BSTR Automobile

BSTR Automobile Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from BSTR Automobile, Automotive Dealership, No. 99, Aung Zaya Road, 13QTR, Yangon.

We are BSTR group who provides best automotive services possible to our customers such as buy/sell/trade/rent, detailing, tuning, maintenance, workshop services, customizations, accessories and so on.

ကားအကြောင်း သိကောင်းစရာ နှင့် Mercedes G Calss / Wagon  အားလုံး မင်္ဂလာပါ ခင်ဗျာ ကျွန်တော် BSTR Automobile Group ရဲ့ Adm...
08/01/2021

ကားအကြောင်း သိကောင်းစရာ နှင့် Mercedes G Calss / Wagon

အားလုံး မင်္ဂလာပါ ခင်ဗျာ
ကျွန်တော် BSTR Automobile Group ရဲ့ Admin တစ်ယောက်ပါ .. ကျွန်တော်တို့ အဖွဲ့ ကားကို ရူးသွပ်လွန်းလို့ အလုပ်အနေဖြင့် လုပ်နေကြသူများပါ ... လေ့လာသူ ဝါသနာရှင် ပညာဝယ်တစ်ယောက်မို့ အမှားများရှိရင် ညီအကိုများ အားလုံး ဖြည့်စွက် ဖတ်ရှုပေးဖို့ ရှေးဦးစွာ ပြောကြားလိုပါသည် ခင်ဗျာ .. G class အကြောင်းရေး မှာပါ သို့သော် အပိုင်း ( 1 ) အနေဖြင့် ပျိုးတဲ့ အနေနဲ့ basics လေးတွေ ဆွေးနွေးခွင့်ပြုပါ ခင်ဗျား ...

စတင်ပြောလိုသည်ကတော့ ကျွန်တော်တို့ လို ကား crazy များ အမြဲ လုပ်ရိုးလုပ်စဉ်တစ်ခု .. website များတွင် မွှေနှောက်ကြည့်ရှုတဲ့ ခံစား အိပ်မက်မက်တဲ့ ရောဂါပါပဲ :)
ဒါနဲ့ ပတ်သက်ပီး ပြောရရင် ကျွန်တော် တို့ website တွေမှာ ရေးထားတဲ့ အကြောင်းအရာ တစ်ခုခြင်း သို့မဟုတ် အများစုကို နားလည်ရဲ့ လားဆိုတာပါပဲ .. ကျွန်တော်လဲ အကုန် မသိပါ .. မသိတာကို ပြန်ဖတ်ရှု လေ့လာရတာပေါ့ ခင်ဗျာ .. ကျွန်တော်နားလည်သလောက် ပြောရရင် ကားတစ်စင်း japan car, european car ဘာ ကား မဆို basics တွေက အတူတူပါပဲဆိုတဲ့ pattern လေးပါပဲ .. ဥပမာ engine, drive train, transmission, vehicle type, electronics / gadgets / infotainment ဆိုင်ရာ စသဖြင့် ပေါ့ .. ပီးတော့ နားလည်ရမှာက body to engine ratio ... weight to engine output ratio စသဖြင့် .. ဥပမာ ကားတစ်စင်း ကွက်တိဖြစ်သွားတဲ့ အနေအထားလေးတွေ .. လုံလောက်တာထက် ကျော်သွားရင် performance စာရင်း စဝင်ပီလို့ ကျွန်တော်တော့ ကိုယ့်ဟာကိုယ် ပြောမိတယ် .. အိုကေ ဥပမာ BMW ရိုးရိုး 5 series .. ထားပါတော့ 535 i ... 5 series ... 3.5 L 6-cylinder engine ပေါ့ .. ဒါဆို လုံလောက်နေပါပီ .. ကျနော့် တွေ့ရှိချက်အရတော့ japan car တွေသည် reliability ရည်ရှည်တစ်ခုကို အဓိက ထားပီး german car များသည် performance ဘက်ကို သွားပါတယ် .. engine တွေမှာ ဥပမာ 6 cylinder engine ( straight line or V .. straight / inline 6 ... or V6 ) တူရင်တောင် output horsepower မြင်းကောင်ရေ ထွက်နှုန်းနဲ့ torque ရုန်းအား ကွာခြားတာကို တွေ့ရပါတယ် japan car များသည် နည်းပီး german car တွေက ပိုထွက်ပါတယ် .. reliability အနေနဲ့ ပြောရရင် engine တစ်လုံးကို စက်ရုံက ထုတ်လုပ်ပီဆိုပါစို့ ဘယ်သူမှတော့ ရည်တို မတွက်လောက်ဘူး ထင်မိပါတယ် သို့သော် ဘလောက်ခိုင်းလဲ ဆိုတာမျိုးပေါ့ .. output ပိုထွက်ဖို့ ( နည်းပညာ မြင့်မားမှု ခဏမေ့ထားကြပါစို့ ) engine က ပိုရုန်းရတယ် ထား လျှော့လိုက်ရင် လျှော့ရုန်းရတော့ သက်သာမယ် ဒီတော့ ရည်ရှည်ပိုခံမယ်ဗျာ ကလေးအတွေးပါ .. လူတစ်ယောက်ကို အရမ်းခိုင်းလိုက်ရင် အရမ်း ပင်ပန်းမြန်သွားတာမျိုးပေါ့ .. အိုကေ ဒါက ကလေးအတွေးပါ .. အိုကေ တစ်ခုခြင်း ကျနော် နားလည်သလောက် ပြောကြည့်ပမယ်ခင်ဗျာ ..

