လာနိုင်ဖွယ်တွေ ရှိပါတယ်။

ဒါကြောင့် သင်နဲ့ သင့်ကားရဲ့ လုံခြုံစိတ်ချရမှု Safety အတွက်
သင်ကိုယ်တိုင် သတိပြုနိုင်တဲ့
ကားအောက်ပိုင်းရောဂါလက္ခဏာတွေကို
အကျဉ်းချုပ်တင်ပြပေးပါ့မယ်။

ကားအောက်ပိုင်း (Suspension )ကို အဓိကအားဖြင့်
အောက်ပါ ပစ္စည်းများဖြင့် ဖွဲ့စည်းထားပါတယ်။

( Tie rod ) တိုင်းရော့
( Tie rod end or Rack End ) မိန်းလုံး
( Ball Joint ) ဘောလ်ဂွိုင့်
( Constant Velocity -CV Joint ) ဒူးဆစ်
(Stabilizer Bar ) နှုတ်ခမ်းမွှေးလိုင်း
(Shock Absorber ) ရှော့ခ်ဘား
(Upper Arm ) အပေါ်လက်ဝါး
(Lower Arm ) အောက်လက်ဝါး
(Coil Spring ) ကွိုင်စပရင်
(Rubber Bushing ) ရာဘာဘွတ်
(Bellows ) သဲကာ
အစရှိတဲ့ အခြေခံပစ္စည်းတွေနဲ့ ဖွဲ.စည်းထားပြီး ကားအမျိုးအစား မော်ဒယ် အမျိုးအစား ထုတ်လုပ်တဲ့ ကုမ္ပဏီပေါ် မူတည်ပြီး အောက်ပိုင်းပစ္စည်း အစိတ်အပိုင်းတွေ အများကြီး ပါဝင်ပါသေးတယ် ။
အဲ့ဒီပစ္စည်းတွေနဲ့ အဓိကတွဲဖက် အလုပ်လုပ်နေတာကတော့
Brake System ဘရိတ်အဖွဲ့အစည်းတွေနဲ့ တာယာတွေပါ ။

(၁) တိုင်းရော့ (Tie rod )နဲ့
မိန်းလုံး(Tie rod end or Rack End) မကောင်းရင်
ဘယ်လို ရောဂါလက္ခဏာတွေ ပြမလဲ

တိုင်းရောနဲ့ မိန်းလုံးမကောင်းရင်ဖြစ်တတ်တဲ့
ထင်ရှားတဲ့ လက္ခဏာ ကတော့
သင်ကားကို အရှိန်ဖြည်းဖြည်းနဲ့ မောင်းနေတဲ့အခါမျိုး
ဒါမှ မဟုတ် ကားကို ရုတ်တရက် ထောင့်ချိုးကွေ့ လိုက်တဲ့အခါမျိုးမှာ
အရှေ့ဖက်အစွန်းဆုံးဆီကနေ ဒုတ် ဒုတ် မြည်သံထွက်လာမယ်။
လာထုနှက်တဲ့ အသံမျိုး ထွက်နေမယ်ဆိုရင်
သင့်ကားရဲ့ တိုင်းရော့နဲ့ မိန်းလုံးတွေ ချို့ယွင်းနေပါပြီ။
နောက်တစ်ချက် က သင်ကားမောင်းနေ တဲ့အချိန်၊
ကားဘရိတ်အုပ်လိုက်တဲ့ အချိန်မှာ
ကားက တဖက်ဖက်ကို ဆွဲနေမယ်။
ဒါ့အပြင် ကားတာယာတွေက အတွင်းဖက်ကိုဖြစ်စေ
အပြင်ဖက်ကိုဖြစ်စေ ဘက်မညီမမျှ စားသွားမယ်ဆိုရင်လည်း
အဲ့ဒါ တိုင်းရော့နဲ့ မိန်းလုံးမကောင်းတဲ့ရောဂါလက္ခဏာပါ။
တိုင်းရော့နဲ့ မိန်းလုံးဆိုတာကတော့ ကားအောက်ပိုင်းမှာ
ပျက်စီးမှု အများဆုံး ပစ္စည်းပါ။
တိုင်းရော့ ကျိုးပိုင်းလို့၊ပြုတ်ထွက်လို့ တောင်တက်တို့
အဝေးပြေးတို့မှာ အသက်အန္တရာယ် ကြုံရတဲ့အထိ
ဒုက္ခရောက်ရတဲ့ ကားတွေရှိဖူးပါတယ် ။
ဒီတော့ အခုဖော်ပြထားတဲ့ ရောဂါ လက္ခဏာလေးတွေ
တွေ.ရင် မြင်ရင် ကြားရင် ကြီးကြီးမားမား ပျက်စီးမှု မဖြစ်ခင်
ဝပ်ရှော့သွားပြီး တိုင်းရော့နဲ. မိန်းလုံးကို အသစ်လဲတန်လဲ ၊
Press ခုံမှာနင်းပြီး ပြန်သုံးတန်သုံးဖို့ လိုအပ်နေပါပြီ။

(၂) Ball Joint မကောင်းရင်
ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ

Ball Joint မကောင်းရင် ဖြစ်တတ်တဲ့ လက္ခဏာတွေက
သင့်ကား အောက်ဘက်ထောင့်ဆီကနေ
တစ်ချက်တစ်ချက်၊ အသံခပ်မျှဉ်းမျှဉ်း ထုနှက်သံမျိုးတွေ ထွက်တတ်တယ်။ အထူးသဖြင့် လမ်းအတိမ်းအ စောင်း ဖြစ်နေတဲ့နေရာတွေတို့
ချိုင့်ခွက်တွေထဲတို့ မှာ မောင်းလိုက်ရင်
အဲဒီအသံက ထွက်လာတယ်ဆိုရင်
အဲဒါ Ball Joint မကောင်းတဲ့ လက္ခဏာပါပဲ ။
ပြောရရင် သံကိုတူနဲ့ ထုတဲ့ အသံမျိုးနဲ့ဆင်ပါတယ် ။
Ball Joint က သင့်ကားဘီးရဲ့ ဘယ်ညာအကွေ့အထိန်းတွေမှာ
အဓိကထိန်းပေးထားတာမို့၊ Ball Joint မကောင်းဘူးဆိုတာနဲ့
သင့်ကားစတီယာရင် ( Steering ) ကို လာပြီး
သက်ရောက်မှုတွေ ရှိလာပါမယ်။
ဖြစ်လာနိုင်တာကသင့်ကားစတီယာရင်
မာပြီးလှည့်ရတာ ခက်သွားမယ်၊ ဒါမှမဟုတ် အရမ်းပေါ့ရွှတ်ပြီး
ထိန်းရခက်သွားမယ်။ လမ်းအဖြောင့်မောင်းနေရင်းက
အနိမ့်ပိုင်းကို ဆင်းလိုက်ရင် သင့်စတီယာရင် လက်ကိုင်ခွေကို
လာတိုးတာမျိုးတွေဟာ Ball Joint မကောင်းခြင်းရဲ့
ရောဂါ လက္ခဏာတွေပါ။ အခြားရောဂါလက္ခဏာ ကတော့
တိုင်းရောမိန်းလုံးတို့လိုပဲ တာယာအတွင်းအပြင်
မညီမညာစား သွားတာမျိုးပါပဲ ။

(၃) (Constant Velocity -CV Joint )
ဒူးဆစ် မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ

