Sky Line Engineering Car Service & Workshop
Sky Line Engineering Car Service & Workshop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sky Line Engineering Car Service & Workshop, Automotive repair centre, Sayar San Road/North Dagon, Yangon.
  new year 2021 မဂ်လာရှိသောနှစ်သစ်ဖြစ်ပါစေ
01/01/2021
new year 2021
မဂ်လာရှိသောနှစ်သစ်ဖြစ်ပါစေ
Thz you Customer
20/07/2020
Thz you Customer
ဂီယာဆောင့်နေတဲ့ RAV 4 ကားလေး ကွန်ပျူတာဘေါက်​ စျေးအရမ်းကြီးလို့ လဲစရာမလိုအောင်ပြုပြင် ပေးလိုက်ပါပြီ ယုံကြည့်စွာနဲ့လာရောက်...
14/05/2020
ဂီယာဆောင့်နေတဲ့ RAV 4 ကားလေး ကွန်ပျူတာဘေါက်​ စျေးအရမ်းကြီးလို့ လဲစရာမလိုအောင်ပြုပြင် ပေးလိုက်ပါပြီ ယုံကြည့်စွာနဲ့လာရောက်အပ်နှံတဲ့Customerတွေကို ကျေးဇူးပါ ။
Mark X. Crown. Probox တစ်ခြားဂီယာဆောင့်တဲ့ကားလေးများကိုလဲ ကြိုးစားပြုပြင်ပေးလျက်ရှိပါသည်။
""သင့်ကျေနပ်မူသည် ကျွနု်ပ်တို့ ၏တန်ဖိုး""
Unicode version ကားဝယ်မရှုံးအောင်ဘယ်လိုဝယ်သင့်သလဲ???ဆိုင်ကိုလာတဲ့ Customer တေွ​ေရာ၊ဖုန်းဆက်မေးတဲ့မိတ်ဆွေတွေရောအမေးများဆု...
05/05/2020
Unicode version
ကားဝယ်မရှုံးအောင်ဘယ်လိုဝယ်သင့်သလဲ???
ဆိုင်ကိုလာတဲ့ Customer တေွ​ေရာ၊ဖုန်းဆက်မေးတဲ့မိတ်ဆွေတွေရောအမေးများဆုံးမေးခွန်းတွေထဲကတစ်ခုပါ။သတိထားသင့်တာလေးတွေကိုပြန်လည်ဖြေကြားပေးရပါတယ်။ဒီpostထဲမှာက​ေတာ့ပြန်ဖြေကြားထားတာလေးတွေကိုကျွန်တော်အ​​မြင်လေးတွေရယ်ထပ်မံဖြည့်စွက်ပြီးရေးသားထားပါတယ်။
ကျွန်​ေတာ်သုံးသပ်ပြသွားမယ့်အချက်အလက်လေးတွေကကားတစ်စီးဝယ်မယ်ဆိုမရှုံးရအောင်ဘယ်လိုအချက်တွေကိုသတိထားရမလဲဆိုတာ mechanic တစ်ယောက်အမြင်နဲ့အကြံပြုပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။
အထောက်အကူနညး်ငယ်ဖြစ်မယ်ဆိုကျေနပ်ပါတယ်။
၁။ကားတစ်စီးရဲ့မှန်ကန်မှူ
ကားတစ်စီးရဲ့မှန်ကန်မှူဆိုတာ စာရွက်စာတမ်းပြည့်စုံမှန်ကန်မှူ၊Chassic. Name plate ပြားနဲ့ ကား Grade မှန်ကန်မှူ၊ Colour Code မှန်ကန်မှူ စသည်ဖြင့်တိကျမှန်ကန်မှူရှိမရှိစစ်ဆေးရမှာပါ။Grade မမှန်သောကားများ စာရွက်စာတမ်းမမှန်ကန်သောကားများဝယ်ယူမိပါကရှုံးဖို့ရာခိုင်နူန်းများပါပြီ။ကိုယ်ဝယ်မည့်ကားရဲ့လိုင်စင်သက်တမ်းဘာ်လောက်ကျန်သေးလဲဆိုတာပါသတိထားကြည့်ပေးပါ။အဲ့အတွက်ကုန်ကျစရိတ်ကိုလဲထည့်ပေါင်းစဉ်းစားပေးရပါမယ်။
