09/07/2026
ဒီတစ်ခါမှာတော့ လိုရာခရီးရောက်ရှိဖို့အတွက် လမ်းအသုံးပြုနေချိန်မှာ မိုးသည်းထန်စွာ ရွာသွန်းလာပါက အန္တရာယ်ကင်းရှင်းရေး သတိပြုဖွယ်ရာ လိုက်နာသင့်သည့်အချက်များကို ပြောပြပေးသွားမယ်နော်။
မိုးသည်းထန်စွာရွာသွန်းနေချိန်မှာ မောင်းနှင်ရတာက စိန်ခေါ်မှုများစွာရှိပါတယ်။ ဘေးအန္တရာယ်ကင်းရှင်းရေးလမ်းညွှန်ချက်တွေကို လိုက်နာရုံတင်မကဘဲ၊ ခေတ်မီတဲ့ နည်းပညာတွေပါဝင်တဲ့ Hyundai ကားတွေကို အသုံးပြုခြင်းက မိုးရာသီခရီးစဉ်တိုင်းကို ပိုမိုစိတ်ချရစေပါတယ်။
၁။ ကားမမောင်းခင် ဘရိတ်၊ ဘီး၊ ဝိုင်ပါ (Wiper)၊ တာယာနှင့် မီးလုံးများကို စစ်ဆေးပါ။
Hyundai အမျိုးအစား ကား၏ အားသာချက်: Tire Pressure Monitoring System (TPMS) ကဲ့သို့သော စနစ်များက မောင်နှင်နေစဉ် တာယာလေဖိအားကို အမြဲမပြတ် စောင့်ကြည့်ပေးပြီး သတိပေးချက်ပေးပါတယ်။ ဒါ့အပြင်၊ Hyundai ရဲ့ တီထွင်ဆန်းသစ်ထားတဲ့ Aero Wiper Blades တွေက မိုးသည်းထန်နေချိန်မှာတောင် ကားမှန်ပေါ်က ရေကို ထိရောက်စွာ ဖယ်ရှားပေးနိုင်လို့ မြင်ကွင်းကို ကြည်လင်စေပါတယ်။
၂။ မိုးကောင်းစွာရွာသွန်းလျှင် ရှေ့မီးကြီး (Headlights) ကို ဖွင့်၍ မောင်းပါ။
Hyundai အမျိုးအစား ကား၏ အားသာချက်: Automatic Headlight Control စနစ်က ပြင်ပအလင်းရောင်လျော့နည်းလာတာနဲ့ (မိုးမှောင်လာတာနဲ့) မီးလုံးတွေကို အလိုအလျောက်ဖွင့်ပေးပါတယ်။ ဒါ့အပြင်၊ အဆင့်မြင့် Hyundai မော်ဒယ်တွေမှာပါတဲ့ High Beam Assist (HBA) ကလည်း ညဘက်မိုးရွာနေချိန်မှာ အခြားယာဉ်တွေကို မပြိုးစေဘဲ အကောင်းဆုံးမြင်ကွင်းကို ရရှိစေပါတယ်ခင်ဗျာ။
၃။ လမ်းချောနိုင်သဖြင့် အရှိန်လျှော့၍ မောင်းပါ။
Hyundai အမျိုးအစား ကား၏ အားသာချက်: ဒီနေရာမှာ Hyundai ရဲ့ H-TRAC All-Wheel Drive (AWD) စနစ်က အဓိကကျပါတယ်။ လမ်းချောတဲ့အခါ ဘီးတစ်ခုချင်းစီကို လိုအပ်တဲ့ အင်အားအပြည့် ပေးပို့ပေးလို့ ကားမချော်အောင်နဲ့ တည်ငြိမ်မှုရှိအောင် ကူညီပေးပါတယ်။
၄။ ဘယ်/ညာ၊ ရှေ့/နောက် ကြည့်ပြီး လုံခြုံသော အကွာအဝေးထား၍ မောင်းပါ။
Hyundai အမျိုးအစား ကား၏ အားသာချက်: Hyundai ရဲ့ Smart Cruise Control (SCC) က ရှေ့ကားနဲ့ လုံခြုံတဲ့အကွာအဝေးကို အလိုအလျောက် ထိန်းညှိပေးပါတယ်။ ဒါ့အပြင်၊ Blind-Spot View Monitor (BVM) က ဘေးမှန်တွေထက် ပိုမိုကျယ်ပြန့်တဲ့ မြင်ကွင်းကို ဒိုင်ခွက်ပေါ်မှာ ပြသပေးလို့ လမ်းပြောင်းတဲ့အခါ ပိုမိုစိတ်ချရပါတယ်။
၅။ ကားအတွင်းသို့ရောက်လျှင် ထိုင်ခုံခါးပတ်ကို အမြဲတမ်း တပ်ဆင်ထားပါ။
Hyundai အမျိုးအစား ကား၏ အားသာချက်: Hyundai ကားတိုင်းမှာ အဆင့်မြင့် ထိုင်ခုံခါးပတ် သတိပေးစနစ်တွေနဲ့ လေအိတ် (Airbags) စနစ်တွေအပြင်၊ ကလေးသူငယ်များအတွက် Rear Occupant Alert (ROA) ကဲ့သို့သော နည်းပညာတွေကလည်း နောက်ထပ် လုံခြုံရေးအလွှာတစ်ခုကို ပံ့ပိုးပေးပါတယ်ခင်ဗျာ။
၆။ ခရီးဝေးသို့ သွားရပါက ရှေးဦးသူနာပြုပစ္စည်းများကို အဆင်သင့် သယ်ဆောင်သွားပါ။
Hyundai အမျိုးအစား ကား၏ အားသာချက်: Hyundai ရဲ့ ကျယ်ဝန်းပြီး စနစ်တကျ ပြုလုပ်ထားတဲ့ ကားအတွင်းခန်းပုံစံတွေကြောင့် ရှေးဦးသူနာပြုပစ္စည်းတွေနဲ့ အခြားအရေးပေါ်ကိရိယာတွေကို အလွယ်တကူ သိမ်းဆည်းသယ်ဆောင်သွားနိုင်ပါတယ်။
🏢 𝗛𝗬𝗨𝗡𝗗𝗔𝗜 𝗠𝗠𝗠
အမှတ် - ၁၉၄/၁၉၆၊ အရှေ့ မြင်းပြိုင်ကွင်းလမ်းနှင့် ရွှေဝါလမ်းထောင့်၊ ကျိုက္ကဆံအားကစားကွင်းအရှေ့၊ မာန်အောင်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။
📲 Contact
Hot Line: 09 95858 1111, 09 95858 2222
Service and Spare Parts: 09 898 33 8585, 09 898 33 8686
Office Number: 09 77777 3639
Email - [email protected]
ှာဆိုMMM #စိတ်ချရွေးချယ်HyndaiMMMမှာဝယ်