Young Boss

Young Boss Car description & Car seller

🖤-Toyota Wish 2011 / 10 လပိုင်း🖤-Full grade🖤-price 1*** $09763696874(Young Boss)
22/07/2023

🖤-Toyota Wish 2011 / 10 လပိုင်း
🖤-Full grade
🖤-price 1*** $
09763696874
(Young Boss)

FORTUNER🖤 Model - 2016🖤 kilo - 12****🖤 NPW - 3P/6000🖤 Price - 1650 $💵💵
14/07/2023

FORTUNER

🖤 Model - 2016
🖤 kilo - 12****
🖤 NPW - 3P/6000
🖤 Price - 1650 $💵💵

GAC GS-7🖤   2020 Model🖤 kilo- 4****🖤price -1680 $ (ညှိနှိုင်း)
14/07/2023

GAC GS-7

🖤 2020 Model
🖤 kilo- 4****
🖤price -1680 $ (ညှိနှိုင်း)

14/07/2023

ဒီတစ်ခါ Honda Fit အကြောင်းလေးပြောပြပေးပါမယ်ဗျ

Young Boss (Yangon)

Toyota Wish ဆိုတာ မြန်မာကားဈေးကွက်မှာ ပေါက်ပြီးသားကား Model တစ်မျိုးပါ။ မိသားစုသုံး မြို့တွင်း၊ ခရီးဝေး စိတ်ကြိုက်သုံးလိ...
13/07/2023

Toyota Wish ဆိုတာ မြန်မာကားဈေးကွက်မှာ ပေါက်ပြီးသားကား Model တစ်မျိုးပါ။ မိသားစုသုံး မြို့တွင်း၊ ခရီးဝေး စိတ်ကြိုက်သုံးလို့ ရပြီး ခရီးသည်ခြောက်ဦး၊ ခုနစ်ဦးအထိ စီးနင်းနိုင်တဲ့အတွက် အသုံးလည်း တည့်လှပါတယ်။ Toyota Motor Corporation က ၂ဝဝ၃ ခုနှစ်ကစပြီး ဈေးကွက်တင်ခဲ့တဲ့ Station Wagon, Compact MPV အမျိုးအစား Toyota Wish ရဲ့
➽ ပထမမျိုးဆက်ကိုတော့ ၂ဝဝ၃ ခုနှစ်ကနေ ၂ဝဝ၉ ခုနှစ်အထိ ထုတ်လုပ်ခဲ့ပြီး Chassis နံပါတ် ZNE 10 နဲ့ လည်းထုတ်လုပ်ခဲ့ပါတယ်။
➽ ဒုတိယ Wish မျိုးဆက်ကိုတော့ ၂ဝဝ၉ ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့ပြီး အင်ဂျင် ပါဝါ ၁ဒသမ ၈လီတာနဲ့ ၂ဒသမ ဝလီတာဓာတ်ဆီအင်ဂျင်နဲ့ထုတ်လုပ်ထားတာဖြစ်ပြီး Ipsum နဲ့ Toyota Spacio အကြားဈေးကွက်ကို ဦးတည်တဲ့ Mini Van အတန်းစားဖြစ်ပါတယ်။ ဂျပန်ပြည်တွင်းမှာလည်း ထုတ်လုပ်တပ်ဆင်ပြီး မလေးရှား၊ စင်ကာပူဈေးကွက်အတွက် ထိုင်းနိုင်ငံမှာ တပ်ဆင်ထုတ်လုပ်ပါတယ်။ ဟောင်ကောင်၊ ထိုင်ဝမ်မှာ လည်း တပ်ဆင်ထုတ်လုပ်ပါသေးတယ်။

👑 အင်ဂျင်မှာတော့ ၁ ဒသမ ၈လီတာကို 1ZZ-FE နဲ့ထုတ်လုပ်ပြီး ၂ ဒသမ ဝလီတာကိုတော့ 1AZ. FSE နဲ့ထုတ်လုပ်ကာ ဂီယာလေးချက်အော်တိုဂီယာစနစ် ဂီယာခုနစ်ချက် Super CVT-i စနစ်များနဲ့ ထုတ်လုပ်ပါတယ်။
ဘီးနှစ်ဖက်အကျယ် 2750mm (108.3 inch) အရှည် 4560mm(179.5 inch)
အ ကျယ်1695mm(66.7inch)
အမြင့် 1590mm (62.6 inch) အသီးသီးရှိပါတယ်။