၂။ကားကြံခိုင်မှူစစ်ဆေးခြင်း
ဝယ်ယူရတဲ့ကားများစုကသုံးပြီးသားကားတွေပါ။အရင်လူကဘာတွေလုပ်ထားလဲဆိုတာမသိနိုင်ပါဘူး။ကားတစ်စီးဝယ်ထားပြီးပုံမှန်ထိန်းသိမ်းမှူစရိတ်ထက်ပိုမိုကုန်ကျနေပြီဆိုပါကဝယ်ပြီးရှုံးနေပါပြီ။ကားဝယ်ယူစဥ်ကတည်းကသေချာစစ်ဆေးပါ။ကားဘော်ဒီပိုင်း၊ဆေးသားကောင်းမွန်မှု၊တာယာ၊အင်ဂျင်၊ဂီယာဘောက်၊Controlပိုင်းerrorရှိမရှိသေချာစစ်ဆေးပါ။ကျွမ်းကျင်တဲ့သူတွေနဲ့စစ်ဆေးပါ။ကိုယ်ဝယ်မဲ့ကားမှာဘာ​တွေလိုအပ်ချက်ရှိလဲဆိုတာမူလပိုင်ရှင်ကိုလဲပွင့်လင်းစွာမေးမြန်းပါ။ကုန်ကျစရိတ်ကိုလဲတွက်ချက်စဥ်းစားပါ။
ကားဝယ်မယ်ဆိုစျေးသက်သာတာထက်ကားကောင်းကားသန့်ကိုရှာပါ။ကားတကယ်ကောင်းရင်စျေးပိုပေးရလည်းဘာမှမဖြစ်ပါဘူး။စိတ်ချမ်းသာရပါတယ်။ကားတစ်စီး ဒုက္ခ ပေးရင်သိန်းချီကုန်ကျသွားနိုင်ပါတယ်။ ပစ္စည်း ရှာရခက်ရင်ပိုပြီးစိတ်ညစ်ရပါတယ်။ကားကိုတကယ်ဂရုစိုက်ပြီးစီးတဲ့ကားပိုင်ရှင်တွေလဲအများကြီးပါ။စိတ်ရှည်ရှည်ထားပြီးကားသန့်တာကိုရှာပါ။စျေးနည်းတာထက်ကားသန့်တာကားကောင်းတာကိုဘဲဦးစားပေးရွေးချယ်ဖို့တိုက်တွန်းချင်ပါတယ်။ကားဝယ်ပြီးသွားရင်လဲ ကိုယ်နဲ့ရင်းနှီးတဲ့ ကျွမ်းကျင်ဝပ်​ရှော့မှာတစ်ခါတည်းစစ်ဆေးပါ။ အချိန်ပေးပြီးတစ်စီးလုံးကိုစစ်ဆေးပါ။OBD scanner ဖြင့် live Data ကြည့်ပြီး လေဝင်နူန်း၊ဆီစားနုန်း မှန်မမှန်၊ပုံမှန်ထက်ဆီပိုစားနေလညးဆိုတာစသဖြင့်အားလုံးစစ်ဆေးပါ။လိုအပ်တာတွေသိအောင်လုပ်ရပါမယ်။တခါတည်းပြုပြင်လိုက်မယ်ဆိုရင်တော့စိတ်ချလက်ချမောင်းလို့ရပါပြီ။ကုန်ကျစရိတ်ကိုလဲချွေတာနိုင်ပါတယ်။
၃။ကားရွေးချယ်မှုအပိုင်း
ကျွန်​ေတာ့သူငယ်ချင်းအများစုမကြာခဏဆိုသလိုဖုန်းဆက်ပါတယ်။ငါတော့ဘယ်လောက်တက်နိုင်တယ်ဘာကားဝယ်ရင်ကောင်းမလဲ။ဘာ်လိုကားမျိုးဆိုဝယ်သင့်သလဲစသည်ဖြင့်မေးတက်ကြပါတယ်။ကားဝယ်မရှုံးအောင်မိမိရွေးချယ်တဲ့ကားမှန်ကန်ဖို့အရေးကြီးပါတယ်။ရွေးချယ်မယ်ဆိုစဥ်းစားသင့်တာလေးတွေအကြံပြုထားပါတယ်။
၁။ကုိယ်အသုံးပြုမယ့်ပုံစံနဲ့လိုက်ဖက်တဲ့ကားမျိုး
၂။ပြန်ရောင်းမယ်ဆိုလဲလွယ်တဲ့ကားမျိုး
၃။အပို ပစ္စည်း ပေါတဲ့ကားမျိုး
၄။ပြင်ဆင်ရလွယ်တဲ့ကားမျိုး
၅။Gradeပြည့်တဲ့ကား၊Functionစုံကား
၆။ဝယ်မယ့်ကားရဲ့ဖြစ်တက်တာ ပြသနာတွေ
၇။လူကြိုက်များမယ့်အရောင်စသည်ဖြင့်ထည့်သွင်းစဥ်းစားပါ။
