28/09/2026
သတိထားသင့်တဲ့ အင်ဂျင်ဟိမီး 🔥🔥
ကားအတွက် အရေးကြီးတဲ့ ချက်မီးများစွာရှိတဲ့
အနက် အင်ဂျင်ဟိမီး (Engine Coolant Tem-
perature Warning Light) ကလည်း အရေး
ပါတဲ့ ချက်မီးတခုဖြစ်ပါတယ်။ အင်ဂျင်ဟိတက်
(Engine Overheat) တဲ့အခါ ဟိမီးအနီရောင်
လင်းကာ အင်ဂျင်ဟိတက်နေပြီဆိုတာကို ဖော်ပြ
ပေးပါတယ်။ ဒါဆိုရင် ကားအင်ဂျင်ကို ချက်ချင်း
ရပ်တန့်ရမှာဖြစ်ပြီး စစ်ဆေးပြုပြင်ရမှာ ဖြစ်ပါ
တယ်။
တချို့ကားတွေမှာ ဟိမီးနှင့် မဟုတ်ဘဲ H (Hot)နှင့်
C (Cool) ပါဝင်တဲ့ ဒိုင်ခွက် (လက်တံ) နဲ့ ဖော်ပြကြ
ပါတယ်။ ပုံမှန်အခြေအနေမှာဆိုရင် ကားမောင်း
နေတဲ့ အချိန်မှာ ဒီလက်တံက H နဲ. C ရဲ. ကြား
အလည်အမှတ်နားမှာ အမြဲရှိနေရမှာဖြစ်ပါတယ်။
ကားမောင်းနေတဲ့အချိန် ဟိမီး အနီရောင် လင်းလာ
မယ် (သို့မဟုတ်) လက်တံက H (Hot) နားထိ
ရောက်လာမယ်ဆိုရင်တော့ အင်ဂျင် Over Heat
ဖြစ်နေပြီး ကားအင်ဂျင်ကို ချက်ချင်းရပ်နားဖို့
လိုအပ်ပါတယ်။
ဟိမီးလင်းနိုင်တဲ့ အဓိက ပြစ်ချက်များက အင်ဂျင်
အအေးပေးစနစ် (Cooling System) မှာ ပြစ်ချက်
ရှိနေလို့ ဖြစ်ပါတယ်။
1) သာမိုစတတ် ( Thermostat ) မကောင်းခြင်း
2) ရေတိုင်ကီပန်ကာ (Cooling Fan) မကောင်းခြင်း
3) ရေတိုင်ကီထဲ ကူးလန့် (Engine Coolant) မရှိခြင်း (သို့) နည်းနေခြင်း
4) ရေတိုင်ကီ (Radiator) ချေးပိတ်ခြင်း
5) ရေတိုင်ကီ အဖုံး (Radiator Cap) မကောင်ခြင်း
6) ရေလည်အုံ ( Water Pump ) မကောင်းခြင်း
စတဲ့ ပြစ်ချက်များကြောင့် အဖြစ်များပါတယ်။
အင်ဂျင်ဟိတက်နေပြီဆိုရင် အင်ဂျင်ကို ချက်ချင်း
ရပ်နားပေးရပါမယ်။ ကားဘောနပ်ကို ဖွင့်ပြီး
အင်ဂျင်ခန်းအေးအောင် စောင့်ဆိုင်းပေးသင့်ပါ
တယ်။ အင်ဂျင်ပူနေချိန် (ဟိတက်နေစဉ်)
ရေတိုင်ကီအဖုံးကို လုံး၀ (လုံး၀) မဖွင့်မိပါစေနဲ့။
ဖွင့်လိုက်မိရင် အပူလောင်နိုင်တာကြောင့်
သတိထားသင့်ပါတယ်။ အင်ဂျင်အေးပြီဆိုမှ
ရေတိုင်ကီ ကူးလန့်လျော့နေလားဆိုတာ စစ်ဆေး
သင့်သလို ကျွမ်းကျင်စက်ပြင်ဆရာခေါ်ပြီး
စစ်ဆေး ပြုပြင်သင့်ပါတယ် ခင်ဗျာ။
-ဗဟုသုတအဖြစ် မျှဝေပေးခြင်း ဖြစ်ပါတယ်။
အားလုံး အဆင်ပြေကြပါစေ။
📌ဂျပန်ကားများအတွက် အင်ဂျင်ကိုင် (Engine
Overhaul) ပြုလုပ်လိုပါက ကျွန်တော်တို့ဆီ ဆက်
သွယ်နိုင်ပါတယ် ခင်ဗျာ။
—————————————————————
YP Auto Service (Hlaing Branch)
အမှတ်(၃)၊ ရတနာမွန်(၄)လမ်း၊ (၃)ရပ်ကွက်၊
လှိုင်မြို့နယ်၊ ရန်ကုန်မြို့။(လှိုင်မြစ်လမ်းမပေါ်၊
ရွှေကံကော် လက်ဖက်ရည်ဆိုင် ဘေးလမ်း)
Ph : 09446222008, 09446222009
Google Map Link;
https://maps.app.goo.gl/KCGFJNXymc9NczTD8
( 8:30AM - 5:30PM Open Daily )
—————————————————————
YP Auto Service (Insein Branch)
အမှတ်(၁၁)၊ အလယ်ဗဟိုလမ်း၊ အနောက်ကြို့
ကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
(အင်းစိန် ဆေးဝါးစက်ရုံလမ်း အနီး)
Ph : 09255630004, 09255630005
Google Map Link,
https://maps.app.goo.gl/vR6gGmx7Ptnu5fURA
( 8:30AM - 5:30PM Open Daily )