Mechanic Ko Htut

Mechanic Ko Htut ⚙️Automotive Repair & Services 🧑‍🔧

🚗 ကား CV Joint (ဒူးဆစ်) အရေးကြီးမှုနဲ့ သတိထားစစ်ဆေးဖို့အကြောင်းအရာ⁉️CV Joint ဆိုတာဘာလဲ? • CV = Constant Velocity Joint •...
13/06/2025

🚗 ကား CV Joint (ဒူးဆစ်) အရေးကြီးမှုနဲ့ သတိထားစစ်ဆေးဖို့အကြောင်းအရာ⁉️

CV Joint ဆိုတာဘာလဲ?
• CV = Constant Velocity Joint
• အင်ဂျင်ကနေ ဘီးတွေကို တည်တည်မြဲမြဲ လည်ပတ်နိုင်အောင် ချိတ်ဆက်ပေးတဲ့အရေးကြီးပစ္စည်းတစ်ခု။
• အထူးသဖြင့် ရှေ့ယက်ကား (Front Wheel Drive) နဲ့ Four Wheel Drive ကားတွေမှာ မဖြစ်မနေလိုအပ်တယ်။

CV Joint ရဲ့အလုပ်လည်းဘာလဲ?
• ကားကကွေ့တဲ့အချိန်၊ ချိုင့်မောင်းတဲ့အချိန်၊ ဘီးအတည့်ဖြစ်တဲ့အချိန်မှာပါ ချောမွေ့စွာလည်ပတ်အောင်အလုပ်လုပ်ပေးတယ်။
• CV Joint ထဲမှာ ဘောလုံးလေးတွေ၊ အမဲဆီတွေ ပါပြီး များပြားတဲ့လှုပ်ရှားမှုတွေကိုခံနိုင်ဖို့ ဒီဇိုင်းဆွဲထားတယ်။

CV Joint မကောင်းတော့ရင်ဖြစ်နိုင်တဲ့ ပြဿနာတွေ
1. ကား ဂီယာထိုးပေမယ့် မရွေ့တော့ခြင်း
2. ကားရမ်းခါခြင်း၊ အသံတောက်တောက်ထွက်ခြင်း
3. CV Joint ပြုတ်ပြီး ဘီးအပြင်/အတွင်းကိုရွှေ့သွားခြင်း
➡️ အရှိန်မြင့်နေချိန်မှာ ဖြစ်ရင် အသက်အန္တရာယ်အထိ ဖြစ်နိုင်

သတိထားစစ်ဆေးသင့်တဲ့ လက္ခဏာတွေ
• သဲကာ ပေါက်နေခြင်း
• အမဲဆီ ထွက်နေခြင်း
• စီယာအဆုံးထိကွေ့ပြီးလီဗာနင်းတဲ့အခါ “တောက်တောက်” အသံ
• တည့်တည့် မောင်းတဲ့အချိန် “တောက်တောက်” ဆိုတဲ့အသံနဲ့ ရမ်းခါခြင်း

အကြံပြုချက်များ
• သဲကာပေါက်/အမဲဆီယိုယွင်းနေရင် ➡️ သဲကာပြန်လဲပြီး အမဲဆီသစ်ထည့်ပါ
• ဘောလုံးတွေ ပျက်နေတာဖြစ်ရင် ➡️ CV Joint အသစ်လဲလှယ်ပါ
• အမြဲသုံးသင့်တဲ့အမဲဆီကတော့ Extreme Pressure Moly Grease

📌ကားအောက်ပိုင်းစစ်တဲ့အခါ CV Joint ကိုလည်း မမေ့ပဲ သေချာစစ်ပါ။ ငြိမ်ငြိမ်ချောချောနဲ့ မောင်းလိုက်ချင်ရင် ဒူးဆစ်ကို အရေးမမေ့နဲ့ဗျာ!❗️

Ko Htut

ဟက်ဘော (Hub Ball Bearing) ပြစ်ချက်များဟက်ဘော (Hub Ball Bearing) ကို ကားဘီးချောမွေ့စွာလည်ပတ်စေဖို့အတွက် ကားမှာတပ်ဆင်အသုံး...
04/11/2023

ဟက်ဘော (Hub Ball Bearing) ပြစ်ချက်များ

ဟက်ဘော (Hub Ball Bearing) ကို ကားဘီးချောမွေ့စွာလည်ပတ်စေဖို့အတွက် ကားမှာတပ်ဆင်အသုံးပြုတာ ဖြစ်ပါတယ်။ Hub Ball Bearing ကို Wheel Bearing လို့လည်း ခေါ်ပါတယ်။ ဟက်ဘောအတွင်းမှာ ချောဆီ (အမဲဆီ) ပါဝင်ပြီး ကားမှာ နှစ်ပေါင်းများစွာကြာအောင် အသုံးပြုနိုင်ပါတယ်။ ဟက်ဘောမကောင်းတဲ့အခါ ဟက်ဘောအတွင်းပွတ်တိုက်မှုကြောင့် အပူများစွာထွက်ကာ ကားဘီးချောမွေ့စွာလည်ပတ်မှာ မဟုတ်တော့ပါဘူး။

ဟက်ဘောမှာ ဆီးလ်များပါဝင်ပြီး ဟက်ဘောအတွင်းသို့ ရေများ၊ ဖုန်များ၊ အမှုန်များမဝင်အောင်တားဆီးပေးပါတယ်။ တကယ်လို့ အဲ့ဒီဆီး (ကာဗာ) ပျက်စီးသွားတဲ့အခါ ဟက်ဘောပျက်စီးမှု ပိုမြန်ပါတယ်။ ဒီဆောင်းပါးမှာ ဟက်ဘောမကောင်းတဲ့အခါ ကြုံတွေ့နိုင်တဲ့ ပြစ်ချက်တချို့ကို ဗဟုသုတအဖြစ် မျှဝေပေးချင်ပါတယ်။

၁) စတီယာရင်လက်ကိုင် တုန်ခါခြင်း – ဟက်ဘောမကောင်းတဲ့အခါ ကားဘီးလည်ပတ်မှု ချောမွေ့ခြင်းမရှိတော့ဘဲ ကားမောင်းနေစဉ် စတီယာရင်ဝှီး တုန်ခါတဲ့ ပြစ်ချက်ကို ကြုံတွေ့နိုင်ပါတယ်။ စတီယာရင်ဝှီးတုန်ခါတဲ့ပြစ်ချက်က ကားဘီးအလိုင်းမင့် (Wheel Balance) ကြောင့်လည်းဖြစ်တတ်သလို ဟက်ဘောမကောင်းရင်လည်း ဖြစ်တတ်ပါတယ်။

၂) ကားအရှိန် နှေးသွားခြင်း – မိမိမောင်းနှင်အသုံးပြုနေတဲ့ကားက ပုံမှန်ထက် မြန်နှုန်းနှေးသွားပြီးဆိုရင် ဟက်ဘောကြောင့်လည်းဖြစ်တတ်တယ်ဆိုတာကို သတိပြုသင့်ပါတယ်။ ဟက်ဘောမကောင်းတဲ့အခါ ကားဘီးလည်ပတ်မှု ဂျန့်ဖြစ်ပြီး အင်ဂျင်ပိုရုန်းရကာ ပုံမှန်ထက် ကားအရှိန် နှေးစေပါတယ်။