ကားတစ်စီးကိုတန်ရာတန်ကြေးပေးဝယ်ပြီးမှသူများကားတွေလောက်တောင်အရောင်းမျက်နှာပန်းမလှတာတွေဖြစ်တက်ကြပါတယ်။အထက်ပါအကြံပြုချက်တွေအတိုင်းရှာဝယ်ဆိုရင်တော့ပြန်ရောင်းရင်လဲလွယ်ကူနိုင်မှာပါ။
အချုပ်အားဖြင့်ပြောချင်တာက ကားတစီးဝယ်မယ်ဆိုလျှငိစိတ်ရှည်ပါ။သေချာစဥ်းစားပါ။ကျွမ်းကျငိနားလည်တဲ့သူတွေဆီကအကြံဉာဏ်တောင်းခံပါ။ယုံကြည့်စိတ်ချရတဲ့အကျိုးတော်ဆောင်မ​ျားနှင့်ဆက်သွယ်ပါ။တကယ့်ကားကောင်းကိုရှာပေးနိုင်တဲ့ကျွမ်းကျင်တဲ့အကျိုးတော်တွေလည်းရှိပါတယ်။အကျိုးတော်ဆောင်ကြီးမ​ျားအတွက်ထိုက်သင့်တဲ့ပညာတန်ဖို့ကိုလဲပေးရပါ့မယ်။ကားကောင်းရဖို့သူတို့ရဲ့စွမ်းဆောင်ရည်ပေါ်မှာအများကြီးမှူတည်ပါတယ်။
ကားဝယ်ရှုံတယ်ဆိုတာတခြားအချက်တွေတော့လဲကျန်ပါသေးတယ်ဝန်ကြီးဌာနတွေရဲ့ပေါ်လစီအပြောင်းအလဲတွေ။အရောင်းအဝယ်ပါးနေတဲ့အခြေအနေတွေ။အခုလိုရောဂါတွေဖြစ်နေတဲ့အချိန်တွေမှာဆိုရင်တော့အရောင်းအဝယ်တွေခက်နေမှာပါ။ကျွန်တော်အခုပြောပြသွားတာတွေကတော့Brandnew ဝယ်မယ့်သူတွေ၊ပိုက််ဆံပေါတဲ့မိတ်ဆွေတွေအတွက်တော့မပြောလို့ပါဘူး။ကိုယ်စီးချင်တဲ့ကားစီးလို့ရပါတယ်။ရုှံးလဲဂရုစိုက်စရာမှမလိုတာ။😁ကုိယ်တွေလိုရုန်းကန်​ရေတဲ့လူမျိုးတွေအတွက်ကားတစ်စီးဝယ်မယ်ဆိုအများကြီးစဥ်းစားရပါတယ်။ကျွန်တော်ပေးတဲ့အကြံလေးတွေကားဝယ်ရာမှာမရှုံအောင်အထောက်အပံကောင်းလေးဖြစ်စေဖို့မျှော်လင့်ပါတယ်။လူတိုင်းလူတိုင်းမိမိနှင့်လိုက်ဖက်သောကားကောင်းလေးများကိုယ်စီပိုင်ဆိုင်နိုင်ကြပါစေ။ ဆန္ဒ ဘဝ တစ်ထပ်တည်းကြပါစေ။
ကိုကျော် (WYTU)
09421088190. SKY LINE Car Service
Zaw gyi version
ကျွန်​တော်သုံးသပ်ပြသွားမယ့်အချက်အလက်လေးတွေကကားတစ်စီးဝယ်မယ်ဆိုမရှုံးရအောင်ဘယ်လိုအချက်တွေကိုသတိထားရမလဲဆိုတာ mechanic တစ်ယောက်အမြင်နဲ့အကြံပြုပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။
အထောက်အကူနည်းငယ်ဖြစ်မယ်ဆိုကျေနပ်ပါတယ်။
၁။ကိုယ်အသုံးပြုမယ့်ပုံစံနဲ့လိုက်ဖက်တဲ့ကားမျိုး
ကိုကျော် (WYTU)
ဆိုင်ဖွင့်ပြီးအလုပ်စတင်နေပါပြီခင်ဗျCustomer များအားလုံးကျေးဇူးပါ""သင့်ကျေနပ်မူသည်ကျွနု်ပ်၏တန်ဖိုး""
02/05/2020
ဆိုင်ဖွင့်ပြီးအလုပ်စတင်နေပါပြီခင်ဗျ
Customer များအားလုံးကျေးဇူးပါ
""သင့်ကျေနပ်မူသည်ကျွနု်ပ်၏တန်ဖိုး""
 #ဝူဟန်ရှောင်ပြီးပိတ်ရက်ခရီးသွားမယ့်သူများ။ #ပှံမှန်နေ့စဥ်ကားမောင်းနှင်နေသူများမဖြစ်မနေသိသင့်သော်အရေးကြီးသည့်အင်ဂျင်    ...
