Jack Auto Detailing

Jack Auto Detailing Premium washing the entire car exterior & interior, Professional polishing, Ceramic coating, Glass c

Certified Installer big smile with CARPRO Myanmar 🇲🇲 CEO, Thanks bro.
25/06/2025

Certified Installer big smile with CARPRO Myanmar 🇲🇲 CEO, Thanks bro.

Jack are still Certify Installer at CARPRO Myanmar 🇲🇲CARPRO Myanmar   🇲🇲
19/06/2025

Jack are still Certify Installer at CARPRO Myanmar 🇲🇲

CARPRO Myanmar

🇲🇲

အမြန်လမ်းအသုံးပြုသူများ သတိပြုရန်၂၀၁/၀ ပ​လွေးတံတားနိမ့်ကျ၁၉၄/၂ အသွားလမ်း ကျိုး၁၉၃/၁ ၂ တံတားအဝင်နိမ့်၁၉၀/၁-၂ ​မှောက်ခုံ​ခ...
29/03/2025

အမြန်လမ်းအသုံးပြုသူများ သတိပြုရန်
၂၀၁/၀ ပ​လွေးတံတားနိမ့်ကျ
၁၉၄/၂ အသွားလမ်း ကျိုး
၁၉၃/၁ ၂ တံတားအဝင်နိမ့်
၁၉၀/၁-၂ ​မှောက်ခုံ​ချောင်းတံတား သွား+ပြန် နိမ့်
၁၈၉/၁ အပြန်လမ်း တွန်​့​ခေါက်
၁၈၈/၇ အသွားလမ်း box အဝင်နိမ့်ကျ
၁၈၈/၁-၂ အပြန်လမ်း ကျိုး(​ဘေးကသွားလို့ရ)
၁၈၆/၂ လမ်းသားကွဲအက်
၁၇၉/၄ အပြန်လမ်းကျိုး
၁၇၇/၂ အသွားလမ်းကျိုး
၁၇၆/၀-၁ အသွားလမ်းကျိုး
၁၇၃/၆ အပြန်း box အဝင်လမ်းacကျိုး
၁၇၂/၅ အပြန်လမ်း ​ပေ၂၀၀ ac တွန့်​ခေါက် (​ဘေးကသွားလို့ရ)
၁၇၁/၆ အပြန်လမ်း ​တံတားဝင်လမ်း တွန့်​ခေါက် (​ဘေးကသွားလို့ရ)
၁၆၈/၅ အပြန်လမ်း တံတား​ပေါ် ac ကျိုး (​ဘေးကသွားလို့ရ)
၁၆၈/၀ အပြန်လမ်း လမ်းကျိုး (​ဘေးကသွားလို့ရ) grader / dozer ဝင်ရမယ်
၁၆၇/၆ ပြန် ကွန်ကရစ် လမ်းကျိုး
၁၆၇/၅ ပြနိ ကွနိကရစ်လမ်း ကျိုး
၁၆၇/၁-၂ ပြန် ကွန်ကရစ်လမ်းကျိုး
၁၆၆/၆-၇ ပြန် ကွန်ကရစ်လမ်းကျိုး
၁၆၀/၀-၁ ပြန် လမ်း/ကွဲ/ကျိုး ပြင်းထန်
Dozer

၁၆၅/၇ ပြန် လမ်းကျိုး
၁၆၅/၁ ဆွာ​ချောင်း ၈၀၀ ​ပေ ,P3,4,5 ယိုင်, လမ်းသား အပြန်လမ်း ၄ ​​ပေ နိမ့်ကျ, diversion လိုသည်


သွားကြမဲ့သူတွေသတိနဲ့ပါ

CrdEV လျှပ်စစ်ကားတွေရဲ့ အားသွင်းကြိုးအမျိုးအစားများ================================ဆီဖြည့်စရာမလိုတဲ့ လျှပ်စစ်ကားတွေကတော့...
29/07/2024

Crd

EV လျှပ်စစ်ကားတွေရဲ့ အားသွင်းကြိုးအမျိုးအစားများ
================================

ဆီဖြည့်စရာမလိုတဲ့ လျှပ်စစ်ကားတွေကတော့ အားသွင်းပေးဖို့ လိုအပ်ပါတယ်။
လျှပ်စစ်ကားတွေကို အားသွင်းရာမှာ ကြုံရတဲ့အခက်အခဲကတော့ ကားမှာပါတဲ့
အားသွင်းစနစ်နဲ့ ကိုက်ညီတဲ့ အားသွင်းကြိုးရယ် ပလပ်ခေါင်းရယ်ပေါ့။

လျှပ်စစ်ကားတွေအတွက် Universal Connector တွေ မရသေးတာကြောင့်
အားသွင်းကြိုးတွေ၊ အားသွင်းခေါင်းတွေနဲ့ အားသွင်းပလပ်တွေဟာ ပုံစံအမျိုးမျိုး
ရှိပြီး ကွဲပြားစွာရှိနေပါတယ်။ အချို့ Charging Station တွေမှာ အားသွင်းကြိုးတွေ
ရှိပေမယ့် အချို့ကျတော့ ကိုယ်ပိုင်အားသွင်းကြိုးတွေ ယူဆောင်လာဖို့ လိုပါတယ်။

အဆိုပါ အားသွင်းကြိုးတွေကိုတော့ ပုံစံ (၄) မျိုးနဲ့ လာတယ်လို့ သိရပါတယ်။

ပုံစံ (၁) အားသွင်းကြိုးဟာ အိမ်သုံး AC Socket နဲ့ ချိတ်ဆက်အသုံးပြုနိုင်ပြီး
E-Bike တို့ Scooter တို့လို အမျိုးအစားအတွက်သာ အသုံးပြုဖို့သင့်တော်ပါတယ်။
လျှပ်စစ်ကားတွေအတွက် ဘေးကင်းမှုအာမ မခံတဲ့အတွက် အချို့နေရာတွေမှာတော့
တားမြစ်ထားတယ်လို့ သိရပါတယ်။

