Htet Linn Battery

Htet Linn Battery လူကြီးမင်းတို့၏ ကားများအတွက် ကားဘက?

မင်္ဂလာပါ Htet Linn Battery Service Centerမှကြိုဆိုပါ၏။ BATTERY အမျိုးအစားစုံလင်တဲ့ဆိုင်လေးညွှန်းပါဆိုHtet Linn Battery ...
22/08/2020

မင်္ဂလာပါ Htet Linn Battery Service Centerမှကြိုဆိုပါ၏။ BATTERY အမျိုးအစားစုံလင်တဲ့ဆိုင်လေးညွှန်းပါဆိုHtet Linn Battery လို့ညွှန်းပါရစေ😁😁လူကြီးမင်းတို့၏modelမြင့်ကားများအတွက်Battery size အမျိုးအစားစုံစုံလင်လင်ဖြင့်စျေးနှုန်းများကိုလည်းအသက်သာဆုံးစျေးနှုန်းဖြင့်ရောင်းချပေးနေပါသည်။Batteryအမျိုးအစားတစ်ခုချင်းစီတွင်အာမခံပါဝင်သည့်အတွက်ကြောင့်အာမခံအပိုင်းအားယုံကြည်စိတ်ချနိုင်ပါသည်။Battery ဖြုတ်တပ်ရာတွင်(Power Supply) ခံ၍ တပ်ဆင်ပေးသောကြောင့်လုံခြုံစိတ်ချနိုင်ပါသည်။ Battery size အမျိုးစားများကိုလည်း page၏ messengerမှာလည်းမေးမြန်းစုံစမ်းနိုင်ပြီး ဖုန်းဖြင့်တိုက်ရိုက်ပြောဆိုလိုပါက
ph: 09420010284, 09452086054, 09454844225တို့အားဆက်သွယ်မေးမြန်းနိုင်ပါသည်။

-မင်္ဂလာပါ Htet Linn Battery မှကြိုဆိုပါ၏။-ယခုမိတ်ဆက်ပေးချင်သော Battery အမျိုးအစားလေးကတော့ Neuton Power ( Made in korea ...
05/08/2020

-မင်္ဂလာပါ Htet Linn Battery မှကြိုဆိုပါ၏။
-ယခုမိတ်ဆက်ပေးချင်သော Battery အမျိုးအစားလေးကတော့ Neuton Power ( Made in korea ) Batteryအမျိုးအစားလေးဘဲဖြစ်ပါတယ်လူကြီးမင်းတို့၏Modelမြင့်ကားများတွက်အထူးသင့်လျော်သောBatteryအမျိုးအစားဖြစ်ပြီးအာမခံအပြည့်အဝပါရှိသောကြောင့်လူကြီးမင်းတို့အနေဖြင့်စိတ်အေးစွာအသုံးပြုနိုင်ပါသည်။
-ထို့အပြင်💥မိုးရာသီpromotionအနေဖြင့်💥
-Augလအတွင်းNeuton Power အိုးသစ်တစ်လုံးဝယ်ယူပါက (10%)လျော့ချကရောင်းချပေးသွားမည်ဖြစ်ကြောင်းအသိပေးပါသည်ခင်ဗျ။

နေရပ်လိပ်စာ / သီရိမြိုင်ဘူတာရှေ့( ၁၃ရပ်ကွက်) ၊ ဗဟိုလမ်းမကြီး။

ဆက်သွယ်ရန် Ph.no / (09420010284;09452086054;09454844225 )

ခရီးဝေးပဲသွားသွား၊ အနီးအနားပဲသွားသွား မော်တော်ကားလေးနဲ့ သွားမယ်ဆိုရင် အချိန်ကုန်သက်သာပြီး ခရီးတွင်ကျယ်စေမှာဖြစ်ပါတယ်။ ကာ...
23/07/2020

ခရီးဝေးပဲသွားသွား၊ အနီးအနားပဲသွားသွား မော်တော်ကားလေးနဲ့ သွားမယ်ဆိုရင် အချိန်ကုန်သက်သာပြီး ခရီးတွင်ကျယ်စေမှာဖြစ်ပါတယ်။ ကားနဲ့ သွားတဲ့အခါမှာလည်း ဘေးအန္တရာယ်ကင်းတဲ့ ခရီးစဉ်တစ်ခုဖြစ်ဖို့က အလွန်အရေးကြီးပါတယ်။ ဘေးကင်းလုံခြုံမှုရှိစေဖို့အတွက် Garuda ကနေ ရှေးရှုပြီး ကား “𝑫𝒂𝒔𝒉𝒃𝒐𝒂𝒓𝒅” မှာရှိတဲ့ “𝑾𝒂𝒓𝒏𝒊𝒏𝒈 𝑳𝒊𝒈𝒉𝒕𝒔” တွေအကြောင်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

တာယာလေနည်းနေပြီဆိုရင် အချက်ပြတဲ့ “𝑳𝒐𝒘 𝑻𝒊𝒓𝒆 𝑷𝒓𝒆𝒔𝒔𝒖𝒓𝒆 𝑾𝒂𝒓𝒏𝒊𝒏𝒈 𝑳𝒊𝒈𝒉𝒕”

ဘရိတ်စနစ်မှာ တစ်စုံတစ်ရာ ချို့ယွင်းနေပါက အချက်ပြတဲ့ “𝑩𝒓𝒂𝒌𝒆 𝑺𝒚𝒔𝒕𝒆𝒎 𝑾𝒂𝒓𝒏𝒊𝒏𝒈 𝑳𝒊𝒈𝒉𝒕”

လောင်စာဆီ နည်းနေပြီဆိုရင် အချက်ပြတဲ့ “𝑳𝒐𝒘 𝑭𝒖𝒆𝒍 𝑾𝒂𝒓𝒏𝒊𝒏𝒈 𝑳𝒊𝒈𝒉𝒕”