၃) ဟက်ဘောသံထွက်ခြင်း – ကောင်းနေတဲ့ဟက်ဘောက လှည့်ကြည့်လိုက်တဲ့အခါ အသံမထွက်ဘဲ ချောမွေ့စွာလည်ပတ်စေပါတယ်။ အကယ်၍ ကားဘီးကိုလှည့်ကြည့်တဲ့အခါ ဟက်ဘောက အသံထွက်နေပြီဆိုရင်တော့ ဟက်ဘောကို အသစ်လဲပေးသင့်တာဘဲဖြစ်ပါတယ်။

၄) ကားတာယာခုတ်စားခြင်း – ကားအလိုင်းမင့်ညီနေပြီး ကားတာယာများ ခုတ်စားခြင်း၊ တာယာအတွင်းစားခြင်း၊ တာယာအပြင်စားခြင်းများ ဖြစ်နေပါက ဟက်ဘောမကောင်းခြင်းကြောင့်လည်း ဖြစ်စေနိုင်ပါတယ်။

ဟက်ဘောမကောင်းတဲ့အခါ ကားတာယာများ ပွန်းစားခြင်း၊ စတီယာရင်ဝှီးတုန်ခါခြင်း၊ အသံမြည်ခြင်းတွေဖြစ်တဲ့အပြင် ယာဉ်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကားအောက်ပိုင်းစစ်ဆေးခြင်းပြုလုပ်တဲ့အခါ ဟက်ဘော ကောင်း၊ မကောင်းကိုလည်း တခါတည်း စစ်ဆေးသင့်ပြီး လိုအပ်ပါက အသစ်လဲပေးသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။ (ကိုးကား – oards)
#မူရင်းရေးသားသူအား လေးစားစွာ crdပေးပါသည်❤️

အင်ဂျင်တုန်ခြင်း ပြစ်ချက်များမော်တော်ကားအင်ဂျင်ကို တုန်ခါမှုနည်းအောင် နည်းပညာမြင့် တီထွင်ဖန်တီးထားကြပြီး တချို့ကားအင်ဂျင...
10/10/2023

အင်ဂျင်တုန်ခြင်း ပြစ်ချက်များ

မော်တော်ကားအင်ဂျင်ကို တုန်ခါမှုနည်းအောင် နည်းပညာမြင့် တီထွင်ဖန်တီးထားကြပြီး တချို့ကားအင်ဂျင်တွေဆိုရင် စက်နှိုးထားမှန်းမသိသာအောင်ကို အသံဆူညံမှုနည်းပြီး တုန်ခါမှုလည်း မရှိသလောက်ပါ။ ဒါပေမယ့် အင်ဂျင်နဲ့ပါတ်သက်ပြီး ပြစ်ချက်တစ်စုံတစ်ရာရှိလာပြီဆိုရင်တော့ အင်ဂျင်သံကြမ်းခြင်း၊ အင်ဂျင်တုန်ခါခြင်းတို့ကို ဖြစ်ပေါ်လာစေပါတယ်။ အင်ဂျင်တုန်ခါမှုဖြစ်စေတဲ့ အကြောင်းနဲ့ပါတ်သက်ပြီး အဖြစ်များတဲ့ ပြစ်ချက်များကို အနည်းငယ် ဖော်ပြပေးချင်ပါတယ်။

၁) ပလပ်များမကောင်းခြင်း – ဓါတ်ဆီအင်ဂျင်တွေရဲ့ မီးပေးစနစ်မှာ အသုံးပြုထားတဲ့ ပလပ် (Spark Plug) တွေ ကောင်းကောင်းမီးကူးမပေးတဲ့အခါ လောင်စာဆီအရောကို ကောင်းစွာမလောင်ကွျှမ်းပေးတဲ့အတွက် အပြည့်အဝလောင်ကွျှမ်းမှု (Complete Combustion) ကို မရရှိတဲ့အတွက် အင်ဂျင်တုန်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် အင်ဂျင်တုန်တယ်ဆိုရင် ပလပ်တွေကိုလည်း စစ်ဆေးသင့်ပါတယ်။

၂) အင်ဂျင်လေစစ်ပိတ်ခြင်း (သို့) လေပိုက်ကွဲခြင်း – ကားထဲကိုဝင်တဲ့လေထဲကအမှုန်တွေ ဖုန်တွေကို စစ်ပေးနေတဲ့ အင်ဂျင်လေစစ်ပိတ်တဲ့အခါမှာလည်း အင်ဂျင်လေကောင်းစွာမရရှိဘဲ ကောင်းမွန်တဲ့လောင်ကွျှမ်းပေါက်ကွဲအားကို မရရှိခြင်းကြောင့် အင်ဂျင်တုန်နိူင်ပါတယ်။ ဒါ့အပြင် အင်ဂျင်လေအဝင်ပိုက်တွေကွဲခြင်း၊ ပိုက်ကလစ်ပြုတ်ခြင်းတွေကြောင့်လည်း ဆီလေအချိုးမညီမျှခြင်းကြောင့် အင်ဂျင်တုန်နိူင်ပါတယ်။

၃) လေတံခါးနှင့် ISCV ဗား မကောင်းခြင်း – အင်ဂျင်ထဲကို ဝင်လာတဲ့လေပမာဏကို ထိန်းချုပ်ပေးနေတဲ့ လေတံခါး (Throttle Body) နှင့် အင်ဂျင်စလိုးအခြေနေမှာ လေဝင်ပမာဏကို ထိန်းချုပ်ပေးနေတဲ့ ISCV (Idle Speed Control Valve) မကောင်းတဲ့အခါ (သို့မဟုတ်) ချေးပိတ်နေတဲ့အခါ အင်ဂျင်တုန်နိူင်ပါတယ်။

၄) အင်ဂျက်တာတွေ မကောင်းခြင်း – အင်ဂျင်လောင်စာဆီကို ဖြန်းပေးနေတဲ့ အင်ဂျက်တာ (Injector) တွေ ဆီကျမမှန်ခြင်း၊ ဆီကျနည်းခြင်း၊ ဆီဖြန်းပုံစံ မမှန်ခြင်းကြောင့်လည်း အင်ဂျင်တုန်ခါမှုကို ဖြစ်စေနိူင်ပါတယ်။ ဒါကြောင့် အင်ဂျက်တာများကို ဆေးခြင်း၊ စစ်ဆေးခြင်း၊ အသစ်လဲခြင်းကို ပြုလုပ်ပေးသင့်ပါတယ်။

၅) ဆီဖစ်တာ ပိတ်ခြင်း – ဆီဖစ်တာ (Fuel Filter) ကို ဆီတိုင်ကီ (သို့မဟုတ်) ဆီလိုင်းမှာတပ်ဆင်ထားပြီး လောင်စာဆီအရည်သွေးနိမ့်ခြင်းကြောင့် အမှုန်များပါခြင်း၊ ဆီဖစ်တာ ချေးပိတ်ခြင်းတို့ကြောင့် ဆီဖိအားကျဆင်းကာ လိုအပ်တဲ့ ဆီပမာဏ မရရခြင်းကြောင့်လည်း အင်ဂျင်တုန်ခါနိူင်ပါတယ်။ ဒါကြောင့် ဆီဖစ်တာတွေကိုလည်း စစ်ဆေးသင့်ပါတယ်။