21/03/2020
#ဝူဟန်ရှောင်ပြီးပိတ်ရက်ခရီးသွားမယ့်သူများ။ #ပှံမှန်နေ့စဥ်ကားမောင်းနှင်နေသူများမဖြစ်မနေသိသင့်သော်အရေးကြီးသည့်အင်ဂျင်
(6)ချက်
#အလွယ်တကူနားလည်နိုင်အောင်ရှင်းပြပေးထားပာတယ်
💡💡 နေ့စဥ် ယာဥ် မောင်းနေသူများအတွက် ဒိုင်ခွက်တွင် မီးလင်းလာသည် ဆိုပါက အရေးပေါ်သိသင့်သည့် check မီးများအကြောင်းကို ဗဟုသုတ အနေနဲ့ မျှဝေသွားမှာဖြစ်ပါတယ်
Highway ကားမောင်းသွားရင် ဒိုင်ခွက်တွင် check မီးလင်းတက်ကြပါတယ် အဲလိုတွေ ဖြစ်လာရင် ကျွန်တော်ဆီကိုဖုန်းဆက်ပြီးမေးပြီး မေးတက်ကြပါတယ်ဘယ်လိုမီးတွေက အရေးကြီးလဲဘယ်လိုလုပ်သင့်သလဲ မေးတက်ကြပါတယ် ဘယ်လိုမီးတွေက အရေးကြီးကြောင်း ချက်ချင်းပြုပြင်သင့်
ကြောင်း ဘယ်လိုမီးတွေက အရေးမကြီးအချိန်ရရင်ပြုပြင်သင့်ကြောင်း သည်နှင့်ရှင်းပြပေးလေ့ ရှိ
ပါသည် ခင်ဗျာ ခုပြောပြမယ့် check မီးတွေကတော့
ချက်ချင်းစစ်ဆေး သင့်ပြီး သတိထားရမည့် check မီးတွေအကြောင်းပါခင်ဗျာ ပေါ့ဆလျှင် ပျက်စီးဆုံးရှံးမှုများပြီးငွေကုန်ကြေးကျများတက်ကြပါသည်
ခင်ဗျာ
Zaw gyi
(6)ချက်
ခင်ဗျာ
Co2 Checking in Radiator Test.🛠🛠ဒီ Testing လေး ကို မျှဝေ ရတဲ့ ရည်ရွယ်ချက်လေးကတော့ပြောင်းလဲလာတဲ့ ခတ်ရေစီးကြောင်းအရတိုးတက်...
29/02/2020
Co2 Checking in Radiator Test.🛠🛠
ဒီ Testing လေး ကို မျှဝေ ရတဲ့ ရည်ရွယ်ချက်လေးကတော့
ပြောင်းလဲလာတဲ့ ခတ်ရေစီးကြောင်းအရ
တိုးတက်လာတဲ့ ကားနည်းပညာတွေ နောက်လာမယ့် မျိုးဆက်သစ်တွေ အတွက် ရည်ရွယ်ပြီး ဗဟုသုတ အနေနဲ့လက်ဆင့်ကမ်း ပြည်လည်မျှဝေခြင်းဖြစ်ပါတယ်📃📃
Co2 Checking ìn Radiator test ရဲ့ စမ်းသပ်ပုံက အဓိက ကတော့ Cylinder gasket lcakage ဖြစ်လားဆိုတာ ပြစ်ချက်ရှာဖွေပုံ လေးဖြစ်ပါတယ်🛠
🔧🔧Co2 Cheaking in radiator Test Kit ထဲမှာဆိုရင်
🔧Combustion leak fluid 250ml.