အင်ဂျင်တစ်စုံတစ်ရာဖြစ်ပါက အချက်ပြတဲ့ “𝑪𝒉𝒆𝒄𝒌 𝑬𝒏𝒈𝒊𝒏𝒆 𝑳𝒊𝒈𝒉𝒕”

မြူဆိုင်းတဲ့အခါ သုံးတဲ့ “𝑭𝒐𝒈 𝑳𝒊𝒈𝒉𝒕𝒔”

အင်ဂျင် “𝑯𝒆𝒂𝒕” တတ်နေပြီဆိုရင် အချက်ပြတဲ့ “𝑻𝒆𝒎𝒑𝒆𝒓𝒂𝒕𝒖𝒓𝒆 𝑾𝒂𝒓𝒏𝒊𝒏𝒈 𝑳𝒊𝒈𝒉𝒕”

ခါးပတ်မပတ်ထားရင် အချက်ပြတဲ့ “𝑺𝒆𝒂𝒕 𝑩𝒆𝒍𝒕 𝑾𝒂𝒓𝒏𝒊𝒏𝒈 𝑳𝒊𝒈𝒉𝒕”

ဘက်ထရီ ချို့ယွင်းနေပါက အချက်ပြတဲ့ “𝑩𝒂𝒕𝒕𝒆𝒓𝒚 𝑪𝒉𝒂𝒓𝒈𝒆 𝑾𝒂𝒓𝒏𝒊𝒏𝒈 𝑳𝒊𝒈𝒉𝒕”

ဒီဇယ်သုံးတဲ့ကားတွေမှာ “𝑷𝒍𝒖𝒈” တစ်စုံတစ်ရာ ချို့ယွင်းနေပါက အချက်ပြတဲ့ “𝑮𝒍𝒐𝒘 𝑷𝒍𝒖𝒈 𝑾𝒂𝒓𝒏𝒊𝒏𝒈 𝑳𝒊𝒈𝒉𝒕”

အင်ဂျင်ဝိုင်နည်းနေပြီဆိုရင် အချက်ပြတဲ့ “𝑶𝒊𝒍 𝑷𝒓𝒆𝒔𝒔𝒖𝒓𝒆 𝑾𝒂𝒓𝒏𝒊𝒏𝒈 𝑳𝒊𝒈𝒉𝒕”

တာယာမှာရှိတဲ့ ပန်းတွေပွတ်တိုက်စားမှုကြောင့် “𝑺𝒍𝒊𝒑” ဖြစ်စေနိုင်တာကို အချက်ပြတဲ့ “𝑻𝒓𝒂𝒄𝒕𝒊𝒐𝒏 𝒐𝒓 𝑺𝒕𝒂𝒃𝒊𝒍𝒊𝒕𝒚 𝑪𝒐𝒏𝒕𝒓𝒐𝒍 𝑾𝒂𝒓𝒏𝒊𝒏𝒈 𝑳𝒊𝒈𝒉𝒕” စတာတွေကတော့ အသုံးများတဲ့ “𝑾𝒂𝒓𝒏𝒊𝒏𝒈 𝑳𝒊𝒈𝒉𝒕𝒔” တွေပဲ ဖြစ်ပါတယ်။ သင်္ကေတလေးတွေရဲ့ အဓိပ္ပါယ်ကို သိအောင်လုပ်ပြီး ဘယ်စနစ်က ချို့ယွင်းတယ်ဆိုတာ အဖြေရှာကြည့်ကြရအောင်။

မင်္ဂလာပါ Htet Linn Batteryမှကြိုဆိုပါ၏။ ယခုတစ်ခါမိတ်ဆက်ပေးမှာကတော့တစ်ခြားတစ်ခြားသောအိုးတေနဲ့မတူသော(DIN) အိုးအမျိုးအစားလ...
07/07/2020

မင်္ဂလာပါ Htet Linn Batteryမှကြိုဆိုပါ၏။
ယခုတစ်ခါမိတ်ဆက်ပေးမှာကတော့တစ်ခြားတစ်ခြားသောအိုးတေနဲ့မတူသော(DIN) အိုးအမျိုးအစားလေးဘဲဖြစ်ပါတယ်။
Dinအိုးများကိုနာမည်ကြီးကားများဖြစ်သော



အပြင်အခြားmodelမြင့်ကားများတွင်​တွေ့မြင်နိုင်ပါသည်။
ယခုလိုကားများတွက်DINအိုးများကိုလည်းHtet Linn Battery ၌စျေးနှုန်းချိုသာစွာဝယ်ယူအားပေးနိုင်ပါသည်။ထို့အပြင်Htet Linn Battery ၌မပြောင်းလဲအပ်သောအာမခံအပိုင်းမှာလည်းအပြည့်အဝထားရှိနေပါသည်😁😁 အိုးသစ်တိုင်း၌အာမခံအပြည့်အဝပါရှိသောကြောင့်လူကြီးမင်းတို့အနေဖြင့်စိတ်အေးစွာအသုံးပါပြုနိုင်ပါသည်။
နေရပ်လိပ်စာ / သီရိမြိုင်ဘူတာရှေ့၁၃ရပ်ကွက်
ဗဟိုလမ်းကြီး။
ph.no. 09420010284 ၊ 09452086054 ၊ 09454844225 တို့၌ဆက်သွယ်မေးမြန်းနိုင်ပါသည်။

၇ရက်သားသမီးများစိတ်၏ကျန်းမာချင်းကို၏ကျန်းမာချင်းနဲ့ပြည့်စုံပါစေဟုဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။        မင်္ဂလာပါ Htet Li...
06/07/2020