၆) MAF (သို့မဟုတ်) MAP ဆင်ဆာမကောင်းခြင်း – MAF (Mass Air Flow) ဆင်ဆာ (သို့မဟုတ်) MAP (Manifold Absolute Pressure) ဆင်ဆာ ဆိုတာ အင်ဂျင်လေဝင်ပမာဏကို အင်ဂျင်ကွန်ထရိုးယူနစ်ကို သတင်းပေးပို့နေတဲ့ ဆင်ဆာတွေဖြစ်ပါတယ်။ ဒီဆင်ဆာတွေ မကောင်းခြင်း၊ ဆင်ဆာဖုန်ကပ်ခြင်း၊ ဆင်ဆာလေပိုက်ပြုတ်ခြင်းတွေကြောင့်လည်း အင်ဂျင်တုန်နိူင်ပါတယ်။

၇) အင်ဂျင်မောင်းတိန်းမကောင်းခြင်း – ကားအင်ဂျင်တုန်ခါမှုကို စုပ်ယူထိန်းညှိပေးနေတဲ့ အင်ဂျင်မောင်းတိန်း (Engine Mounting) တွေ မကောင်းတဲ့အခါမှာလည်း အင်ဂျင်တုန်ခြင်း (ကြိမ်းခြင်း) ကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် အင်ဂျင်မောင်းတိန်းတွေကိုလည်း စစ်ဆေးပေးသင့်ပါတယ်။

ဆီအရမ်းစားနေလို့  အင်ဂျင်ကျူးနင်း လုပ်သင့်လား...? ဆိုတာပါပဲ....ဆီဈေးတွေတက်လာတာနဲ့ အမျှ ဒါကလည်း ပြသနာတစ်ခုပါပဲ...အဲ့တော့ ...
03/10/2023

ဆီအရမ်းစားနေလို့ အင်ဂျင်ကျူးနင်း လုပ်သင့်လား...? ဆိုတာပါပဲ....
ဆီဈေးတွေတက်လာတာနဲ့ အမျှ ဒါကလည်း ပြသနာတစ်ခုပါပဲ...

အဲ့တော့ အင်ဂျင်ကျူးနင်း ဘယ်အချိန်တွေမှာ လုပ်သင့်လဲ,,,?
ဘာကြောင့်လုပ်သင့်လဲ ...?
အင်ဂျင်ကျူးနင်း လုပ်ပြီးတဲ့အခါ ဘာတွေကောင်းသွားမလဲ...?
အချိန် ဘယ်လောက်ပေးရမလဲ..?
ဒါလေးတွေကို မျှဝေပေးချင်ပါတယ်ခင်ဗျာ...

မိမိအသုံးပြုနေတဲ့ ကားက ၁ နှစ် ခန့်အကြာမှာ အင်ဂျင်ဆီလိုင်း၊ လေလိုင်း၊ မီးပေါက်ကွဲခန်း နှင့် ရေတိုင်ကီ အပိုင်းများတွင် အဖြစ်များသော ကာဗွန်ဂျိုးနှင့် အညစ်ကြေးများသည် အတိုင်းအတာတစ်ခုထိ ရှိနေတက်ပါသည်။
အချိန်ကြာလာတဲ့အခါ အင်ဂျင်အတွင်းပိုင်းကို မပြုပြင် မဆေးကြောထားတဲ့ အင်ဂျင်အတွင်းအပိုင်းများမှာတော့ အင်ဂျင်ကာဗွန်ဂျိုးနှင့် အညစ်ကြေးများကြောင့် အရုန်းအဆွဲကျလာတတ်ပါတယ်...
ထိုအချက်ကပဲ အပေါ်မှာ ပြောခဲ့တဲ့ ဆီစားနှုန်းမျာလာမယ်... ကားမောင်းလို့မကောင်းတော့ပါ.ဘူး..။

Engine Tuning လုပ်ရင် ဘာတွေလုပ်ပေးလဲ...?
အင်ဂျင်မီးလောင်ခန်းအတွင်းမှ ကာဗွန်ဂျိုးများကို ကာဗွန်ဂျိုးဆေးရည်ဖြင့်ဆေးကြောခြင်း
လေလိုင်းမှ MAF, IAT, MAP, EGR valve & Throttle Body(လေတံခါး) များကို ဆေးကြောခြင်း
ဆီလိုင်းတွင် Oil pump, Oil Filter, Vacuum valve & EVAP system များကို ဆေးကြောခြင်း
မီးလိုင်းတွင် Plugs & Ignition coil များကို စစ်ဆေးခြင်း ဆေးကြောပေးခြင်း
Oxygen sensor များကို ဆေးကြောပေးခြင်းပြီးတဲ့အခါ အင်ဂျင်ရဲ့ ပြစ်ချက်များကိုလည်း OBDII Scanner စက်ဖြင့် စစ်ဆေးပေးပါသည်။
အဆင့်တိုင်းတွင် ကျွမ်းကျင်စက်ဆရာများနှင့် အကူလက်ထောက်စက်ဆရာများက ပြုလုပ်ဆောရွက်ပေးပါသည်။

Engine Tuning လုပ်ပြီးတဲ့ အခါ ဘာတွေကောင်းမွန်လာမလဲ...?
အင်ဂျင်ရဲ့ ဆီ၊လေ၊မီး အချိုးမျှမျှလုပ်ဆောင်သွားမယ်...
အရုန်းအဆွဲ ပေါ့ ပြီး စက်သံငြိမ်သွားမယ်...
မီးသံပျောက်မယ်..
ဆီစားသက်သာလာမယ်
အင်ဂျင်သက်တမ်း ကြာရှည်အသုံးပြုနိုင်မယ်



Engine Tunning ကို ပြုလုပ်မည်ဆိုပါကအချိန်တစ်ရက်တော့ ပေးရပါ့မယိခငိဗျာ

GRADE 1 AutoMotive Repair & Sercices 🛞

🏷️ သာစည်လမ်း၊ရတနာပုံရပ်(၂)လမ်း၊မုံရွာမြို့

☎️09 977273710

☎️09 961763456

03/10/2023

ကားမောင်းနေစဉ် တိုက်ရော့ / ဘောဂျွင်း/ လင့် အလုပ်လုပ်ပုံ🛞

GRADE 1 Automotive Repair & Services

🏷️သာစည်လမ်း၊ရတနာပုံရပ်(၂)လမ်း၊မုံရွာမြို့

☎️09 977273710

☎️09 961763456

   Beltaစက်နိုးမရတော့လို့ ဆိုပြီး ဆိုင်ဖုန်းဆက်ပြီး လှမ်းခေါတဲ့ကားလေး⚙️စစ်ကြည့်တော့ နိုးချင်တာလိုလို မနိုးချင်တာလိုလိုနဲ...
23/09/2023

Belta

စက်နိုးမရတော့လို့ ဆိုပြီး ဆိုင်ဖုန်းဆက်ပြီး လှမ်းခေါတဲ့ကားလေး⚙️

စစ်ကြည့်တော့ နိုးချင်တာလိုလို မနိုးချင်တာလိုလိုနဲ့ အိပ်ချင်ယောင် ဆောင်နေတယ်ဗျာ🧑🏼‍🔧

Pump pressure လေးကလည်းကျ ဆီဖြန်းမပေးတော့ လိုအပ်တဲ့ ကွန်ပရရှင်း မရောက်⚙️
စက်မနိုးတဲ့အခြေအနေထိ 🧑🏼‍🔧

Pump ဖြုတ်ကြည်လိုက်တော့ ချေးတွေပိတ်ပြီးသံချေးတောင်ကိုက်နေဗျာ

Main point လေးက ဆီမသန့်စင်တာကစတာပေါ့❌

Pump လေးလဲ fuel filter လေးလဲ လိုက်မှ အိုခေမှာစိုပြေသွားတော့တယ်✅

✅လူကြီးမင်းများအနေနဲ့ စိတ်ချမ်းသာမူအပြည့်အဝရရှိစေရန်GRADE 1Auto Service သို့ လှမ်းလာခဲ့ဖို့ဖိတိခေါပါတယ်✅

