YP Auto Service

YP Auto Service (Customer)များ စိတ်တိုင်းကျတဲ့အထိ
အကောင်းဆုံး ပြုပြင်ပေးပါမည်🤝🙏

30/12/2025

နှစ်သစ်ကူး ဆိုင်ပိတ်ရက်
(31/12/25) ~ (1/1/26)အထိ
ဆိုင်(၂)ရက် ပိတ်ခွင့်ပြုပါ
ခင်ဗျာ🙏🙏🙏

ဟိတက်ပြီး၊ အင်ဂျင်ဝိုင်နဲ့ရေပါ ရောသွားတဲ့ ကားလေး-Kluger 2.4cc, 2AZ-FE Engine -Engine Overhaul Service ဟိတ်တက်ပြီး ဂတ်စကဒ...
17/11/2025

ဟိတက်ပြီး၊ အင်ဂျင်ဝိုင်နဲ့ရေပါ ရောသွားတဲ့
ကားလေး

-Kluger 2.4cc, 2AZ-FE Engine
-Engine Overhaul Service
ဟိတ်တက်ပြီး ဂတ်စကဒ်ပျတ်၊ အင်ဂျင်ဝိုင်
လည်း စားနေတဲ့အတွက် ပစ္စည်းကောင်းတွေ
သုံးပြီး Engine Overhaul ပြုပြင်ပေးလိုက်
ပါတယ်။

အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်
ခင်ဗျာ🤝

ကျေးဇူးရှင် (Customer)များ အားလုံး
စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ရှိပါစေ🙏

အင်ဂျင်ဝိုင်စား၊ မီးခိုးလိုက်နေတဲ့ ကားလေး-Crown 2004, 3GR-FSE Engine -Engine Overhaul Service ပစ္စည်းကောင်းတွေ သုံးပြီး ...
08/11/2025

အင်ဂျင်ဝိုင်စား၊ မီးခိုးလိုက်နေတဲ့ ကားလေး

-Crown 2004, 3GR-FSE Engine
-Engine Overhaul Service
ပစ္စည်းကောင်းတွေ သုံးပြီး သေချာအချိန်ယူ
ဆောင်ရွက် ပေးလိုက်ပါတယ်။

အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်
ခင်ဗျာ🤝🙏

03/11/2025

(4/11/2025)
တန်ဆောင်မုန်းလပြည့်နေ့
ဆိုင်(၁)ရက် ပိတ်ခွင့်ပြုပါ
ခင်ဗျာ🙏🙏🙏

(L)ဂီယာ ဘယ်လို အလုပ်လုပ်လဲ👇အော်တိုဂီယာကားတွေမှာ P - Park ၊ R - Reverse ၊ N - Neutral ၊ D - Drive ၊ L - Low Gear ၊ S - Sp...
27/10/2025

(L)ဂီယာ ဘယ်လို အလုပ်လုပ်လဲ👇

အော်တိုဂီယာကားတွေမှာ P - Park ၊ R -
Reverse ၊ N - Neutral ၊ D - Drive ၊ L -
Low Gear ၊ S - Sport ၊ M +,- Manual
Drive စသည်ဖြင့် ဂီယာဘောက်အမျိုး
အစားပေါ်မူတည်ပြီး အမျိုးမျိုးပါဝင်ပါ
ဝင်ကြပါတယ်။ ဂီယာချက်တွေ များစွာ
ထဲကမှ (L)ဂီယာအသုံးပြုနည်းကို ရှင်းပြ
ချင်ပါတယ်။