Engine ဖွဲ့စည်းမှု .. ကျနော် သိသလောက် ၄ မျိုးပါ .. inline / straight engine ( piston တွေကို ဒဲ့ စီထားမယ် ) bmw ကတော့ ခုထိ သုံးတုန်းပဲ နာမည်လဲ ကြီးတယ် ပြောကြတယ် .. V engine ( piston တွေကို ဘယ်အစောင်း ညာအစောင်း နဲ့ ထားတယ် ရှေ့တည့်တည့်က ကြည့်ရင် V ပုံစံလေး ဖြစ်နေတာပေါ့ ) ... W engine ( piston ၃ တန်း V လိုမျိုးကိုမှ အလယ်မှာ တစ်တန်း ထပ်ပါပြန်တယ် ရှေ့ကကြည့်တော့ W ပုံပေါ့ ) ... boxer engine ( subaru မှာ သုံးတဲ့ ပုံစံ ဘေးကို ကန်တယ် ... piston တွေက ဘေးတိုက် ခုတ်တယ် ) ... ok .. ကျွန်တော် တော့ ထပ်မသိတော့ .. ရှိသေးရင် သင်ကြား ပေးပါရန် ကျေးဇူးပါ ခင်ဗျာ .. အဲ rotary engine ကျန်သေးတယ် ငါးရှည့်ရိုး လို့ ကျနော်တို့ ခေါ်တယ် Mazda RX8 မှာ သုံးသပေါ့ ... သူ့ ဖွဲ့စည်းပုံက မရိုးရှင်းဘူး mechnical အရ တွက်ချက်မှုပိုတယ် ကျနော့် တကိုယ်တော် အနေနဲ့ မကြိုက်ပါ ဒီမှာလဲ သိပ်မနိုင်ကြဘူး .. ကျနော်တို့ admin တစ်ဦး ကတော့ ကျွမ်းကျင်သူပါ သူကတော့ သေချာပေါက် ကိုင်နိုင်မှာ လေးစားပါတယ်ခင်ဗျာ