GRADE 1 Automotive Repair & Services ⚙️

📬သာစည်လမ်း၊ရတနာပုံရပ်(၂)လမ်း၊မုံရွာမြို့

☎️09 977273710

☎️09 961763456

အင်ဂျင်ဝိုင် ဘာကြောင့်လျော့တာလဲ⁉️ကားအင်ဂျင်ရဲ့ ချောဆီပေးစနစ် (Lubrication System) မှာအသုံးပြုတဲ့ အင်ဂျင်ဝိုင်တွေက ပုံမှန...
13/09/2023

အင်ဂျင်ဝိုင် ဘာကြောင့်လျော့တာလဲ⁉️

ကားအင်ဂျင်ရဲ့ ချောဆီပေးစနစ် (Lubrication System) မှာအသုံးပြုတဲ့ အင်ဂျင်ဝိုင်တွေက ပုံမှန်အတိုင်း (ပြစ်ချက်မရှိ) ဆိုရင်လည်း ပမာဏနည်းနည်းတော့လျော့လေ့ရှိပါတယ်။ ဒါပေမယ့် အင်ဂျင်မှာ ပြစ်ချက်ရှိခြင်း (သို့မဟုတ်) အသုံးပြုတဲ့ အင်ဂျင်ဝိုင်ဂရိတ်နှင့်အရည်သွေးကြောင့်လည်း အင်ဂျင်ဝိုင် လျော့စေနိုင်ပါတယ်။ အင်ဂျင်ဝိုင်လျော့စေနိုင်တဲ့ အကြောင်းများစွာထဲက အဖြစ်များတဲ့ ပြစ်ချက်တွေကတော့

၁။ အင်ဂျင်အတွင်း လောင်ကျွမ်းခြင်း
၂။ အင်ဂျင်အပြင်ဘက်သို့ စိမ့်ထွက်ခြင်း
၃။ အင်ဂျင်ဝိုင် အရည်အသွေးမပြည့်ခြင်းနှင့် SAE Grade လွဲမှားစွာအသုံးပြုခြင်း
၄။ အင်ဂျင်ဒီဇိုင်းအရ အနည်းငယ်လျော့ခြင်း

၁။ အင်ဂျင်အတွင်း လောင်ကျွမ်းခြင်း
ပစ်စတင်ရိန်းများကြောင့် အင်ဂျင်ဝိုင်များ မီးလောင်ခန်း (Combustion Chamber) အတွင်း ရောက်ရှိကာ လောင်ကျွမ်းခြင်း နှင့် ဗားဆီးလ် (Valve Seal) များ ပျက်စီးခြင်းကြောင့် အင်ဂျင်ဝိုင်ကို မထိန်းနိူင်၍ မီးလောင်ခန်း (Combustion Chamber) အတွင်းသို့ စိမ့်ဝင်ကာ လောင်ကျွမ်းနိူင်ပါတယ်။ တာဘိုချာချာပါသောကားများတွင် တာဘိုချာချာမှ အင်ဂျင်ဝိုင်ယိုစိမ့်မှုကြောင့်လည်း အင်ဂျင်ဝိုင်လျော့နိူင်ပါတယ်။

၂။ အင်ဂျင်အပြင်ဘက်သို့ စိမ့်ထွက်ခြင်း
အင်ဂျင်အပြင်ဘက်သို့ အင်ဂျင်ဝိုင် စိမ့်ထွက်နိူင်သောနေရာများမှာ
- တိုက်ပစ်ဖုံး (Tapped Oil Seal) မလုံခြင်း
- ချိန်းကာဗာ (Timing Chain Cover) မလုံခြင်း
- ကရိုင်းရှပ် မိန်း ဝိုင်ဆီးလ် (Crankshaft Oil Seal)
- ကမ်မရှပ် ဝိုင်ဆီးလ်(Camshaft Oil Seal)
- အင်ဂျင်ဝိုင်ဖစ်တာ (Engine Oil Filter)
- အင်ဂျင်ဝိုင် ချက်နပ် (Oil Drain Plug)
- အင်ဂျင်ဝိုင် ကရိုင်းကစ် (Oil Pan)
- ဟက် ဂဏ်စကက် (Engine Head Gasket)
- PCV ဗား (Positive Crankcase Ventilation Valve)

၃။ အင်ဂျင်ဝိုင် အရည်အသွေးမပြည့်ခြင်းနှင့် SAE Grade လွဲမှားစွာအသုံးပြုခြင်း
အင်ဂျင်ဝိုင်တွင် SAE (အပူချိန်အလိုက် အင်ဂျင်ဝိုင်ဈေးပျစ်မှုသတ်မှတ်ချက်) နှင့် API (အင်ဂျင်ဝိုင် အရည်အသွေး သတ်မှတ်ချက်) ဟူ၍ ရှိပါသည်။ အင်ဂျင်အနေအထား၊ ကားအသုံးပြုရာနေရာဒေသ၏ အပူချိန်ပေါ်မူတည်၍ အင်ဂျင်ဝိုင် SAE Grade ကို ရွေးချယ်အသုံးပြုရပါတယ်။ ထို့အပြင် အင်ဂျင်ဝိုင် အရည်သွေးသတ်မှတ်ချက်ဖြစ်သည့် API အဆင့်သတ်မှတ်ချက်ကိုလည်း အထူးဂရုစိုက်ရပါမယ်။ DPF (Diesel Particulate Filter) ပါသော ဒီဇယ်အင်ဂျင်များနှင့် Catalytic Converter (ကျောက်ဇကာ) ပါသောကားများ (ကားအားလုံးနီးပါးတွင် အသုံးပြု) တွင် အရည်သွေးနိမ့်သော အင်ဂျင်ဝိုင်ကို အသုံးပြုပါ အင်ဂျင်ဝိုင်ပျောက်ခြင်း၊ DPF နှင့် Catalytic Converter များ လျှင်မြန်စွာ ပျက်စီးနိူင်ပါတယ်။

၄။ အင်ဂျင်ဒီဇိုင်းအရ အနည်းငယ်လျော့ခြင်း
တစ်ချို့သော ကားထုတ်လုပ်သည့် ကုမ္ပဏီများသည် အင်ဂျင်ဒီဇိုင်းသဘောအရ အင်ဂျင်ဝိုင်အနည်းငယ်စားပါတယ်။ အဆိုပါကားများ၏ ပိုင်ရှင်လက်စွဲစာအုပ် (Owner Manual) တွင် ကီလိုမီတာ (သို့) မိုင် ဘယ်လောက်မောင်းပြီးပါက အင်ဂျင်ဝိုင်ပမာဏ ဘယ်လောက်ရော့မည်ဆိုသည် ထည့်ရေးထားပါတယ်။ အဆိုပါကားများတွင် အင်ဂျင်ဝိုင်လျော့ပါက သတ်မှတ်ချက်ပမာဏအတိုင်း ဟုတ်မဟုတ် သေချာစွာစစ်ဆေးပေးသင့်ပါတယ်။