(L)ဂီယာဆိုတာ Low Gear ဖြစ်ပြီး မန်နူ
ရယ် ဂီယာမှာဆို No.1 ဂီယာတွေနဲ့ ဆင်တူ
ပါတယ်။ ဂီယာကြီးလို့လည်း ခေါ်ကြပါ
တယ်။ အော်တိုဂီယာကားတွေက D မှာ
ထားရင် နံပါတ် 1 , 2 , 3 , 4 စသည်ဖြင့်
ဂီယာရှိသလောက် ပြောင်းပေမယ့် (L)
ဂီယာ အသုံးပြုထားတဲ့ဆိုရင်တော့ လီဗာ
ဘယ် လောက်နင်းနင်း No.1 ( တချို့
ကားတွေက No. 2 ဂီယာ) အထိသာ
ပြောင်းပေးတဲ့အတွက် အင်ဂျင် လည်
ပါတ်မှု မြင့်မြင့်နဲ့ ရုန်းအားကို ကောင်း
စေမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဝန်အား ရုန်းနေရတဲ့အချိန်တွေ၊
မတ်စောက်တဲ့ ကုန်းတွေတက်ရတဲ့အခါ
(သို့) မတ်စောက်တဲ့ တောင်ကုန်းတွေပေါ်
ကနေ ဆင်းတဲ့အခါ (L)ဂီယာကို အသုံးပြု
သင့်ပါတယ်။ အရှိန်များတဲ့အချိန်မှာလည်း
D မှ(L)ဂီယာကို (ဘရိတ်နင်းစရာမလိုဘဲ)
ပြောင်းပြီး အရှိန်ကို ထိန်းလို့ရပါတယ်။
ကား ဗွက်နစ်နေတဲ့အချိန် ၊ မညီမညာလမ်း
တွေမှာ အရှိန်နှေးနှေးနဲ့ မောင်းနှင်နေရတဲ့
အခါ (L)ဂီယာကို အသုံးပြုသင့်ပါတယ်။

(L)ဂီယာကို အသုံးပြုတဲ့အချိန်မှာ အင်ဂျင်
လည်ပတ်မှုမြင့်မြင့်နဲ့ ဝန်အား၊ ရုန်းအား
ကောင်းစေတာကြောင့် ပုံမှန်ထက်တော့
ဆီစားနှုန်း နည်းနည်း ပိုနိုင်ပါတယ်။

ဗဟုသုတအဖြစ် မျှဝေပေးခြင်း ဖြစ်ပါ
တယ်။ အားလုံး အဆင်ပြေကြပါစေ။

🔺အရုန်းအဆွဲ ကောင်းစေတဲ့ အင်ဂျင်
ကျူးနင်း ပြုလုပ်ပုံ အဆင့်ဆင့်
https://www.facebook.com/share/p/1BQE7qfwc5/?mibextid=wwXIfr

🔺ဘယ်အချိန်မှာ အင်ဂျင်ပြန်ကိုင်သင့်လဲ
https://www.facebook.com/share/p/17KLqEWWVn/?mibextid=wwXIfr

Hlaing Branch - 09446222008
Insein Branch - 09255630004

04/10/2025

သီတင်းကျွတ်ကာလ
(၅-၁၀-၂၅ မှ ၆-၁၀-၂၅)အထိ
ဆိုင်(၂)ရက် ပိတ်ပါသည်…🪔

ဗားတွေပဲ့ပြီး အင်ဂျင်တုန်နေတဲ့ ကားလေးToyota Wish (1ZZ-FE Engine)အင်ဂျင်တွေမှာ အင်းလက်ဗား(Inlet Valve)နဲ့အိတ်ဇောဗား(Exhau...
17/09/2025

ဗားတွေပဲ့ပြီး အင်ဂျင်တုန်နေတဲ့ ကားလေး
Toyota Wish (1ZZ-FE Engine)

အင်ဂျင်တွေမှာ အင်းလက်ဗား(Inlet Valve)နဲ့
အိတ်ဇောဗား(Exhaust Valve)ဆိုပြီး (၂)မျိုး
ရှိပါတယ်။

အင်းလက်ဗားရဲ့ အဓိက တာဝန်က လောင်စာ
ဆီနဲ့လေ ရောစပ်ထားတဲ့ အရောအနှော (fuel-
air mixture)ကို အင်ဂျင် မီးလောင်ကျွမ်းခန်း
ထဲမှာ ရှိနေစေဖို့ အချိန်မှန် ဖွင့်ပေး၊ ပိတ်ပေး
ရတဲ့ လုပ်ဆောင်ချက်ကို ဆောင်ရွက်ပေးပါ
တယ်။

