All About Automotive Spare Parts

All About Automotive Spare Parts Aimed for those who are interested and want to learn about car spare parts. I will share about automotive technical terms and knowledge.

30/05/2024

အခုချိန် အခုကာလ မှာတော့အားလုံးဟာအပူကိုယ်စီနဲ့ပေါ့ဗျာ . . .

လုပ်ငန်းရှင်တွေအနေနဲ့လဲ ဖြစ်နေတဲ့အနေအထားမှာဆုံးဖြတ်ချက်တွေကိုချတဲ့အခါအမှားအယွင်းနည်းအောင်လုပ်ဆောင်ရမယ့်အချိန်ပါ။

ကုန်ပစ္စည်းတင်သွင်းပီး လက်ကားဖြန့်ဖြူးရောင်းနေတဲ့သူတွေကလဲ တက်နေတဲ့ငွေစျေးနဲ့အရောင်းပဲရပ်ထားရမလား ? ? ?
ရောင်းလိုက်ပီးရင်ရောပစ္စည်းပြန်မှာဖို့ငွေစျေးကတက်နေတာနဲ့ကိုက်ရောကိုက်ပါ့မလား ? ? ?
ရောင်းလိုက်တဲ့ပစ္စည်းတွေကုန်ရင်ပြန်သွင်းလို့ရောရပါ့ဦးမလား ? ? ?

ပြည်တွင်းမှာရှိတဲ့ ထုတ်လုပ်သူတွေအနေနဲ့ကလဲ အဖက်ဖက်ကတက်နေတဲ့စရိတ်စကစျေးနှုန်းတွေနဲ့ ထုတ်လုပ်မှုကို ရပ်ပဲရပ်ထားရမလား? ? ? စျေးနှုန်းကိုပဲတိုးရောင်းရမလား? ? ?
(တစ်ချို့ကတော့ မိမိရဲ့ထုတ်ကုန်အမျိုးအစားပေါ်မူတည်ပီး မူလအရည်အသွေးအတိုင်းပါဝင်ပစ္စည်းမပြောင်းလဲပဲ ပစ္စည်းရဲ့ အရွယ်အစားကိုလျှော့ချထုတ်လုပ်တာကိုတွေ့ရပါတယ်။
ပစ္စည်းရဲ့ အရွယ်အစားကိုမပြောင်းလဲပဲပါဝင်ပစ္စည်းအချိုးပြောင်းလဲပီးထုတ်လုပ်တာကိုတော့မလုပ်သင့်ပါဘူး)

လက်လီရောင်းတဲ့ဆိုင်လေးတွေကလဲ ပစ္စည်းကို အခုဒီစျေးနဲ့ရောင်းလိုက်ပီး ပြန်ဝယ်လို့ရောရပါ့မလား ? ? ?

အခြားသောလုပ်ငန်းနယ်ပယ်အမျိုးအစားအသီးသီးမှာလဲ လက်ရှိအနေအထားကြောင့်သက်ရောက်မှုပုံစံမျိုးစုံနဲ့ကြုံတွေ့နေရပီး လုပ်ငန်းဆက်လက်ရှင်သန်နိုင်စေဖို့ကြိုးစားနေကျရမှာအမှန်ပါ။

လခစားဝန်ထမ်းတွေရဲ့အနေအထားကလဲ ရတဲ့လခနဲ့တက်နေတဲ့ကုန်စျေးနှုန်းနဲ့ တစ်လတစ်လ အသုံးစရိတ်၊အိမ်စရိတ်လောက်ပါတော့မလားချင့်ချိန်နေရ ပူပန်နေရ 😢

အဆင့်ဆင့်ရဲ့နောက်ဆုံးမှာတော့ လခစားဝန်ထမ်းများနဲ့ တစ်နေ့လုပ်မှတစ်နေ့စားရတဲ့အခြေခံလူတန်းစား အောက်ခြေကနင်းပြားဘဝတွေက အထိအနာဆုံးဖြစ်နေတာပါပဲ

Aimed for those who are interested and want to learn about car spare parts. I will share about automotive technical terms and knowledge.

