KSL Motorsports

KSL Motorsports Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KSL Motorsports, Automotive, aircraft & boat, Yangon.

11/07/2026

Auto Tech Generation

အခမဲ့ (ပညာဒါန) ✅

Telegram Group Class

Ko Kyaw Thu
From : Malaysia & Myanmar

Teamwork Mechanic

Telegram group link 👇👇👇

https://t.me/+eb9YDIky3ic1ODA1

10/07/2026

Auto Tech Generation Group မှ....

ကားနဲ့ ပက်သက်ပြီး အခြေခံကအစ
လေ့လာ သင်ယူခွင့်....အခွင့်ရေး

ပညာဒါန...

ကားဝပ်ရှော့ ပညာသင်အဖြစ် လုပ်ကိုင်လိုသူညီလေးများ...

မော်တော်ယာဉ်နည်းပညာကို ဝါသနာပါပြီး ကိုယ်တိုင်ပြင်ဆင်လိုသူများ....

နည်းပညာဗဟုသုတ တိုးပွားလိုသော မော်တော်ယာဉ် မောင်းနှင်သူများ...

မော်တော်ယာဉ် အခြေခံသဘောတရားများနှင့်ကိုယ်တိုင် စစ်ဆေးနည်းများ...

အင်ဂျင် အောက်ပိုင်းနှင့် ဝါယာရိန်းဆိုင်ရာ အခြေခံဗဟုသုတများ...ကို လမ်းညွန်သင်ပြပေးခြင်း...

မည်သည့်ကားပိုင်ရှင်မဆို အခတ်ခဲ ရှိခဲ့ရင် ကူညီတောင်းခံနိူင်ခြင်း...မေးမြန်းနိူင်ခြင်း...

သင်တန်းကြေး ကူညီတောင်းခံခြင်းများ (အခမဲ့) ပညာဒါန ပါ။

အပြန်အလှန် ဆွေးနွေး ကူညီ ပညာမျှဝေ ရမယ့် Group ဖြစ်ပါသည်။

👉ကားနည်း ပညာကို လေ့လာချင်သူများ အနေဖြင့်....

အောက်ပါ Telegram Link ကို နှိပ်ပြီး Group ထဲသို့ တိုက်ရိုက်ဝင်ရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ။

👇👇👇
https://t.me/+eb9YDIky3ic1ODA1

From: Malaysia Team & Myanmar
Auto Tech Generation

Ko Kyaw Thu
Viber & Whapp
+601128372524

  မည်သည် စီးပွား​ရေး လုပ်ငန်းမှာမဆို...အဖွဲ့အစည်း မိတ်ဆွေကောင်း မိတ်ဆွေဖက် တွေ ရှိနေဖို့ အရမ်းလိုအပ်ပါတယ်။အလုပ်အကိုင်နှင...
23/05/2026



မည်သည် စီးပွား​ရေး လုပ်ငန်းမှာမဆို...
အဖွဲ့အစည်း မိတ်ဆွေကောင်း မိတ်ဆွေဖက် တွေ ရှိနေဖို့ အရမ်းလိုအပ်ပါတယ်။

အလုပ်အကိုင်နှင့် လုပ်ငန်းခွင်အမြင် (Professional ဆန်ဆန် ရေးချင်သူများအတွက်)

​နေ့စဉ်နဲ့အမျှ ပြောင်းလဲတိုးတက်နေတဲ့ ကားနည်းပညာတွေကြားထဲမှာ ကားတစ်စီးရဲ့ ပြဿနာတွေကို အကောင်းဆုံး ဖြေရှင်းပေးနိုင်ဖို့ဆိုတာ တစ်ယောက်တည်း ရုန်းကန်လို့ မရပါဘူး။