၇ရက်သားသမီးများစိတ်၏ကျန်းမာချင်းကို၏ကျန်းမာချင်းနဲ့ပြည့်စုံပါစေဟုဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။
မင်္ဂလာပါ Htet Linn Battery Service Centerမှကြိုဆိုလိုက်ပါတယ် လူကြီးမင်းတို့၏Model မြင့်ကားများတွက် Battery အမျိုးအစားရွေးချယ်မယ်ဆိုHtet Linn Battery ကိုသာသတိရလိုက်ပါ၊ လူကြီးမင်းတို့၏Model မြင့်ကားများတွက်Batteryအမျိုးအစားစုံလင်ပြီး စျေးနှုန်းများမှာလည်းချိုသာစွာရောင်းချပေးနေပါသည်။ အခုBatteryအမျိုးအစားလေးကတော့Voltex made in korea အမျိုးအစားလေးဘဲဖြစ်ပါတယ်အာမခံမှာလည်း8 months ပါဝင်သောကြောင့် ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ပါသည်။


-လူကြီးမင်းတို့ကိုယ်တိုင်လာရောက်မေးမြန်းဝယ်ယူလိုပါက
နေရပ်လိပ်စာ/ /ဗဟိုလမ်း၊သီရိမြိုင်ဘူတာရှေ့ အမှတ်(၁၃)ရပ်ကွက်
ဆက်ယသွယ်ရန် Ph no.09420010284;09452086054;09454844225

🙏🙏🙏မင်္ဂလာပါ Htet Linn Battery မှကြိုဆိုပါတယ်ခင်ဗျာ။ #လူကြီးမင်းတို့၏ကားBattery နဲ့ပက်သတ်သောအခက်အခဲများကိုHtet Linn Batt...
15/06/2020

🙏🙏🙏မင်္ဂလာပါ Htet Linn Battery မှကြိုဆိုပါတယ်ခင်ဗျာ။

#လူကြီးမင်းတို့၏ကားBattery နဲ့ပက်သတ်သောအခက်အခဲများကိုHtet Linn Batteryမှတာဝန်ယူဖြေရှင်းပေးနေပါပြီ။

#လူကြီးမင်းတို့၏Modelမြင့်ကားများတွက် Battery များအားမိမိတို့Htet Linn Battery၌ အမျိုးအစားစုံစုံလင်လင်ဖြင့်စျေးနှုန်းချိုသာစွာရောင်းချပေးနေသည့်အပြင် အာမခံအပိုင်းအားအပြည့်အဝ ပေးအပ်ထားပါသည်။

နေရပ်လိပ်စာ(သီရိမြိုင် ၁၃ရပ်ကွက် ၊ ဗဟိုလမ်းမကြီး ၊ သီရိမြိုင်ဘူတာရှေ့)

ဆက်သွယ်ရန် Ph no. 09420010284 / 09452086054 / 09454844225 တို့နှင့် page messenger၌လည်းဆက်သွယ်မေးမြန်းနိုင်ပါသည်။

04/06/2020
 #🙏🙏🙏မင်္ဂလာပါHtet Linn Battery မှကြိုဆိုပါ၏။ #ယခုတလောpage Message၌ အင်ဗာတာ/ဆိုလာအတွက်Battery sizeကြီးလေးအမေးများလို့😊😊ဟ...
31/05/2020

#🙏🙏🙏မင်္ဂလာပါHtet Linn Battery မှကြိုဆိုပါ၏။
#ယခုတလောpage Message၌ အင်ဗာတာ/ဆိုလာအတွက်Battery sizeကြီးလေးအမေးများလို့😊😊ဟုတ်ကဲ့ပါHtet Linn Battery ၌ modelမြင့်ကားများတွက်သာမက အင်ဗာတာ/ဆိုလာ များအတွက် Battery အစို & အခြောက်တို့ကို
sizeအမျိုးအစားစုံလင်စွာဖြင့်စျေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးနေပါသည်။

# အာမခံအပိုင်းကကော🤔🤔
ဤအတွက်တော့လူကြီးမင်းတို့အနေဖြင့်လုံးဝစိတ်အေးနိုင်ပါသည်။ Battery အစို နှင့် အခြောက်၂မျိုးလုံး၌အာမခံများပါရှိပါသည့်အတွက်းစိတ်အေးစွာအသုံးပြုနိုင်ပါသည်။အာမခံအတွင်းBattery​တစ်စုံတစ်ရာဖြစ်ပါကအိုးသစ်၁လုံးအစားထိုးတပ်ဆင်ပေးပါမည်။ထို့အပြင်လူကြီးမင်းတို့၏Batteryအဟောင်းများဖြင့်အလဲအထပ်ပြုလုပ်နိုင်သဖြင့် မူလစျေးထက်သက်သာနိုင်ပါသည်။

Charging စစ်ခြင်း ၊ ထို့အပြင် အရည်အိုးအသုံးပြုသည့်မည့်သည့်ကားမဆို ဗဟိုလမ်းကြီး သီရိမြိုင်ဘူတာနားလမ်းကြုံရောက်ခဲ့ပါကကျွန်ုပ်တို့Htet Linn Batteryဆိုင်၌ မိုးရေးအခမဲ့ဝင်ရောက်ဖြည့်နိုင်ပါသည်😊😊

ဆက်သွယ်မေးမြန်းရန်/ 09.420010284 / 09.452086054 / 09.454844225တို့အားဆက်သွယ်မေးမြန်းနိုင်ပါသည်။

ကိုယ်တိုင်ဝယ်ယူအားပေးလိုပါက( (၁၃)ရပ်ကွက်၊ သီရိမြိုင်ဘူတာရှေ့၊ ဗဟိုလမ်းမကြီး၌) ဝယ်ယူအားပေးနိုင်ပါသည်။

အကြာကြီးရပ်ထားရတဲ့ ကားတစ်စီးမှာ ဘယ်အစိတ်အပိုင်းတွေ ထိခိုက်နိုင်လဲ ???အခုလို home stay ကာလမှာ အပြင်မထွက်ဖြစ်တာနဲ့ အတူ ကျွ...
27/05/2020

အကြာကြီးရပ်ထားရတဲ့ ကားတစ်စီးမှာ ဘယ်အစိတ်အပိုင်းတွေ ထိခိုက်နိုင်လဲ ???