ဥပမာ - 2006 Lexus RX330 ၏ ကားပိုင်ရှင်လက်ဆွဲစာအုပ်တွင် အင်ဂျင်ဝိုင်စားနှုန်း (Max Oil Consumption) - (1 Liter per 1000 km) ၁၀၀၀ ကီလိုမီတာမောင်းပြီးပါက အများဆုံး အင်ဂျင်ဝိုင် ၁လီတာလျော့နိူင်ဟု ရေးသားထားပါသည်။ ၎င်းပမာဏ လျော့ပါက ယိုစိမ့်မှုကြောင့်၊ အင်ဂျင်ဝိုင် မကောင်းတာကြောင့်ဟု ပြော၍ မရနိူင်ပါဘူး။

ကားအဲကွန်းမအေးရခြင်း အကြောင်း (၈) ချက်⁉️မော်တော်ကားအဲကွန်းစနစ်ဆိုတာ ကားအတွင်းခန်း အပူအအေးကို ချိန်ညှိကာ သန့်စင်သောလေကိုဖ...
25/08/2023

ကားအဲကွန်းမအေးရခြင်း အကြောင်း (၈) ချက်⁉️

မော်တော်ကားအဲကွန်းစနစ်ဆိုတာ ကားအတွင်းခန်း အပူအအေးကို ချိန်ညှိကာ သန့်စင်သောလေကိုဖန်တီးပြီး ကားမောင်းနှင်သူနှင့် လိုက်ပါစီးနင်းသူများအတွက် သက်တောင့်သက်သာဖြစ်စေပါတယ်။ အအေးပိုင်းဒေသများမှာ ဟီတာ (Heater) စနစ်ကို အသုံးပြုပြီး ကျွန်တော်တို့လို အပူပိုင်းဒေသများမှာတော့ ကူလာ (Cooler) စနစ်ကို အသုံးပြုကြပါတယ်။ အဲကွန်း မအေးရခြင်းအကြောင်းအရာများစွာထဲက အဖြစ်အများဆုံး ပြစ်ချက် (၈) ချက်ကို ဗဟုသုတအဖြစ် မျှဝေပေးချင်ပါတယ်။

၁) အဲကွန်းဂဏ်(စ်) ကုန်ခြင်း (သို့) နည်းခြင်း – ကားအဲကွန်းစနစ်မှာအသုံးပြုတဲ့ အဲကွန်းဂဏ်(စ်)မှာ R134a (သို့) HFC134a နှင့် HFO1234yf (မော်ဒယ်မြင့်ကားများမှာသုံး) တို့ကို အသုံးပြုကြပါတယ်။ အဲကွန်းပိုက်လိုင်းရဲ့ အဆက်တွေမှာအသုံးပြုတဲ့ ရာဘာဆီးလ် (Seal) တွေမလုံတော့တဲ့အခါ အဲကွန်းဂဏ်(စ်) ယိုစိမ့်မှုဖြစ်ပြီး ဂဏ်(စ်) ကုန်တဲ့ ပြဿာနာကို ကြုံတွေရမှာဖြစ်ပါတယ်။ ဒီပြစ်ချက်ကတော့ အများဆုံးဖြစ်တဲ့ ပြစ်ချက်တခုဖြစ်ပါတယ်။ ဒါဆိုရင်တော့ ပိုက်လိုင်းတလျောက်မှာရှိတဲ့ ရာဘာဆီးလ်တွေကို အသစ်လဲပေးသင့်သလို ပိုက်လိုင်းယိုစိမ့်မှုကိုလည်း သေချာစစ်ဆေးသင့်ပါတယ်။

၂) အဲကွန်းဂဏ် (စ်) များခြင်း – ဒီပြစ်ချက်ကတော့ အဖြစ်နည်းတဲ့ ပြစ်ချက်တခုဖြစ်ပါတယ်။ ကားတစ်စီးအတွက် သတ်မှတ်ထားတဲ့ အဲကွန်းဂဏ်(စ်) ပမာဏရှိသလို အဲ့ဒီပမာဏအတိုင်း ထည့်ပေးရပါတယ်။ ကားအဲကွန်းဂဏ်(စ်)ထည့်ရင်း အကြောင်းအမျိုးမျိုးကြောင့် ဂဏ် (စ်) ပမာဏ ပိုထည့်မိတဲ့အခါ အဲကွန်းမအေးတဲ့ပြစ်ချက်ကို ကြုံတွေ့ရပါတယ်။ အဲကွန်းဂဏ်(စ်) ပမာဏကို တိတိကျကျထည့်ပေးဖို့ လိုအပ်ပါတယ်။

၃) အဲကွန်းပိုက်လိုင်းပိတ်ခြင်း – အဲကွန်းစနစ်ကို အချိန်ကာလကြာမြင့်စွာ ပြုပြင်ထိန်းသိမ်းမှုမရှိခြင်း၊ အဲကွန်းဂဏ်(စ်) မသန့်ခြင်း၊ အဲကွန်းကွန်ပရက်ဆာ ကျခြင်း (ပျက်စီးခြင်း)၊ အဲကွန်းရာဘာပိုက်များသက်တမ်းကုန်ခြင်း များကြောင့် ထွက်လာတဲ့အမှုန်များက ပိုက်လိုင်းအတွင်းကပ်ခြင်း၊ လိုင်းများပိတ်ခြင်းကို ဖြစ်စေကာ အဲကွန်းဂဏ်(စ်) စီးဆင်းမှုကို အဟန့်အတားအဖြစ်စေပါတယ်။ အဲ့လိုပြစ်ချက်ဖြစ်တဲ့အခါ အဲကွန်းမအေးခြင်း၊ အအေးပေ့ါခြင်းကို ဖြစ်စေနိူင်ပါတယ်။

၄) ပိုက်လိုင်းထဲ လေဝင်ခြင်း – အဲကွန်းစနစ် ဂဏ်(စ်)စီးဆင်းတဲ့လိုင်းအတွင်း လေ (သို့) ရေငွေ့ပါဝင်မှု လုံးဝမဖြစ်ရပါဘူး။ လေ (သို့) ရေငွေ့ပါဝင်မှုအနည်းငယ်က အဲကွန်းဂဏ်(စ်) ဖိအားပြောင်းလဲမှုကို များစွာဖြစ်စေသလို အိပ်စပန်းရှင်းဗား (Expansion Valve) ပိတ်ခြင်းကိုလည်းဖြစ်စေနိူင်ပါတယ်။ ဒါကြောင့် အဲကွန်းဂဏ်(စ်)မထည့်ခင် ပိုက်လိုင်းအတွင်းမှ လေများကိုကုန်စင်အောင်စုပ်ယူပေးရမှာဖြစ်ပြီး လေမဝင်အောင်လည်း ဂရုစိုက်ပေးရမှာ ဖြစ်ပါတယ်။

၅) အဲကွန်း ကွန်ပရက်ဆာ မကောင်းခြင်း – ကားအဲကွန်း ကွန်ပရက်ဆာဆိုတာ အဲကွန်းပိုက်လိုင်းထဲက ဂဏ်(စ်) တွေကို ဖိကျစ်ပြီး ဖိအားမြှင့်တင်ပေးတဲ့ အလုပ်ကို လုပ်ဆောင်ပေးပါတယ်။ အဲကွန်း ကွန်ပရက်ဆာမှာ ပြစ်ချက်ရှိနေပြီဆိုရင်လည်း အဲကွန်းစနစ်အလုပ်မလုပ်တာကြောင့် အဲကွန်းမအေးနိူင်ပါဘူး။ တခါတလေ အဲကွန်းဂဏ်(စ်) မသန့်တာကြောင့် ကွန်ပရက်ဆာ လျှင်လျှင်မြန်မြန် ပျက်စီးတာကိုလည်း ကြုံတွေ့ကြရပါတယ်။ ဒါကြောင့် ကွန်ပရက်ဆာကိုလည်း စစ်ဆေးသင့်ပါတယ်။

