18/09/2026
မှောင်မှ အပူကာတာ ဆိုတာပြီးတော့ အခုထိ ထင်နေတုန်းပဲလား ☀️❓
ကားမှန်ဖလင် ကပ်တော့မယ်ဆိုရင် လူတော်တော်များများ မှားယွင်းတတ်ကြတဲ့ အယူအဆတစ်ခုရှိပါတယ်၊ အဲဒါကတော့ မှောင်လေလေ အပူပိုကာလေလေပဲ ဆိုတဲ့ အယူအဆပါ ❌
ဒါပေမဲ့ မှန်ကို အလွန်အမင်း အမှောင်ရာခိုင်နှုန်း များအောင် ကပ်လိုက်ရင် နေ့ဘက်မှာ အပူသက်သာသလို ထင်ရပေမဲ့ ညဘက်၊ မိုးရွာထဲ သို့မဟုတ် လမ်းမီးမရှိတဲ့နေရာတွေမှာ မောင်းရတဲ့အခါ မြင်ကွင်း မရှင်းတာတွေ၊ ဘေးကြည့်မှန် ကြည့်ရခက်တာတွေ ကြုံလာရတတ်ပါတယ် 🌧️⚠️
တကယ်တော့ ဖလင်ရဲ့ အမှောင်အလင်း ရာခိုင်နှုန်း Visible Light Transmission နဲ့ အပူကာကွယ်နိုင်စွမ်း Heat Rejection ဆိုတာ သီးခြားစီ ဖြစ်ပါတယ် 💡
409 Auto Film ရဲ့ Premium Ceramic Film နည်းပညာဟာ မှန်အရောင် အလွန်မမှောင်ဘဲနဲ့လည်း အပူဒဏ်နဲ့ ခရမ်းလွန်ရောင်ခြည်ကို 99% အထိ အပြည့်အဝ ကာကွယ်ပေးနိုင်ပါတယ် ☀️❄️
ဒါကြောင့် ရှေ့မှန်ကြီးအတွက် အမြင်မကွယ်ဘဲ ကြည်လင်မယ့် ရာခိုင်နှုန်း၊ ဘေးမှန်တွေအတွက် လုံခြုံမှုရှိပြီး ညဘက် ကြည့်ရရှင်းမယ့် အမှောင် ရာခိုင်နှုန်းတွေကို ကျနော်တို့ 409 Auto Film မှာ စနစ်တကျ တိုင်ပင်ဆွေးနွေးပြီး တပ်ဆင်နိုင်ပါတယ် 💯
နေ့ဘက်မှာ အေးမြပြီး ညဘက်မှာ အမြင်အာရုံ ကြည်လင်စွာဖြင့် စိတ်အေးလက်အေး မောင်းနှင်နိုင်ဖို့အတွက် အခုပဲ 409 Auto Film ကို ဆက်သွယ်လိုက်ပါ 🚘✨
📞Hotline - 09 940 914 091 / 09 250439759
📍Location - အမှတ် (၂၅၂/C)၊ လေးထောင့်ကန်လမ်းမ၊ သင်္ကန်းကျွန်းမြို့နယ်၊ ရန်ကုန်