👑 ဦးဆောင်ထုတ်လုပ်ခဲ့တဲ့ အင်ဂျင်နီယာကတော့ Mr.Takesh Yoshidea ဖြစ်ပြီး ွှWish ရဲ့ပထမ Generation ကို Tokyo Motor Show မှာ 2002 October မှာစတင်မိတ်ဆက်ခဲ့ပြီး ဂျပန်ဈေးကွက်မှာတော့ ၂ဝဝ၃ ခုနှစ် January မှာစတင်ရောင်းချပေးခဲ့ပါတယ်။
➽ ရှေ့ဘီးယက် 2wheels drive ကိုတော့ Codename ZNE 10G နဲ့ ထုတ်လုပ်ပြီး
➽ 4 wheels drive ကို ZNE 14G နဲ့ထုတ်လုပ်ထားပါတယ်။

👑 2003 model အင်ဂျင်ပါဝါ 1.8L 1ZZ FE အင် ဂျင်မှာမြင်းကောင်ရေ 170mm (125lb/ft) fourwheel speed automatic ဖြစ်ပြီး
2.0L မှာတော့ ခြောက်ယောက်စီး အတွက် Codename ANE 11W နဲ့
ခုနစ်ယောက်စီးအတွက် ANE 10G version မျိုးကွဲနှစ်မျိုး ကွဲပါသေးတယ်။ 2.0L မှာတော့ 1AZ FSE Direct injation ဖြစ်ပြီး မြင်းကောင်ရေ ၁၅၅ကောင် (114 kw) ရုန်းအား 192Nm (142lb/ft) ရှိပါတယ်။
မျိုးကွဲအနေနဲ့ 2.0 D4 အင်ဂျင်များကို CVT ဂီယာဘောက်များနဲ့ တွဲဖက်ထုတ်လုပ်ပါသေးတယ်။
Wish ဟာဈေးကွက်အတွင်း အချိန်တို ကာလမှာပဲ Top 5 စာရင်းဝင်တဲ့အထိ အောင်မြင်ခဲ့ပြီး ပြိုင်ဘက်များကတော့ Honda Stream, Mazde Permacy နဲ့ Mazada 5 တို့ဖြင့်ပြီး Thailand market မှာတော့ ၂ဝဝ၃ နှစ်ကုန်ပိုင်းမှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။
➽ ထိုင်းဈေးကွက်ထုတ် Wish မှာတော့ အင်ဂျင် 1AZ FE, wheel 17inch size, No privacy glass, Leather upholstery standard, 2 WD wheel drive, စတာတွေနဲ့ ကန့်သတ်ထုတ်လုပ်ပြီး ၂ဝဝ၄ ခုနှစ် နိုဝင်ဘာမှာ ထုတ်လုပ်ခဲ့ တဲ့ Taiwan Market မှာတော့ D4 Technology အင်ဂျင်အဆင့်မြှင့်ထားတဲ့ LED နောက်မီး၊ Body color, packing sensor စနစ် dual moon roof, leather seat တွေနဲ့ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

👑 ၂ဝဝ၅ ခုနှစ်မှာတော့ Wish ရဲ့အောင်မြင်မှုအရှိန်ဟာ ဈေးကွက်မှာ ပိုမိုမြင့်မား လာတာကြောင့် အနည်းငယ် အဆင့်မြှင့်တင်ထားတဲ့ Wish ကို ထုတ်လုပ်ခဲ့ပါတယ်။ Headhight Bumpess LED taillight နဲ့ Dashboard တွေကို အဆင့်မြှင့်တင်ခဲ့တာကြောင့် ဆီသုံးစွဲမှုကို ထိထိရောက်ရောက်လျှော့ချ နိုင်ခဲ့ပါတယ်။ 2005 model မှာ Wish ရဲ့ 'W' သငေ်္ကတအစုံကို အနည်းငယ်ပြောင်းလဲခဲ့ပြီး Electronic throlettle control စနစ်ကိုလည်း ပြောင်း လဲ တပ်ဆင်ပေးခဲ့ပါတယ်။ 2007 mode မှာ တော့ G-Book ခေါ်တဲ့ Telematics service ကိုဂျပန်မှာ တပ်ဆင် ရောင်းချ တဲ့ကားတွေမှာ ထည့်သွင်းပေး ခဲ့ပါတယ်။

