IM Motors Myanmar

Call Directions Website Contact the business

IM Motors Myanmar IM Motors Myanmar is an Authorized Distributor of IM Motors brand in Myanmar. Hotline : 09940009000 , 09773777711

မောင်းသူရော လိုက်ပါစီးနင်းသူတွေအတွက်ပါ လုံခြုံမှု၊ သက်သောင့်သက်သာရှိမှုနဲ့ နေ့စဉ်အသုံးပြုရလွယ်ကူမှု ကို အထောက်အကူပြုစေဖိ...
20/09/2026

မောင်းသူရော လိုက်ပါစီးနင်းသူတွေအတွက်ပါ လုံခြုံမှု၊ သက်သောင့်သက်သာရှိမှုနဲ့ နေ့စဉ်အသုံးပြုရလွယ်ကူမှု ကို အထောက်အကူပြုစေဖို့ IM LS6 မှာ Intelligent Scene Mode (၃) မျိုး ပါဝင်ပါတယ်။

😴 Nap Mode

Cabin အပူချိန်နဲ့ ရှေ့ထိုင်ခုံကို သက်သောင့်သက်သာ အနားယူနိုင်တဲ့ အနေအထားအထိ အလိုအလျောက် ချိန်ညှိပေးပြီး ငြိမ်သက်တဲ့ သံစဉ်တွေနဲ့အတူ ကားထဲမှာတင် ဇိမ်ကျကျ အပန်းဖြေအနားယူချိန်လေး
ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

🐾 Pet Mode

ကားရပ်နားတဲ့အချိန်မှာ Pet Mode ကို ဖွင့်ထားမယ်ဆိုရင် Air Management System နဲ့ Climate Control System တွေက တိလေးတွေအတွက် သန့်စင်တဲ့ လေထုနဲ့အတူ သက်သောင့်သက်သာရှိတဲ့ အတွင်းခန်းပတ်ဝန်းကျင်ကို ဖန်တီးပေးလို့ တိချစ်သူတွေအတွက် အဆင်ပြေ အသုံးဝင်စေပါတယ်။

🌧️ Rainy Night Mode

မိုးသည်းနေချိန်၊ အလင်းရောင်နည်းနေချိန်လို မြင်ကွင်းမရှင်းလင်းတဲ့ အခြေအနေတွေမှာ ပတ်ဝန်းကျင်လမ်းအခြေအနေတွေနဲ့ Blind Spot Information တွေကို Screen ပေါ်မှာ ပြသပေးပြီး မောင်းနှင်သူအတွက် မြင်ကွင်းကို ပိုမိုရှင်းလင်းစေလို့ မိုးရာသီ မောင်းနှင်မှုတွေအတွက် သင့်တော်ပါတယ်။

နေ့စဉ်မောင်းနှင်မှုတွေကို သက်သောင့်သက်သာနဲ့ စိတ်အပန်းဖြေစရာ အတွေ့အကြုံတစ်ခုအဖြစ် ပြောင်းလဲပေးနိုင်မယ့် IM LS6 ရဲ့ Scene Mode (၃) မျိုးထဲက အကြိုက်ဆုံးတစ်ခုကို Comment မှာ ပြောခဲ့ပါဦး။

IM Motors EV တွေရဲ့ ထူးခြားမှုတွေထဲမှာ အဆင့်မြင့်နည်းပညာနဲ့ Intelligent Driving Features တွေကို ပေါင်းစပ်ထားတဲ့ ADAS (Ad...
18/09/2026

IM Motors EV တွေရဲ့ ထူးခြားမှုတွေထဲမှာ အဆင့်မြင့်နည်းပညာနဲ့ Intelligent Driving Features တွေကို ပေါင်းစပ်ထားတဲ့ ADAS (Advanced Driver-Assistance Systems) လည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။

နေ့စဉ်မောင်းနှင်မှုကနေ ခရီးဝေးသွားလာမှုအထိ ပိုမိုယုံကြည်စိတ်ချရစေဖို့ IM Motors မှာ ADAS Functions တွေအနေနဲ့

🚗ပတ်ဝန်းကျင်နဲ့ ယာဉ်ကြောအခြေအနေတွေကို စောင့်ကြည့်ပြီး Blind Spot၊ ရှေ့ယာဉ်နဲ့ နောက်ဘက်ယာဉ်ကြောအခြေအနေတွေမှာ လိုအပ်တဲ့ သတိပေးချက်တွေ ထောက်ပံ့ပေးမယ့် Proactive Vision Supplement System