၆) ကွန်ပရက်ဆာကလပ် ပြစ်ချက်ရှိခြင်း – အဲကွန်းကွန်ပရက်လည်ပတ်မှုကို ချိတ်ဆက် ၊ ဖြတ်တောက်ပေးတဲ့ မဂနက်တစ်ကလပ်မကောင်းရင်လည်း ကွန်ပရက်ဆာအလုပ်မလုပ်တဲ့အတွက် အဲကွန်းအေးမှာ မဟုတ်ပါဘူး။ မဂနက်တစ်ကလပ်ရဲ့ အကွာအဝေးများခြင်း၊ သံလိုက်အားနည်းခြင်း၊ ကလပ်မျက်နှာပြင်မညီညာခြင်း၊ စလစ်ဖြစ်ခြင်းစတဲ့ ပြစ်ချက်များစွာဖြစ်စေနိူင်ပါတယ်။

၇) အအေးပေးပန်ကာ (Cooling Fan) မကောင်းခြင်း – အအေးပေးပန်ကာဆိုတာ ကားရေတိုင်ကီကို အအေးပေးသလို အပူကွိုင် (Condenser) ရဲ့ အပူချိန်ကိုလည်းလျော့ချပေးပါတယ်။ ပန်ကာရဲ့ မော်တာမကောင်းခြင်း၊ ဖြူ့ပျက်ခြင်း၊ ရီလေးမကောင်းခြင်း၊ ဝါယာရှော့ (ဝါယာရိန်း) ပြစ်ချက်ရှိခြင်းတို့ကြောင့် အပူကွိုင် အပူချိန်မြင့်တက်ကာ အဲကွန်းမအေးတဲ့ ပြဿာနာ ကြုံနိူင်ပါတယ်။ ဒါကြောင့် အအေးပေးပန်ကာကိုလည်း စစ်ဆေးသင့်ပါတယ်။

၈) အဲကွန်း လျှပ်စစ်စနစ်နှင့်ဆင်ဆာများ ပြစ်ချက်ရှိခြင်း – ဒီပြစ်ချက်ကတော့ စစ်ဆေးပြုပြင်ဖို့ အနည်းငယ်ခက်ခဲတဲ့ ပြစ်ချက်ဖြစ်ပါတယ်။ အဲကွန်း လျှပ်စစ်စနစ်မှာပါဝင်တဲ့ ဖြူ့၊ ရီလေး၊ ဝါယာရိန်း၊ အဲကွန်းခလုတ်၊ ဘလိုဝါမော်တာ၊ ကွန်ပရက်ဆာကလပ်၊ ဆင်ဆာများ နဲ့ ကွန်ထရိုးဘောက်တွေထဲက တခုခုမှာ ပြစ်ချက်ရှိနေပြီဆိုရင်လည်း အဲကွန်းမအေးနိူင်ပါဘူး။

အထက်ပါဖော်ပြခဲ့တာကတော့ ကားအဲကွန်းစနစ်မအေးတဲ့အခါ မဖြစ်များတဲ့ ပြစ်ချက်တွေဘဲဖြစ်ပါတယ်။ ဒါ့အပြင် အပူကွိုင် (Condenser) ချေးပိတ်ခြင်း၊ အအေးကွိုင် (Evaporator) ချေးပိတ်ခြင်း၊ အိပ်စပန်းရှင်းဗား (Expansion Valve) မကောင်းခြင်း၊ ဖစ်တာ (Dryer – Filter) ချေးပိတ်ခြင်း၊ အဲကွန်းလေစစ် (Cabin Air Filter) ချေးပိတ်ခြင်း၊ ဘလိုဝါမော်တာပြစ်ချက်ရှိခြင်း တို့ကြောင့်လည်း အဲကွန်းအအေးပေ့ါခြင်း၊ မအေးခြင်းကို ဖြစ်စေနိူင်ပါတယ်။ (ကိုးကား – https://cartreatments.com/)

သတိထား မစစ်ဆေးပါက အသက်အန္တရာယ်ပါ ဖြစ်လာနိုင်တဲ့ ကားဒူးဆစ်💥💥💥မော်တော်ကားတစ်စီးကိုအောက်ပိုင်းစစ်ဆေးပေးတဲ့အခါမှာမေ့နေတတ်တဲ့...
23/08/2023

သတိထား မစစ်ဆေးပါက အသက်အန္တရာယ်ပါ ဖြစ်လာနိုင်တဲ့ ကားဒူးဆစ်💥💥💥

မော်တော်ကားတစ်စီးကိုအောက်ပိုင်းစစ်ဆေးပေးတဲ့အခါမှာမေ့နေတတ်တဲ့အရာတစ်ခုက CV Joint လို့ခေါ်တဲ့ဒူးဆစ်ကိုစစ်ဆေးပေးဖို့ပါပဲ။

ဘာဖြစ်လို့သတိထားစစ်ဆေးရမလဲဆိုတော့CV Joint ဆိုတာဘာလဲ….? ဘာလုပ်ပေးတာလဲ?

ရှေ့ယက်ကားတွေ (Front Wheel Drived car)နဲ့ ဖိုးဝီးကား Four Wheel car)တွေမှာမဖြစ်မနေသုံးရတဲ့ပစ္စည်းပါ

အချို့သောနောက်ယက်ကားဖြစ်တဲ့Crown၊Mark II စတဲ့(Rear Wheel Drived car)တွေမှာလဲသုံးတတ်ပါတယ်။

CV ဆိုတာ Constant Velocity ရဲ့အတိုကောက်လေးပါ။ကားတစ်စီးရွေ့လျားဖို့ဆိုရင်အင်ဂျင်လည်ရပါမယ်။နောက်ဂီယာတစ်ခုခုရှိရပါမယ်။

အဲဒီဂီယာနဲ့ချိတ်ဆက်ပြီးကားဘီးတွေကိုလည်ပေးလိုက်မှ ကားကသွားလာလို့ရပါမယ်။

Transaxle လို့ခေါ်တဲ့ဂီယာဘောက်ကနေလည်ပေးလိုက်တဲ့အတိုင်း ကားရဲ့ ဘီးတွေကလိုက်ပြီးလည်ပတ်ရပါတယ်။

ဘီးဟာအတည့်ဖြစ်ဖြစ်၊ကွေ့နေလို့ပဲဖြစ်ဖြစ်၊ဘီးကချိုင့်ထဲကျသွားလို့ပဲဖြစ်ဖြစ်၊ဘီးကကမူပေါ်မှာရောက်နေလို့ပဲဖြစ်ဖြစ်Transaxle ရဲ့လည်နှုန်းအတိုင်းလိုက်ပြီးလည်ပေးရပါမယ်။
(ဒါကြောင့်Constant Velocityလို့ခေါ်တာပါ။)ဒါတွေရဲ့ အလုပ်ကို CV axle လို့ခေါ်တဲ့ဒူးဆစ်ရှပ်တန်းကြီးကလုပ်ဆောင်ပေးပါတယ်။

ဒူးဆစ်ရှပ်တန်းမှာ အတွင်းဒူးဆစ် (Inner CV Joint) နဲ့ အပြင်ဒူးဆစ် (Outer CV Joint) ဆိုပြီးဒူးဆစ်(၂)ခုရှိပါတယ်။(ပုံမှာကြည့်ပါ)

ဒူးဆစ်တွေမှာ အမဲဆီအပြည့်နဲ့ဘောလေးတွေပါပါတယ်။အဲဒီဘောလေးတွေကမြောင်းတွေထဲမှာအထိုင်ကျနေပြီးလိုသလိုအထက်အောက်ဘေးဘယ်ညာကစားလို့ရပါတယ်။

အဲဒီဘောလေးတွေက CV Joint ရဲ့အရေးပါဆုံးပါပဲဗျာ။

CV Joint မကောင်းရင် ဘာတွေဖြစ်နိုင်သလဲ… ?