​နည်းလမ်းညွှန်ပြပေးမယ့် ဆရာကောင်းတွေအပြင်၊ တစ်ဦးနဲ့တစ်ဦး အတွေ့အကြုံချင်း ဖလှယ်ပြီး အတူတူ လက်တွဲဖြေရှင်းမယ့် Team (အဖွဲ့အစည်း) ကောင်းကောင်းရှိနေဖို့က အရမ်းကို အရေးကြီးပါတယ်။ လုပ်ငန်းတစ်ခု အောင်မြင်ဖို့ဆိုတာ ‘ငါ’ ဆိုတဲ့ တစ်ဦးကောင်းထက် ‘ငါတို့’ ဆိုတဲ့ အဖွဲ့အစည်းကောင်းနဲ့မှ အခက်အခဲမှန်သမျှကို ကျော်ဖြတ်နိုင်မှာပါ။ 🤝🚘

​တစ်ယောက်တည်းသွားရင် မြန်မြန်ရောက်နိုင်ပေမယ့်၊ အဖွဲ့နဲ့အတူတူသွားရင်တော့ ပိုပြီးဝေးဝေးကို အောင်အောင်မြင်မြင် ရောက်ရှိနိုင်ပါတယ်။

​ကားဝါယာရိန်းနဲ့ ကားပြုပြင်ရေးလောကမှာ နေ့တိုင်းကြုံရတဲ့ အဖုအထစ် ပြဿနာတွေကို အောင်မြင်အောင် ကျော်ဖြတ်ဖို့ ဆရာကောင်းတွေနဲ့ Team ကောင်းတွေက နောက်ခံအင်အားကြီးတစ်ခုပါ။ အခက်အခဲတွေကို အတူတူရင်ဆိုင်ပြီး အောင်မြင်မှုဆီ လက်တွဲလျှောက်လှမ်းကြမယ့် Team ကောင်းတစ်ခု ရှိနေခြင်းက မိမိလုပ်ငန်းရဲ့ အကြီးမားဆုံးသော အောင်မြင်မှုပါပဲ။ 💪

Ko Kyaw Thu
From Malaysia

23/05/2026

ပိုက်ဆံကို "သိမ်း" မှာလား၊ ပိုက်ဆံကို "အလုပ်လုပ်ခိုင်း" မှာလား။

​လူတစ်ယောက်ရဲ့ ဘဝလမ်းကြောင်းကို ကြည့်လိုက်ရင် ရွေးချယ်စရာ လမ်းနှစ်ခုကို တွေ့ရတတ်ပါတယ်။

​ပထမလမ်းကတော့ "လုံခြုံရေး" ကို အဓိကထားတဲ့လမ်းပါ။ ဘဏ်မှာပိုက်ဆံစုတယ်၊ အတိုးယူတယ်၊ မြေကွက်တွေ ဝယ်ထားတယ်။ ဒါဟာ အန္တရာယ်ကင်းပြီး စိတ်ချရတဲ့ နည်းလမ်းတစ်ခုပါ။ ဒါပေမဲ့ ဒါဟာ ပိုက်ဆံကို အိပ်ပျော်နေအောင် သိမ်းထားတာမျိုးနဲ့ ဆင်တူပါတယ်။

​ဒုတိယလမ်းကတော့ "တန်ဖိုးမြှင့်တင်ခြင်း" ကို ဦးစားပေးတဲ့လမ်းပါ။Malaysai လုပ်ငန်းရှင် သူဌေးတွေဆိုရင် စီးပွားရေးလုပ်ဖို့ ဘဏ်ကချေးတယ်၊ အရင်းအနှီးလုပ်တယ်၊ အရေးအကြီးဆုံးကတော့ ကိုယ့်ကိုယ်ကိုယ် ပညာတွေ ထပ်ဖြည့်နေတာပါ။

ဒီလမ်းကတော့ ပိုက်ဆံကို အလုပ်လုပ်ခိုင်းပြီး၊ ကိုယ့်ရဲ့ ဦးနှောက်ကိုလည်း အမြဲတမ်း Upgrade လုပ်နေတာမျိုးပါ။