👑 2008 Wish model မှာတော့ စင်ကာပူဈေးကွက်မှာ အများအပြား တင်သွင်းခဲ့ပြီး ကားရဲ့ Bodykit ငါးမျိုး နောက် LED break မီး၊ နောက်ကင်မရာ၊ ဘက်မှန်အချက်ပြမီး Flluminated Scuff plate, window muffler cutter စတဲ့ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

🚨 Wish ဒုတိယမျိုးဆက်

👑 Wish ရဲ့ဒုတိယမျိုးဆက်ကိုတော့ ဂျပန် Domestic ဈေးကွက်မှာ ၂ဝဝ၉ခုနှစ် ဧပြီလက စတင်ရောင်းချခဲ့ပါ တယ်။ Toyota ရဲ့ Dual VVT-i နည်းပညာ 2ZR FAE နဲ့ 3ZRFAE အင်ဂျင်၊ 7 Speed Super CVTi, Transmission တွေ အဆင့်မြှင့်တင်ပေးခဲ့ပြီး ကား Body ရဲ့အရှည်ကိုအနည်းငယ် ဆန့်ထုတ်ခဲ့ ပါတယ်။
➽ 2WD မှာတော့ Chassis နံပါတ် DBA နဲ့ထုတ်လုပ်ပြီး အင်ဂျင် 2.0Z 2WD. 3ZR- FAE အင်ဂျင်ထိုင်ခုံခြောက်လုံး၊
1.8 S 2WD အင်ဂျင် 2ZR- FAE
1.8 G 2WD အင်ဂျင် 2ZR-FAC နဲ့
1.8_ .2WD 2ZR-FAE အားလုံးမှာ ထိုင်ခုံခုနစ်လုံး နဲ့ ခွဲခြား ထုတ်လုပ်ခဲ့ ပါတယ်။

4WD ကားများမှာတော့ အင်ဂျင် 2ZR-FAE 1.8S 4WD, 1.8G 4WD 1.8_4WD အားလုံးကိုဂီယာခုနစ် ချက်နဲ့ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ 2WD အင်ဂျင် 2ZR-FAE (2009) မှာ
1797CC မြင်းကောင်ရေ 14d (106 kw) ရုန်းအား 176 Nm,(130 lb.ft) ရှိပြီး
➽ 2ZR.4 WD မှာ 1797 CC ၊ မြင်းကောင်ရေ 131 (98 kw) ရုန်းအား 164 Nm(121 lb ft) ရှိကာ Code 3ZR FAE အင်ဂျင် 2.0 မှာတော့ 1986 CC၊ မြင်းကောင်ရေ ၁၅၆ ၊ ရုန်းအား 196 Nm(145 lb ft) အသီးသီးရှိပါတယ်။

👑 ဂီယာစနစ်အနေနဲ့
Model 1.8S မှာ Super CVTi Sport mode ဂီယာခုနစ်ချက်နဲ့ CVT Sportmode ပါဝင်ပြီး
Model 2.0Z မှာတော့ Super CVT-i ဂီယာခုနစ်ချက်နဲ့ Dynamic Sport mode ပါဝင်လာပါတယ်။
➽ Model အားလုံးမှာ ABS Antilock Braking System, BA 'Brake Assist စနစ်၊ EBD, Electronic Brake force dictribution စနစ် TCS, (Traction Control System စနစ် Electronic Stability Control VSC စနစ် အဆင့်မြင့်လေအိတ်ရှစ်လုံးစနစ်များ ပါဝင်ပါတယ်။

🚨 2015 Wish model

👑 Wish ဒုတိယမျိုးဆက် (၂ဝဝ၉) ရဲ့ 2015 model မှာတော့ အတွင်းအပြင်ပိုင်းတွေမှာ ပိုမိုကောင်းမွန်တဲ့ အဆင့် မြှင့်တင်မှုတွေပြုလုပ်ခဲ့ပြီး ခရီးသည်ရှစ်ဦးအထိ တင်ဆောင်လာနိုင်တော့မှာ ဖြစ်ပါတယ်။ ပိုမို သက်သောင့်သက်သာ ဖြစ်စေမယ့် ထိုင်ခုံတွေ၊ ဝန်စည်စလယ်တွေ တင်နိုင်မယ့် ကျယ်ဝန်းတဲ့ Luggage space ၊ အဆင့်မြင့်လေအေးပေးစနစ် နဲ့ သတင်း အချက်အလက်ပေးစနစ်များ၊ ဖျော်ဖြေရေးစနစ်နဲ့ DVD sound စနစ်တွေအဆင့်မြှင့်တင်ပေးခဲ့ပါတယ်။

