Aisin Aftermarket Myanmar by PVI

Aisin Aftermarket Myanmar by PVI Lubricants , Cooling Systems , Auto Parts Lubricant, Engine Oil , ATF , Cooling System, Coolant, Break Parts

အော်တိုဂီယာကားတွေမှာ ဂီယာပြောင်းတိုင်း ချောချောမွေ့မွေ့နဲ့ မောင်းနှင်ရဖို့ Gear Oil ရွေးချယ်မှုက အရေးကြီးပါတယ် ❕❕❕AISIN ...
11/08/2026

အော်တိုဂီယာကားတွေမှာ ဂီယာပြောင်းတိုင်း ချောချောမွေ့မွေ့နဲ့ မောင်းနှင်ရဖို့ Gear Oil ရွေးချယ်မှုက အရေးကြီးပါတယ် ❕❕❕

AISIN AFW+ ဟာ ဂျပန်နိုင်ငံထုတ် Fully Synthetic Multi Vehicle Automatic Transmission Fluid ဖြစ်ပြီး Conventional Automatic Transmission တွေအတွက် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်အောင် ဖော်စပ်ထားပါတယ် ⚙️

ဘာတွေကောင်းလဲဆိုရင်... ⤵️⤵️⤵️

🔹 Multi Vehicle Compatibility
ဂျပန်၊ ကိုရီးယား၊ ဥရောပနဲ့ အမေရိကန်ထုတ် ကားတွေရဲ့ သတ်မှတ်ထားတဲ့ Conventional Automatic Transmission အများစုမှာ အသုံးပြုနိုင်ပါတယ်။

🔹 ဂီယာပြောင်းတာ ပိုချောမွေ့ခြင်း
ဂီယာချိန်းတဲ့အချိန်မှာ ဖြစ်တတ်တဲ့ တုန်ခါမှုနဲ့ ဂီယာညပ် သလို ခံစားရတာတွေကို လျှော့ချပေးပြီး မောင်းနှင်ရတာ ပိုချောမွေ့စေပါတယ်။

🔹 ဂီယာဘေက်အတွင်းပိုင်းအပူဒဏ်ကို ခံနိုင်ရည်ကောင်းခြင်း၊ မောင်းနှင်ချိန်ကြာလာပြီး အပူချိန်မြင့်လာတဲ့အခါမှာလည်း ATF ရဲ့ စွမ်းဆောင်ရည်ကို တည်ငြိမ်စွာ ထိန်းသိမ်းပေးနိုင်ဖို့ ဖော်စပ်ထားပါတယ်။

🔹 Transmission အစိတ်အပိုင်းများကို ကာကွယ်ပေးခြင်း
ပွတ်တိုက်မှု၊ ဟောင်းနွမ်းမှုနဲ့ အနည်အနှစ်ဖြစ်ပေါ်မှုတွေကို ထိန်းချုပ်ပေးနိုင်တာကြောင့် Transmission System ရဲ့ ချောမွေ့တဲ့ လည်ပတ်မှုကို အထောက်အကူပြုပါတယ်။

⚙️ AISIN AFW+ ရဲ့ Application / Performance Standards များ

Toyota: ATF Type-T, T-II, T-III, Type-IV / Dexron II, II-E, Dexron III / ATF WS and T-IV

Honda: Ultra ATF Z1, DW-1

Daihatsu: Ammix ATF DIII Multi, D3-SP

Mitsubishi: Diaqueen ATF SP-II, SP-II M, SP-III, ATF AW, J2, ATF SK

Mazda: ATF M-III, JWS 3317, M-V, F-1, Besco ATF III

Nissan: Matic Fluid-D, Matic Fluid-J, Fluid-S

Suzuki: ATF 5D06, 2384K, ATF 3314 / 3317 / Dexron II-E

(တခြားသော ATF ထည့်သွင်းအသုံးပြုရသည့် Gear Box များတွင်လည်း ကား၏ Service Manual အညွှန်းတွင် ဖော်ပြထားသည့်အတိုင်း အသုံးပြုနိုင်ပါသည်။)