Drive train ... FWD ( front wheel drive .. ရှေ့ ၂ ဘီးပဲ engine က တိုက်ရိုက် မောင်းပေးခြင်းပါ နောက် ၂ ဘီးကတော့ အလိုက်သင့် လည်နေခြင်း ) ... RWD ( Rear wheel drive .. နောက် ၂ ဘီး engine တိုက်ရိုက် ) .. AWD ( all wheel drive .. ဒါကို ၄ ဘီးလုံး တစ်ချိန်လုံး လည်နေကြတယ် ထင်ကြသူ များတယ် ခင်ဗျာ .. တကယ်က computer system တစ်ခုကနေ လိုရင် လိုသလို နင်းလိုက်တဲ့ throttle level ဒီအခေါ် လီဘာ .. တက်သွားတဲ့ RPM ပေါ်မူတည်ပီး ပြင်းရင် ၄ ဘီး ခဏ လည်ပေးတယ် နောက်ပီး traction နည်းသွားခဲ့ရင် လဲ ဖြည့်ပေးတဲ့သဘော အဲ့ဒီ ဘီးဘက်ကို လည်ပေးပြန်တယ် ပေါ့ ကျနော်နားလည်တာ .. ပီးရင်တော့ သူ့ default system တစ်ခု ရှေ့ သို့မဟုတ် နောက် ၂ ဘီးနဲ့ပဲ ဆီစားလဲ သက်သာစေရန် ဆက်လက်ပီး လည်ပါတယ် ) .. All time 4WD ( All time 4 wheel drive .. ဒါက ကျမှ တချိန်လုံး ၄ ဘီးလုံး လည်စေတာပါ ရှင်းသွားအောင် ကားကို မျက်စိထဲ လေထဲ မြှောက်လိုက်ပါ hydraulic rig ပေါ်တင်ပီး မြှောက်လိုက်တယ်ပေါ့ အဲ့အချိန် ဂီယာ ထည့် နင်းကြည့်ရင် အဖြေထွက်ပါပီလေ .. ၄ ဘီးလုံးကို လည်နေမှာပါ .. ကျနော်နားလည်သလောက် engine output distribution .. ဘယ်ဘက်ကို ဘလောက် ရာခိုင်နှုန်းဆိုတာပေါ့ ကား brand company များပေါ်မူတည်ပီး သူတို့ ဆုံးဖြတ်ချက် အပေါ် မူတည်မယ် ထင်ပါတယ် သို့သော် အလွယ်ပြောရရင် ရှေ့ 50% / နောက် 50% အားရနေပါတယ် .. အဲ အဲ့မှာမှ နားလည်ရမှာ ရှေ့ 50% ဆိုတော့ ၁ ဘီးကို 25% ဆိုပီး ကောက်ချက် မချလိုက်ပါနဲ့ဦး ခင်ဗျာ ဒါဆို အကွေ့မှာ ကားမှောက်ပီပေါ့ haha .. differential တွေကို မေ့ထားလို့ ကျွန်တော်တို့ မရပါဘူး .. ညာကွေ့တယ်ဆိုပါစို့ ညာဘက် ဘိးက အတွင်းမှာ ဘယ်ဘက် ဘီးက အပြင်ဘက် အဝိုင်းပေါ့ .. ညာဘက်က လျော့ပီး ဘယ်ဘက်က များရမှာပါ ဒါမှ ကားက ကွေ့ပီ ပေါ့ .. ဥပမာ 50% ရှေ့ တခြမ်း ရနေပါတယ် ညာကွေ့လိုက်တော့ computer က တွက်ချက်မှုရော differential တွေရဲ့ mechanically အလုပ်လုပ်မှုရောနဲ့ ဘယ်ဘက် 35% ညာဘက် ဘီး 15% ထားပါတော့ ကလေး အတွေးပါပဲ အတိအကျကတော့ admin ဆက်ပြောပေးပါ ha ha ... နောက်တစ်မျိုးက part time 4wd ( part time 4 wheel drive ... ဒီမှာ ကားဝယ်ရင် 2 wheel လား 4 wheel လား မေးကြတယ် .. ရှေ့ယက် နောက်ယက် မေးတယ် .. ဒီ့ထက်ပို မမေးကြဘူး ကျနော်တွေ့ကြုံ ရသလောက်ပါ .. part time 4wd ကို မော်ဒယ်ဟောင်း ကား အများစု သာ မက အခုထိ land cruiser လို ကားမျိုး မှာ သုံးပါတယ် .. 2H, 4H, 4L စသဖြင့် ဂီယာ တံ နောက် တစ်တံ ပါတာ သတိထားမိကြမှာပါ .. နောက်ပိုင်း ဘုလုံးလေးနဲ့ ပြောင်းတယ် ၊ ခလုပ်နဲ့ ပြောင်းတယ် electronic shift တွေပေါ့ .. ဒါက reliability ကိုတော့ လျော့စေတယ် .. ဂီယာတံနဲ့က mechanically ကိုယ်ရွှေ့တာနဲ့ အတွင်းမှာ ဂီယာ တွေက တကယ် ကိုယ့်လက် အရွေ့ အတိုင်းသဘောမျိုး အောက်မှာ လိုက်ပြောင်းသွားတယ် ဒါကတော့ ပို reliable ဖြစ်တယ် ထင်မိပါတယ် သို့သော် .. ခေတ်မဆန်ဘူး 21st century မှာ အတော်ရှားသွားပီ land cruiser သံပုံးလိုမျိုး ခုထိ old school တမင် reliability သီးသန့်အတွက် အကြမ်းခံ နေရာစုံ မပျက်ပဲ သွားနိုင်ရန် လုပ်ထားမှ ရမယ် .. 