👑 Dynamic stability control, Airbag ရှစ်လုံးဆီစားနှုန်း ဓာတ်ဆီ တစ်လီတာ ၁၆ကီလိုမီတာဖြစ်ပြီး
1800 CC ကို (Chassis ZGE 20G ၊
2000 CCကို ZGE 22W
(4WD) တွေကိုတော့ ZGE25 W နဲ့ထုတ်လုပ်ထားပါတယ်။ မြန်မာပြည်မှာ လူကြိုက်များတဲ့ Grade တွေကတော့ ZGE 20 CX, S ဂရိတ် ZGE 22, Z Grade) များပဲဖြစ်ပါ တယ်။
ZGE 20 မှာတော့ ဂရိတ်ခွဲ X, A, S ဆိုပြီး ခွဲပါသေးတယ်။
➽ X ဂရိတ်ကတော့ ရှေ့ Shell မှာနီကယ်မဖြစ် Bumper Spailer မပါတာ Fog Light မီးမပါတာ Push start မဖြစ်တာတွေရှိပါတယ်။
➽ S Grade မှာတော့ရှေ့ Shell နီကယ်၊ Bumper Sopiles, Fog Light မီးပါပြီး Xenon head light, Gear Daddle Shift 16'' အလွိုင်း Push Start ဖြစ်ပါပြီ။
➽ အမြင့်ဆုံးဂရိတ် Z မှာတော့ အင်ဂျင်ပါဝါ 2.0 L ZGE 22 နဲ့ထုတ်လုပ်ပြီး Overfender, 17'' Original allay, Fog Light, Xenon Headlight, Push start, Cruise Control, Steptronic ဂီယာခုနစ် ချက်အပြင် Sport/Eco mode ခရီးသည် ခြောက်ဦးစီး လျှောက်လမ်းပါ ပါတယ်။
Young boss

Crd #

Edit- Sold out 💵Mazda BT-50 ProModel- 2015Engine power- 2.2 cc (4wd)Price- 520 $09763696874Young Boss (Yangon)
23/06/2023

Edit- Sold out 💵

Mazda BT-50 Pro
Model- 2015
Engine power- 2.2 cc (4wd)
Price- 520 $
09763696874
Young Boss (Yangon)

22/06/2023

ဒီတစ်ခါ TOYOTA Wish အကြောင်း
Grade ခွဲနည်းလေးပြောပြပေးပါ့မယ်ဗျ

Edit-Sold OutKIA Carnival.  NPW- 7R……….Model-2019Prices-1130 $09763696874Young Boss (Yangon)
22/06/2023

Edit-Sold Out
KIA Carnival.
NPW- 7R……….
Model-2019
Prices-1130 $
09763696874
Young Boss (Yangon)

TOYOTA MARK IIToyota Mark II (ရွှေငါး)Gradeခွဲနည်းToyota mark II တွေကGX110 ဆိုရင် 2.0(2000CC)Engin Power နဲ့လာပါတယ်2000/...
22/06/2023

TOYOTA MARK II

Toyota Mark II (ရွှေငါး)Gradeခွဲနည်း

Toyota mark II တွေက
GX110 ဆိုရင် 2.0(2000CC)Engin Power နဲ့လာပါတယ်

2000/2001/2002 က
တစ်ရုပ်(ရုပ်ဟောင်း)

2003/2004က တစ်ရုပ်
(ရုပ်ပြောင်း)ဆိုပီး ထုတ်ပါတယ်။

Mark II တွေက Grade (4မျိုးနဲ့လာပါတယ်)

Grande ( အနိမ့်ဆုံး)
Regalia( အလယ်အလတ်)
35th anniversary ( ပိုမြင့်)
Limited (အမြင့်ဆုံး) ဆိုပီးလာပါတယ်။