ဒူးဆစ်လက္ခဏာကတော့ သိသာထင်ရှားပါတယ်။
သင့်ကား ဘယ် ကိုဖြစ်ဖြစ် ညာကိုဖြစ်ဖြစ် ကွေ့လိုက်လို့
တစ်ခုနဲ့တစ်ခု ကြိတ်ဝါးနေ သလို * ကလစ်ကလစ်
တောက်တောက်တောက် တက်တက်တက် * အသံတွေ ထွက်လာတယ်။ ကွေ.တိုင်း အဲ့ဒီလို အသံတွေထွက်နေ တယ်ဆိုရင်
အဲ့ဒါ ဒူးဆစ်မကောင်းတဲ့လက္ခဏာတစ်ရပ်ပါ။
နောက် ဒူးဆစ်ဘောတွေကို ထိန်းထားတဲ့
ကလစ် ပြုတ်ထွက်တာမျိုးဆိုရင်တော့ ကားကဂီယာ
ဘယ်လိုထိုးထိုး ဂီယာဖရီးလို ဖြစ်နေတတ်ပါတယ်။
မနေ့ကပဲ ကားတစ်စီ းဒူးဆစ်ဘောကိုထိန်းထားတဲ့ကလစ်ပြုတ်ပြီး
ဝပ်ရှော့ကို ကြိုးနဲ့ ဆွဲလာရပါ သေးတယ်။

(၄) Shock bar , Coil Spring , Struts မကောင်းရင်
ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ

ဒီအပိုင်းတွေ မကောင်းရင်ပြတဲ့ လက္ခဏာတွေက
သိသာထင်ရှားပါတယ်။
အထူးသဖြင့် လမ်း အနိမ့်အမြင့် မညီမညာဖြစ်တဲ့နေရာတွေ ၊
ဒါမှမဟုတ် ချိုင့်ခွက်တွေထဲ မောင်းတယ်ဆိုရင်
ညိမ့်ညော ညင်သာမှု မရှိတော့ဘဲ
အောက်ဘက်ကနေ ပြင်းထန်စွာ လာစောင့်နေတာမျိုးတွေကို
သိသာထင်ရှားစွာ ခံစားရပြီဆိုရင်တော့
အဲ့ဒါ Shock bar , Coil Spring , Struts တို့
မကောင်းတဲ့ လက္ခဏာရပ်ပါ ။
ရှော့ဘားတွေ မကောင်းတဲ့ လက္ခဏာ နောက်တစ်မျိုးက
သင့်ကားကိုယ်ထည်တစ်ခု
လုံးကို ပြင်းပြင်းထန်ထန် ယိမ်းနွဲ.စေတတ်ပါတယ်။
နောက်တစ်မျိုး ကလည်း တချို့ရှော့ဘားမှာဆိုရင်
ဆီတွေ ယိုကျတာတို့၊ ရှော့ဘားကေ အောက်ကို ကျပြီး
အပေါ်ကို ပြန်ကန် မတက်တော့တာမျိုးတွေကို လည်း
မြင်တွေ.နိုင်ပါတယ်ခမျာ။

(၅) ကားတဖက်ဖက်ကိုဆွဲနေတဲ့ ရောဂါလက္ခဏာပြရင်
ကားတဖက်ဖက်ကို ဆွဲနေတဲ့ရောဂါလက္ခဏာပြရင်
ဖြစ်နိုင်တာတွေက တာယာလေနည်းနေတာ ၊ တာယာလေပေါင်
တစ်ဖက်နဲ့တစ်ဖက်မညီတာဖြစ်တတ်ပါတယ် ။
တာယာလေပေါင် အရင်စစ်ဆေး ရပါမယ်။
အခုနောက်ပိုင်းတချို့မော်ဒယ်မြင့် ကားတွေမှာတော့
တာယာ လပေါင်မညီရင် ဒက်ဘုတ်မှာ လေပေါင်မညီတာကိုပြတဲ့
မီးလင်း ပါတယ်။ တာယာတစ်ဖက်ဖက်စားနေတာ ဖြစ်နိုင်ပါတယ်၊
တာယာ တစ်ဖက်ဖက်မညီမညာ စားနေလား၊
ရှေ.နောက်ဘေး သေချာ စစ်ဆေးရပါမယ်။
မညီမညာဖြစ်နေရင် ဘာကြောင့်ဖြစ်တယ်စစ်ဆေးပြီး
အသစ်လဲတန်လဲရပါမယ်။ ကားအလိုင်းမင့် (Alignment)
မညီမညာ ဖြစ်တာမျိုးလည်းဖြစ်တတ်ပါတယ်။
အလိုင်းမင့်ချိန်ဆိုင်တွေမှာ သေချာစစ်ဆေးသင့်ပါတယ်။
တိုင်းရော့တို့ မိန်းလုံးတို့ မကောင်း တာလည်းဖြစ်တတ်ပါတယ် ။
ကားအောက်ပိုင်းပြုပြင်ရေ းဆိုင်တွေမှာ ပြုပြင်သင့်ပါတယ်။

(၆) Brake မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေ ပြမလဲ
ဘရိတ်နင်းရတာထိုင်းနေမယ်၊ ကပ်နေမယ် (ဝါ) လျောနေမယ်၊
ဘရိတ်အုံတွေအရမ်းပူနေမယ်၊ ဘရိတ်ကလစ်နဲ့
ဘရိတ်ဒရမ်နဲ့ ပွတ်တဲ့ ဂျစ်ဂျစ်ဂျစ်ဆိုတဲ့ ရောဂါလက္ခဏာပြရင်
Break Pads တွေ ကုန်နေတာ၊ ဘရိတ်ပစ်စတင်တွေ ဂျမ်းဖြစ်နေတာ၊
ဘရိတ်ရူးလျော့နေတာ၊ ပင်တွေ သံချေးတက်ပြီး
ကိုက်နေတာတွေဖြစ်နိုင်ပါတယ်။