Fuel Pump လို့ပြောရင် ဓာတ်ဆီကားတွေမှာလဲ အသုံးပြုသလို ဒီဇယ်ကားတွေမှာလဲအသုံးပြုပါတယ်။အသုံးပြုတဲ့လောင်စာဆီကွဲပြားတာကြောင့် ...
02/10/2023

Fuel Pump လို့ပြောရင် ဓာတ်ဆီကားတွေမှာလဲ အသုံးပြုသလို ဒီဇယ်ကားတွေမှာလဲအသုံးပြုပါတယ်။
အသုံးပြုတဲ့လောင်စာဆီကွဲပြားတာကြောင့် ပုံစံနဲ့အလုပ်လုပ်ပုံတွေမတူသလို Engine တွေရဲ့ပြောင်းလဲတိုးတက်လာတဲ့နည်းပညာတွေကြောင့်လဲ Fuel Pump ပုံစံအမျိုးမျိုးတွေ့ရပါတယ်။
အခုတစ်ခေါက်မှာတော့ ဓာတ်ဆီကားအများစုမှာ အသုံးပြုတဲ့ Fuel Pump ပုံစံလေးတွေကို ဗဟုသုတအနေနဲ့စုစည်းပေးထားပါတယ်။ ဓာတ်ဆီကားတွေရဲ့ Fuel Pump တွေမှာ မော်တော်ယာဉ်ထုတ်လုပ်တဲ့ကုမ္ပဏီကြီးတွေဟာ အောက်ဖော်ပြပါ Type ၄ မျိုးပေါ်အခြေခံပီးပုံစံမျိုးစုံနဲ့ထုတ်လုပ်တပ်ဆင်အသုံးပြုထားကြပါတယ်။

1. Mechanical Type

2. In-line Type

3. In-tank Type

4. High Pressure Pump







All About Automotive Spare Parts

     All About Automotive Spare Parts
05/08/2023





All About Automotive Spare Parts

30/07/2023

Vin Number and Chassis Number ဆိုတာဘာလဲ ❓ ❓ ❓

အလွယ်ပြောရရင်တော့ ဒီအခေါ်အဝေါ်၂မျိုးလုံးကို ဘောင်အမှတ် (Frame Number)လို့ခေါ်လို့ရပါတယ်။
မြန်မာပြည်မှာအသုံးပြုနေသောတရားဝင်မှတ်ပုံတင်ထားသည့်ကားတိုင်းမှာကညနမှထုတ်ပေးထားတဲ့မော်တော်ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ်တစ်ခုရှိပါတယ်။ အဲဒီကဒ်ရဲ့နောက်ကျောမှာပါသော Chassis Number ဆိုတဲ့နေရာမှာ ဖြည့်သွင်းရိုက်နှိပ်ထားတဲ့ စာလုံးတွေဟာ ဘောင်အမှတ်(Frame Number) ပါပဲ။
ဂျပန်နိုင်ငံရှိမော်တော်ယာဉ်ထုတ်လုပ်တဲ့ကုမ္ပဏီတွေဟာ ဂျပန်ပြည်တွင်းသုံးညာမောင်းကားတွေမှာတော့ Chassis Number ကိုအသုံးပြုကျပါတယ်။ Chassis Number သတ်မှတ်ရာမှာ အက္ခရာနှင့်ဂဏန်းအရော chassis code များကို model အလိုက် သတ်မှတ်ပီး ထိုစာလုံးများရဲ့အနောက်မှာမှ ဂဏန်းများကို serial အလိုက်ထည့်သွင်းသတ်မှတ်ကျပါတယ်။
မော်တော်ယာဉ်ထုတ်လုပ်တဲ့ကုမ္ပဏီတွေပေါ်မူတည်ပီး ကားမှာရှိတဲ့ name plate မှာရေးသားပုံတွေကွာခြားသွားတတ်ပါတယ်။
ဥပမာ - ဂျပန်ပြည်တွင်းသုံး Toyota ကားတွေရဲ့ name plate မှာ Frame Number လို့ရေးပီး Mitsubishi ကားတွေမှာတော့ Chassis Number လို့ရေးထားကျပါတယ်။
မော်တော်ယာဉ်ထုတ်လုပ်သည့်ဂျပန်ကုမ္ပဏီများမှ ဂျပန်ပြည်တွင်းတွင်ထုတ်လုပ်ပီး ပြည်ပသို့ပြန်လည်တင်ပို့သောမော်တော်ယာဉ်များနှင့် အခြားသောနိုင်ငံများရှိမော်တော်ယာဉ်ကုမ္ပဏီများမှထုတ်လုပ်သည့်မော်တော်ယာဉ်များတွင် Vin Number ကိုအသုံးပြုကျပါသည်။