အိတ်ဇောဗားရဲ့ အဓိက တာဝန်က မီးလောင်
ခန်းထဲမှာ လောင်ကျွမ်းပြီးသား ဓာတ်ငွေ့တွေကို
အပြင်ဘက်ကို ထုတ်လွှတ်ဖို့ ဖြစ်ပါတယ်။

အင်ဂျင်တစ်လုံးမှာ (Inlet / Exhaust Valve)
မကောင်းတဲ့အခါ အင်ဂျင်ရဲ့စွမ်းဆောင်ရည်နဲ့
လုပ်ဆောင်မှုတွေအပေါ် သိသိသာသာ သက်
ရောက်မှု ရှိနိုင်ပါတယ်။ (Valve)မကောင်းတဲ့
အခါ -

-စက်သံ မမှန်တာ
-အရုန်းအဆွဲ ကျသွားတာ၊
-အင်ဂျင် တုန်တာ
-ဆီ/လေအချိုး မမှန်တာ
-မီးခိုး လိုက်တာ
-ချက်မီးလင်းတာ စသဖြင့် ဖြစ်နိုင်ပါတယ်။

ဒီကားလေးကတော့ အင်းလက်ဗားတွေ ပဲ့နေပြီး
အင်ဂျင် တုန်ခါနေတဲ့အတွက် ဟက်ခွါ၊ ဗားတွေ
လဲပြီး လိုအပ်တာများ သေချာလေး စစ်ဆေး
ပြုပြင်ပေးလိုက်တဲ့ ကားလေး ဖြစ်ပါတယ်။

အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ
🤝🙏

🇯🇵ဂျပန်ကားများအတွက် အင်ဂျင်/ဂီယာများ
စစ်ဆေးပြုပြင်လိုပါက ကျွန်တော်တို့ဆီ ဆက်
သွယ်နိုင်ပါတယ်ခင်ဗျာ။
—————————————————————

YP Auto Service (Hlaing Branch)
အမှတ်(၃)၊ ရတနာမွန်(၄)လမ်း၊ (၃)ရပ်ကွက်၊
လှိုင်မြို့နယ်၊ ရန်ကုန်မြို့။(လှိုင်မြစ်လမ်းမပေါ်၊
ရွှေကံကော် လက်ဖက်ရည်ဆိုင် ဘေးလမ်း)

Ph : 09446222008, 09446222009

Google Map Link;
https://maps.app.goo.gl/KCGFJNXymc9NczTD8

( 8:30AM - 5:30PM Open Daily )
—————————————————————

YP Auto Service (Insein Branch)
အမှတ်(၁၁)၊ အလယ်ဗဟိုလမ်း၊ အနောက်ကြို့
ကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
(အင်းစိန် ဆေးဝါးစက်ရုံလမ်း အနီး)

Ph : 09255630004, 09255630005

Google Map Link,
https://maps.app.goo.gl/vR6gGmx7Ptnu5fURA

( 8:30AM - 5:30PM Open Daily )

အင်ဂျင်ဝိုင်စား၊ မီးသံခေါက်၊ ဂီယာ မချိန်းတဲ့ကားလေးတွေမှာ အဖြစ်အများဆုံး ပြစ်ချက်အင်ဂျင်ဝိုင်စားတဲ့ ပြစ်ချက်က - ဆီယိုဆိမ်...
12/09/2025

အင်ဂျင်ဝိုင်စား၊ မီးသံခေါက်၊ ဂီယာ မချိန်းတဲ့
ကားလေးတွေမှာ အဖြစ်အများဆုံး ပြစ်ချက်