ပုံစံ (၂) အားသွင်းကြိုးကတော့ IC-CPD (In-Cable Control & Protection Device)
ပါရှိပြီး အိမ်သုံး AC Socket နဲ့ ချိတ်ဆက်အသုံးပြုနိုင်တယ်လို့ ဆိုသော်လည်း အိမ်သုံး
ပလပ်ပေါက်အများစုက 2.3kW အထိသာ ထောက်ပံ့သာကြောင့် အားသွင်းချိန် ကြာမြင့်
နိုင်ပါတယ်။ မှားယွင်းစွာလုပ်ဆောင်ပါက အန္တရာယ်ရှိနိုင်လို့ အရေးပေါ်အခြေအနေမှာသာ
အသုံးပြုဖို့ အကြံပြုထားပါတယ်။

ပုံစံ (၃) အားသွင်းကြိုးတွေကတော့ ကမ္ဘာတစ်ဝှမ်း အသုံးများတဲ့ အားသွင်းကြိုးဖြစ်ပြီး
Charging Station များနဲ့ ချိတ်ဆက်အသုံးပြုနိုင်သလို ဘေးကင်းစိတ်ချစေတဲ့ စနစ်တွေ
ပါဝင်လို့ Type-1 (သို့) Type-2 အားသွင်းပလပ်များနဲ့ ချိတ်ဆက်အသုံးပြုလေ့ ရှိပါတယ်။

ပုံစံ (၄) အားသွင်းကြိုးက AC - DC မှတဆင့် DC Power အဖြစ်ပြောင်းလဲပြီး ပို့ဆောင်
ပေးနိုင်မှာဖြစ်ပါတယ်။ DC အားသွင်းဖို့ အထူးထုတ်လုပ်ထားတာဖြစ်လို့ Fast Charging
ဒါမှမဟုတ် Ultra Fast Charging စနစ်ဖြင့် အားသွင်းမယ်ဆို အားသွင်းချိန်သက်သာစေ
ပါမယ်။ Fast Charging ဖြင့် ပါဝါများစွာ လွှဲပြောင်းပေးတဲ့အတွက် Charging Station နဲ့
ချိတ်ဆက်ထားချိန် အပူချိန်သက်သာစေဖို့ Liquid Cooling နည်းပညာပါဝင်မှာ ဖြစ်ပါတယ်။

Source : MoeZacAuto , CarPlug



ရန်ကုန်လမ်းပေါ်မှာ ရှောင်ရမယ့်ကားများ 🤣✌️၁။ ဘက်စ်ကား     ရှောင်ကိုရှောင်ရမယ့် ကားတွေထဲမှာ ထိပ်ဆုံးက ပါ၀င်တယ်ဆိုတာကိုတော့...
23/06/2024

ရန်ကုန်လမ်းပေါ်မှာ ရှောင်ရမယ့်ကားများ 🤣✌️

၁။ ဘက်စ်ကား
ရှောင်ကိုရှောင်ရမယ့် ကားတွေထဲမှာ ထိပ်ဆုံးက ပါ၀င်တယ်ဆိုတာကိုတော့ အကြောင်းပြချက်ရေးဖို့ လိုမယ် မထင်ပါဘူး။ လူတိုင်းသိပြီးသားကိုး။ မရှောင်လည်း ကိုယ့်ထိုက်နဲ့ ကိုယ်ပဲ။ အကြောင်းမသင့်ရင် ကားလည်း အတိုက်ခံရမယ် လူလည်း အရိုက်ခံရမယ်။

၂။ ခရီးသည်မဲ့ တက္ကစီ
ကျွန်တော့်ကားရှေ့မှာ တက္ကစီရှိပြီဆိုပါစို့။ သူ့ကားထဲကို လှမ်းရှိုးရပါတယ်။ ခရီးသည် ပါ မပါ။
ခရီးသည် မပါရင်တော့ သတိကို ထိပ်ဆုံးမှာ ကပ်ရပါတယ်။ သစ်ပင်နောက်မှာ ကွယ်ရပ်နေတဲ့ လူအရိပ်တွေ့ရင်လည်း ကျွိကနဲ့ ရပ်ပြီး လက်ညှိူးထောင်ရင် ထောင်ပါမယ်။ ကျော်ဖို့ ခက်တဲ့ လမ်းကြောတစ်ခုတည်းရှိတဲ့ လမ်းတွေမှာလည်း တောင်ကြည့် မြောက်ကြည့် ခရီးသည်ရှာပြီး အေးဆေးမောင်းနေတက်ပါတယ်။
လမ်းတစ်ဖက်မှာ ခရီးသည်တွေ့ရင်လည်း မထင်ရင် မထင်သလို ကွေ့တက်ပါတယ်။ တက်စီကားတွေကို ကျော်မယ်၊ နောက်က လိုက်မယ်ဆိုရင်တော့ ခရီးသည် ပါ မပါ သေချာကြည့်ပါ။

၃။ ညထွက် အမှိူက်ကား
မိတ်ဆွေတို့ကို Rest in Peace သွားစေမယ့် ကားတွေပါ။
မောင်းတဲ့ကောင်တွေက ဘာကောင်တွေမှန်းမသိပါဘူး။
ချာတိတ်တွေများပါတယ်။ မောင်းတဲ့သူတွေမှာ လိုင်စင်မရှိတဲ့သူတွေများသလို ကားမီးတွေကလည်း မလင်းတာများပါတယ်။ တချို့ဆို သောက်မောင်းလေးတွေတောင် ရှိပါသေးတယ်။
(သောက်မောင်းဆိုတာ အရက်လေးသောက်လိုက် ကားလေးမောင်းလိုက်ကို ပြောတာပါ။ ဘီယာဘူးနီလေးမော့ပြီး မောင်းနေတာ ကိုယ်တွေ့ တွေ့ဖူးလို့ပါ)