⚠️ သတိပြုရန် - AISIN AFW+ ကို CVT နဲ့ DCT Transmission တွေအတွက် အသုံးမပြုသင့်ပါ။ ကားတစ်စီးချင်းစီအလိုက် သတ်မှတ်ထားတဲ့ ATF Specification ကို အရင်စစ်ဆေးပြီးမှ အသုံးပြုဖို့ အရေးကြီးပါတယ်။

AISIN AFW+ - Premium Synthetic Multi Vehicle ATF
Automatic Transmission အတွက် ချောမွေ့တဲ့ မောင်းနှင်မှုနဲ့ ယုံကြည်စိတ်ချရတဲ့ ရွေးချယ်မှု ✨

📍 Address : 309, Yadanar Road (Corner of Waizayandar Road and Yadanar Road), 11 Quarter, South Okkalapa Township, Yangon, Myanmar.
📞 Tel: +959 779770099, +959 976214401, +959 76214402






မိုင်ပေါင်းများစွာ မောင်းနှင်ထားရတဲ့ ဒီဇယ်အင်ဂျင်ဟောင်း တွေအတွက် အင်ဂျင်ဝိုင်ဆိုတာ ရိုးရိုးဆီတစ်မျိုးထက် ပိုပါတယ် ‼️အင်ဂ...
06/08/2026

မိုင်ပေါင်းများစွာ မောင်းနှင်ထားရတဲ့ ဒီဇယ်အင်ဂျင်ဟောင်း တွေအတွက် အင်ဂျင်ဝိုင်ဆိုတာ ရိုးရိုးဆီတစ်မျိုးထက် ပိုပါတယ် ‼️

အင်ဂျင်ကို ကာကွယ်ပေးနိုင်မှ၊ စွမ်းဆောင်ရည်ကို ထိန်းထားနိုင်မှ၊ ရေရှည်အသုံးခံနိုင်ပြီး စိတ်ချလက်ချ မောင်းနှင်နိုင်မှာပါ ... ✨

AISIN 15W-40 CF-4 က Heavy-Duty Diesel Engine တွေအတွက် အခုလို လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ အင်ဂျင်ဝိုင်တစ်မျိုးဖြစ်ပါတယ် -

🔸 Engine Wear Protection – အင်ဂျင်အစိတ်အပိုင်းတွေကို ပွတ်တိုက်စားမှု (Wear) ကနေ ကာကွယ်ပေးပါတယ်။

🔸 High Temperature Stability – အပူချိန်မြင့်တဲ့ အခြေအနေတွေမှာလည်း Oil Film ကို တည်ငြိမ်စွာ ထိန်းထားနိုင်ပါတယ်။

🔸 Sludge & Deposit Control – Carbon၊ Sludge နဲ့ Deposit ဖြစ်ပေါ်မှုကို လျော့နည်းစေပြီး အင်ဂျင်ကို သန့်ရှင်းစေပါတယ်။

🔸 Excellent Lubrication – အင်ဂျင်အစိတ်အပိုင်းတွေကြား ပွတ်တိုက်မှုကို လျော့နည်းစေပြီး လည်ပတ်မှုကို ချောမွေ့စေပါတယ်။

🔸 Oxidation Resistance – အပူကြောင့် ဆီပျက်စီးမှုကို နှေးကွေးစေပြီး ဆီရဲ့ စွမ်းဆောင်ရည်ကို ပိုကြာကြာ ထိန်းထားနိုင်ပါတယ်။

🔸 Cold Start Protection – မနက်ခင်း Cold Start အချိန်မှာလည်း ဆီလည်ပတ်မှုကောင်းမွန်စေပါတယ်။

🔸 Long Engine Life – Wear၊ Heat နဲ့ Deposit ဖြစ်ပေါ်မှုကို လျော့နည်းစေပြီး အင်ဂျင်သက်တမ်းကို အထောက်အကူပြုပါတယ်။

🔸 Heavy-Duty Performance – Pickup၊ Truck၊ Van, လုပ်ငန်းသုံး အကြီးစား မီးစက်များ ၊ စက်ယန္တယားကြီးများ နဲ့ Commercial Vehicle တွေအတွက် တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ပါတယ်။

အလုပ်များတဲ့ နေ့စဉ်မောင်းနှင်မှုတိုင်းမှာ အင်ဂျင်ကို စိတ်ချလက်ချ ကာကွယ်ပေးနိုင်ဖို့ AISIN 15W-40 CF-4 ကို ရွေးချယ်အသုံးပြုလိုက်ပါ ‼️

📍 Address : 309, Yadanar Road (Corner of Waizayandar Road and Yadanar Road), 11 Quarter, South Okkalapa Township, Yangon, Myanmar.

