Htoo Car Sales Center

Htoo Car Sales Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htoo Car Sales Center, Car dealership, Bahan township, Yangon.

29/11/2021

ကား​​ကောင်းစီး​လို​သော လူကြီးမင်းများခင်ဗျာ။ ကျွန်​တော် အကြံဉာဏ်​လေးတခု​ပေးချင်လို့ပါ။

ကား​ကောင်းစီးချင်ရင် ​စျေးမ​ကြောက်ပါနဲ့ ခင်ဗျ။

ကား​လောက ဆိုတာ အရမ်းရှုပ်​​ထွေးပါတယ်။ ကားမှာ ရှိတဲ့ အစိတ်အပိုင်းမျိုးစုံကို ဖြုတ်ပြီး ဂျင်းထည့်လို့ရပါတယ်။ တိုက်ထားတဲ့ကား​တွေ ကိုလည်း အသစ်အတိုင်းဖြစ်​အောင် ​ဆေးပြန်မှုတ် အကုန်ပြန်လုပ်လို့ရပါတယ်။ ​အ​ဆွေးအပြု အကုန်ပြန်လုပ်လို့ရပါတယ်။

အပြင်ပန်း မှာ ဝယ်သူကြည့်​ကောင်း​အောင် မျိုးစုံလုပ်ထားပြီး တကယ်ဝယ်ပြီးသွား​တော့မှ လိုင်စင်ဝင်လို့မရတဲ့ ကားမျိုး။ အ​ဆွေးအပြု အတိုက်အခိုက်ဖြစ်​နေတဲ့ကားမျိုး။ ​မောင်းလို့မ​ကောင်း အမြဲ ပြင်​နေရတာနဲ့ပဲ ပိုက်ဆံကုန် အချိန်ကုန် လူကုန်ပင်ပန်းတာပဲ အဖတ်တင်ပါလိမ့်မယ်။

ကားတစီး ​​​ပေါက်​စျေးထက်သက်သာ​နေရင် သတိသာထားပါ​တော့ခင်ဗျာ။ သူ့မှာ မှား​နေတာ တခုခုရှိ​နေလို့ပါ။

​စျေး​ပေါ​ပေါနဲ့ကားတစီးဝယ်ပြီး သုံး​နေတဲ့သက်တမ်းတ​လျောက် ကားဝပ်​ရှော့ပို့​နေရရင်းနဲ့ပဲ အချိန်ကုန် လူကုန် ​ငွေကုန် စိတ်ပင်ပန်း ပြီး Original အတိုင်းပြန်မ​ကောင်း​တော့တာမျိုး အဖြစ်ခံမလား။
​ပေါက်​စျေး ကွက်တိ Japan Original ကားတစီးကိုဝယ်ပြီး စိတ်ချမ်းသာစွာနဲ့ ​ရေရှည်အတွက်သုံးမလား(ပြန်​ရောင်းရင်လည်း​စျေး​ကောင်းပြန်ရ)။
လူကြီးမင်းတို့ ​ဆုံးဖြတ်ပါဗျ။

ကျွန်​တော်က​တော့ အသက် ၁၁နှစ်အရွယ်မှာတည်းက Toyota ပုစဥ်း​ကောင်း Manual Light Truck ကို အင်းယားလမ်းမှာ ​ခေါက်တုံ့​ခေါက်ပြန် ​မောင်းရင်းက​နေ ကားဝါသနာရှင် ဖြစ်လာတဲ့ ​ကောင်​လေးပါ။ ဝါစနာရှင် က​နေ ပညာရှင် အဆင့်​​ရောက်​အောင် ကြိုးစား​နေပါတယ်။
ကျွန်​တော့် ကား​တွေအကုန် ကား​ကောင်းကားသန့်ဖြစ်​စေရမယ်။ ဂျင်းကားမဖြစ်ဖို့ ​တော့ 100% အာမခံပါတယ်။ စိတ်ချလက်ချသာ လူကြီးမင်းအား​ပေးပါခင်ဗျ။

