15/12/2023
#မီးပွိုင့် မီးဝါဖြတ်၍မောင်းရ မရ
***********************
ယာဉ်မောင်းသူတိုင်း ဒွိဟဖြစ်နေတဲ့ကိစ္စလေးပါ
မီးပွိုင့်ကမီး ဝါနေတဲ့အချိန် ယာဉ်ဖြတ်သန်းမောင်းနှင်လို့ရ မရ
မီးဝါဖြတ်လို့ ချလန်ဖြတ်ခံရတာ ဘာညာဆိုတာတွေ အချို့ကြုံနေရတော့ ဒီမီးဝါလေးအကြောင်း ရှင်းပြချင်ပါတယ်။
မီးနီရင်တော့ ရပ်
မီးစိမ်းရင်တော့ မောင်း
ဒါကတော့ရှင်းပါတယ်
မီးစိမ်းလို့မောင်းလာတုံး မီးမနီခင် မီးဝါပါတယ်
သုံးစက္ကန့်လောက်ပေါ့
အဲ့ဒီစိမ်းလို့မောင်းလာနေတုံးမီးဝါခဲ့ရင်
အဲ့ မီးဝါနေတာကိုသိသိကြီးနဲ့မောင်းတာမျိုးမဟုတ်ဘူးနော် စိမ်းနေတာကို ပုံမှန်မောင်းလာရင်း မီးကဝါသွားတာကိုပြောတာ အဲ့လိုဆိုရင်
သင့်ရဲ့ကား သို့မဟုတ် ဆိုင်ကယ်ဟာ မီးပွိုင့်ရဲ့ရပ်မျဉ်းမရောက်ခင်ဆိုလျှင် မဖြစ်မနေရပ်ပါ
မဟုတ်ဘူး စိမ်းလို့ပုံမှန်မောင်းလာလိုက်တာ ရပ်မျဉ်ကျော်မီးမှ မီးကဝါသွားတယ် ခဏနေတော့ နီသွားတယ်ဆိုရင် ဆက်မောင်းပါ
သိသိကြီးနဲ့ဖြတ်မောင်းသွားခြင်းမျိုးမဟုတ်ဘဲ မိမိပုံမှန်မောင်းနေရင်း မီးဝါပြောင်းလဲသွားခြင်းမျိုးကိုဆိုလိုတာပါ။
အကြံပြုချင်တာတစ်ခုကတော့
မီးဝါတာကို အဝေးကထဲကမြင်နေရရင် မီးမနီးခင် အမြန်မောင်းတာ လုမောင်းတာတို့မလုပ်ဘဲ
အရှိန်လျှော့လို့ ရပ်စေချင်ပါတယ် စိမ်းမှပြန်ထွက်ပါ
ဒါကတော့ အန္တရာယ်အကင်းဆုံးပါခင်ဗျ။
ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ
Crd