🚗Lane Departure Warning၊ Lane Departure Prevention၊ Lane Centering Control နဲ့ Lane Change Assist စတဲ့ လုပ်ဆောင်ချက်တွေနဲ့ Lane အတွင်း ပိုမိုတည်ငြိမ်စွာ မောင်းနှင်နိုင်ဖို့ အထောက်အကူပြုပေးမယ့် Lane Control System

🚗Adaptive Cruise Control နဲ့အတူ သတ်မှတ်အရှိန်၊ ရှေ့ယာဉ်နဲ့ အကွာအဝေးကို ထိန်းသိမ်းမောင်းနှင်နိုင်ဖို့ အထောက်အကူပြုပေးမယ့် Intelligent Cruise Control

🚗လူနေထူထပ်တဲ့ မြို့ပြရဲ့ လမ်းမထက်သာမက ကျဉ်းမြောင်းတဲ့နေရာတွေမှာပါ လွယ်ကူလျင်မြန်စွာ Parking ထိုးနိုင်ဖို့ Auto Parking Function လေးမျိုးအထိပါဝင်ပြီး ခလုတ်တစ်ချက်နှိပ်ရုံနဲ့ အလိုအလျောက် လုပ်ဆောင်ပေးမယ့် One Touch iAD စတဲ့ လုပ်ဆောင်ချက်များစွာ ပါဝင်ပါတယ်။

ပိုမိုစမတ်ကျတဲ့ မောင်းနှင်မှုအတွေ့အကြုံနဲ့ ခရီးစဉ်တိုင်းကို ယုံကြည်မှုရှိရှိ ရှေ့ဆက်နိုင်ဖို့ IM Motors EV တွေကို ရွေးချယ်လိုက်ပါ။

ရာသီမရွေး ဘေးကင်းစိတ်ချရတဲ့ ခရီးစဉ်တွေ ဖန်တီးဖို့ IM LS7 ခန့်မှန်းရခက်တဲ့ ရာသီဥတုနဲ့ လမ်းအခြေအနေတွေကြောင့် မျှော်လင့်မထာ...
16/09/2026

ရာသီမရွေး ဘေးကင်းစိတ်ချရတဲ့ ခရီးစဉ်တွေ ဖန်တီးဖို့ IM LS7

ခန့်မှန်းရခက်တဲ့ ရာသီဥတုနဲ့ လမ်းအခြေအနေတွေကြောင့် မျှော်လင့်မထားဘဲ မောင်းနှင်မှုအခက်အခဲတွေကို ကြုံတွေ့ရတတ်ပါတယ်။

ဒီလိုအခြေအနေတွေ၊ စိန်ခေါ်မှုတွေကို အကောင်းဆုံးကျော်ဖြတ်ပြီး ပိုမိုဘေးကင်းစွာ မောင်းနှင်နိုင်ဖို့ IM LS7 မှာ အထောက်အကူပြု Safety Features တွေအနေနဲ့

🛡️ ဖုန်မှုန့်၊ ရေစိုထိတွေ့မှုနဲ့ ပြင်ပပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုတွေကို အထိရောက်ဆုံး ကာကွယ်ပေးထားလို့ မိုးရာသီမှာတောင် ဘက်ထရီအတွက် စိတ်ချစွာ မောင်းနှင်နိုင်မယ့် IP69 Protection

🌧️မိုးရွာသွန်းပြီး မြင်ကွင်းမရှင်းလင်းတဲ့ အချိန်တွေမှာ မောင်းနှင်မှုကို ပိုမိုလွယ်ကူစေဖို့ အထောက်အကူပြုမယ့် Rainy Night Mode

🚘 ပတ်ဝန်းကျင်အခြေအနေတွေကို စောင့်ကြည့်ပြီး လိုအပ်တဲ့ သတိပေးချက်တွေနဲ့အတူ မောင်းနှင်သူကို အထောက်အကူပြုမယ့် ADAS System တွေ ပါဝင်ပါတယ်။

ဒါကြောင့် ဘယ်လို ရာသီဥတုမျိုးမှာမဆို ပိုမိုယုံကြည်မှုရှိပြီး ဘေးကင်းစိတ်ချစွာ ဖြတ်သန်းနိုင်ဖို့ IM LS7 ကို ရွေးချယ်လိုက်ပါ။