​ကျွန်တော်တို့ မမေ့သင့်တဲ့ အမှန်တရားတစ်ခုရှိပါတယ်။ "ပိုက်ဆံဆိုတာ ကိုယ်လုပ်နိုင်ကိုင်နိုင်၊ ကျန်းမာတဲ့အချိန်မှာပဲ ရှာလို့ရတာပါ။"
​လခစား ဝန်ထမ်းဘဝဆိုတာ အသက်အရွယ်တစ်ခု ရောက်လာရင် အကန့်အသတ်ရှိလာတတ်ပါတယ်။

အသက်အရွယ်ကြီးလာတဲ့အခါ လုပ်ငန်းခွင်က ကျွန်တော်တို့ကို ပြန်မခေါ်တော့တဲ့နေ့ ရောက်လာလိမ့်မယ်။

ဒါပေမဲ့ ကိုယ်ပိုင်တတ်ထားတဲ့ "အတတ်ပညာ" ကတော့ အသက်ကြီးလေ အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး ပိုတန်ဖိုးကြီးလာလေပါပဲ။

​ဘဏ်ထဲက အတိုးထက်၊ ကိုယ့်ဦးနှောက်ထဲက အတတ်ပညာရဲ့ အတိုးနှုန်းက ပိုမိုမြင့်မားပြီး ဘယ်တော့မှ အဆုံးရှုံးမခံရတဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါတယ်။

Ko Kyaw Thu
From Malaysia

23/05/2026

(စည်းကမ်းဆိုတာ)

စည်းကမ်းဆိုတာ ကန့်သတ်ချက်မဟုတ်ဘူး၊ လွတ်လပ်ခွင့်တစ်ခုပါ။
​လူတော်တော်များများက "စည်းကမ်း" ဆိုတာကို လူတွေကို ချုပ်ချယ်ထားတဲ့အရာ၊ ကိုယ်လုပ်ချင်တာကို မလုပ်ရအောင် တားဆီးထားတဲ့အရာလို့ ထင်တတ်ကြတယ်။ တကယ်တော့ မဟုတ်ပါဘူး။
​စည်းကမ်းဆိုတာ...

✅ ပျင်းရိခြင်းဆိုတဲ့ ရန်သူကို အနိုင်ယူပြီး ကိုယ့်ရည်မှန်းချက်ဆီ အရောက်သွားနိုင်ဖို့ အကောင်းဆုံးလက်နက်ပါ။

✅ အချိန်ကို အကျိုးရှိရှိ စီမံခန့်ခွဲပြီး ဘဝရဲ့ အရည်အသွေးကို မြှင့်တင်ပေးတဲ့ ပညာပါ။

✅ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တည်ဆောက်ပြီး တခြားသူတွေရဲ့ ယုံကြည်မှုကိုပါ ရရှိစေတဲ့ ဂုဏ်သိက္ခာပါ။
​စည်းကမ်းမရှိတဲ့သူက စိတ်ကူးယဉ်ဆန္ဒတွေရဲ့ ကျွန်ဖြစ်တတ်ပေမယ့်၊ စည်းကမ်းရှိတဲ့သူကတော့ ကိုယ့်ဘဝရဲ့ ပဲ့ကိုင်ရှင်အစစ်အမှန် ဖြစ်လာပါတယ်။

Ko Kyaw Thu
From Malaysia

​ကိုယ့်ကိုယ်ကိုယ် ချစ်ရင် စည်းကမ်းနဲ့ တည်ဆောက်ပါ။

🇼🇸🇼🇸🇼🇸🇼🇸🇼🇸မနက်ဖြန် ကျရောက်တော့မယ့်...၇၅နှစ်တိုင်တိုင်ပြည့်ခဲ့တဲ့​ ကျဆုံးသွားသော...ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ...အာဇာနည်သ...
18/07/2022

🇼🇸🇼🇸🇼🇸🇼🇸🇼🇸
မနက်ဖြန် ကျရောက်တော့မယ့်...
၇၅နှစ်တိုင်တိုင်ပြည့်ခဲ့တဲ့​ ကျဆုံးသွားသော...