🔧Radiator Capu
🔧Radiator Capu Adater
🔧Test Vertical Chamber
🔧Rubber Bullb
တွေ ဒီ Test Kit ထဲမှာပါဝင်မှာဖြစ်ပါတယ်
Co2 Checking in Radiator Testing
ကိုမပြောပြခင်
🔧🛠အရမ်းအရေးကြီးတဲ့အချက် သတိပြုရမယ် အချက်ကို အရင်ပြောပြပါမယ်🔧🛠
အင်ဂျင်ပူနေစဥ်အတွင်း ရေတိုင်ကီအဖုံးကို
လုံးဝ လုံးဝမဖွင့်ပါနဲ့🛠🛠🛠🛠🛠🛠အရမ်းအရေးကြီးလို့ပါ ဂရုစိုက်စေချင်ပါတယ်🔩🔩🔩
အဲတော့
Co2 Checking in Radiator Test ကို ပြန်စမယ်ဗျာ
🔩🛠ရေတိုင်ကီ အေးသွားရင် အပူချိန် မရှိတော့ရင် ရေတိုင်ကီ အဖုံး radiator capu ကိုဖွင့်ပြီး
Radiator capu adater ကိုရေတိုင်ကီ
မှ ရေမစိမ့်အောင် ရေလုံအောင်တပ်ရမယ်.
🔩🛠Radiator Capu adater တပ်ပြီးရင် Test Vertical Chamber လို့ခေါ်တဲ့ ဖန်ဘူး​ ​လေးကိုတပ်ရမယ်.
🔩🛠Test Vertical Chamber ဖန်ဘူးလေးက နှစ်ပိုင်းပါတယ် အောက်ပိုင်းဖန်ဘူးလေးက ရေတိုင်ကီမှာ
တပ်ပြီး အပေါ်ပိုင်း ဖန်ဘူးလေး ကတော့
Combustion leak fluid ဆေးပြာကို ဖန်ဘူးမှာ ပါတဲ့ အမှတ်အတိုင်းထည့်ပြီး
ဖန်ဘူးအဖုံးလုံ အောင်ပိတ် ပြီးရင်
Rubber Bullb လေးကိုဖန်ဘူးပေါ်မှာ တပ်
ပြီး ရေတိုင်ကီမှာ ခုနက တပ်ထားတဲ့ ဖန်ဘူးအောက်ပိုင်းခြမ်းနဲ့ နဂိုတိုင်း တပ်ပြီး
Test Run စလို့ရပြီဗျာ.
🔩🛠အစအဆုံး ကိုယ်လုပ်ထားတာတွေ
သေချာပြန်စစ် ပြီးရင် စက်စနိုးလို့ရပြီ.
🔩🔧ရေပူအောင် စက်နိုးထားပြီး ရေပူလာရင် Rubber Bullb လေးကို လက်နဲ့ ညစ်ပြီး ရေတိုင်ကီက ထွက်လာတဲ့
ရေငွေ့နဲ့ Combustion leak fluid နဲ့ပေါင်း စပ်အောင်လုပ်ရမယ်.
🔩🔧Combustion leak fliud နဲ့ ရေပူ
ငွေ့နဲ့ ဓာတ်ပြုလို့ Combustion leak fliud က နဂို အပြာရောင်ကနေ အဝါ
ရောင်ပြောင်းသွားပြီဆိုရင် ကျိမ်းသေပေါက် ပြောလို့ရပြီ
cylinder gastket leakage ဖြစ်နေပြီ.
🔩🛠Combustion leak fliud က
နဂို အပြာအရောင်အတိုင်း ဆိုရင်
Cylinder gastket Normal
အတိုင်းပါဘဲ.