35th ANNIVERSARY နဲ့ LIMITED တွေကတော့
စတီယာတိုင်ကြိုးချုပ်။

ကျွန်းကွက်ပတ်လည်။

ခြေကျော်နီကယ်တန်း။

ထိုင်ခုံမော်တာပါ၊ရှေ့ထိုင်ခုံ လက်တင်၂ဖက်ပါ။

ထိုင်ခုံတွေပြောင်းမယ်။နောက်လေကာမှန် ရင်းလိပ်ပါ။

အဲကွန်း Swing ခလုပ်တွေပါလာမယ်။

2000/2001/2002 မှာ
Grande နဲ့ Regalia နှစ်မျိုးပဲလာပါတယ်။

name plate ခဲပြား စက်ခန်းထဲမှာပါ ပါတယ်၊
Code က...

2000/2001/2002 မှာတော့
AEPQK ဆို Grande ပါ
AEPQK- R ဆို Regalia ပါ။

2003/2004 မှာတော့ Grade လေးမျိုးစလုံး
လာပါတယ်...
AEPQK.....Grande ရိုးရိုး
AEPQK- R / AEPQK - N..... Regalia ပါ။

35th anniversary ကတော့
AEPQK-H နဲ့ ထွက်ပါတယ်၊
Chasis မှာ GX110- 607 အထက်ပါ၊ အများဆုံးကတော့ 608 chassis မှာ တွေ့ရပါတယ်။

အမြင့်ဆုံး Grade ဖြစ်တဲ့ Limited ကတော့
Chasis(ချက်စီ) 610 အထက်သာ တွေ့ရပါတယ်၊
အလွန်မှားတတ်တဲ့ grade ပါ။ chassis ဘောင်ရောက်ပြီname plate အမဲနဲ့တွေ့ရပါတယ်။

Limited. အမှန်က name plate မှာ
AEPQK-D နဲ့ထွက်ပါတယ်.
သူမှာ မှားနိုင်တာက
GX110- 610 Chasis မှာ
AEOQK-N နဲ့ လာတဲ့ကောင်ဟာ
Regalia ဖြစ်နိုင်သလို...
Navigation Limited လည်းဖြစ်နိုင်ပါတယ်၊

သိသလောက်လေး တင်ပြပေးရတာမို့
အမှားရှိရင် ခွင့်လွှတ်ပေးပါ ခင်ဗျား။

အရေးကြီးတာတစ်ခုမေ့နေခဲ့လို့ပါ။

MARK II တွေမှာ

( 2000cc GX110 ) ဆိုရင် 2 WD ဖြစ်ပါတယ်။
( 2500cc JZX110 ) ဆုရင် 2 WD ဖြစ်ပါတယ်။

( 2000cc GX115 ) ဆိုရင် 4WD ဖြစ်ပါတယ်။
( 2500cc JZX115) ဆိုရင် 4WD ဖြစ်ပါတယ်။

နိုင်ငံခြားမှာ ဒီလိုတိုက်ကြေတွေ လေလံမှာရောင်းတာ ဒေါ်လာ ၃ထောင် ၃ထောင်ကျော်နဲ့ရတဲ့ကားတွေ ကျွန်တော်တို့ မြန်မာနိုင်ငံရောက်တ...
19/06/2023

နိုင်ငံခြားမှာ ဒီလိုတိုက်ကြေတွေ လေလံမှာရောင်းတာ ဒေါ်လာ ၃ထောင် ၃ထောင်ကျော်နဲ့ရတဲ့ကားတွေ ကျွန်တော်တို့ မြန်မာနိုင်ငံရောက်တော့ မြန်မာပြည်ကကားစျေးကွက်ထဲမှာ သိန်းထောင်ချီဖြစ်နေပြီ model မြင့်ကားတွေဆိုပြီး လွယ်လွယ်လေးအမြင်နဲ့မဝယ်လိုစေချင်ပါဘူး သေချာစီစစ်ပြီးမှဝယ်ကြပါ မသိနားမလည်သူတွေအတွက်ကတော့ရင်လေးစရာပါ အားလုံးအဆင်ပြေပါစေဗျာ။အနက်ရောင်ကားလေးကတော့ကျွန်တော်ဝယ်မယ်လုပ်တော့ ကားစစ်တာတွေ့ထားတဲ့ damage လေးပါ။🖤🖤🖤
Young Boss (Yangon)
09763696874