(၇) Steering မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေ ပြမလဲ
စတီယာရင် လှည့်ရတာချော်နေမယ်၊ သင်စတီယာရင်ကို
လှည့်တဲ့ အခါဖြစ်စေ၊ လှည့်ထားတဲ့ အတိုင်းလေး ထိန်းတာတဲ့အခါဖြစ်စေ၊
စတီယာရင်က ချော်ထွက်နေမယ် ဒါမှမဟုတ် လှည့်ဖို့ ခက်ခဲနေမယ် ဆိုရင် Steering Fluid နည်းနေတာဖြစ်နိုင်တယ်၊
Steering Belt ကြိုးလျော့နေတာ ဒါမှမဟုတ်
ပွန်းစားနေတာဖြစ်နိုင်ပါတယ်. Steering Pump
မကောင်းတာလည်းဖြစ်နိုင်ပါတယ်၊
Steering Pump က O ring ပျက်ပြီး ဆီယိုနေတာလည်းဖြစ်နိုင်ပါတယ်။
ဒါတွေက ကားတစ်စီးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့
အခြေခံအောက်ပိုင်း ရောဂါလက္ခဏာရပ်တွေပါ၊
အခြားခြားသော ကားအောက်ပိုင်းရောဂါ တွေ
အများကြီး ကျန်ရှိပါသေးတယ်၊ မြန်မာနိုင်ငံမှာက
လမ်းမကောင်း တာရယ်၊ နောက် Used ကားတွေသာများတာကြောင့်
ကားအောက်ပိုင်း ရောဂါတွေကတော့ အဖြစ်များဆုံးရောဂါတွေလို့လည်း
ဆိုနိုင်ပါတယ်။ တချို့ကားတွေမှာဆို ဒူးဆစ်တို့ မိန်းလုံးတို့
ဘောဂွိုင့် တိုက်ရော့တို့ကို အုပ်ထားတဲ့ သဲကာလေးပေါက်တာကို
မလဲတာကနေပြီးအဲ့ဒီ အရာတွေ ကြားထဲမှာနေရမယ့်
အမဲဆီတွေ အပြင်ထွက်ပြီး ၊ အထဲမှာ မရှိရမယ့်
သဲတွေ ဖုန်တွေ ရွှံ.တွေက
အထဲဝင်ကာ အောက်ပိုင်းဆက်စပ် ပစ္စည်းတွေကို
ပျက်စီးစေတာလည်း မကြာခဏဆိုသလို တွေ့မြင်ရ ပါတယ် ။
အောက်ပိုင်းကလင့်တွေ ၊ Bushing တွေ မကောင်းတာေ ကြာင့်လည်း အထက်က ရောဂါတွေဖြစ်နိုင်ပါသေးတယ်။
နောက်တစ်ခုက အထက်ပါရောဂါတွေက
တစ်ခုခြင်းဖြစ်နိုင်သလို ၊ နှစ်ခုကနေ အကုန်လုံး စုပေါင်းပြီးလည်း
ဖြစ်နိုင်ပါတယ်။ ကားပေါ် တက်လိုက်လို့ အောက်ပိုင်းဆီကနေ
သံစုံတီးဝိုင်းသံတွေ ကြားနေရ ရင်တော့
သင့်ကားအောက်ပိုင်း တော်တော်များများ ပျက်စီးယို ယွင်းနေပြီဆိုတာ သတိပြု သင့်ပါတယ်။ စစဖြစ်ခြင်း ရောဂါလက္ခ ဏာတွေ
သတိမမူဘ ဲမပြုပြင် မထိန်းသိမ်းရင်
အောက်ပိုင်း အခြား ဆက်စပ်ပစ္စည်းတွေကိုပါ
လိုက်ပျက်စီးစေပြီးအနည်းဆုံး တာယာ စားသွားတာ၊
ကားမောင်းရတာ မငြိမ်တော့ဘဲ အသံတွေထွက်လာတာ ကနေ
အဆိုးဝါးဆုံး သင့်အသက်အန္တရာယ်ထိအောင် ထိခိုက်စေမှာပါ။
ဒါကြောင့်သင့်ကားအောက်ပိုင်းကနေမူမမှန်တဲ့
အသံတွေ တုန်ခါမှုတွေ ကို သတိထားပြီး
ရောဂါလက္ခဏာပြပြီဆိုတာနဲ့ သင်နဲ့ သင့်ကား
ဘေးအန္တရာယ် ကင်းရှင်းရေး လုံခြုံရေးအတွက်
ကားအောက်ပိုင်းဆိုင်ကိုစစ်ဆေးအကြံပြုတင်ပြပါသည်

#မူရင်း စားရေးသူအား ခရက်ဒစ်ပေးပါသည်။

ပြည်မြို့ " ရွှေထူး " ကားဝပ်ရှော့ကလဲ 📌ကျွန်တော်တို့ Royal Lubricants Co.,Ltd မှ တရားဝင် ကိုယ်စားလှယ်ရယူထားပြီး စင်ကာပူနိ...
02/02/2023

ပြည်မြို့ " ရွှေထူး " ကားဝပ်ရှော့ကလဲ

📌ကျွန်တော်တို့ Royal Lubricants Co.,Ltd မှ တရားဝင် ကိုယ်စားလှယ်ရယူထားပြီး စင်ကာပူနိုင်ငံ မှတိုက်ရိုက်တင်သွင်းဖြန့်ချီလျှက်ရှိသော အရည်သွေးမြင့် REV-1 အမှတ်တံဆိပ် အင်ဂျင်ဝိုင်များကိုယုံကြည်စိတ်ချစွာဝယ်ယူအားပေးဖြန့်ဖြူးပေးတဲ့အတွက် ကျွန်တော်တို့ Royal Lubricants Co.,Ltd မိသားစုမှ အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ......

🚗မိတ်ဆွေများကလဲ ကားနဲ့ပတ်သတ်တာပြင်ဆင်ဖို့လိုအပ်လာရင်" ရွှေထူး "ကားဝပ်ရှော့မှာ စိတ်တိုင်ကျ ပြုပြင်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ.....

🚗မိတ်ဆွေတို့ ကားများအတွက် အရည်အသွေး ကောင်းမွန်ပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ စင်ကာပူနိုင်ငံထုတ် REV-1 အမှတ်တံဆိပ်

(1) Engine Oil (အင်ဂျင်ဝိုင်)
(2) Auto Transmission Fluid ATF (အော်တိုဝိုင်)
(3) Coolant

စသည့်စက်ချောဆီများရဲ့ အရည်အသွေးနဲ့
မြင့်မားတဲ့စွမ်းဆောင်ရည်က မိတ်ဆွေတို့ကားများရဲ့
🚗 အင်ဂျင် အစိတ်ပိုင်း
🚗 ဂီယာ အစိတ်ပိုင်း
🚗 ရေတိုင်ကီ အစိတ်ပိုင်းများကို ပိုမိုကောင်းမွန်
စေပြီး သက်တမ်းရှည်ကြာစွာ သုံးစွဲနိုင်ရန် အပြည်ဝဆုံးကာကွယ်မူကိုပေးစွမ်းပါလိမ့်မည်။👍👍👍

🥳 ဒါကြောင့် မိတ်ဆွေတို့ရဲ့ တန်းဖိုးကြီး ကားအင်ဂျင်ကို REV-1 နဲ့ ကြိုတင်ကာကွယ်လိုက်ကြရအောင်ဗျာ........😘😘😘

ပြည်မြို့ " Lin Thit " ကားဝပ်ရှော့ကလဲ 📌ကျွန်တော်တို့ Royal Lubricants Co.,Ltd မှ တရားဝင် ကိုယ်စားလှယ်ရယူထားပြီး စင်ကာပူန...
01/02/2023

ပြည်မြို့ " Lin Thit " ကားဝပ်ရှော့ကလဲ

📌ကျွန်တော်တို့ Royal Lubricants Co.,Ltd မှ တရားဝင် ကိုယ်စားလှယ်ရယူထားပြီး စင်ကာပူနိုင်ငံ မှတိုက်ရိုက်တင်သွင်းဖြန့်ချီလျှက်ရှိသော အရည်သွေးမြင့် REV-1 အမှတ်တံဆိပ် အင်ဂျင်ဝိုင်များကိုယုံကြည်စိတ်ချစွာဝယ်ယူအားပေးဖြန့်ဖြူးပေးတဲ့အတွက် ကျွန်တော်တို့ Royal Lubricants Co.,Ltd မိသားစုမှ အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ......

🚗မိတ်ဆွေများကလဲ ကားနဲ့ပတ်သတ်တာပြင်ဆင်ဖို့လိုအပ်လာရင်" Lin Thit "ကားဝပ်ရှော့မှာ စိတ်တိုင်ကျ ပြုပြင်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ.....