၄။ ခွေးဘီလူး ကုမ္မဏီကား
ရုံးတက် ရုံးဆင်းချိန်တိုင်း စိတ်ညစ်ရတဲ့ ကားတွေပါ။ သူတို့က ပိစီလေးတွေဆိုတော့ အဝိုင်းတွေမှာ ဦးစားပေးရင် ကိုစောင့်နေတဲ့အချိန်မျိုးတွေ၊ မီးပွိုင့်တွေမှာ စောင့်နေတဲ့အချိန်မျိုးဆိုရင် နှစ်စီးကြားထဲ ကပ်သီးကပ်ဖဲ့၀င်တယ်။
ကားနည်းနည်းရှင်းတာနဲ့ ဖာရာရီကားအလား ဗျင်းတယ်။ နောက်ကြည့်မှန်ထဲမှာ ခွေးဘီလူးကားလေး ခေါင်းခန်းမှာ ကောင်မလေးပုံပေါ် လာရင်တော့ မြန်မြန်သာ ပေးကျော်လိုက်ပါ။ ဘေးကင်းလုံခြုံပါလိမ့်မယ်။
ဒင်းတို့က ဘေးက ကောင်မလေးတွေကို သိပ်အစွမ်းပြလွန်းလို့ပါ။ ကုမ္မဏီတွေကလည်း ၀န်ထမ်းရှားတော့ အဲ့ဒီလို ခွေးဘီလူးလေးတွေဆို ဂွေကိုင်တက်တဲ့ကောင်တိုင်းကို ပေးမောင်းတော့တာပါပဲ။

၅။ အရစ်ကျ ကားသစ်များ
သူတို့ကြတော့ တစ်မျိုး။ ကားမောင်းတာ မရမ်းကားဘူး။ ဒါပေမယ့် အရစ်ကျခေတ်မှာမှ ကားစီးဖူးတော့ စည်ကမ်းလည်းမသိ၊ လမ်းကြောလည်း မသိ၊ ဦးစားပေးယဉ်ဆိုတာလည်း နားမလည်။
အဝိုင်းမှာ အဝိုင်းပတ်နေရင် အတင်ကြီးတိုး၀င်၊ မကွေ့ရမယ့် နေရာတွေကွေ့၊ မ၀င်ရတဲ့လမ်းတွေ၀င် သူတို့ဘာသာသူတို့ တိုင်ပတ်နေတက်လို့ ရှောင်သင့်တဲ့ကားတွေပါ။
မြို့ထဲ လမ်းကျဉ်းတွေမှာ ပါကင် တစ်ခါထိုးရင် ရှေ့တိုးနောက်ဆုတ် အခါ နှစ်ဆယ်လောက်လုပ်၊ လူငါးယောက်လောက်က ဝိုင်းကြည့်ပေး၊ ဂီယာထိုးရင် ဂီယာတံကို ငုံ့ကြည့်ပြီး ထိုး အရပ်ကူပါ လူဝိုင်းပါ ကားမျိုးတွေ။
အထူးသဖြင့် P နံပါတ်တွေ Q တွေဆို ပိုသတိထား။

၆။ ဘုန်းကြီးကား
ကျေးဇူးရှင်ဆရာတော်ဘုရားကြီးများရဲ့ ကားတော်ကြီးများကိုလည်း ဂရုတစိုက်ရှောင်ရှားရင်း ကုသိုလ်ပွားများကြပါ။
ဘုန်းကြီးကျောင်းသားတွေ၊ ကိုယ်တော်တွေကိုယ်တိုင် ပညာစွမ်းပြလွန်းပြီး အတိုက်ခံရရင်လည်း အလျှော်မရတဲ့အပြင် ထိုင်ရှိခိုးရမယ်၊ ရေစက်ချလှူရမယ်ဆိုတော့ ဝေးဝေးကသာ ရှောင်ကြပါ။...
ဟာ ဒီလောက်တောင် ရှောင်နေရတယ်ဆိုရင် ရန်ကုန်မှာ ကားဘယ်လိုမောင်းမလဲ။
ဟုတ်ကဲ့ ဒီလိုပဲမောင်းပါတယ်။ ကျွန်တော်ဆို အနည်းဆုံး တစ်နေ့ကို ရုံးသွား ရုံးပြန် နှစ်ကြိမ်မောင်းရပါတယ်။
မျက်လွှာလေး အသာချ၊ မာန်လေးတွေလျှော့၊ စိတ်ကိုဖြူအောင်ထားပြီး ကားမောင်းရပါတယ်။
ဒီကြားထဲ ညီမလေးတွေ မောင်းလာလို့ဆိုပြီး လျှော့ပေးရတာတွေ၊ အနှေးယဉ်မို့ ဦးစားပေးရတာတွေ၊ ဆိုင်ကယ်တက္ကစီတွေကို ကြောက်လို့ ရှောင်ရတာတွေတောင် ထည့်မရေးရသေးဘူး။
ဘာပဲ ပြောပြော နေ့စဉ်ကားမောင်းအတွေ့အကြုံအရ ခန္ဓီပါရမီတော့ အတော်လေး ပြည့်ခဲ့ပါပြီ။
အခါအခွင့်သင့်လို့ တခြား ပါရမီတွေပါ ဖြည့်နိုင်ရင် နိဗ္ဗာန်ကို တစ်ဘ၀အတွင်း မျက်မှောက်ပြုနိုင်ပါတယ်။

Source : Okka Kyi Win

Discussion Comment ပဲဖြစ်ဖြစ်
ပေါက်တက်ကရ Comment ပဲပေးပေး ကျေနပ်မိမှာပါ ..
Crd

Happy Eid Mubarak to you and your family.🥰
18/06/2024

Happy Eid Mubarak to you and your family.🥰

မိုးရေထဲတွင် ဘေးအန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ရန် !!!"""အကြံပြုချက်___ {  ၇  }___ ချက်"""၁။ မိုးအရမ်းသည်းနေရင် မိုးတိတ်...
08/06/2024

မိုးရေထဲတွင် ဘေးအန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ရန် !!!

