KAMA Truck Myanmar

KAMA Truck Myanmar We provide Myanmar Agriculturial Business, Logistics and Transportation Market.

မင်္ဂလာပါ ခင်ဗျာK**A  Light Truck ကားကို တရုတ်နိုင်ငံ ရှန်ဒုန်းကာမာ အော်တိုမိုဘိုင်းလ် ကုမ္ပဏီ က ထုတ်လုပ်ထာပြီး အရည်အသွေးေ...
05/03/2021

မင်္ဂလာပါ ခင်ဗျာ

K**A Light Truck ကားကို တရုတ်နိုင်ငံ ရှန်ဒုန်းကာမာ အော်တိုမိုဘိုင်းလ် ကုမ္ပဏီ က ထုတ်လုပ်ထာပြီး အရည်အသွေး ထောက်ခံချက် ISO9001 ၊ ISO/TS16949 certification and CCC product certification များ ရရှိထားတဲ့ ကုမ္ပဏီကြီးတစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့် အကောင်းဆုံးတွေကိုပဲ ယူဆောင်လာတတ်တဲ့ သရဖူစိုးမြင့် ကုမ္ပဏီ ရဲ့ အစဉ်အလာအတိုင်း မြန်မာနိုင်ငံ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများအတွက်ရည်ရွယ်ပြီး တင်သွင်းလာခဲ့ခြင်းဖြစ်ပါတယ်။

Specification
🚍Engine - Isuzu Engine
🚍Type - Left Drive
🚍Fuel Type -Diesel
🚍Warranty (2) years OR kilometer (60000)
🚍Double Rear Wheels တို့ဖြစ်ပါတယ်။

ဒါကြောင့် K**A ၁၂ ပေ လိုက်ထရပ်ကား ဟာ ကုန်ပစ္စည်းအတင်အချ နဲ့ သယ်ယူပို့ဆောင်တဲ့ နေရာမှာ စက်ပိုင်းဆိုင်ရာ အရုန်းအဆွဲ က စိတ်ပူစရာမလိုအောင် ကြံ့ခိုင်တောင့်တင်းပြီး သားဖြစ်ပါတယ်။ ဒါအပြင် ကားအပြင်အဆင်ရုပ်ထွက် ဒီဇိုင်းကလည်း ပြေပြစ်ညီညာမှု နဲ့ လုံခြုံစိတ်ချရမှု အတွက် ဦးစားပေး ဒီဇိုင်းထုတ် တီထွင် ထုတ်လုပ်ထားပါတယ်။ ISUZU အင်ဂျင်ဖြစ်လို့ အပိုပစ္စည်းပေါများမှုအတွက်လည်း စိတ်ချရ စေပါတယ်။

ဟုတ်ကဲ့ပါ ၊ လူကြီးမင်းတို့ရဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် ဝယ်ယူအသုံးပြုချင်တယ် ဆိုရင်တော့ လက်ငင်းဈေး ၁၈၈ သိန်း နဲ့ရောင်းချပေးမှာ ဖြစ်ပြီး အရစ်ကျ ဝယ်ယူလိုပါက ကနဦး ၄၀% ပေးသွင်းပြီး တစ်နှစ်အရစ်ကျ စနစ်ဖြင့် ဝယ်ယူရရှိနိုင်ပါတယ်။

အသေးစိတ်သိရှိလိုပါက သရဖူစိုးမြင့် K**A Truck Myanmar ဖေ့စ်ဘွတ်ခ်မက်ဆင်ဂျာ သို့ ဝင်ရောက်စုံစမ်းမေးမြန်းနိုင်သလို အနယ်နယ်အရပ်ရပ် ရှိ ရုံးခွဲနှင့်အရောင်းပြခန်းဖုန်းနံပါတ်များသို့လည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

တောင်ကြီး။ ☎️09 444477776
မုံရှာ။ ☎️09 457800099
ကလေးမြို့။ ☎️09 457822288
မကွေး ။ ☎️09 425754223
ပြည် ။☎️09 425751255
တောင်ငူ။☎️09 459641996
နေပြည်တော်။☎️09 425754233
ပုသိမ်။☎️09 425754216
ဟင်္သာတ။☎️09 425751259
ထားဝယ်။☎️09 450043183

၁။ Pyae N Kyaw ( Car Show Room )
နေပြည်တော်ဖုန်း ☎️ 09 402 995 559 ☎️ 09 409 424 991
၂။ KIA Essential Naypyitaw Auto Co.,
နေပြည်တော် ဖုန်း ☎️ 09 450 460 220 ၊☎️ 09 450 460 620
၃။ Easy Rider မြိတ်မြို့ ဖုန်း ☎️ 09 564 1151☎️ 09 422 225 784

❤️မင်္ဂလာပါ ခင်ဗျာ 🚐 ကျွန်တော်တို့ K**A Truck Myanmar က ဝယ်ယူသူဖောက်သည်များ အဆင်ပြေစွာ ဝယ်ယူအားပေးနိုင်ဖို့ မြန်မာပြည်အန...
23/02/2021

❤️မင်္ဂလာပါ ခင်ဗျာ

🚐 ကျွန်တော်တို့ K**A Truck Myanmar က ဝယ်ယူသူဖောက်သည်များ အဆင်ပြေစွာ ဝယ်ယူအားပေးနိုင်ဖို့ မြန်မာပြည်အနှံ့ အရောင်းပြခန်းများ ဖွင့်လှစ်ထားရှိသည့်အပြင် မိမိနေထိုင်ရာအနီးပတ်ဝန်းကျင် ဒေသ မှာ ဝယ်ယူအားပေးနိုင်ဖို့အတွက်လည်း အရောင်းကိုယ်စားလှယ်များ ထားရှိ ပေးထားပါတယ်။

🚐အခုဆိုရင် ကျွန်တော်တို့ရဲ့ အရောင်းပါတနာ ဖြစ်တဲ့ Auto King Car Show Room
သံလွင်လမ်းမကြီး ၊ ကုတင်(၅၀) ဆေးရုံရှေ့ ၊ ဗုပ္ပသီရိမြို့နယ် ၊ ကျည်တောင်ကန် ၊နေပြည်တော်
Ph-09899521960၊ 09423333107 သို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းမေးမြန်းဝယ်ယူနိုင်သလို Auto King Car Show Room ဖေ့စ်ဘွတ်ခ် Chart Box သို့လည်း အသေးစိတ် စုံစမ်းမေးမြန်းဝယ်ယူနိုင်ပါတယ် ခင်ဗျာ။

🏢 ဒါကြောင့် နေပြည်တော် ဘက်က မိတ်ဆွေကာစတန်မာများ အနေနဲ့ K**A ထရပ်ကားများကို ဝယ်ယူဖို့ ရန်ကုန်မြို့ထိ လာစရာ မလိုတော့ဘဲ အချိန်ကုန်၊ စရိတ်ကုန် ၊ လူပင်ပန်းမှုများကို လျှော့ချ သွားနိုင်မှာဖြစ်ပါတယ်။

