Forward Motion Car Rental

Forward Motion Car Rental Good Service and Higher Quality.

အပြည့်အဝထောက်ခံအပ်ပါသည်။
24/02/2021

အပြည့်အဝထောက်ခံအပ်ပါသည်။









18/01/2021

COVID-19 ကို ဂရုပြုကာကွယ်ရင်း အဖွဲ့လိုက် လေးတွေ သွားရအောင်✌️✌️.........................................................................................

🏕️🏕️များပြားလှတဲ့ Camping Day Trip များဖြင့် COVID–19 ကပ်ရောဂါကြီးကို အံတုရင်း ခရီးသွားချစ်သူတို့ရဲ့ ခရီးသွားချင်စိတ်လေးတွေကို ဖမ်းစားထားတဲ့ Campgrounds အစီအစဉ်။☺️☺️

👉👉 အခုလိုအချိန်ကာလ မွန်းကြပ်နေကြတဲ့ ခရီးသွားချစ်သူတို့ရဲ့စိတ်တွေကို ပျော်ရွှင်မှုတွေပေးတဲ့ 🏕️ Campgrounds Day Trip လေးများကို ရက်သက်တပတ်ရဲ့ ပိတ်ရက်တိုင်း ရင်ခုန်စရာတွေ ဖန်တီးလို့ရမယ့် နေရာလေးတွေကိုသွားကြမယ်။✌️

👉 ဒီတပတ်ရဲ့ ပိတ်ရက်လေးမှာတော့ ကွီးAdmin တို့လိုက်ပို့ပေးခဲ့တဲ့

✅ မှော်ဘီမြို့အဝင်နားက ပန်းတစ်ပွင့်တောင်

✅ ပျော်ပျော်ပါးပါး မိသားစု၊ သူငယ်ချင်းများ အားလုံးစိတ်လက်ကြည်နူးစေမဲ့ သဘာဝအော်ဂန်းနစ်လ် စိုက်ခင်း

✅ အိုကေ…. တိုက်ကြီးဘက်ကို ထပ်သွားကြဦးမယ်….ဘာတွေများရှိမလဲလို့❓❓

✅ တိုက်ကြီးရောက်တာနဲ့ ဂျိုးဖြူဆည် ပြေးမြင်မိတာပဲ၊ နာရီဝက်နီးပါလောက်ထပ်ဝင်လိုက်ရင် အဖိုးကျောင်း၊ ဘုရားဝင်းအတွင်း များပြားသပ္ပါယ်လှတဲ့ ရှေးဟောင်းဘုးရားများကိုလည်း ဖူးမျှော်ခွင့်ရလိုက်ပါတယ်။

ပီးတာနဲ့ ခရီးသွားချစ်သူတို့ရဲ့ Photo Save ကြမယ့် အချိန်လေးရောက်ပီလေ….
Camera Men ရဲ့ရှုထောင့်ပေါင်းစုံက ရိုက်ကွက် မျိုးစုံဖြင့် ခရီးသွားချစ်သူတို့ရဲ့ အလှ၊ Snap ပုံလေးများကိုလည်း မှတ်တိုင်တခုအဖြစ် Save ခဲ့ကြပါသေးတယ်။

🤔🤔 သွားစရာကုန်ပြီလား❓...........................................

😎😎 ပထမကတော့ထင်မိတယ်လေ သွားစရာကုန်သွားကြပီလို့၊ တိုက်ကြီးလမ်းခွဲ မီးပွိုင့်သုံးခုမြောက်လောက်ပေါ့ ဖောင်ကြီး တက္ကသိုလ်လမ်းဘက်ကို ဖြတ်သွားမိရင်း 😮😮Wow….. အမှတ်မထင်တွေ့မိလိုက်ပီ၊ လှေကားထစ်စိုက်ပျိုးခင်းများနဲ့ ဖြတ်သွားဖြတ်လာ 🏕️ Campgrounds တစ်ခု၊ စိုက်ပျိုးခင်းများရဲ့ အလယ်မှာ နားနေစရာဆိုင်လေးများ၊ အောက်ကိုဆင်းရတာနည်းနည်းတော့ ပင်ပန်းမိပါတယ်၊ ဒါပေမဲ့ အောက်ကိုရောက်တာနဲ့ လန်းဆန်းတက်ကြွသွားတဲ့ စိတ်လေးတွေဖြစ်မိပါတယ်။ Photo ရိုက်ရတော့မယ်လေ….😉😉