ကားက ဂီယာထိုးပေမဲ့ မရွေ့တော့ပါဘူး။ကားရမ်းခါနေတာတွေ ဖြစ်နိုင်ပါတယ်။ ဒီထက်ပိုဆိုးတာက ဒူးဆစ်ပြုတ်ထွက်သွားပြီး ကားဘီး အပြင်ကိုကားထွက်သွားတာ၊အတွင်းကိုဝင်သွားတာတွေဖြစ်နိုင်ပါတယ်။

အရှိန်နဲ့သွားလာနေတဲ့အခါမှာတကယ်ကိုအန္တရာယ်များပါတယ်။

ဒီလိုတွေဖြစ်နေရင်တော့ CV Joint (ဒူးဆစ်)ကို စစ်ဆေးပြီးလဲလှယ်ဖို့လိုအပ်ရင်လဲရပါမယ်။ဒူးဆစ်သဲကာတွေပေါက်ပြဲနေရင်(သို့)ဒူးဆစ်အမဲဆီတွေအပြင်ကိုထွက်နေရင်(ဒူးဆစ်ကို ပျက်ဆီးစေတဲ့ အဓိကအကြောင်းရင်းပါ)

စီယာရင်အဆုံးထိကွေ့ပြီး လီဗာနင်းလိုက်ရင်တောက်တောက် ဆိုပြီး အသံထွက်နေရင်(ဒါက first step ပါ)စီယာရင်ကို

အတည့်တိုင်းထားပြီး သွားရင်လည်း ရမ်းခါပြီး တောက်တောက်ဆိုပြီး အသံထွက်ပါမယ်။ဒီအဆင့်ဆိုရင်တော့ တအားကိုအန္တရာယ်များသွားပါပြီ

အချိန်မဆိုင်းဘဲ ဒူးဆစ်ကို လဲရပါမယ်။အကယ်၍သာ သဲကာပေါက်ပြဲနေတာတို့ အမဲဆီတွေ အပြင်ကို ထွက်နေတာတို့ပဲ ဖြစ်နေသေးရင်တော့ သဲကာလဲပြီး ဒူးဆစ် အမဲဆီကို အသစ်ထည့်ပေးရပါမယ်။

ဒီနေရာမှာဒူးဆစ်(CV Joint)အတွက်အမဲဆီက Extreme Pressure Moly ပါတဲ့အမဲဆီကိုသုံးစွဲရမှာဖြစ်ပါတယ်။

ဘောတွေမကောင်းတော့ဘူးဆိုရင်တော့ ယာဉ်အန္တရာယ်ကင်းစေဖို့ ဒူးဆစ်ကိုလဲလှယ်ရမှာဖြစ်ပါတယ်
ဒါကြောင့် အောက်ပိုင်းစစ်ဆေးရင် CV Joint လို့ခေါ်တဲ့ ဒူးဆစ်ကိုလည်း သတိ ထားစစ်ဆေးဖို့ ဆန္ဒပြုတိုက်တွန်းရင်း

credit မူရင်းရေးသားသူ

အင်ဂျင်ဝိုင်ပိုထည့်ရင် ဘာဖြစ်နိုင်လဲ⁉️မော်တော်ကားအင်ဂျင်ရဲ့ ချောဆီစနစ်မှာ အသုံးပြုတဲ့ အင်ဂျင်ဝိုင်ပမာဏက အင်ဂျင်အရွယ်အစား...
21/08/2023

အင်ဂျင်ဝိုင်ပိုထည့်ရင် ဘာဖြစ်နိုင်လဲ⁉️

မော်တော်ကားအင်ဂျင်ရဲ့ ချောဆီစနစ်မှာ အသုံးပြုတဲ့ အင်ဂျင်ဝိုင်ပမာဏက အင်ဂျင်အရွယ်အစား၊ အင်ဂျင်အမျိုးအစားပေါ်မူတည်ပြီး ပမာဏကွာခြားကြပါတယ်။ အင်ဂျင်ဝိုင်ပမာဏတွေမှာ 3 လီတာ၊ 3.5 လီတာ၊ 4 လီတာ၊ 4.5 လီတာ၊ 5 လီတာ၊ 6 လီတာ၊ 7 လီတာ စသည်ဖြင့် အသီးသီး ကွာခြားကြပါတယ်။ ဒါကြောင့် အင်ဂျင်အမျိုးအစားနှင့်အရွယ်အစားပေါ်မူတည်ပြီး သတ်မှတ်ချက်ပမာဏအတိုင်း ထည့်ပေးရတာဖြစ်ပါတယ်။

အင်ဂျင်ဝိုင်ပမာဏကို တိုင်တာစစ်ဆေးဖို့အတွက် အင်ဂျင်ဝိုင်ဂိတ်တံ (Engine Oil Dipstick) မှာ LOW (L) နှင့် FULL (F) ဆိုတဲ့အမှတ်ပါရှိပြီး FULL (F) ဆိုတဲ့အမှတ်ထိ အင်ဂျင်ဝိုင်ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ F ဆိုတဲ့အမှတ်ထက်ကျော်အောင် မဖြည့်သင့်သလို L ဆိုတဲ့အမှတ်အောက်ရောက်အောင်လည်း မလျော့နည်းရပါဘူး။ L ဆိုတဲ့အမှတ်အောက်ကျသွားတဲ့အခါ အင်ဂျင်ကြီးမားစွာထိခိုက်ပျက်စီးစေနိူင်ပါတယ်။ ဒါ့အပြင် F (FULL) ဆိုတဲ့အမှတ်ထက်ကျော်လွန်ပြီး ဖြည့်ပါကလည်း အင်ဂျင်ပျက်စီးစေနိူင်တာကြောင့် အင်ဂျင်ဝိုင်ပိုထည့်မိတဲ့အခါ ကြုံတွေ့ရနိူင်တဲ့ အချက်တွေနဲ့ပါတ်သက်ပြီး ဗဟုသုတအဖြစ် မျှဝေချင်ပါတယ်။

၁) အင်ဂျင်ပျက်စီးစေခြင်း – အင်ဂျင်ဝိုင်ပမာဏနည်းရင် ချောဆီပေးအစိတ်အပိုင်းတွေပျက်စီးစေနိူင်တယ်ဆိုတာကိုအားလုံးနားလည်ထားကြပေမယ့် အင်ဂျင်ဝိုင်ပမာဏများရင်ပျက်စီးနိူင်တယ်လို့ဆိုတဲ့အခါ အားလုံးအံ့သြသွားကြပါလိမ့်မယ်။ ဒါက တစ်ကယ့်လက်တွေ့ဖြစ်ရပ်တခုဖြစ်ပါတယ်။ အင်ဂျင်ဝိုင်ပမာဏက သတ်မှတ်ချက်ထက်များနေတဲ့အခါ ကရိုင်းရှပ် (Crankshaft) က အင်ဂျင်ဝိုင်ထဲမြုပ်နေပါလိမ့်မယ်။ အင်ဂျင်နှိုးလို့ ကရိုင်းရှပ်လည်ပတ်တဲ့အခါ အင်ဂျင်ဝိုင်တွေကို လှုပ်ခါမွှေနှောက်နေတဲ့အတွက် အမြုပ်တွေထကာ အင်ဂျင်ဝိုင်လိုင်း လေခိုစေပြီး ချောဆီကောင်းစွာမရောက်ရှိခြင်းကြောင့် အစိတ်အပိုင်းတွေ ပျက်စီးစေနိူင်ပါတယ်။