အင်ဂျင်ဝိုင်စားတဲ့ ပြစ်ချက်က - ဆီယိုဆိမ့်မှု၊
ဗား၊ ဗားစီး၊ ပင်စတင်ရိန်း၊ PCV Valve နဲ့
Cylinder Walls တွေ မကောင်းတာကြောင့်
အဖြစ်များတယ်။

မီးသံကတော့ - မီးလောင်ခန်းထဲမှာ ကာဗွန်
ဂျိုးတွေ များတာ၊ ပလပ်တွေ မကောင်းတာ၊
ကျောက်ဇကာ ပိတ်တာ၊ ဆီ မသန့်တာတွေ
ကြောင့် အဖြစ်များတယ်။

ဂီယာမချိန်း/ မချိတ်တာက - ဗားဘော်ဒီလိုင်း
ဂျီးပိတ်တာ၊ ဝိုက်စီးတွေ မကောင်းတာ/မာတာ၊
ကလပ်ပြားတွေ စားတာ/ ချော်တာ စသဖြင့်
အဖြစ်များပါတယ်။

ဒီရက်ပိုင်း ပြုပြင်ပေးဖြစ်တဲ့ ကားလေးတွေ
ကတော့ -

အင်ဂျင်ဝိုင်စားတဲ့
-Crown 2004 - Engine Overhaul (အင်ဂျင်ကိုင်)
-Mark2 (၃)စီး - ဗားစီးလဲ၊ ကျူးနင်းလုပ်၊
ဆီအယိုအဆိမ့် ပြုပြင်၊

ဂီယာ မချိန်း/ မချိတ်တဲ့
Crown 2004 (၁)စီး
Crown 1JZ (၂)စီး - ဂီယာဘောက်ပြုပြင်
Celsior 3UZ (၂)စီး - ဂီယာဘောက်နဲ့
ဆီအယိုအဆိမ့် ပြုပြင်

အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်
ခင်ဗျာ 🤝🙏

🔺အရုန်းအဆွဲ ရှယ်ကောင်းစေတဲ့
အင်ဂျင်ကျူးနင်း ပြုလုပ်ပုံ အဆင့်ဆင့်
https://www.facebook.com/share/p/1BQE7qfwc5/?mibextid=wwXIfr

🔺ဘယ်အချိန်မှာ အင်ဂျင်ပြန်ကိုင်သင့်လဲ
https://www.facebook.com/share/p/17KLqEWWVn/?mibextid=wwXIfr

YP (Hlaing Branch) - 09446222008
YP (Insein Branch) - 09255630004
Open Daily - (8:30AM ~ 5:30PM)

အရုန်းအဆွဲကျပြီး လေဘာ နင်းသလောက် မပါတဲ့ ကားလေးဆီတိုင်ကီထဲမှာ ဆီနဲ့ရေ ရောပြီး ဖစ်တာမှာ ရွှံ့တွေ ပိတ်နေတယ်။ တိုင်ကီထဲမှာလည...
07/09/2025

အရုန်းအဆွဲကျပြီး လေဘာ နင်းသလောက်
မပါတဲ့ ကားလေး

ဆီတိုင်ကီထဲမှာ ဆီနဲ့ရေ ရောပြီး ဖစ်တာမှာ
ရွှံ့တွေ ပိတ်နေတယ်။ တိုင်ကီထဲမှာလည်း
သံချေး တက်နေတယ်။ ဆီဖြည့်ရင်း ပါလာ
တယ်လို့တော့ ယူဆရပါတယ်။

ဆီဖစ်တာ ဂျီးပိတ်တဲ့ ကားတွေမှာ
-အရုန်းအဆွဲ ကျတာ
-အင်ဂျင် ဝပ်နေတာ
-တွန့်ဆုတ် တွန့်ဆုတ် ဖြစ်တာ
-စက်သံ မမှန်တာ
-စက်ထိုးေ-သတာ
-ဆီပေးစနစ်နဲ့ဆိုင်တဲ့ ချက်မီးတွေ လင်းတာ
စသဖြင့် ကြုံရတတ်ပါတယ်။