🔩🛠 အဲတော့ ပြစ်ချက်ရှာတွေ့ပြီ ဆိုတော့ ပြုပြင်ရန် သေချာတဲ့ WorkShop
Testing instunment အစုံအလင် နဲ့
WorkShop ကိုရွေးချယ် ကြရန်အကြံပြုရင်း
Co2 Checking in radiator test ကို
Sky Line Auto Service Workshop မှ
ဗဟုသုတ တွေ မျှဝေလိုက်ရပါသည်🔧🔧🔩🔩
🔧🛠🛠သင့်ကျေနပ်မှု သည် ကျွန်ုပ်၏ တန်ဖိုး🔧🛠🛠
အမှတ်.၄၁၇.ဆရာစံလမ်း.၃၃ ရပ်ကွက်.မြောက်ဒဂုံမြို့နယ်. ဖုန်း. ၀၉ ၄၂၁၀၈၈၁၉၀.၀၉ ၄၅၁၀၀၀၀၄၅.၀၉ ၄၅၁၀၀၀၀၅၄.
Caring Thursday -- "Seat belts are for EVERYONE"😇😇Skyline ရဲ့ "Caring Thursday" မှာ ဒီအပတ်အတွက် share လုပ်ပေးခြင်းတဲ့ အက...
27/02/2020
Caring Thursday -- "Seat belts are for EVERYONE"😇😇
Skyline ရဲ့ "Caring Thursday" မှာ ဒီအပတ်အတွက် share လုပ်ပေးခြင်းတဲ့ အကြောင်းအရာကတော့ ကားမောင်းချိန် မှာ လူတိုင်း ခါးပတ်ပတ်ထားခြင်းရဲ့ အရေးကြီးပုံကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
အများအားဖြင့် အရှေ့ခန်းမှာထိုင်တဲ့ လူတိုင်း ခါးပတ်ကို မဖြစ်မနေ ပတ်ထားသင့်ပါတယ်။
ခါးပတ်ပတ်ထားခြင်းဟာ ယာဉ်တိုက်မှု အန္တရာယ်တခုခုဖြစ်လာခဲ့ရင် ကားရှေ့ မှန် ၊ ဘေးတံခါးပေါက် ၊ ပြတင်းပေါက်တနေ လွင့်ထွက်သွားတာမျိုး
မဖြစ်အောင် အဓိက ထိန်းပေးတာဖြစ်ပါတယ်🙅🙅‍♂️
ယာဉ်တိုက်မှု တခုမှာ ခါးပတ်ပတ်ထားလျင် အသက် အန္တရာယ်ကင်းနိုင်ခြေ 44% လောက်ရှိတယ်လို့ သိရပါတယ်။😍
ဒါကြောင့် လူကြီးများသာ မက ဘဲ ကလေးများကိုပါ နေရာတကျ ထိုင်ခိုင်းပြီး ခါးပတ်ပတ်ထားပေးသင့်ပါတယ်။ကျနော်တို့ နိုင်ငံမှာ
ကလေးများကို ပေါင်ပေါ်တင်ထိုင်ခြင်း ၊ ဆော့ကစားနေစေခြင်းတို့ ပြုလုပ်လေ့ရှိပါတယ်။ အသက် ( 5 ) အောက် ကလေးများကို ကလေးထိုင်ခုံလေး ( ယာဉ်တိုက်မှုများ ၊ မတော်တဆ မှုများတွင် တကယ် ကာကွယ်ပေးနိုင်သော ကလေးထိုင်ခုံ ) သီးသန့် နဲ့ ထိုင်ခိုင်းပြီး ခါးပတ် ကို စနစ်တကျ တပ်ပေးခြင်းဖြင့် မိမိကလေးတွေကို
အန္တရာယ်ကင်းစေမှာ ဖြစ်ပါတယ်☺️☺️
Zawgyi
Skyline ရဲ့ "Caring Thursday" မှာ ဒီအပတ်အတွက် share လုပ်ပေးခြင်းတဲ့ အကြောင်းအရာကတော့ ကားမောင်းချိန် မှာ လူတိုင်း ခါးပတ်ပတ်ထားခြင်းရဲ့ အရေးကြီးပုံကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