ထူးခြားပြောင်မြောက်တဲ့ ကားဒီဇိုင်းဖြစ်ဖို့ဆို အသေးစိတ်ကအစ အလေးထား ဖန်တီးမှုတွေ လိုအပ်ပါတယ်။ မြင်သူတိုင်း ငေးကြည့်ရလောက်တ...
13/09/2026

ထူးခြားပြောင်မြောက်တဲ့ ကားဒီဇိုင်းဖြစ်ဖို့ဆို အသေးစိတ်ကအစ အလေးထား ဖန်တီးမှုတွေ လိုအပ်ပါတယ်။

မြင်သူတိုင်း ငေးကြည့်ရလောက်တဲ့ IM LS7 မှာတော့ အစိတ်အပိုင်းတစ်ခုချင်းစီ၊ အနားသတ်တစ်ခုချင်းစီကအစ ရှုထောင့်တိုင်းမှာ ထူးခြားမှုကို ခံစားနိုင်အောင် ပေါင်းစပ် တည်ဆောက်ထားတာပါ။

✨ခန့်ညားထည်ဝါတဲ့ ကိုယ်ထည်ပုံစံ
✨ထင်ထင်ရှားရှားနဲ့ Premium Look ကို ရစေတဲ့ Logo Design
✨ခေတ်မီပြီး ထူးခြားတဲ့ Identity ကို ပေါ်လွင်စေမယ့် Icon-M daytime running light design

စသဖြင့် အစိတ်အပိုင်းတိုင်းမှာ ခေတ်မီဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ ထူးခြားတဲ့အသွင်အပြင်ကို မြင်တွေ့နိုင်ပါတယ်။

IM LS7 ရဲ့ အသေးစိတ်အလှတရားတွေကို တစ်ပုံချင်းစီမှာ အနီးကပ်ခံစား ကြည့်လိုက်ပါ။

လျှပ်စစ်ကား (EV) တစ်စီးကို ရွေးချယ်တဲ့အခါ ဈေးနှုန်းနဲ့ မောင်းနှင်နိုင်တဲ့ အကွာအဝေးတစ်ခုတည်းကိုသာ ထည့်သွင်းစဉ်းစားသင့်တာ ...
11/09/2026

လျှပ်စစ်ကား (EV) တစ်စီးကို ရွေးချယ်တဲ့အခါ ဈေးနှုန်းနဲ့ မောင်းနှင်နိုင်တဲ့ အကွာအဝေးတစ်ခုတည်းကိုသာ ထည့်သွင်းစဉ်းစားသင့်တာ မဟုတ်ပါဘူး။ ဘက်ထရီလုံခြုံရေးကလည်း ရေရှည်အသုံးပြုရာမှာ စိတ်ချယုံကြည်ရပြီး လုံခြုံစွာ မောင်းနှင်နိုင်ဖို့ အရေးကြီးတဲ့အချက်တစ်ခုပါ။

IM Motors ရဲ့ EV ကားတွေမှာတော့ ဘက်ထရီအတွက် အထူးအလေးထားပြီး ခိုင်ခံ့မှုနဲ့ အရည်အသွေးမြင့်မားတဲ့ နည်းပညာတွေကို အသုံးပြုထားပါတယ်။

🔋 Battery Safety – EU Standards

IM Motors ရဲ့ ဘက်ထရီစနစ်ကို နိုင်ငံတကာစံချိန်စံညွှန်းတွေဖြစ်တဲ့ (China & EU Standards) တို့ထက် သာလွန်ကောင်းမွန်သော နည်းပညာနဲ့ ဒီဇိုင်းထုတ်ဖန်တီးထားလို့ ဘက်ထရီဘေးကင်းမှုအတွက် စိတ်ချလို့ရပါတယ်။

🛡️ Extruded Aluminum Battery Frame
အလွှာများစွာပါဝင်တဲ့ အလူမီနီယမ်ဘက်ထရီဘောင်ကို အသုံးပြုထားတာကြောင့် ခိုင်ခံ့မှုကို မြှင့်တင်ပေးပြီး အတွင်းပိုင်း ဘက်ထရီစနစ်ကို ပိုမိုကောင်းမွန်စွာ ကာကွယ်ပေးနိုင်ပါတယ်။