ဆီဖစ်တာဆိုတာ တိုင်ကီထဲမှာရှိတဲ့ အမှုန်
အမွှားတွေ အညစ်အကြေးတွေကို အင်ဂျင်
ထဲကို မရောက်အောင် စစ်ထုတ်ပေးတဲ့ပုံစံ
အလုပ် လုပ်ပါတယ်။ ကီလို(၂၅၀၀၀)မှာ
တကြိမ်လောက် ဖြုတ်စစ်ပြီး လိုအပ်ရင်
လဲပေးသင့်ပါတယ်။

-အတွေ့အကြုံလေး မျှဝေပေးခြင်း ဖြစ်ပါ
တယ်။ အားလုံး အဆင်ပြေကြပါစေ။

🔺အရုန်းအဆွဲ ရှယ်ကောင်းစေတဲ့
အင်ဂျင်ကျူးနင်း ပြုလုပ်ပုံ အဆင့်ဆင့်
https://www.facebook.com/share/p/1BQE7qfwc5/?mibextid=wwXIfr

🔺ဘယ်အချိန်မှာ အင်ဂျင်ပြန်ကိုင်သင့်လဲ
https://www.facebook.com/share/p/17KLqEWWVn/?mibextid=wwXIfr

YP (Hlaing Branch) - 09446222008
YP (Insein Branch) - 09255630004
Open Daily - (8:30AM ~ 5:30PM)

ဂျပန်ကား အများစုသည် သက်တမ်းတစ်ခုကြာလာပြီဆိုတော့  ဆီ/လေ/မီးလိုင်းတွေမှာကာဗွန်ဂျိုးတွေ/ဂျီးတွေ မြင်မကောင်းအောင်ပိတ်ဆို့ နေ...
02/09/2025

ဂျပန်ကား အများစုသည် သက်တမ်းတစ်ခု
ကြာလာပြီဆိုတော့ ဆီ/လေ/မီးလိုင်းတွေမှာ
ကာဗွန်ဂျိုးတွေ/ဂျီးတွေ မြင်မကောင်းအောင်
ပိတ်ဆို့ နေတတ်ပါတယ်။

ဒါကို အချိန်ယူပြီး သေချာ စစ်ဆေးပြုပြင်
လိုက်တဲ့အခါ အရုန်းအဆွဲက သိသိသာသာ
ပိုကောင်းစေမှာ ဖြစ်ပါတယ်။

🔺 လေလိုင်း (Air Induction System)
🔺 မီးလိုင်း (Ignition System)
🔺 ဆီလိုင်း (Fuel Injection System)

စသဖြင့် အင်ဂျင်လည်ပတ်မှုမှာ အဓိက
အရေးကြီးတဲ့ စနစ်ကြီး (၃)ခုကို စစ်ဆေး
ပြုပြင်တာဖြစ်လို့ အင်ဂျင်အတွက်လည်း
ရေရှည် ကောင်းမွန်စေပါတယ်။

▫️(၃)နှစ်ကျော်အတွင်း အစီးရေထောင်ချီ
ပြုပြင်ထားပြီး (YP)မှာ လူကြိုက်အများဆုံး
(Package)တစ်ခု ဖြစ်ပါတယ်။ စျေးနှုန်းနှင့်
စစ်ဆေးပြုပြင်ပုံ အသေးစိတ်👇
https://www.facebook.com/share/p/17DENfZUvC/?mibextid=wwXIfr

YP (Hlaing Branch) - 09446222008
YP (Insein Branch) - 09255630004
Open Daily - (8:30AM ~ 5:30PM)


27/08/2025

အင်ဂျင်ဝိုင် အဖုံးဖွင့်ရင် စက်သေတဲ့ ကားလေး👇

Address

No(3), Yadanar Mon (4) Street, (3) Qtr, Hlaing Tsp
Yangon
11051

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00
Saturday 08:30 - 17:00
Sunday 08:30 - 17:00

Telephone

+959446222008

Website

Alerts

Be the first to know and let us send you an email when YP Auto Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share