"""အကြံပြုချက်___ { ၇ }___ ချက်"""

၁။ မိုးအရမ်းသည်းနေရင် မိုးတိတ်အောင် စောင့်ပါ။
မိုးအရမ်းသည်းတဲ့အချိန်၊ ရေအရမ်းကြီးနေတဲ့အချိန်တွေမှာ ကားမောင်းတာကို ရှောင်ကြဉ်သင့်ပါတယ်။ အထူးသဖြင့် တာယာလဲဖို့ လိုအပ်နေချိန်၊ တာယာပန်းတွေ ပါးနေချိန်မှာ သတိထားရပါတယ်။ တာယာတွေ ပွန်းပဲ့နေတဲ့အချိန်မှာ ရေထဲ မောင်းတဲ့အခါ လျင်လျင်မြန်မြန် မသွားနိုင်ပါဘူး။

၂။ ပန်းပါးနေသော တာယာများကို အသုံးမပြုပါနဲ့။
အသုံးပြုမယ်ဆိုရင် တာယာရဲ့ လမ်းမပေါ်ကုတ်အားက လျော့ကျနေတဲ့အတွက် စိုစွတ်တဲ့လမ်းတွေမှာ အန္တရာယ်ရှိနိုင်ပါတယ်။

၃။ လိုအပ်ရင် ရှေ့မီးကိုဖွင့်ပါ။
ကိုယ်တိုင်လည်း ကိုယ့်လမ်းကြောင်းကို ပိုမိုကောင်းမွန်စွာမြင်နိုင်ပြီး အခြားယာဉ်မောင်းများကလည်း မိမိကို မြင်နိုင်စေပါသည်။

၄။ အရှိန်လျော့ မောင်းပါ။
တစ်နာရီ ၃၅ မိုင်အောက် သွားနေရင် ကားကိုထိန်းရလွယ်ကူစေပါတယ်။ ကိုယ်သွားမယ့် ယဉ်လမ်းကြောင်း အတိုင်းသွားနေဖို့နဲ့ လိုအပ်တဲ့အခါ လမ်းရဲ့ညာဘက်ကို အရှိန်လျော့ချမောင်းမယ်ဆိုရင် အန္တရာယ်ကို လျော့ကျစေပါတယ်။

၅။ ရှေ့ကကားနဲ့ အရမ်း ကပ်မလိုက်ပါနဲ့။
စိုစွတ်နေတဲ့လမ်းမတွေပေါ်မှာ ကိုယ့်ကားနဲ့ သူများကားကြားမှာ နေရာအလုံအလောက် ခြားထားဖို့ အရေးကြီးပါတယ်။ မြင်နိုင်တဲ့ အကွာအဝေးနဲ့ ဘရိတ်အကွာအဝေးကြောင့် ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ရှောင်ရှားနိုင်ဖို့ အတွက်ပါ။

၆။ စီးဆင်းနေတဲ့ ရေ၊ ဗွက်အိုင်များနှင့် ရေအိုင်များကို ရှောင်ပါ။
စီးဆင်းနေတဲ့ ရေက နက်ပုံမရပေမယ့် ရွေ့လျားနေတဲ့ရေက 12 လက်မလောက်ရှိတာနဲ့ ကားကို ရွေ့သွားအောင် တွန်းနိုင်ပါတယ်။ ဗွက်အိုင်နဲ့ရေအိုင်တွေရဲ့ တကယ့် အနက်ကို မသိရလို့ မြောင်းတွေ၊ တွင်းတွေ၊ ချိုင့်ခွက်တွေထဲ ကျွံကျတာတွေ ဖြစ်နိုင်ပါတယ်။ အခြားလမ်းကြောင်းတစ်ခုကို ရှာပါ ဒါမှမဟုတ် မိုးတိတ်ပြီး လမ်းအခြေအနေကိုကြည့်လို့ရအောင် စောင့်ပါ။

၇။ ပုံမှန်ထက် ပိုသတိထား ပြီးမောင်းပါ။
စိုစွတ်သောလမ်းတွေ မောင်းတဲ့အခါ မိုးရွာထဲမောင်းတဲ့အခါ ဘရိတ်ကို ကြမ်းကြမ်းအုပ်တာ၊ ရုတ်တရက်အရှိန်မြှင့်တာ၊ ဆက်ခနဲကွေ့တာတို့ကို ရှောင်ကြဉ်ပါ။ လမ်းအခြေအနေကြောင့် ထိန်းချုပ်မှုက အရင်လို မဟုတ်နိုင်တဲ့ အတွက်ကြောင့်ပါ။

Credit Original Uploader

သတိသည် ပိုသည်မရှိ☢️☢️☢️ဧပြီလ ၂၇ ရက်နှင့် ၂၈ ရက် လာမည့် စနေ+တနင်္ဂနွေနေ့တွင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်...
22/04/2024

သတိသည် ပိုသည်မရှိ☢️☢️☢️

ဧပြီလ ၂၇ ရက်နှင့် ၂၈ ရက် လာမည့် စနေ+တနင်္ဂနွေနေ့တွင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များ၌ နေ့အပူချိန်များ ထပ်မံတိုးလာနိုင်ပါသည်။

(BASED ON 22nd APR 1230 METEOBLUE ICON MODEL RESULTS)

ကားအဲယားကွန်းဖွင့်စီးသူများ သတိထားသင့်တဲ့ အချက်များ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~အဲယားကွန်း (Air ...
10/04/2024