လိပ်စာ ➡️ ဘုရင်နောင်လမ်းမကြီးဘေး၊ပြည်မြို့


🚗မိတ်ဆွေတို့ ကားများအတွက် အရည်အသွေး ကောင်းမွန်ပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ စင်ကာပူနိုင်ငံထုတ် REV-1 အမှတ်တံဆိပ်

(1) Engine Oil (အင်ဂျင်ဝိုင်)
(2) Auto Transmission Fluid ATF (အော်တိုဝိုင်)
(3) Coolant

စသည့်စက်ချောဆီများရဲ့ အရည်အသွေးနဲ့
မြင့်မားတဲ့စွမ်းဆောင်ရည်က မိတ်ဆွေတို့ကားများရဲ့
🚗 အင်ဂျင် အစိတ်ပိုင်း
🚗 ဂီယာ အစိတ်ပိုင်း
🚗 ရေတိုင်ကီ အစိတ်ပိုင်းများကို ပိုမိုကောင်းမွန်
စေပြီး သက်တမ်းရှည်ကြာစွာ သုံးစွဲနိုင်ရန် အပြည်ဝဆုံးကာကွယ်မူကိုပေးစွမ်းပါလိမ့်မည်။👍👍👍

🥳 ဒါကြောင့် မိတ်ဆွေတို့ရဲ့ တန်းဖိုးကြီး ကားအင်ဂျင်ကို REV-1 နဲ့ ကြိုတင်ကာကွယ်လိုက်ကြရအောင်ဗျာ........😘😘😘

🛣️ ပဲခူးတိုင်းဒေသကြီး၊ပြည်မြို့    " ကိုသန်းနိုင် နှင့် ညီများ ကားဝပ်ရှော့"ဆိုင်ကလဲ 📌ကျွန်တော်တို့ရဲ့ အရည်အသွေးမြင့် 💎RE...
31/01/2023

🛣️ ပဲခူးတိုင်းဒေသကြီး၊ပြည်မြို့
" ကိုသန်းနိုင် နှင့် ညီများ ကားဝပ်ရှော့"ဆိုင်ကလဲ

📌ကျွန်တော်တို့ရဲ့ အရည်အသွေးမြင့်
💎REV-1 အမှတ်တံဆိပ်💎 အင်ဂျင်ဝိုင်များအား
ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေး
ဖြန့်ဖြူးပေးတဲ့အတွက် ကျွန်တော်တို့
Royal Lubricants Co.,Ltd မိသားစုမှ အထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ......

🚗ကားပိုင်ရှင်များ နဲ့ ကားဆရာကြီးများကလဲ
ပဲခူးတိုင်းတိုင်း ပြည်မြို့ကိုရောက်ခဲ့ပြီး
ကားနဲ့ ပတ်သတ်တာပြင်ဆင်ဖို့လိုအပ်လာရင်
" ကိုသန်းနိုင် နှင့် ညီများ ကားဝပ်ရှော့"ပြုပြင်နိုင်ပါကြောင်း သတင်စကားပါးလိုက်ပါတယ်ခင်ဗျာ...

လိပ်စာ ➡️ အမှတ်(44)၊ရွှေတစ်ချောင်းလမ်း၊
သိပ္ပံဆောင်ရှေ၊ပြည်တက္ကသိုလ်အနီး

🚗မိတ်ဆွေတို့ ကားများအတွက် အရည်အသွေး ကောင်းမွန်ပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ စင်ကာပူနိုင်ငံထုတ် REV-1 အမှတ်တံဆိပ်

(1) Engine Oil (အင်ဂျင်ဝိုင်)
(2) Auto Transmission Fluid ATF (အော်တိုဝိုင်)
(3) Coolant

စသည့် စက်ချောဆီများကို မိတ်ဆွေရဲ့ကား
အင်ဂျင်အတွက် ဝယ်ယူသုံးစွဲလိုပါက

🏠Head Office (Yangon)
☎️+959-974033335, ☎️+959-974033337

🏠Mandalay Branch:
☎️+959-441002084

🏠Mawlamyine Branch:
☎️+959-776649598
သို့ ဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာ......

🛣️ ပဲခူးတိုင်းဒေသကြီး၊ပြည်မြို့    " KCK & Brothers Car Service"ဆိုင်ကလဲ 📌ကျွန်တော်တို့ရဲ့ အရည်အသွေးမြင့် 💎REV-1 အမှတ်တံ...
26/01/2023

🛣️ ပဲခူးတိုင်းဒေသကြီး၊ပြည်မြို့
" KCK & Brothers Car Service"ဆိုင်ကလဲ

📌ကျွန်တော်တို့ရဲ့ အရည်အသွေးမြင့်
💎REV-1 အမှတ်တံဆိပ်💎 အင်ဂျင်ဝိုင်များအား
ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေး
ဖြန့်ဖြူးပေးတဲ့အတွက် ကျွန်တော်တို့
Royal Lubricants Co.,Ltd မိသားစုမှ အထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ......

🚗ကားပိုင်ရှင်များ နဲ့ ကားဆရာကြီးများကလဲ
ပဲခူးတိုင်းတိုင်း ပြည်မြို့ကိုရောက်ခဲ့ပြီး
ကားနဲ့ ပတ်သတ်တာပြင်ဆင်ဖို့လိုအပ်လာရင်
"KCK & Brothers Car Service " မှာ ပြုပြင်နိုင်ပါကြောင်း သတင်စကားပါးလိုက်ပါတယ်ခင်ဗျာ...

လိပ်စာ ➡️ ရန်ကုန်ပြည်အမြန်လမ်းမဘေး၊
စျေးရုံသစ်လမ်း၊ပြည်သာယာ

🚗မိတ်ဆွေတို့ ကားများအတွက် အရည်အသွေး ကောင်းမွန်ပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ စင်ကာပူနိုင်ငံထုတ် REV-1 အမှတ်တံဆိပ်

(1) Engine Oil (အင်ဂျင်ဝိုင်)
(2) Auto Transmission Fluid ATF (အော်တိုဝိုင်)
(3) Coolant

စသည့် စက်ချောဆီများကို မိတ်ဆွေရဲ့ကား
အင်ဂျင်အတွက် ဝယ်ယူသုံးစွဲလိုပါက

🏠Head Office (Yangon)
☎️+959-974033335, ☎️+959-974033337

🏠Mandalay Branch:
☎️+959-441002084

🏠Mawlamyine Branch:
☎️+959-776649598
သို့ ဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာ......

ပြည်မြို့ " King Royal " ကားဝပ်ရှော့ကလဲ 📌ကျွန်တော်တို့ Royal Lubricants Co.,Ltd မှ တရားဝင် ကိုယ်စားလှယ်ရယူထားပြီး စင်ကာပ...
25/01/2023

ပြည်မြို့ " King Royal " ကားဝပ်ရှော့ကလဲ

📌ကျွန်တော်တို့ Royal Lubricants Co.,Ltd မှ တရားဝင် ကိုယ်စားလှယ်ရယူထားပြီး စင်ကာပူနိုင်ငံ မှတိုက်ရိုက်တင်သွင်းဖြန့်ချီလျှက်ရှိသော အရည်သွေးမြင့် REV-1 အမှတ်တံဆိပ် အင်ဂျင်ဝိုင်များကိုယုံကြည်စိတ်ချစွာဝယ်ယူအားပေးဖြန့်ဖြူးပေးတဲ့အတွက် ကျွန်တော်တို့ Royal Lubricants Co.,Ltd မိသားစုမှ အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ......

🚗မိတ်ဆွေများကလဲ ကားနဲ့ပတ်သတ်တာပြင်ဆင်ဖို့လိုအပ်လာရင်" King Royal "ကားဝပ်ရှော့မှာ စိတ်တိုင်ကျ ပြုပြင်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ.....