👍သင်တို့နဲ့အတူတူ အနီးနားမှာ ရှိနေမယ့် ကာမာထရပ်ကားတွေပဲ ဖြစ်ပါတယ် ခင်ဗျ။


**A_Truck_Myanmar

မင်္ဂလာပါ ခင်ဗျာ ❤️👍ဒီတစ်ခါ K**A လိုက်ထရပ်ကား ဝယ်ယူအားပေးသွားသူက စစ်ကိုင်းတိုင်းဒေသကြီး ခမ်းပတ် မြို့နယ် မှ ဦးဗျက်နှောထန...
27/01/2021

မင်္ဂလာပါ ခင်ဗျာ ❤️

👍ဒီတစ်ခါ K**A လိုက်ထရပ်ကား ဝယ်ယူအားပေးသွားသူက စစ်ကိုင်းတိုင်းဒေသကြီး ခမ်းပတ် မြို့နယ် မှ ဦးဗျက်နှောထန် ပဲဖြစ်ပါတယ်။

အခုလို ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးမှုအတွက် မိတ်ဆွေ ကာစတန်မာကြီး ဦးဗျက်နှောထန် တို့ မိသားစု ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် စီးပွါးဥစ္စာ ဒီရေအလားတိုးတက်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ ။👏👏👏

🚐K**A လိုက်ထရပ်ကားဟာ ဆိုရင် ISUZU အင်ဂျင် တပ်ဆင်ထားပြီး အင်ဂျင်ပါဝါ အနေနဲ့ (၂၈၀၀ Cc) ရှိတယ်။ နှစ်ဘီးထမ်း စနစ်၊ ရှေ့လေး နောက်လေးတပ်ဆင်ထားလို့ ကုန်စည်တင်ဆောင်နိုင်စွမ်းဟာ စိတ်ကျေနပ်ဖွယ်ရာ ပါပဲ။ အထူးသဖြင့် ကြံ့ခိုင်တောင့်တင်းတဲ့ ကားဘော်ဒီ တည်ဆောက်ပုံကြောင့် တောင်တက်တောင်ဆင်း ၊ ခရီးလမ်းကြမ်း မောင်းနှင်ရာမှာ စိတ်တိုင်းကျ ဖြစ်စေပြီး ကုန်တင်တဲ့အခါ တစ်ခေါက်ဆို တစ်ခေါက် အကျိုးအမြတ် များစေမှာဖြစ်ပါတယ်။

😊ဒါကြောင့် ကလေးမြို့နှင့် အနီးပတ်ဝန်းကျင် မှ K**A လိုက်ထရပ် ကားကို ဝယ်ယူအားပေးချင်တယ် ဆိုရင် ----
👉အမှတ် ၂/၈၁ ၊ ဘုရင့်နောင်လမ်း၊ မြို့သာရပ် ကလေးမြို့ ဖုန်း ☎️ 09 457 822 266 ၊ ☎️09 457 822 288 သို့ ဆက်သွယ်ဝယ်ယူအားပေးနိုင်ပါတယ် ခင်ဗျာ။

မကွေးတိုင်း၊ ချောက်မြို့နယ် မှာ ကာမာ လိုက်ထရပ် Sold out ဖြစ်သွားခြင်း 👍👍မင်္ဂလာပါ ခင်ဗျာ ❤️K**A Truck ကားများကို စိတ်ချယ...
26/01/2021

မကွေးတိုင်း၊ ချောက်မြို့နယ် မှာ ကာမာ လိုက်ထရပ် Sold out ဖြစ်သွားခြင်း 👍👍

မင်္ဂလာပါ ခင်ဗျာ ❤️

K**A Truck ကားများကို စိတ်ချယုံကြည်စွာ ဝယ်ယူအားပေးသော အနယ်နယ်အရပ်ရပ်မှ ကာစတန်မာ မိတ်ဆွေများကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။👏👏👏

👑အခုလည်း ကာမာလိုက်ထရပ် ကား ကို နှစ်သက်စွာ လာရောက်ဝယ်ယူအားပေးခဲ့တဲ့ ချောက်မြို့နယ် မှ မိတ်ဆွေ ကာစတန်မာကြီး ကိုဝင်းလှိုင် ကို ကျွန်တော်တို့ K**A Truck Myanmar မှ ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုလိုက်ပါတယ် ခင်ဗျာ။ လူကြီးမင်းတို့ မိသားစု ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် စီးပွါးဥစ္စာ ဒီရေအလားတိုးတက်ပါ စေ ကြောင်းလည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

👌ကျွန်တော်တို့ရဲ့ မြန်မာပြည်အလယ်ပိုင်း မကွေး ၊ ချောက်၊ ရေနံချောင်း ၊မင်းဘူး အနီးပတ်ဝန်းကျင်မှ ကာစတန်မာများအနေနဲ့ လုပ်ငန်းသုံးဖို့ပဲဖြစ်ဖြစ်၊ အငှားလိုက်ဖို့ပဲဖြစ်ဖြစ်၊ အမျိုးတွေနဲ့ ဘုရရားဖူးသွားဖို့ပဲဖြစ်ဖြစ် K**A လိုက်ထရပ် ကားဝယ်ယူချင်တယ်ဆိုရင် --

👉အမှတ် ၃၆၅/ ၃၆၇ / ၄၁၆ ၊ ရန်အောင်ရပ်၊ မြို့ပတ်လမ်း ၊ မကွေးမြို့ ဖုန်း ☎️09 425 754 223 ၊ ☎️09 425 754 224 ၊ ☎️09 457 799 911သို့ ဆက်သွယ်ဝယ်ယူအားပေးနိုင်ပါတယ် ခင်ဗျာ။

**A_Truck_Myanmar☎️

“တရုတ်ရိုးရာ ၁၂ နှစ်ရာသီခွင်” 十二生肖 Chinese Zodiacနှစ်သစ်ကူးဖို့ သိပ်မလိုတော့တဲ့အချိန်မှာ နှစ်သစ်ကူးနဲ့ ပတ်သတ်တဲ့ အကြောင်...
25/01/2021

“တရုတ်ရိုးရာ ၁၂ နှစ်ရာသီခွင်” 十二生肖 Chinese Zodiac

နှစ်သစ်ကူးဖို့ သိပ်မလိုတော့တဲ့အချိန်မှာ နှစ်သစ်ကူးနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို အားလုံးပဲ သိချင်နေကြရောပေါ့။ ကဲ ဒီတစ်ခါမှာတော့ တရုတ်လူမျိုးတွေရဲ့ ၁၂ နှစ်ရာသီခွင်ဖြစ်ပေါ်လာတဲ့ ပုံပြင်လေးကို ပြောပြပေးသွားပါမယ်။ ရှေးတုန်းက လူတွေက နှစ်၊ လ၊ ရက် အချိန်နာရီတွေ မတွက်တတ်ကြပါဘူး။