လူကြီးမင်းရဲ့ စိတ်​ကျေနပ််မှုက ကျွန်​တော့်တို့ရဲ့ ​အောင်မြင်မှုပါ။
​ကား​ကောင်းကားသန့်များကို ချစ်မြတ်နိုးကြတဲ့ ကား​လောကမှ ညီအကို များကို ​လေးစားလျက်။

Htoo Car Sales Center

‼️Hijet Auto 2013 4WD‼️မဂ်လာပါ ခင်ဗျာ။  လူကြီးမင်းတို့ လုပ်ငန်းအတွက် အသုံးအလွန်တည့်တဲ့ Daihatsu Hijet ကားအမျိုးအစား​လေးန...
28/11/2021

‼️Hijet Auto 2013 4WD‼️

မဂ်လာပါ ခင်ဗျာ။ လူကြီးမင်းတို့ လုပ်ငန်းအတွက် အသုံးအလွန်တည့်တဲ့ Daihatsu Hijet ကားအမျိုးအစား​လေးနဲ့ မိတ်ဆက်​ပေးပါရ​စေ ခင်ဗျာ။

ဒီ Hijet ​လေးဟာဆိုရင် ဖြင့် 2WD မှ 4WD ကို ခလုတ် ​လေး တချက်နှိပ်လိုက်ရုံဖြင့် အလွယ်တကူ​ပြောင်းလို့ရ​သော​ကြောင့် ​တောင်တက်​တောင်ဆင်း၊ ရွှံ့ထဲ ဗွက်ထဲ ​မောင်းရ ခက်ခဲ​သော လမ်းများ၌ အခြား ကားများထက် အဆ​ပေါင်းများစွာ ပိုမိုအဆင်​ပြေပါသည်။

Engine power သည်လည်း 660 cc ဖြင့်လာ​သော ​ကြောင့် ယခုလို ဆီ​စျေး​တွေ အဆမတန် တက်​နေတဲ့ အချိန် မှာ လွန်စွာပင် အသုံးပြုလို့​ကောင်း​သော ကားတစီးဖြစ်ပြီး Aircon ကလည်း ​အေး​စက်​​နေရပါမည်။

Engine Power 660 cc ပဲရှိလို့ ရုန်းအားပြုအားအတွက် စိတ်မပူပါနှင့်ခင်ဗျာ။ Daihatsu ပါခင်ဗျ။ 😉

Daihatsu သည် 1957 ခုနှစ်မှာ စတင်​ပေါ်ပေါက်ခဲ့ပြီး ကိုယ်ပိုင် Brand အဖြစ် ရပ်တည်ခဲ့​သော်လည်း 1967 ၌ Japan Government ရဲ့ Domestic Market ကို ချဲ့ထွင်ရန် Policy များအရ Toyota နှင့်ပူ​ပေါင်းပြီး Share Holder ဖြစ်လာခဲ့ပါတယ်။

Toyota ဟာ 1995 မှာ 13% က ​နေပြီး​တော့ 33 % ထိ Share Holder ဖြစ်လာခဲ့တာပါ။ အဲ့အချိန်​လောက်မှာ Daihatsu ဟာ Small Vehicle ​တွေအတွက် အင်ဂျင်အ​သေးစား​လေး​တွေ ထုတ်​နေတဲ့အချိန်ပါ။ Company ရဲ့ ၃ပုံ ၁ပုံကို ပိုင်ဆိုင်တဲ့ Toyota ဟာ Daihatsu ကား​တွေ ထုတ်လုပ်​ရေးမှာ Veto ပါဝါနဲ့ အဓိက​နောက်​ကျော က​နေ ကြိုးကိုင်​နေခဲ့ပါတယ်။

1998 အ​​ရောက်မှာ​​တော့ Toyota ဟာ Daihatsu Company ရဲ့ 50% တဝက်တိတိကို ပိုင်ဆိုင်​နေခဲ့တာပါ။

​နောက်ဆုံး 2016 အ​ရောက်မှာ​တော့ အ​ကြောင်းအမျိုးမျိုး​​တွေကြောင့် Toyota ဟာ Daihatsu Company ၁ခုလုံးကိုပိုင်သွားပါ​တော့တယ်။