👉 နောက်ထပ် မိနစ်၂၀ လောက်ထပ်မောင်းလိုက်ရတယ်၊ ကလောကိုရောက်နေသလို တောင်ဆင်းတောင်တက်လမ်းလေးတွေနဲ့ နည်းနည်းလေးတော့လမ်းမှာ လှိုင်းလေးတွေရှိပါတယ်။✌️

👉 ရောက်ပါပီ အရမ်းကိုသွားချင်နေတဲ့ ငမိုးရိပ်ဆည်ကြီး၊ အထဲကိုနည်းနည်းလောက်တော့ဝင်ရပါတယ်၊ ရောက်ရောက်ချင်းတော့ စိတ်နည်းနည်းတော့ အိုက်မိတယ်၊ ဘာကြီးလည်းပေါ့??? ခဏအတွင်းလေးပါပဲ ဆည်ကြီးရဲ့အလယ်ကိုရောက်ခါနီး၊ ကျွန်းရောက်ခါနီးမှာ ပေါ့ပါးလန်းဆန်းသွားတဲ့ ခရီးသွားချစ်သူတို့ရဲ့ ပုံလေးတွေကိုလည်းမှတ်တမ်း တခုအဖြစ်ရိုက်ကူးခဲ့ပါသေးတယ်။✌️

✅ ကျွန်းပေါ်ကိုရောက်ပီ..😍😍...............................................

အရာအားလုံးကို မေ့သွားချင်ခဲ့ရပီ၊ အရမ်းတော့မေ့လို့မရဘူး အိမ်ပြန်ရအုံးမှာမလို့လေ😍

✅ ကျွန်းတွေကတော့အများကြီးပါပဲ စိတ်ချလက်ချနေနိုင်အောင်လည်း ဘုန်းကြီးကျောင်းများလည်းတွေ့ခဲ့ရပါတယ်။😍

✅ ကျွန်းပေါ်ရောက်နေရတဲ့ တခဏတာ အချိန်ကာလလေးတခုဟာ ကျနော်တို့အတွက် ဘာနဲ့မှမလဲနိုင်အောင် အချိန်တွေကိုပေးနေမိခဲ့ရပါတယ်။ 💚

✅ အခုချိန်မှာ အနယ်နယ်အရပ်ရပ်က ခရီးသွားချစ်သူများအားလုံးလည်း အခုလို COVID ကပ်ရောဂါကို အံတုနေကြတဲ့ Campgrounds တွေသိရှိပီးသားဖြစ်နေတယ်လို ထင်မိပါတယ်။ 😊

😊😊 ကွီးAdmin တို့လည်း 𝗙𝗼𝗿𝘄𝗮𝗿𝗱 𝗠𝗼𝘁𝗶𝗼𝗻 𝗧𝗿𝗮𝘃𝗲𝗹 𝗮𝗻𝗱 𝗖𝗮𝗿 𝗥𝗲𝗻𝘁𝗮𝗹 နှင့်အတူ သွားခဲ့တဲ့ ပျော်ရွှင်စရာ 𝐂𝐚𝐦𝐩𝐢𝐧𝐠 𝐃𝐚𝐲 𝐓𝐫𝐢𝐩 တခုရဲ့ ရနိုင်သမျှ Data များအားလုံးကို ပြန်အမှတ်ရစရာတခုအဖြစ် ခရီးသွားချစ်သူတို့ရဲ့ ပျော်ရွှင်စရာခရီးစဉ် Photo လေးများကို Save ထားပေးခဲ့ပါတယ်။✌️✌️

👉👉အခုခရီးစဉ်လေးမှာ Company တခုရဲ့ Activities လေးတခုကို Forward Motion Travel and Car Rental မှ စီစဉ်ပေးခဲ့ခြင်းဖြစ်ပါတယ်။💚💚