ဒါ့ကြောင့် ကျောက်စိမ်းဧကရာဇ် နတ်မင်းကြီးဟာ လူတွေ မှတ်ရလွယ်အောင် ၁၂ နှစ်ရာသီခွင်လုပ်ဖို့ စဉ်းစားမိတယ်။ ဒါနဲ့ တောထဲက တိရိစ္ဆာန်တွေ ဖိတ်ခေါ် သူ့မွေးနေ့မှာ မြစ်ကူးပြိုင်ပွဲ တရပ် ဆင်နွှဲဖို့ ဆုံးဖြတ်လိုက်တယ်။ အရင်ရောက်သူ ၁၂ ကောင်ကို ရာသီခွင် အမည်မှည့်ပေးဖို့ပေါ့။ ကြွက်နဲ့ ကြောင်ဟာ မိတ်ဆွေကောင်းတွေပါ။ မြစ်ကူးရင် တယောက်ကို တယောက် ဝင်ခေါ်ဖို့ သဘောတူကြတယ်။ ဒီလိုနဲ့ နတ်မင်းကြီးမွေးနေ့ မြစ်ကူးပြိုင်မယ့် ရက်ကို ရောက်လာပါပြီ။ ကြွက်ဟာ မြစ်ကူးဖို့ နွားကို ခေါ်လာပါတယ်။ နွားအရပ်အမြင့်နဲ့မှ ကူးလို့အဆင်ပြေမှာကိုး။ ကြွက်ဟာ နွားကို စီးရင်း ကြောင်ဆီ ရောက်လာတော့ ကြောင်က အိပ်တုန်း၊ အိပ်ပုပ်ကြီးနေတာကြောင့် နှိုးမရပါဘူး။ နွားကလဲ စိတ်မရှည်တော့ပဲ ထာခဲ့တော့ကွာဆိုပြီး ကြွက်နဲ့ အတူမြစ်ကူးပါတော့တယ်။ မိုးနတ်မင်းကြီး ရှေ့မှောက်ကို ရောက်ခါနီးမှာတော့ နွားဟာ အရင်ဆုံး ကြွက်ကို ခါချပါတယ်။ ကံအားလျော်စွာနဲ့ ကြွက်ဟာ ဝါးရုံပင်နဲ့ ပြန်ကန်ထွက်ပြီး နွားရှေ့က ပန်းဝင်သွားပါတယ်။

ဒီလိုနဲ့ ကြွက်က ပထမ၊ နွားကတော့ ဒုတိယနဲ့ပဲ ကျေနပ်လိုက်ရတယ်။ ခနနေတော့ ကျားဟာ မြစ်ထဲကနေ ရေတရွှဲရွှဲနဲ့ ကမန်းကတန်း တက်လာပြီး ၃ နေရာကို ချိတ်သွားပါတယ်။ ယုန်ဟာလဲ တခြားတိရစ္ဆာန် အားကိုးနဲ့ အလျင်မြန် နတ်မင်းရှေ့ ရောက်လာပြီး ၄ နေရာကို ပန်းဝင်သွားတယ်။ မိုးဖန်တီးရှင် နဂါးကလဲ မိုးတခါ ရွာချပေးနေရလို့ ပထမနဲ့လွဲပြီး နံပါက် ၅ နေရာမှာသာ ရပါတယ်။ နောက်တော့ မြွေ၊ မြင်း၊ ဆိတ်၊ မျောက်၊ ကြက်၊ ခွေးတို့ အစဉ်အတိုင်း နံပါတ်တွေ ချိတ်ကုန်ရော။ အပျင်းထူတဲ့ ဝက်ကတော့ နောက်ဆုံး ဘိတ်ချေး ၁၂ နေရာ ရသွားခဲ့ပါတယ်။ ဒီလိုနဲ့ နတ်မင်းကြီးက ၁၂ နှစ်ရာသီဖွား ရွေးချယ်ခံရတဲ့ သူတွေကို ကြေငြာလိုက်ပါတော့တယ်။

鼠Shǔကြွက်、牛niúနွား、虎hǔကျား、兔tùယုန်、龍lóngနဂါး、蛇shéမြွေ、馬 mǎမြင်း、羊 yángဆိတ်、猴hóuမျောက်、雞jīကြက်,狗Gǒuခွေး,猪 zhūဝက်အစဉ်တိုင်းပေါ့။ ကြေငြာပြီးချင်းမှာတော့ အိပ်ပုတ်ကြီးနေတဲ့ ကြောင်ဟာ ကမန်းကတန်း သုတ်တီးသုတ်ပြာနှင့် ရောက်လာပြီးမှ.. ဟဲ့ဟဲ့ပြောကြအုန်း ငါကော ဘယ်နံပါက်က လိုက်လဲပေါ့။အဖြေလဲ သိရရော ကြောင်ဟာ ကြွက်ထားပစ်ခဲ့လို့ သူနောက်ကျတာ မိတ်ဆွေမပီသတဲ့ကြွက်ဆိုပြီး ရန်ငြိုးဖွဲ့ခဲ့တာ ယနေ့ထက်တိုင်ပေါ့။

ဒီလိုနဲ့ ၁၂ ရာသီခွင် ဖြစ်လာပါတယ်။ ၂၀၁၄ မြင်းနှစ်၊၂၀၁၅ ဆိတ်နှစ်၊ ၂၀၁၆ မျောက်နှစ်၊၂၀၁၇ ကြက်နှစ်၊၂၀၁၈ ခွေးနှစ်၊၂၀၁၉ ဝက်နှစ်၊ ၂၀၂၀ ကြွက်နှစ်၊ ယခုနှစ် ၂၀၂၁ နွားနှစ်

22/01/2021

🚚ကုန်လည်းတင် လူလည်းစီးနိုင်တဲ့ K**A Double Cab

🚚K**A Double Cab ဟာ အင်ဂျင်ပါဝါ ၂၇၀၀ ရှိပြီး ဂျပန်နိုင်ငံ ထုတ် ISUZU အင်ဂျင်တပ်ဆင် ထားလို့ အရုန်းအဆွဲ နဲ့ ကုန်စည်တင်ဆောင်ရာမှာ စိတ်ကျေနပ်ဖွယ် ဖြစ်မှာပါ။ ဒါ့အပြင် ရှေ့လေး၊နောက်လေး ပါဝင်ပြီး နှစ်ဘီးထမ်း စနစ်ဖြစ်လို့ တောင်ဆင်းတောင်တက် နဲ့လမ်းကြမ်းများမောင်းနှင်ရာမှာ လည်းကောင်း၊ ကုန်စည်တင်ဆောင်ရာမှာလည်းကောင်း အားသာချက် ရှိမှာဖြစ်ပါတယ်။ အထူးအားသာချက် ကတော့ ကုန်စည်တင်ဆောင်နိုင်သလို တံခါး ၄ ပေါက် နဲ့ လူ ၅ ယောက်မှ ၆ ယောက်အထိ သက်သောင့်သက်သာ စီးနင်းလိုက်ပါ နိုင်တဲ့ အားသာချက်ပဲဖြစ်ပါတယ်။