2H ကတော့ များသောအားဖြင့် 2 wheel high gear ... torque နည်းမယ် ဆီစားသက်သာမယ် များသောအားဖြင့် offroad suv တွေမှာ တွေ့ရမယ် .. နောက် ၂ ဘီးပေါ့ RWD များသော အားဖြင့် surf, prado, LC, nissan safari အကုန် ဒါပါပဲ .. 4H .. ချိတ်လိုက်တာနဲ့ ၄ ဘီးလုံး လည်ပီ ..ဆီပိုစားမယ် ဒါပေမယ့် stability တည်ငြိမ်မှုတက်လာမယ် အားနည်းနည်း ပိုရှိမယ် ဥပမာ မိုးရွာထဲ ချောမွတ်တဲ့ လမ်းတွေပေါ် သုံးသင့်ပါတယ် .. 4L ဒါကတော့ ဗွက်ရုံး ဂီယာပါပဲလေ offroad မောင်းရင် သုံးမယ် torque များမယ် ရုံးမယ် အဓိက speed မများပါ များဖို့လဲ မသင့် ဆီလဲ စားမယ် သဘောက gear 1,2 လောက်မှာ သူ သွားနေချင်တယ် .. တလက်စထဲ offroad မှာ အသုံးပြုတဲ့ differential lock အကြောင်းလေး ပြောချင်ပါတယ် .. ဥပမာ mercedes G class ရဲ့ အထူးခြားဆုံးက diff lock ၃ ခု ပါခြင်းပါပဲ သို့သော် အရမ်း တောမတိုးစေချင် ၊ စျေးကြောင့် တစ်ခုရယ် reliability အရဆိုလဲ japan car ကိုတော့ မယှဉ်နိုင်သေးတာ အသေအချာပါ သူ့ နေရာနဲ့သူ သုံးတာပဲ သင့်တော်မယ် ထင်မိပါတယ်ခင်ဗျာ .. ok front diff lock, center diff lock, rear diff lock ၃ နေရာပေါ့ ... ရှေ့အတွက် ကယောင်းအုံ အလည်ကို မျက်စိ ထဲ မြင်လိုက်ပါ ၊ အလည်ကိုလဲ ဥလေး တစ်လုံး မြင်လိုက်ပါ အလည်မှာ ၊ အနောက်ကိုလဲ အနောက် ကယောင်း အုံကို မြင်လိုက်ပါဦး ( ပုံတွင် ကြည့်နိုင်သည် ) ..
အပေါ်မှာ power distribution နည်းနည်းပြောခဲ့ပါတယ် .. engine က 100% power ထွက်ရင် ဘယ်လို မျှ ယူကြမလဲပေါ့ .. အိုကေ ကဲ ထွက်ပီဗျာ အလည် diff lock ON လိုက်ပီဆို ကျ အရှေ့ နဲ့ အနောက်ကို 50% / 50% split ratio နဲ့ power ရောက်ပါတယ် .. အပေါ်မှာ အရှေ့ တခြမ်းလုံး 50% ရခြင်းက တဘီးခြင်း 25% မဟုတ်ဘူးလို့ ပြောခဲ့ပါတယ် .. အဲ့တော့ 25% ဆီ ရအောင် ဘလိုလုပ်မလဲ .. front diff lock ON ပေါ့ ကိုင်း ဒါဆို ညီပီ .. G class ကိုပဲ ဥပမာ ထားရအောင် ဟော အနောက်မှာလဲ ပါသေး အဲ့တော့ rear diff lock ပါ ထပ် ON ဗျာ .. ကဲ ကား တစ်စင်းလုံး ဘီးတလုံး စီကို 25% ရပါပီ အဲ့တော့ ရှင်းတယ် အမြန်မောင်းလို့ မရတော့ပါ .. ကွန်ပြူတာကလဲ ဖြတ်တောက်ပစ်မယ် ထင်ပါတယ် နင်းရင် .. ဒါက crawling တွားသွားရုန်းရန် အလွန်သင့်တော်တဲ့ အားအရှိဆုံး function ပါ အဓိကက ဘီးချော်မှု traction loss တွေ အတွက်ပေါ့ ... လိုသလို သုံးရတာပေါ့လေ ဥပမာ နောက်ကို ပို အားရှိချင်ရင် နောက်ပဲ lock ပေါ့ ဒါမျိုး .. ကားအတော်များများမှာ ၁ ခုပဲ ပါတတ်ပါတယ် .. အနောက် အလည် စသဖြင့် .. LC active vaction grade လိုမျိုးကျ တကယ့် overland သွားဖို့ ရည်ရွယ်ထားတော့ လဲ ၂ ခုပါပါတယ် .. များသောအားဖြင့် အဓိက က အနောက် အလည် ပေါ့ ... ပိုမို သိရှိလိုပါက youtube ကြည့်ဖို့ တိုက်တွန်းပါတယ် .. animation တွေနဲ့ ရှင်းပြတာ အလွန်ကောင်းပီး ရှင်းပါတယ် .. ကဲ ဒါဆို drive train ကို တော့ အနည်းငယ် နားလည်ပီ ဆိုရမယ် ..