📌 Vehicle Identification Number (VIN) ဆိုတာကားတစ်စီးချင်းအတွက် ထုတ်လုပ်သည့်ကုမ္ပဏီမှတိကျစွာသတ်မှတ်ပေးထားသောကုဒ်တစ်ခုဖြစ်ပါသည်။ VIN Number တစ်ခုတွင် ဂဏန်းနှင့်အက္ခရာ များပါဝင်သော စာလုံးရေ ၁၇လုံးရှိပီး ထိုဂဏန်းနှင့်အက္ခရာများသည် ကားတစ်စီး၏ ထုတ်လုပ်သူ၊ ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်ခုနှစ်၊ ထူးခြားသောအင်္ဂါရပ်များနှင့် အခြားသတ်မှတ်ချက်များကိုကိုယ်စားပြုပြသခြင်းဖြစ်ပါသည်။ Vin Number ၁ခုတွင် စာလုံးရေ ၁၇လုံးရှိရမည်ဟုဆိုသော်လဲ ခြွင်းချက်အနေဖြင့် 1981 မတိုင်မီတွင် ထုတ်လုပ်ထားသောအချို့ကားများ၏ VIN Number များသည် စာလုံးရေ 11 လုံးသာပါရှိတာကိုတွေ့ရတတ်ပါတယ်။
VIN Number နှင့် Chassis Number များသည် နိုင်ငံတိုင်းတွင်ယာဉ်၏မှတ်ပုံတင်ခြင်းအတွက်အဓိကထား၍ထည့်သွင်းအသုံးပြုကျပါတယ်။ အခြားယာဉ်နှင့်ပက်သက်သောကိစ္စရပ်များဖြစ်သည့် ခိုးယူမှု၊ အာမခံတောင်းဆိုမှုများနှင့် အာမခံအကျုံးဝင်မှုများအတွက်လဲ အလွန်အရေးပါသောနံပါတ်ဖြစ်ပါတယ်။
ဒါ့အပြင် Vin Number and Chassis Number တွေဟာမော်တော်ကားအပိုပစ္စည်းလေ့လာသူတွေ catalog အသုံးပြုရာမှာလွန်စွာအရေးပါတာကြောင့်မဖြစ်မနေသိထားသင့်ပါတယ်။

All About Automotive Spare Parts

Photo Credit

Aimed for those who are interested and want to learn about car spare parts. I will share about automotive technical terms and knowledge.

22/07/2023

အရင် ကားအပိုပစ္စည်း တွေရဲ့ Web Catalog တစ်ချို့အကြောင်း ရှင်းပြထားသော Post မှာရေးထားခဲ့တဲ့ Electronic Parts Catalog (EPC) တွေကိုလေ့လာနိုင်ဖို့ Post တစ်ခုတင်ပေးဖို့ကျန်နေပါတယ်။ အဲဒီအကြောင်းမတင်ခင်မှာ EPC အသုံးပြုတော့မယ်ဆိုရင် Chassis Number နဲ့ Vin Number အကြောင်း မသိမဖြစ် သိထားရဖို့ကအရေးကြီးပါတယ်။ ဒါအတွက်ကြောင့် Chassis & Vin Number နဲ့ပက်သက်ပီး Post တစ်ခုကိုအရင်တင်ပေးသွားပါမယ်။

All About Automotive Spare Parts

မြန််မာနိုင်ငံမှာ EV တွေအရင်ကထက်ပိုများလာတော့မှာဖြစ်တဲ့အတွက် နောက်ပိုင်းမှာ သုံးစွဲသူတွေ အလွယ်တကူအားသွင်းနိုင်ပီးအဆင်ပြေ...
10/05/2023

မြန််မာနိုင်ငံမှာ EV တွေအရင်ကထက်ပိုများလာတော့မှာဖြစ်တဲ့အတွက် နောက်ပိုင်းမှာ သုံးစွဲသူတွေ အလွယ်တကူအားသွင်းနိုင်ပီးအဆင်ပြေစေရန် Charging Station တွေလဲတည်ဆောက်လာကျပါတယ်။
အရင်က ဆီဆိုင်တွေရဲ့ Locations ကို Google Maps ပေါ်မှာရှာဖွေလို့ရသလို ယခုအချိန်မှာ Charging Station တွေရဲ့ Locations ကိုလဲ Google Maps မှာရှာဖွေပီး အနီးစပ်ဆုံး Station သို့သွားရောက်အားသွင်းနိုင်ပီဖြစ်ပါတယ်။