Specification
🚚Engine - Isuzu Engine
🚚Engine power - 2700Cc , Turbo
🚚Transmission - Manual (Front 5speed ,Back 1speed )
🚚Type - Left Drive 📷Fuel Type -Diesel
🚚Model year -2020(Brand new)
🚚Warranty (2) years or kilometer (60000)
🚚Power Steering ,Power Window ,ABS,LED Light
🚚Double Rear Wheels

🚚 လူကြီးမင်းတို့ရဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် ဝယ်ယူအသုံးပြုချင်တယ် ဆိုရင်တော့ ကနဦး ၄၀% ပေးသွင်းပြီး တစ်နှစ်အရစ်ကျ စနစ်ဖြင့် ဝယ်ယူရရှိနိုင်သလို လက်ငင်းစနစ်ဖြင့်လည်း ဝယ်ယူရရှိနိုင်ပါတယ်။

😊အသေးစိတ်သိရှိလိုပါက K**A Truck Myanmar ဖေ့စ်ဘွတ်ခ်မက်ဆင်ဂျာ သို့ ဝင်ရောက်စုံစမ်းမေးမြန်းနိုင်သလို အနယ်နယ်အရပ်ရပ် ရှိရုံးခွဲနှင့်အရောင်းပြခန်းဖုန်းနံပါတ်များသို့လည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

ရန်ကုန် ☎️09 699 833 464 ၊☎️ 09 444 555 124
မန္တလေး☎️09 425 754 204 ၊☎️ 09 425 751 256
တောင်ကြီး။ ☎️09 444477776
မုံရွာ။ ☎️09 457800099
ကလေးမြို့။ ☎️09 457822288
မကွေး ။ ☎️09 425754223
ပြည် ။☎️09 425751255
တောင်ငူ။☎️09 459641996
နေပြည်တော်။☎️09 425754233
ပုသိမ်။☎️09 425754216
ဟင်္သာတ။☎️09 425751259
ထားဝယ်။☎️09 450043183

#ကုန္တင္လူစီး
**A_Double_Cab

အင်ဂျင်ရေတိုင်ကီစနစ် Engine Cooling System➿➿➿➿➿➿➿➿➿➿➿➿➿➿➿➿➿➿             မော်တော်ယာဉ် အင်ဂျင်များသည် အတွင်းမီးလောင်ပေါက်...
18/01/2021