😍😍 သွားခဲ့ကြသော Company တခုမှ ခရီးသွားချစ်သူအားလုံးကို ကျေးဇူးတင်ပါတယ်။



 🟢 Happy New Year 2021 ကို ကြိုဆိုတဲ့နေကြတဲ့ခရီးသွားချစ်သူများအားလုံးအတွက် ရောဂါကင်းစင် ကျန်းမာကြပါစေကြောင်းဆုမွန်ကောင်း...
31/12/2020



🟢 Happy New Year 2021 ကို ကြိုဆိုတဲ့နေကြတဲ့ခရီးသွားချစ်သူများအားလုံးအတွက် ရောဂါကင်းစင် ကျန်းမာကြပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်။



25/12/2020

🎅🏼🎅🏼𝘾𝙝𝙧𝙞𝙨𝙩𝙢𝙖𝙨 𝙎𝙖𝙣𝙩𝙖 𝘾𝙡𝙖𝙪𝙨 ရဲ့ခရီးသွားခြင်း။🎄🎄

🎄🎄 ဒီနေ့ကျရောက်တဲ့ 𝙈𝙚𝙧𝙧𝙮 𝘾𝙝𝙧𝙞𝙨𝙩𝙢𝙖𝙨 အချိန်ကာလတခုမှာ 𝑪𝒉𝒓𝒊𝒔𝒕𝒎𝒂𝒔 ဖိုးဖိုးကြီးတယောက်လည်း လူစုလူးဝေးမပြုလုပ်ရတဲ့ COVID-19 ကပ်ဆိုးရောဂါကြီးကြောင့် 𝑪𝒉𝒓𝒊𝒔𝒕𝒎𝒂𝒔 သီချင်းတွေမဆိုနိုင်ပဲ ခရီးထွက်ချင်စိတ်တွေဖြစ်နေလိမ့်မယ်လို့ ထင်မိပါတယ်။😂

🎄🎄 𝙈𝙚𝙧𝙧𝙮 𝘾𝙝𝙧𝙞𝙨𝙩𝙢𝙖𝙨 အေးချမ်းလှတဲ့ အခုလိုဆောင်းရာသီအချိန်လေးဟာ ခရီးသွားချစ်သူတို့ ခရီးတွေသွားဖို့အတွက် တချို့ကပြင်ဆင်နေကြတဲ့အချိန်ကာလဆိုလည်းမမှားပါဘူး။😍😍

👉👉 ဒါပေမဲ့ ခရီးသွားချစ်သူများအားလုံးစိတ်မပူကြပါနဲ့။ ပီးဆုံးတော့မှာမဟုတ်သေးပေမဲ့ MOHS ရဲ့ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်၊ လမ်းညွန်ချက်တွေနဲ့အညီ ခရီးတွေပြန်သွားလာခွင့်ရဖို့အတွက်ကို စောင့်မျှော်ကြရင်းနဲ့အခုလို 𝙈𝙚𝙧𝙧𝙮 𝘾𝙝𝙧𝙞𝙨𝙩𝙢𝙖𝙨 အချိန်ကာလတခုမှာ 𝑭𝒐𝒓𝒘𝒂𝒓𝒅 𝑴𝒐𝒕𝒊𝒐𝒏 𝑻𝒓𝒂𝒗𝒆𝒍 & 𝑪𝒂𝒓 𝑹𝒆𝒏𝒕𝒂𝒍 အတူဘယ်လိုခရီးမျိုးလေးတွေကို ပြင်ဆင်ကြမလည်းဆိုတာကို ခရီးသွားချစ်သူတို့နဲ့အတူ 𝙈𝙚𝙧𝙧𝙮 𝘾𝙝𝙧𝙞𝙨𝙩𝙢𝙖𝙨 မှာ ဆုတောင်းကြမယ်နော်။👌👌





#𝙁𝙤𝙧𝙬𝙖𝙧𝙙𝙢𝙤𝙩𝙞𝙤𝙣

28/11/2020

🟢 အားလုံးပဲ မဂ်လာညချမ်းလေးပါဗျာ။

🟢 Travel Memories Photos ပြိုင်ပွဲကို ဝင်ရောက်ပါဝင်ခဲ့သော ခရီးသွားချစ်သူများအားလုံးကို Admin တို့ဘက်မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်။