All About Automotive Spare Parts

ကားတာယာနှင့်ပက်သက်၍ ဗဟုသုတရစေရန် Tyre 78 Page မှပြန်လည်ကူးယူတင်ပြခြင်းဖြစ်ပါသည်။သင့်ကားတာယာမှာရေခဲတောင်ပုံနဲ့ M+S ဆိုတဲ့...
16/10/2022

ကားတာယာနှင့်ပက်သက်၍ ဗဟုသုတရစေရန် Tyre 78 Page မှပြန်လည်ကူးယူတင်ပြခြင်းဖြစ်ပါသည်။

သင့်ကားတာယာမှာရေခဲတောင်ပုံနဲ့ M+S ဆိုတဲ့ Symbol ပါနေရင် မြန်မာနိုင်ငံလိုရာသီဥတုနဲ့မကိုက်ညီတဲ့အတွက်ချက်ချင်းလဲပြစ်ပါ။

တာယာမှာပါတဲ့ M+S ဆိုတဲ့ Symbol ဟာ Mud and Snow ကိုဆိုလိုတာဖြစ်ပြီး Winter Tyre or Snow Tyre ကိုရည်ညွန်းတာဖြစ်ပါတယ်။

ပထမဆုံး Winter Tyre Construction ကိုအရင်ပြောပါမယ်။ Winter Tyre (Snow Tyre) ဟာ Temperature 🌡 7 ဒီဂရီ C နဲ့အောက်ရှိနေတဲ့နေရာတွေမှာရှိနေတဲ့လမ်းတွေမှာသုံးဖို့ကိုသာအဓိကထုတ်တာဖြစ်ပြီး ဒီရာသီပြီးတာနဲ့ အပူချိန်ပြန်မြင့်လာတာနဲ့ပြန်လည်လဲလှယ်ရပါတယ်။

Temperature 🌡 7 ဒီဂရီ C နဲ့အောက်လမ်းတွေ၊ အနှုတ်အောက်ရောက် ရေခဲနေတဲ့လမ်းတွေအပေါ် ဘေးကင်းစွာမောင်းနိုင်ဖို့ တာယာကုတ်အားကောင်းစေဖို့ Barking Distance တိုစေဖို့ Winter Tyre (Snow Tyre) တွေရဲ့ Rubber သားကို ပိုမိုပျော့ပြောင်းအောင်ပြုလုပ်ထားပြီး Treads လို့ခေါ်တဲ့တာယာပန်းတွေဟာ သေးစိတ်ပြီးပျော့ပြောင်းရွေ့လျားလွယ်အောင်ပြုလုပ်ထားပါတယ်။ ဒါကြောင့်နှင်းကြားအေးခဲနေချိန်မှာတာယာတွေဟာမာကြောမနေပဲနှင်းတွေရှိနေတဲ့လမ်းအပေါ်ကုတ်အားရရှိနေပါတယ်။

-5'C ရှိနေတဲ့လမ်းအပေါ် Snow Tyre မတပ်ဘဲ All Seasons Tyre တပ်ထားတဲ့ကားရဲ့ ,Rubber ဟာပိုမိုမာကြောနေပြီး 50km/hr နှုန်းနဲ့ Brake ဖမ်းပါက Snow Tyre တပ်ဆင်ထား သောကားထက် ရပ်ရန် 30မီတာပိုပြီးရှည်လျားတာကိုတွေ့ရပါမယ်။ ဆိုလိုတာSnow Tyre က 50km မှာ Braking Distance 30မီတာပိုပြီးတိုပါတယ်။ ဒါကြောင့် Canada , US and Europe နိုင်ငံတွေမှာ ဥပဒေနဲ့ကိုမတပ်မဖြစ်တပ်ကြရပါတယ်။

ကောင်းပါပြီ တဖန် အပူပိုင်းကို Winter Tyre ကြီးနဲ့မောင်းမယ်။ ဘာဆက်ဖြစ်မလဲ?

