22/04/2025
KSH CSR ဖောင်ဒေးရှင်းနဲ့ Supplier များမှ မြေငလျင် ပြန်လည်ထူထောင်ရေးဒေသများအတွက် ကျပ်ငွေ သိန်း (၁၀၀၀၀)မတည်လှူဒါန်း
=====================================
၂၀၂၅ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော အင်အားပြင်းငလျင်ကြောင့် မြန်မာနိုင်ငံအနှံ့ရှိ ပြည်သူများရဲ့ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုအတွက် KSH CSR အဖွဲ့အနေဖြင့် မိသားစုဝင်များနှင့်အတူ ဝမ်းနည်းကြေကွဲရကြောင်း ဦးစွာပြောကြားလိုပါတယ်။
ဒါကြောင့် ငလျင်ဘေးသင့် ပြည်သူများအတွက် KSH CSR အဖွဲ့နဲ့ Supplier များပူပေါင်းပြီး ကနဦးအနေဖြင့် အရေးပေါ်လိုအပ်ချက်များဖြစ်တဲ့ အစားအသောက်၊ အခြေခံအသုံးအဆောင်ပစ္စည်းများ ကို သိန်းပေါင်း (၄၀၀၀) ကျော် လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။
ဒါ့အပြင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဖြစ်တဲ့ စာသင်ကျောင်းများ ပြန်လည်မွမ်းမံတည်ဆောက်ခြင်း နှင့် ရေတွင်းရေကန်များ ပြုပြင်တည်ဆောက်ခြင်း တို့အတွက်လည်း သိန်းပေါင်း (၆၀၀၀) ခန့် ထပ်မံလှူဒါန်းသွားမှာ ဖြစ်ပါတယ်။