3. Vehicle type ... ဒါကို သိသလိုလိုနဲ့ ကျနော်တို့ နိုင်ငံမှာ မရှင်း ဘူး ဖြစ်နေကြပါတယ် .. ဘီးမြင့် ဘီးနိမ့် စသဖြင့်တောင် ပြောကြတယ် ကဲ ဒီလိုလေး ဆို ရှင်းမလား မသိ .. ပြောကြည့်ပမယ် ကျွန်တော် သိသလောက်
SUV .. ဘီးမြင့်ပေါ့လေ အဲ့မှာမှ ထပ်ခွဲရဦးမယ် .. luxury suv , offroad suv , performance suv စသဖြင့် .. mercedes ကိုလဲ တည်ပီးပြောပမယ် ဥပမာ GL ပေါ့ .. အခု GLS ? သူကလဲ အင်မတန် မလိုတာတွေ ပြောင်းသလိုပဲ ဟဟ ကျနော် ရောနေပီ ထားပါ .. full size suv 7 seater ပေါ့ဗျာ GL .. ကတော့ luxury suv ပါပဲ ဇွတ်မောင်းရင်တော့လဲ ရကြတာပေါ့ ကားတွေ သို့သော် လမ်းမှန်ကမ်းမှန် ဖြစ်မနေပြန်ဘူး .. သူ့ ကို တကယ်က city, highway ပဲ သုံးသင့်ပါတယ် အင်မတန် ငြိမ့်ငြောင်း မောင်းကောင်း စီးကောင်း .. တောတော့ မတိုးလိုက်ပါနဲ့ ဗျာ ha ha .. ok ... Land cruiser, prado , surf / 4runner တွေကတော့ Toyota ဖြစ်လို့ reliable အရမ်းဖြစ်တယ် electronics ပိုင်း german car တွေလောက် မရှုပ်ထွေးတာ အသေအချာ ဒါ့ကြောင့် ကျနော်တို့ မြန်မာတွေ ကြိုက်နေကြတယ် ဘာကြိုက်လဲတောင် သေချာ သတိမထားမိကြသူများတယ် ကျနော် ထင်တာ reliability နဲ့ maintainance cost ကို ကြိုက်တာပဲ ဖြစ်မှာပါ .. အကြမ်းခံ တယ် ပြင်စရိတ် သက်သာတယ် တော်ယုံ ဘာမှ မဖြစ်ဘူး ဒါပါပဲ .. အဲ့မှာမှ LC ( full size suv ), Prado ( mid size suv ) , 4runner / surf ( small size suv ) လို့ မြင်မိပါတယ် .. T shirt လို Large medium small ပေါ့ဗျာ .. ဒါက ဆလွန်း မှာလဲ ရှိမယ်
Sedan ... American အခေါ် sedan ... မြန်မာ အခေါ် ဆလွန်းပေါ့ဗျာ ... တကယ်က Saloon ဆိုတာ British english အခေါ်ပါ မြန်မာက အင်္ဂလိပ် လက်အောက် နေခဲ့တော့ သူတို့ကို လိုက်တာများတယ် .. ကဲ lexus နဲ့ ပြောရရင် အသေးဆုံး > အကြီးဆုံး စီကြည့်ရအောင် ... Lexus IS , GS, ES, LS .. အခုဆို GS ကို သတ်လိုက်ပီ ES အစားထိုးလိုက်တယ် ဘာလို့ရယ်မသိဗျာ ကျနော့် favorite လေးပါ GS 500 ကို သိပ်လိုချင် GS F ပါ .. 5.0 non-turbo engine နဲ့ ရှယ်ပါ .. ကဲ လမ်းချော်သွားတော့မယ် ခင်ဗျာ ဟီး ...
Pick-up .. ဒါတော့ ရှင်းပါတယ် pick up truck > for example : Ford raptor ( performance pick-up truck ), Toyota Hilux / Revo ( mid size pick-up truck ) , Toyota Tacoma ( mid size pick up truck ), Tundra ( full size pick up truck ) စသဖြင့် .. Australia မှာ Ute လို့ ခေါ်ပါတယ် Utility vehicle ကို အတိုကောက် ခေါ်ခြင်းသာ Ute ပါ ..
Cross-over ... အကောင်းဆုံး ဥပမာ Toyota Harrier ဖြစ်လိမ့်မယ်ဗျာ .. ဒါကို suv ဆို နည်းနည်းမှားမယ် .. cross over တွေက အပေါ့သုံး city / highway ကားလေးတွေပါ .. ဒါကို တောတိုးရင် မှားပြန်ရောဗျာ .. အဲ ရတော့ ရသပေါ့ သို့သော် again .. လမ်းမှန်ကမ်းမှန် ကားမှန် လမ်းမှန် မဖြစ်နေပြန်ဘူး ha ha ...
Hatch-back ... VW golf ပေါ့ ... ဒါမှ မဟုတ် honda fit , Toyta vitz ... ဒါ အကုန် hatch back ပေါ့ .. အကြိုက်ဆုံးက Golf R ပါ ... 2.0 engine ကနေ 300+ horsepower ထွက်ပါတယ် အရမ်းကြွေပါတယ် နောက်ဆုံး ပုံကြီးတော့ မကြိုက် ( personal preference only ) ... Hot-hatch လို့လဲ သူ့ကို သုံးနှုံးသေးပြန်တယ် ... hatch-back ထဲမှာမှ hot-shot ဆိုတဲ့ သဘော ထင်ပါရဲ့
Van ... Probox ပေါ့ဗျာ နွားကြီး wingroad ... ခိုင်သင်းကြည် ဘာညာ ပေါ့ .. ဟဟ မြန်မာတွေ တကယ် ထွင်ပါတယ် အခေါ်အဝေါ်ကို ...
sedan မှာ ထပ်ခွဲရင် convertible တွေလာမယ် တံခါး ၂ ပေါက် အမိုးဖွင့်လို့ ရ .. ဥပမာ Toyota Soarer ပေါ့ ... Nissan GTR ဘာညာ ကျ super car စရင်း ဝင်သွားပီ .. ဒါကတော့ performance super car / sports car လို့သာ ခေါ်လိုက်ပါဗျာ
Bus ကားလို ဟာတွေ hi ace လိုမျိုးကျ ဘလိုခေါ်ပါလိမ့် ... mini van ? i am not sure ... ပေါင်မုန့် ပေါ့ အလွယ် ha ha ..
Mini car ... smart လို Toyota IQ လို ပိကျိလေးတွေပေါ့ safety အရတော့ ကြောက်စရာ .. သို့သော် စည်းကမ်းရှိနိုင်ငံတွေမှာ သုံးကြတာပါပဲ .. ကျနော်တို့ နိုင်ငံ အရတော့ safe ဖြစ်တဲ့ ကားပဲ သင့်တော်တယ် ထင်မိပါတယ် ခင်ဗျာ ... အဟောင်းထဲကဆို Toyota Celsior , Nissan Cima ဘာညာ သာ စီးလိုက်ပါဗျာ safe ဖြစ်ပီး V8 တွေနဲ့ မောင်းကောင်း စီးကောင်းတွေပါ ... ကဲ တော်လောက်ပီ