အခုလို home stay ကာလမှာ အပြင်မထွက်ဖြစ်တာနဲ့ အတူ ကျွန်တော်တို့ကားတွေလဲ ခြံထဲမှာ ရပ်ထားရတာ ရက်တော်တော်ကြာခဲ့ပါပြီ။ ကားတစ်စီးဟာ အခုလို မမောင်းနှင်ဘဲ အချိန်အကြာကြီး ရပ်ထားမယ်ဆို ဘာတွေ ထိခိုက်လာနိုင်သလဲ။ မမောင်းဖြစ်တဲ့ ကိုယ့်ကားလေး ထိခိုက်ပျက်စီးမှု မရှိအောင် ဘာလေးတွေ လုပ်ပေးသင့်သလဲ။

Battery - ဟုတ်ပါတယ် စစခြင်း ပျက်စီးနိုင်တာကတော့ battery ပါ။ မော်တော်ကား battery ဟာ recharge လုပ်နိုင်ဖို့ ပုံမှန်မောင်းနှင်မှု လိုပါတယ်။ ကားစက်မနှိုးထားပေမဲ့လဲ ကား battery က အော်တို discharge ဖြစ်နိုင်ပါတယ်။ အာ့လို discharge ဖြစ်ရင်း ကားလဲ မမောင်းဖြစ်ရင်းကနေ နောက်ဆုံး battery break down ဖြစ်သွားနိုင်ပြီး ကားလုံးဝနှိုးလို့ရမှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် ကျွန်တော်အကြံပေးလိုတာက မိမိကားကို မမောင်းဖြစ်သော်ငြားလဲ တစ်ရက်ကို နာရီဝက်လောက် (ဆီတော့ကုန်တာပေါ့လေ) စက်နှိုးပေးသင့်ပါတယ်။ ဒါမှသာ battery recharge လုပ်နိုင်ပြီး battery ကို ထိခိုက်ခြင်းမှ ကာကွယ်နိုင်မှာပါ။

အင်ဂျင် - ကားအင်ဂျင်မလည်ပတ်တဲ့ အချိန်မှာ အင်ဂျင်ရဲ့ စက်ချောဆီ စနစ်ကလဲ မလည်ပတ်နိုင်ပါဘူး။ ဒါကြောင့်မို့လို့ ကားကို အချိန်တစ်ခုကြာ ရပ်ထားမိတဲ့အခါ အင်ဂျင်မှာ ပါဝင်တဲ့ belt ကြိုးတွေ၊ ဗားတွေ၊ ဆလင်ဒါ လိုင်နာနဲ့ ရင်း (rings) တွေ ဆီငတ်ပြီး သံချေးတတ်နိုင်ပါတယ်။ နောက်တစ်ချက်က အဝိုင်းစီး (oil seals) တွေကလဲ ဆီနဲ့ မထိတွေ့ရတဲ့အခါ ခြောက်ပြီး မာကျွတ်လာတတ်ပါတယ်။ အာ့လိုဖြစ်ပြီဆိုရင်တော့ သေချာပေါက်ဆီမလုံတော့ဘဲ တစ်ခြားနေရာတွေကို ဆီယိုပါလိမ့်မယ်။ အာ့တော့ battery အတွက်သာ မကဘဲ အင်ဂျင် အတွက်ပါ ကားကို‌နေ့စဉ် စက်နှိုးပေးခြင်းက အများကြီး အကျိုးရှိစေမှာပါ။

တာယာ - ကားတစ်စီးကို အကြာကြီးရက်ပေါင်းများစွာ ရပ်ထားရင် မြေကြီးနဲ့ ထိစပ်နေတဲ့ တာယာမျက်နာပြင်မှာရှိတဲ့ ရာဘာက ကားဝိတ်နဲ့ အချိန်ကြာကြာဖိမိနေတာကြောင့် အနည်းငယ် ပုံပြောင်းသွားတတ်ပါတယ်။ flat spotting ဖြစ်တယ်လို့ခေါ်ပါတယ်။ အာ့လိုဖြစ်နေရင် ကားပြန်မောင်းတဲ့ အခါ ဘီးက ခုန ပြားတဲ့နေရာကြောင့်vibration ဝင်သလိုဖြစ်တတ်ပါတယ်။ ဒါ‌ ပေမယ့် နည်းနည်းပြန်မောင်းပြီးရင် တာယာပြန်ညီပြီး ပြန်ကောင်းသွားတတ်ပါတယ်။ ဒါကြောင့် သွားစရာမရှိ လို့ ကားရပ်ထားမယ်ဆိုရင်တောင် တစ်ရက်ခြားတစ်ခါလောက် ဘီးနေရာပြောင်းအောင် ရှေ့တိုးနောက်ဆုတ် အနည်းငယ်လုပ်ပေးသင့်ပါတယ်။

ဘရိတ် - ဘရိတ်ဒရမ် (brake drum) နဲ့ ဒစ် (discs) တွေဟာလဲ တခြားသတ္တုတွေနည်းတူ အသုံးမပြုတာကြာလာရင် သံချေးတတ်နိုင်ပါတယ်။ ကားအကြာကြီးရပ်ထားချိန်မှာ hand brake မဆွဲထားပါနဲ့။ အချိန် ကြာကြာ ရပ်ထားခိုက်မှာ hand brake ဆွဲထားမိရင် brake pads က drum တွေ discs တွေမှာ အသေကပ်သွားနိုင်လို့ပါ။