🟢 အခု Admin တို့ဘက်မှ ပြိုင်ပွဲဝင်ဓာတ်ပုံများကို သေချာစီစစ်ပြီးတော့ ရွေး​ချယ်ထားပါတယ်ဗျ။

🟢 Admin တို့ဘက်မှ ပြိုင်ပွဲဝင် ဓာတ်ပုံများကိုစီစစ်ရွေးချယ်တဲ့ နေရာမှာ အမှတ်တရခရီးစဉ်တွေ၊ အမှတ်တရရိုက်ထားသော ဓာတ်ပုံလေးတွေ ဖြင့် ခရီးသွားချစ်သူတို့ရဲ့ စစ်မှန်တဲ့စိတ်အရင်းခံဖြင့်ဝင်ပြိုင်ထားသော ဓာတ်ပုံများလည်းရှိသလို၊ မူမမှန်သောနည်းလမ်းများအသုံးပြုပြီး Auto Like များဖြင့် ပြိုင်ပွဲဝင်ထားသော ဓာတ်ပုံများကိုလည်းတွေ့ရပါတယ်။

🟢 Admin တို့ရွေးချယ်လိုက်တဲ့ ဓာတ်ပုံများမှာ ပြိုင်ပွဲဝင်များအားလုံးအတွက် မျှတမှန်ကန်မှုရှိအောင်ရွေးချယ်ထားပြီး၊ ရရှိမဲ့ ဆုကြေးများကလည်း ပြိုင်ပွဲဝင်များအတွက် တိကျမှန်ကန်မှုရှိအောင် Admin တို့ကိုယ်တိုင်က မဲ နှိုက်ဆုံးဖြတ်ခြင်းပုံစံဖြင့် ဆုချီးမြှင့်သွားမှာပါဗျ။

🟢 Admin တို့ဘက်မှ ဆုချီးမြှင့်မဲ့ အစီအစဉ်လေးကိုလည်း ပြောပြပါရစေဗျ။

1️⃣ ပထမ ဆု အနေဖြင့် Like (700 to 2K ) အတွင်းရရှိထားသော ပြိုင်ပွဲဝင်ဓာတ်ပုံများ၊

2️⃣ ဒုတိယ ဆု အနေဖြင့် Like (2K) နှင့် အထက်ရရှိထားသော ပြိုင်ပွဲဝင်ဓာတ်ပုံများ၊

3️⃣ တတိယ ဆု အနေဖြင့် Like (150 to 300) အတွင်းရရှိထားသော ပြိုင်ပွဲဝင်ဓာတ်ပုံများ နှင့်

4️⃣ Special Travel Award အတွက် Like (300 to 700) အတွင်းရရှိထားသော ပြိုင်ပွဲဝင်ဓာတ်ပုံများ အားလုံးကို မဲ နှိုက် ဆုံးဖြတ်ခြင်း စနစ်ဖြင့် မျှတမှုရှိအောင် ဆုများချီးမြှင့်သွားပေးမှာ ဖြစ်ပါတယ်ဗျ။

🟢 ပြိုင်ပွဲဝင် ဓာတ်ပုံများအားလုံးကို (29.11.2020) ရက်နေ့ ညနေ (6) နာရီ အချိန်တွင် LIVE လွင့်မဲနှိုက်ဆုံးဖြတ်ခြင်းဖြင့် ဆုများကိုချီးမြှင့်ပေးသွားမှာပါဗျ။

🟢 ဆုမရရှိခဲ့သော ပြိုင်ပွဲဝင်များအတွက်လည်း Admin တို့ဘက်မှ ဖုန်းဘေများ မဲဖောက်ပေးမယ့် အစီအစဉ် တွေလည်း တခါတည်းပြုလုပ်ပေးသွားအုံးမှာပါဗျ။✌️✌️

🟢 ခရီးသွားအမှတ်တရ ပြိုင်ပွဲဝင်များ အားလုံးကို Admin တို့ဘက်မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျ။

📞09-400019118
📧 [email protected]


Address

No. 808, Aung Thu Kha(6) Street, Front Quarter, Thar Kay Ta Tsp
Yangon
11181

Telephone

+959400019118

Website

Alerts

Be the first to know and let us send you an email when Forward Motion Car Rental posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Forward Motion Car Rental:

Shortcuts

Share