အများအားဖြင့် အရှေ့ခန်းမှာထိုင်တဲ့ လူတိုင်းသည် ခါးပတ်ကို မဖြစ်မနေ ပတ်ထားသင့်ပါတယ်။
ခါးပတ်ပတ်ထားခြင်းဟာ ယာဉ်တိုက်မှု အန္တရာယ်တခုခုဖြစ်လာခဲ့ရင် ကားရှေ့ မှန် ၊ ဘေးတံခါးပေါက် ၊ ပြတင်းပေါက်တနေ လွင့်ထွက်သွားတာမျိုး
မဖြစ်အောင် အဓိက ထိန်းပေးတာဖြစ်ပါတယ်။
ယာဉ်တိုက်မှု တခုမှာ ခါးပတ်ပတ်ထားလျင် အသက် အန္တရာယ်ကင်းနိုင်ခြေ 44% လောက်ရှိတယ်လို့ သိရပါတယ်။
ဒါကြောင့် လူကြီးများသာ မက ဘဲ ကလေးများကိုပါ နေရာတကျ ထိုင်ခိုင်းပြီး ခါးပတ်ပတ်ထားပေးသင့်ပါတယ်။ကျနော်တို့ နိုင်ငံမှာ
ကလေးများကို ပေါင်ပေါ်တင်ထိုင်ခြင်း ၊ ဆော့ကစားနေစေခြင်းတို့ ပြုလုပ်လေ့ရှိပါတယ်။ အသက် ( 5 ) အောက် ကလေးများကို ကလေးထိုင်ခုံလေး ( ယာဉ်တိုက်မှုများ ၊ မတော်တဆ မှုများတွင် တကယ် ကာကွယ်ပေးနိုင်သော ကလေးထိုင်ခုံ ) သီးသန့် နဲ့ ထိုင်ခိုင်းပြီး ခါးပတ် ကို စနစ်တကျ တပ်ပေးခြင်းဖြင့် မိမိကလေးတွေကို
အန္တရာယ်ကင်းစေမှာ ဖြစ်ပါတယ်။
"မဂ်လာပါ Skyline ကို ယုံကြည်စိတ်ချစွာ အားပေးကြတဲ့ customer များခင်မျာ😇ကျနော်တို့ workshop ကိုလာတိုင်း မေးနေကြ မေးခွန်းလေ...
19/02/2020
"မဂ်လာပါ Skyline ကို ယုံကြည်စိတ်ချစွာ အားပေးကြတဲ့ customer များခင်မျာ😇
ကျနော်တို့ workshop ကိုလာတိုင်း မေးနေကြ မေးခွန်းလေးတစ်ခုရှိပါတယ်။ အဲ့တာက ဘာလဲဆိုရင် ကားကို အခုမှ စမောင်းတဲ့ လူတွေ ဘဲ ဖြစ်ဖြစ် ၊
ကားမောင်းနေပြီး သတိမထားမိ တာကြောင့်ဘဲ ဖြစ်ဖြစ် ဖြစ်သွားတတ်တဲ့ အမှတ်တမဲ့ က္စ္စိလေးတွေကနေ ကားကို ပြင်ဆင်စရိတ်တက်သွားစေတတ်တဲ့ အကြောင်းအရင်းများဘဲ ဖြစ်ပါတယ်။
မလိုအပ် ဘဲ ကားကို အထိနာစေ တာ ၊ ပြင်ရတာမျိုးမဖြစ်ရလေအောင် သတိထားလုပ်ဆောင်သင့်တဲ့ ကား ပြုပြင်ထိန်းသိမ်းရေး ( Maintenance tips ) ၊ ကျနော်တို့ Skyline ရဲ့ အခေါ်ဆိုရင် ကားကျန်းမာရေးအတွက် ဆောင်ရန် ရှောင်ရန် လေးတွေကို အပတ်စဉ် မျှဝေ ပေးသွားမှာ ဖြစ်လို့ Skyline page ကို see first လုပ်ထားလိုက်ပါနော်။
ပုံတစ်ပုံစီအောက်မှာ စာလေးတွေနဲ့ သေချာ ရှင်းပြထားတာမို့ ပုံလေးတွေ တခုစီကို ဖိကြည့်ပေးပါဦး ^-^
SKYLINE မိသားစု ငွေဆောင်ခရီးစဥ် ၃ရက်ကြာ13.2.2020 မှ 15.2.2020 ထိဆိုင်ပိတ်ပါသည်္16.2.2020 တွင်လုပ်ငန်းပြန်လည်စတင်ပါမည်။အစ...