4. Transmission ... ဂီယာ အချက်ရေပါပဲ .. အကြမ်းပြင်း ကျနော်နားလည်တာ အချက်ရေ နည်းလေ torque ကောင်းလေ .. များလေ speed ကောင်းလေ ... ကျွန်တော့် တကိုယ်တော် အကြိုက်ပြောရရင် ဖြင့် 6-speed ပါ အတော် ပဲ ... သို့သော် ဆရာသမား 4runner ( ကျွန်တော် heavy 4runner fan ပါ ) လေးက ခုထိ ၅ ချက်ပါတဲ့ ... ကျနော် တစင်း ရှိခဲ့ ပါတယ် မော်ဒယ်ဟောင်းလေးပါ US specs. ဘယ်မောင်း 2003 လေး .. 1GR engine ဖြစ်နေပါပီ သို့သော် ရှေ့ပိုင်း generation ပေါ့ .. အတော့်ကို မောင်းကောင်းတယ် တကယ်မိုက်ပါပေတယ်ဗျာ ကျနော်တို့ဆီမှာ 5 speed လုံလောက်နေပါတယ် အရမ်း အမြန်မောင်းချင်လဲ တခါတလေပေါ့လေ .. 6 speed or 5 speed သင့်တော်တယ် မြင်မိ .. သို့သော် မာစီဒီး ဆိုရင်ဖြင့် နည်းပညာ မြင့်မားတယ် 9 speed ဘာညာ ဖြစ်နေပီ သူ့ဟာနဲ့ သူ မိုက်ပါတယ် .. မြန်သပေါ့ ဆီစားသက်သာပါတယ် .. gear mesh ( gear teeth ) လေးတွေကို ကစားသွားတာပါပဲ mechnical အရ ရိုး၂ လေး စဉ်းစားကြည့်ရင် နောင်များမှ ဒီတစ်ပိုင်းကို အသေးစိတ် ရေးရင် ရေးပါဦးမည် ...