ဆေးသား - ကိုယ့်ကားက ဂိုဒေါင်ထဲမှာဆိုရင်တောင် ရပ်ထားတာကြာလို့ ကားပေါ်တင်လာတဲ့ ဖုန်မှုန့်တွေက အချိန်ကြာတဲ့အခါ ဆေးသားကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် မိမိကားကို ပုံမှန်ဆေးကြော သန့်စင်ပေးပါ။ အပေါ်က wax တစ်ထပ်ကြိုတိုက်ထားနိုင်ရင်တော့ အတော်လေးကောင်းပါတယ်။ ကားအပေါ်မှာ အဖုံးအုပ်ထားပေးခြင်းကလဲ မိမိကားရဲ့ ဆေးသားကို ကာကွယ်ပေးနိုင်မှာပါ။

အပေါ်က အချက်တွေအပြင် အချိန်အကြာကြီးရပ်ထားတဲ့ ကားမှာ အဲယားကွန်းလိုင်းစိမ့်တာ၊ အောက်ပိုင်း (suspension) သံချေးတပ်တာတွေလဲ ဖြစ်တတ်လို့ ဒီကာလကြီးအပြီး ကားပြန်မောင်းမယ်ဆို အန္တရာယ်ကင်းအောင် အပေါ်က အစိတ်အပိုင်းတွေကို သတိထားစစ်ဆေးပြီးမှသာ ပြန်မောင်းစေလိုပါတယ်။ ဆီတိုင်ကီ အတွင်းပိုင်းနံရံတွေ သံချေးမတက်နိုင်အောင်လဲ ဆီကိုတိုင်ကီ အပြည့်ဖြည့်ထား‌ပေးပါ။ ဖြစ်နိုင်ရင်တော့ တစ်ရက်တစ်ခါလောက် ကို့ယ်ရပ်ကွက်ဝန်းကျင်ပတ်မောင်းပေးတာ ပိုကောင်းပါမယ်လို့ အကြံပေးချင်ပါတယ်ဗျာ။

Aung Nay Thway Company Limited

🙏မင်္ဂလာပါ Htet Linn Battery မှကြိုဆိုပါ၏ 🙏👨‍🔧👨‍🔧လူကြီးမင်းတို့modelမြင့်ကားများ၏Battery အတွက်စိုးရိမ်ပူပန်မှုများကိုHte...
25/05/2020

🙏မင်္ဂလာပါ Htet Linn Battery မှကြိုဆိုပါ၏ 🙏

👨‍🔧👨‍🔧လူကြီးမင်းတို့modelမြင့်ကားများ၏Battery အတွက်စိုးရိမ်ပူပန်မှုများကိုHtet Linn Batteryမှတာဝန်ယူဖြေရှင်းပေးနေပါသည်။
Brand အမျိုးအစားပေါင်းများစွာအားအာမခံပြည့်ဝစွာရောင်းချပေးနေပါသည်။လူကြီးတို့၏ကားBattery တပ်ဆင်ရာတွင် Computer Box ထိခိုက်မှုမရှိစေရန်Power supplyထောက်၍စနစ်တကျတပ်ဆင်ပေးပါသည်။(လှိုင်မြို့နယ်၊မရမ်းကုန်း၊လှည်းတန်း၊ကမာရွတ်၊သမိုင်းအစရှိသောမြို့နယ်)စသောမြို့နယ်များသို့လည်းပို့ဆောင်ခ တပ်ဆင်ခ (အခမဲ့)လိုက်လံပို့ဆောင်တပ်ဆင်ပေးနေပါသည်။ဖုန်းဆက်မှာယူလိုပါက 09420010284/09452086054/09454844225တို့၌မှာယူနိုင်ပါသည်။ Batteryနှင့်ပတ်သက်သောအကြောင်းရာများသိလိုပါက page၏ Chat Box၌လည်းလူကြီးမင်းတို့သိလိုသောအကြောင်းရာများကိုလည်းမေးမြန်းနိုင်ပါသည်။

နေရပ်လိပ်စာ/ ၁၃ရပ်ကွက် ၊ သီရိမြိုင်ဘူတာရှေ့ ။ ဗဟိုလမ်းမကြီး။

ကား ဘက်ထရီစစ်ဆေးခြင်းနှင့် အရေးထားသင့်သော အချက်များ🔘🔘🔘🔘🔘♻ ကားတစ်စီး သက်၀င်လှုပ်ရှားနိုင်ရေး အတွက် ကားဘက်ထရီသည် အရေးကြီးသ...
23/05/2020

ကား ဘက်ထရီစစ်ဆေးခြင်းနှင့် အရေးထားသင့်သော အချက်များ
🔘🔘🔘🔘🔘

♻ ကားတစ်စီး သက်၀င်လှုပ်ရှားနိုင်ရေး အတွက် ကားဘက်ထရီသည် အရေးကြီးသည်။ ဘက်ထရီသည် အမြဲတမ်းအားပြည့်၍ ကျန်းမာရေး ကောင်းမွန်နေရမည်။ ဘက်ထရီ ကျန်းမာမှ သင့်ကားကို စိတ်တိုင်းကျ လိုရာစေနိုင်မည်။ ကားဘက်ထရီ တစ်လုံးသည် ကားတစ်စီးလုံး၏ အသက်ဝိဥာဉ်ဖြစ်သည်။ ကားတစ် စီးလုံး၏ ထိန်းချုပ်မှုစနစ်အားလုံး သည် လျှပ်စစ်ဝါယာများဖြင့်သာ သွားသည်။ Electrical System, Charging, Aircon System အားလုံးတွင် ဘက်ထရီသည် မပါမဖြစ် အဓိက ကျသည်။