📞Tel: +959 779770099, +959 976214401, +959 76214402






🎉 I earned the emerging talent badge this week, recognizing me for creating engaging content that sparks an interest amo...
05/08/2026

🎉 I earned the emerging talent badge this week, recognizing me for creating engaging content that sparks an interest among my fans!

စက်ယန္တရားကြီးတွေ၊ လုပ်ငန်းသုံးကားတွေမှာ ဂီယာအုံရဲ့ စွမ်းဆောင်ရည်က အရေးကြီးတဲ့အချက်တစ်ခု ဖြစ်ပါတယ် ❗️80W-90 GL-5 ဟာ ဝန်အ...
30/07/2026

စက်ယန္တရားကြီးတွေ၊ လုပ်ငန်းသုံးကားတွေမှာ ဂီယာအုံရဲ့ စွမ်းဆောင်ရည်က အရေးကြီးတဲ့အချက်တစ်ခု ဖြစ်ပါတယ် ❗️

80W-90 GL-5 ဟာ ဝန်အားများတဲ့ ဂီယာစနစ်တွေအတွက် ထုတ်လုပ်ထားတဲ့ ဂီယာဝိုင်ဖြစ်ပြီး ဂီယာအစိတ်အပိုင်းတွေကြား ပွတ်တိုက်မှုကို လျှော့ချပေးကာ ဂီယာပြောင်းတဲ့အခါ ပိုမိုချောမွေ့စေပါတယ် ✨

80W-90 GL-5 (20L) နဲ့ဆိုရင် ⤵️

⚙️ အင်ဂျင်နှင့် စက်ပိုင်းဆိုင်ရာ အစိတ်အပိုင်းများ လည်ပတ်ရာတွင် ဖြစ်ပေါ်နိုင်တဲ့ အသံများကို လျှော့ချပေးပြီး ပိုမိုငြိမ်သက်တဲ့ မောင်းနှင်မှုကို ရရှိစေပါတယ်။

⚙️ ဖိအားများပြားတဲ့ လည်ပတ်မှုအခြေအနေများတွင်လည်း စက်အစိတ်အပိုင်းများကို ကောင်းစွာ ကာကွယ်ပေးနိုင်ပါတယ်။

⚙️ အစိတ်အပိုင်းများ အချင်းချင်း ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ပွန်းစားမှုကို လျှော့ချပေးပြီး အသုံးခံမှုကို ပိုမိုကောင်းမွန်စေပါတယ်။

⚙️ အသုံးများတဲ့ Sealing Materials များနှင့် တွဲဖက်အသုံးပြုရာတွင် ပျက်စီးယိုယွင်းမှု မဖြစ်စေဘဲ စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။

⚙️ အချိန်ကြာမြင့်စွာ အသုံးပြုနေသော်လည်း အရည်အသွေးကျဆင်းမှုကို လျှော့ချပေးပြီး တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ထိန်းသိမ်းပေးပါတယ်။

⚙️ အေးမြတဲ့ ရာသီဥတုနှင့် အပူချိန်နိမ့်သော အခြေအနေများတွင်လည်း ကောင်းမွန်စွာ အလုပ်လုပ်နိုင်ပါတယ်။

⚙️ အပူချိန်ပြောင်းလဲမှုများရှိသော်လည်း အရည်၏ ပျစ်ဆိမ့်မှု (Viscosity) ကို တည်ငြိမ်စွာ ထိန်းသိမ်းပေးနိုင်ပါတယ်။