လိပ်စာ ➡️ တြိဂံလမ်းဆုံအနီး၊ဘုရင်နောင်လမ်းမ
ကြီးဘေး၊နဝဒေးရပ်၊ပြည်မြို့

🚗မိတ်ဆွေတို့ ကားများအတွက် အရည်အသွေး ကောင်းမွန်ပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ စင်ကာပူနိုင်ငံထုတ် REV-1 အမှတ်တံဆိပ်

(1) Engine Oil (အင်ဂျင်ဝိုင်)
(2) Auto Transmission Fluid ATF (အော်တိုဝိုင်)
(3) Coolant

စသည့်စက်ချောဆီများရဲ့ အရည်အသွေးနဲ့
မြင့်မားတဲ့စွမ်းဆောင်ရည်က မိတ်ဆွေတို့ကားများရဲ့
🚗 အင်ဂျင် အစိတ်ပိုင်း
🚗 ဂီယာ အစိတ်ပိုင်း
🚗 ရေတိုင်ကီ အစိတ်ပိုင်းများကို ပိုမိုကောင်းမွန်
စေပြီး သက်တမ်းရှည်ကြာစွာ သုံးစွဲနိုင်ရန် အပြည်ဝဆုံးကာကွယ်မူကိုပေးစွမ်းပါလိမ့်မည်။👍👍👍

🥳 ဒါကြောင့် မိတ်ဆွေတို့ရဲ့ တန်းဖိုးကြီး ကားအင်ဂျင်ကို REV-1 နဲ့ ကြိုတင်ကာကွယ်လိုက်ကြရအောင်ဗျာ........😘😘😘

ပြည်မြို့ " မဏ္ဍိုင် " ကားဝပ်ရှော့ကလဲ 📌ကျွန်တော်တို့ Royal Lubricants Co.,Ltd မှ တရားဝင် ကိုယ်စားလှယ်ရယူထားပြီး စင်ကာပူန...
24/01/2023

ပြည်မြို့ " မဏ္ဍိုင် " ကားဝပ်ရှော့ကလဲ

📌ကျွန်တော်တို့ Royal Lubricants Co.,Ltd မှ တရားဝင် ကိုယ်စားလှယ်ရယူထားပြီး စင်ကာပူနိုင်ငံ မှတိုက်ရိုက်တင်သွင်းဖြန့်ချီလျှက်ရှိသော အရည်သွေးမြင့် REV-1 အမှတ်တံဆိပ် အင်ဂျင်ဝိုင်များကိုယုံကြည်စိတ်ချစွာဝယ်ယူအားပေးဖြန့်ဖြူးပေးတဲ့အတွက် ကျွန်တော်တို့ Royal Lubricants Co.,Ltd မိသားစုမှ အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ......

🚗မိတ်ဆွေများကလဲ ကားနဲ့ပတ်သတ်တာပြင်ဆင်ဖို့လိုအပ်လာရင်" မဏ္ဍိုင် "ကားဝပ်ရှော့မှာ စိတ်တိုင်ကျ ပြုပြင်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ.....

လိပ်စာ ➡️ အမှတ်(17)၊နဝဒေးလမ်း၊သန္ဓေပင်ရပ်၊
ရွာဘဲရပ်ကွက်၊ပြည်မြို့။


🚗မိတ်ဆွေတို့ ကားများအတွက် အရည်အသွေး ကောင်းမွန်ပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ စင်ကာပူနိုင်ငံထုတ် REV-1 အမှတ်တံဆိပ်

(1) Engine Oil (အင်ဂျင်ဝိုင်)
(2) Auto Transmission Fluid ATF (အော်တိုဝိုင်)
(3) Coolant

စသည့်စက်ချောဆီများရဲ့ အရည်အသွေးနဲ့
မြင့်မားတဲ့စွမ်းဆောင်ရည်က မိတ်ဆွေတို့ကားများရဲ့
🚗 အင်ဂျင် အစိတ်ပိုင်း
🚗 ဂီယာ အစိတ်ပိုင်း
🚗 ရေတိုင်ကီ အစိတ်ပိုင်းများကို ပိုမိုကောင်းမွန်
စေပြီး သက်တမ်းရှည်ကြာစွာ သုံးစွဲနိုင်ရန် အပြည်ဝဆုံးကာကွယ်မူကိုပေးစွမ်းပါလိမ့်မည်။👍👍👍

🥳 ဒါကြောင့် မိတ်ဆွေတို့ရဲ့ တန်းဖိုးကြီး ကားအင်ဂျင်ကို REV-1 နဲ့ ကြိုတင်ကာကွယ်လိုက်ကြရအောင်ဗျာ........😘😘😘

မီးပွိုင့်မှာ မီးဝါသွားရင် ဆက်မောင်းလို့ ရ မရယာဉ်မောင်းသူတိုင်း ဒွိဟဖြစ်နေတဲ့ကိစ္စလေးပါ မီးပွိုင့်ကမီး ဝါနေတဲ့အချိန် ယာဉ...
29/12/2022

မီးပွိုင့်မှာ မီးဝါသွားရင် ဆက်မောင်းလို့ ရ မရ

ယာဉ်မောင်းသူတိုင်း ဒွိဟဖြစ်နေတဲ့ကိစ္စလေးပါ မီးပွိုင့်ကမီး ဝါနေတဲ့အချိန် ယာဉ်ဖြတ်သန်းမောင်းနှင်လို့ရ မရ မီးဝါဖြတ်လို့ ချလန်ဖြတ်ခံရတာ ဘာညာဆိုတာတွေ အချို့ကြုံနေရတော့ ဒီမီးဝါလေးအကြောင်း ရှင်းပြချင်ပါတယ်။မီးနီရင်တော့ ရပ် မီးစိမ်းရင်တော့ မောင်း ဒါကတော့ရှင်းပါတယ် မီးစိမ်းလို့မောင်းလာတုံး မီးမနီခင် မီးဝါပါတယ် သုံးစက္ကန့်လောက်ပေါ့ အဲ့ဒီစိမ်းလို့မောင်းလာနေတုံးမီးဝါခဲ့ရင် အဲ့ မီးဝါနေတာကိုသိသိကြီးနဲ့မောင်းတာမျိုးမဟုတ်ဘူးနော်။စိမ်းနေတာကို ပုံမှန်မောင်းလာရင်း မီးကဝါသွားတာကိုပြောတာ အဲ့လိုဆိုရင် သင့်ရဲ့ကား သို့မဟုတ် ဆိုင်ကယ်ဟာ မီးပွိုင့်ရဲ့ရပ်မျဉ်းမရောက်ခင်ဆိုလျှင် မဖြစ်မနေရပ်ပါ။

စိမ်း လို့ ပုံ မှန် မောင်းလာ လိုက်တာ ရပ်မျဉ်ကျော်မီး မှ မီး က ဝါသွားတယ်။ ခဏ နေတော့ နီ သွားတယ် ဆိုရင် ဆက်မောင်းပါ သိသိကြီး နဲ့ဖြတ် မောင်းသွားခြင်း မျိုးမဟုတ်ဘဲ မိမိ ပုံမှန် မောင်းနေရင်း မီးဝါ ပြောင်းလဲ သွားခြင်းမျိုးကိုဆိုလိုတာပါ။အကြံပြုချင်တာတစ်ခုကတော့ မီးဝါတာကို အ ဝေး ကထဲက မြင်နေ ရရင်မီးမနီးခင် မြန် မောင်း တာ လု မောင်း တာ တို့ မ လုပ် ဘဲ အရှိန် လျှော့ လို့ ရပ် စေချင် ပါတယ်။ စိမ်း မှ ပြန်ထွက်ပါ ဒါကတော့ အန္တရာယ် အကင်းဆုံး ပါခင်ဗျာ။