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ...

အာဇာနည်သူရဲကောင်းများရဲ့...

အောက်မေ့လွမ်းဆွတ်ဖွယ်နေ့ကို...
ရိုသေလေးစားစွာ ဂုဏ်ပြုအပ်ပါတယ်။

ဘရိတ်ဆာဗို လဲသင့်နေပြီဆိုတာ သိနိုင်တဲ့အချက်များမော်တော်ကားဘရိတ်စနစ်မှာ အသုံးပြုထားတဲ့ ဘရိတ်ဆာဗို ( ခေါ်) ဘရိတ်ဘုစတာ (Brak...
16/06/2022

ဘရိတ်ဆာဗို လဲသင့်နေပြီဆိုတာ သိနိုင်တဲ့အချက်များ

မော်တော်ကားဘရိတ်စနစ်မှာ အသုံးပြုထားတဲ့ ဘရိတ်ဆာဗို ( ခေါ်) ဘရိတ်ဘုစတာ (Brake Booster) ဆိုတာ အင်ဂျင်မှ လေဟာနယ် (Vacuum) ကို ယူပြီး ဘရိတ်ခြေနင်းအားကို ဆပွားပေးကာ ဘရိတ်နင်းရ သက်သာအောင် ပြုလုပ်ပေးတဲ့ ပစ္စည်းဖြစ်ပါတယ်။ ဘရိတ်ဆာဗို ကောင်းစွာအလုပ်လုပ်တဲ့အခါ ဘရိတ်နင်းရတာ သက်တောင့်သက်သာရှိပြီး ဘရိတ်ဆာဗို မကောင်းတဲ့အခါ ဘရိတ်နင်းရတာ မာမာကြီးဖြစ်နေတတ်ပါတယ်။ ဘရိတ်ဆာဗိုက ကားစက်နှိုးမှသာစတင်အလုပ်တာ ဖြစ်ပါတယ်။ ဒါကြောင့် ကားစက်မနှိုးဘဲ ဘရိတ်နင်းရင်လည်း ဘရိတ်မာနေမှာ ဖြစ်ပါတယ်။

ဘရိတ်ဆာဗိုအတွင်းမှာ ဒိုင်ယာဖရမ် (Diagram)၊ စပရိန်း (Spring)၊ ပလိတ်ပြား (Fulcrum Plate) စသည်တို့ဖြင့်ဖွဲ့စည်းထားပြီး အင်ဂျင်မှ လေဟာနယ် (Vacuum) ကိုယူကာ ဘရိတ်ခြေနင်းအားကို ဆပွားတိုးစေတာဖြစ်ပါတယ်။ ဒီဇယ်အင်ဂျင်အတွက် လေဟာနယ်ကို Vacuum Pump (ဘေကန်ပန့်) မှရယူပြီး ဓါတ်ဆီအင်ဂျင်အတွက် လေဟာနယ်ကို အင်ဂျင်အင်းလပ်မဂနီဖိုးမှ ရယူပါတယ်။ ဒါကြောင့် ဘရိတ်ဆာဗိုမှာ အင်းလပ်မဂနီဖိုး (သို့) ဘေကန်ပန့်နှင့်ဆက်သွယ်ထားတဲ့ လေပိုက်ပါရှိတာဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာ ဘရိတ်ဆာဗိုမကောင်းဘူးဆိုတာ သိနိုင်တဲ့ အချက်တွေနဲ့ပါတ်သက်ပြီး ဗဟုသုတအဖြစ် မျှဝေချင်ပါတယ်။