⚡ Battery Safety & Protection
ခိုင်ခံ့တဲ့ ဒီဇိုင်းနဲ့ အဆင့်မြင့်ကာကွယ်ရေးနည်းပညာတွေကို ပေါင်းစပ်အသုံးပြုထားတဲ့အပြင် IM Motors ရဲ့ Space Shield Battery ဟာ Crush Test၊ Cut Test နဲ့ Fire Exposure Test တွေလို ပြင်းထန်တဲ့ Safety Tests တွေကို ဖြတ်ကျော်ပြီး မီးလောင်မှုမရှိ၊ ပေါက်ကွဲမှုမရှိကြောင်း သက်သေပြထားပါတယ်။

ဒါ့အပြင် ယနေ့အချိန်အထိ Battery Fire ဖြစ်စဉ် “0 Fires” Record ကို ထိန်းသိမ်းထားနိုင်တာကလည်း IM Motors ရဲ့ Battery Safety အပေါ် အလေးထားမှုကို ဖော်ပြနေပါတယ်။

ရေရှည်အသုံးပြုမှုအတွက် စိတ်ချယုံကြည်ရတဲ့ EV ကို ရွေးချယ်မယ်ဆိုရင် ဒီဇိုင်းနဲ့ Smart Technology တွေတင်မကဘဲ Battery Safety ပိုင်းမှာပါ ပြည့်စုံတဲ့ IM Motors က သင့်တော်တဲ့ ရွေးချယ်မှု ဖြစ်စေမှာပါ။

ခမ်းနားထည်ဝါပြီး အနာဂတ်ဆန်တဲ့ လူနေမှုပုံစံကို ထင်ဟပ်စေတဲ့ IM LS6 ဟာ အပြင်ပိုင်းဒီဇိုင်းလှပရုံမက မိသားစုခရီးစဉ်တိုင်းကို ...
09/09/2026

ခမ်းနားထည်ဝါပြီး အနာဂတ်ဆန်တဲ့ လူနေမှုပုံစံကို ထင်ဟပ်စေတဲ့ IM LS6 ဟာ အပြင်ပိုင်းဒီဇိုင်းလှပရုံမက မိသားစုခရီးစဉ်တိုင်းကို ပိုမိုသက်သောင့်သက်သာနဲ့ အဆင်ပြေစေမယ့် Premium Features တွေကိုပါ ပြည့်စုံစွာ ထည့်သွင်းပေးထားပါတယ်။

🧳 မိသားစုဝင်တိုင်းအတွက် လိုအပ်တဲ့ ခရီးဆောင်ပစ္စည်းတွေကို အလွယ်တကူ သယ်ဆောင်နိုင်ဖို့ 560 L အထိ ကျယ်ဝန်းတဲ့ Cargo Space

📱 ခရီးစဉ်အတွင်း ဖုန်းဘက်ထရီကုန်မှာ စိုးရိမ်စရာမလိုဘဲ အလွယ်တကူ အားသွင်းနိုင်မယ့် Wireless Charger

💺 အဆင့်မြင့် Luxury Vibe ကို ပေးစွမ်းနိုင်တဲ့ High-grade Nappa Leather Seats နဲ့အတူ Front Seat Massage System ပါဝင်တာကြောင့် ခရီးဝေးမောင်းနှင်တဲ့အခါ ပိုမိုသက်သောင့်သက်သာနဲ့ အနားယူနိုင်မှာပါ။

🥤 ဒါ့အပြင် Armrest Storage Box နဲ့ Armrest Cup Holder တွေပါဝင်လို့ မုန့်၊ အအေးနဲ့ လိုအပ်တဲ့ပစ္စည်းလေးတွေကိုလည်း အလွယ်တကူ သိမ်းဆည်းထားနိုင်ပါတယ်။

ဒီလို Premium Comfort Features တွေပါဝင်တဲ့ IM LS6 နဲ့အတူ မိသားစု ခရီးစဉ်တိုင်းမှာ ပိုပျော်စရာကောင်းတဲ့ အမှတ်တရများစွာ ဖန်တီးလိုက်ပါ ✨

တည်ငြိမ်ပြီး Premium Lifestyle ကို ပေါ်လွင်စေတဲ့ IM LS7 Rembrandt Grey ✨​Rembrandt Grey ကိုတော့ ၁၇ ရာစု ဥရောပရဲ့ အကျော်က...
06/09/2026

တည်ငြိမ်ပြီး Premium Lifestyle ကို ပေါ်လွင်စေတဲ့ IM LS7 Rembrandt Grey ✨​

Rembrandt Grey ကိုတော့ ၁၇ ရာစု ဥရောပရဲ့ အကျော်ကြားဆုံး ဂန္တဝင်ပန်းချီဆရာတစ်ဦးဖြစ်တဲ့ Rembrandt Harmenszoon van Rijn ရဲ့ အနုပညာလက်ရာတွေကနေ Inspiration ယူပြီး ဖန်တီးထားတာပါ။​