20L ပုံးအရွယ်အစားဖြင့် ရရှိနိုင်တာကြောင့် လုပ်ငန်းသုံးယာဉ်များနှင့် စက်ယန္တရားများအတွက် အသုံးပြုရလွယ်ကူပြီး ဂီယာစနစ်ကို ကြာရှည်ထိန်းသိမ်းနိုင်ဖို့ သင့်တော်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ် 💯

ဂီယာစနစ်ရဲ့ စွမ်းဆောင်ရည်နဲ့ အသုံးခံမှုကို ပိုမိုကောင်းမွန်စေဖို့ 80W-90 GL-5 (20L) ကို အသုံးပြုလိုက်ပါ ❗️

📍 Address : 309, Yadanar Road (Corner of Waizayandar Road and Yadanar Road), 11 Quarter, South Okkalapa Township, Yangon, Myanmar.

📞Tel: +959 779770099, +959 976214401, +959 76214402






🌕 ဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့) 🙏ယနေ့သည် မြတ်စွာဘုရားရှင် ပထမဆုံးတရားဦး ဟောကြားတော်မူခဲ့သော နေ့ထူးနေ့မြတ် ဖြစ်ပါသည်။ဤမင်္...
29/07/2026

🌕 ဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့) 🙏
ယနေ့သည် မြတ်စွာဘုရားရှင် ပထမဆုံးတရားဦး ဟောကြားတော်မူခဲ့သော နေ့ထူးနေ့မြတ် ဖြစ်ပါသည်။
ဤမင်္ဂလာရှိသောနေ့တွင်...
✨ ကုသိုလ်ကောင်းမှုများ ပြုလုပ်နိုင်ကြပါစေ။
✨ မေတ္တာ၊ ကရုဏာတရားများ တိုးပွားကြပါစေ။
✨ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။
မင်္ဂလာရှိသော ဝါဆိုလပြည့်နေ့ ဖြစ်ပါစေ။ 🙏🌼

အမြင့်မားဆုံး သန့်စင်မှု၊ အကောင်းဆုံး ရုန်းအား ရရှိစေရန်AISIN  DIESEL FUEL SYSTEM CLEANER ကိုပါ တွဲသုံးပါ ဒီဇယ်ကားတွေမှာ...
24/07/2026

အမြင့်မားဆုံး သန့်စင်မှု၊ အကောင်းဆုံး ရုန်းအား ရရှိစေရန်

AISIN DIESEL FUEL SYSTEM CLEANER ကိုပါ တွဲသုံးပါ

ဒီဇယ်ကားတွေမှာဆိုရင် Fuel System ကို မဖြစ်မနေ ထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ် ✨

ဆီလမ်းကြောင်းမှာ အချိန်ကြာလာတာနဲ့အမျှ ကာဗွန်အညစ်အကြေးတွေ များလာနိုင်တာကြောင့်ပါ ❗️

ဒါပေမယ့် ဒီလို ပြဿနာတွေကို ဖြေရှင်းဖို့အတွက် Aisin Diesel Fuel System Cleaner ရှိပါတယ် ...

Aisin Diesel Fuel System Cleaner နဲ့ဆိုရင် ⬇️

✅ Fuel Tank မှ Injector အထိ ဆီလမ်းကြောင်းအတွင်းရှိ ကာဗွန်နဲ့ အညစ်အကြေးများကို သန့်ရှင်းစေရန် အထောက်အကူပြုနိုင်ခြင်း။

✅ Fuel Injector Spray Pattern ကို ပုံမှန်အခြေအနေမှာ ထိန်းသိမ်းရာတွင် အထောက်အကူပြုပြီး လောင်ကျွမ်းမှုကို ပိုမိုကောင်းမွန်စေဖို့ ကူညီပေးခြင်း။

✅မသန့်ရှင်းသော လောင်စာဆီများ သုံးမိခြင်း ၊ ဆီတွင်ရေ ပါဝင်ပါက AISIN Diesel Fuel System Cleaner တွင်ပါဝင်သော Chemical Additives က ရေမှုန်ရေမွှား အဖြစ်ခွဲပေး နိုင်ခြင်း
Injectors များ နှင့် High Pressure Pump ကို ဆီလုံလောက်စွာ တွန်းပို့နိုင်ခြင်း ၊ ဆီ Fuel Filter Cartridge ကို ဂျေး ပိတ်ခြင်းမှ နည်းစေခြင်း