ဒါ​ကြောင့်မို့ 1995 ​နောက်ပိုင်း ထုတ်တဲ့ Daihatsu ကားတိုင်းဟာ Toyota ရဲ့ Veto ပါဝါ ပါ​နေတာ​ကြောင့် Toyota ရဲ့ Under control ​အောက်က​နေထွက်လာတဲ့ကား​တွေဆိုရင်လည်း မမှားပါဘူး။

Daihatsu Company ရဲ့ သမိုင်း​ကြောင်း​လေးလည်း​ပြောပြီးသွားပြီ ဆို​တော့ ကျွန်​တော့်ရဲ့ Daihatsu Hijet ​လေးရဲ့ Condition, Specifications နဲ့ ​စျေး​လေးလည်း ​ပြော​ပေးပါမယ်ဗျ။

License: Mdy License (9/22 မှကုန်)
Model : 2013
Engine Power : 660 cc
Transmission : Auto
4 Wheel-Drive
Colour : White (100%Original)

​အော်​ဆေးပတ်လည်၊ အတိုက်အခိုက်ရှင်း၊ လုပ်ချက်မရှိ၊ ကား​ကောင်းကားသန့် မခိုင်းပဲ ဥထားတဲ့ကား​လေးကို ပြန်ထုတ်​ပေးတာပါ။

ကား​ကောင်းဖို့ နဲ့ လုပ်ချက်မရှိဖို့က​တော့ ကျွန်​တော်တို့ဘက် က အပြည့်အဝ အာမခံပါတယ်။ ဝယ်ပြီးတာနဲ့ လူကြီးမင်း စိတ်ချမ်းသာကိုယ်ချမ်းသာ နဲ့ ဖြစ်​စေဖို့ ကျွန်​တော် တာဝန်ယူပါရ​စေ။

ကားအကျိုး​ဆောင် အကျိုးတူ ညီအကိုများ ကြိုဆိုပါတယ်။ Hello ​လေးသာလုပ်​ပေးပါခင်ဗျ။

Price - 208 သိန်း ✅

Ph - 09798418407
Bahan, Ygn.

28/11/2021

ကားများအား ဒီ​နေ့ Update အ​ရောင်းပြန်တင်​ပေးပါမည် ခင်ဗျာ။ ​
အ​ကြောင်းအမျိုးမျိုး​ကြောင့် အဆင်မ​ပြေဖြစ်ခဲ့ပါက အနူးအညွန့်​တောင်းပန်အပ်ပါသည်။

24/11/2021

ကျွန်​တော်တို့ ကားများအားလုံး အ​ရောင်း ခဏ ရပ်နားခွင့်ပြုပါခင်ဗျာ။ ပြန်​ရောင်းမယ့်​နေ့ကို page မှာ ပြန်လည်​​ကြေညာ​ပေးပါ့မယ်။ အားလုံးပဲ ​ကျေး​ဇူးပါခင်ဗျ။ 🙏

‼️Sold Out‼️2008 Hijet Manual ​လေး ​ရောင်းလိုက်ပါပြီခင်ဗျ။မန္တ​လေး​ကျောင်းတိုက်မှာ အသုံးပြုဖို့ လာ​ရောက်ဝယ်ယူသွားတဲ့ ဘုန...
21/11/2021

‼️Sold Out‼️
2008 Hijet Manual ​လေး ​ရောင်းလိုက်ပါပြီခင်ဗျ။

မန္တ​လေး​ကျောင်းတိုက်မှာ အသုံးပြုဖို့ လာ​ရောက်ဝယ်ယူသွားတဲ့ ဘုန်းဘုန်း ​ကျေးဇူး အများကြီးတင်ပါတယ်ခင်ဗျ။ သက်​တော်ရာ​ကျော်ရှည်ပါ​စေ​ကြောင်း ဆုမွန်​ကောင်းပို့သလိုက်ပါတယ်။ 🙏🙏😊

Address

Bahan Township
Yangon
11191

Telephone

+959798418407

Website

Alerts

Be the first to know and let us send you an email when Htoo Car Sales Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category