၁) ဘရိတ်ခြေနင်းမာခြင်း - စက်နှိုးထားချိန် ဘရိတ်ခြေနင်းကို နင်းရတာ ပေါ့ပါးနေတာက ဘရိတ်ဆာဗိုကြောင့်ဖြစ်ပါတယ်။ ဘရိတ်ဆာဗိုမကောင်းတဲ့အခါ ဘရိတ်ခြေနင်း နင်းရတာ မာနေမှာဖြစ်ပါတယ်။ ဘရိတ်ခြေနင်းမာနေတာက တခြားအကြောင်းအရာတွေကြောင့်ဖြစ်နိုင်သလို ဘရိတ်ဆာဗိုမကောင်းတာကတော့ အများဆုံးဖြစ်တတ်တဲ့ ပြစ်ချက်တခုဘဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘရိတ်ဆာဗာလေပိုက်ပြုတ်နေတာလား (သို့) ဘရိတ်ဆာဗို မကောင်းတာလားဆိုတာကို သေချာစစ်ဆေးပေးသင့်ပါတယ်။

၂) ဘရိတ်ခြေနင်း မြင့်တက်နေခြင်း - ဘရိတ်ခြေနင်း နင်းရတာ မာနေတဲ့အပြင် ခြေနင်းအရမ်းမြင့်တက်နေတယ်ဆိုရင်လည်း ဘရိတ်ဆာဗိုမှာ ပြစ်ချက်ရှိနေတာ ဖြစ်နိုင်ပါတယ်။ ဘရိတ်ခြေနင်းမာပြီး ခြေနင်းမြင့်တက်နေပြီဆိုရင် ဘရိတ်စနစ်ကို ချက်ချင်းစစ်ဆေးပြုပြင်သင့်တာဖြစ်ပါတယ်။

၃) ဘရိတ်မိနောက်ကျခြင်း - အတားအဆီးတခုခုကြောင့် ဘရိတ်ခြေနင်းကို နင်းလိုက်တဲ့အခါ နင်းတဲ့အားပေါ်မူတည်ပြီး ဘရိတ်မိစေတာဖြစ်ပေမယ့် ဘရိတ်ဖမ်းမိတဲ့အချိန်က လိုတာထက်ပိုကြာနေပြီဆိုရင် (ဘရိတ်မိ နောက်ကျခြင်း) လည်းဘရိတ်ဆာဗိုမှာ ပြစ်ချက်ရှိနေတာ ဖြစ်နိုင်ပါတယ်။ ဘရိတ်မိနောက်ကျခြင်းက ကားအက်ဆီးဒင့်ဖြစ်စေနို်င်တာကြောင့် ဘရိတ်စနစ်ကို ချက်ချင်းစစ်ဆေးသင့်ပါတယ်။

၎) အင်ဂျင်စလိုးမငြိမ်ခြင်း (System Too Lean) - ဓါတ်ဆီအင်ဂျင်တွေအတွက် ဘရိတ်ဆာဗိုကြောင့် အင်ဂျင်စလိုးမငြိမ်ဘူးလို့ဆိုရင် ထူးဆန်းနေပါလိမ့်မယ်။ ဒါပေမယ့် ဒါက တကယ့်လက်တွေ့မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြစ်ချက်တခုဖြစ်ပါတယ်။ အင်ဂျင်ရဲ့ အင်းလပ်မဂနီးဖိုးနဲ့ ဘရိတ်ဆာဗိုကိုလေပိုက်တခုနှင့်ချိတ်ဆက်ထားတာကြောင့် ဘရိတ်ဆာဗိုထဲက ဒိုင်ယာဖရမ်ဆီးလ် ပေါက်သွားတဲ့အခါ အဲ့ဒီနေရာမှ လေများအင်ဂျင်ထဲကိုဝင်ရောက်နိုင်တာကြောင့် ဆီလေအချိုးမညီမျှမှုဖြစ်ကာ System Too Lean ဆိုတဲ့ပြစ်ချက်ကုဒ်နှင့်အတူ အင်ဂျင်ချက်မီးလင်းခြင်း၊ စလိုးမငြိမ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