✅ လောင်ကျွမ်းမှုစနစ်ကို ထိန်းသိမ်းပေးတာကြောင့် အင်ဂျင်ရဲ့ စွမ်းဆောင်ရည်ကို ပုံမှန်အခြေအနေမှာ ဆက်လက်ထိန်းထားနိုင်ရန် အထောက်အကူပြုခြင်း။

✅ အင်ဂျင်လည်ပတ်မှုကို ပိုမိုချောမွေ့တည်ငြိမ်စေဖို့ Fuel System သန့်ရှင်းမှုကို ထိန်းသိမ်းပေးနိုင်ခြင်း။

အသုံးပြုပုံ

AISIN Diesel Fuel System Cleaner အသုံးပြုတဲ့အခါ ဆီတိုင်ကီတွင် အနည်းဆုံး Liter 20 ရှိရမည်ဖြစ်ပြီး တစ်ခါ Treatment ပြုလုပ်ပြီးတိုင်း Kilo 5000 ကြာသည်အထိ အသုံးပြုနိုင်ပါသည်

လုပ်ငန်းသုံးကားပဲဖြစ်ဖြစ်... နေ့စဉ်အသုံးပြုတဲ့ ဒီဇယ်ယာဉ်ပဲဖြစ်ဖြစ် Fuel System ကို ပုံမှန်ဂရုစိုက်ချင်တယ်ဆိုရင် ASN Diesel Fuel System Cleaner ကို ရွေးချယ်လိုက်ပါ 🚛

📍 Address : 309, Yadanar Road (Corner of Waizayandar Road and Yadanar Road), 11 Quarter, South Okkalapa Township, Yangon, Myanmar.

📞Tel: +959 779770099, +959 976214401, +959 76214402






ကားအစီးရေများတဲ့ လုပ်ငန်းခွင်တွေနဲ့ ဝပ်ရှော့တွေအတွက် ...AISIN CI-4 SAE 15W-40 (200L) ဟာ CI-4 စံနှုန်းပြည့်တဲ့ အင်ဂျင်ဝို...
21/07/2026

ကားအစီးရေများတဲ့ လုပ်ငန်းခွင်တွေနဲ့ ဝပ်ရှော့တွေအတွက် ...

AISIN CI-4 SAE 15W-40 (200L) ဟာ CI-4 စံနှုန်းပြည့်တဲ့ အင်ဂျင်ဝိုင်ဖြစ်ပါတယ် 🔥

ASN CI-4 SAE 15W-40 နဲ့ဆိုရင် ⬇️

🛠️ အစိတ်အပိုင်းတွေကြားမှာ Oil Film တည်ဆောက်ပေးတာမလို့ ပွတ်တိုက်မှုကြောင့် အင်ဂျင်ထိခိုက်မှုကို လျှော့ချပေးခြင်း

🛠️ အင်ဂျင်အပူချိန် ဘယ်လောက်တက်တက် Viscosity မပျက်စီးဘဲ အင်ဂျင်ကို တည်ငြိမ်စွာ လည်ပတ်စေခြင်း

🛠️ အင်ဂျင်ထဲမှာ ကပ်ငြိနေတတ်တဲ့ ကာဗွန်အနည်အနှစ်နဲ့ အညစ်အကြေးတွေကို အမြဲသန့်စင်ပေးခြင်း

🛠️ အင်ဂျင်အစိတ်အပိုင်းတွေ ချောမွေ့စွာလည်ပတ်နိုင်တဲ့အတွက် အင်ဂျင်ဝန်ပိမှုကို လျှော့ချပေးပြီး ဆီစားနှုန်းကို သက်သာစေခြင်း

🛠️ CI-4 Standard ဖြစ်တဲ့အတွက် Turbo ပါဝင်တဲ့ ဒီဇယ်အင်ဂျင်တွေမှာ သုံးစွဲဖို့ စိတ်ချရပြီး Turbo ရဲ့သက်တမ်းကိုပါ ရှည်ကြာစေခြင်း