ကားအဲယားကွန်းဖွင့်စီးသူများ သတိထားသင့်တဲ့ အချက်များ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အဲယားကွန်း (Air Con) ဟာ အခန်းတွင်းအပူချိန်ကို စုပ်ယူလျှော့ချပေးတဲ့ တီထွင်ဆန်းသစ်မှုတခုဖြစ်ပါတယ်။
စတင်တီထွင်ခါစက နေအိမ်တိုက်ခန်းများအတွက်သာ အသုံးပြုခဲ့ပြီး၊ ၁၉၅၃ ခုနှစ်ဝန်းကျင်က စတင်ကာကားများတွင်ပါ အဲယားကွန်းတပ်ဆင် အသုံးပြုလာနိုင်ခဲ့ပါတယ်။
ထိုစဉ်က ဇိမ်ခံဆလွန်းကားများ၊ ဈေးကြီးပေးဝယ်ရသော ကားအကောင်းစားများတွင်သာ တပ်ဆင်ပေးနိုင်ခဲ့သော်လည်း နောက်ပိုင်းမှာတော့ ကားအကြီးအသေးအမျိုးမျိုးတွင် အဲယားကွန်း မပါသောကားဟူ၍ မရှိတော့ပေ။

ကားအဲယားကွန်းရဲ့ ကောင်းကျိုးမှာ ပူအိုက်ခြင်း၊ လေလုံ၍အသက်ရှူကျပ်ခြင်းကနေ ကာကွယ်နိုင်တဲ့အပြင် မိုးတွင်းအခါ မိုးရွာတဲ့အချိန် ကားမှန် အလုံပိတ်မောင်းသောအခါ အတွင်းမှအပူငွေ့ပြန်ပြီး မှန်များမှုန်ဝါးကာ ပြင်ပသိုကောင်းစွာမမြင်ရခြင်းကိုပါ အကာအကွယ်ပေးပါတယ်။

အပူပိုင်းဒေသများတွင် အလွန်နေပူပြင်းသောအချိန် ကားအဲယားကွန်း ဖွင့်စီးသူများမှာ အေးနေရာမှ ရုတ်တရက် တံခါးဖွင့်ပြီး အဆင်းတွင် ပြင်ပအပူရှိန်ကြောင့်ရုတ်တရက် ရုတ်တရက် မူးလာကာ လဲကျသူ၊ သတိလစ်သူ၊ သက်ကြီးရွယ်အိုများတွင် အပူ အအေး တုံပြန်မှုကြောင့် ဦးနှောက်သွေးကြောပြတ်ကာ သေဆုံးရသူများ ရှိလာသည်အထိ အန္တရာယ်လည်း ရှိနေပါတယ်။

ညပိုင်းအဲယားကွန်း ဘတ်စ်ကားကြီးများဖြင့် ခရီးသွားသူများတွင်လည်း ပါးတစ်ခြမ်းရွဲခြင်း၊ မျက်နှာနှင့် ကိုယ်တစ်ခြမ်းလေဖြတ်ခြင်းများပါ တွေ့ကြုံလာရခြင်းကို ဆေးရုံ၊ ဆေးခန်းများတွင် တွေ့လာရတတ်ပါတယ်။

အခြားဆန့်ကျင်ဘက် အဖြစ်အပျက်မှာ နေပူထဲမှလာပြီး အဲယားကွန်းဘတ်စ်ကားစီးသူ သက်ကြီးရွယ်အိုတဦးမှာ ကားထဲတွင်ပင် သတိလစ်ပြီး စကားမေးမရသဖြင့် ကားမောင်းသူနှင့်တာဝန်ရှိသူများမှ ဆေးရုံကြီးသိုပိုပေးရာ အပူအအေး ဆန့်ကျင်ဘက်ကြောင့် Heat Stroke ရပြီး ဦးနှောက်သွေးကြောပေါက်ကာ အသက်ဆုံးရှုးခဲ့ရမှုလည်း တွေ့ကြုံခဲ့ရဖူးပါတယ်။
အဲယားကွန်း ကားစီးမယ့်သက်ကြီးရွယ်အိုများ ကျန်းမာရေးမကောင်းသူများနှင့် အထူးသဖြင့်သွေးတိုးရောဂါအခံရှိသူများ သတိထားသင့်တဲ့ အချက်ပါပဲ။

ရုတ်တရက် အပူအအေး အပြောင်းအလဲဟာ ဦးနှောက်သွေး ကြောပေါက်ပြီး သတိလစ် လေဖြတ်နိုင်တာကို သတိထားကြပါ။

ကားအဲယားကွန်းဖွင့်စီးသူများရဲ့ အနေအထားကို လေ့လာကြည့်ရင်…

🔹(၁) နေပူထဲမှ ကားထဲ ဝင်ပြီးနောက် အဲယားကွန်းဖွင့်စီးသူ
🔹(၂) ကားထဲမဝင်မီကပင် အဲယားကွန်း ကြိုတင်ဖွင့်ထားသော ကားအတွင်းသို နေပူထဲမှလာပြီး ဝင်ထိုင်လိုက်သူ
🔹(၃) နေအိမ်မှ ကားအဲယားကွန်းဖွင့် စီးလာပြီး နေပူပြင်းသော တနေရာအရောက်တွင် ကားထဲမှအပြင် ထွက်လိုက်သူ
စသည်ဖြင့် အခြေအနေမတူ ကွဲပြားမှုသုံးမျိုး ကိုတွေ့ရှိရပါတယ်။

ထိုသူများတွင် အသက်ငယ်သေးသူများမှာ ဘာမှမဖြစ်သော်လည်း အသက် ၄၀ ကျော်၊ ၅၀ နှစ်အတွင်း သက်လတ်ပိုင်းများတွင် ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း ဝေဒနာခံစားရကြောင်း တွေ့ရပါတယ်။ အသက် ၆၀ ကျော် ၇၀ ခန့် လူကြီးများမှာ ခေါင်းမူးရုံမက ရုတ်တရက် လဲကျခြင်း၊ လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပြတ်ခြင်းများပါ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ကားအဲယားကွန်း ဖွင့်စီးသူများအနေနဲ့…