🔆 ကားတစ်စီးထိန်းသိမ်းရေးတွင် ဘက်ထရီ စစ်ဆေးခြင်းနှင့် ထိန်းသိမ်း ခြင်းသည်လည်း အရေးကြီးသော အချက်ဖြစ်သည်။ ဘက်ထရီနှင့် စပ် လျဉ်း၍ အခြား သိထားသင့်သော အချက်များလည်းရှိသည်။ အအေး ဓာတ်လွန်ကဲသော တောင်ပေါ်ဒေသ များတွင် ဘက်ထရီသည်ပို၍အရေး ကြီးသည်။

🔎 ဘက်ထရီ၏ အဓိကတာ၀န် သည် အင်ဂျင်စက် စတင်နှိုးရန်အတွက် အားကောင်းသော လျှပ်စစ် စီးကြောင်းကို ထုတ်ပေးရန်ဖြစ်သည်။ အခြားတာ၀န်များ ကိုလည်း ထမ်းဆောင်ရသည်။
• ကားတစ်စီးလုံး၏ Electrical System တွင်တည်ငြိမ်သော DC လျှပ်စစ်ဗို့အား (12 Volt/ 24 Volt) ကို ထိန်းသိမ်းထားရန်
• ကားစက်ရပ်ထားသော အချိန်တွင်လည်း လိုအပ်သော Power Supply ကိုပေးရန်၊
• ကားမီး ထွန်းရန်၊
• TV, CD Player နှင့် ရေဒီယိုများဖွင့်ရန် တို့အတွက်ဖြစ်သည်။

🚨 ဘက်ထရီစစ်ဆေးခြင်း ဂရုစိုက်ထိန်းသိမ်းခြင်း

♻ ကားတစ်စီးတွင် ဘက်ထရီ အသစ်တစ်လုံး လဲလှယ်တပ်ဆင်ပေး လိုက်ရုံဖြင့် မပြီးသေးပါ။ ဘက်ထရီ ကို နေ့စဉ်သုံးနေသဖြင့် အချိန်တန် လျှင် တဖြည်းဖြည်း ချွတ်ယွင်းပျက်စီး တတ်သည်မှာ သဘာဝြဖစ်သည်။ ဘက်ထရီအိုးထဲတွင် အား၀င်လိုက် အားပြန် ထုတ်သုံးလိုက် (Charging/Discharging) ဖြစ်စဉ်သည် အမြဲဖြစ် နေသည်။ ဓာတုပြောင်းလဲမှုဖြစ်စဉ်များလည်း အမြဲ ရှိသည်။

💡 ထို့ကြောင့် ဘက်ထရီအိုးတွင် ဓာတု ပွန်းစားမှုများ ရှိသည်။ ဘက်ထရီအက်ဆစ်ရည် ခမ်းခြောက်ခြင်း၊ ခဲပြားများ၊ ဓာတ်ပြောင်းလဲရာ မှ ပွန်းစားခြင်း၊ ဘက်ထရီငုတ်များ နှင့် ဘက်ထရီခေါင်းများတွင် ဓာတ်ဆား များပေါက်ခြင်း၊ ဘက်ထရီ Over-charging ဖြစ်ခြင်း၊ အက်ဆစ်ရည် များ သိပ်သည်းဆ ပြောင်းလဲခြင်း စ သောဖြစ်စဉ်များသည် ဘက်ထရီ အသုံးပြုနေသမျှ ဖြစ်ပေါ်နေသည်။ ထို့ကြောင့် သင့်ကားမှ ဘက်ထရီကို ဂရုစိုက် ထိန်းသိမ်းရန်နှင့်လိုအပ်လာ လျှင် ဘက်ထရီ စစ်ဆေးပေးခြင်းတို့ ကို ဆောင်ရွက်ပေး သင့်သည်။

🕯 ဘက်ထရီစစ်ဆေးရန် ဘက်ထရီ ဟိုက်ဒြိုမီတာ၊ ဒစ်ဂျစ်တယ် မီတာ (သို့မဟုတ်) မာတီမီတာ တစ်လုံး လိုအပ်သည်။ Safety ဖြစ်ရန် အတွက် ရာဘာလက်အိတ်တစ်စုံနှင့် မျက်စိ ကာကွယ်ရန်အတွက် မျက်မှန်တစ် လက်လိုသည်။

⚝ ပထမဦးစွာ ဘက်ထရီဗို့အား အခြေအနေကို တိုင်းတာစစ်ဆေး မည်။ ကားသော့ကို Off အနေအထားတွင် ထားပါက ဘက်ထရီ အလုပ်မလုပ်ဘဲ နားနေမည်။ ဘက်ထရီ အား၀င်ရောက် မှုအခြေအနေ (State of Charge) ကို စစ်ဆေးရန် မီတာ၏အနီရောင် (အဖို ကြိုး) ကြိုးစထောက်တံကို ဘက်ထရီ အဖိုငုတ်တိုင် (+) တွင်ထောက်ပါ။ ဗို့ မီတာ၏ အမကြိုးစဖြစ်သော အနက် ရောင်ငုတ်ကို ဘက်ထရီအမငုတ် (-) နှင့် ဆက်သွယ်လိုက်ပါ။ ဗို့မီတာ ဒိုင်ခွက်တွင် ဘက်ထရီ၏ ချာဂျင် အားပမာဏကို သိရှိနိုင်သည်။
¤ ဘက်ထရီဗို့အား 12.66 V ရှိလျှင် ဘက်ထရီအားအပြည့်ရှိသည်။
¤ 12.45 Volt သာရှိလျှင် (၇၅) ရာခိုင်နှုန်းသာ ရှိသည်။
¤ 12.24 V အထိ ကျဆင်း သွားလျှင် ဘက်ထရီအား ထက်၀က် သာ ကျန်တော့သည်။
☆ အကယ်၍ ဗို့ အား 12.06 V ကျော် ကျော်လေးသာ ပြလျှင် သင့်ကားဘက်ထရီကို ချာဂျင် အရေးတကြီး ပြန်သွင်းပါ။