🛠️ အင်ဂျင်အစိတ်အပိုင်းတွေ သံချေးမတက်အောင် ကာကွယ်ပေးသလို ဆီရဲ့အရည်အသွေးကိုလည်း သက်တမ်းကုန်ဆုံးတဲ့အထိ တည်ငြိမ်အောင် ထိန်းထားနိုင်ခြင်း

🛠️ ကားအမျိုးအစား စုံလင်စွာ အသုံးပြုနိုင်ခြင်း
• Heavy Duty Trucks: ကုန်တင်ကားကြီးများ။
• Construction Machinery: ဘက်ဟိုး၊ မြေထိုးစက်များ။
• Older Engines: အင်ဂျင်သက်တမ်း အတန်အသင့်ရှိသော ကားများအတွက် လဲအသုံးပြုနိုင်ပါတယ်။

Diesel အင်ဂျင်တွေကို ပိုကောင်းစေဖို့အတွက် ASN CI-4 SAE 15W-40 ကိုသာ ရွေးချယ်လိုက်ပါ ‼️

📍 Address : 309, Yadanar Road (Corner of Waizayandar Road and Yadanar Road), 11 Quarter, South Okkalapa Township, Yangon, Myanmar.

📞Tel: +959 779770099, +959 976214401, +959 76214402






" အာဇာနည်နေ့ ဒို့မမေ့"၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၊ (၁၉)ရက်နေ့သည် (၇၈) နှစ်မြောက် အာဇာနည်နေ့ပင် ဖြစ်ပါသည်။၁၉၄၇ ခုနှစ်၊ ဇူလိုင်လ...
19/07/2026

" အာဇာနည်နေ့ ဒို့မမေ့"
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၊ (၁၉)ရက်နေ့သည် (၇၈) နှစ်မြောက် အာဇာနည်နေ့ပင် ဖြစ်ပါသည်။
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၊ (၁၉) ရက်နေ့၊ နံနက် (၁၀) နာရီ (၃၇) မိနစ် အချိန်တွင် ကျဆုံးခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား Aisin Aftermarket Myanmar by PVI မှ ရိုသေလေးစားစွာဖြင့် ဦးညွတ်ဂါရဝပြုအပ်ပါသည်။

AISIN_ We Touch the Future

#၇၉နှစ်မြောက်အာဇာနည်နေ့ #၁၉ဇူလိုင် #အာဇာနည်နေ့

World Cup Final ပွဲကြီး ရောက်လာတော့မယ်နော် 🔥⚽ Spain ရဲ့ Passing Game နဲ့ Team Play က အားသာမလား ❓⚽ Argentina ရဲ့ တိုက်စစ်...
18/07/2026

World Cup Final ပွဲကြီး ရောက်လာတော့မယ်နော် 🔥

⚽ Spain ရဲ့ Passing Game နဲ့ Team Play က အားသာမလား ❓
⚽ Argentina ရဲ့ တိုက်စစ်နဲ့ အတွေ့အကြုံက အနိုင်ရမလား ❓

ပရိတ်သတ်တို့ရေ ... ဘယ်အသင်းကို အနိုင်ရမယ်လို့ ထင်ကြလဲ 🤔

🇪🇸 Spain လား
🇦🇷 Argentina လား

Comment မှာ ကိုယ်အားပေးတဲ့ အသင်းကို ရေးခဲ့ကြဦးနော် ❓

📍 Address : 309, Yadanar Road (Corner of Waizayandar Road and Yadanar Road), 11 Quarter, South Okkalapa Township, Yangon, Myanmar.

📞Tel: +959 779770099, +959 976214401, +959 76214402







Address

No (309), Corner Of Yadana Street & Waizayanta Street, South Okkalapa Township
Yangon
00929

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959976214401

Alerts

Be the first to know and let us send you an email when Aisin Aftermarket Myanmar by PVI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aisin Aftermarket Myanmar by PVI:

Shortcuts

Share

Category