05/09/2026
Swift ရဲ့ 60:40 ခေါက်ချိုးလို့ရတဲ့ နောက်ထိုင်ခုံဆိုတာ ဘယ်လိုမျိုးလဲ?
SUZUKI Swift ရဲ့ အနောက်ထိုင်ခုံတန်းကို 60% နဲ့ 40% အပိုင်းနှစ်ပိုင်းခွဲပြီး လိုအပ်သလို သီးခြားခေါက်နိုင်တဲ့စနစ်ကို 60:40 Split-folding Rear Seats လို့ ခေါ်ပါတယ်။
အသုံးပြုမယ့်အခြေအနေပေါ်မူတည်ပြီး
40% ဘက်ကိုခေါက်ခြင်း
အလျားရှည်တဲ့ ပစ္စည်းတွေကိုတင်ထားပြီး အနောက်ခုံမှာ ခရီးသည်နှစ်ဦး လိုက်ပါနိုင်ပါတယ်။
60% ဘက်ကိုခေါက်ခြင်း
ပိုကြီးတဲ့ပစ္စည်းတွေတင်ထားပြီး အနောက်ခုံမှာ ခရီးသည်တစ်ဦး လိုက်ပါနိုင်ပါတယ်။
နှစ်ဖက်လုံးကိုခေါက်ခြင်း
Luggage Space ကို ပိုမိုချဲ့ထွင်အသုံးပြုနိုင်ပါတယ်။
ခရီးသည်တင်ဆောင်မှုနဲ့ ပစ္စည်းတင်ဆောင်မှုကို အခြေအနေအလိုက် ပြောင်းလဲအသုံးပြုနိုင်တာက 60:40 Split-folding Rear Seats ရဲ့ အဓိကအားသာချက်ဖြစ်ပါတယ်။
ပစ္စည်းများတင်ဆောင်တဲ့အခါမှာ
✅ ယာဉ်မောင်းရဲ့ နောက်မြင်ကွင်းကို မကွယ်စေဖို့
✅ ပစ္စည်းတွေ ရွေ့လျားမသွားအောင် သေချာစွာထားရှိဖို့
✅ ထိုင်ခုံကို မူလအနေအထားပြန်ထားတဲ့အခါ သေချာစွာ Lock ဖြစ်ကြောင်း စစ်ဆေးဖို့ သတိပြုရမှာဖြစ်ပါတယ်။
အနောက်ထိုင်ခုံခေါက်သိမ်းနည်းနဲ့ ဘေးကင်းရေးသတိပြုချက်များကို Suzuki Swift Owner’s Manual စာမျက်နှာ 2-23 နှင့် 2-24 တွင် ဖတ်ရှုနိုင်သလို Owner’s Manual ကို ဒီနေရာမှာ download ရယူနိုင်ပါတယ်။
https://suzukimyanmar.com/frontend/assets/pdf/service/owner-manual/swift/(A2O412)_Swift_Owner-Manual-EN.pdf
လူကြီးမင်းတို့ရော 60:40 Split-folding Rear Seats ကို အသုံးပြုဖြစ်လားဆိုတာ Comment မှာ ပြောပြပေးပါဦး။