➿ အား ပြည့်နေသော ကားဘက်ထရီ တစ်လုံး၏ အက်ဆစ်သိပ်သည်း ဆသည် 1.265 ရှိရမည်။ အက်ဆစ် သိပ်သည်းဆကျသွားခြင်း၊ နည်းပါး သွားခြင်းသည် ဘက်ထရီအားလျော့ သွားကြောင်း ဖော်ပြနေသည်ဟု မှတ် ယူရမည်။ အက်ဆစ်ပြင်းအား 1.225 သာရှိလျှင် ဘက်ထရီ၏ ချာဂျင်အား သည် (၇၅) ရာခိုင်နှုန်း သာကျန်သည် ဟု အဓိပ္ပာယ်ရသည်။

☩ အကယ်၍ အက်ဆစ်ပြင်းအား 1.190 သာရှိလျှင် ထိုဘက်ထရီ၏ စွမ်းအားသည် (၅၀) ရာခိုင်နှုန်းသာ ကျန်သည်ဟု အဓိပ္ပာယ်ရသည်။ ဘက်ထရီအားကောင်း / မကောင်း သိရှိနိုင်ရန် ဘက်ထရီအခန်းတိုင်း၏ ပလပ်အဖုံးများကို ဖွင့်ပြီး ဟိုက်ဒြို မီတာဖြင့် အက်ဆစ်ပြင်းအား ကို တိုင်းကြည့်ပါ။ အက်ဆစ်ပြင်းအား နည်းလေ အားမရှိလေဖြစ်ပါမည်။ ဘက်ထရီတစ်လုံးတွင် Cell အခန်း (၆) ခန်းပါရှိသဖြင့် တစ်ခန်းနှင့် တစ်ခန်း အက်ဆစ်၏အရည် Level မညီညာဘဲ ရှိတတ်သည်။ အက်ဆစ် အရည် Level တညီတည်းရှိအောင် ညှိပေးရသည်။

🚩 ဘက်ထရီအားနည်းချက်၊ ချွတ်ယွင်းချက် တစ်ခုခုကြောင့်သာ ဘက်ထရီအား လက်ကျန် မည်မျှရှိသည် ကို စစ်ဆေးတိုင်းတာခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် ချာဂျင်အ၀င်ကောင်း သော ဘက်ထရီတစ်လုံးသည် အား အပြည့်ရှိ တတ်သည်။ ချာဂျင်ပုံမှန်၀င်ရန် Charging System ကောင်းရမည်။ Alternator နှင့် IC Regulator ကောင်းရမည်။ ဘက်ထရီတစ်လုံး၏ သက်တမ်းသည် အမျိုးအစားနှင့် အရည်အသွေးပေါ်မူတည်၍ (၂) နှစ်မှ (၄) နှစ်အထိအသုံးခံပါသည်။ သက်တမ်း (၄) နှစ်ကျော်သော ဘက်ထရီ တစ်လုံးသည် ချာဂျင်အားသွင်းစနစ် မည်မျှပင် ကောင်းစေကာမူ သွင်းလိုက်သော လျှပ်စစ် စွမ်းအားကို သိုလှောင် ထိန်းသိမ်းထားနိုင်စွမ်း မရှိတော့၍ ဘက်ထရီအား မရှိဖြစ်တတ်သည်။

⚕ ပုံမှန်သက်တမ်း ရှိသေးသော ဘက်ထရီ တစ်လုံးသည် အားကုန်သော ချွတ်ယွင်းချက် လက္ခဏာပြပါ က (သို့မဟုတ်) နံနက်ပိုင်း စက်နှိုး မော်တာဆွဲလျှင် မော်တာအီနေပါက ဘက်ထရီ ချာဂျင် အားမ၀င်သော ပြဿနာသာဖြစ်သည်။ ဘက်ထရီ အားမထိန်းနိုင်သော ပြဿနာမဟုတ် ပါ။

🌍 ဘက်ထရီချာဂျင်အားအပြည့် မ၀င်နိုင်သော အကြောင်းရင်းများစွာ ရှိသည်။
♡ ပန်ကာကြိုး ချောင်နေ သလား။
♡ AC/DC ဒိုင်နမို မီးထွက်မမှန် တာလား၊
♡ ကာဗွန် တိုပြီးစားနေသလား၊
♡ Alternator ဒိုင်အုပ်များ မကောင်းတာလား၊
♡ Regulator မထိန်းနိုင်တာလား အပြစ်ရှာဖို့လိုပါသည်။
Alternator တစ်လုံးသည် တစ်နှစ်တစ်ကြိမ် ခန့် ဆာဗစ်စင်လုပ်၍ သန့်ရှင်းဆေး ကြောသင့်သည်။ နေ့စဉ်အသုံးများ သော Taxi နှင့် စီးလုံးငှား ယာဉ်များ ပို၍ပျက်စီးမှုမြန်ပါသည်။ မိသားစုသုံး အိမ်စီးကားဆိုပါက အသုံးပြုမူနည်းသဖြင့် (၂)နှစ် တစ်ကြိမ်ခန့်သာ Alternator ကို စစ်ဆေးသင့်သည်။

⚖ ဘက်ထရီခေါင်း၊ ဘက်ထရီ ကေဘယ်ကြိုး အဆက်နေရာများ တွင် အက်ဆစ်ကြောင့် ဆားပေါက် တတ်သည်။ ကြာလာလျှင် ဘက်ထရီငုတ် နှင့် ဘက်ထရီခေါင်း ကြားတွင် ဆား ချိုးများ အညစ်အကြေးများတက်ပြီး ဘက်ထရီအဆက်အသွယ်ကို ထိတွေ့မှု အားနည်း စေသည်။ ဘက်ထရီငုတ်၊ ဘက်ထရီခေါင်း အဆက်နေရာများကို ရေနွေးနှင့်လောင်းဆေးပြီး သန့်ရှင်း ပေးရမည်။ ဘက်ထရီခေါင်း အဆက် Bolt & Nut များကို တင်းကျပ်မှုရှိ / မရှိ စစ်ဆေးရမည်။ ဘက်ထရီ ကေဘယ် ကြိုးကြီးများ၏ အဖျားထိပ်ရှိ Cable Lug များ ချောင်၍လွတ်နေ တတ်ပါသည်။