အင်ဂျင်ရေတိုင်ကီစနစ် Engine Cooling System
➿➿➿➿➿➿➿➿➿➿➿➿➿➿➿➿➿➿

မော်တော်ယာဉ် အင်ဂျင်များသည် အတွင်းမီးလောင်ပေါက်ကွဲသော အင်ဂျင် (I.C Engine) များဖြစ်၍ အင်ဂျင်၏ အပူချိန်ကို ထိန်းသိမ်းရန် အအေးခံစနစ်လိုအပ်သည်။ အင်ဂျင်များသည် အပူစွမ်းအင်မှ စက်မှုစွမ်းအင်သို့ ကူးပြောင်းပေးရာတွင် လောင်စာဆီ မီးလောင်ပေါက်ကွဲရာမှ ထွက်ပေါ်လာသော အပူစုစုပေါင်း ပမာဏ၏ (၂၅) ရာခိုင်နှုန်းသာ စက်မှုစွမ်းအင်သို့ ကူးပြောင်းသည်။ ကျန်ရှိသော အပူစွမ်းအင်များသည် အိတ်ဇောအငွေ့မှလည်းကောင်း၊ ပွတ်တိုက်ဆုံးရှုံးမှုဖြင့်လည်းကောင်း၊ အင်ဂျင်မှ အပူစွန့်ထုတ်ခြင်းဖြင့် လည်းကောင်း လေလွင့်ဆုံးရှုံးသည်။
အင်ဂျင်တစ်လုံးတွင် အအေးခံ စနစ်မပါရှိပါက အပူချိန်အလွန်မြင့် တက်လာပြီး အင်ဂျင်အတွင်းမှ ပစ္စည်းများ ထိခိုက်ပျက်စီးသွားနိုင်သည်။ အင်ဂျင်အအေးခံ စနစ် (၂) မျိုးရှိသည်။ (Air Cooling) လေအအေးခံစနစ်နှင့် (Water Cooling) ရေဖြင့် အအေးခံစနစ်တို့ဖြစ်သည်။
လေအအေးခံစနစ် (Air Cooling System) ကိုမော်တော်ဆိုင်ကယ်များ၊ မီးစက်အင်ဂျင်အသေးများ၊ ဂျာမနီလုပ် ဘောက်စ်ဂွန်ကားများနှင့် လေယာဉ်အင်ဂျင်များတွင် အသုံးပြုသည်။
မော်တော်ယာဉ်များတွင် (Water Cooling System) ရေအအေးခံစနစ်ကို အများဆုံးအသုံးပြုသည်။ လေဖြင့် အအေးခံစနစ်သည် ရိုးရှင်းပြီး ကုန်ကျစရိတ်သက်သာသည်။ သို့သော် စွမ်းအားကြီးမားသော အင်ဂျင်ကြီးများတွင် ရေဖြင့်အအေးခံ ခြင်းကသာ ပိုမိုထိရောက်သည်။
Water Cooling System တွင် အဓိကပါဝင်သော အစိတ်အပိုင်းများမှာ အင်ဂျင်ဘလောက်၊ အင်ဂျင် ဟတ်အတွင်းမှ ရေလိုင်း Water Jacket များ၊ ရေလည်အုံ (Water Pump)၊ ရေတိုင်ကီ (Radiator)၊ လေပန်ကာ (Cooling Fan)၊ သာမို စတတ်၊ ဝါးတားပိုက် (Rubber Hose)၊ ရေလျှံဘူး (Over Flow Tank) နှင့် ရေတိုင်ကီအဖုံး (Radiator Cap)တို့ဖြစ်သည်။ အဆိုပါပစ္စည်း အစိတ်အပိုင်းများသည် အင်ဂျင်အအေးခံစနစ်တစ်ခုလုံး ပုံမှန်အလုပ်လုပ်စေရန် စုပေါင်းပြီး တာဝန်ကိုယ်စီထမ်းဆောင်ကြရသည်။
✅ အင်ဂျင်ဘလောက်ရေလိုင်း (Water Jacket)
အင်ဂျင်အတွင်းပိုင်းမှ အပူများကို ရေကစုတ်ယူ အအေးခံနိုင်ရန်အ တွက် အင်ဂျင်ဘလောက်နှင့် အင်ဂျင်ဟတ်တွင် ရေလိုင်းများ ထည့်သွင်း တည်ဆောက်ထားသည်။ ဒီဇယ်အင်ဂျင်များသည် အပူစွန့်ထုတ်မှု ပိုမိုများသဖြင့် ရေလိုင်းများကို အထူးတည်ဆောက်ထားသည်။ Water Cooling System တွင် လည်ပတ်နေသော ရေများသည် အင်ဂျင်ဘလောက်နှင့် အင်ဂျင်ဟတ်မှ အပူများကို သယ်ဆောင်သွားပြီး ရေတိုင်ကီမှ တစ်ဆင့် လေဖြင့် အအေးခံ၍ ပြင်ပသို့စွန့်ထုတ်ပစ်သည်။ အင်ဂျင်လည်ပတ်နေစဉ် ရေလည်အုံ (Water Pump) ၏ မောင်းနှင်ပေးမှုကြောင့် အဆက်မပြတ်လည် ပတ်နေသော ရေများသည် ရေတိုင် အပေါ်ဝင်ပေါက်မှဝင်၍ အောက်ဘက်ရှိ အထွက်ပေါက်မှ တစ်ဆင့်အင်ဂျင် ဘလောက်သို့ ပြန်ဝင်သည်။
✅ ရေလည်အုံ (Water Pump)
အင်ဂျင်အအေးခံစနစ်တွင် အတွင်းရှိ ရေများလည်ပတ်နေစေရန် အတွက်ရေလည်အုံက မောင်းနှင်ပေးသည်။ ရေလည်အုံကို အင်ဂျင်၏ အရှေ့ပိုင်းတွင် များသောအားဖြင့် တပ်ဆင်ထားသည်။ ရေလည်အုံသည် ခရုပတ်ပန့် (Centrifugal Pump) ဖြစ်ပြီး Impeller ကို ဝန်ရိုးပေါ်တွင် တပ်ဆင်ထားသည်။ ရေလည်အုံဘောလ်၊ ဝိုင်းဆီးနှင့် ဂတ်စကတ်များသည် ရေလည်အုံအတွင်းမှ ရေများလုံနေစေရန် စီမံထားသည်။ ရေလည်အုံဘောလ် ဝန်ရိုးထိပ်တွင် ပူလီတပ်ဆင်ထားပြီး ပန်ကာကြိုးနှင့် ချိတ်ဆက်ကာ အင်ဂျင်က မောင်းနှင်လည်ပတ်စေသည်။
တချို့အင်ဂျင်များတွင် ရေလည်အုံကို Timing Belt ကြိုးနှင့် ချိတ်ဆက်၍လည်းကောင်း၊ ကရိုင်းရှပ်ဂီယာဖြင့်လည်းကောင်း ချိတ်ဆက်မောင်းနှင်သည်။
ရေလည်အုံ အကြီးအသေးအရွယ်ပမာဏသည် အင်ဂျင်ဒီဇိုင်း အ ပေါ်တွင်မူတည်သည်။ Water Pump တစ်လုံးသည် ရေလည်ပတ် ပေးနိုင်သော ပမာဏမှာ (၁) နာရီ လျှင် ရေဂါလန် (၅၀၀၀) မှ (၇၅၀၀) အထိ အမျိုးမျိုးရှိသည်။
✅ ရေတိုင်ကီ (Radiator)
ရေတိုင်ကီသည် အအေးခံစနစ်တွင် အဓိကကျသော အစိတ်အပိုင်း ဖြစ်သည်။ ရေတိုင်ကီ၏ အပေါ်ပိုင်း Tankနှင့် အောက်ပိုင်း Tank ကို အအေးခံနိုင်သော Core ကြေးပိုက် အပြားကလေးများဖြင့် တည်ဆောက်ထားသည်။ ကြေးနီပိုက်ပြားကလေးများ တစ်ခုနှင့်တစ်ခုကြားတွင် ပျားအုံကဲ့သို့ အကွက်ဖော်ထားသော ဆူးတောင်များက ဝင်တိုးသောလေအေးကြောင့် အေးစေပြီး ရေတိုင်ကီမှ အပူများကို စွန့်ထုတ်ပစ်သည်။
ရေတိုင်ကီမှ ကြေးနီပိုက်ပြားကလေးများအတွင်း၌ ရေချိုးများ အနည် ထိုင်လာပါက ရေတိုင်ကီကို ဖြုတ်ဆေးရသည်။ လေဝင်သည့် ပျားအုံပုံ ဆူးတောင်များကြားတွင်လည်း အမှိုက်အညစ်အကြေးများ ပိတ်နေ တတ် သည်။ ကွန်ပရက်ဆာ လေပြင်းပြင်းနှင့် မှုတ်ပေးခြင်းဖြင့်လည်းကောင်း၊ ရေထိုးဆေး၍လည်းကောင်း သန့်ရှင်းစေနိုင်သည်။ ရေတိုင်ကီ အောက်ခြေတွင် ရေဖောက်ချနိုင်ရန် ပလပ်အပေါက်ပါသည်။ ရေတိုင်ကီ ဂျီးဆေးနိုင်သော ဆေးရည်ထည့်၍ အနည်၊ အနှစ် ရေချိုးများကို ဆေးကြောနိုင်သည်။
✅ လေပန်ကာ (Cooling Fan)