အပူချိန် 70'C ကျော်လာတဲ့လမ်းပေါ်မှာ နဂိုထဲကပျော့တဲ့ Winter Tyre ဟာပိုမိုပျော့လာပြီး effectiveness ကျဆင်းလာပါတယ်။ Conering အကွေ့တွေမှာတာယာအပေါ်အားသက်ရောက်မှုပိုများလာပါတယ်။ High Speed နဲ့ အကွေ့တွေမှာတာယာနှုတ်ခမ်းကျွှံထွက်တဲ့ အန္တရာယ်အထိရှိပါတယ်။

Dry Road ပေါ်မှာ 80km နဲ့ Summer Tyre တပ်မောင်းနေတဲ့ကားဟာ Winter Tyre တပ်ထားတဲ့ကားထက် 3.8 မီတာပိုစောပြီးလုံးဝရပ်စေနိုင်ပါတယ်။ (Certified Test Results ဖြစ်ပါတယ်)

Summer road မှာ Winter Tyre တပ်ရင်
၁။ Safety (Breaking power နည်းပါတယ်)
၂။ Conering တွေမှာ ကားကတာယာပျော့တဲ့အတွက်နွဲ့ပြီး Handling ခက်ခဲပါတယ်။
၃။ တာယာသားပျော့လွန်းလို့ Damage ဖြစ်၊ပါးလွယ်ပါတယ်။
၄။ အသံပိုဆူပါတယ်
၅။ ဆီစားနှုန်းပိုပါတယ်။

နောက်ဆုံးပြောလိုတာက Customer ကို False Recommendation ပေးပြီးမတပ်ဆင်သင့်ပါ။ Snow Tyre တွေကိုစျေးပေါပေါဝယ်ယူလာပြီးရောင်းချကြတာရှိပါတယ်။ အထူးသဖြင့်ကားကြီးပိုင်းတွေကို False Recommendation ပေးလို့ Dry and Hot 🔥 road မှာ Snow Tyre, တပ်လျင်ပဲပိုကောင်းသလိုအလေ့ကြီးဖြစ်လာတာသိပ်ကြောက်စရာကောင်းပါတယ်။

SNOW TYRE တပ်လျင် ပိုကောင်းတယ်
Grip ကောင်းတယ် Traction ကောင်းတယ်စသည်ဖြင့်ပြောမရောင်းသင့်ပါ။ အန္တရာယ်ကိုထည့်ပေးသလိုဖြစ်ပါမယ်။ Safety ကိုဆွဲလျော့လိုက်တာဖြစ်ပါမယ်။

အာမခံ Company များမှ ဘာတာယာအမျိုးအစားတပ်လဲလေ့လာပြီးမှအာမခံပေးသင့်ပါတယ်။

Automobile Law/Policy ,တွေမှာ တာယာအမျိုးအစား ခုနှစ်၊ Treads အနည်းဆုံးသတ်မှတ်ချက်၊ လိုင်စင်ဝင်ရာမှာစစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။ ဥပဒေရှိမှယာဥ်ထိန်းရဲများမှစစ်ဆေးနိုင်မှာလဲဖြစ်ပါတယ်။ ဒါဆိုလျင် Road Safety Standard ဟာမြင့်မားလာပြီးလူ့အသက်တွေကိုအထိုက်အလျောက်ပိုမိုကာကွယ်နိုင်မှာဖြစ်​ပါတယ်။ တကယ်စစ်သင့်တာ Safety ပါ။ လူထုအတွက် Knowledge sharing ပါ။

မြန်မာနိုင်ငံအတွက် ကြည့်မယ်ဆို All Seasons Tyre and Summer Tyre ၂မျိုးသာအသုံးပြုသင့်ပြီး Stopping Distance ပိုရှည်သော Snow Tyre/Winter Tyre အားလုံးဝတပ်ဆင်ခြင်းမပြုသင့်ပါကြောင်း၊ အာမခံ Company များအနေဖြင့်လဲရှေ့ကားကိုပိုမိုဝင်တိုက်နိုင်သော Risk ကိုလေ့လာဆန်းစစ်ကာ အခြားနိုင်ငံများနည်းတူထညိ့သွင်းစဥ်းစားသင့်ပါကြောင်းအကြံပြုရေးသားလိုက်ရပါသည်။

မိမိတာယာအမျိုးအစားစစ်ဆေးလိုပါက အခမဲ့လာရောက်စစ်ဆေးနိုင်ပါတယ်။ ယခုနောက်ပိုင်းမြန်မာနိုင်ငံသို့တင်သွင်းလာသော Canada, USA and Germany import ကားများ Winter Tyre များတပ်ဆင်ထားတာတွေ့ရပါတယ်။