Credit

♦️ ဒီဇယ်အင်ဂျင်ပြစ်ချက်များ ♦️***********************************ကားဆရာဖြစ်လာရင် ဓာတ်ဆီ ကားရော၊ ဒီဇယ်ကားပါမောင်းရမှာဘဲ။ ...
24/12/2022

♦️ ဒီဇယ်အင်ဂျင်ပြစ်ချက်များ ♦️
***********************************
ကားဆရာဖြစ်လာရင် ဓာတ်ဆီ ကားရော၊ ဒီဇယ်ကားပါမောင်းရမှာဘဲ။ ဓာတ်ဆီအင်ဂျင်က လူစီးကားလေး တွေလောက်ဘဲ သုံးပါတယ်။ ဒီဇယ် အင်ဂျင်က ပိုပြီးအသုံးများပါတယ်။ ထရပ်ကားတွေ၊ ဘတ်စ်ကားကြီးတွေ၊ ထရေလာကုန်တင်ကားကြီးတွေ၊ Dumper Truck တွေ၊ စက်ယန္တရား ကြီးတွေအားလုံး ဒီဇယ်အင်ဂျင်ဘဲ သုံးပါတယ်။ ဒီဇယ်အင်ဂျင်ကအား ကောင်းတယ်။ အကြမ်းခံတယ်။ ပြု ပြင်ထိန်းသိမ်းရတာနည်းတယ်။ ဆီ စားသတ်သာပြီး ကုန်ကျစရိတ်သက် သာတယ်။ ဓာတ်ဆီအင်ဂျင်နဲ့စာရင် ပြဿနာနည်းတယ်။ ဒါကြောင့် ဒီဇယ် အင်ဂျင်ကို အသုံးများတယ်။
ဒီဇယ်အင်ဂျင်နဲ့ ဓာတ်ဆီအင်ဂျင် ဖွဲ့စည်းပုံမတူသလို အလုပ်လုပ်ပုံ လည်း ခြားနားပါတယ်။ ပထမဆုံး လောင်စာဆီမတူပါဘူး။ ဒီဇယ်ဆီက နည်းနည်းချွဲပျစ်ပါတယ်။ ချွဲပျစ်တဲ့အ တွက် ချောဆီဂုဏ်သတ္တိရှိပါတယ်။ ဒီဇယ် Injection Pump နှင့် နော် ဇယ်အတွင်းမှာ ချောဆီအဖြစ် ဆောင် ရွက်ပေးပါတယ်။ သာမန်အပူချိန်မှာ ဒီဇယ်ဆီက အငွေ့မပျံနိုင်ပါဘူး။ ဓာတ် ဆီကတော့ အငွေ့ပျံနှုန်းမြန်ပါတယ်။

ဒီဇယ်အင်ဂျင်ရဲ့Compression က ဓာတ်ဆီအင်ဂျင်ထက်မြင့်ပါတယ်။ Compression အချိုး (15:1) ကနေ (20:1) အထိရှိပါတယ်။ ဒါကြောင့်မို့ အင်ဂျင်အတွင်းဝင်သွားတဲ့လေကို ပစ္စ တင်ကဖိသိပ်လိုက်ရင် အလွန်ပူလာ ပါတယ်။ အပူချိန် (500°C) လောက် အထိပူမှ ဒီဇယ်ဆီမီလောင်ပေါက်ကွဲ နိုင်ပါတယ်။ ဒါကြောင့် အင်ဂျင်Compression ကျတဲ့ ဒီဇယ်ကားတွေ၊ စက် နှိုးရထိုင်းပါတယ်။ Compression ကျ တာဟာ ဗားတွေ Ring တွေမလုံ တော့လို့ပါ။
Compression Stroke မှာ ပူ နေတဲ့လေထဲကို ဒီဇယ်နော်ဇယ်ထိပ် ဖျားက ဆီဖြန်းပေးလိုက်တာနဲ့ အလို အလျောက် မီးပေးစနစ်တွေ၊ ပလပ် တွေမလိုပါဘူး။ ဒါပေမဲ့ Heat Plug ခေါ်တဲ့ ွူသတ မီးတော့လိုပါတယ်။ ဒီဇယ်အင်ဂျင်မှာ လောင်စာဆီပို့စနစ် က ဓာတ်ဆီအင်ဂျင်နဲ့ ခြားနားပါ တယ်။ ဒီဇယ် Injection ပန့်နဲ့ နော် ဇယ်ကိုသုံးပါတယ်။ ဒီကနေ့ ခေတ် ပေါ်ဒီဇယ်အင်ဂျင်တွေမှာတော့ Comon Rail Direct Injection စနစ်ကို သုံးပါတယ်။

ဒီဇယ်အင်ဂျင်အကြောင်းတွေ ပြောနေလို့ မပြီးပါဘူး။ အဓိကပြော ပြချင်တာက ကားဆရာတွေ အမြဲ ကြုံတွေ့ရနိုင်တဲ့ ဒီဇယ်အင်ဂျင်ပြဿ နာလေးတွေပါဘဲ။
ဆောင်းရာသီ အလွန်အေးခဲတဲ့ ဒေသတွေမှာ ဒီဇယ်ကားစက်နိုးရတာ ခက်ခဲတတ်ပါတယ်။ ဆောင်းရာသီမှာ သုံးရတဲ့အင်ဂျင်ဝိုင်က ပျစ်နေလို့မရ ပါဘူး။ မာတီဂရိတ်အင်ဂျင်ဝိုင်ကိုသုံး ပါ။ 5TS-20 လောက်ဆို သင့်တော် ပါတယ်။ မာတီဂရိတ်မှာညွန်းတဲ့ “Ts” ဆိုတဲ့ စာလုံးက “TS-inter” ဆောင်း ရာသီကိုဆိုလိုတာပါ။ ရေခဲအမှတ် လောက်အေးခဲနေတဲ့ဒေသမှာ သာမန် အင်ဂျင်ဝိုင် SAE 40 လောက်သုံးထား ရင် အင်ဂျင်ဝိုင်တွေလဲ ပျစ်ခဲနေမှာ သေချာပါတယ်။ မာတီဂရိတ်ဆီက မခဲပါဘူး။ အင်ဂျင်ဝိုင်ရဲ့သဘာဝက အေးရင်ပျစ်ခဲနေမယ်။ ပူလာရင် ဆီ ကျဲသွားမယ်။ ဒါပေမဲ့ မာတီဂရိတ်အင် ဂျင်ဝိုင်မှာ ထပ်ပေါင်းဓာတုပစ္စည်းတွေ ရောစပ်ထားတာကြောင့် အေးတဲ့အ ချိန်မှာ ဆီကျဲနေပြီး ပူလာရင် ဆီပျစ် သွားတတ်ပါတယ်။ ဒီဇယ်အင်ဂျင်အတွက် အင်ဂျင်ဝိုင်ကိုသုံးရင် ဒီဇယ် ကားအတွက် သီးသန့်လာတဲ့အင်ဂျင် ဝိုင်ဘဲသုံးပါ။ ဓာတ်ဆီကားမှာသုံးတဲ့ Motor Oil ကိုမသုံးရပါ။ ဓာတ်ဆီနဲ့ ဒီဇယ်မီးလောင်ပေါက်ကွဲတဲ့ဖြစ်စဉ် မတူလို့ပါဘဲ။ ဒီဇယ်ကားမှာ စက်နှိုး ရလွယ်ဖို့ မော်တာနဲ့ ဘက်ထရီပက် ကားကောင်းနေအောင် ထိန်းသိမ်းဖို့ လိုပါတယ်။ စက်နှိုးမော်တာစနစ်မှာ ဘာအပြစ်မှမရှိအောင် ထိန်းသိမ်းစစ် ဆေးပြုပြင်ထားဖို့လိုပါတယ်။ ဘက်ထ ရီအားကောင်းဖို့လည်း မိုးရေ-အက် ဆစ် Level မှန်ရမယ်။ ဘက်ထရီ ခေါင်းတွေ ဘက်ထရီကေဘယ်ကြို တွေ အဆက်ကောင်းရမယ်။ ဘက် ထရီချာဂျင်စနစ်ကောင်းရမယ်။ ဗဃ။ီဃ ဒိုင်နမို မီးထွက်ကောင်းရမယ်။ ဒီဇယ်ကားမှာသုံးတဲ့ဘက်ထရီက အမ်ပီယာအားကောင်းဖို့အတွက် ပလိပ်ပြားအရေအတွက်များတဲ့ အိုးကြီးကိုသုံးပါ။ ဘက်ထရီလည်း ကောင်းမယ်။ ချာဂျင်အားသွင်းစနစ် လည်းကောင်းမယ်။ မော်တာလည်း ကောင်းမယ်ဆိုရင် ကားသော့လှည့် လိုက်တာနဲ့ မော်တာအားကောင်း ကောင်းနဲ့လည်ပါလိမ့်မယ်။ ဒီဇယ် ကားဆိုတာ ကွန်ပရက်ရှင်နဲ့ စက်နှိုး ရတာကြောင့် စက်နှိုးမော်တာအီနေလို့ မရပါဘူး။ မော်တာအားကောင်း ကောင်းနဲ့လှည့်ပေးနိုင်ဖို့လိုပါတယ်။