ဘက်ထရီလျှပ်စစ်အားဖြင့် မောင်းသော Electric Motor Fan နှင့် အင်ဂျင်ကရိုင်းရှပ် ပူလီလည်အား ဖြင့်မောင်းသော လေပန်ကာ စနစ် (၂) မျိုးရှိသည်။ ကားကြီးများတွင် အင်ဂျင်လှည့်အားဖြင့် လေပန်ကာ လည်စေပြီး လူစီးကားငယ်များတွင် Electric Fanဖြင့်အအေးခံသည်။
အဲယားကွန်းသုံးသော ကားတွင် Fan (၂) လုံးတပ်သည်။ အဲယား ကွန်းတိုင်ကီအတွက် Fan (၁) လုံး တပ်ဆင်သည်။ Electric Fanများ သည် လိုအပ်သောအပူချိန်ရောက်မှ ပန်ကာလည်စေရန် ထိန်းချုပ်ထားသည်။
✅ သာမိုစတတ် (Thermostat)
အင်ဂျင်တစ်လုံး၏ အကောင်းဆုံး အလုပ်လုပ်နိုင်သော အပူချိန်မှာ 80ºC မှ 90ºC ကြားတွင်ရှိသည်။ အင်ဂျင်စတင်နှိုးလျှင် အင်ဂျင်မပူသေး သဖြင့် ရေလည်စရာမလိုသေးပေ။ သာမိုစတတ်သည် အပူချိန်ကို လိုက်၍ အဖွင့်အပိတ်လုပ်ပေးနိုင်သော ဗား ဖြစ်သည်။ သာမိုစတတ်အတွင်း၌ အလုံပိတ်ထားသော ဖယောင်းက အပူချိန်ပြောင်းလဲမူကိုလိုက်၍ ဆလင်ဒါ ကစားစေခြင်းဖြင့် ဗားအဖွင့်အပိတ် ကို ဆောင်ရွက်ပေးသည်။
✅ ဝါးတားပိုက်
အင်ဂျင်ဘလောက်၊ ရေလည် အုံနှင့် ရေတိုင်ကီ အဝင် /အထွက် ပေါက်များကို ဆက်သွယ်ထားသော ရာဘာပိုက်ဖြစ်သည်။ ဝါးတားပိုက်သည် အပူဒဏ်ခံနိုင်ရမည်။ ပိုက်ကလစ်များဖြင့် တင်းကြပ်စွာ ဖမ်းထား ပြီး ရေပိုက်လိုင်းများမှ ရေယိုခြင်းမရှိစေရန် စီမံထားသည်။
အချို့ကားဟောင်းများတွင် အရည်အသွေးညံ့သော ပြည်တွင်းဖြစ် ဝါးတားပိုက် သုံးထားသဖြင့် ရေပိုက်ပေါက်ပြီး အင်ဂျင် ရေဆူတတ်သည်။ အင်ဂျင်အအေးခံစနစ် တစ်ခုလုံးတွင် ရှိသင့်သော ရေမရှိပါက အပူချိန်တက်လာပြီး ရေဆူတတ်သည်။ ရေဆူလျှင် နောက်ဆက်တွဲ ပြဿနာဖြစ်သော ဂတ်စ်ကတ်ပြတ်ခြင်း၊ အင်ဂျင်ဟတ်ကွဲခြင်းများ ဖြစ်တတ်သည်။
✅ ရေလျှံဘူး (Over Flow Tank)
ရေတိုင်ကီ၌ ရေအပြည့်အမြဲတမ်းရှိနေစေရန် ရေလျှံဘူးက ဆောင် ရွက်ပေးသည်။ ရေလျှံဘူးထဲတွင် အအေးခံရည် (Coolant)များ သိုလှောင်ထားပြီး ရေတိုင်ကီတွင် ရေပိုပါက လက်ခံ၍ ရေလိုပါကပြန်ဖြည့်ပေးသည်။ အင်ဂျင်အအေးခံစနစ်၌ ရိုးရိုးရေအစား ဓာတုအအေးခံရည် (Coolant)ကို သုံးပါကပို၍ကောင်းသည်။
✅ ရေတိုင်ကီအဖုံး (Cap)
ရေတိုင်ကီတွင် ရေအမြဲတမ်းရှိနေစေရန် ရေတိုင်ကီအဖုံး (Cap) က ဆောင်ရွက်ပေးသည်။ ရေတိုင်ကီမှ ရေများ အငွေ့ပျံဆုံးရှုံးခြင်းမှ ကာကွယ်ပေးသည်။ အအေးခံစနစ်အတွင်းဖိအားမြင့်တက်စေခြင်းဖြင့် ရေတိုင်ကီ၏ ရေဆူအမှတ်ကို မြင့်စေသည်။ ရေတိုင်ကီတွင် Pressure ကို လေထုဖိအားထက် 15 psi ပိုမြှင့် လိုက်ပါက ရေဆူအမှတ်သည် 127ºC သို့ တက်သွားမည်။ (သာမန် ရေဆူအမှတ်မှာ 100ºC ဖြစ်သည်။)
ရေတိုင်ကီအဖုံးတွင် Pressure Relief Valve ပါရှိသဖြင့် ဖိအားမြင့်တက်ခြင်းကို ကာကွယ်ပေးသည်။ ရေတိုင်ကီအေးသွားပြီး လေဟာနယ် (Vaccum) ဖြစ်ခြင်းကိုလည်း ကာကွယ်ပေးသည်။
အင်ဂျင်အေးသွားမှ ရေတိုင်ကီ အဖုံးကိုဖွင့်ပါ။ ရေလျှံဘူးတွင် ရေအ မြဲရှိနေပါက ရေတိုင်ကီအဖုံး (Cap) ၏ ဆောင်ရွက်ချက်ကြောင့် ရေတိုင် ကီတွင် ရေအမြဲရှိမည်။
ရေခဲသောဒေသများတွင် ရေတိုင်ကီ၌ Antifreeze Coolant ကို သုံးပါ။ ရေသည် 0ºC ၌ခဲသည်။ Antifreeze Coolant အရည်ကိုသုံးပါက ရေတိုင်ကီမှရေများ မအေးခဲနိုင်ပါ။
✅ အင်ဂျင်အပူချိန်ပြ ကိရိယာ
အင်ဂျင်တစ်လုံး ပုံမှန်အပူချိန် အတိုင်းအလုပ်လုပ်နေကြောင်း စစ် ဆေးရန် Temperature Gauge ကို ကြည့်ရသည်။ ကားဒတ်ရ်ှဘုတ်တွင် မီတာဒိုင်ခွက်၌ အပူချိန် ဒီဂရီကိုပြသည်။ သင့်ကား အင်ဂျင်အပူချိန် တက်နေပါက အကြောင်းရင်းနှင့် ပြဿနာဇစ်မြစ်ကိုရှာပါ။ တချို့အမြင့် ကားများတွင် အပူချိန်ကို ဒီဂျစ်တယ်ဂိတ်ဖြင့် ဖော်ပြသည်။
✅ Cooling System အတွက် Safety
✅ Electric Fan တပ်ထားသော ကားတွင် သော့ဖွင့်ထားပါက Fan အချိန်မရွေး ထလည်နိုင်သည်ကို သတိပြုပါ။ သင့်အင်ဂျင်ခန်းတွင် လက်နှိုက်နေပါက ပန်ကာရွက်နှင့် ထိခိုက်မိနိုင်သည်။
✅ ပန်ကာရွက်များ ချို့ယွင်း ပျက်စီးမှု ရှိ /မရှိ စစ်ဆေးပါ။ ပန်ကာ ရွက်များ ပြတ်ထွက်ပါက လူကိုထိခိုက်နိုင်သည်။
✅ အင်ဂျင်ရေဆူ၍ အပူမြင့်တက်နေလျှင် ရေတိုင်ကီ Cap ဖုံးကို ချက်ချင်းမဖွင့်ရ။ ရေနွေးငွေ့များ ပန်းထွက်၍ ရေနွေးပူလောင်တတ်သည်။ မျက်နှာနှင့် မျက်လုံးများ အပူလောင်တတ်သည်ကို အထူးသတိထားပါ။
✅ ပန်ကာကြိုးများ ပုံမှန်စစ် ဆေးပါ။ ပန်ကာကြိုးအစများဖွာလန် နေပါက ချက်ချင်းအသစ်လဲပါ။
✅ ရေလည်အုံဘောလ်များ ဝိုင်းဆီးမကောင်းပါက အအေးခံစနစ်ကို ထိခိုက်နိုင်သည်။ ပုံမှန်စစ်ဆေး၍ လိုအပ်လျှင် ပြုပြင်ပါ။
✅ Water Pipe အဆက်နေရာ များကို ဂရုပြုစစ်ဆေးပါ။ ရေယို မယို စစ်ပါ။
✅ စက်မနိုးမီ ရေတိုင်ကီတွင် ရေရှိ /မရှိ စစ်ဆေးပါ။
✅ Antifreeze Coolant သည် အဆိပ်အတောက်ဖြစ်စေတတ်၍ ကိုယ်ခန္ဓာအသားအရေနှင့် ထိတွေ့မှု မဖြစ်မိစေရန် ဂရုစိုက်ပါ။
✅ ဖုန်ထူသောဒေသ၊ အင်း ဆက်ပိုးမွှား အများအပြားရှိသော ဒေသများတွင် ညအချိန်ခရီးသွားပြီးပါက ရေတိုင်ကီ လေဝင်ပေါက်များကို စစ်ဆေးသန့်ရှင်းပါ။ ပိုးကောင်နှင့် ဖုန်မှုန့်များ ရေတိုင်ကီတွင် ပိတ်နေတတ်သည်။
==========================================
ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်
By 👉 ကား-Car အကြောင်းစုံ
Credit*** မင်းသစ်ထူး(စက်မှု)