မှတ်ချက်။ ။ All Seasons တာယာအချို့တွင် Winter Sign ပါတတ်ပြီး Winter Tyre အစစ်ထက်ပိုမိုစိတ်ချစွာမောင်းနှင်နိုင်ပါသည်။ သို့သော်ဖြစ်နိုင်လျင်မပါတာဝယ်သင့်ပါသည်။

Tyre 78
296 Wayzatantar Road, Yangon
09783335578

Ref: Canadian Driving Science, Michelin Tyres

📒 💻 ကားပစ္စည်းကို Catalog တွေနဲ့လေ့လာကျမယ် 📒 💻ကားအပိုပစ္စည်းအကြောင်းကို စတင်လေ့လာတော့မယ်ဆိုရင် ပစ္စည်းအမျိုးအမည်တွေရဲ့နာ...
10/10/2022

📒 💻 ကားပစ္စည်းကို Catalog တွေနဲ့လေ့လာကျမယ် 📒 💻

ကားအပိုပစ္စည်းအကြောင်းကို စတင်လေ့လာတော့မယ်ဆိုရင် ပစ္စည်းအမျိုးအမည်တွေရဲ့နာမည်တွေကိုအရင်ဆုံးသိထားရပါမယ်။
ပစ္စည်းနာမည်တွေဘယ်လိုခေါ်လဲဆိုတာသိဖို့အရေးကြီးသလို များပြားလှတဲ့ကားအမျိုးအစားနဲ့အင်ဂျင်အမျိုးအစားအလိုက်အသုံးပြုတဲ့ပစ္စည်းတွေဟာလဲမတူညီသောကြောင့် Model အလိုက်အသုံးပြုရတဲ့ပစ္စည်းတွေရဲ့ နံပါတ်တွေကိုသိဖို့ကလဲပိုပီးအဓိကကျပြန်ပါတယ်။
လွန်ခဲ့သောနှစ်များစွာက အပိုပစ္စည်းရောင်းသူတွေဟာ Catalog စာအုပ်တွေကိုအားကိုးခဲ့ရပေမယ့် ယနေ့ခေတ်မှာတော့ တိုးတက်လာတဲ့နည်းပညာအကူအညီနဲ့ PDF Catalog များနှင့် Online Catalog များကိုအသုံးပြု၍ နံပါတ်များအလွယ်တကူရှာဖွေကြည့်ရှုနိုင်ကျပီဖြစ်ပါတယ်။
အချို့သော အပိုပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီများသည် မိမိတို့ထုတ်ကုန်၏ catalog ကို မိမိ၏ website တွင်ကြည့်ရှုနိုင်ရန် ထည့်သွင်းပေးထားကျပါတယ်။ မိတ်ဆွေများအနေဖြင့် လေ့လာချင်ပါက လက်ရှိမြန်မာပြည်ဈေးကွက်တွင်ရင်းနှီးပီးသား Filter တံဆိပ်များဖြစ်သော Sakura နှင့် JS တို့၏ website link များကိုဖော်ပြပေးထားပါတယ်။ စိတ်ဝင်စားသောမိတ်ဆွေများ လေ့လာရှာဖွေတဲ့အခါအခက်အခဲများရှိပါက (သို့မဟုတ်) အခြားသိချင်တာများရှိပါက Page Messenger သို့လာရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

http://www.sakurafilter.com/

https://www.jsfilter.jp/

EPC ဟုခေါ်သော Electronic Part Catalog များအကြောင်းကို နောက်တစ်ပတ်မှာထပ်မံတင်ဆက်ပေးသွားပါမယ်။ကားထုတ်လုပ်သည့် company များမှ ထုတ်လုပ်ထားသောကားများ၏အစိတ်အပိုင်းများကို နံပါတ်ရှာဖွေကြည့်ရှုနိုင်ရန် EPC ကိုအသုံးပြုနိုင်ပါသည်။

All About Automotive Spare Parts

GENUINE❓OEM❓AFTERMARKET❓ကားအပိုပစ္စည်းလို့ဆိုရာမှာ အစိတ်အပိုင်းပေါင်းများစွာရှိသလို ဝယ်ယူသုံးစွဲတဲ့အခါမှာလဲ အမျိုးအစားတံ...
28/08/2022