မနက်ပိုင်း ကားစက်မနှိုးခင် အင် ဂျင်ဝိုင်တိုင်းပါ။ ရေတိုင်ကီရေဖြည့်ပါ။ Hand Pump ကို တင်းနေအောင်ရိုက် ပါ။ ကားစက်နိုးဖို့အဆင်သင့်ဖြစ်ရင် ဘက်ထရီအားကောင်း၊ မကောင်း ဟွန်းတီးကြည့်ပါ။ မီးကြီးဖွင့်ကြည့်ပါ။ အားလုံး OK ရင် ကားသော့ဖွင့်ပြီး ဂလိုးမီးအပူပေးပါ။ ၂ ကြိမ်လောက် အပူပေးပြီးရင် မော်တာဆွဲပြီးနိုးပါ။ မော်တာလှည့်တာနဲ့ ဒေါက်-ဝူးတစ် ချက်တည်းနဲ့ စက်နိုးရပါတယ်။ မော်တာတစ်ချက်တည်းနဲ့မနိုးနိုင်။ ၂ ခါ၊ ၃ ခါဆွဲပြီးမှ မနိုးချင်နိုးချင်နဲ့ အတော် လေးကို မော်တာဆွဲနေရရင်တော့ အခြေအနေမကောင်းလို့ပါဘဲ။ ဂလိုး မီး Heat Plug တွေမကောင်းတာလား၊ ဂလိုးမီးတိုင်မာ(Timer) မ ကောင်းတာလား၊ Pump ကျနေတာ ပြီလား။ အင်ဂျင် Compression ကျ နေလို့လား။ ချွတ်ယွင်းအားနည်းချက် တစ်ခုခုရှိနေလို့ပါဘဲ။

ဒီဇယ်အင်ဂျင်မှာ မီးပေးစနစ်မပါ တဲ့အတွက် အင်ဂျင်စတင်နိုးချိန်မှာ လုံလောက်တဲ့အပူချိန်ရဖို့ Glow Plug၊ Heat Plug တွေနဲ့ ကြိုတင်အပူ ပေးရပါတယ်။ အင်ဂျင်ဆလင်ဒါတစ် လုံးကို Glow Plug တစ်လုံးစီတပ်ဆင် အပူပေးတယ်။ ၄ လုံးထိုးအင်ဂျင်မှာ Glow Plug ၄ လုံးပါပြီး ၆ လုံးထိုး မှာ Glow Plug ၆ လုံးပါတယ်။ Glow Plug ဆိုတာလည်း သုံးတာကြာလာ ရင် လောင်ကျွမ်းတတ်တယ်။ Plug ၂ လုံးလောက်မကောင်းရင် ဒီဇယ် အင်ဂျင်အနိုးထိုင်းတတ်ပါတယ်။
မနက်ပိုင်းအင်ဂျင်က အေးစက် နေတယ်။ စနိုးတဲ့အချိန်မှာ အပူလိုတယ်။ ဒီလိုအပ်ချက်ကြောင့် ဂလိုး မီးကို တပ်ဆင်ထားတာ။ စက်မနိုးခင် Glow Plug ကို ၅ စက္ကန့်လောက် လျှပ်စစ်စီးစေတာနဲ့ ချက်ချင်းပူတတ် လာပါတယ်။ အင်ဂျင်ကို မော်တာနဲ့ လှည့်လိုက်တဲ့အချိန်မှာ အင်ဂျင်ပေါက် လောင်းခန်းမှာ လေတွေကို ဖိသိပ်မိတယ်။ အင်ဂျင် Compression ဖိ အားရယ် Glow မီးအကူအားတွေ ကြောင့် ပေါက်ကွဲနိုင်တဲ့အဆင့်အထိ အပူချိန်မြင့်တတ်နေတယ်။ ဒီအချိန်မှာ နော်ဇယ်က ဒီဇယ်အမှုန်ကလေးတွေ ဖြန်းလိုက်တာနဲ့ ပေါက်ကွဲပြီး အင်ဂျင် ချက်ချင်းနိုးသွားစေတာဖြစ်တယ်။

ဒီဇယ်ကားတွေမှာ ကားသော့ ဖွင့်လိုက်တာနဲ့ ကွိုင်ပုံသဏ္ဍာန် ှုခသာ လေးနဲ့ Glow မီးနီကလေးလင်းလာ မယ်။ စက္ကန့်ပိုင်းကလေးမှာဘဲ Glow မီးငြိမ်းသွားမယ်။ အဲ့ဒီအချိန်ကျမှ မော် တာကိုလှည်ပါ။ Glow Plug တွေကို Timer က ထိန်းချုပ်ပြီး မီးပေးတယ်။ တခါတလေ Timer မကောင်းရင် ဒါမှ မဟုတ် Relay ကူးမကောင်းရင် Glow Plug ကို မီးမရောက်ဘူး။
ဒီဇယ်ဆီမှာ ရေနဲ့အမှုန်အမွှား အညစ်အကြေးတွေရောပါတတ်တယ်။ ဆီသန့်ဖို့လိုပါတယ်။ ဒီဇယ်စစ်ဘူး ၁ လ သို့မဟုတ် ၂ လတစ်ကြိမ်လောက် အသစ်လဲပေးဖို့လိုပါတယ်။ အရည်အ သွေးညံ့တဲ့ ဒီဇယ်ဆီမှာ ဆာလဖာနဲ့ ဖယောင်းတွေပါဝင်နေပါတယ်။ ဒီအရာတွေက အလွန်အေးတဲ့ရာသီမှာ ဆီ လိုင်းမှာပိတ်နေတတ်ပါတယ်။ အရည် အသွေးကောင်းတဲ့ Ultra Low Sulfur Diesel ဆီကိုသုံးပါ။ ဒီဇယ်ဆီတိုင်ကီ ထဲမှာ ရေတွေနဲ့ မသန့်ရှင်းတဲ့ ဒီဇယ် အနယ်အနှစ်တွေရှိနေရင် အဏုဇီဝ ပိုးမွှားတွေ ရှင်သန်ပေါက်ဖွားနေတတ် ပါတယ်။ ရေနံကိုစားတဲ့ပိုးတွေရှိပါ တယ်။ ဒီပိုးမွှားတွေက ရေနံထွက် ပစ္စည်းတွေထဲမှာ အသက်ရှင်နေထိုင် ပြီး အကျိအချွဲတွေထုတ်လုပ်ပါတယ်။ ဒီအကျိအချွဲတွေကြောင့် ဒီဇယ်ဆီဟာ ပိုပြီးညစ်ပတ်သွားပါတယ်။ မကောင်း တဲ့အနံ့ဆိုးတွေထွက်ပါတယ်။ အဲ့ဒီအ ကျိအချွဲတွေနဲ့ ဒီဇယ်အနယ်အနှစ်တွေ က ဒီဇယ်ဆီပိုက်လိုင်းထဲမှာ ကော် စေးလိုကပ်တွယ်ပြီး ဒုက္ခပေးတတ်ပါ တယ်။ ဆီတိုင်ကီထဲမှာ ပိုးမွှားတွေမ ပေါက်နိုင်အောင် Biocide လို ပိုး သတ်ဆေးသုံးရပါတယ်။ ဒီဇယ်တိုင် ကီကိုလည်း ဖြုတ်ဆေးဖို့လိုပါတယ်။