Rembrandt ရဲ့ ပန်းချီလက်ရာတွေမှာ အလင်းနဲ့ အရိပ်ကို အနုစိတ်အသုံးပြုပြီး တောက်ပတဲ့အရောင်နဲ့ နက်ရှိုင်းတဲ့အရိပ်တွေကြား Contrast ကို ဟန်ချက်ညီညီ ဖန်တီးထားတာက သူ့ရဲ့ ထူးခြားချက်တစ်ခု ဖြစ်ပါတယ်။​

ဒီအနုပညာအယူအဆကို Rembrandt Grey မှာလည်း ထည့်သွင်းဖော်ပြထားပြီး ကားဘော်ဒီရဲ့ မျက်နှာပြင်ပေါ်မှာ အလင်းရောင်ကျရောက်မှုအလိုက် ခဲရောင်ရဲ့ အလင်းအမှောင်အလှကို ပိုမိုပေါ်လွင်စေပါတယ်။​

ဒါကြောင့် IM LS7 Rembrandt Grey ဟာ ကားအရောင်ရွေးချယ်တဲ့အခါ တည်ငြိမ်မှု၊ ထူးခြားမှုနဲ့ အဆင့်မြင့်တဲ့ အသွင်အပြင်ကို ဦးစားပေးရွေးချယ်ချင်သူတွေအတွက် Premium Choice တစ်ခုဖြစ်စေမှာ အသေအချာပါပဲ။​

IM LS7 ရဲ့ ထူးခြားသာလွန်တဲ့ အရည်အသွေးနဲ့ အံ့မခန်း စွမ်းဆောင်ရည် ✨​​အကောင်းဆုံးမောင်းနှင်မှု အတွေ့အကြုံနဲ့ မောင်းနှင်သူတိ...
05/09/2026

IM LS7 ရဲ့ ထူးခြားသာလွန်တဲ့ အရည်အသွေးနဲ့ အံ့မခန်း စွမ်းဆောင်ရည် ✨​

​အကောင်းဆုံးမောင်းနှင်မှု အတွေ့အကြုံနဲ့ မောင်းနှင်သူတိုင်းကို စိတ်ကျေနပ်မှုအပြည့်အဝပေးစွမ်းနိုင်ဖို့ IM LS7 မှာ ထူးခြားသာလွန်တဲ့ အရည်အသွေးနဲ့ အံ့မခန်း စွမ်းဆောင်ရည်တွေ ပိုင်ဆိုင်ထားပါတယ်။​

​နေ့စဉ်ဘဝကို ယုံကြည်စိတ်ချစွာ မောင်းနှင်နိုင်ဖို့ IM LS7 ရဲ့ သူမတူတဲ့ စွမ်းဆောင်ရည်တွေကတော့ …​

⚡ 425 kW Max Power နဲ့ 725 Nm Max Torque ကို ထုတ်လွှတ်ပေးတာကြောင့် အရှိန်တင်မောင်းနှင်တဲ့အခါ အားကောင်းပြီး လျင်မြန်တဲ့ တုံ့ပြန်မှုကို ပေးစွမ်းနိုင်သလို​

🏎️ 0–100 km/h ကို 4.5 seconds အတွင်း အရှိန်တင်နိုင်လို့ အဆွဲအရုန်းကောင်းပြီး တခြား EV ကားတွေထက် ပိုမိုမြန်ဆန်တဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝခံစားရစေမှာပါ။​
​
🔋 ဒါ့အပြင် CLTC Range 625 km နဲ့အတူ နေ့စဉ်မြို့တွင်းမောင်းနှင်မှုကနေ ခရီးဝေးသွားလာမှုအထိ ယုံကြည်မှုရှိရှိ ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။​

တိကျ၊ သွက်လက်မှုနဲ့ အံ့မခန်းစွမ်းဆောင်ရည်တွေ တစ်စီးတည်းမှာ ခံစားနိုင်မယ့် IM LS7 နဲ့အတူ Premium EV Driving Experience ကို ခံစားလိုက်ပါ။​
​