🔸(၁) ကားအဲယားကွန်းမဖွင့်မီ စက်နှိးပြီး ကားတံခါးများအားလုံးဖွင့်ထားပါ။ ပြင်ပလေဝင်ပြီး နောက်မှ ကားအဲယားကွန်းကို အနိမ့်ဆုံးမှ စ၍ ဖွင့်ပါ။ ထိုနောက်မှ မှန်များပြန်တင်ပြီးစီးရင် အပူ၊ အေအး ရုတ်တရက် အပြောင်းအလဲ မဖြစ်စေနိုင်ပါ။
🔸(၂) နေပူချိန်အဲယားကွန်းသုံးသော ကားဖြင့် အပြင်သွားရင် ရေသန့်ဘူး ယူဆောင်သွားပါ။ နေပူပြင်းတဲ့နေရာမှာ ကားရပ်ပြီး အပြင်သိုမဆင်းမီ ရေကိုအတော်အသင့် သောက်ပြီးမှ ဆင်းပါက ရုတ်တရက်ဦးနှောက်သို သွေးဆောင့်တက်ခြင်းမှ ကာကွယ်နိုင်ပါတယ်။
🔸(၃) အဲယားကွန်း ကြိုတင်ဖွင့်ထားတဲ့ ဘတ်စ်ကားကြီးများပေါ်ကို နေပူထဲမှဝင်ရင်၊ တက်စီးလျှင် မတက်မီက ကြိုတင်ပြီး ရေအေးသောက်ထားပါ။
အချိုလူကြီးများဟာ ကားပေါ်တွင် ဆီးသွားချင်မည်စိုးသဖြင့် ရေမသောက်ဘဲ ခရီးသွားလေ့ရှိသည်မှာ အမှားဖြစ်ပါတယ်။

ထိုအတူပင် ညအိပ်ချိန်တွင် အဲယားကွန်း ဖွင့်အိပ်သူများမှာလည်း အိပ်ရာမဝင်မီ ရေအေးတစ်ခွက် သောက်ပြီးမှအိပ်ပါက ကိုယ်တွင်း (အစာအိမ်) က အပူနဲ့ ပြင်ပအဲယားကွန်းရဲ့ အအေးဓာတ်တို ဝိရောဓိဖြစ်ခြင်းမှ ကာကွယ်ရာရောက်ပါတယ်။

အထက်ဖော်ပြခဲ့သော အချက်တိုကို သတိပြုလိုက်နာခြင်းဖြင့် အဲယားကွန်းကားစီးသူများအပြင် အဲယားကွန်းအခန်းဖြင့် အိပ်စက်သူများပါ အပူ၊ အအေးဝိရောဓိ လွန်ကဲမှုကြောင့် လေဖြတ်ခြင်း၊ ဦးနှောက် သွေးကြောပြတ်ခြင်းဘေးမှကင်းဝေးစေနိုင်ကြောင်း သတိပေးတင်ပြအပ်ပါတယ်။

Credit to orginal

ကားတစ်စီးတွင်ပါဝင်သည့်သိထားသင့်သော အချက်ပြသင်္ကေတ များ( မြန်မာလို )Ref - ရွှေနန်းတော်
24/03/2024

ကားတစ်စီးတွင်ပါဝင်သည့်
သိထားသင့်သော အချက်ပြသင်္ကေတ များ
( မြန်မာလို )

Ref - ရွှေနန်းတော်

သိမှတ်စရာ နည်းပညာ (အသက်ကယ် လေအိတ်စနစ်)အပိုင်း (၁)==============================လင်းလင်း(IA)       အခုနောက်ပိုင်း မော်ဒယ်...
10/03/2024

သိမှတ်စရာ နည်းပညာ (အသက်ကယ် လေအိတ်စနစ်)
အပိုင်း (၁)
==============================
လင်းလင်း(IA)

အခုနောက်ပိုင်း မော်ဒယ်မြင့်ကားတိုင်းမှာ တပ်ဆင်ပါရှိနေတဲ့ Airbagလို့ ခေါ်တဲ့ အသက်ကယ် လေအိတ်စနစ် အကြောင်းကို ကျွန်တော်က ပြန်ပြီး ဝေမျှပေးချင်ပါတယ်။ ဒီစနစ်ကို အင်္ဂလိပ်ဘာသာနဲ့ အဓိပ္ပါယ် ဖွင့်ဆိုထားတာက စက်ပစ္စည်းဆိုင်ရာ ဘေးကင်းလုံခြုံရေးစနစ်ရယ်လို့ ဖြစ်ပြီး သူက သတ်မှတ်ထားတဲ့ အရှိန်နဲ့ အထက် ရွေ့လျားနေတဲ့ စက်၊ ယာဉ်တစ်ခုကို ရုတ်တရက် ရပ်တန့်လိုက်တာမျိုး ဒါမှမဟုတ် ရပ်တန့်စေနိုင်လောက်အောင် တစ်စုံတစ်ရာနဲ့ ဆောင့်မိ၊ တိုက်မိတာမျိုး ဖြစ်ပေါ်တဲ့ အခါတွေမှာ စနစ်က စတင် အသက်၀င် လှုပ်ရှားတော့မှာ ဖြစ်ပါတယ်။

သူ့ရဲ့ စနစ်မှာ အလျော့အတင်း၊ အကွေး အဆန့် လုပ်နိုင်တဲ့ လေအိတ်တွေကို အဓိက အခြေခံထားပြီး ထုတ်လုပ် ဖန်တီးထားတာ ဖြစ်ပါတယ်။ တကယ်လို့ အထက်မှာ ကျွန်တော် ပြောခဲ့သလို စနစ်မှာ သတ်မှတ်ထားတဲ့ အရှိန်နဲ့ အထက် သွားလာ မောင်းနှင်နေတဲ့ ကားတစ်စီးဟာ ရုတ်တရက် ရပ်တန့်လိုက်ရပြီ ဆိုရင် အလိုအလျောက် လေအိတ်တွေ ပွင့်လာမှာ ဖြစ်သလို အဲဒီ လေအိတ်တွေထဲကို ပြင်ပက လေတွေ ချက်ချင်း ၀င်ရောက် ပြည့်၀သွားစေအောင် ဖန်တီးထားတာ ဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့ အရှိန်ဆိုတာကလည်း စက် ဒါမှမဟုတ် မော်တော်ကားကို မောင်းနှင်နေသူ အပါအ၀င် လိုက်ပါ နေသူတွေ အားလုံးအတွက် ရုတ်တရက် ရပ်တန့်လိုက်မှုကြောင့် ယာဉ် အတွင်းပိုင်း တစ်စုံတစ်ရာနဲ့ ခိုက်မိ ဒဏ်ရာ ရစေနိုင်လောက်တဲ့ အရှိန် ဒါမှမဟုတ် ပြင်ပကို လွင့်စင် ခိုက်မိစေနိုင်လောက်တဲ့ ပျမ်းမျှ အရှိန်ကို ဆိုလိုတာ ဖြစ်ပါတယ်။