18/06/2023

ဒီတစ်ခါ Mark II Grage ခွဲနည်းလေးပြောပြပေးပါမယ်ဗျာ

TOYOTA HILUX VIGO EXTRA CLASS အကြောင်း-Vigo ကားတွေက 2004 ကနေ 2011 ထိရုပ်ကသိပ်မပြောင်းဘူး ရိုးရိုးပဲ VN Turbo , TN Turbo ...
18/06/2023

TOYOTA HILUX VIGO EXTRA CLASS အကြောင်း

-Vigo ကားတွေက 2004 ကနေ 2011 ထိရုပ်ကသိပ်မပြောင်းဘူး ရိုးရိုးပဲ VN Turbo , TN Turbo တွေမပါသေးပါဘူး

-Vigo တွေက 2012 မှာ Champ ရုပ်စပြောင်းပါတယ် အဲဒီကျမှ VN Turbo တွေစပြီးပါလာပါတယ်။

-Vigo မှာ E- grade နဲ့ G- grade ဆိုပြီး အများဆုံးတွေ့ရတယ် အဲထဲမှာ လူကြိုက်အများဆုံးကတော့ G- grade ကိုလူအရမ်းကြိုက်ကြတယ်။

-Vigo တွေက 2012 မှာ အတွင်းခန်းအဝါ ဒတ်စဘုတ် အဝါနဲ့ပါ။ 2013 မှာတော့ ဒတ်စဘုတ်က တစ်ဝက်မဲ တစ်ဝက် ဝါပါတယ်။ 2014 နဲ့အထက်ဆိုရင်တော့ အတွင်းမဲ ဒတ်စဘုတ် အပြည့်အမဲ ဖြစ်ပြောင်းသွားပါပြီစတီယာတိုင် volume ခလုပ်တွေပါလာပြီ။

-Vigo ကားတွေမှာ 5ပေါက်တန်း အနိမ့်နဲ့ ၊ 6ပေါက်တန်းအမြင့်ဆိုပြီးရှိပါတယ်။2.5/2 wheel,4wheel / 3.0 , 2 wheel, 4wheel

-အဲထဲမှာ 2.5/2 wheel, 3.0/4 wheel Auto /Manual ကိုလူကြိုက်အများဆုံးတွေ့ရပါတယ်။

-အဲ 2 wheel/4 wheel Auto/Manual တွေကိုဘယ်လိုခွဲကြမလဲဆိုတာကျွန်တော်ပြောပြပါ့မယ်

-Auto/ Manual Chassis တွေ 2012 အောက်ဆိုရင်Manual /TRMDYT နဲ့လာပါတယ် 2012 အထက်မှာတော့ URMDYT နဲ့လာပါတယ် 5 ပေါက်တန်းအနိမ့်

-6 ပေါက်တန်း အမြင့်ကတော့ရှင်းပါတယ် Auto ဆိုရင် URASHT နဲ့ဖြစ်ပြီး Manual ဆိုရင် URMSHT နဲ့ဖြစ်ပါတယ်။6ပေါက်တန်းမှာ 39G ဆိုရင် 2wheel အမှန် ဖြစ်ပြီး 29G ဆိုရင်တော့ 4 wheel Chassis အမှန်ဖြစ်ပြီး VN turbo,TN turbo ပါ ပါတယ်။

-VN turbo, TN turbo မပါရင်တော့ Chassis မှာ 32G နဲ့ထွက်ပါတယ်။

-Chassis မှာ 19G နဲ့ထွက်ရင်အနိမ့် 5ပေါက်တန်းပါ2 wheel ။12G နဲ့ထွက်ရင် 4 wheel.

လိုအပ်တာရှိရင်လည်းထပ်ဖြည့်ပြီးပြောပြပေးသွားပါမယ် အမှားပါသွားရင်လည်းခွင့်လွတ်ပြီးဖတ်ပေးကြပါ လိုအပ်ချက်အများရှိတာကြောင့် ကျွန်တော်ထက် တတ်သိတဲ့ဆရာကြီးများကို အားနာလျှက်
အခုလောက်ဆိုအခြေခံလေးတွေစုံလောက်ပါပြီ
Crd #

Address

Hlaing
Yangon
05061

Telephone

+959763696874

Website

Alerts

Be the first to know and let us send you an email when Young Boss posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Young Boss:

Share

Category