GENUINE❓OEM❓AFTERMARKET❓

ကားအပိုပစ္စည်းလို့ဆိုရာမှာ အစိတ်အပိုင်းပေါင်းများစွာရှိသလို ဝယ်ယူသုံးစွဲတဲ့အခါမှာလဲ အမျိုးအစားတံဆိပ်ပေါင်းများစွာရှိပါတယ်။
ဒီနေ့မှာတော့ အမျိုးအစားပေါင်းများစွာသောပစ္စည်းတံဆိပ်တွေရဲ့အကြောင်းကိုအကြမ်းဖျင်းရှင်းပြပေးချင်ပါတယ်ဗျ။
တံဆိပ်တွေကိုအဆင့်အနေနဲ့သတ်မှတ်ပေးရမယ်ဆိုရင်တော့
1)Genuine Parts
2)OEM Parts
3)Aftermarket Parts
4)Reconditioned Parts ဆိုပီးတော့(၄)မျိုးရှိပါမယ်။
မိတ်ဆွေများအားလုံးသိရှိပီးသားဖြစ်တဲ့ ဂျပန်ကျ၊ ပီနန်ကျ လို့ခေါ်ကျသောအဟောင်းပစ္စည်းများရဲ့အကြောင်းကိုတော့ရှင်းမပြတော့ဘူးနော် 😁

1)Genuine Parts ဆိုတာကတော့ Car Maker Company မှကားထုတ်လုပ်ပေးလိုက်သည့်အခါမှာတပ်ဆင်အသုံးပြုပေးလိုက်သောပစ္စည်းလို့အလွယ်တကူမှတ်ယူနိုင်ပါတယ်။ Suzuki ကားအတွက် ပစ္စည်းကို Suzuki တံဆိပ်ပါကင်ဘူးနှင့်Showroom များတွင်ရောင်းချနေသောပစ္စည်းများကို Suzuki Genuine Parts လို့ခေါ်တာဖြစ်ပါတယ်။

2)OEM Parts ဆိုတာကတော့ ကားအပိုပစ္စည်းသီးသန့်ထုတ်လုပ်တဲ့ကုမ္ပဏီကရောင်းချပေးသောပစ္စည်းတွေကိုခေါ်တာဖြစ်ပါတယ်။ Car Maker Company တွေဟာ ကားတစ်စီးကိုထုတ်လုပ်တဲ့အခါမှာ လိုအပ်တဲ့ပစ္စည်းအားလုံးကို သူတို့ကိုယ်တိုင်ထုတ်လုပ်တပ်ဆင်တာမဟုတ်ပါဘူး။ အစိတ်အပိုင်းတော်တော်များများကိုအရည်အသွေးယုံကြည်စိတ်ချရပီးနည်းပညာမြင့်မားတဲ့သက်ဆိုင်ရာအပိုပစ္စည်းထုတ်လုပ်တဲ့ကုမ္ပဏီကြီးများထံမှမှာယူတပ်ဆင်တာဖြစ်ပါတယ်။ ဒါကြောင့် Original Equipment Manufacturer တွေကနေထုတ်လုပ်လိုက်တဲ့ပစ္စည်းကို OEM Parts လို့ခေါ်​ဝေါ်ကျတာဖြစ်ပါတယ်။ ဥပမာအနေနဲ့ပြောရရင် Spark Plug တံဆိပ်တွေဖြစ်တဲ့ DENSO, NGK နဲ့ BOSCH တို့ဟာ OEM Parts တွေဖြစ်ပါတယ်။ ဒါကြောင့် Toyota Genuine Spark Plug ရဲ့ အပေါ်မှာ Denso တံဆိပ်ကိုမြင်တွေ့ရမှာဖြစ်ပီး Mitsubishi Genuine Spark Plug ရဲ့အပေါ်မှာ NGK တံဆိပ်ကိုမြင်တွေ့ရတာဖြစ်ပါတယ်။