5. Infotainment system ... information လဲပြတယ်ဗျာ ဒီ screen က ... entertainment အတွက်လဲ သုံးတယ် ဆိုတော့ infotainment ဆိုပီး ပြောတယ် ထင်ပ ... ဒါတွေကတော့ ကျနော့် အခေါ် မိတ်ကပ်တွေပါပဲ .. လူတစ်ယောက်လို မြင်ကြပါစို့ အဓိကက ကျန်းမာရေး ... အထဲက ကလီဇာ တွေ သန့်ရှင်း ကျန်းမာရမယ် ၊ နောက်ပီး နှာခေါင်းပေါက် ( air cleaner ) သန့်ရှင်းချောမွေ့ရင် လေရှုကောင်းမယ် အဝင်ကောင်းမယ် အဆုတ်ထဲကို အဆုတ်ကို engine ခဏ ထား .. exhaust ... ( အဲ ဥပမာ ပေးရမှာ အားနာ ) ...အနောက် ပေါ့ဗျာ ဟဟ ဒါလဲ အရေးကြီး air flow ကောင်းရမယ် ဗျာ ... တလက်စတည်း valve အကြောင်း ပြောမယ်ဗျာ .. မြန်မာတွေ 24 valve အရမ်းကြိုက်ကြတယ် 24 ဘား လင်ခရူဇာ ပေါ့ဗျာ .. အကြမ်းခံ ဘာညာ တကယ်လဲ ကောင်းပါသည် .. အဲ့တော့ သူပဲ 24 valve လား ဘာကြောင့် သူ့ပဲ ကွက်မြင်ကြပါသလဲ ??? My question ??? ( No offense to owners ) ... piston တစ်လုံးကို in let ထိပ် valve 1 or 2 ... outlet 1 or 2 design တွေက ပုံမှန်ပါပဲလေ ... ဥပမာ surf ဗျာ ... 3.4 L V6 ( 5VZ engine ) ကို တည်ပြောမယ် ... ok engine type ? V ... number of pistons ? 6 လုံး ... တလုံးကို in let ထိပ် valve 2 + out let ထိပ် valve 2 ... total 4 .... 6 pistons x 4 = 24 valves ... အတူတူပါပဲလေ ဟဲဟဲ surf ကို လက်ညှိုးထိုးပီး ဒါ 24 ဘားလို့ ပြောရင် လူတိုင်း သိ မသိ မသေချာ ... မစမ်းရသေး ဟီးဟီး စမ်းဦးမှ .. Engine တလုံး အလုပ်လုပ်ပုံ 4 cycles အကြောင်း ဘာညာ နောင်များမှ ရေးပါမည် ...
လက်ညောင်းပီ တော်သေးပီ .. ညီအကိုများ admin များ ခင်ဗျား ... ကျနော် ရှေးဦးစွာ ရေးခဲ့သည့် အတိုင်း ဝါသနာရှင် တစ်ယောက်ပါ ပညာဝယ် တစ်ယောက်ပါ မည်သူ့ဆီက မဆို ဝယ်ချင်ပါသည် ခင်ဗျား .. knowledge sharing , discussion ... always welcome ပါနော် ... ကျနော် မှားယွင်းမှုများ မသိရှိမှုများအား ဖြည့်စွက် ဆွေးနွေးပေးကြပါခင်ဗျား ... ကျေးဇူး တင်ပါသည် ... အပိုင်း ( 2 ) တွင် G class အကြောင်း ရေးပါမည် .. ဒီ အပိုင်း ( 1 ) မှာ တော့ vehicle basics အခြေခံလောက်နဲ့ ခဏ ရပ် နားခွင့်ပြုပါခင်ဗျား ...
အားလုံး ကျေးဇူးတင်ပါသည် ... ကောင်းသောနေ့ ဖြစ်ပါစေ လို့ နှုတ်ဆက်ရင်း ...