K**A လေးတွေ တန်းစီ❤️☺️😊မကြာခင် ကာစတန်မာ များလက်ထဲ ကို ရောက်ရှိတော့မယ့် K**A Light Truck နှင့် K**A Double Cab ကားများ နေ...
16/01/2021

K**A လေးတွေ တန်းစီ❤️☺️

😊မကြာခင် ကာစတန်မာ များလက်ထဲ ကို ရောက်ရှိတော့မယ့် K**A Light Truck နှင့် K**A Double Cab ကားများ နေပြည်တော် ကညန ရုံးမှာ ကနဦးယာဉ်စစ် ဖောင်းကြွထုတ်ခြင်း အတွက် တန်းစီနေတဲ့ မှတ်တမ်းဓါတ်ပုံ မြင်ကွင်းလေးပဲ ဖြစ်ပါတယ် ခင်ဗျ။

👌လုပ်ငန်းသုံးဖို့ပဲဖြစ်ဖြစ်၊
👌လုပ်ငန်းသုံးရင်း အိမ်မှာ မိသားစု စီးဖို့ပဲ ဖြစ်ဖြစ်
👌အမျိုးတွေ တအုပ်တစ်မကြီး နဲ့ ဘုရားဖူး အပျော်ခရီးထွက်ဖို့ပဲဖြစ်ဖြစ်
👌ဘယ်နေရာမှာပဲ သုံးသုံး ၊ အသုံးချတန်ဖိုးမြင့်မားပြီး ကာစတန်မာ စိတ်ကျေနပ်စေမယ့် K**A လိုက်ထရပ် ကားတွေပါ။

👌❤️အတွေးမမှားဖို့ လိုသလို အရွေးမမှားဖို့လဲ လိုပါတယ်။
🆗အားလုံးကို ဖိတ်ခေါ် ကြိုဆိုလျှက်ရှိပါတယ် ခင်ဗျာ၊


**A

13/01/2021

မင်္ဂလာပါ ခင်ဗျာ ❤️❤️

🚐ဒီတစ်ခါ လူကြီးမင်းတို့ကို မိတ်ဆက်ပေးမှာက K**A ၁၁ ပေခွဲ လိုက်ထရပ် ကားနဲ့ မိတ်ဆက် ပေးမှာပါဖြစ်ပါတယ်။

🚐K**A ၁၁ ပေခွဲ လိုက်ထရပ်ကားဟာ ဆိုရင် ISUZU အင်ဂျင် တပ်ဆင်ထားပြီး တရုတ်နိုင်ငံ ရှန်ဒုန်းကာမာအော်တိုမိုဘိုင်းလ် ကုမ္ပဏီ မှ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ မော်ဒယ် ကတော့ 2020 မော်ဒယ် Brand New ပါ။ အင်ဂျင်ပါဝါ အနေနဲ့ (၂၈၀၀ Cc) ရှိပြီး နှစ်ဘီးထမ်း စနစ်၊ ရှေ့လေး နောက်လေးတပ်ဆင်ထားလို့ ကုန်စည်တင်ဆောင်နိုင်စွမ်းဟာ အားရ စိတ်ကျေနပ်ဖွယ်ရာ ဖြစ်စေပါတယ်။ ဒါ့အပြင် ကြံ့ခိုင်တောင့်တင်းတဲ့ ကားဘော်ဒီ တည်ဆောက်ပုံကြောင့် တောင်တက်တောင်ဆင်း နှင့် ခရီးလမ်းကြမ်း မောင်းနှင်ရာမှာ စိတ်တိုင်းကျ ဖြစ်စေပြီး ကုန်တင်တဲ့အခါ တစ်ခေါက်ဆို တစ်ခေါက် အကျိုးအမြတ် များစေမှာပါ။

Specification
🚐Engine - Isuzu Engine
🚐Engine power - 2800Cc , Turbo
🚐Transmission - Manual (Front 5speed ,Back 1speed )
🚐Type - Left Drive
🚐Fuel Type -Diesel
🚐Model year -2020(Brand new)
🚐Power Steering ,Power Window ,ABS,LED Light
🚐Double Rear Wheels
🚐Warranty (2) years (or) kilometer (60000)

🚐ဒီလို ကုန်တင်လိုက်ထရပ်ကား တစ်စီးကို လူကြီးမင်းတို့ရဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် ဝယ်ယူအသုံးပြုချင်တယ် ဆိုရင်တော့ ကနဦး ၄၀% ပေးသွင်းပြီး တစ်နှစ်အရစ်ကျ စနစ်ဖြင့် ဝယ်ယူရရှိနိုင်သလို လက်ငင်းစနစ်ဖြင့်လည်း ဝယ်ယူရရှိနိုင်ပါတယ်။

󰀀အသေးစိတ်သိရှိလိုပါက KMAM Truck Myanmar ဖေ့စ်ဘွတ်ခ်မက်ဆင်ဂျာ သို့ ဝင်ရောက်စုံစမ်းမေးမြန်းနိုင်သလို အနယ်နယ်အရပ်ရပ် ရှိအရောင်းပြခန်းဖုန်းနံပါတ်များသို့လည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

ရန်ကုန် 📱09 699 833 464 ၊📱09 444 555 124
မန္တလေး📱09 425 754 204 ၊📱09 425 751 256
တောင်ကြီး။ 📱09 444477776
မုံရွာ။ 📱09 457800099
ကလေးမြို့။ 📱09 457822288
မကွေး ။ 📱09 425754223
ပြည် ။📱09 425751255
တောင်ငူ။📱09 459641996
နေပြည်တော်။📱09 425754233
ပုသိမ်။📱09 425754216
ဟင်္သာတ။📱09 425751259
ထားဝယ်။📱09 450043183


အမြန်လမ်းပေါ်မှာ အဖြစ်များဆုံးကားတာယာ အကြောင်းအလွိုင်း (Alloy)အလွိုင်း (Alloy) ဆိုသည်မှာ အလူမီယံသတ္ထုဖြင့် ပြုလုပ်ထားသည်...
11/01/2021