အထက်ပါဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကတော့ ဘရိတ်ဆာဗိုမှာ ပြစ်ချက်ရှိနေရင် အဖြစ်အများဆုံးပြစ်ချက်တွေဘဲဖြစ်ပါတယ်။ ဘရိတ်စနစ်ဆိုတာ ကားတစ်စီးအတွက် အရေးကြီးဆုံးစနစ်တခုဖြစ်တာကြောင့် ဘရိတ်စနစ်မှာပါဝင်တဲ့ ဘရိတ်ဆာဗိုပြစ်ချက်ရှိနေတယ်ဆိုရင် ချက်ချင်းစစ်ဆေးပြုပြင်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

credit...
Online book

ကားမောင်းတာကို ကြည့်ပြီး လူတစ်ယောက်ရဲ့ ဦးနှောက် IQ ကို တိုင်းတာလို့ရပါတယ်။ဥပမာ 🐓Left or Right Signal မပြဘဲ တစ်ဖက် ယာဉ်ြေ...
10/06/2022

ကားမောင်းတာကို ကြည့်ပြီး

လူတစ်ယောက်ရဲ့ ဦးနှောက် IQ ကို

တိုင်းတာလို့ရပါတယ်။

ဥပမာ

🐓Left or Right Signal မပြဘဲ
တစ်ဖက် ယာဉ်ကြောကို ဝင်ရင် ကြက်ဦးနှောက်။

ကြက်တွေက ဘယ်တော့မှ Signal ပြလေ့မရှိဘူး

🐂🐂ကားပါကင်ကို လမ်းပေါ်မှာ ဒီအတိုင်း ရပ်ထားခဲ့ရင်
နွားဦးနှောက်။

နွားတွေက သူတို့ လှဲချင် အိပ်ချင်တဲ့ နေရာမှာ
လှဲအိပ်လိုက်တာပဲ။

🐐🐐 မီးပွိုင့်မှန်းလည်း သိတယ်
ကားပိတ်နေမှန်းလည်း သိတယ်၊ ဒါပေမယ့်
ဟွန်းကို ဖိတီးတယ်
ဒါဆို သေချာတယ် အဲ့ကောင် ဆိတ်ဦးနှောက်။

ဆိတ်တွေက လိုလိုမလိုလို တပဲပဲနဲ့လေ။

🦆🦆တစ်ချို့ကျတော့ လမ်းလယ် ယာဉ်ကြော
ဒါမှမဟုတ် အပေါ်ကြောက မောင်းတယ်
မောင်းတော့ တစ်လမ်းလုံးကို ဝယ်ထားသလို
ကီလို ၂၀ လောက်နဲ့ ပြည်လမ်းပေါ် မောင်းနေပြီ ဆိုရင်
ဘဲဦးနှောက်။

ဘယ်သူလာလာ မလာလာ ဘယ်သူပဲ နောက်မှာရှိရှိ
ကားယားကားယားနဲ့ သွားနေတဲ့ ဘဲမျိုး ဘဲနွယ်။

(ထပ်စဉ်းစားမိရင် ထပ်ဖြည့်ပါမည်)😫

စည်းကမ်းမဲ့ကားများရပ်

😛😛

Credit Written by Original writer.

Photo Credit

Address

Yangon
11421

Opening Hours

Monday 09:00 - 18:30
Tuesday 09:00 - 18:30
Wednesday 09:00 - 18:30
Thursday 09:00 - 18:30
Friday 09:00 - 18:30
Saturday 09:00 - 18:30
Sunday 09:00 - 18:30

Telephone

+959755868495

Website

Alerts

Be the first to know and let us send you an email when KSL Motorsports posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share