ကနဦး အသက်ကယ် လေအိတ်စနစ်တွေက ယာဉ်မောင်းသူ အတွက်လောက်သာ ထည့်သွင်းတည်ဆောက်ခဲ့ကြတာ တွေ့ရပေမယ့် နောက်ပိုင်းမှာတော့ ယာဉ်စီးသည် အကုန်လုံးအတွက် အသက်ကယ် လေအိတ် တစ်လုံးစီ ဖြစ်စေ၊ စုပေါင်း အသက်ကယ် လေအိတ်စနစ်တွေ ဖြစ်စေ သီးသန့်စီ တပ်ဆင် ထည့်သွင်းလာကြပါတယ်။ အဲဒီလို ယာဉ်တစ်စီးမှာ အသက်ကယ် လေအိတ်စနစ်တွေ အများအပြား တပ်ဆင်လာကြတဲ့ အခါ ပုံသေ ပံစံ တပ်ဆင်တာမျိုးတွေ မရှိတော့ပဲ ယာဉ်ထုတ်လုပ်တဲ့ ကုမ္ပဏီ ကွဲပြားရင် ကွဲပြားသလို တပ်ဆင်တဲ့ စနစ်၊ တပ်ဆင်တဲ့နေရာ အပါအ၀င် အာရုံခံစနစ် အလုပ်လုပ်ပုံတွေတောင်မှ ကွဲပြားတာ တွေ့ရတတ်ပါတယ်။
ဒါပေမယ့် တူညီစွာ လုပ်ဆောင်တတ်တဲ့ အချက်တစ်ချက်တော့ ရှိပါတယ်။ အဲဒါကတော့ အသက်ကယ် လေအိတ် စနစ်တိုင်းဟာ ရှေ့ဘက် တိုက်ခိုက် ရပ်တန့်မှုတွေ အတွက်ပဲ ထုတ်လုပ်ထားတာ တွေ့ရခြင်း ဖြစ်ပါတယ်။ ချွင်းချက် အနေနဲ့တော့ အချို့သော ကားတွေမှာ ဘေးဘက် တိုက်ခိုက် ပျက်စီးမှုတွေ အတွက်ပါ အသက်ကယ် လေအိတ်စနစ်ကို တပ်ဆင် ထည့်သွင်းထားတာ တွေ့ရပါတယ်။

သူ့ရဲ့ သမိုင်းကြောင်းကို ပြောပါဆိုရင်တော့ ၁၉၇၀ပြည့်လွန်နှစ်တွေလောက်ကစပြီး ခရီးသည်တင် မော်တော်ယာဉ်တွေမှာ ဒီစနစ်ကို စတင် စမ်းသပ် တပ်ဆင် ထုတ်လုပ်ခဲ့တာ ဖြစ်ပြီးတော့ ပြီးပြည့်စုံတဲ့ စနစ် အဖြစ်တော့ အသက်မ၀င်ခဲ့ပါဘူး။ နောက်ပိုင်း ၁၉၈၀နဲ့ ၁၉၉၀ပြည့်လွန်နှစ်တွေ ရောက်မှ အသက်ကယ် လေအိတ်စနစ်တွေ ကားတွေမှာ တပ်ဆင်တာ ခေတ်စားလာပြီး အရင်ဆုံး တပ်ဆင်မှုတွေမှာ ပြောခဲ့ပြီးသလို ယာဉ်မောင်းတစ်ယောက်တည်း အတွက် အသက်ကယ် လေအိတ်စနစ် တပ်ဆင်ရာကနေ နောက်ပိုင်း ရှေ့ဖက် ထိုင်ခုံတစ်တန်းစာ အသက်ကယ် လေအိတ်စနစ်တွေ တပ်ဆင်လာခဲ့ပါတယ်။ လက်ရှိ အချိန်ထိတော့ မော်ဒယ်မြင့် ကားတစ်စီးအတွက် အသက်ကယ် လေအိတ်စနစ် တပ်ဆင်မှုတွေက အနည်းဆုံး လေအိတ် လေးလုံးကနေ ပိုမို များပြားတဲ့ ပမာဏလောက်ထိအောင် မော်ဒယ် အပေါ်လိုက်ပြီး တပ်ဆင်လာတာ တွေ့ရပါတယ်။