၂) ဆီးလ်နှင့် ဂဏ်စကက်များ ပျက်စီးခြင်း – အင်ဂျင်ဝိုင်ပမာဏများသွားတဲ့အခါ ကရိုင်းရှပ်လည်ပတ်မှုကြောင့် အင်ဂျင်ဝိုင်လိုင်းလေခိုမှုအပြင် အင်ဂျင်ဝိုင်ဖိအားလည်း တိုးလာစေပါတယ်။ အင်ဂျင်မှာအသုံးပြုထားတဲ့ အင်ဂျင်ဝိုင်ဆီးလ်များ၊ ဂဏ်စကက်များက အင်ဂျင်ဝိုင်ရဲ့ဖိအား သတ်မှတ်ချက်ထက်ကျော်လွန်လာတဲ့အခါ ယိုစိမ့်မှုတွေဖြစ်စေနိူင်ပါတယ်။ အထူးသဖြင့် အင်ဂျင်ပူလီဝိုင်ဆီးလ် (Pulley Oil Seal) နှင့် အင်ဂျင်နောက် မိန်းဝိုင်ဆီးလ် (Main Oil Seal) တို့ ဆီယိုစိမ့်ကာ ပျက်စီးစေနိူင်ပါတယ်။

၃) ပလပ်များ အင်ဂျင်ဝိုင်စိုခြင်း (Fouling Spark Plug) – အင်ဂျင်ဝိုင်ပမာဏများသွားတဲ့အခါ အင်ဂျင်မီးလောင်ခန်းအတွင်း မီးပေးနေတဲ့ ပလပ် (Spark Plug) တွေကို အင်ဂျင်ဝိုင်စိုသွားကာ မီးကူးအားကျသွားတဲ့အခါ အင်ဂျင်စလိုးမငြိမ်ခြင်း၊ အင်ဂျင်မစ်ဖိုင်းယားဖြစ်ခြင်းနှင့် အင်ဂျင်နှိုးမရတဲ့အဆင့်ထိဖြစ်စေနိူင်ပါတယ်။

၄) ကျောက်ဇကာပိတ်ခြင်း (Clogged Catalytic Converter) – အိတ်ဇောလိုင်းမှာတပ်ဆင်ထားတဲ့ ကျောက်ဇကာဆိုတာ အိတ်ဇောငွေ့ထဲက အန္တရာယ်ရှိစေနိူင်တဲ့ ဓါတ်ငွေ့များကို ပြောင်းလဲပေးတာဖြစ်ပါတယ်။ အင်ဂျင်ဝိုင်ပမာဏများသွားတဲ့အခါ အင်ဂျင်မီးလောင်ခန်းကိုလည်း အင်ဂျင်ဝိုင်ရောက်စေတဲ့အတွက် အိတ်ဇောငွေ့ထဲမှာ အင်ဂျင်ဝိုင်များပါဝင်လာကာ ကျောက်ဇကာကို ပိတ်စေနိူင်ပါတယ်။ ကျောက်ဇကာပိတ်တဲ့အခါ ကျောက်ဇကာအပူလွန်ကဲပြီး ကားမီးလောင်တဲ့အထိ ဖြစ်စေနိူင်ပါတယ်။

ဒါကြောင့် အင်ဂျင်ဝိုင်လဲတဲ့အခါ မိမိကားအင်ဂျင်နှင့်ကိုက်ညီတဲ့ အင်ဂျင်ဝိုင်ပမာဏအတိကျကို ထည့်ပေးသင့်ပါတယ်။ အင်ဂျင်ဝိုင်ပမာဏအတိကျကို ကားပိုင်ရှင်လက်စွဲ (Owner Manual) မှာ ထည့်သွင်းရေးမှတ်ထားသလို ကွျှမ်းကျင်စက်ပြင်ဆရာကိုလည်း မေးမြန်းနိူင်ပါတယ်။ အင်ဂျင်ဝိုင်လဲတဲ့အခါ သတ်မှတ်ပမာဏကိုလဲပေးခြင်းဖြင့် မလိုလားအပ်တဲ့ ပြစ်ချက်များကို ရှောင်ရှားနိူင်စေရန် ဗဟုသုတအဖြစ် တင်ပြလိုက်ရပါတယ်။ (ကိုးကား – https://oards.com/)

GRADE 1 Auto services ရဲ့ မိတ်ဟောင်းမိတ်သစ် Customer များခင်ဗျာ...❤️ကျွန်တော် တို့ရဲ့ Grade 1 Auto Service မှ ဝန်ထမ်းမျာ...
16/08/2023

GRADE 1 Auto services ရဲ့ မိတ်ဟောင်းမိတ်သစ် Customer များခင်ဗျာ...❤️

ကျွန်တော် တို့ရဲ့ Grade 1 Auto Service မှ ဝန်ထမ်းများအနေနှင့် အလှည့်ကျ အနားယူစနစ်ဖြင့် ပိတ်ရက်မရှိ ဝန်ဆောင်မှု ပေးလျှက် ရှိပါတယ် ခင်ဗျ....
GRADE 1 Auto Service မှာ Car Service နဲ့ပတ်သက်လျှင်

🔶Car Aircon Service
🔶အလိုင်းမင်းချိန်ခြင်း ....
🔶အောက်ပိုင်းပြုပြင်ခြင်း ...
🔶အင်ဂျင် / ဂီယာဘောက်ပြုပြင်ခြင်း
🔶အင်ဂျင်ဝိုင် ၊ဂီယာဝိုင်လဲလှယ်ခြင်း ...
🔶Car Computer စစ်ဆေးခြင်း....
🔶Engine Sensor များနှင့် ....
🔶အင်ဂျင်ဂျိုး , ကာဗွန်ဂျိုးဆေးခြင်း
🔶အင်ဂျင်ကျူးနင်းပြုလုပ်ခြင်း များကို သင့်တင့်သောဈေးနှုန်း အကောင်းဆုံးဝန်ဆောင်မူများနှင့်‌ေဆာင်ရွက်ပေးနေပါပြီခင်ဗျာ 🤝

ကားတစ်စီးရဲ့ ပြစ်ချက်ကို စစ်ဆေးပြီးတဲ့အခါ ကုန်ကျစရိတ် ပြုပြင်ခများကို ကားပိုင်ရှင်နဲ့ ဆွေးနွေးပြီး သဘောတူကျေနပ်တဲ့ အနေအထားနဲ့ သာ ပြုပြင်ပေးပါတယ်ခင်ဗျာ .❤️

ဆိုင်ဖွင့်ချိန် >>
မနက် ၈:၀၀ မှ ညနေ ၅:၃၀ အထိ(ပိတ်ရက်မရှိ)ဝန်ဆောင်မူပေးနေပါတယ်ခင်ဗျ

GRADE 1 Automotive Repair & Services ⚙️

📬သာစည်လမ်း၊ရတနာပုံရပ်(၂)လမ်း၊မုံရွာမြို့

☎️09 977273710

☎️09 961763456

Address

Mahar Myaing Street
Yangon

Opening Hours

Monday 08:00 - 18:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Mechanic Ko Htut posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share