🚨 ဘက်ထရီမှလာသော အနီရောင် ကေဘယ် ကြိုးကို စက်နှိုးမော်တာထိပ် ဆိုလိုနွိုက်ငုတ်တွင် Nut ဖြင့် ဖမ်း၍တပ်ဆင်ထားသည်။ Nut ခေါင်း ချောင်နေပါက စက်နှိုးမော်တာ ဆွဲသည့် အချိန်တွင် ထိဆက်မှု အားနည်းပြီး မော်တာ အီနေတတ်သည်။ ဘက်ထရီမှ လျှပ်စစ်အားများ မော်တာသို့ အတားအဆီးမရှိ စီး၀င်နိုင် မှသာ စက်နှိုးမော်တာ ရုန်းအား ကောင်းမည်။

🕛 ဘက်ထရီမှာ နောက်ထပ်အရေးကြီးတဲ့ အချက်က အက်ဆစ် ပျော်ရည် (သို့မဟုတ်) လျှပ်လိုက်ရည် (Electrolyte) ပါ။ အား ပြည့်နေတဲ့ ဘက်ထရီတစ်လုံးရဲ့ အက်ဆစ် ဖျော်ရည်ပြင်းအား သိပ်သည်းဆဟာ 1.260 မှ 1.280 အတွင်းရှိသည်။ ဘက်ထရီ အသုံးပြုမှု ကြာလာလျှင် လျှပ်လိုက်ရည် (ခေါ်) အက်ဆစ် ဖျော်ရည် ခမ်းခြောက်ပြီး ခဲပလိပ်ပြား တောင် ပေါ်လာတတ်ပါ သည်။

🛇 အက်ဆစ်ပျော်ရည် လျော့ကျ သွားရင် ဘက်ထရီမိုးရေပဲ ထပ်ဖြည့် ပေးပါ။ ရိုးရိုး ရေသန့်တွေ ထည့်လို့ မရပါ။ ဘက်ထရီအိုးခွံမှာ အက်ဆစ် ပျော်ရည် Level အနိမ့်ဆုံးလိုင်းနှင့် အမြင့်ဆုံး လိုင်းဆွဲပေးထားသည်။ လျှပ်လိုက်ရည်ခမ်းခြောက်ပြီး ပလိပ် ပြားများပါ ပေါ်လာသည် အထိသုံးပါ က ဘက်ထရီ နာပါ သည်။ လျှပ်လိုက်ရည်ခမ်းသွား သဖြင့် အိုးထဲတွင် ကျန်သော အက်ဆစ် ပျော်ရည်သည် ပြင်းအား ဒီဂရီတက်လာသည်။ အက်ဆစ် သိပ်သည်းဆ 1.300 ကျော်လွန် ပါက ခဲပလိပ်ပြားများ မခံနိုင်ပါ။ မိုးရေ ရောစပ် ပေးပါ။ ဘက်ထရီတွင်သုံးသော လျှပ်လိုက်ရည်သည် ဆာလူဖျူရစ် အက်ဆစ် (H2SO4)(၃၅) ရာခိုင်နှုန်း နှင့် ပေါင်းခံရေ (၆၅) ရာခိုင်နှုန်းပါ၀င် ရောစပ်ထားသော အက်ဆစ် ဖျော်ရည် ဖြစ်သည်။

✡ ဘက်ထရီတစ်လုံး၏ စွမ်းရည် ကို Aampere-hour (A x h) ဖြင့် ဖော်ပြသည်။ ဥပမာ
70Ah ဘက်ထရီ တစ်လုံးသည် 7amp ဖြင့် လျှပ်စစ် ထုတ်သုံးပါက 10 Hour ကြာခံသည် ဟု အဓိပ္ပာယ်ရသည်။ အမ်ပီယာကြီး လေ ဘက်ထရီအိုး ကြီးလေးဖြစ်သည်။

💡 ဘက်ထရီ အားသွင်းချိန်တွင် ဘက်ထရီအိုး အတွင်းမှ ဟိုက်ဒြိုဂျင် ဓာတ်ငွေ့များ ဓာတ်ပြု၍ ထွက်လာ သည်။ ဟိုက်ဒြိုဂျင်သည် မီးလောင် ပေါက်ကွဲမှု ပြင်းထန်လွန်းသော ဓာတ်ငွေ့ဖြစ်၍ သတိထားသင့်သည်။ ဘက်ထရီ အားသွင်းပြီးချိန်တွင် ဟိုက်ဒြိုဂျင် ဓာတ်ငွေ့များရှိနေ၍ ဘက်ထရီ ငုတ်မှမီးပွား (Spark) ထွက်ပါက ဘက်ထရီအိုး ပွင့်ထွက်ပေါက်ကွဲတတ် သည်။ ဘက်ထရီ အက်ဆစ်သည် မျက်စိနှင့် အရေပြားတို့ကို လောင်စား စေနိုင်၍ ကိုင်တွယ်လျှင် အထူးသတိ ထားသင့်သည်။ ရာဘာလက်အိတ် စွပ်ပါ။ မျက်မှန်အကာအကွယ်ယူပြီးမှ ဘက်ထရီ ကိုကိုင်ပါ။
🚘🚘🚘🚘🚘

Credit》》

Address

Yangon
11051

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

09420010284

Website

Alerts

Be the first to know and let us send you an email when Htet Linn Battery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share