ခရီးဝေးသွားတဲ့အခါ ပင်ပန်းမှုမရှိဘဲ သက်သောင့်သက်သာနဲ့ ဇိမ်ခံရင်း လိုက်ပါစီးနင်းရတာကို နှစ်သက်ကြတယ်မလား။Premium EV တစ်စီးဖ...
03/09/2026

ခရီးဝေးသွားတဲ့အခါ ပင်ပန်းမှုမရှိဘဲ သက်သောင့်သက်သာနဲ့ ဇိမ်ခံရင်း လိုက်ပါစီးနင်းရတာကို နှစ်သက်ကြတယ်မလား။

Premium EV တစ်စီးဖြစ်တဲ့ IM LS7 ကတော့ ခရီးစဉ်တိုင်းမှာ Luxury ရဲ့ အနှစ်သာရကို အပြည့်အဝ ခံစားနိုင်အောင် ဖန်တီးပေးထားပါတယ်။

✨ခရီးစဉ်တစ်လျှောက် အဆင့်မြင့် အနားယူမှုကို ခံစားနိုင်မယ့် 121-degree အထိ ချိန်ညှိနိုင်တဲ့ Zero Gravity Mode
✨နူးညံ့အိစက်တဲ့ Leather အသားကို အသုံးပြုပေးထားပြီး ဝင်လိုက်တာနဲ့ Luxury ဆန်တဲ့ အထိအတွေ့ကို ခံစားရရှိစေမယ့် Premium Leather Seats
✨သဘာဝနဲ့ အနီးစပ်ဆုံး ထိတွေ့ခံစားနိုင်မယ့် မြင်ကွင်းကျယ် Panoramic Sunroof

စတာတွေက ပထမတန်းစား သက်သောင့်သက်သာရှိမှုနဲ့အတူ ဇိမ်အကျဆုံး ခရီးသွား အတွေ့အကြုံကို ပေးစွမ်းမှာပါ။

မြို့ပြလမ်းမတွေပေါ်ကနေ Road Trip ခရီးစဉ်တွေအထိ မြင်ကွင်းတွေကို ပိုမိုကျယ်ပြန့်စွာ ခံစားရင်း သဘာဝနဲ့ အနီးကပ်ဆုံး ထိတွေ့မေ...
30/08/2026

မြို့ပြလမ်းမတွေပေါ်ကနေ Road Trip ခရီးစဉ်တွေအထိ မြင်ကွင်းတွေကို ပိုမိုကျယ်ပြန့်စွာ ခံစားရင်း သဘာဝနဲ့ အနီးကပ်ဆုံး ထိတွေ့မောင်းနှင်နိုင်ဖို့ IM LS6 မှာ Panoramic Glass Roof ကို ထည့်သွင်းပေးထားပါတယ်။​
​
ဧရိယာကျယ် Panoramic Glass Roof Design ကြောင့် ကားအတွင်းခန်းထဲရောက်နေရင်တောင် လွတ်လပ်တဲ့ ခံစားချက်ကိုရရှိစေသလို အပေါ်ဘက်က ကောင်းကင်မြင်ကွင်းတွေကိုလည်း ရှင်းလင်းစွာ ခံစားနိုင်မှာပါ။​

✨ဒါ့အပြင် Double-glazed Silvering Thermal Insulation Technology ကို အသုံးပြုပေးထားလို့ အပြင်ဘက်အလင်းရောင်နဲ့ အပူဒဏ်ကို ထိန်းညှိပေးရင်း အတွင်းခန်းမှာ ပိုမိုသက်သောင့်သက်သာရှိတဲ့ မောင်းနှင်မှုအတွေ့အကြုံကို ပေးစွမ်းပါတယ်။ ​
​
🌃 ညဘက် မြို့ပြအလင်းရောင်တွေကို ကြည့်ရှုရင်းပဲဖြစ်ဖြစ်​

🏞️ Road Trip ခရီးစဉ်မှာ သဘာဝအလှတွေကို ခံစားဖို့ပဲဖြစ်ဖြစ်​

​IM LS6 ရဲ့ Panoramic Glass Roof နဲ့အတူ ခရီးစဉ်တိုင်းကို ပိုမိုကျယ်ပြန့်တဲ့ မြင်ကွင်းနဲ့ အမှတ်တရဖြစ်အောင် ဖန်တီးလိုက်ပါ။​

Address

No. 16, Kabar Aye Pagoda Road, Mayangon Township
Yangon
11061

Alerts

Be the first to know and let us send you an email when IM Motors Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to IM Motors Myanmar:

Shortcuts

Share