လေးစားစွာဖြင့်
PK ( BSTR-group ) >

10/12/2020

Welcome to BSTR page ! 🔴🔵🟢🟡
ကား ဝယ်/ရောင်း/လဲ/ဌား များအပြင်
Tuning, maintenance, performance tuning, detailing, accessories, workshop services စသည်များ အတွက်ပါ BSTR group ကို သတိရလိုက်ပါ ☺️
ကျွန်တော်တို့ ရောင်းရန်ရှိသော stock ထဲမှ ကားများကိုလဲ ဤနေရာတွင် တပေါင်းတည်း ရွေးချယ် ဝယ်ယူနိုင်ပါပြီ ခင်ဗျား
လူကြီးမင်းတို့ စိတ်အလိုအတိုင်း တတ်နိုင်သလောက် အကောင်းဆုံး ဆောင်ရွက်သွားပေးမည့် BSTR !
Thank you all !

🚗 Toyota CelsiorPrice 🏷 310 Lakhs 🟩 2003 Year🟩 6 speed gear transmission 🟩 3 original smart keys 🟩 Massage, Radar, Cool ...
10/12/2020

🚗 Toyota Celsior
Price 🏷 310 Lakhs
🟩 2003 Year
🟩 6 speed gear transmission
🟩 3 original smart keys
🟩 Massage, Radar, Cool Box ကလွဲ အကုန်ပါသည်
📞 09976553335, 095500045
Thank you 😊

Address

No. 99, Aung Zaya Road, 13QTR
Yangon
KYAUKKONETOWNSHIP

Telephone

+959976553335

Website

Alerts

Be the first to know and let us send you an email when BSTR Automobile posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BSTR Automobile:

Share