3)Aftermarket Parts လို့ပြောရင်တော့ Brand အပေါ်မူတည်ပီးအရည်အသွေးအတွက်ယုံကြည်စိတ်ချမှုတွေကွာသွားနိုင်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာကားအပိုပစ္စည်းထုတ်လုပ်တဲ့စက်ရုံပေါင်းများစွာရှိနေကျပီး OEM Parts တွေရဲ့ပုံစံတူပစ္စည်းတွေကို ကိုယ်ပိုင်တံဆိပ်တွေနဲ့ထုတ်လုပ်ရောင်းချနေကျတာပါ။ ကျနော်တို့နိုင်ငံရဲ့ဈေးကွက်မှာကားပစ္စည်းတံဆိပ်အမျိုးအစားပေါင်းများစွာဟာ ထုတ်လုပ်တဲ့နိုင်ငံမျိုးစုံကနေတင်သွင်းရောင်းချနေကျတာဖြစ်ပါတယ်။အဲဒီထဲမှာမှ အရည်အသွေးပိုင်းယုံကြည်စိတ်ချပီးအသုံးပြုနိုင်တဲ့ပစ္စည်းတွေရှိသလို စိစစ်သေချာစွာဆုံးဖြတ်ရွေးချယ်ရမယ့်ပစ္စည်းတွေလဲရှိနေပါတယ်။

4) Reconditioned Parts
မြန်မာပြည်ဈေးကွက်မှာ Reconditioned Parts (ပြန်လည်ပြုပြင်/ပြင်ဆင်ထားသောပစ္စည်း)ကတော့ တင်သွင်းရောင်းချမှုအရမ်းနည်းပါးပါတယ်။ပစ္စည်း၏အတွင်းပိုင်းတွင်ရှိသောအဓိကပျက်စီးသွားသည့်အစိတ်အပိုင်းများကိုအသစ်လဲလှယ်၍အာမခံဖြင့်ပြန်လည်ရောင်းချသောပစ္စည်းများဖြစ်ပါတယ်။ Steering Gun နှင့် Injector တွေကိုတော့တစ်ခါတစ်ရံရောင်းချတာတွေ့ရတတ်ပါတယ်။

All About Automotive Spare Parts

➡️ ကားတစ်စီးမှာပစ္စည်းအစိတ်အပိုင်းတွေအရေအတွက်ဘယ်လောက်ပါဝင်လဲ ?➡️ ကားတစ်စီး၏ အစိတ်အပိုင်းအရေအတွက်အတိအကျဟာ ကားအမျိုးအစားတစ...
21/08/2022

➡️ ကားတစ်စီးမှာပစ္စည်းအစိတ်အပိုင်းတွေအရေအတွက်ဘယ်လောက်ပါဝင်လဲ ?
➡️ ကားတစ်စီး၏ အစိတ်အပိုင်းအရေအတွက်အတိအကျဟာ ကားအမျိုးအစားတစ်ခုနှင့်တစ်ခုမတူညီသော်လည်း ပျမ်းမျှအားဖြင့် 30,000(သုံးသောင်း)ခန့်ရှိပါတယ်။
30,000 ဟုဆိုရာမှာယေဘုယျအားဖြင့်သာလျှင်မှတ်ယူနိုင်ပီးအနည်းနှင့်အများ ကွာခြားချက်ရှိနိုင်ပါသည်။ ပါဝင်သောအစိတ်အပိုင်းအရေအတွက်အနည်းအများကို ကားအရွယ်အစား နှင့်ဆုံးဖြတ်၍မရနိုင်ပဲ အင်ဂျင်နှင့်နည်းပညာပိုင်းဆိုင်ရာအချက်အလက်များပေါ်မူတည်၍အရေအတွက်ကွဲပြားမှုများရှိသွားခြင်းဖြစ်ပါသည်။

All About Automotive Spare Parts

21/08/2022

ကားအပိုပစ္စည်းအကြောင်းကိုစိတ်ပါဝင်စားပီးလေ့လာလိုသူများအတွက်ရည်ရွယ်၍ မိမိ၏အတွေ့အကြုံများကိုမျှဝေလိုသောရည်ရွယ်ချက်ဖြင့်ယခု Page အားဖွင့်လှစ်ထားခြင်းဖြစ်ပါသည်။
ကားအပိုပစ္စည်းများနှင့်ပက်သက်သောဗဟုသုတများ၊ အခေါ်အဝေါ်များနှင့်ဈေးကွက်တွင်ရောင်းချနေသောပစ္စည်းတံဆိပ်များအကြောင်းတို့ကိုမျှဝေပေးသွားပါမည်။

လေးစားစွာဖြင့်
All About Automotive Spare Parts

21/08/2022

Knowledge begins with experience.

Address

Yangon

Website

Alerts

Be the first to know and let us send you an email when All About Automotive Spare Parts posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share