အသက်ကယ် လေအိတ်စနစ် Airbagရယ်လို့ သတ်သတ်မှတ်မှတ် မခေါ်သေးချိန်က ဒီစနစ်ကို အမည် နာမတွေ တော်တော်များများ ပေးပြီး ခေါ်ခဲ့ပါသေးတယ်။ အလွယ်ပြောရရင် General Motorsက ၁၉၇၀ပြည့်နှစ်မှာ ဖန်တီးထုတ်လုပ်ခဲ့တဲ့ သူ့ရဲ့ ပထမဆုံး အသက်ကယ် လေအိတ်စနစ်ကို Air Cushion Restraint System (ACRS)လို့ ခေါ်ခဲ့သေးတာကိုပဲ ကြည့်ရင် သိနိုင်ပါတယ်။
ဒီစနစ်ဟာ ကိုယ်သိုင်း ခါးပတ်ကြိုးစနစ်ရဲ့ နောက်မှ ပေါ်ထွက်လာတဲ့ စနစ် ဖြစ်ပြီးတော့ ကြီးမားတဲ့ ယာဉ်မတော်တဆမှု ဖြစ်ပေါ်တဲ့ အခါတွေမှာ ကိုယ်သိုင်း ခါးပတ်တွေရဲ့ အထိန်းအသိမ်းလောက်နဲ့ မလုံလောက်တော့ဘူးဆိုတာကို သိလာတဲ့နောက်ပိုင်း အာရုံခံစနစ်တစ်ခုနဲ့ ချိတ်ဆက် လုပ်ဆောင်နိုင်မယ့် စနစ် တစ်ခုကို ဖန်တီးရင်းကနေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ နောက်ထပ် ဒီစနစ်ကို ဖန်တီးရခြင်းရဲ့ နောက်ထက် ရည်ရွယ်ချက်တစ်ခုက ကိုယ်သိုင်း ခါးပတ်ကြိုးတွေက်ို အစားထိုး တပ်ဆင်ဖို့ ဖြစ်ပြီး မော်တော်ယာဉ် မောင်းသူတိုင်းဟာ ကိုယ်သိုင်း ခါးပတ်ပတ်ဖို့ မေ့လျော့ကြတာကြောင့်နဲ့ မပတ်ချင်ကြတာတွေကြောင့် ဒီစနစ်နဲ့ အစားထိုးပြီး ကိုယ်သိုင်း ခါးပတ် စနစ်ကို ဖယ်ထုတ်ဖို့ ရည်ရွယ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် တကယ်တမ်း စမ်းသပ် လုပ်ဆောင်မှုတွေမှာ အသက်ကယ် လေအိတ်စနစ်ကလည်း ရာနှုန်းပြည့် ကောင်းမွန်အောင် ကွာယ်နိုင်တဲ့ စနစ် တစ်ခု ဖြစ်မလာသေးသလို ကိုယ်သိုင်း ခါးပတ်စနစ်ကလည်း သူလိုလိုပါပဲ။ ဒါကြောင့် လက်ရှ်ိ အချိန်အထိ အသက်ကယ် လေအိတ်စနစ်နဲ့ ကိုယ်သိုင်း ခါးပတ်စနစ်တွေက ကျွန်းကိုင်းမီ၊ ကိုင်းကျွန်းမီ ဖြစ်နေရသေးတာပါ။

နောက်ပိုင်းမှာ တပ်ဆင်လာတဲ့ အသက်ကယ် လေအိတ်စနစ်တွေက ဘယ်လောက်ထိအောင် များပြား စေ့စပ်လာလဲ ဆိုရင် မော်တော်ယာဉ် အတွင်းမှာ ထိုင်နေတဲ့ ခရီးသည် တစ်ယောက်အတွက် သွေးထွက် ဒဏ်ရာ တစ်ခုခုရစေနိုင်လောက်အောင် မာကျောတဲ့ အရာတွေမှန်သျှကို ဖုံးလွှမ်းပေးထားနိုင်လောက်အောင်၊ ဒါမှမဟုတ် အဲဒီလို မာကျောတဲ့ နေရာတွေဆီကို ခရီးသည် လွင့်စင် ရောက်ရှိ မသွားအောင် ထိန်းချုပ် ထားနိုင်လောက်အောင်ပါပဲ။

နောက်ဆုံး ကျွန်တော် ပြောပြချင်တာကတော့ အဓိက အသက်ကယ် လေအိတ်စနစ်နှစ်မျိုး အကြောင်းပဲ ဖြစ်ပါတယ်။ သူတို့ကတော့ Side Torsoစနစ်နဲ့ Side Curtainစနစ်တွေ ဖြစ်ပါတယ်။ ပထမစနစ်ကို ပြောရရင် တင်ပါးဆုံရိုးနဲ့ ၀မ်းဗိုက်အောင်ပိုင်းလို နေရာတွေကို ထိခိုက်ဒဏ်ရာရခြင်းက ကာကွယ်ပေးနိုင်အောင် တပ်ဆင်တာ ဖြစ်ပြီးတော့ ဒီစနစ်မှာ လေအိတ်ခန်း နှစ်ခန်း ပါ၀င်တာ တွေ့ရပါတယ်။ အောက်ဖက် လေအိတ်ခန်းကတော့ အနည်းငယ် မာကျော တင်းမာမှာ ဖြစ်ပြီး တင်ပါးဆုံရိုးကို ဖိညှပ်ထိန်းချုပ်ထားနိုင်အောင် ရည်ရွယ်တာကြောင့် ဖြစ်ပြီး အပေါ်ဘက် လေအိတ်ကတော့ ၀မ်းဗိုက်ပိုင်းကို ညှပ်ထားမှာ ဖြစ်တာကြောင့် နူးညံ့ ပျော့ပျောင်းပါလိမ့်မယ်။

ဒုတိယ စနစ်ကတော့ ဦးခေါင်းပိုင်းဆိုင်ရာ အသက်ကယ် လေအိတ်စနစ်ဖြစ်ပြီးတော့ Head Protection System(HPS)ရဲ့ ပြီးပြည့်စုံတဲ့ စနစ်ပါ။ ဒီစနစ်ရဲ့ ပုံစံက ပြွန်ပုံစံ တည်ဆောက်ပုံ ရှိပြီးတော့ ဘေးဘက်ထိန်းချုပ်မှု ပုံစံနဲ့လည်း တပ်ဆင် ထုတ်လုပ်တတ်တာ တွေ့ရပါတယ်။ နောက်ထပ် ထည့်သွင်း တပ်ဆင်တတ်သေးတဲ့ အသက်ကယ် လေအိတ်စနစ်တွေက Knee Airbagနဲ့ Rear Curtain Airbagတွေ ဖြစ်ပါတယ်။

Address

ငါးမာန်အောင်ဘုရားလမ်း, ငမိုးရိပ်တံတားအဆင်း, မြောက်ဒဂုံမြို့နယ်
Yangon
11421

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 19:00

Telephone

+959777332183

Website

Alerts

Be the first to know and let us send you an email when Jack Auto Detailing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Jack Auto Detailing:

Share