အမြန်လမ်းပေါ်မှာ အဖြစ်များဆုံးကားတာယာ အကြောင်း

အလွိုင်း (Alloy)
အလွိုင်း (Alloy) ဆိုသည်မှာ အလူမီယံသတ္ထုဖြင့် ပြုလုပ်ထားသည်။ ပေါ့ပါးသလို သံချေးမတက်သော ကြောင့် Nut ပေါက်များ၊ Tubless တိုင်ပေါက်များ ကျယ်ခြင်းမရှိသည်ကို တွေ့ရမည်ဖြစ်သည်။
တာယာဆိုသည်မှာ
တာယာဆိုသည်ကို တစ်ပေပတ်လည်ရပ်တည်သွားသည်ဟုလည်း အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ တာယာ များပေါ်တွင်ရေးသားထားသော ဂဏန်းအက္ခရာများသည် တာယာများ၏အချက်လက်များပင်ဖြစ် သည်။
ဥပမာ 195/65R 15 ဆိုသည်တွင် နောက်ဆုံး 15 သည်တာယာ၏အရွယ်အစားဖြစ်သည်။
195 ဆိုသည်မှာ section width တာယာ၏ဗျက် 195 mm ရှိသည်ကို ရည်ညွှန်းခြင်းဖြစ်သည်။
65 မှာ aspect ratio ဖြစ်ပြီး တာယာ၏ဗျက်မှာ 65% ရှိသည်ဟု ဆိုခြင်းဖြစ်သည်။
R သည် Tire Construction ဖြစ်သည်။
91T ဆိုသည်မှာ Load to speed အချိုးကိုရည်ညွှန်းခြင်းဖြစ်သည်။ ယင်း တွင် 91 သည် 635 kg ကိုရည်ညွှန်းခြင်းဖြစ်ပြီး T ဆိုသည်မှာ 190km/h ကိုဆိုလိုသည်။
စက်ရုံထုတ် နေ့စွဲကိုမူ ဂဏန်း ၄လေးဖြင့်ဖော်ပြလေ့ရှိသည်။ ရှေ့နှစ်လုံးသည် ရက်သတ္တပတ် (week) ဖြစ်ပြီး၊ နောက် ၂လုံးသည် နှစ် (year) ကိုဖော်ပြသည်။ ဥပမာ (0616) ဆိုပါက ၂၀၁၆ခုနှစ်ဖေဖေါ်ဝါရီ ဒုတိယ အပတ်ထုတ်တာယာဖြစ်သည်။
Inflation Pressure 51 psi ဆိုသောဂဏန်းမှာ အများဆုံး လေထိုး နိုင်သောပမာဏကို ဖော်ပြပေးခြင်းဖြစ်သည်။ Temperature Resistance ဆိုသည်မှာ တာယာများကို ဒေသအလိုက် သုံးစွဲနိုင်ရန်ဖော်ပြပေးခြင်းဖြစ်ပြီး ယင်းတွင် A,B and C ဟုရှိမည်ဖြစသည်။
A သည် အပူပိုင်းဒေသ၊ B သည်ပုံမှန် (Normal) နှင့် C ဆိုသည်မှာ အအေးပိုင်း (Cold) ကိုရည်ညွှန်းပါသည်။
Traction ဆိုသည်မှာ ဘရိတ်ဖမ်းရာတွင် ကားရပ်တန့်ရန်လိုအပ်သော အကွာအဝေးညွှန်းကိန်းဖြစ်ပြီး AA,A,B နှင့် C တို့နှင့်ဖော်ပြလေ့ရှိသည်။ AA သည်အတိုဆုံးသော အကွာအဝေးတွင် ဘရိတ်မိခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။
Treadwear ဆိုသည်မှာ တာယာပန်းစားနှုန်းကိုဖော်ပြပေးခြင်းဖြစ်ပြီး ဂဏန်း ၃လုံးဖြစ်သော 250,350 and 450 ဖြင့်ဖော်ပြလေ့ရှိသည်။ 450 သည်တာယာစားနှုန်း အနည်းဆုံးဖြစ် သည်။ Tread Depth (Twi) သည်အစွန်းထိပ်တွင် Twi သတိပေးအမှတ်အသားဖြင့် ဖော်ပြလေ့ရှိသည်။ Twi အမှတ်အသားရောက်လာပါက တာယာလဲသင့်ပြီဟု ဆိုလိုခြင်းဖြစ်သည်။
****
👉 တာယာမှာလည်း ကုဒ်နံပါတ်တွေရှိပါတယ်
ရောင်းတဲ့ဆိုင်အချို့ကလည် မသိသလို
အသုံးပြု့သူတွေလည် မသိတဲ့အတွက်
တာယာအကြောင်း ရောင်းတဲ့ဆိုင်ကိုအရင်မေးပါ
ဒါမှမဟုတ်
မိမိဘာသာ စစ်ဆေးပြီးဝယ်တာက
ပိုပြီးစိတ်ချရပါတယ်
ဥပမာ= 65 HR13 =ကားသမားတွေ
ခေါ်တာကတော့ နောက်ဂဏန်းကို
ယူပါတယ် 13 (၁၃လက္မရှိသည့်ဘီးခွေအတွက်)
ရှေ့က HRကျတော့ သိတဲ့လူရှိသလို
ကျနော်လို မသိခဲ့တဲ့သူတွေအတွက်ပါ
H=၁နာရီကိုမိုင် ၁၃၀ မြန်နှုန်း ခံနိူင်ရည်ရှိသည်
R=တာယာအမျိုးအစား
👉 တာယာကို စစ်ဆေးပြီးမှ ဝယ်ပါ...
1= ထုတ်လုပ်သည့် နိူင်ငံ
2= ထုတ်လုပ်သည့် ခုနှစ်
3= ဥတုသုံးပါး သုံးလို့ရလား
4= မြန်နှုန်းခံနိူင်ရည်
5= EECအသိမှတ်ပြုကုဒ်
6= အမျိုးအစား
👉 တာယာ၏ မြန်နှုန်းခံနိုင်ရည်က အဓိကမို့ ယာဉ်မတော်တဆမှုတွေမှာ တာယာကြောင့်ဖြစ်တာတွေလဲ ရှိလို့ပါ....
L = ၁နာရီ 75မိုင်
M = ၁နာရီ 81မိုင်
N = ၁နာရီ 87မိုင်
P = ၁နာရီ 95မိုင်
Q = ၁နာရီ 100မိုင်
R = ၁နာရီ 105မိုင်
S = ၁နာရီ 113မိုင်
T = ၁နာရီ 118မိုင်
H = ၁နာရီ 130မိုင် *
သိသမျှ ရှိသမျှ စေတနာပါ။
ကျေးဇူးတင်ပါသည်။
===============================
( ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်
မူရင်း ရေးသားသူ
credit >>> soe thu

Address

No 386/387, No (3) Main Road, Mingalardon Township. Yangon
Yangon
11181

Opening Hours

Monday 09:00 - 05:30
Tuesday 09:00 - 05:30
Wednesday 09:00 - 05:30
Thursday 09:00 - 05:30
Friday 09:00 - 05:30
Saturday 09:00 - 05:30

Telephone

+959444477811

Website

Alerts

Be the first to know and let us send you an email when KAMA Truck Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KAMA Truck Myanmar:

Share