ဆီလိုင်းထဲမှာ လေခိုနေရင်၊ စက် ထိုးရပ်သွားတတ်ပါတယ်။ Hand Pump ရိုက်ပြီး ဆီလိုင်းထဲကလေတွေ ကို လေချူပေါက်ကနေ ချူထုတ်ပေးရ ပါတယ်။
Air Cleaner ပိတ်ပြီး အင်ဂျင် လေငတ်ရင် အင်ဂျင်ဆွဲအားကျပါ တယ်။ မီးခိုးမဲတွေလည်းထွက်တတ် ပါတယ်။ Injection Pump Timing မမှန်ရင်လည်း ဒီဇယ်မီးခိုးထွက်တတ် ပါတယ်။ နော်ဇယ်တွေမကောင်းရင် လည်း မီးခိုးထွက်တတ်ပါတယ်။ ဒီဇယ်အင်ဂျင်အဆွဲအရုန်းကျမယ်၊ အ ထမကောင်းဘူး၊ မီးခိုးလိုက်တဲ့ပြဿ နာတွေရှိရင် ကျွမ်းကျင်တဲ့ဒီဇယ်ဆား ဗစ်ဆိုင်မှာ ပြသပါ။ Common Rail Diesel ကားတွေမှာတော့ ကွန်ပျူတာ နဲ့ ထိန်းကျောင်းတာကြောင့် အပြစ် ရှာမယ်ဆိုရင် ကွန်ပျူတာG-Scan Tool နဲ့ ရှာရပါတယ်။ ဆီအရည်အ သွေးမကောင်းတဲ့အတွက် Nozzle ထိပ်တွေ Injector ထိပ်တွေမှာ ဒီ ဇယ်ဗားနစ်(Varnish) တွေဖြစ်ပြီး ဆီဖြန်းတဲ့ပုံစံကို ပျက်စီးစေပါတယ်။ ဒီဇယ်ကားမှာ ဆီသန့်ဖို့၊ ချက်ဆီတွေ ရောမပါဖို့ ဆာလဖာပါဝင်နှုန်းနည်းဖို့ လိုပါတယ်။ Diesel Treatment ကို တခါတရံသုံးပေးပါ။

Credit-ဆရာ KMA(သိပ္ပံနှင့်နည်းပညာ) 🖋🙏

💁‍♂️မိတ်ဆွေကားအင်ဂျင်အတွက် အင်ဂျင်ဝိုင်     လဲဖို့ စဥ်းစားနေပြီလား...😇😇😇💁‍♂️ဒါဆိုရင်တော့"REV-1 အမှတ်တံဆိပ်"အင်ဂျင်ဝိုင် ...
22/12/2022

💁‍♂️မိတ်ဆွေကားအင်ဂျင်အတွက် အင်ဂျင်ဝိုင်
လဲဖို့ စဥ်းစားနေပြီလား...😇😇😇

💁‍♂️ဒါဆိုရင်တော့"REV-1 အမှတ်တံဆိပ်"အင်ဂျင်ဝိုင်
ရှိပါတယ်...👍👍👍
💁‍♂️REV-1 အင်ဂျင်ဝိုင်ကိုသုံးစွဲခြင်းအားဖြင့်
မိတ်ဆွေရဲ့ကားအင်ဂျင်ကို.....🚗
1.ပေါ့ပါးသွက်လက်စေခြင်း
2.အဆွဲအရုံးကောင်းမွန်းစေခြင်း
3.ဆီစားနူန်းသက်သာစေခြင်း
4.အင်ဂျင်သက်တမ်း ရှည်ကြာစေခြင်း
5.စက်သံကိုငြိမ်စေခြင်း
6.ပြင်ဆင်စရိတ်လျော့ကျစေခြင်း
7.အင်ဂျင်အတွင်းပိုင်းပွန်းစားမူကို
အထူးကာကွယ်ပေးခြင်း
8.ကြဲသွားခြင်း,ပျစ်သွားခြင်း,ခမ်းခြောက်ခြင်း
လျော့သွားခြင်း,ဂျိုးကပ်ခြင်း လုံးဝမှကိုမရှိတဲ့
အကျိုးကျေးဇူးတွေ ရရှိမှာပဲဖြစ်ပါတယ်ခင်ဗျာ..

🇸🇬စင်ကာပူနိုင်ငံထုတ် "REV-1 အမှတ်တံဆိပ်"
အင်ဂျင်ဝိုင်ကိုသုံးစွဲပြီး မိတ်ဆွေရဲ့ကားအင်ဂျင်
အချိန်မတိုင်ခင် ပျက်ဆီးမူမရှိစေရန် နှင့် သက်တမ်း
ပိုမိုရှည်ကြာစေရန် ယုံကြည်စိတ်ချစွာ သုံးစွဲဖို့အကြံ
ပြုလိုက်ပါရစေခင်ဗျာ....🤝🤝🤝

💁‍♂️အောက်ပါ Link ကနေလဲ REV-1 ထုတ်ကုန်များအကြောင်းလေ့လာနိုင်ပါတယ်ခင်ဗျာ👇👇👇

Offical Product Link: http://www.rev-1.com.sg

💁‍♂️ဝယ်ယူသုံးစွဲ ဖြန့်ဖြူးရောင်းချလိုသော
Customer များအနေနဲ့ အောက်ပါဖုန်းနံပတ်
များသို့ ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ....👇👇

🏢Head Office ( Yangon )
☎️ 09-974033337 / 09-974033338

🏢Mandalay Branch:
☎️ 09-441002084

🏢Mawlamyine Branch:
☎️ 09-776649598 (သို့)

ဆက်သွယ်မှာယူနိုင်ပါကြောင်း
သတင်းစကားပါးလိုက်ပါတယ်ခင်ဗျာ🙏🙏🙏🙏

Address

112, Kha 5 Street, Insein Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959974033337

Alerts

Be the first to know and let us send you an email when Rev-1 Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Rev-1 Myanmar:

Shortcuts

Share