13/02/2020
SKYLINE မိသားစု ငွေဆောင်ခရီးစဥ် ၃ရက်ကြာ
13.2.2020 မှ 15.2.2020 ထိဆိုင်ပိတ်ပါသည်
္16.2.2020 တွင်လုပ်ငန်းပြန်လည်စတင်ပါမည်။
အစဥ်အားပေးလျက်ရှိသော Customers များကျေးဇူးတင်ပါသည်ခင်ဗျာ
အဲ့လို ကားအကြောင်း အရမ်းကျွမ်းကျင်တဲ့ သူငယ်ချင်းတွေကို mention ခေါ်လိုက်ရအောင် :P :P :P workshop ဆရာ ; အင်ဂျင်လေး စစ်ပေး...
09/02/2020
အဲ့လို ကားအကြောင်း အရမ်းကျွမ်းကျင်တဲ့ သူငယ်ချင်းတွေကို mention ခေါ်လိုက်ရအောင် :P :P :P
workshop ဆရာ ; အင်ဂျင်လေး စစ်ပေးပါ ။
Me : အေး ။ ရှိသေးတာဘဲ -__-
Photo Credit to original owner ( on Google )
Unicode အိမ်သုံး ၊ ရုံးသုံးကားတွေ ခဏခဏ service လုပ်ရပြီး အဆင်မပြေဖြစ်နေလို့ စိတ်ညစ်နေတာလား တာဝန်ယူမှု မရှိတဲ့ servicing ...
04/02/2020
Unicode
အိမ်သုံး ၊ ရုံးသုံးကားတွေ ခဏခဏ service လုပ်ရပြီး အဆင်မပြေဖြစ်နေလို့ စိတ်ညစ်နေတာလား
တာဝန်ယူမှု မရှိတဲ့ servicing လုပ်တဲ့ဆိုင်တွေနဲ့ ဆွေးနွေးရ ပြောဆိုရ အဆင်မပြေလို့ စိတ်ကုန်နေပြီလား
အဲ့တာဆိုရင် စိတ်မညစ်ပါနဲ့တော့ နော်။ အိမ်သုံး၊ ရုံးသုံး၊ လုပ်ငန်းသုံးကားတွေကို ကားအစီးအရေအတွက် ၊ servicing လုပ်ဆောင်မှု တခုစီအပေါ် အာမခံ ချက်အပြည့်ပေးပြီး professional technicians တွေကိုယ်တိုင်
တိကျသေချာတဲ့ ဝန်ဆောင်မှုပေးတဲ့ Sky line Engineering Car Service & Workshop ကို သတိရလိုက်ပါ။
Skyline Car Service Center မှာ လက်ရှိပေးနေတဲ့ ဝန်ဆောင်မှုများ ကတော့
- အလိုင်းမင်းချိန် (ကားလေး/ကားကြီးအောက်ပိုင်း )
- တွင်ခုံပိုင်း/
-အင်ဂျင် ဂီယာဘောက်/
-Diagnostic ပိုင်း Sensor wiring/
-ECU remap software Service /
-DPF EGR Adblue/
-DTC removal/
-အင်ဂျင်Tunning/
-Software Tunning အစရှိတာတို့ ပါဝင်ပါတယ်။
လုပ်ငန်းသုံး ၊ ရုံးသုံးကားများအတွက် corporate pricing သီးသန့် ညှိုနိုင်းနိုင်ပါတယ်။ သင့်လျော်တဲ့ဈေးနှုန်းနဲ့ ထိုက်တန်တဲ့ ဝန်ဆောင်မှုမျိုးကို ပြန်ပေးနိုင်ဖို့
skyline အဖွဲ့မှ အမြဲမပြတ် ကြိုးစားအားထုတ်နေပါတယ်။ အသေးစိတ်သိရှိလိုပါက 09421088190 ကိုခေါ်ဆိုပြီးဖြစ်စေ ၊ chatbox မှ ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။
Zawgyi
- တွင်ခုံပိုင်း/
-အင်ဂျင် ဂီယာဘောက်/
-DPF EGR Adblue/
-DTC removal/
-အင်ဂျင်Tunning/
Address
Yangon
Opening Hours
Monday 07:30 - 18:00
Tuesday 07:30 - 18:00
Wednesday 07:30 - 18:00
Thursday 07:30 - 18:00
Friday 07:30 - 18:00
Saturday 07:30 - 18:00
Sunday 07:30 - 18:00
Telephone
+959451000045
Website
Alerts
Be the first to know and let us send you an email when Sky Line Engineering Car Service & Workshop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Share